← Chapters

အခန်း (၁၈၇)

Vol. 19 Ch. 187

အခန်း (၁၈၇)

Vol. 19 Ch. 187

ချင်ယွဲ့ယွဲ့က ယောက်ျားတစ်ယောက်မှာ ပိုက်ဆံနဲ့ စွမ်းအားရှိသရွေ့ အချစ်ဆိုတာမျိုးကို တွေးတောစရာမလိုဘဲ သူမလက်ခံနိုင်တယ်လို့ တွေးခဲ့တယ်။

ဒါကြောင့် သူမက လင်းတုံဟဲဆီကနေ ပိုင်ဆိုင်မှုတစ်ဝက်ကို လိုချင်ကြောင်း  ရှေ့နေကိုပြောခဲ့ပြီး စုန့်လော်စန်းရဲ့ စက်ရုံသို့ သွားရောက်ရှာဖွေခဲ့တယ်။

အခုချိန်မှာ သူမက ငယ်ရွယ်တဲ့ မိန်းမပျိုလေး မဟုတ်တော့ဘဲ အထက်တန်းကျစွာဝတ်စားဆင်ယင်ထားကာ ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်လို ဖြစ်နေခဲ့ပြီ။

စုန့်လော်စန်းကလည်း စက်ရုံမှာရှိနေခဲ့ပြီး သူမလာနေတာကိုမြင်တော့ ဘာလို့လာတာလဲလို့မေးခဲ့တယ်။

ချင်ယွဲ့ယွဲ့က လင်းတုံဟဲက သူမကိုမလိုချင်တော့ကြောင်း ငိုကြွေးပြီး ပြောခဲ့လေတယ်။

အရင်တုန်းကတော့ စုန့်လော်စန်းက သူမကို ဒီလိုမျိုးမြင်မယ်ဆိုရင်  မေးခွန်းတွေ မေးပြီး နှစ်သိမ့်ပေးဖို့ စိတ်အားထက်သန်နေလိမ့်မယ်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ စုန့်လော်စန်းက ထိုသို့ မလုပ်ခဲ့တော့ဘူး။ သူက သူမရဲ့စကားတွေကို အေးစက်စွာ နားထောင်ပြီး ပြန်ပြောလဲ့တယ်။

“ငါပြောမယ် ချင်ကျစ်ချင်း၊   မင်းနဲ့ လင်းတုံဟဲတို့ လင်မယားကြားက ကိစ္စတွေကို ငါ့ကိုလာပြောနေလို့ ဘာအသုံးဝင်မှာလဲ၊ မင်းသူ့ကိုလိုချင်သေးရင် သူ့ဆီကိုပြန်သွားပြီး သူနှင့်စကားကောင်းကောင်းပြောပြီး ကွာရှင်းပြတ်စဲတာကို ရပ်တန့်လိုက်ပေါ့၊ ရှောင်ကော မစ္စလင်းကို ကားမောင်းပြီး ပြန်ပို့ပေးလိုက်”

သူက ပြောပြီးတာနဲ့ စက်ရုံထဲမှာ လုပ်စရာတစ်ခုခုရှိနေသေးကြောင်း ပြောပြီး လှည့်ထွက်သွားခဲ့တယ်။

ဒီအခြေအနေမှာ တစ်ခုခုမှားနေပြီ။

ချင်ယွဲ့ယွဲ့သာ သူ့ကို အရင်က ဒီလိုပြောခဲ့ရင် သူ့ရဲ့သဘောထားတွေက ဒီလိုရှိနေမှာမဟုတ်ဘူး။ အခု ဘာလို့ လုံးဝ ကွဲပြားသွားရတာလဲ?

မေးစရာတောင်မလိုဘူး။ နောက်ကွယ်မှာ ဆုဆုရှိနေတာ ဖြစ်ရမယ်။

ထိုအချိန်မှာ ဆုဆုတစ်ယောက်  နှာချေလိုက်ပြီး လင်းချွမ်ရဲ့ ရင်ခွင်ထဲမှာ ပျင်းရိစွာ မှီလိုက်တယ်။

“ရှင့်ရဲ့သားက အရမ်းလေးနေသလို ခံစားရတယ်၊ ကျွန်မ အခု လမ်းတောင် မလျှောက်ချင်တော့ဘူး”

