← Chapters

အခန်း (၁၈၄)

Vol. 19 Ch. 184

အခန်း (၁၈၄)

Vol. 19 Ch. 184

ချင်ယွဲ့ယွဲ့ကတော့ အစပိုင်းမှာကတည်းက သန့်ရှင်းရေးဌာနသို့ ဝင်ရခြင်းအပေါ် အလွန်စိတ်မချမ်းသာဖြစ်ခဲ့ပြီး ဆုဆုမှ သူမကိုခြောက်ချခဲ့တာဖြစ်မယ်လို့  အမြဲသံသယရှိခဲ့တယ်။

သူများတွေကျတော့ ဘာလို့ ပိုကောင်းတဲ့ဌာနကိုရနိုင်တာလဲ? သူမက စာကို ကောင်းကောင်းလေ့လာခဲ့ပေမဲ့ ဘာလို့ လမ်းတွေကိုသန့်ရှင်းရတဲ့ဌာနမှာ တာဝန်ပေးခံရတာလဲ။

သူမက ဒီကိစ္စအတွက် လင်းတုံဟဲနှင့်လည်း နှစ်ကြိမ်ရန်ဖြစ်ခဲ့သေးတယ်။ ဒါပေမယ့် လင်းတုံဟဲက အရင်တုမ်းကလိုမျိုး သူမအပေါ် စိတ်ဝင်စားခြင်းမရှိတော့ဘူး။

တခါတရံ အိမ်ကို ညဘက်ပြန်လာပြီး အချိန်မီ အိမ်စရိတ်ပြန်ပေးတာကလွဲရင် ဘာကိုမှ ခေါင်းထဲသို့ မထည့်တော့ဘူး။ တခြားကိစ္စတွေထက် သူမနှင့်လည်း အဆက်အသွယ် လုံးဝမရှိတော့ဘူး။

သူကို  နှစ်ပတ်မှာတစ်ကြိမ်လောက်သာတွေ့ရတတ်ပြီး တစ်ခါတလေ တစ်လလောက်အထိ လုံးဝမတွေ့ရဘဲ အလုပ်ရှုပ်နေတတ်တယ်။

ဒါက သူမ ရုတ်တရက် ကလေးအလွန်အမင်း လိုချင်ရတဲ့ အကြောင်းရင်းဖြစ်ပြီး ဒီအိမ်ထောင်ရေးကို ဆက်လက်ထိန်းသိမ်းထားဖို့အတွက်ဖြစ်လေတယ်။

ဒါက သူမ လင်းတုံဟဲကို အလွန် ချစ်လွန်းနေလို့ မဟုတ်ဘူး။ အခုချိန်မှာ သူမက အချစ်တစ်ခုတည်းအတွက်ပဲ တွေးတတ်တဲ့ မိန်းကလေးမျိုး မဟုတ်တော့ဘူးလေ။

သူမက အခုချိန်မှာ လင်းတုံဟဲကသာ သူမအတွက် အသင့်တော်ဆုံးဖြစ်ကြောင်းကို သိသွားခဲ့ပပြီး သူနှင့်မကွဲချင်တာကြောင်းပဲ။

ဒါ​ပေမယ့်​ သူမက ဆုဆုကိုလည်း တကယ် မရှုံးချင်​ခဲ့ဘူး။ ဆုဆုက ဘဝမှာ အောင်နိုင်သူဖြစ်နေပေမဲ့ သူမကတော့ နေရာတိုင်းမှာ   ပစ်မှတ်ထားခံနေရတုန်းပဲ။

ဒီနေ့မှာတော့ သူမ ကျောင်းကိုပြန်သွားပြီးရင် ကျောင်းအုပ်ကြီးကို သင့်တော်တဲ့ အလုပ်တစ်ခုနှင့် ပြောင်းခိုင်းရန်အတွက် နည်းလမ်းရှာဖို့ တွေးထားခဲ့တယ် ။

သူမသာ  အလုပ်ကောင်းကောင်းရသရွေ့ သူမရဲ့မိသားစုနဲ့ ရင်းနှီးတဲ့လူတွေက  အမြင်ပြောင်းလာကြမှာပဲ။

ဒါပေမယ့် သူမ ကျောင်းကိုရောက်ပြီး တာဝန်ခံဆရာမကို မေးတဲ့အချိန်မှာ သူမကို  သန့်ရှင်းရေးဌာနက လက်မခံခဲ့ဘူးဆိုတဲ့အဖြေရလိမ့်မယ်လို့ မထင်ခဲ့ဘူး။

