အခန်း (၁၈၆)
Vol. 19 Ch. 186
ရန်ဖြစ်စကားများပြီးတဲ့နောက်မှာ လင်းတုံဟဲက အိမ်ကိုပြန်မလာတော့တဲ့အတွက် ချင်ယွဲ့ယွဲ့က သူမဘာသာသူမ တစ်ခုခုလုပ်ဖို့ စီစဥ်ခဲ့တယ်။
သူမက ဆုဆုထံမှ စက်ရုံတစ်ခုလည်ပတ်ရန် သင်ယူခဲ့ပြီး လင်းတုံဟဲဆီက ပိုက်ဆံတွေနှင့် သန့်ရှင်းရေးသုံး ပစ္စည်းထုတ်စက်ရုံကို စတင်ခဲ့တယ်။
ဒီစက်ရုံက ရလဒ်တွေထွက်လာသရွေ့ လင်းတုံဟဲနှင့်ဆုဆုက သူမကို ကွဲပြားစွာကြည့်လာလိမ့်မယ်လို့ ထင်ခဲ့တယ်။
သို့သော်လည်း စက်ရုံတစ်ခုဖွင့်ဖို့က သူမ ထင်ထားသလိုမျိုး မလွယ်ကူဘူး။ သူမက ထောင်ချောက်ထဲကို ကျဆင်းဖို့ လွယ်ကူတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး လဝက်တောင် မပြည့်ခင်မှာ တခြားလူတွေဆီမှာ ထောင်ပေါင်းများစွာ လိမ်ညာခံလိုက်ရတယ်။
ချင်ယွဲ့ယွဲ့ အလွန်ဒေါသထွက်ခဲ့တယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ သူမက အခု ချမ်းသာနေပြီ။ သူမရဲ့ပါးစပ်ကိုဖွင့်လိုက်သရွေ့ လင်းတုံဟဲက သူမကို ပေးလာလိမ့်မယ်။ ဘယ်သူကမှတောင် သိလိုက်မှာမဟုတ်ဘူး။
ဒါပေမယ့် သူမ ဒေါသထွက်နေတဲ့အချိန်အတွင်းမှာ ဘေးနားမှာ စက်ရုံသစ်တစ်ခုက စတင်တည်ဆောက်လာတာကို တွေ့လိုက်ရတယ်။
ထိုစက်ရုံက အတော်လေးကို ကြီးကျယ်ခမ်းနားပုံရတယ်။ ပထမအကြည့်တစ်ချက်နှင့်တင် စက်ရုံကြီးတစ်ခုဖြစ်ကြောင်း သိနိုင်တယ်။
ချင်ယွဲ့ယွဲ့က ထိုစက််ရုံပိုင်ရှင်နှင့် ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေးရရှိရန် ရည်ရွယ်ထားခဲ့ပေမဲ့ ထိုစက်ရုံကိုတည်ဆောက်ထားတာက ဆုဆုဖြစ်ကြောင်းကို သိရှိလိုက်ရပြီး ဒါက X မြို့တော်မှာ တည်ဆောက်ခဲ့တဲ့ ပထမဆုံးသော ဆက်သွယ်ရေးအီလက်ထရွန်နစ်စက်မှုလုပ်ငန်းဖြစ်လာမှာဖြစ်ကြောင်းနှင့် နိုင်တံတော်အတွင်းမှာတောင် ပထမဆုံးဖြစ်မဲ့အကြောင်းကို သိလိုက်ရလေတယ်။
ဘာလို့လဲ? ဘာလို့ အချိန်တိုင်းမှာ သူမက သာလွန်နေခဲ့ရတာလဲ။ ဘာလို့ အကြိမ်တိုင်း သူမကို သေတဲ့အထိ နှိပ်စက်နေရတာလဲ ။