“ခဏနေရင်  လမ်းနည်းနည်းလောက် လျှောက်လိုက်ရအောင်၊ နောက်ပြီး ဒီတစ်ခါဗိုက်ထဲမှာရှိနေတာ သမီးလေးဖြစ်မယ်ထင်တယ်၊ မင်း ကိုယ်ဝန်ရှိနေချိန်မှာ  အရမ်းချစ်စရာကောင်းနေတယ်”

လင်းချွမ် သူမရဲ့ခေါင်းကို ပွတ်ပေးလိုက်ပြီး ပြောလိုက်တယ်။

“ဘာလို့သွားရမှာလဲ၊ ဒီရက်ပိုင်းမှာ စက်ရုံဆောက်နေရတာ အရမ်းပင်ပန်းနေတာ၊ စက်ရုံသာ ပြီးသွားလို့ကတော့ ကျွန်မအိမ်မှာပဲ ၂၄ နာရီလုံး မလှုပ်မရှားဘဲ အပျင်းကြီးနေမှာ”

“ပြီးတော့မှာလား”

“မကြာခင်ပြီးလောက်တယ်၊ စက်ရုံဆောက်ဖို့ ဒီလောက်ကြာမယ်လို့ မထင်ထားခဲ့ဘူး”

“မင်းက အရင်တုန်းကိစ္စတွေကို မြန်မြန်ဆန်ဆန်ပြီးနိုင်ခဲ့တာကိုး”

လင်းချွမ်က သူမအတွက် ရေထည့်ပေးလိုက်တယ်။

  “နှစ်ရက်လောက် အပြင်ထွက်ရအောင်လေ၊ ကိုယ်လည်း အခု အားနေတာပဲ”

လင်းချွမ် အခု မစ်ရှင်ကနေပြန်ရောက်လာတာဖြစ်လို့ နှစ်ရက်သုံးရက်လောက် အနားယူခွင့်ခဲ့ရခဲ့တယ်။ တစ်စုံတစ်ယောက်ကသာ သူတို့ရဲ့သားလေးကို  စောင့်ရှောက်ဖို့ ကူညီပေးသရွေ့  အပြင်ကိုထွက်ကစားလို့ရတယ်။

ဆုဆု ချက်ချင်းပဲ သဘောတူလိုက်တယ်။

“ကောင်းပြီ၊ တောင်တွေဘက်ကိုသွားရအောင်၊ မှိုတွေကောက်လို့ရတဲ့ ရာသီကိုရောက်ပြီလို့ကြားတယ်၊ အဲဒါတွေကို သွားကောက်ပြီး ပြန်ရောက်ရင်အခြောက်ခံကြမယ်”

“တခြားလူတွေက  ကစားဖို့အတွက် ပန်းခြံတွေ၊ ရှုခင်းသာယာတဲ့နေရာတွေကို သွားကြတာ၊ မင်းက ဘာလို့ ဘယ်သူမှမရှိတဲ့နေရာကို ကြိုက်နေတာလဲ”

“ကျွန်မက  သဘာဝကို ကြိုက်တယ်လေ”

လင်းချွမ်လည်း ရွေးချယ်စရာမရှိတော့ဘဲ ပြောလိုက်တယ်။

“ကောင်းပြီ၊ X မြို့တော်ရဲ့ ဆင်ခြေဖုံးမှာ တောင်တစ်တောင်ရှိတယ်၊ ကိုယ်အရင်က အဲဒီနေရာမှာ ခြုံခိုတိုက်ခိုက်တာ လေ့ကျင့်ဖူးလို့ နေရာကိုရင်းနှီးတယ်၊ ကိုယ် မင်းကို ခေါ်သွားပေးမယ်”

ဆုဆုက ပျော်ရွှင်နေခဲ့ပြီး သူတို့နှစ်ယောက်အတူ လိုအပ်တာတွေကိုအိတ်တွေနှင့် ထုပ်ပိုးပြီး ခရီးထွက်လာခဲ့ကြတယ်။

နှစ်ရက်လောက် တောင်တွေပေါ်မှာ တူးပြီးတဲ့နောက်မှာ မှိုတွေ အများကြီး ရလာခဲ့ကြတယ်။

ရိတ်သိမ်းနိုင်မှုက အရမ်းကြီးမားနေတာကြောင့် နှစ်ယောက်လုံး အလွန်ပျော်ရွှင်နေခဲ့ကြတယ်။

လင်းချွမ်ရဲ့လမ်းညွှန်မှုအောက်မှာ သူတို့တွေ ဟင်းအမယ်တွေ အများကြီး ပြင်ဆင်နိုင်တဲ့အတွက် ဆုဆုက အလွန် ပျော်ရွှင်နေခဲ့ပြီး သူတို့ပြန်သွားရင် ကြက်သားနှင့် မှိုစတူးချက်တာကို ကောင်းကောင်းစားရတော့မဲ့အပေါ် တွေးတောပြီး ဆာလောင်နေခဲ့တယ်။

