← Chapters

အခန်း (၁၈၅)

Vol. 19 Ch. 185

အခန်း (၁၈၅)

Vol. 19 Ch. 185

အရင်တုန်းက အတန်းတစ်ခုတည်းထဲက လူတွေက ချင်ယွဲ့ယွဲ့ရဲ့တစ်ကိုယ်ကောင်းဆန်မှုကို နားလည်သွားခဲ့ကြပုံရပြီး သူတို့ရဲ့ တုံးအမိခဲ့တာတွေအတွက် ရှက်ရွံ့စိတ်နဲ့ ဒေါသတွေကို မထိန်းနိုင်ခဲ့ကြဘူး။

တစ်ဖက်မှာတော့ လင်းရှန်က သူ့မရီးက ကျောင်းမှာ နစ်နာမှုတွေနှင့် မတရားခံရမှုတွေ အများကြီးကို ခံစားခဲ့ရကြောင်း ပိုသိလာခဲ့ရတယ်။

သူ့ရဲ့အပေါ်ယံ မျက်နှာပြင်က အေးဆေးတည်ငြိမ်နေပေနမဲ့လည်း သူမနှလုံးသားထဲမှာတော့ သူ့ကိုယ်သူ အလွန် ရူးနှမ်းခဲ့ကြောင်း တွေးတောနေပြီ။

ချင်ယွဲ့ယွဲ့ ခေါင်းခါလိုက်တယ်။

“မဟုတ်ဘူး၊ နင်တို့တွေမှားနေပြီ၊ ငါ နင်တို့ကို အခွင့်ကောင်းမယူခဲ့ဘူး”

“ချင်ယွဲ့ယွဲ့၊ မင်းရဲ့တစ်ကိုယ်ကောင်းဆန်မှုကြောင့် ငါတို့မှာ ဘာတွေဖြစ်သွားခဲ့ရလဲ မင်းသိလား၊ ကောလိပ်ကောင်းကောင်းတစ်ခုပြီးအောင်တက်နိုင်ခဲ့ပေမဲ့ ဆိုးရွားတဲ့အလုပ်ဌာနကို တာဝန်ပေးလိုက်ရတယ်၊ ဒါတွေက မင်းကြောင့်ပဲ”

အမျိုးသမီးတစ်ဦးက စကားပြောပြီးနောက်မှာ ချင်ယွဲ့ယွဲ့ရဲ့ မျက်နှာကို ဆွဲဖြဲချင်နေခဲ့ပေမဲ့ ဘေးမှာရှိနေတဲ့ ချန်ကွေ့တုံက ပြောလာတယ်။

“လုံလောက်ပြီ”

လူတိုင်းက ပါးစပ်ပိတ်သွားကြပေမဲ့ ချန်ကွေ့တုံက နီရဲနေတဲ့ မျက်လုံးတွေနှင့် ပြောလာတယ်။

“ချင်ယွဲ့ယွဲ့၊ မင်းက ဆင်းရဲရင်တောင် ရည်မှန်းချက်ရှိရမယ်၊ ခဏတာစည်းစိမ်တွေနှင့် လှည့်စားမခံရစေနဲ့ဆိုပြီးငါ့ကိုပြောခဲ့တယ်၊ တကယ်တမ်းမှာ မင်းက စက်ရုံမန်နေဂျာနဲ့ လက်ထပ်ထားတာဖြစ်နေပြီး ဒီကိစ္စကို ဖုံးကွယ်ထားခဲ့တယ်၊

ဒါက ငါ့ မင်းကို တွေးတောမိစေတယ်၊ တချို့ယောက်ျားတွေက မင်းကို တွေးတောနေတယ်ဆိုတာကို မသိဘူးလား”

“ကျွန်မက ဒါကို မသိခဲ့ဘူး၊ ကျွန်မက ရှင့်ကိုရှင် နိမ့်ပါးတယ်လို့ မတွေးစေချင်လို့”