ချင်ယွဲ့ယွဲ့ မယုံကြည်နိုင်ဖြစ်ခဲ့ရပြီး လင်းတုံဟဲဆီသို့ ပိုက်ဆံတောင်းရန် ထပ်မံသွားခဲ့ပြန်တယ်။
သူမလည်း ဆက်သွယ်ရေး စက်ရုံတစ်ခု တည်ဆောက်ချင်တယ်။ ဆုဆု မအောင်မြင်ဘူးဆိုရင်တောင် သူမက အောင်မြင်စေလိမ့်မယ်ဆိုတာ သေချာတယ်။
လင်းတုံဟဲ စားပွဲကို လက်နှင့် ရိုက်ကာ မတ်တပ်ထရပ်လိုက်တယ်။
“မင်း ပြသနာမရှာဘဲ မနေနိုင်ဘူးလား၊ မင်းအရင်က ဆောက်ခဲ့တဲ့ စက်ရုံကလည်း ပိုက်ဆံတွေကုန်ပြီး မဆောက်ခင်မှာကတည်းက ရပ်သွားတယ်၊ ကံကောင်းလို့ စက်တွေကို ပြန်သုံးလို့ရပေမယ့် ဆုံးရှုံးသွားတဲ့ ပိုက်ဆံကတော့ ဘယ်တော့မှ ပြန်မလာတော့ဘူး၊
ဒါပေမယ့် အီလက်ထရွန်နစ် ဆက်သွယ်ရေး ကိရိယာတွေ တည်ဆောက်ရတာက အရမ်းလွယ်တယ်လို့ မင်းထင်နေတာလား၊ မြို့တော် Aက လူရဲ့ အကူအညီနှင့်သာမဟုတ်ရင် ဆုဆုတောင် ဒီစက်ရုံကို တည်ဆောက်နိုင်မှာ မဟုတ်ဘူး၊ အရှုပ်အထွေးတွေလုပ်ဖို့ပဲတွေးမနေစမ်းနဲ့၊ ပြန်သွားပြီး ကောင်းကောင်းနေစမ်းပါ၊ ငါကို လာမရှုပ်နဲ့”
“သူမတောင် လုပ်နိုင်တာကို ဘာလို့ ကျွန်မက မလုပ်နိုင်ရမှာလဲ? သူမက ကောလိပ်ကဘွဲ့ရထားတာ၊ ကျွန်မကရော မဟုတ်လို့လား? ကျွန်မက ဘာလို့ သူမဆီမှာခေါင်းငုံ့နေရမှာလဲ”
တစ်ခါတလေမှာ လူတွေက အဓိပ္ပါယ်မရှိတ်တွေကို တွေးတောတတ်တယ်။ ချင်ယွဲ့ယွဲ့ကလည်း အခုအဲလိုမျိုးပဲ။
တစ်ချိန်တည်းမှာ ဆုဆုသာဒီနေရာမှာ မရှိခဲ့ဘူးဆိုရင် ဒီလိုကောင်းမွန်တဲ့အရာတွေအားလုံးက သူမရဲ့အပိုင်ဖြစ်နေလိမ့်မယ်လို့ ခံစားမိတယ်။ ဒီလိုဆိုမှတော့သူမဆီကနေ ဘာကြောင့် မလုယက်ရမှာလဲ?
“ထွက်သွား”
လင်းတုံဟဲတစ်ယောက် ဒေါသထွက်လွန်းလို့ သူမကို နှင်ထုတ်ခဲ့ပေမယ့် သူ့ရဲ့သဘောထားကြောင့် ချင်ယွဲ့ယွဲ့က ပိုလို့တောင် မကျေမနပ်ဖြစ်သွားခဲ့တယ်။
လင်းတုံဟဲပြောတဲ့ ဆုဆုကိုကူညီပေးတဲ့ အမျိုးသားဆိုတာက ဆုဆုဆီမှာ ဖြားယောင်းခံလိုက်ရတာဖြစ်မယ်လို့ သူမ တွေးလိုက်မိတယ်။
ဒီလိုသာမဟုတ်ရင် ဘယ်ယောက်ျားက မိန်းမတစ်ယောက်ကို ကူညီဖို့အတတ်နိုင်ဆုံးကြိုးစားနေမှာလဲ?!
