← Chapters

အခန်း (၁၈၈)

Vol. 19 Ch. 188

အခန်း (၁၈၈)

Vol. 19 Ch. 188

လင်းချွမ်က သူတို့ကို ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ပြီး လင်းတုံဟဲနှင့်အတူ ချင်ယွဲ့ယွဲ့ကို အရေးပေါ်ခန်းသို့ ပို့ဆောင်ရန် တွန်းပေးခဲ့တယ်။

ဒါပေမယ့် ထိုအမျိုးသမီးက လင်းတုံဟဲရဲ့လက်ကို ဆုတ်ကိုင်လိုက်ပြီး ပြောလာလေတယ်။

“ကျွန်မကို သတ်တဲ့လူက ဆုဆုပဲ၊ ရှင် ကျွန်မအတွက်ဆုဆုကို လက်စားချေရမယ်၊ သူမကိုသတ်ပစ်ရမယ် သူမကို သတ်ပစ်လိုက်!”

လင်းချွမ်က အရေးပေါ်လူနာတင်ခုတင်ကိုတွန်းနေတဲ့လက်ကို ရုတ်တရက်လွတ်ချလိုက်တယ်။

“ချင်ယွဲ့ယွဲ့၊ မင်းက တစ်ကိုယ်ကောင်းဆန်တုန်းပဲ၊ ဆုဆုက မင်းကို ဘာအကြွေးမှ မတင်ထားဘူး၊ မင်းအတွက် သွေးထုတ်ပေးပြီး မင်းအသက်ကို ကယ်ပေးခဲ့တယ်၊ မင်းအတွက် ကိစ္စတွေအများကြီးကို ဖုံးကွယ်ထားပေးခဲ့တယ်၊

မင်းသာ သူ့ကို အတင်းအကြပ်ဖိအားမပေးဘူးဆိုရင် သူမက မင်းကို ဘာမှလုပ်မှမဟုတ်ဘူး၊ ဒီဘဝအတွက် မင်းကို ဒီလိုဖြစ်အောင် မင်းကိုယ်တိုင်ပဲ လုပ်ခဲ့တာ”

သူက ထိုစကားကိုပြောပြီးနောက် သူတပါးရဲ့ သေခြင်းရှင်ခြင်းတွေကို ထပ်မံ ဂရုစိုက်ခြင်းမရှိတော့ဘဲ သူ့ရဲ့ဇနီးသည်ကိုကြည့်ဖို့ လှည့်ထွက်လာခဲ့တယ်။

သူအပြင်ကိုရောက်တော့ သူ့ရဲ့ဇနီးသည်က ကားပေါ်မှ ဆင်းပြီး ဘေးနားမှာ ထိုင်နေခဲ့ကာ သူမရဲ့ဗိုက်ကိုလက်နှင့်ဖိကိုင်ထားပြီး  မျက်နှာတစ်ခုလုံး ဖြူဖျော့နေတာကို မြင်လိုက်ရတယ်။

သူက အရူးပဲ! အဲဒီမိန်းမကို ဂရုမစိုက်နေသင့်ဘူး!

လင်းချွမ် သူ့ရဲ့ဇနီးသည်ကို ဆေးရုံထဲကို အမြန်ခေါ်သွားခဲ့တယ်။

ရလဒ်အနေနဲ့ ဆရာဝန်က စစ်ဆေးပြီးနောက်မှာ သန္ဓေသားက အနည်းငယ်လှုပ်သွားခဲ့တာဖြစ်ကြောင်းပြောလာတယ်။

သူမအနေနဲ့ ဆေးရုံမှာ ခဏလောက် အနားယူရမှာဖြစ်ပြီး လှုပ်ရှားလို့ မရဘူး။

လင်းချွမ်တစ်ယောက် တကယ်ကို ထိတ်လန့်သွားခဲ့ပြီး သူ့ရဲ့အမေကို ခေါ်ဖို့အတွက် အိမ်ကို အမြန်ပြေးသွားခဲ့ကာ ကလေးကို ပြုစုစောင့်ရှောက်ဖို့ သူ့အဖေဆီကို လွှဲပြောင်းပေးခဲ့တယ်။