ချင်ယွဲ့ယွဲ့က သေချာပေါက်သိတာပေါ့။ သူမက အစကတည်းက ထိုသို့အခြေအနေမျိုးအပေါ်မှာ ပျော်မွေ့နေခဲ့တာပဲ။ ဒါကြောင့် လင်းတုံဟဲရဲ့မိသားစုအမှန်ပေါ်လာပြီး စီးပွားရေး အောင်မြင်လာချိန်မှာတောင် သူမရဲ့အိမ်ထောင်ရေးအကြောင်းကို ဆက်လက်လျှို့ဝှက်ထားခဲ့တာ။

“မင်းက အရမ်းဉာဏ်ကောင်းတယ်လေ၊ ဒါကို မတွေးနိုင်ခဲ့ဘူးပေါ့? မင်းက အရမ်းရိုးရှင်းလွန်းတယ်လို့ ငါထင်ခဲ့တာ၊ တကယ်တမ်းကျတော့ မင်းက မင်းကို ယုံကြည်တဲ့ အတန်းဖော်တွေကို လှည့်စားရုံတင်မကဘဲ လူတိုင်းကို ချောက်တွန်းနေခဲ့တာပဲ...”

“ကျွန်မက ရှင့်ကိုလိမ်တာမဟုတ်ဘူး၊ ဆုဆုပဲ! ဆုဆုကမှ အဲလိုလူမျိုးပဲ၊ ရှင်က သူမကိုရှင်းရှင်းလင်းလင်းမမြင်နိုင်ဖြစ်နေခဲ့တာ၊ ကျွန်မက ရှင်တို့ကို သူမရဲ့မျက်နှာအစစ်အမှန်ကိုစောစောသိခွင့်ပေးလိုက်ရုံပဲလေ၊ ကျွန်မကြောင့်သာ မဟုတ်ရင် ရှင်တို့က ဘာမှ မသိနိုင်ဖြစ်နေဦးမှာပဲ”

“မင်းအတွက်သာ မဟုတ်ရင် ငါတို့က သူမကို အပြစ်ပြုမိစရာ မလိုဘူး၊ လူတိုင်းကိုလည်း အပြစ်ပြုမိခဲ့မှာမဟုတ်ဘူး”

“ရှင်က သူမကိုကြောက်နေတာမလား၊ သူ့မရဲ့ နောက်ကလူတွေ ရှင်တို့ကို  ဒုက္ခပေးမှာကို ကြောက်နေတာမလား? ကျွန်မပြောမယ်၊ ​​သူတို့ ကိုကြောက်နေစရာမလိုဘူး”

ချင်ယွဲ့ယွဲ့က သူ့နောက်ကျောကို တည့်မတ်ထားခဲ့တယ်။

“မင်းမကြောက်ဘူးဆိုတာ ငါသိတယ်၊ ဒါပေမယ့် ငါတို့ကတော့ ကြောက်တယ်၊  မင်းသာ မရှိရင် ငါတို့က မစ္စဆုကို ပြသနာရှာမှာမဟုတ်ဘူး၊ ဒါဆို သူမက ဘာလို့ ငါတို့ကိုတကူးတက ဒုက္ခပေးနေမှာလဲ? 

မစ္စဆုက ငါတို့ကို ဘာမှမလုပ်ခဲ့ဘူး၊ မင်းသာ ငါတို့ရဲ့နားထဲမှာ သူမအကြောင်းတွေကို အဆုံးမရှိလောက်အောင် ဆက်တိုက်ပြောနေခဲ့တာလေ?  မင်းပြောတဲ့ မကောင်းတဲ့စကားတွေကြောင့် ငါတို့က သူမကို မုန်းတီးမိခဲ့တယ်”

နောက်ဆုံးမှာတော့ ချန်ကွေ့တုံ  ငြိမ်သက်သွားပြီး ကျိုးကြောင်းဆီလျော်တဲ့ စကားတချို့ကို ပြောလာတယ်။