ဒါကြောင့် သူမ ထန်းဖန်ရှန်းကို ရှာဖွေခဲ့ပြီး X မြို့တော်ရှိ လုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ လင်းတုံဟဲရဲ့ ဇနီးအဖြစ်နှင့် သွားရောက်တွေ့ဆုံခဲ့တယ်။
တစ်ဖက်လူက အသက်သုံးဆယ်ကျော်လောက်ရှိပြီး သူ့ရဲ့ရုပ်ရည်က တော်တော်လေး ခံ့ညားပုံရတယ်။
ချင်ယွဲ့ယွဲ့ သူ့ကိုတွေ့ပြီးတဲ့နောက်မှာ ဂုဏ်သိက္ခာကြီးမားစွာနှင့် နှုတ်ဆက်ခဲ့တယ်။ တစ်ဖက်လူက သူမကို ဘာကြောင့် ဒီနေရာကို ရောက်လာတာလဲလို့ မေးတော့ ချင်ယွဲ့ယွဲ့ အပြုံးတစ်ခုနှင့် ပြန်ဖြေလိုက်တယ်။
“မစ္စတာထန်၊ ရှင်သာ တွေးတောစဥ်းစားတတ်တဲ့သူတစ်ယောက်ဆိုရင် ကျွန်မပြောချင်တာကို သိနိုင်မှာပါ၊ ဒီတစ်ခေါက် ကျွန်မ ရှင်နှင့်လာတွေ့တာက ပူးပေါင်းဆောင်ရွက်မှုအကြောင်းကို ပြောချင်လို့ပါ”
“အိုး? ဘယ်လိုပူးပေါင်းဆောင်ရွက်မှုလဲ?”
ထန်ဖန်ရှန်းကလည်း ယဉ်ကျေးစွာ ပြန်ဖြေခဲ့တယ်။
“ဒီလိုလေ၊ ရှင်နှင့်ဆုဆုက ဆက်သွယ်ရေး အီလက်ထရွန်းနစ် စက်ရုံအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်းကို ကျွနာမသိထားတယ်၊ တကယ်တော့ ကျွန်မကလည်း ကောလိပ်ကနေဘွဲ့ရထားတဲ့ ပညာတတ်တစ်ယောက်ပါ၊ ကျောင်းမှာတုန်းကလည်း အဆင့်ကောင်းကောင်းရခဲ့တယ်?
ကျွန်မလည်း သမားရိုးကျ ဝန်ထမ်းဖြန့်ဖြူးရေးစနစ်အပေါ် စွန့်လွှတ်ပြီး ကိုယ်ပိုင် စီးပွားရေးလုပ်ဖို့ စက်ရုံတစ်ရုံထူထောင်ချင်နေတာ၊ ဒီတော့ ဆုဆုနဲ့ ပူးပေါင်းထားတဲ့ ဒီပရောဂျက်ကို ကျွန်နှင့် လွှဲပြောင်းပြီးလုပ်ဆောင်ဖို့ တွေးတောပေးနိုင်မလား၊
သိပ်ပြီးစိတ်မပူပါနဲ့၊ ကျွန်မရဲ့ခင်ပွန်းသည်က ဒီမြို့မှာ နာမည်ကြီးပြီး စက်ရုံတွေထူထောင်တဲ့ကိစ္စအပေါ်မှာလည်း လုပ်ငန်းအတွေ့အကြုံလည်း ရှိတယ်၊ ရှင်ဘယ်တော့မှ စိတ်ပျက်ရမှာမဟုတ်ဘူး”
ချင်ယွဲ့ယွဲ့က သူမပြောတဲ့စကားတွေက အလွန်ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားမိတယ်။ အနည်းဆုံးတော့ တရားဝင်ကျပြီး အမှားအယွင်းမရှိနိုင်ဘူး။
သို့ပေမဲ့ တန်ဖန်းရှင်းရဲ့ မျက်လုံးထဲမှာတော့ အိမ်မှာ စီးပွားရေးလုပ်ငန်းအကြောင်းကစားနေတဲ့ ကလေးသာသာပဲ။
သူက ရယ်မောပြီး ပြောလိုက်တယ်။
“မစ္စချင် တက္ကသိုလ်ဘွဲ့ရပြီးရုံလောက်နှင့် ဒီပရောဂျက်ကို မင်းဆီကို ငါလွှဲပေးမယ်လို့ ထင်နေတာလား”
“ ဘာလိုသေးလို့လဲ”