ဒါက သူမအတွက်တော့ သတင်းကောင်းပဲလို့ဆိုနိုင်တယ်။  ဒါကြောင့် ချင်ယွဲ့ယွဲ့က သူမကို ဘယ်နေရာမှာ တာဝန်ပေးမှာလဲဆိုတာ သိချင်နေခဲ့ပေမဲ့ တစ်ဖက်မှ ဆရာမကပြောလာတယ်။

“မင်းက  ဆိုးရွားတာတွေ  အများကြီးလုပ်ခဲ့တယ်၊ ကောလဟာလဖြန့်ရတာကိုလည်း ကြိုက်တယ်၊ လုပ်ကိုင်နိုင်စွမ်းရှိတဲ့လူကိုလည်း ခိုင်းစေဖို့ စုစည်းနိုင်တယ်၊ မင်းလိုလူမျိုးကို ဘယ်လိုအလုပ်ဌာနက ခေါ်ဆိုရဲမှာလဲ၊ ဒါကြောင့် မင်းရဲ့ခွဲတမ်းကို ပြန်ပြီး ဆုံးဖြတ်ရဦးမယ်”

“ဘာလဲ? ရှင်တို့တွေ ဘယ်လိုလုပ်လိုက်တာလဲ”

သူမအနေနဲ့ နောက်ဆုံးတွင်မှ ကောလိပ်ဝင်ခွင့်ရခဲ့ပြီး သုံးနှစ်လောက်ကြာအောင် ပညာသင်ကြားခဲ့ရပြီးမှ သူတို့က သူမကို  တာဝန်မချပေးနိုင်ဘူးလို့ ပြောလာကြတယ်။ 

ချင်ယွဲ့ယွဲ့အနေနဲ့ ဘယ်လောက်ပဲ စိတ်သဘောထားကောင်းမွန်နေပါစေ ဒါကို သည်းမခံနိုင်ဘူး။

ဒါကြောင့် သူမက တာဝန်ကျဆရာမနှင့် စကားများရန်ဖြစ်ခဲ့ပြီး ကျောင်းအုပ်ကြီးကွမ်းကိုပါ ပါဝင်သွားစေခဲ့တယ်။

ကျောင်းအုပ်ကြီးကွမ်းက  ဘာမှမပြောခဲ့ဘဲ ခေတ္တစောင့်ပြီးတခြားအလုပ်ဌာနက လက်ခံမလားဆိုတာကို စောင့်ကြည့်ဖို့သာပြောလာတယ်။

ဒါပေမယ့် သူ့ရဲ့ဇနီးသည့် စုန့်အိုက်ယင်းက ဝင်ပြောခဲ့တယ်။

“မင်းကို မျှော်လင့်ချက်တွေအများကြီး မထားသင့်ဘူးလို့ပြောချင်တယ်၊  မင်းရဲ့အကျင့်စရိုက်က ကောင်းမွန်မနေမှတော့ ကောင်းမွန်တဲ့ အလုပ်ဌာနတွေက မင်းကို လက်မခံနိုင်လောက်တော့ဘူး”

“ဒါရိုက်တာစုန့်၊  ရှင် ကျွန်မကို ဘယ်လိုပြောနိုင်တာလဲ?  ကျွန်မရဲ့ နောက်ကွယ်မှာ ကျွန်မရဲ့မကောင်းကြောင်းကို ပြောနေတဲ့တစ်ယောက်ယောက်ရှိနေလို့လား...”

ချင်ယွဲ့ယွဲ့က ဆုဆုကို တွေးလိုက်ပေမယ့် သူမရဲ့နောက်ကနေ အသံတစ်ခုထွက်လာခဲ့တယ်။

“ကျွန်တော် ပြောလိုက်တာ၊ ချင်ကျစ်ချင်း.. ကျွန်တော့်ရဲ့မရီးကသာ ခင်ဗျားလိုအကျင့်စရိုက်မျိုးရှိနေရင် အခုချိန်မှာ ကျွန်တော်တို့တစ်ရွာလုံးက ခင်ဗျားရဲ့အကြောင်းကိုသိနေလောက်ပြီ၊ ဒါပေမယ့် ကျွန်တော့်ရဲ့မရီးက ဘယ်သူ့ကိုမှ ဘာစကားမှ မဟခဲ့ဘူး၊

ခင်ဗျားကရော? ခင်ဗျားက သူ့ရဲ့နောက်ကွယ်မှာ သူ့ကိုမကောင်းပြောပြီး သူ့ရဲ့ဂုဏ်သတင်းတွေကို ပျက်စီးသွားစေတယ်၊ သူမကို အလုပ်က ထွက်သွားဖို့ အတင်းအကျပ်ဖိအားပေးတယ်၊

