အခန်း (၁၉၀)
Vol. 19 Ch. 190-Final
ဆုဆု လေယာဉ်ပေါ်သို့ တက်လာပြီးတဲ့နောက်မှာ အနည်းငယ်စိတ်ရှုပ်ထွေးနေခဲ့တယ်။ သူမ အရင်ဘဝတုန်းကတောင် နိုင်ငံခြားကို မရောက်ဖူးခဲ့ဘူး။ အခုလို ရှေးခေတ်ကာလကိုရောက်မှ နိုင်ငံရပ်ခြားသို့ သွားနိုင်လိမ့်မယ်လို့မထင်ခဲ့ဘဲ အတော်လေးလည်းဂုဏ်ယူစရာကောင်းသလိုခံစားရတယ်။
လူတိုင်းကလည်း အလွန်စိတ်လှုပ်ရှားနေကြတယ်။ ဆုဆုတခြားလူတွေ ဂရုမစိုက်ချိန်မှာ သူမရဲ့ လက်ကိုင်ဖုန်းနဲ့ ဓါတ်ပုံတချို့ ရိုက်ကူးခဲ့တယ်။
အခုချိန်မှာ အချက်ပြစနစ်ပြန်ရတဲ့အတွက်ကြောင့် သူမရဲ့ဖုန်းက အလုပ်ပြန်လုပ်နေပြီ။
ကမ္ဘာနှစ်ခုက ဘယ်လိုမျိုး တူညီတဲ့အချက်ပြစနစ်တွေရှိနေလဲမသိပေမဲ့ အလုပ်လုပ်နေခဲ့တယ်။ အင်တာနက်မသုံးနိုင်သေးပေမယ့် ဓာတ်ပုံတွေကိုတော့ ရိုက်လို့ရနိုင်တယ်။
သူမ ပြန်သွားပြီးရင် သူမရဲ့အမျိုးသားကို ဒီပုံတွေ ပြသနိုင်တယ်။ နောက်ပြီး ပုံတွေအဖြစ်ပြန်ထုတ်နိုင်အောင် လုပ်နိုင်တယ်။
လက်ရှိ ဓာတ်ပုံနည်းပညာက မကောင်းပေမယ့် တချို့အရောင်နှင်ဓာတ်ပုံတွေကို ဆေးကြောပြီး ပြန်ထုတ်လာနိုင်ပြီ။
လေယာဉ်ပေါ်ကဆင်းပြီးတဲ့နောက်မှာ လှပတဲ့ရှုခင်းတွေ အများကြီးကို တွေ့ရှိခဲ့ပြီး သူမကိုယ်သူမ လွတ်လွတ်လပ်လပ်နဲ့ ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်လို ဆော့ကစားခဲ့ကာ ဓာတ်ပုံရိုက်ဖို့အတွက်လည်း ထန်းဖန်ရှန်းကို အကူအညီတောင်းခဲ့တယ်။
ထန်းဖန်ရှန်းကတော့ သူ့ကိုယ်သူ အသက်ကြီးလာသလို ခံစားခဲ့ရပြီး သူ့ရဲ့သမီးနှင့် အဖော်ပြုပြီးကစားဖို့ရောက်လာတဲ့ အဖေအိုကြီးလိုဖြစ်နေခဲ့တယ်။
ဒါပေမယ့် သူမက လိုအပ်လာချိန်မှာ တခြားသူတွေထက် သူ့ကိုယ်သူ ပိုပြီးကောင်းမွန်အောင်လုပ်နိုင်တဲ့သူပဲ။
လေးနက်တဲ့အလုပ်စားပွဲကို ရောက်သွားတဲ့အချိန်မှာ ကလေးမလေးက သန်မာတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်သွားခဲ့တယ်။