“ဒီမှာ”
ထန်ဖန်ရှန်း သူ့ခေါင်းကို ညွှန်ပြလိုက်တယ်။ တကယ်တမ်းမှာ သူက ချင်ယွဲ့ယွဲ့ကို ခေါင်းထဲမှာရှိနေတဲ့ ဦးနှောက်ဖွဲ့စည်းပုံအကြောင်းကို ပြောချင်ခဲ့တာပဲ။
ဒီ အီလက်ထရွန်းနစ် ဆက်သွယ်မှုက ဘယ်လိုလုပ်ပြီး လွယ်ကူနိုင်မလဲလို့ ပြောချင်တာဖြစ်လေတယ်။
ချင်ယွဲ့ယွဲ့ကလည်း ဒါကိုမြင်ပြီးနောက်မှာ အလျင်လိုခြင်းမရှိဘဲ ထရပ်လာကာ အိတ်ကို ဘေးမှာချလိုက်တယ်။
“ကျွန်မသိပါတယ်၊ သူမက စကားလည်း ကောင်းကောင်းပြောတတ်တယ်၊ လှလည်းလှတယ်၊ ဒါကြောင့် သူက စီးပွားရေးတွေကို လွယ်လွယ်ကူကူ လုပ်နိုင်တယ်၊ သူမက ဗိုက်ကြီးနေတယ်ဆိုရင်တောင် ရှင့်ကိုစိတ်ပျော်ရွှင်အောင် လုပ်နိုင်နေတုန်းပဲမလား၊
ဒါပေမယ့် ကျွန်မကလည်း မဆိုးဘူး၊ ရှင်သာ မကြိုးစားကြည့်ရင် ဘယ်လိုသိနိုင်မှာလဲ”
သူမ ပြောပြီးတာနှင့် ထမ်ဖန်းရှန်းဆီသို့ချဉ်းကပ်ကာ သူ့ကို သွေးဆောင်ဖြားယောင်းရန် ကြံရွယ်ခဲ့တယ်။
ထန်းဖန်ရှန်းက မည်းမှောင်နေတဲ့မျက်နှာနှင့် မတ်တပ်ထရပ်ပြီး သူမဆီကနေ ရှောင်ဖယ်လိုက်တယ်။
“တောင်းပန်ပါတယ် မစ္စချင်၊ ငါက စည်းကမ်းရှိတဲ့လူပါ၊ ဒီတစ်ခါ ငါ့ရဲ့ဇနီးသည်က X မြို့တော်ကို အတူပါလာပြီး ရဲဘော်ဆုနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်၊ သူတို့က ညီအစ်မကောင်းတွေပဲ၊ မင်းငါ့ကို ခက်ခဲအောင် မလုပ်ပါနဲ့”
“ကျွန်မလည်း ရှင့်မိန်းမအတွက် ညီအစ်မတွေ ဖြစ်ပေးနိုင်တယ်”
ချင်ယွဲ့ယွဲ့ သူမရဲ့ ပထမဆုံးကြယ်သီးကို ဖြုတ်လိုက်ပေမဲ့ ဒီလိုအလုပ်မျိုးကို တစ်ခါမှ မလုပ်ခဲ့ဖူးတာကြောင့် မလိုလားတဲ့အမူအရာတွေဖြစ်နေတုန်းပဲ။
သူမက အလွန်ပင် သဘာဝကျကျ ပြုမူနေခဲ့ပေမဲ့ သူမရဲ့ မျက်လုံးတွေကတော့ မကျေမနပ် ဖြစ်နေခဲ့တယ်။
ထန်းဖန်ရှန်းကတော့ အပေါ်ယံ မျက်နှာပြင်ပေါ်မှာ တည်ငြိမ်နေပေမဲ့လည်း သူ့နှလုံးသားထဲမှာတော့ ကျိန်ဆဲနေပြီ။
ဒီလိုမျိုး အရှက်ကင်းမဲ့တဲ့ အမျိုးသမီးက ဘယ်နေရာကနေ ရောက်လာတာလဲ? သူမက သူမရဲ့ခန္ဓာကိုယ်ကို တစ်စုံတစ်ခုနှင့် လဲလှယ်လိုလောက်အောင် အရှက်ကင်းမဲ့နေခဲ့ချိန်မှာ သူ့ဘက်က သူမကို အတင်းအကြပ်ခိုင်းနေသလိုမျိုး တုံ့ဆိုင်းတဲ့ ရွံရှာဖွယ်အမူအရာမျိုးကို လုပ်ပြနေခဲ့တယ်။
သူ့မိန်းမနဲ့ ညီအစ်မတွေဖြစ်ချင်နေတယ်ပေါ့လေ? သူက သူ့ရဲ့မိန်းမကိုသတ်ချင်နေတာမလား?!
