← Chapters

အခန်း (၁၈၉)

Vol. 19 Ch. 189

အခန်း (၁၈၉)

Vol. 19 Ch. 189

ဆုဆုက အလွန် အလုပ်များနေပြီး စက်ရုံကို အမှန်တကယ်မဖွင့်လှစ်မချင်း ပြဿနာများစွာနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒါကြောင့် သူမက တစ်ချိန်တည်းမှာ သင်ယူပြီး အလုပ်လုပ်ကာ  ခေတ်သစ်မှချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ဦးကနေ သန်မာတဲ့အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲလာခဲ့တယ်။

လင်းချွမ်ကတော့ သူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို ဘယ်တော့မှ  မပြောင်းလဲခဲ့ဘူး။ ဒါပေမယ့် သူ့ရဲ့ဇနီးသည်က စစ်တပ်သို့ ဆက်သွယ်ရေးကိရိယာတွေအများကြီး ပေးပို့ခဲ့တာကြောင့် အလွန်ကောင်းမွန်သွာလုပ်ဆောင်လာနိုင်ပြီး ပိုပိုလို့ အားကောင်းလာခဲ့တယ်။

အခုချိန်မှာ သူ့ကိုမြင်တဲ့လူတိုင်း သူ့ကိုမချီးကျူးဘဲ မနေနိုင်ကြဘူး။

ဒီလူက အရမ်းကံကောင်းတယ်၊ သူက လုံးဝကို ဘဝရဲ့ အောင်နိုင်သူပဲ။

လင်းချွမ်ကတော့ သူ့ရဲ့ကံကြမ္မာက ကောင်းကင်ဘုံကို နည်းနည်းလောက်ဆန့်ကျင်နေတယ်လို့တောင် ခံစားရတယ်။ ဒါကြောင့် သူအားလပ်တဲ့တစ်ရက်မှာ ဆုဆုကို ရုတ်တရက် မေးလိုက်မိတယ်။

“ဇနီးလေး မင်း ဘာလို့ ကိုယ့်ကို ရုတ်တရက် ချစ်သွားခဲ့တာလဲ”

ဆုဆု မျက်လုံးလှန်လိုက်တယ်။

“ရှင်  ကျွန်မကို မချစ်ဘူးလား”

“ ဘယ်လိုလုပ် မချစ်ဘဲနေနိုင်မှာလဲ? ဒါပေမယ့် မင်းက ကိုယ့်ကိုသဘောကျတာက မဖြစ်နိုင်သလိုပဲလေ၊ မင်း ကောလိပ်ကျောင်းသူတစ်ယောက်ဖြစ်ပြီး အရမ်းလည်းလှပတဲ့သူပဲ၊ မင်း ကိုယ့်ကိုကြိုက်ရလောက်အောင် ကိုယ်က ဘယ်နေရာက ကောင်းမွန်နေလဲဆိုတာကို တကယ်နားမလည်ဘူး”

အိပ်မက်တစ်ခုလိုမျိုးပဲ။

ဒါပေမယ့် အချိန်ကြာလာတာနှင့် သူလည်း တဖြည်းဖြည်း တည်ငြိမ်လာခဲ့တယ်။

ဆုဆု ပြုံးပြီးပြောလိုက်တယ်။

“ရှင့်ကို ပထမဆုံးစတွေ့တုန်းက ကယ်တင်ရှင်ကို တွေ့လိုက်ရသလို ခံစားလိုက်ရလို့ဖြစ်မယ်၊ ရှင်က ရုပ်ရည်လည်းချောမောပြီး အံ့သြစရာကောင်းတယ်လေ”

“ဘာက အံ့သြစရာကောင်းတာလဲ”

“ရှင်က ကျွန်မကိုသယ်ပြီး ကျွန်မရဲ့ ကျောပိုးအိတ်ကိုလည်း ကောက်ကိုင်နိုင်သေးတယ်၊ အဲဒါက သယ်စရာ အရမ်းလေးတယ်”