သူက အရည်အချင်းရှိတဲ့လူဖြစ်လို့ ထိခိုက်အောင်မလုပ်နိုင်တော့ သူ့ရဲ့ ဒုတိယကလေးက ပစ်မှတ်ထားတယ်၊  သူ့ကို လက်စားချေဖို့ တခြားဆရာတွေကို သွေးထိုး မြှောက်ပေးခဲ့တယ်၊

ဒါက ကျောင်းသားတစ်ယောက်လုပ်သင့်တဲ့အရာမျိုးလား? ကျွန်တော် ခင်ဗျားကိုအရင်တုန်းက အတော်လေး လေးစားခဲ့ပေမဲ့  အခုတော့ ခင်ဗျားက ကျွန်တော့်ကို တကယ်စိတ်ပျက်ရွံရှာစေတာပဲ”

“လင်းရှန်၊ ငါ မင်းကို ရွာမှာတုန်းက ကောင်းကောင်း ဆက်ဆံခဲ့တယ်၊ ဒါက မင်း ငါ့ကို ပြန်ဆပ်တဲ့ပုံစံလား”

“ဘယ်လိုမျိုး ကောင်းကောင်းဆက်ဆံခဲ့တာလဲ၊ ကျွန်တော့်အတွက် မေးခွန်းတစ်ခုနှစ်ခုလောက် ပြန်သုံးသပ်ပေးဖို့အတွက် ခင်ဗျားအတွက် တစ်မနက်ခင်းစာအလုပ်တွေကို လုပ်ခဲ့ပေးရတာမျိုးလား”

လင်းရှန်တစ်ယောက် သူ့ရဲ့အတိတ်ကို ပြန်တွေးကြည့်ပြီး တကယ်ကို အရူးတစ်ယောက်လို ခံစားခဲ့ရတယ်။

“မင်းက ငါ့လုပ်ရပ်တွေက မှားယွင်းနေတယ်လို့ပြောနေတယ်? မင်းမှာ ငါလုပ်ခဲ့တယုဆိုတဲ့ သက်သေရှိလား”

“သေချာတာပေါ့ ၊ ကျွန်တော့်မှာ သက်သေအထောက်အထားတွေ အကုန်ရှိတယ်၊ ဒီလိုသာ မဟုတ်ရင် ခင်ဗျားလုပ်ခဲ့တာကို ထောက်ပြဖို့အတွက် ဖြစ်နိုင်မှာမဟုတ်ဘူး၊

ခင်ဗျားအရင်က ဘယ်ဆရာမကို သွေးထိုးနှိုးဆော်ခဲ့တာလဲဆိုတာ ကျွန်တော်တွေ့ပြီးပြီ၊ သူမက ကျောင်းအုပ်ကြီးကိုလည်း ပြောပြခဲ့ပြီးပြီ”

ချင်ယွဲ့ယွဲ့က ဒီလိုလူမျိုးဆိုတာ သူတကယ်ကိုမယုံကြည်နိုင်ခဲ့ဘူး။

ချင်ယွဲ့ယွဲ့ လှောင်ရယ်လိုက်တယ်။

“ဒါဆို မင်းမရီးက မင်းရဲ့အစ်ကိုကြီးကို ငါ့ဆီက လုယူသွားတာကိုရော မင်း မပြောတော့ဘူးလား၊ အဲဒီတုန်းက ငါတို့ရဲ့စေ့စပ်ထားခဲ့တဲ့ ဆက်ဆံရေးကိုတောင်မဖျက်ရသေးဘူး၊ သူမက ငါ့ရဲ့ချစ်သူ ငါ့ရဲ့အမျိုးသားကိုခိုးသွားတဲ့လူပဲ...”

လင်းရှန် သက်ပြင်းချလိုက်လိုက်မိတယ်။

“မင်းက  တကယ်ကို အရှက်မရှုတာပဲ? မင်းက ဒီလိုမျိုး ပြောလာပြီဆိုမှတော့...”

သူက ဘောပင်နဲ့တူတဲ့ တစ်စုံတစ်ခုကို ထုတ်ယူလိုက်တာကိုမြင်တော့ ချင်ယွဲ့ယွဲ့  ထိတ်လန့်သွားရပြီး အော်ပြောလိုက်တယ်။

“မဖွင့်နှင့်!”