“မင်းက ငါတို့ကို ဘာမှ တိုက်ရိုက် လုပ်ခိုင်းခဲ့တာ မဟုတ်ဘူး၊ ဒါပေမယ့် သူမကို ပြသနာရှာဖို့အတွက် အမြဲတမ်းသွေးထိုးမြှောက်ပင့်ပြီး မလိုမုန်းထားစကားတွေပြောရင်း ဆွဲဆောင်နေခဲ့တာ”

ဒါက လူတိုင်းကို ယင်ကောင်ကို မျိုချသလိုမျိုး ရွံရှာစိတ် ဖြစ်စေခဲ့ပြီး မိန်းကလေးတစ်ယောက်က ပြောလာတယ်။

“မင်းက  ဆင်းရဲတဲ့ နောက်ခံကနေ ဆင်းသက်လာရုံလောက်ပဲလို့ ငါထင်ခဲ့ပေမယ့် မင်းကို ဒီလောက်ထိ စက်ဆုပ်ရွံရှာစရာကောင်းနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး၊ မင်းလို လူနဲ့ စကားပြောရတာကို  အနံ့ဆိုးတွေ ခံစားရစေတယ်”

ထိုစကားကို ပြောပြီးနောက် ဒေါသတကြီး လှည့်ထွက်သွားခဲ့တယ်။

သို့ပေမဲ့လည်း သူမရဲ့နောက်မှာ ရပ်နေတဲ့ လူစိမ်းတစ်ယောက်ကို မြင်လိုက်ရတယ်။ ထိုလူက အလွန်အရပ်ရှည်ပြီး ချောမောကာ သူ့ရဲ့တစ်ကိုယ်လုံးက တခြားလူတွေထက် ပိုမိုသာလွန်တဲ့ အရှိန်အဝါတွေရှိတယ်။

ကိုယ်ပေါ်မှာလည်း ရိုးရာလည်ထောင်ဝတ်စုံကို သတ်ရပ်စွာဝတ်ဆင်ထားပြီး အလွန်စာအုပ်ကြီးဆန်တဲ့အရိပ်အငွေ့တို့ရှိတယ်။

ဒါပေမယ့် သူ့ရဲ့မျက်လုံးတွေကတေု့ အလွန်အေးစက်ပြီး ကြောက်စရာကောင်းနေခဲ့လေတယ်။

သူမက ထိလူကိုမသိတာကြောင့်   ဘေးသို့ရွှေ့ပြီး ထွက်ခွာသွားပေမဲ့လည်း သူမရဲ့ လှုပ်ရှားမှုကြောင့် လူတိုင်းက ထိုလူ့ဆီကို အာရုံရောက်လာကြတယ်။

ချင်ယွဲ့ယွဲ့ ထိတ်လန့်သွားရတယ်။

“ရှင် ဘာလို့ဒီကိုရောက်နေတာလဲ”

လင်းတုံဟဲက ဘာမှပြန်မပြောဘဲ အေးစက်စက်ကြည့်နေခဲ့ပြီး ခဏပြာမှ ပြောခဲ့တယ်။

“အိမ်ကိုပြန်တော့”

သူ့ဆီကို ဆုဆုက ဖုန်းခေါ်ပြီး ပြပွဲကောင်းတစ်ခုကိုသွားကြည့်ဖို့ ပြောခဲ့တယ်။ ဒါကြောင့် သူ ဒီကိုရောက်လာခဲ့ပြီး စကားတွေအားလုံးကိုလည်း ကြားလိုက်ရတယ်။

သူ့ရဲ့မိန်းမက ဒီလောက်ထိအကြံအစည်များကြောင်းကိုသိလိုက်ရတယ်။ သူ့အနေနဲ့ ကိစ္စတွေအားလုံးရဲ့ နောက်ကွယ်မှာ သူမရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ရလဒ်ကတော့ အခုလို ပေါ်ထွက်လာခဲ့တယ်လေ။ တကယ်လို့ သူကသာ သူမကို ပြန်မခေါ်ခဲ့ရင် သူမက ဒီမှာ ဆက်ရှိနေပြီး ကြိမ်းမောင်းတာကို အရှက်မရှိ လက်ခံနေဦးမှာလား။