သူတို့က ဆုဆုအတွက်အဝတ်အစားတချို့လည်း ထုပ်ပိုးခဲ့ကြတယ်။ သူတို့နှစ်ယောက် ပြန်ရောက်လာတာနှင့် ဆုဆုကို အဆင်ပြေရဲ့လား ၊ ဘယ်လိုနေသေးလဲဆိုတာတွေကို အလျင်စလိုမေးခဲ့ကြတယ်။ သူတို့တွေ လမ်းမှာရှိနေတုန်းမှာ တစ်ခုခုဖြစ်သွားမှာကိုစိုးရိမ်နေခဲ့ကြတယ်။

“ကျွမ်မ  နည်းနည်းကြောက်သွားရုံပါ”

ဆုဆု သူမလက်ကို ဝှေ့ရမ်းပြီး ဆက်လှဲနေလိုက်တယ်။

သူမ တကယ်ကို ကြောက်လန့်သွားခဲ့တာ။ ဇာတ်လိုက်မက ဝတ္ထုထဲမှာ စုန့်လော်စန်းကို အသတ်ခံလိုက်ရတဲ့ပုံစံမျိုးဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။ နောက်ပြီး သူမရဲ့မျက်စိရှေ့မှာပဲ ဖြစ်သွားခဲ့တာလေ။

မြင်ကွင်းက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။ နောက်ပြီး  ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့လည်း သူမ မမျှော်လင့်ထားတာကြောင့် သူမကိုယ်တိုင် ထိတ်လန့်ကြောက်ရွံ့သွားခဲ့ကာ  သန္ဓေသားကိုပါထိတ်လန့်ပြီးရွေ့သွားစေတာဖြစ်လိမ့်မယ်။

“မကြောက်ပါနဲ့၊ ဘာမှ မဖြစ်ပါဘူး”

လင်းချွမ် သူမရဲ့ခေါင်းကို ထိလိုက်တယ်။

“ဘာဖြစ်သွားပြီလဲ  သွားကြည့်လိုက်ပါဦး”

“သူမ  ဘာပဲဖြစ်ဖြစ် ဘာကိစ္စလဲ၊ ကိုယ်တို့ရဲ့ကိစ္စမဟုတ်ဘူး”

လင်းချွမ်ဆီမှာလည်း ဒေါသတွေရှိတယ်။ သေလုမြောပါး လူဖြစ်နေလို့ သူ ဒေါသမထွက်နိုင်ဘူးလို့ မထင်သင့်ဘူး။

စစ်သားတစ်ယောက်အနေနဲ့ သေခြင်းနှင့်ရှင်ခြင်းအပေါ် သူတို့က သာမာန်လူတွေထက်တောင် ဂရုစိုက်မှုနည်းပါးသေးတယ်။

သေဆုံးခါနီးနေတဲ့လူတွေရဲ့စကားကို အကြီးမြတ်ဆုံးအဖြစ်ယူဆတဲ့စိတ်သဘောထားလည်း ရှိမှာမဟုတ်ဘူး။

တကယ်လို့ လူတစ်ယောက်က မသေသေးခင်မှာတောင် လက်စားချေဖို့အတွက် တွေးနေသေးပြီး သူ့အတွက် တခြားလူတွေကို သတ်ပစ်ဖို့တောင်းဆိုနေတဲ့လူမျိုးက လေးစားထိုက်သူ မဟုတ်ဘူး။

အမေလင်း: “ငါ သွားကြည့်လိုက်မယ်”

သူမ အရေးပေါ်ခန်းကို လှမ်းကြည့်လိုက်တော့ လင်းတုံဟဲတစ်ယောက်တည်း အပြင်ဘက်မှာ ထိုင်နေတာတွေ့လိုက်ရတယ်။

“တုံဟဲ၊ ဘယ်လိုဖြစ်တာလဲ”

လင်းတုံဟဲရဲ့ ခန္ဓာကိုယ်မှာ သွေးတွေနှင့် ဖုံးလွှမ်းနေခဲ့ပြီး သူ့ရဲ့မျက်လုံးတွေကလည်း အာရုံမစိုက်နိုင်တော့ဘူး။