“ဒါက လုံးဝ မလေးပါဘူး၊ ဒါပေမယ့် မင်းရဲ့ ကျောပိုးအိတ်က တကယ်ကို အံ့သြစရာကောင်းတယ်၊ တစ်ချို့အရမ်းအသုံးဝင်တဲ့ အရာတွေ အမြဲတမ်း ထွက်လာတ၊  TTတို့၊ ကိတ်မုန့်တို့လို ပစ္စည်းတွေလေ”

လင်းချွမ်အနေနဲ့ တစ်ခုခုမှားယွင်းနေသလိုမျိုး ခံစားခဲ့ရပြီး သူ့ရဲ့ဇနီးလေးရောက်လာတာကတောင်ထူးဆန်းတယ်လို့ ခံစားရတယ်။ ဒါပေမယ့် သူတကယ်မမေးရဲခဲ့ဘူး ။  အခုချိန်မှာတော့ လေထုက အဆင်ပြေနေတာကြောင့် သူ တစ်ချက်လောက်မေးကြည့်ဖို့ တွေးခဲ့တယ်။

ဆုဆု ခဏလောက် စိတ်လှုပ်ရှားသွားပြီး ရုတ်တရက် ထထိုင်လိုက်တယ်။

“ရှင် မြင်ခဲ့တာလား”

“အင်း”

လင်းချွမ် ဇနီးသည်ရဲ့ ခေါင်းကို အသာအယာပွတ်သပ်လိုက်တယ်။

“ဘယ်လောက်ပဲ မယုံနိုင်စရာကောင်းနေပါစေ ကိစ္စမရှိဘူး၊ မင်းက ကိုယ့်ရဲ့ ဇနီးသည်ပဲ”

ဆုဆု ချက်ချင်းတည်ငြိမ်သွားခဲ့တယ်။

“ကျွန်မရဲ့ ကျောပိုးအိတ်ကို ပြမယ်”

စကားပြောပြီးနောက် သူမက ကျောပိုးအိတ်ကို လင်းချွမ်ထံသို့ သယ်ဆောင်လာခဲ့ပြီး ဖွင့်လိုက်တယ်။

“ဒီကျောပိုးအိတ်က ဒီခေတ်က ပစ္စည်းမဟုတ်ဘူး၊ အိတ်ထဲက တစ်ချို့အရာတွေက ဖယ်ထုတ်လိုက်ပြီးရင် ထပ်ပေါ်လာလိမ့်မယ်၊ ဥပမာ မီးခြစ်၊ ကျွန်မတို့မိသားစုက  နှစ်အတော်ကြာအောင် မီးခြစ်ကို မဝယ်ခဲ့ရဘူး၊  ပြီးတော့ အဝတ်အစားတွေကလည်း ထုတ်ယူပြီး  ပြန်ထည့်လိုက်သရွေ့ အသစ်ဖြစ်သွားလိမ့်မယ်”

သူမက သူမရဲ့ကျောပိုးအိတ်ထဲမှ  တစ်ခုပြီးတစ်ခုထုတ်ယူပြီး မိတ်ဆက်လိုက်တယ်။ နောက်ဆုံးတော့ သူမရဲ့ပိုက်ဆံအိတ်ကိုထုတ်ယူလိုက်တယ်။

“ဒီနှစ်တွေမှာ အိမ်ဝယ်ဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့သုံးတဲ့ ပိုက်ဆံတွေအားလုံးက ပိုက်ဆံအိတ်ထဲကပဲ၊ ကျွန်မဆီမှာ လက်မှတ်တွေအများကြီးရှိနေသေးတယ်၊  ဒါပေမယ့် မကြာသေးခင်နှစ်တွေမှာ သုံးစရာမလိုတော့တဲ့ လက်မှတ်တွေက တဖြည်းဖြည်းနဲ့ ပိုက်ဆံအဖြစ်ပြောင်းသွားတယ်” 

“ပိုက်ဆံ ဘယ်လောက်ရှိလဲ”

လင်းချွမ်က ဒီအိတ်ကို ထူးဆန်းတယ်လို့ ထင်ခဲ့မိပေမဲ့ ဒီလောက် မှော်ဆန်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