သို့ပေမဲ့ လင်းရှန်ရဲ့ လက်ချောင်းက ဖိလိုက်ပြီးသားဖြစ်နေပြီ။

ထို့နောက်မှာ သူမနှင့် လင်းတုံဟဲတို့ ကွန်မြူနတီရဲ့တောအုပ် ထောင့်နားမှာ ပြောခဲ့တဲ့ စကားတွေက ထွက်ပေါ်လာတော့တယ်။

မူလတုန်းက ဒီနေရာမှာ ဆရာတချို့နှင့် ကျောင်းသားတစ်ချို့သာရှိနေပေမဲ့ တိုက်ဆိုင်မှုလား ၊တခြားအကြောင်းကြောင့်လား မသိပေမဲ့ ချန်ကွေ့တုံနှင့်သူ့ရဲ့အခင်ဆုံးသူငယ်ချင်းနှစ်ယောက်အပြင် အရင်တုန်းက စာလေ့လာမှုအဖွဲ့ထဲမှ အတန်းဖော်တချို့ကလည်း ရောက်ရှိလာခဲ့တယ်။

  အစပိုင်းမှာ ချင်ယွဲ့ယွဲ့ဆီကနေ သွေးထိုးမြှောက်ကော်ပေးခြင်းကို ခံခဲ့ရပြီး ဆုဆုကို တိုင်ကြားတဲ့ အဖြစ်အပျက်မှာ ပါဝင်ခဲ့တာကြောင့် အခုလိုမျိုး အလုပ်ဌာနတွေကနေ လက်မခံတာမျိုးဖြစ်နေခဲ့တာကြောင့် စိတ်အခြေအနေက အလွန်ကောင်းမွန်ခြင်းမရှိကြဘူး။

သူတို့တွေကလည်း စိတ်အားထက်သန်တဲ့ ကျောင်းသားတွေဖနစ်ခဲ့ကြပြီး အခုလိုမျိုးအလုပာအဆင်ပြေတဲ့ အခြေအနေပေါ်မှာ မကျေမနပ်ဖြစ်နေခဲ့တာကြောင့် ချင်ယွဲ့ယွဲ့ရဲ့ကိစ္စကို လာရောက်ကြည့်ရှုခဲ့ကြတယ်။

အဆုံးမှာ အခုလိုမျိုး အတိတ်တုန်းက အဖြစ်အပျက်တွေကို ကြားရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ချင်ယွဲ့ယွဲ့က ဒါတွေကို သူတို့ကို တစ်ခါမှ မပြောခဲ့ဖူးဘူးလေ။

ထိုကိစ္စတွေဖြစ်လာတဲ့အကြောင်းတရားနဲ့ အကျိုးသက်ရောက်မှုကို မသိရင်တောင် ထိုအသံဖိုင်ထဲမှ အမျိုးသားနှင့်အမျိုးသမီးရဲ့စကားလုံးတွေကိုတော့ သူတို့တွေ နားလည်နိုင်သေးတယ်။

ထို့နောက်မှာ လင်းရှန်က ပြောလာတယ်။

  “အဲဒီတုန်းက ကျွန်တော့်ရဲ့အစ်ကိုကြီးက သူမနဲ့ လက်ထပ်ဖို့ စေ့စပ်ထားခဲ့ပြီး နှစ်ဖက်သဘောတူညီမှုအရ လက်ထပ်ဖို့အတွက် သူ့ရဲ့စစ်တပ်ထဲကနေ ခွင့်ရက်ယူပြီး ပြန်လာခဲ့တယ်၊

ဒါပေမယ့် အဲဒီအချိန်ကျမှ သူမက လက်မထပ်ချင်တော့ဘူး၊ ဒါပေမယ့် လက်မထပ်ချင်တဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်းမပြောခဲ့ပဲ ကွန်မြူနတီရဲ့ တောအုပ်အစပ်နားမှာ ကျွန်တော့်ရဲ့ဝမ်းကွဲအစ်ကိုနှင့် ချိန်းတွေ့ပြီးတိတ်တိတ်လေး ပြောနေခဲ့တယ်၊

ကျွန်တော့်မရီးက ဒါတွေကို ကြားသွားပြီး မှတ်တမ်းတင်ထားခဲ့တယ်”

“ကျွန်တော််ရဲ့အကြီးဆုံးမရီးက ကျေးဇူးတရားကို ပြန်ပေးဆပ်ဖို့အတွက် ကျွန်တော့်ရဲ့ အစ်ကိုကြီးနှင့် လက်ထပ်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မိသားစုက လက်ထပ်ပွဲကို လူသိရှင်ကြား အဆင်သင့်ပြင်ဆင်ပြီးသားဖြစ်နေပေမဲ့ သူမက လက်ထပ်ပွဲကနေ နှုတ်ထွက်သွားခဲ့တယ်လေ၊