ချင်ယွဲ့ယွဲ့က ဘာမှပြန်မပြောဘဲ လင်းတုံဟဲရဲ့နောက်ကို တိတ်တဆိတ်လိုက်သွားရုံသာတတ်နိုင်ခဲ့တယ်။

လင်းရှန်:  “ဒုတိယအစ်ကို၊  မရီးက မှာလိုက်တယ်၊ ဒီအသံသွင်းထားတာကို ဖျက်ပစ်တော့မှာဖြစ်လို့ စိတ်မပူပါနဲ့တော့တဲ့”

“ ဆုဆုပဲ! သူမက ငါ့ကို သူများတွေရှေ့မှာ ဘယ်တော့မှ ခေါင်းမထောင်နိုင်အောင် ဖြစ်စေချင်နေတာလား “

ချင်ယွဲ့ယွဲ့ အံကြိတ်လိုက်ပြီး သူမရဲ့မျက်နှာက ဒေါသကြောင့် တွန့်လိန်နေခဲ့တယ်။

လင်းရှန်က အသံသွင်းဘောပင်ကို ပစ်ချလိုက်တယ်။

“မဟုတ်ဘူး၊ မင်းကို ခေါင်းမထောင်နိုင်အောင် လုပ်လိုက်တာက မင်းကိုယ်တိုင်ပဲ”

သူက လင်းတုံဟဲကို တစ်ချက်ကြည့်လိုက်တယ်။

“ဒုတိယအစ်ကို၊ နောင်အနာဂတ်မှာ ကျွန်တော်တို့မိသားစုမှာ ကိစ္စတစ်ခုခုရှိလာရင် သူမကို ခေါ်မလာနဲ့”

လင်းတုံဟဲ သူ့ကိုပြန်မဖြေတော့ဘဲ ချင်ယွဲ့ယွဲ့ကို ထပ်ပြောလိုက်တယ်။

“သွားမယ်”

ချင်ယွဲ့ယွဲ့ သူ့နောက်ကို လိုက်သွားခဲ့တယ်။ တစ်ဖက်လူက ဒီကိစ္စအပေါ် သူနဲ့ဘာမှမဆိုင်သလို လုပ်နေတဲ့သဘောထားက သူမကို ကြောက်ရွံ့စေတယ်။ 

“ဒီနေ့ အိမ်ကို ပြန်မှာမလား၊  ဒီနေ့က အမေရဲ့ မွေးနေ့လို့ ကျွန်မကြားထားတယ်”

“အင်း”

လင်းတုံဟဲက ဒီနေရာကို စက်ဘီးစီးလာတာဖြစ်ပြီး  စကားများများမပြောခဲ့ဘဲ ချင်ယွဲ့ယွဲ့ကို  နောက်မှာတင်ပြီး ကွမ်းမိသားစုအိမ်သို့ ပြန်ခေါ်သွားခဲ့တယ်။

ကွမ်းမိသားစုမှာတော့ အစားအသောက် စားပွဲကို ပြင်ဆင်နေခဲ့ပြီး လူတိုင်းက အလွန်ပျော်ရွှင်နေပုံပဲ။

ချင်ယွဲ့ယွဲ့ ရောက်လာချိန်မှာလည်း သူမကိုဖော်ရွေခဲ့ကြတယ်။

  ခေါင်းဆောင်ကွမ်း: “မင်း ဘယ်အလုပ်ဌာနကို တာဝန်ကျလဲ”

ချင်ယွဲ့ယွဲ့ ပြုံးပြီးပြောလိုက်တယ် ။

“ကျောင်းမှာ အစီအစဉ်တွေရှိနေသေးတယ်ထင်တယ်၊ ခဏလောက်ကြာဦးမယ်”