လင်းချွမ်ကတော့သူ့ရဲ့ဇနီးလေး ပျော်ရွှင်နေတဲ့အတွက် လိုက်ပါ ပျော်နေခဲ့တယ်။ သူမရဲ့ ခန္ဓာကိုယ်ကလည်း ကောင်းမွန်နေပုံရပြီး သူမရဲ့ကိုယ်ဝန်ကလည်း အရင်တစ်ခါကလို မကြီးမားလာခဲ့ဘူး။ ဒါကိုတော့ သူအနည်းငယ် စိတ်ပူနေပေမဲ့ ဇနီးသည်က အဆင်ပြေနေတဲ့အတွက် ပျော်ရွှင်နေခဲ့တယ်။

ဒါပေမယ့် သူတို့တွေ အိမ်ကို ပြန်မရောက်ခင် လမ်းပေါ်မှာ လူတွေငြင်းခုံနေတာကိုတွေ့လိုက်ရပြီး အလွန်အမင်း ဝိုင်းအုံနေတာကြောင့် ကားကလည်း မဖြတ်နိုင်ဖြစ်နေခဲ့တယ်။

လင်းချွမ် ကားကိုရပ်ပြီး လှမ်းကြည့်လိုက်တယ်။

“မင်း ကားပေါ်မှာ ထိုင်နေလိုက်ဦးလေ၊ ကိုယ် သွားကြည့်လိုက်ဦးမယ်”

သူက အကျိုးအကြောင်းသိရဖို့အတွက် ကားတံခါးကိုဖွင့်ကာ ကားပေါ်မှ ဆင်းပြီး လူအုပ်ထဲကိုဝင်လိုက်ပေမဲ့ ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်ဆီမှာ အပွေ့ဖက်ခံလိုက်ရတယ်။

“အစ်ကိုချွမ်ဇီ၊ ကျွန်မ အရမ်းနောင်တရတယ်၊ ကျွန်မ  အစကတည်းက ဘာလို့ရှင့်ကို  လက်မထပ်ခဲ့ဘဲ ဒီလူယုတ်မာ လင်းတုံဟဲကို လက်ထပ်ချင်ခဲ့တာလဲ၊ အခုတော့ သူက ကျွန်မကို မလိုချင်တော့ဘူး၊ ပိုင်ဆိုင်မှုကိုတောင် မခွဲပေးချင်ဘူး၊ အစ်ကိုချွမ်ဇီ၊ ရှင် ကျွန်မအတွက် ဆုံးဖြတ်ပေးရမယ်”

ချင်ယွဲ့ယွဲ့ရဲ့ အသံထွက်လာခဲ့တယ်။

ဆုဆုတစ်ယောက် ကားထဲကနေ ဒေါသထွက်လွန်းလို့ သေဆုံးလုနီးပါးဖြစ်သွားရကာ ကားပေါ်မှ ဆင်းပြီး လူအုပ်အလယ်သို့ လျှောက်သွားခဲ့တယ်။

“ငါ့ယောက်ျားကို လွှတ်လိုက်စမ်း!”

ထို့နောက် သူမ အရှေ့သို့သွားကာ ချင်ယွဲ့ယွဲ့ကို တွန်းထုတ်လိုက်တယ်။ ပြီးနောက် လင်းတုံဟဲကို ကြည့်ကာ:

“လင်းတုံဟဲ ၊ နင့်ရဲ့မိန်းမကို နင်ထိန်းပြီး ခေါ်သွားလိုက်စမ်းပါ!”

“ငါတို့ ကွာရှင်းဖို့ လုပ်နေတာ၊ ​​သူက ငါ့မိန်းမ မဟုတ်တော့ဘူး”

လင်းတုံဟဲအနေနဲ့ သူ့ဆီကနေ မိသားစုပိုင်ဆိုင်မှုတစ်ဝက်ကို လာတောင်းတဲ့ ချင်ယွဲ့ယွဲ့ရဲ့အပြုအမူကြောင့် အလွန် အထင်သေးသွားခဲ့ရတယ်။