ဆုဆု :”ဒီမှာ စုစုပေါင်း 2,000 ကျော်ရှိတယ်၊ ပိုက်ဆံအကုန်လုံးကိုထုတ်လိုက်ရင် ပြန်ပေါ်လာဖို့ တစ်လလောက်ကြာလိမ့်မယ်၊ ဒါကြောင့် ကျွမ်မ ပိုက်ဆံကုန်မှာကို အမြဲကြောက်နေခဲ့တာ”

“…”

လင်းချွမ် ဇနီးဖြစ်သူရဲ့ စကားကို လုံး၀ ယုံတယ်။

သူက မိသားစုထဲမှ ပိုက်ဆံကို ဂရုမစိုက်ပေမယ့် သူတို့ရဲ့မိသားစုက ဘယ်တော့မှ ငွေကြေးမပြတ်နေဘူးဆိုတာကိုတော့ သိနေခဲ့တယ်။

စိတ်အပူဆုံးအချိန်က အိမ်ဝယ်တဲ့အချိန်တုန်းကပဲ။ ဒါပေမယ့် အဲဒီတုန်းကလည်း သူမက ပိုက်ဆံချေးဖို့တောင် မလိုအပ်ဘူးလို့ ယုံကြည်နေခဲ့တယ်။

ပြောရရင် ဒီလောက်များတဲ့ပိုက်ဆံတွေကို ဘယ်သူကမှ တစ်ကြိမ်တည်းနှင့် ရနိုင်မှာမဟုတ်ဘူး။ ဒီကျောပိုးအိတ်က အမှန်တကယ်ကို မှော်ဆန်တဲ့အကျိုးသက်ရောက်မှုရှိနေတာပဲ။

သူ နည်းနည်းလောက်တော့ ကြောက်နေခဲ့တယ်။  ဒီလိုမှော်ဆန်တဲ့ အရာတွေနှင့်ဆိုရင် သူ့ရဲ့ဇနီးသည်က တစ်နေ့နေ့မှာ ပျောက်ကွယ်သွားနိုင်တယ် ဆိုတဲ့အတွေးကို အမြဲတမ်း ခံစားနေရတယ်။

သူက ဆုဆုကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်မိတယ်။

“ထွက်မသွားပါနဲ့”

“ကျွန်မမှာ ခင်ပွန်းသည်နဲ့ သားတစ်ယောက် သမီးတစ်ယောက်ရှိနေတာကို၊ အခု ဘယ်ကို ထွက်သွားရမှာလဲ”

မိသားစုက အလွန်အမင်းအဆင်ပြေနေပြီ။ ပြသနာတစ်ခုခုသာရှိမလာရင် ဘဝက သက်တောင့်သက်သာနေသွားနိုင်တော့မှာလေ။ ​​ဘာလို့ ထွက်သွားရမှာလဲ။

လင်းချွမ်:” ကောင်းပြီ၊ ကိုယ်မင်းကိုယုံတယ်”

သူက ဆုဆုနှင့် ပိုပြီး နီးကပ်တဲ့အရာတွေလုပ်ချင်လာတာကြောင့် ဆုဆု သူ့ကို တွန်းဖယ်လိုက်တယ်။

“မလုပ်နှင့်၊ ကျွန်မ အခုမှသားပြောဖြတ်ထားတာ၊  ဘာမှလုပ်လို့မရဘူး”

“အဲဒါက  ဘာလို့ လုပ်ထားတာလဲ”

“ဒါနှင့်ဆိုရင် ရှင် TT သုံးစရာမလိုတော့ဘူး “

“တကယ်လား?”