ချင်ယွဲ့ယွဲ့က လင်းချွမ်ထွက်သွားပြီးနောက်မှာ ဆက်ပြောခဲ့တယ်။

“ရှင်သာ ဆုဆုကို မသတ်ရင် ကျွန်မ ရှင့်ရဲ့နောက်ကနေ  သရဲတစ္ဆေအဖြစ်နဲ့ တစ်သက်လုံး ခြောက်လှန့်နေမှာ၊ ရှင် ဆုဆု နဲ့ အတူရှိဖို့ ဘယ်တော့မှ မစဉ်းစားမိစေနဲ့”

ဒီစကားတွေက ရန်သူနှစ်ယောက်ကြားက စကားလုံးတွေဖြစ်ပုံရပြီး သူမကိုသနားနေခဲ့တဲ့လူရဲ့နှလုံးသားကို ချက်ချင်းဆိုသလိုအေးခဲသွားစေခဲ့တယ်။

“သူမ အထဲမှာ ရှိနေတုန်းပဲ၊ အခြေအနေ မကောင်းဘူးလို့ ကြားတယ်”

“ပြသနာကဘယ်လိုဖြစ်တာလဲ?”

“သူမက မကွာရှင်းချင်ဘူး၊ ဒါကြောင့် ကျွန်တော့်နောက်ကနေ လမ်းကိုဖြတ်ကူးပြီးလိုက်တာ၊ နောက်တော့ ကားနဲ့ဝင်တိုက်မိသွားတာပဲ”

“ဒါက မင်းအပြစ်လို့ ပြောလို့မရဘူး၊ မတော်တဆမှုပါပဲ”

အမေလင်းက သူ့ကို နှစ်သိမ့်ပေးပြီးနောက် ဆရာဝန် ထွက်လာတာကို တွေ့လိုက်ရကာ သူ့မျက်နှာက အလွန်စိတ်မကောင်းဖြစ်နေသလို ရှိနေခဲ့တယ်။

“တောင်းပန်ပါတယ် မစ္စတာလင်း၊ မင်းရဲ့ဇနီးသည်က ကားတိုက်မိတဲ့အချိန်မှာ ခေါင်းကိုထိသွားတယ်၊ တခြားအင်္ဂါတွေက  ပြန်လည်ကုသနိုင်ပေမဲ့ သူ့ရဲ့ ဦးနှောက်ကတော့ သေသွားပြီ၊ ဒါပေမယ့် သူမမှာ ကိုယ်ဝန် နှစ်လကျော်ရှိနေပြီး ကံမကောင်းစွာနှင့် ကလေးကိုမကယ်နိုင်ခဲ့ပါဘူး”

“ဘယ်ကလေးလဲ?”

လင်းတုံဟဲတစ်ယောက် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကာ သူ့ခန္ဓာကိုယ်က နံရံနှင့် တိုက်မိသွားခဲ့ပြီး နံရံရဲ့ ပံ့ပိုးမှုနှင့်သာ ဆက်ရပ်နေနိုင်ပုံရတယ်။

အမေလင်း သက်ပြင်းချမိတယ်။ ကိုယ်ဝန်ရဖို့ တတ်နိုင်သမျှ ကြိုးစားခဲ့ပေမဲ့လည်း  အဆင်မပြေခဲ့ဘူး။ ဒါပေမယ့် ကိုယ်ဝန်ရလာချိန်မှာ လူမသေပေမဲ့ ဦးနှောက်သေသွားခဲ့ပြီ။

“မစ္စတာလင်း၊ ကျွန်တော်တို့ ထပ်ပြီး ဆွေးနွေးစရာရှိတယ်၊  မင်း သူမကို ဆက်ရှင်သန်စေချင်သလား၊ ဒါမှမဟုတ်...”