သူမက ပြဿနာတွေကို ထည့်မပြောခဲ့ပေမဲ့ ဘေးနားက နားထောင်နေတဲ့ ကွမ်းကျန်းတုံက ဝင်ပြောလာတယ်။

“မဟုတ်ဘူး၊ မင်းကို သန့်ရှင်းရေးဌာနမှာ တာဝန်ပေးခံထားရတယ်လို့ ငါကြားထားတယ်၊  ဒါပေမယ့် မင်းကသဘောမတူခဲ့ဘူးတဲ့၊ ဒါကြောင့် အခုအချိန်အထိ ရွှေ့ဆိုင်းနေခဲ့တာမလား၊

မနေ့က ငါသွားတော့ သန့်ရှင်းရေးဌာနက မင်းရဲ့အချက်အလက်တွေ ပြန်ပေးလိုက်တယ်လို့ ကြားခဲ့တယ်၊ နောက်ပြီး ကောလဟာလတွေကိုလည်း ကြားခဲ့တယ်”

ခေါင်းဆောင်ကွမ်း:  “ဘာကောလဟာလလဲ”

“တချို့လူတွေက သူမမှာ အကျင့်ဆိုးတွေရှိတယ်လို့ ပြောနေကြတယ်၊ သူမက အိမ်ထောင်မပြုခင်က အကိုကြီးနဲ့ အတူရှိခဲ့ပြီး ကိုယ်ဝန်ကိုဖျက်ချခဲ့တယ်တဲ့”

“မင်း ဘာပြောလိုက်တာလဲ?”

လင်းတုံဟဲရဲ့အမေက  အလွန်စိတ်လှုပ်ရှားစွာနှင့် မတ်တပ်ထရပ်လိုက်တယ်။

လင်းတုံဟဲတို့နှစ်ယောက်ဆီက ကလေးရလာဖို့အတွက် သူမ တစ်နှစ်ကျော်ကြာအောင် မျှော်လင့်ခဲ့ကာ ဒီချွေးမကိုလည်း ဆရာဝန်တွေနှင့်သွားတွေ့ဖို့ မကြာခဏခေါ်သွားခဲ့ပေမယ့် သူမက အမြဲတမ်း ငြင်းဆန်ခဲ့တယ်။

ဒါဆို သူတို့မှာ အရင်က ကလေးရှိခဲ့ပေမယ့် ဖျက်ချခံခဲ့ရတာပေါ့။ အံ့သြစရာမဟုတ်တော့ဘူး။ ဒါကြောင့် သူမနဲ့အတူ ဆေးရုံကို သွားဖို့ အမြဲငြင်းဆန်နေတာပဲ။

လင်းတုံဟဲ:  “ဒါက အတိတ်တုန်းက ကိစ္စတွေပါ၊ သူမတစ်ယောက်တည်းရဲ့ အပြစ်မဟုတ်ဘူး”

သူလည်း အလွန် စိတ်မြန်လွန်းပြီး မှားယွင်းခဲ့တဲ့သူပဲ။

သို့ပေမယ့် ချင်ယွဲ့ယွဲ့က လက်သီးတွေကို တင်းတင်းဆုပ်ပြီး ပြောလာတယ်။

“ ဆုဆုက မင်းကို ပြောခဲ့တာလား ၊ သူမက ငါအဆင်ပြေနေတာကို မကြည့်နိုင်ဘဲ ငါ့ရဲ့ ပျော်ရွှင်မှုကို အမြဲတမ်း ဖျက်ဆီးပစ်ချင်နေတာ၊ အဲဒီတုန်းကလည်း သူမကသာ ငါတို့နှစ်ယောက်တည်းကို မထားခဲ့ဘူးဆိုရင် တုံဟဲ နဲ့ ငါ အတူတူရှိဖြစ်သွားမှာမဟုတ်ဘူး၊ အတူတူနေခဲ့မိတာက ငါတို့အပြစ်မဟုတ်ဘူး၊ သူမကြောင့်ပဲ”