“တစ်ယောက်ယောက်! ဒါရိုက်တာလင်းကို ခေါ်ပြီး သူ့မိန်းမကို လာခေါ်ခိုင်းလိုက်စမ်း”
အပြင်က လက်ထောက်ကလည်း ဘာတွေဖြစ်နေတာလဲဆိုတာကို နားလည်ခဲ့တယ်။ ဒီနေ့ခေတ် အောင်မြင်တဲ့ အမျိုးသားတွေရဲ့ပတ်ဝန်းကျင်မှာ မက်မွန်ပွင့်တွေ အမြဲရှိနေတတ်တယ်။
ဒါပေမယ့် စက်ရုံဒါရိုက်တာရဲ့ ဇနီးဖြစ်နေတာတောင် ဒီလိုလုပ်ရပ်မျိုး လုပ်တာကိုတော့ ပထမဆုံးမြင်ဖူးတာပဲ။
*
ချင်ယွဲ့ယွဲ့အနေနဲ့ ထန်းဖန်ရှန်းရဲ့ လှုပ်ရှားမှုက ဒီလောက်ထိပြင်းထန်လိမ့်မယ်လို့ မမျှော်လင့်ခဲ့တာကြောင့် အလွန်ထိတ်လန့်သွားကာ ချက်ချင်းပဲ ကြယ်သီးတပ်ပြီး လှည့်ထွက်ချင်ပေမဲ့ သူမက မလိုလားနိုင်ဖြစ်နေတုန်းပဲ။
“ကျွန်မက ကိုယ်ဝန်ရှိတဲ့ မိန်းမထက် တကယ်နိမ့်ကျတာလား”
ထန်းဖန်ရှန်း:”သူမက ဒီနိုင်ငံအတွက် တစ်ခုခုလုပ်ပေးချင်တယ်၊ မင်းမှာ အဲလိုအတွေးမျိုးရှိလား”
“သူမက အဲလောက်ထိကောင်းမှာမဟုတ်ဘူး”
“အနည်းဆုံးတော့ မင်းထက်တော့ ပိုရိုးသားတယ်”
“ရှင်နောင်တရလိမ့်မယ်”
ချင်ယွဲ့ယွဲ့ စိတ်ပျက်လက်ပျက် ထွက်ခွာလာခဲ့ပေမဲ့ ညဘက် အိမ်ပြန်ရောက်ချိန်မှာ လင်းတုံဟဲ အိမ်ထဲမှာ ထိုင်နေတာကိုမြင်တော့ ခဏလောက်အပြစ်ရှိသလို ခံစားမိနေတုန်းပဲ။ အထူးသဖြင့် ထိုသူက ကြွေကန်ကို ရိုက်ခွဲလိုက်တာကိုမြင်တွေ့ရချိန်မှာပဲ။
“မင်း အတိအကျဘာလုပ်ချင်လဲ ဆိုတာ ပြောစမ်းပါ”
“ကျွန်မ .. ရှင်က ကျွန်မကို မယုံဘူး”
“မင်းကို မယုံတာနဲ့ တခြားယောက်ျားတွေနှင့်ဖောက်ပြန်ဖို့အတွက် သွားပြီးဖြားယောင်မြူဆွယ်နေတယ်ပေါ့? မင်းက အရမ်းကိုစျေးပေါတာပဲ”
“ရှင် ကျွန်မကိုဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုးပြောထွက်နိုင်ရတာလဲ? ကျွန်မက ခဏလောက်မစဉ်းစားနိုင်ဖြစ်သွားရုံပါ၊ အခု...”
“အခုတော့ ဆိုးရွားတယ်လို့ တွေးမိနေတာလား? အဲဒီအချိန်မှာ တုန်းကရော မင်းငါ့ကို ဖောက်ပြန်ပြီး ငါတို့ရဲ့ခံစားချက်တွေကို သစ္စာဖောက်နေတာပဲလို့ မင်းတွေးခဲ့သေးရဲ့လား?