သူ ဆက်မပြောခဲ့ပေမဲ့လင်းတုံဟဲ  နားလည်ခဲ့တယ်။

အချိန်အတော်ကြာတဲ့အထိ သူ ဘယ်လိုရွေးချယ်ရမလဲဆိုတာ မသိခဲ့ဘူး။

“သူ့အသက်ကို အရင်ထိန်းသိမ်းဖို့ ရွေးချယ်လို့ရလား”

“ရပါတယ်၊ ဒါပေမယ့် သူမဘယ်လောက်ကြာကြာ အသက်ရှင်နေမယ်ဆိုတာ ကျွန်တော်တို့ အာမမခံနိုင်ဘူး”

“အမ်”

ကျန်တာကိုတော့ အမေလင်းက နားမလည်တာကြောင့် သူမရဲ့ သားနဲ့ချွေးမဆီကို ပြန်သွားတဲ့အချိန်မှာ ပြောပြခဲ့တယ်။

ဇာတ်လိုက်မက သေဆုံးခြင်းမရှိဘဲ ဦးနှောက်ကသာသေသွားတဲ့အပေါ် ဆုဆု အံ့သြသင့်နေခဲ့တယ်။

ဒါက ဇာတ်လိုက်မဖြစ်နေလို့ သူမကို ဒီကမ္ဘာမှာ ဆက်ထားသင့်တယ်လို့ ဆိုလိုတာလား။

တကယ်တော့ ဦးနှောက်သေခြင်းဆိုတာ သာမန်သေဆုံးခြင်းနဲ့ မကွာခြားသလောက်ပဲ။ ဒါပေမယ့် အတွေးအခေါ်တစ်ခုတော့ ရှိနေလိမ့်မယ်။

လင်းတုံဟဲသာ သူမကို အစဥ်အမြဲ စောင့်ရှောက်ချင်မယ်ဆိုရင် သူက အမြဲတမ်း အိမ်ထောင်သည် ယောက်ျားတစ်ယောက်ဖြစ်နေမှာပြီး ဒီအချိန်မှာတခြားအမျိုးသမီးနှင့်အတူနေထိုင်ဖို့ ရှာဖွေရန် ခက်ခဲလိမ့်မယ် ။

ဒါပေမယ့်လည်း ဇာတ်လိုက်မကို သေဆုံးခိုင်းဖို့အတွက်ကလည်း  သူ့အတွက် တကယ်ခက်ခဲနေမှာပဲ။

လင်းချွမ်က တခြားသူတွေကို မှတ်ချက်မပေးခဲ့ဘူး။ သူက ပါးစပ်ကိုပိတ်ထားပြီး ဘာကိုမှမပြောဘဲ ဆုဆုအတွက် အပ်ကိုပြန်ဖြုတ်ဖို့ သူနာပြုကို လှမ်းခေါ်ခဲ့တယ်။

ခဏအကြာမှာ စုန့်လော်စန်းနှင့် သူ့ရဲ့ရည်းစားအသစ်တို့က ဆုဆုကို လာရောက်ကြည့်ရှုခဲ့ကြတယ်။ သူတို့က ချင်ယွဲ့ယွဲ့အကြောင်းကိုသိချင်လို့လာတာဖြစ်ပေမဲ့ လင်းတုံဟဲက သူ့အပေါ်အလွန်မနှစ်မြို့တာကြောင့် ဆုဆုကိုသာ မေးမြန်းလာခဲ့ကြတာ။ ဒါပေမယ့် ချင်ယွဲ့ယွဲ့က သေဆုံးသွားတာနှင့်မခြားတဲ့အခြေအနေဖြစ်နေမယ်လို့တော့ မထင်ထားခဲ့ကြဘူး။

ဆုဆု:  “ဒါက မတော်တဆမှုတစ်ခုပဲ”

ဒါမှမဟုတ် သေဘေးဆိုးကြီးလား။ ဒါပေမယ့် စာအုပ်ထဲမှာဆိုရင် စုန့်လော်စန်းက သူမအတွက် ကာစီးပေးခဲ့မှာဖြစ်ပြီး ချင်ယွဲ့ယွဲ့က  သူမရဲ့ အနာဂတ်အတွက်အလုပ်တွေမှာ ချောမွေ့သွားလိမ့်မယ်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ စုန့်လော်စန်းက သူ့ကောင်မလေးကိုသာ အကာအကွယ်ပေးပြီး သူမအတွက် မကာကွယ်ပေးခဲ့ဘူး။ ဒါကြောင့် ဇာတ်လိုက်မရဲ့ ကံကြမ္မာက အဆုံးသတ်သွားခဲ့ပြီ။