သူမပြသထားတဲ့ ရဲစွမ်းသတ္တိက တစ်ဖက်မှနိုင်ငံခြားသားတွေကို လုံးဝရှုံးနိမ့်မသွားခဲ့ဘဲ သူတို့အဖွဲ့ထဲမှာ နှင်းဆီနီလို့တောင် ခေါ်ဆိုခဲ့ကြတယ်။
အခုတစ်ကြိမ်မှာတော့ အချင်းချင်း ထိုးနှက်ကြရုံတင်မကတော့ဘဲသဘောတူညီချက်များစွာကိုလည်း ညှိနှိုင်းနိုင်ခဲ့ကြတယ်။
ပထမတစ်ချက်မှာ တစ်နေ့ကို မိုဘိုင်းလ်ဖုန်း ဒါဇင်နှင့်ချီပြီးရှိပေမဲ့လည်း သူတို့ရဲ့ အီလက်ထရွန်နစ် ထုတ်ကုန်တွေကို မိတ်ဆက်ပြီးသုံးစွဲမယ်ဆိုရင် မိုဘိုင်းလ်ဖုန်း ထုတ်လုပ်မှုအမြန်နှုန်းက တစ်နေ့ကို မိုဘိုင်းလ်ဖုန်း ရာနှင့်ချီအထိ တိုးလာနိုင်ပြီး ကုန်ကျစရိတ်တွေကလည်း သက်သာလာလိမ့်မယ်။
လက်ရှိမှာ တရုတ်နိုင်ငံမှ အသေးစား အီလက်ထရွန်နစ် စက်ရုံတချို့က ထိုကဲ့သိုး အကြီးစား ထုတ်လုပ်မှုကို မထုတ်လုပ်နိုင်သေးဘဲ ကုန်ကြမ်းတွေကလည်း အလွန်စျေးကြီးတယ်။
ဆန့်ကျင်ဘက်မှာတော့ နိုင်ငံခြားမှာ နည်းပညာအသစ်တွေ ပေါ်ပေါက်လာပြီး ကုန်ကြမ်းတွေကလည်း ကောင်းမွန်တာကြောင့် ဈေးနှုန်းချိုသာလိမ့်မယ်။
ဆုဆုက စီးပွားရေးတစ်ခုအောင်မြင်အောင် လုပ်နိုင်ခဲ့ပြီး တကယ်ကို ပျော်ရွှင်နေခဲ့ကာ သူမရဲ့မိသားစုအတွက် လက်ဆောင်တွေအများကြီး ဝယ်ခဲ့တယ်။
ဒါပေမယ့် အခုခေတ်ကာလကဝယ်ယူနိုင်မှုက အကန့်အသတ်နဲ့ရှိနေသေးတာကြောင့် သူမ အလွန် စိတ်အနှောင့်အယှက်ဖြစ်နေရတယ်။
တစ်ခါတလေမှာ ပိုက်ဆံရှိတာတောင် ဖြုန်းစရာနေရာမရှိဘူး!
ခေတ်သစ်ကာလလို ဘယ်တော့မှဖြစ်လာမှာလဲ!
ဒါပေမယ့်လည်း မကြာခင်မှာဖြစ်လာလောက်မှာပါ။
ဒီတစ်ကြိမ်မှာတော့ သူမက မိသားစုအတွက် ကာလာတီဗီကြီးကို ပြန်သယ်လာခဲ့တယ်။
တရုတ်နိုင်ငံမှာ ကာလာတီဗီတွေရှိပေမယ့် နိုင်ငံခြားတိုင်းပြည်တွေမှာလောက်တော့ မကောင်းသေးဘူး။ အရေးကြီးတာက ဒီတီဗီရဲ့ မျက်နှာပြင်က ပိုကြီးတယ်။
အိမ်မှာရှိတဲ့ အဖြူအမည်း တီဗီက သေးငယ်လွန်းတာကြောင့် အနားကိုတိုးကပ်ကြည့်ရတယ်။ မဟုတ်ရင် လူရဲ့မျက်နှာများကို မမြင်နိုင်ဘူး။ ပစ္စည်းတွေများများမဝယ်နိုင်ဘူးဆိုမှတော့ ကောင်းမွန်းကြီးမားတာကိုဝယ်ရမယ်!