ဒီအိမ်ထောင်ရေးထဲမှာ သူမက ဘာတစ်ခုမှ မပေးခဲ့ပါဘူး။ သူ သူမကို အိမ်တစ်လုံးပေးနိုင်ပြီး စားဝတ်နေရေးအလုံအလောက် ပေးနိုင်ပေမဲ့လည်း  စက်ရုံထဲမှ ပစ္စည်းတွေကိုတော့ မပေးနိုင်ဘူးလေ။

ဒါတွေအားလုံးက သူ့ရဲ့ကြိုးစားအားထုတ်မှုဖြစ်ပြီး ဘယ်သူ့ကိုမှ လွှဲပြောင်းပေးမှာ မဟုတ်ဘူး။

ဆုဆု လင်းချွမ်ကို သူမရဲ့နောက်မှာ ပိတ်ဆို့ကာကွယ်ထားပြီး ပြောလိုက်တယ်။

“အရှက်မရှိလိုက်တာ၊ ထွက်သွားစမ်းပါ! ငါ့ယောက်ျားကို ထပ်ထိဖို့ မကြိုးစားနဲ့!”

လင်းချွမ်တစ်ယောက် အနည်းငယ်လောက် ဆွံ့အနေခဲ့တယ်။

သူ့အနေနဲ့  ခဏတာလောက် မစစ်ဆေးမိခဲ့တဲ့အတွက် ဒါကို ကြုံတွေ့ခဲ့ရတာဖြစ်ပြီး နောက်တစ်ကြိမ် သူ့ကို ထပ်မံထိဖို့အတွက်က မဖြစ်နိုင်တော့ဘူး။ ဒါပေမယ့် သူ့ဇနီးလေးရဲ့ အခုလို အသွင်အပြင်မျိုးလေးကို တွေ့ရတာက ရှားပါးလွန်းတယ်။

ချင်ယွဲ့ယွဲ့က ဆုဆုကို ခါးသီးစွာ လက်ညိုးထိုးပြီး အော်ဟစ်လာတယ်။

“နင်ပဲ! နင်က လင်းတုံဟဲကို စိတ်ရှုပ်ထွေးအောင်လုပ်ပြီး သူ့ကို ငါနှင့်ကွာရှင်းဖို့ တောင်းဆိုခဲ့တာ!  ပြီးတော့ စုန့်လော်စန်းကိုလည်း ငါနှင့် ဝေးဝေးနေခိုင်းထားသေးတယ်! နင်း ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ဆိုးသွမ်းတဲ့ မိန်းမ ဖြစ်နေရတာလဲ “

“ဘယ်သူကို ဆိုးရွားတယ်လို့ ပြောနေတာလဲ၊ လင်းတုံဟဲနှင့် ငါက ဆွေမျိုးတွေပဲ၊ ငါက သူ့စက်ရုံမှာ အများဆုံး ရင်းနှီးမြုပ်နှံထားတဲ့ သူသက်သက်ပဲ၊

အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့၊ ငါ့ယောကျ်ားက  ဒီမှာရှိတယ်၊ သူက ငါ့ကိုလည်း ကောင်းကောင်း ဆက်ဆံတယ်၊ နင့်ယောက်ျားကို ငါကဘာလို့  တွေးနေရမှာလဲ၊

နင်ကမှ ပန်းကန်ထဲက တစ်ခုစားနေရင်းနှင့် အိုးထဲကို လှမ်းကြည့်နေတဲ့သူ မဟုတ်ဘူးလား? စုန့်လော်စန်းမှာ ရည်းစားရှိနေပြီ၊ သူ့ရည်းစား မနာလိုအောင် ဘာလို့ နင်နဲ့ ဆက်ဆံနေရမှာလဲ၊ နင်ကိုကြည့်ရတာ တွေးတောနိုင်တဲ့ဥာဏ်မရှိသလိုပဲ၊

သွားမယ်၊  လင်းချွမ် ပြန်ကြရအောင်”

“ကောင်းပြီ”

လင်းချွမ်က သူတို့ရဲ့ ကိစ္စရပ်တွေအတွက် စိတ်ပူပင်နေချင်စိတ်မရှိဘူး။ သူ့ရဲ့ဇနီးလေးကို  ပွေ့ဖက်ပြီး ကားဆီသို့ လျှောက်သွားကာ လမ်းပိတ်နေတဲ့ လူတွေကို ပြောလိုက်တယ်။

“တဆိတ်လောက်ပါ၊ ကျွန်တော်တို့ရဲ့ကား ဖြတ်သွားချင်လို့ လမ်းဖယ်ပေးပါဦး”