ဆုဆုအနေနဲ့ သူမရဲ့သေဆုံးခြင်းကြောင့် သက်သာရာရသွားတယ်လို့ မပြောနိုင်ပေမဲ့ သူမရဲ့ သူ့ရင်ဘတ်ပေါ်မှာ ဖိထားတဲ့အရာတစ်ခုကတော့ ပြေလျော့သွားသလိုမျိုး ခံစားလိုက်ရကာ နောက်ဆုံးမှာတော့ သူမလွတ်မြောက်သွားသလိုမျိုး အတွေးတို့ ဝင်လာရတယ်။

ဒီအတွေးက ဘယ်ကနေရောက်လာတာလဲဆိုတာ သူမ  မသိပေမယ့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပိုပြီးတော့ သက်သာလာတာကိုတော့ သူမ ခံစားနိုင်ခဲ့တယ်။

သို့သော်လည်း ဆေးရုံမှာ ရက်အနည်းငယ်ကြာအောင် နေရဆဲဖြစ်ပြီး မလှုပ်ရှားဘဲနေရမယ်ဆိုတာက တကယ်ကိုစိတ်ဓာတ်ကျစရာပဲ။

လင်းချွမ်ကတော့ သူမနှင့် ခဏလောက် အဖော်ပြုပေးနေခဲ့ပြီး  သွေးတွေနှင့် ပြည့်နေတဲ့ ကားကို ဆေးကြောခဲ့တယ်။

ကံကောင်းထောက်မစွာနှင့် သူက စစ်သားတစ်ယောက်ဖြစ်ပြီး ဒီလိုမျိုး မြင်ကွင်းများကို မြင်ဖူးနေတဲ့သူဖြစ်လို့လုံးဝမထိတ်လန့်သွားခဲ့ဘူး။

လင်းတုံဟဲကတော့ ချင်ယွဲ့ယွဲ့ကို ဆေးရုံမှာထားခဲ့ပြီး အလုပ်ပြန်ဆင်းခဲ့တယ်။ မဟုတ်ရင် သူမရဲ့ဘေးမှာ တစ်ချိန်လုံး ငုတ်တုတ်ထိုင်ပြီး ဘာလုပ်နေရမှာလဲ။

ဒီမတော်တဆမှုအတွက် သူ့ကို အပြစ်တင်လို့မရတဲ့အတွက် လင်းတုံဟဲက အပြစ်ရှိသလိုမျိုး မခံစားခဲ့ရဘူး။ ပြောရရင် ချင်ယွဲ့ယွဲ့ရဲ့အဆုံးသတ်အတွက် စိုးရိမ်ပူပန်ပြီးစိတ်ဆင်းရဲတဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး။

ဆုဆုက ဆေးရုံမှာ သုံးရက်လောက်နေခဲ့ပြီး နောက်ဆုံးတော့ ဆေးရုံက ဆင်းလာနိုင်ခဲ့ တယ်။ သူမက ပြင်းထန်တဲ့ လှုပ်ရှားမှုမလုပ်နိုင်ပေမဲ့လည်း စက်ရုံထူထောင်ရေးမှာ တက်ကြွစွာပါဝင်ခဲ့ပြန်တယ်။

သူမရဲ့ စက်ရုံကို နောက်ဆုံးမှာ အပြီး ဆောက်လုပ်နိုင်ခဲ့ပြီး ထုတ်လုပ်ရေးလိုင်းမှ မိုဘိုင်းလ်ဖုန်း ၁၀ လုံးကို ပထမဆုံး သူမရဲ့ရှေ့မှာ ချထားခဲ့တယ်။

သူမရဲ့ ကလေးကမွေးခါနီးဖြစ်နေပြီ။ သူမက လင်းချွမ်ကို  ဦးစွာ ဖုန်းတစ်လုံးပေးခဲ့ပြီး သူမတစ်လုံးသိမ်းဆည်းလိုက်တယ်။ ဒီလိုဆိုရင် တစ်ယောက်ကို တစ်ယောက် အမြဲတမ်း ဆက်သွယ်နိုင်ပြီ။