ဒါမှမဟုတ် ဆုဆုကို လက်စားချေဖို့အတွက် မင်းကိုယ့်မင်း လေးစားမှုတွေကိုပါ စွန့်လွှတ်လိုက်တာလား? မင်းဘာတွေတွေးနေလဲဆိုတာ ငါတကယ်မစဉ်းစားနိုင်တော့ဘူး”
“ကျွန်မ ဒီနေ့ အမှားလုပ်မိသွားတာပါ၊ နောက်ထပ်မလုပ်တော့ပါဘူး”
“မဟုတ်ဘူး၊ ဆုဆုအတွက် မင်းအရာအားလုံးကို လုပ်နိုင်တယ်၊ တစ်နေ့နေ့ကျရင် မင်းသူ့ကို လက်စားချေဖို့အတွက် ဒုတိယအကြိမ်၊ တတိယအကြိမ်လည်း ယောက်ျားတွေကိုတောင် ထပ်ပြီးသွေးဆောင်နိုင်တယ်၊
ကောင်းပြီ၊ ငါတို့ ကွာရှင်းလိုက်ရအောင်၊ ငါ အနာဂတ်မှာလည်း ဦးထုပ်စိမ်းမဆောင်းချင်တော့ဘူး၊ လူတိုင်းဆီက လှောင်ပြောင်လာတာကို မခံချင်တော့ဘူး”
လင်းတုံဟဲ တကယ်မခံနိုင်တော့ဘူး။ ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့ပြီး အပြေးသွားချိန်မှာ ထန်းဖန်ရှန်းဆီကနေ သူ့ရဲ့နှာခေါင်းကို လက်ညိုးထိုးပြီး ပြောလာတာကိုနားထောင်ရင်း ဘယ်လောက်ထိ အဆင်မပြေဖြစ်ခဲ့ရလဲဆိုတာ ဘုရားပဲသိနိုင်လိမ့်မယ်။
ဒီအခြေအနေတွေကိုသာ ဒီထက်ကြာကြာသည်းခံနိုင်မယ်ဆိုရင် ယောက်ျားတောင် ဖြစ်တော့မှာမဟုတ်ဘူး။ ဒါကြောင့် ကွာရှင်းခွင့်တောင်းဖို့သာ ဆုံးဖြတ်လိုက်တယ်။
“ကွာရှင်းပြတ်စဲချင်နေတာလား? ဒီတစ်ခါတော့ ကျွန်မတို့မှာ သက်သေစာချုပ်ရှိတယ်၊ ရှင် ဘာမှမဖြစ်သလို ကွာရှင်းနိုင်မယ်လို့ထင်နေတာလား”
“ဟုတ်တယ်၊ ဒီအိမ်ထောင်ရေးက ဘာမှမဟုတ်သလို ကွာရှင်းလို့ မရဘူး၊ ငါ ရှေ့နေတစ်ယောက်ရှာလိုက်မယ်၊ ပြီးရင် မင်းမှာ အတွေးတစ်ခုခုရှိရင် သူ့ကိုပဲပြောလိုက်တော့”
လင်းတုံဟဲ သူမနှင့် စကားမပြောချင်တော့တဲ့အတွက် ကွာရှင်းဖို့ပြောပြီး ထွက်ခွာသွားခဲ့တယ်။
“ရှင်က ကျွန်မနှင့်ကွာပြီး ဆုဆုကိုသွားရှာမလို့လား”
“ချင်ယွဲ့ယွဲ့၊ မင်းရဲ့စိတ်ထဲမှာ ဒီအကြောင်းကလွဲလို့ တခြားဘာကိုမှ မစဉ်းစားနိုင်တော့ဘူးလား”
လင်းတုံဟဲ အခုတော့ သူမက အရင်တုန်းက သူသိခဲ့ဖူးတဲ့ ချင်ယွဲ့ယွဲ့ မဟုတ်တော့ကြောင်းကို နားလည်သွားခဲ့ပြီ။
ချင်ယွဲ့ယွဲ့က အရင်တုန်းကလိုမျိုး လင်းတုံဟဲဆီက ကွာရှင်းဖို့အပြောခံရချိန်မှာ ကိုကြွေးခြင်းမပြုခဲ့ဘူး။ သူမကလည်း ဂရုမစိုက်တော့ဘူး။
ကွာရှင်းပြီးသွားရင် သူမ သူ့ဆီကနေ ပိုက်ဆံအများကြီးရနိုင်ပြီး စုန့်လော်စန်းကို သွားရှာနိုင်တယ်။
အဲဒီလူရှိနေသရွေ့ သူမက စက်ရုံမန်နေဂျာရဲ့ ဇနီးဖြစ်ရုံသာမက ဆုဆု တစ်ယောက်လုံးလည်း ဖြစ်လာနိုင်တယ်။
စုန့်လော်စန်းက သူမနှင့်အတူရှိနေသရွေ့ လင်းတုံဟဲက သူမနှင့်ကွာရှင်းမှုကို သေလောက်အောင့နောင်တရနေလိမ််မယ်။
**