လင်းချွမ်က ဒါတွေကို သိပ်ပြီးမသိပေမဲ့ TT သုံးဖို့ မလိုဘူးလို့ ကြားလိုက်ရတဲ့အတွက် အလွန်ပျော်ရွှင်သွားခဲ့တယ်။

“တကယ်ပဲလေ”

ဆုဆု လေးနက်စွာပြောခဲ့တယ်။

လင်းချွမ်က ဒါကို တွေးတောရင်းစောင့်ရတာ တန်တယ်လို့ တွေးလိုက်မိကာ  သူမကို တကယ်မထိဘဲ ရိုးရိုးသားသား အိပ်ပျော်သွားခဲ့တယ်။

နောက်တစ်နေ့မှာတော့ ဆုဆုရဲ့ လက်လိမ်းခရင်မ်ဘူး ကုန်သွားတာကြောင့် ကျောပိုးအိတ်ကိုဖွင့်ပြီး ထုတ်ယူဖို့လုပ်တဲ့အချိန်မှာ သူမရဲ့အိတ်ထဲမှ ပစ္စည်းတော်တော်များများ ပျောက်သွားတာကို မြင်လိုက်ရတယ်။

သူမရဲ့ ကောင်းမွန်တဲ့ အလှကုန်နဲ့ အခုလက်ရှိသုံးနေတဲ့ အရာတွေကလွဲရင် တော်တော်များများ ပျောက်ကွယ်သွားခဲ့ပြီ။

ဥပမာ-အဝတ်အစား၊ လက်သုတ်ပုဝါ၊ အတွင်းခံ  စတာတွေပဲ။ ဒါတွေက အခု သူမကိုယ်တိုင် စက်ရုံဖွင့်ပြီး ကိုယ်တိုင် ထုတ်လုပ်နေတဲ့ပစ္စည်းတွေပဲ။  ရလဒ်ကလည်း ကောင်းမွန်လာပြီး ကုန်ချောထုတ်ကုန်တွေရဲ့ နည်းပညာကလည်း အဆင့်မြှင့်ထားပြီဖြစ်ပြီး သူမယူလာသောပစ္စည်းတွေနှင့် များစွာကွာခြားခြင်းမရှိတော့ဘူး။ ဒီတော့  ပျောက်ကွယ်သွားပေမဲ့လည်း  ထုတ်ကုန်အသစ်တွေကို အသုံးပြုနိုင်တယ်။

ဒီတော့ အသုံးမလိုတော့လို့ ပျောက်ကွယ်သွားတာလား?

ဆုဆု ထိတ်လန့်မနေခဲ့ဘဲ ဒါက ဖြစ်သင့်တယ်လို့ ခံစားမိတယ်။    ကျောပိုးအိတ်ထဲက ပစ္စည်းတွေကို သူမ အကြာကြီး ထိန်းသိမ်းထားခဲ့ပြီး ပျောက်ကွယ်သွားရင်တောင် ကိစ္စမရှိလောက်ပါဘူး။

သို့ပေမဲ့ မူလကျောပိုးအိတ်ထဲမှ ပစ္စည်းတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မှာကို သူမသိတယ်။ အကြောင်းရင်းက သူမရဲ့ဘဝက ကောင်းသထက်ကောင်းမွန်လာခဲ့ပြီး အထဲမှ ပစ္စည်းတွေကိုလိုအပ်မှုက နည်းပါးလာပြီလေ။

သေချာတာပေါ့။ တချို့သော သေးငယ်တဲ့ အရာဝတ္ထုတွေဖြစ်တဲ့  မီးခြစ်လိုပစ္စည်းတွေကလည်း ပျောက်ကွယ်နေပြီ။   အခုချိန်မှာ ထိုပစ္စည်းတွေကို ရရှိနိုင်ဖြစ်ဖြစ်ကာ ပျောက်သွားတဲ့အတွက် အကျိုးသက်ရောက်မှုတွေက များစွာကွာခြားခြင်းမရှိတဲ့အတွက် ဒါတွေက သိပ်ပြီး အသုံးမဝင်တော့ဘူး။