ဒီတော့ အဆုံးသတ်မှာ ကျွန်တော်တို့ရဲ့မိဘတွေ ရွာထဲမှာ အရှက်တကွဲမဖြစ်ရစေဖို့အတွက် ရွေးချယ်စရာမရှိခဲ့ဘဲ ကျွန်တော့်ရဲ့မရီးက ကျွန်တော့်အစ်ကိုကြီးပို လက်ထပ်ပေးခဲ့တာ၊

ဒါပေမယ့် သူမက ကျွန်တော့်ရဲ့အကြီးဆုံးမရီးက ကျွန်တော့်ရဲ့အစ်ကိုကြီးကို လုယူသွားတယ်ဆိုတဲ့စကားမျိုး ပြောလာလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး? သူမက လူတိုင်းကို မျက်မမြင်တွေလို့ ထင်မှတ်နေတာ မဟုတ်ဘူးလား?”

လင်းရှန်က ထိုစကားကိုပြောပြီး အသံဖမ်းစက်ကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်တယ်။

“ကျွန်တော်လည်း မျက်မမြင်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်၊ အမှန်တရားတွေကို မသိခဲ့တဲ့အချိန်တုန်းက သူမကို နေရာတိုင်းလိုမှာ အနိုင်ကျင့်ခံနေခဲ့ရတဲ့မိန်းကလေးပဲလို့တောင် တွေးခဲ့မိတယ်၊ ဒါပေမယ့် အခုချိန်မှာ ပြန်တွေးကြည့်တော့ ကျွန်တော်က တကယ် ဆေးတွေနှင့် မကူနိုင်လောက်အောင် ရူးနှမ်းနေခဲ့မိတာပဲ”

“ ဒီတော့ ချင်ယွဲ့ယွဲ့ ၊နင်က မစ်ဆုဆုကို  အချိန်အတော်ကြာအောင် ရန်ငြိုးထားခဲ့တဲ့အတွက်ကြောင့် နင်က သူမကို ခြောက်တွန်းဖို့အတွက် ငါတို့ရဲ့ လေ့လာရေးအုပ်စုကို အသုံးချခဲ့တာကိုး၊ အံ့သြစရာ မရှိတော့ဘူး၊

နင်က ငါတို့ကို မစ္စဆုကိုတိုက်ခိုက်ဖို့ ဆက်ပြီး လှုံ့ဆော်နေပေမယ့် နင်ကတော့ တစ်ခါမှ ပွင့်ပွင့်လင်းလင်း မပြောရဲခဲ့ဘူး”

စာလေ့လာရေးအုပ်စုထဲမှ အတန်းဖော် အမျိုးသမီး တစ်ယောက်က အံတင်းတင်းကြိတ်ပြီး ပြောလာတယ်။

တခြားအမျိုးသား အတန်းဖော်တစ်ဦးကကလည်း ဝင်ပြောလာခဲ့တယ်။

“ဟုတ်တယ်၊ ငါတို့လည်း မျက်စိကန်းနေခဲ့ကြတာပဲ၊ မင်းလို အမျိုးသမီးတစ်ယောက်ဆီမှာ ဘယ်လိုလုပ်ပြီး သေနတ်တစ်လက်လိုမျိုး ချုပ်နှောင်ပြီး အသုံးချခံလိုက်ရတာလဲ၊

မင်းပြောတော့ ဆုဆုက မင်းကို မနာလိုဖြစ်ပြီး မင်းကိုအလင်းရောင်အောက်မှာ မနေချင်တဲ့အတွက်  နေရာတိုင်းမှာ မင်းကို ပစ်မှတ်ထားနေတာဆို၊ 

ငါတို့က မင်းကို ယုံကြည့်ခဲ့ကြတယ်၊ နောက်တော့ မင်းက  သူမကို မင်းတို့က တစ်ရွာတည်းသူတွေဖြစ်ပေမဲ့ သူမက မင်းကို  အထင်အမြင်သေးလွန်းပြီး သူမမှာ ပိုက်ဆံတွေအများကြီးရှိကြောင် ငါတို့ကို ကြွးဝါပြနေတယ်လို့ပြောခဲ့တယ်၊ အဆုံးမှာ မင်းက သူမကို တိုင်ကြားဖို့ ငါတို့ကို သွေးထိုးပြောဆိုခဲ့ပြီး ငါတို့လည်း တိုင်ကြားပေးခဲ့တယ်၊

တကယ်တော့ ဒါတွေအားလုံးက မင်းရဲ့တစ်ကိုယ်ကောင်းဆန်မှုတွေသက်သက်ဖြစ်နေခဲ့တာပဲ”

All Chapters