နောက်တော့ လင်းရှန်က ကောလိပ်တက်နေတုန်းဖြစ်လို့ လူတွေကြားထဲမှာ ကြေညာနိုင်စေရန်တစ်လုံးပေးခဲ့ပြီး အမေလင်းနှင့်အဖေလင်းကို တစ်လုံးပေးခဲ့တယ်။

သေချာတာပေါ့။ စုန့်လော်စန်း၊ လင်းတုံဟဲနှင့် လင်းဟိုင်တို့ကိုလည်းတစ်လုံးစီပေးခဲ့တယ်။

ဒီလုပ်ဖော်ကိုင်ဖက် သုံးယောက်က သူမကို နှစ်စဉ် အမြတ်ဝေစုတွေ အများကြီးပေးထားတယ်လေ။

စုန့်လော်စန်းက ဒါကိုသုံးကြည့်ပြီးနောက်မှာ အလွန်သေဘာကျသွားပြီး သူ့ရဲ့ဇနီးသည်အတွက်   တစ်လုံးကို ချက်ခြင်း မှာယူလိုက်တယ်။

အခုချိန်မှာ မိုဘိုင်းလ်ဖုန်းတစ်လုံးက 5,000 ကျော်လောက်ကျမှာဖြစ်လို့ သူက ပိုက်ဆံတွေ အများကြီး စုဆောင်းထားနိုင်တာသေချာတယ်။

ပိုင်လင်းလင်းကိုလည်း တစ်လုံးကို ပေးမှာဖြစ်ပြီး တစ်လုံးကို ထန်းဖန်ရှန်းနှင့် သူ့ရဲ့ဇနီးကို ပေးလိမ့်မယ်။

ဒီလိုနှင့် ထုတ်လုပ်မှု ကြီးမားလာချိန်မှာ ပြည်သူအားလုံး ဆက်သွယ်နိုင်တဲ့ ခေတ်တစ်ခု စတင်လာလိမ့်မယ်။

တစ်ကမ္ဘာလုံးကစိတ်လှုပ်ရှားနေခဲ့ပေမဲ့ ဒီအချိန်မှာ ဆုဆုက မွေးဖွားခန်းထဲသို့ တွန်းပို့ခံခဲ့ရတယ်။

ဒီတစ်ကြိမ်မှာ သူမက သမီးတစ်ယောက်မွေးခဲ့ပြီး လင်းဟိုင်နှင့် ရှင်းရာတို့က သားလေးတစ်ယောက်ကိုမွေးဖွားခဲ့တယ်။

လင်းဟိုင်က သူတို့ရဲ့သမီးကို အလွန်သဘောကျခဲ့တယ်။ တစ်ခါတရံ အတူရောက်ရှိလာချိန်တွေမှာ သူ့ရဲ့ သားဖြစ်သူကို ဘေးဖယ်ကာ ဆုဆုရဲ့သမီးလေးကိုသာ  ပွေ့ချီတတ်တယ်။

ဒီကိစ္စအတွက် ရှင်းရာက အလွန်ဒေါသထွက်နေခဲ့တတ်ပြီး  အနာဂတ်မှာ သမီးတစ်ယောက်မွေးမဲ့အကြောင်း ဒေါသတကြီးပြောလာတတ်တယ်။

သူတို့စက်ရုံတွေရဲ့ စွမ်းဆောင်ရည်တွေကလည်း အလွန်ကောင်းမွန်နေခဲ့တယ်။ တကယ်တော့ ဒီခေတ်မှာ ဆောက်တဲ့ စက်ရုံတွေ အားလုံးက ရှေ့ဆောင်လမ်းညွန်တွေ ဖြစ်လာမှာပဲ။  နည်းပညာနှင့် လိုက်လျောညီထွေရှိသရွေ့ သူတို့တစ်ယောက်ချင်းစီက အနာဂတ်မှာ ချမ်းသာတဲ့ စီးပွားရေးသမား တွေ ဖြစ်လာလိမ့်မယ်။

**

All Chapters