လင်းတုံဟဲ နောက်ဆုံးမှာတော့ သည်းမခံနိုင်တော့ဘူး။

“မင်း ဘာတွေပြောနေတာလဲ၊ ငါတို့ကိစ္စတွေက သူမနှင့် ဘာဆိုင်လို့လဲ”

“သူမကိုပြောတိုင်း ရှင်ဘာလို့စိတ်မချမ်းမသာဖြစ်နေရတာလဲ၊ ရှင် သူမကိုစိတ်ဝင်စားနေတာကြာပြီမလား”

ချင်ယွဲ့ယွဲ့ကလည်း ထပ်ပြီး သည်းမခံနိုင်တော့ဘူး။ သူမ ဒီနေ့အရမ်းသည်းခံခဲ့ရပြီးပြီ။

လင်းတုံဟဲ ဒေါသတကြီး မတ်တပ်ထရပ်လိုက်တယ်။

“ကိစ္စတစ်ခုခုဖြစ်လာတိုင်း ဆုဆုက မင်းရဲ့နောက်ကွယ်မှာ မင်းအကြောင်းကိုပြောနေတယ်လို့ ထင်နေတယ်၊  မင်း သူမရဲ့နောက်ကွယ်မှာ သူမရဲ့ မကောင်းကြောင်းတွေ ဘယ်လောက်များလဲပြောခဲ့ပြီလဲဆိုတာကိုတော့ မင်းမစဉ်းစားဘူးလား? အခု မင်းက သူမကို ကျောင်းကထွက်သွားရတဲ့အထိတောင် လုပ်လိုက်ပြီးပြီ၊ ဒါကိုတောင် မကျေနပ်သေးဘူးလား?”

“မစ္စဆု အလုပ်ကထွက်သွားရတာက မင်းကြောင့်လား?!”

ကွမ်းကျန်းတုံကလည်း ထရပ်လာတယ်။ သူက ဆုဆုအပေါ် အမြဲတမ်း အမြင်ကောင်းရှိနေခဲ့ပေမဲ့  ရုတ်တရက် အလုပ်ထုတ်ခံရဖို့ မမျှော်လင့်ထားဘူး။

အစတုန်းကတော့ သူတို့တွေ ဒုတိယကလေးလိုချင်တဲ့အတွက်  ရွေးချယ်စရာမရှိဘဲ ထွက်သွားရတယ်လို့ ထင်ခဲ့ပေမယ့် တကယ့် အကြောင်းပြချက်က သူ့မရီးကြောင့် မမျှော်လင့်ထားခဲ့ဘူး။

“မင်းဘာလို့ သူမဘက်က ပြောနေတာလဲ၊ ငါက မင်းရဲ့ ဆွေမျိုးပဲ”

သူမ ပေါက်ကွဲလုမတတ် အော်ငိုလာတယ်။

“မင်း သူမကို ကြိုက်ရင် သူမကိုမင်းရဲ့မိန်းမဖြစ်အောင် ဘာလို့ မလုပ်တာလဲ”

လင်းတုံဟဲ အော်လိုက်တယ်။

“လုံလောက်ပြီ”

သူက ရုတ်​တရက်​ထရပ်​ပြီး:

“အိမ်​ပြန်​တော့”

“ဘာလို့ ကျွန်မကို အိမ်ပြန်ခိုင်းတာလဲ၊ လက်ထပ်ပြီးကတည်းက   ကျွန်မကို ခဏခဏ ပြန်လွှတ်နေတာ! ကျွန်မ ရှင့်ရဲ့မိသားစုကို အမြဲ သည်းခံခဲ့ရတယ်၊

ဒါပေမယ့် အပြင်လူအကြောင်းကိုပြောတိုင်း ရှင်က ဒီလိုပဲ၊ ကျွန်မမှာလည်း ကိုယ့်ကိုယ်ကို လေးစားမှုရှိတယ်နော်! ဒီလိုဆိုမှတော့ ရှင့် သူမကို ကျွန်မရဲ့နေရာမှာ အစားထိုးပြီး အိပ်လိုက်ပါတော့လား!”