လူတွေက ကားကိုမြင်တော့လမ်းဘေးကို ကပ်ပေးလိုက်ကြတယ်။

ထို့နောက်မှာ လင်းတုံဟဲကလည်း   သူမနှင့် ငြင်းခုံနေတဲ့ ချင်ယွဲ့ယွဲ့ကို လျစ်လျူရှုခဲ့တယ်။

ဒီနေ့မှာ လူတို့တွေ လမ်းမှာ အမှတ်မထင်ဆုံတွေ့ခဲ့ပြီး သူမက ရူးသွပ်နေသလို ဖြစ်နေခဲ့တယ်လေ။ ဒါပေမယ့် အရင်တုန်းက ကွာရှင်းဖို့အတွက် သဘောတူထားပြီးသားပဲမဟုတ်ဘူးလား။

အခုလို လမ်းပေါ်မှာ စကားပြောရတာက တကယ်ကိုစိတ်ပျက်စရာပဲ။ သူ့မှာ အရေးကြီးတဲ့လုပ်စရာတွေ ရှိနေသေးပြီး သူမနဲ့ ကြင်းခုမ်စကားပြောဖို့ အချိန်မရှိဘူး။

ဒါကြောင့် အမြန်ဆုံး ထွက်သွားဖို့ တွေးရင်း မျက်စိတစ်မှိတ်အတွင်းမှာပဲ လမ်းရဲ့ တစ်ဖက်ခြမ်းကို ရောက်သွားခဲ့တယ်။

ချင်ယွဲ့ယွဲ့က ဆုဆုကို စွပ်စွဲနေခဲ့ပြီး ဆုဆုထွက်သွားတာကိုမြင်လို့ လင်းတုံဟဲကိုပြန်ကြည့်လိုက်တော့ တစ်ဖက်လူက လမ်းတစ်ဖက်ကို ရောက်နေပြီဆိုတာကို မြင်လိုက်ရပြီး သူ့နောက်ကို အလျင်အမြန် လိုက်သွားခဲ့တယ်။

သို့ပေမဲ့လည်း လင်းချွမ်က လမ်းပေါ်မှ လူတွေ ပိတ်ဆို့ထားမှုကို ဖယ်ရှားထားပြီဖြစ်လို့ အဝေးမှ ကားတစ်စီးက အရှိန်မလျှော့ဘဲ လင်းချွမ်ရဲ့ကားကို ကျော်တက်သွားခဲ့တယ်။

ဒီလိုနှင့် ချင်ယွဲ့ယွဲ့က လမ်းပေါ်သို့ ထွက်လာချိန်မှာ အရှိန်မြှင့်ပြီး ချဉ်းကပ်လာတဲ့ကားက အလွန်တိုက်ဆိုင်စွာနှင့် တိုက်ရိုက်ဝင်တိုက်သွားခဲ့တော့တယ်။

လင်းချွမ်ရဲ့ကားက နေရာက ဖြတ်ကျော်သွားခဲ့ပြီးဖြစ်ပေမဲ့လည်း အတိုက်ခံလိုက်ရတဲ့ ချင်ယွဲ့ယွဲ့ရဲ့ ခန္ဓာကိုယ်က သူတို့ရဲ့ ကားခေါင်မိုးပေါ်ကို ပြုတ်ကျလာပြီး ကားရှေ့ကို တည့်တည့်လိမ့်ဆင်းလာခဲ့လေတယ်။

ကံကောင်းထောက်မစွာနှင့် လင်းချွမ်က အချိန်မီ တုံ့ပြန်ပြီး ဘရိတ်ကို နင်းခဲ့တယ်။

သို့ပေမဲ့လည်း သူဘရိတ်အုပ်လိုက်ချိန်မှာတောင် ချင်ယွဲ့ယွဲ့က မြေပြင်ပေါ်တွင် အကြိမ်ပေါင်းများစွာလှိမ့်သွားခဲ့ပြီး ဆန့်ကျင်ဘက်မှ လမ်းတိုင်ကို ဝင်တိုက်သွားခဲ့တယ်။ သွေးတွေက ဘယ်ကနေရာက ရောက်လာမှန်းတောင် မသိရလောက်အောင်ချွဲနစ်နေခဲ့ပြီ။

လင်းချွမ် သူ့ရဲ့ဇနီးလေး ကြောက်လန့်သွားမှာကို စိုးရိမ်ပြီး သူ့ရဲ့လက်နှစ်ဖက်နှင့် ပွေ့ဖက်ရင်း ပြောလိုက်တယ်။