သို့ပေမဲ့ အသုံးမဝင်ဘူးဆိုရင်တောင် သူမကိုတော့ အနည်းငယ်ခံစားစေနိုင်သေးတယ်။

ဘယ်တော့မှ မပြောင်းလဲဘူးလို့ သူမ ထင်ထားတဲ့အရာက ပြောင်းလဲသွားမှာကို တွေ့လာရတယ်လေ။

ဥပမာအားဖြင့်၊ လာမယ့်အပတ်မှာ သူမက ပြည်တွင်းလုပ်ငန်းရှင်တချို့နဲ့အတူ နိုင်ငံခြားကို သွားရလိမ့်မယ်။ သူမရဲ့ ဆက်သွယ်ရေးစက်ရုံကို အာရုံစိုက်လာကြတာ အချိန်အတော်ကြာပြီဖြစ်လို့ ဒီတကြိမ်မှာ ဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးကြလိမ့်မယ်။

တကယ်တော့ အကြိမ်ပေါင်းများစွာ ပြောဆိုပြီးပြီဖြစ်ပေမဲ့  မအောင်မြင်သေးတာကြောင့် သူမကိုယ်တိုင် ထိုနေရာကို သွားရောက်စစ်ဆေးဖို့ ဖြစ်လာတာပဲ။

ပူးပေါင်းဆောင်ရွက်မှုမှာ အလျှော့ပေးဖို့က လုံးဝ မဖြစ်နိုင်ဘူး။ အဆုံးမှာ ဆုဆုက သူတို့တွေ ဘယ်လိုငြင်းဆိုခဲ့တာလဲဆိုတာကို မှတ်မိနေသေးတယ်။

စက်ရုံက တစ်ရက်ကို အလုံးရေ 30 ကျော်သာ ထုတ်လုပ်နိုင်ပေမဲ့လည်း အမှာစာတွေက အလုံးရေ ထောင်နှင့်ချီနေခဲ့ပြီ။

ဒီနေ့ခေတ်မှာ ချမ်းသာတဲ့သူတွေ ပိုများလာသလို မိုဘိုင်းလ်ဖုန်းဝယ်တာက ကြွားဝါ ပြသဖို့ ကိရိယာတစ်ခုအဖြစ် လူအများက မှတ်ယူလာကြတယ်။

အပြင်ကိုသွားတဲ့အချိန်မှာလည်း သယ်သွားရတာ အရမ်းအဆင်ပြေပြီး ဘယ်နေရာကိုပဲသွားနေပါစေ ဖုန်းဆက်လို့ရတယ်။

ဒီကိစ္စအတွက် ဆုဆုကလည်း  နိုင်ငံခြားဈေးကွက်ကို ဖွင့်ပေးချင်နေခဲ့တယ်။

နည်းပညာကို ပေးလိုက်လို့ မရပေမဲ့လည်း အစိတ်အပိုင်းတွေကိုတော့ တင်သွင်းနိုင်တယ်။ တချို့သော အီလက်ထရွန်နစ် ထုတ်ကုန်တွေကို ထိုနေရာမှ တင်သွင်းနေသမျှ ကာလပတ်လုံး  နိုင်ငံအတွင်း စောင့်ဆိုင်းဖို့တန်းစီနေရခြင်းကို လျှော့ချနိုင်ပြီး   ထုတ်လုပ်မှု ပမာဏလည်း တိုးလာနိုင်တယ်။

ဒီအတွေးနှင့် သူမက နိုင်ငံခြားပညာဖလှယ်ရေးအဖွဲ့နှင့် ထွက်သွားပြီး ထန်းဖန်ရှန်းကလည်း လိုက်ပါလာခဲ့တယ်။

ထန်းဖန်ရှန်းရဲ့ဇနီးက အလွန်ပွင့်လင်းတဲ့ သဘောထားရှိသူဖြစ်ပြီး သာမန်အမျိုးသမီးတွေလိုမျိုး သံသယမများဘူး။ သူတို့အမျိုးသမီးနှစ်ယောက်သား နေ့ခင်းဘက်တွေမှာ လက်ဖက်ရည်ကို အတူသောက်လေ့ရှိတဲ့ကြောင့် ထိုအကြောင်းကို ပြောနိုင်တယ်။