ဖြန်း!

လင်းတုံဟဲက ဒေါသတကြီးနှင့် ချင်ယွဲ့ယွဲ့ရဲ့မျက်နှာကို ဖြတ်ရိုက်လိုက်လေတယ်။

  “မင်းလုပ်နိုင်တယ်၊ ဒါပေမဲ့ တခြားလူတွေကတော့ မလုပ်နိုင်ဘူးကွ! ဘာလို့ ဒီအကြောင်းကိုပဲ အချိန်တိုင်း ပြောနေရတာလဲ၊

ငါ ဆုဆုနှင်် ပတ်သက်ပြီး တခြားဘယ်လိုအတွေးကိုမှ မတွေးထားဘူး၊ မင်းရဲ့ အတွေးတွေက ညစ်ပတ်လွန်းတယ်၊ မင်းကို ငါ သည်းခံနေခဲ့တာ တကယ်ကိုကြာနေပြီ၊

မင်းရဲ့ဘဝ ရှင်သန်ဖို့အတွက် တခြားလူတွေကို ဘာလို့ ချနင်းချင်နေရတာလဲ၊ မင်းဘဝက အခု မကောင်းနေလို့လား? မင်းရဲ့အခြေအနေက သူများတွေထက် အရမ်းကိုမြင့်လွန်းနေပြီ၊ ဘာလို့ မတင်းတိမ်နိုင်ဖြစ်နေရတာလ်?!”

“ကျွန်မ မိသားစုက အကာအကွယ်မပေးနိုင်လို့ ရှင် ကျွန်မကို အနိုင်ကျင့်နေတာမလား!  ကျွန်မမှာ နောက်ခံနှင့် အဆင့်အတန်းမရှိလို့ ကျွန်မကို အနိုင်ကျင့်နေတာမလား!”

“ဆုဆုမှာလည်း ဘယ်လိုနောက်ခံမှမရှိဘူး၊ သူမက မိဘမဲ့တစ်ယောက်တောင် ဖြစ်နေသေးတယ်၊  အရင်ကတော့ မင်းက ကိုယ့်ကိုယ်ကိုယ် အားကိုးတယ်လို့ ထင်ခဲ့ပေမယ့် အခု မင်းကအရမ်းကို တစ်ကိုယ်ကောင်းဆန်လွန်းတယ်”

“ရှင်က  တကယ်ကိုကြောက်စရာပဲ၊ ရှင်က သူမကို လက်ထပ်ချင်နေသေးတာလား? ကျွန်မပြောလိုက်မယ်၊ ရှင်က ဆုဆုကိုလိုချင်နေတယ်ဆိုရင်တောင် ရနိုင်မှာမဟုတာဘူး! ဘာလိုလဲဆိုတော့ ကျွန်မက ရှင့်ရဲ့ မိန်းမဖြစ်နေလို့ပဲ!”

“တော်လောက်ပြီ၊ ဒီမှာ ငြင်းခုံနေတာ ရပ်လိုက်တော့၊ မင်းတို့အခု ဒီကနေ ထွက်သွား”

ခေါင်းဆောင်ကွမ်း ဒါကို သည်းမခံနိုင်တော့ဘဲ သူ့ရဲ့တူတွေကို ဖြန်းခနဲ ပစ်ချကာ မောင်းထုတ်တော့တယ်။

လင်းတုံဟဲက အကြောင်းပြချက်မရှိဘဲ ပြဿနာရှာနေတဲ့ ချင်ယွဲ့ယွဲ့ကို လျစ်လျူရှုကာ သူ့အင်္ကျီကို ကောက်ယူပြီး ထွက်ခွာသွားခဲ့တယ်။ နောက်တော့ သူတို့ နှစ်ယောက်က စစ်အေးတိုက်ပွဲ ဖြစ်ခဲ့ကြပြန်တယ်။

**

All Chapters