“မကြည့်နဲ့”

ထိုအချိန်မှာ ဆုဆု ကားဘေးပြတင်းပေါက်မှ ပုံရိပ်နှစ်ခုကို မြင်လိုက်တယ်။

စုန့်လော်စန်းနှင့် သူ့ရည်းစားပဲ။

သူတို့ နှစ်ယောက်က လက်ထပ်ဖို့ ရက်နီးနေပြီဖြစ်ကာ အချင်းချင်း ချစ်ခင်ကြောင်း ပွင့်လင်းစွာ ဖော်ပြနိုင်နေခဲ့ကြပြီး လက်ရှိမှာ သူ့ရဲ့ ဇနီးလောင်းကို  သူ့ရင်ခွင်ထဲမှာထည့်ထားကာ သူ့မျက်လုံးတွေကတော့ ထိတ်လန့်မှုတွေနှင့် ပြည့်နေခဲ့တယ်။

ဇာတ်လမ်းဇာတ်ကြောင်းက ပြောင်းသွားခဲ့ပြီ။

စုန့်လော်စန်းက မသေခဲ့ဘူး။ သူက ချင်ယွဲ့ယွဲ့ကို မချစ်တော့တဲ့အတွက် သူမကို ကယ်တင်ဖို့ အသက်နှင့်ရင်းပြီး မကြိုးစားတော့ဘူး။

ဒါကြောင့် ချင်ယွဲ့ယွဲ့က ဒီလိုမျိုး ကားနဲ့ ဝင်တိုက်ခံခဲ့ရတယ်။ ဒါက  စာအုပ်ထဲက စုန့်လော်စန်းရဲ့ အဖြစ်အပျက်နဲ့ ဆင်တူတယ်။ 

ဆိုးဆိုးရွားရွားကို အတိုက်ခံခဲ့ရတာပဲ။

သွေးနံ့တွေ ထွက်လာပြီး လူတွေကို အန်ချင်စေခဲ့တယ်။

လင်းချွမ်: “အဲဒီဘက်ကို  မကြည့်နဲ့ ၊ ကိုယ် ဆင်းပြီး ဖြေရှင်းလိုက်မယ်”

လူတစ်ယောက် သေတော့မယ်ဆိုရင် ဆေးရုံကို ချက်ချင်းပို့ပေးသင့်တယ်မလား။

လင်းချွမ ကားပေါ်မှ ဆင်းလိုက်တာနှင့် လင်းတုံဟဲက တစ်ဖက်လူကို ပွေ့ဖက်ထားပြီး အော်ပြောလာခဲ့တယ်။

“အစ်ကို၊ သူ့ကို ဆေးရုံ အမြန်ပို့ရအောင်၊ အသက်ရှူနေသေးတယ်”

“သွားမယ်”

အခုချိန်က လူတွေကို ကယ်တင်ဖို့ အရေးကြီးတယ်။ ဒါကြောင့် လင်းချွမ်က သူတို့အတွက် နောက်ထိုင်ခုံကို ဖွင့်ပေးလိုက်ပြီးချက်ချင်း မောင်းထွက်ခဲ့တယ်။

ချင်ယွဲ့ယွဲ့က သူမရဲ့ အခြေအနေကို သိကောင်းသိနိုင်တယ်။

သူမက လင်းတုံဟဲကို ဆုတ်ကိုင်ထားပြီး ပြောလာခဲ့တယ်။

“ဟင့်အင်း၊ ကျွန်မနဲ့ကွာရှင်း.. ကျွန်မ... မကွာရှင်းချင်ဘူး”

“ကောင်းပြီ ငါ မင်းကို ကွာရှင်းမှာ မဟုတ်ဘူး”

“ကျွန်မ  မသေချင်ဘူး ကျွန်မစီးပွားရေးလုပ်ချင်တယ်...”

“မင်းနေကောင်းနေတဲ့အချိန်မှာ မင်းစီးပွားရေးတစ်ခုလုပ်ဖို့ မင်းနှင့်အတူ ငါလိုက်ခဲ့ပေးမယ်”

လင်းတုံဟဲရဲ့လက်တွေက တုန်ယင်နေခဲ့တယ်။ ချင်ယွဲ့ယွဲ့က အခုချိန်ထိ သူ့ရဲ့ ဇနီးသည်ဖြစ်နေဆဲဖြစ်ကာ သူ အခုလိုမျိုးဖြစ်သွားတာကိုတော့ ကြောက်နေတုန်းဘဲ ။

**

All Chapters