သို့ပေမယ့် လင်းချွမ်ကတော့ အနည်းငယ် မနာလိုဖြစ်နေတုန်းပဲ။  ဒီလူရဲ့ စရိုက်သဘာဝက နည်းနည်းလောက် လွှမ်းမိုးချုပ်ကိုင်တဲ့ပုံစံမျိုးဆိုပေမဲ့ သူမအပေါ်မှာတော့ အလွန်အလျှော့ပေးတတ်တယ်။

ဒီခေတ်က အရင်ကနဲ့ မတူတော့ဘူး။ အရင်တုန်းကဆိုရင် နိုင်ငံခြားကိုသွားလို့ ပြန်လာတဲ့အချိန်တွေမှာ အမှားကြီးတစ်ခု လုပ်မိသလို ဖြစ်နေရပေမဲ့ ဒီခေတ်မှာတော့ နိုင်ငံခြားကို သွားပြီးပြန်လာရင် ရွှေတစ်လွှာလောက်ကပ်လာသလို ဖြစ်နေလိမ့်မယ်။

နိုင်ငံခြားမှာ ပညာသွားသင်ပြီး ပြန်လာတဲ့သူဆိုရင် နည်းနည်းလောက် အဆင့်ပိုမြင့်တယ်လို့ ခံစားလာနေကြပြီ။

ခေတ်တွေက ပြောင်းလဲလာပြီး  လူတွေလည်းပြောင်းလဲလာခဲ့တယ်။

တိုတောင်းတဲ့နှစ်အနည်းငယ်အတွင်းမှာ လူတွေရဲ့တွေးခေါ်ပုံတွေက အရင်ကနဲ့မတူတော့ ပြောင်းလဲလာပုံရတယ်။

တရုတ်နိုင်ငံက လေယာဉ်ပေါ်သို့တက်ဖို့ ရောက်လာတဲ့ စီးပွားရေး လုပ်ငန်းရှင်အုပ်စုထဲမှာ ဆုဆု  ကျန်းကျစ်ချင်းနဲ့လည်း တွေ့ဆုံခဲ့တယ်။

(T/n _ရင်းနီးစွာ သတိပေးချက်:

ကျန်းကျစ်ချင်းက မုဆိုးမချောင်ရဲ့ သားပါ)

သူက လက်ဝတ်ရတနာလုပ်ငန်းနယ်ပယ်ထဲမှာ ရောက်နေခဲ့ပြီ။ အခုချိန်မှာ သူ့ရဲ့ကုမ္ပဏီက အလွန်ကောင်းမွန်အောင် မဖွဲ့စည်းရသေးတဲ့အတွက် ဇာတ်လိုက်မနှင့်လည်း ပတ်သက်ဆက်နွှယ်တာမျိုး မရှိသေးဘူး။

ဒါ့အပြင် ဇာတ်လိုက်မက ဆေးရုံမှာ လဲလျောင်းနေပြီဖြစ်ကာ ဘယ်သူမှလည်း ဂရုမစိုက်တော့တဲ့အတွက် သူနှင့်မတွေ့ဆုံနိုင်လောက်တော့တာဖြစ်နိုင်တယ်။

သူတို့နှစ်ယောက်ဆုံပြီး စကားအနည်းငယ်ပြောခဲ့ပြီး ဆုဆုလည်း လေယာဉ်ပေါ်သို့ တက်သွားခဲ့တယ်။ ဒီအချိန်မှာကျမှ ရွာမှာရှိတဲ့လူငယ်ချို့က  လင်းမိသားစုအိမ်ရဲ့ အခြေအနေကြောင့် ဆွဲဆောင်ခံရကာ အများစုမှာ ရွာက ထွက်ခွာသွားခဲ့ကြကြောင်းကို သိခဲ့ရတယ်။

သူတို့တွေက မအောင်မြင်နိုင်တာတွေရှိနေခဲ့ကြပြီး တချို့က လက်လျှော့ပေမဲ့ တချို့ကတော့ ကြိုးစားမှုကပိုလိုအပ်သေးကြောင်းတွေးတောကာ ထပ်မံကြိုးစားနေခဲ့ကြတယ်။

**

All Chapters