ဒီနည်းအားဖြင့် သူမရဲ့ လက်ဆောင်က တစ်ယောက်ချင်းစီတိုင်းအတွက် ဝယ်စရာ မလိုအပ်ဘဲ လူတိုင်းကို စိတ်ကျေနပ်ပျော်ရွှင်စေလိမ့်မယ်။
ထန်းဖန်ရှန်းကလည်း လက်ဆောင်တွေဝယ်လာပြီး သူမဝယ်လာတာတွေကိုမြင်တော့ ပြောလာခဲ့တယ်။
“ငါတို့နှစ်ယောက်က လက်ဆောင်တွေ အများဆုံးဝယ်လာတဲ့သူတွေဖြစ်ပုံပဲ”
အဆုံးမှာ သူများတွေ ဒီလိုမျိုး အများကြီးဝယ်ဖို့ ပိုက်ဆံများများမတတ်နိုင်ကြဘူးလေ။
အရေးကြီးဆုံးအချက်က ၁၉၈၀ ခုနှစ်တွေအတွင်းမှာ အစိုးရပိုင် စက်ရုံတွေ အများအပြားရှိခဲ့ပြီး ပုဂ္ဂလိက လုပ်ငန်းပိုင်ရှင်တွေကတော့ အလွန်နည်းပါးနေတာ သေချာတယ်။
သူမ အိမ်ကိုပြန်ရောက်တော့ အိမ်တစ်အိမ်အတွက် ရောင်စုံတီဗီကြီးတစ်လုံးစီကို မျှဝေလိုက်တယ်။
လင်းဟိုင်ကလည်း ချက်ချင်းရောက်လာပြီး သူ့အိမ်မှာ တပ်ဆင်ဖို့ လူရှာတော့တယ်။
တီဗီက သူမရဲ့ခေတ်လောက်တော့ မကောင်းပေမယ့် သိပ်ပြီးမဆိုးလှဘူး။ အနည်းဆုံးတော့ ကြော်ငြာတွေက နည်းနည်းပဲရှိတဲ့အတွက် တစ်နေ့ကို တီဗီဒရမ်မာ အပိုင်းနှစ်ပိုင်း ကြည့်ရတာတော့ အတော်လေးကောင်းပါတယ်။
အထူးသဖြင့် ကလေးနှစ်ယောက်က တီဗီဖွင့်ထားသရွေ့ ချော့စရာမလိုတော့ဘူး။
ဒါပေမယ့် ဒီတစ်ခေါက်ပြန်လာပြီးတဲ့ နောက်မှာတော့ ပြဿနာတစ်ခုတွေ့ခဲ့ပါတယ်။
သူမနဲ့အတူ ယူလာတဲ့ ကျောပိုးအိတ်ကြီးက အခုတော့ TT လေးတောင် မကျန်ခဲ့တော့ဘူး။ ပိုက်ဆံအိတ်နဲ့ မိတ်ကပ်တွေကလွဲရင် အကုန်လုံးပျောက်သွားခဲ့ပြီ။ သူမ မတတ်နိုင်ဘဲ နည်းနည်းလောက်ငိုမိတော့တယ်။
လင်းချွမ်ပြန်ရောက်လာတဲ့နောက်မှာ သူမက သူ့ကို မှီပြီး အမှန်တကယ် ငိုမိတော့တယ်။
“အားလုံးပျောက်သွားပြီ၊ ကျွန်မမှာဘာမှမရှိတော့ရင် ဘယ်လိုလုပ်မလဲ”
သူမ ဒါကိုဂရုမစိုက်ပေမယ့် ရုတ်တရက် တစ်ချိန်တည်းပျောက်ကွယ်သွားတဲ့အချိန်မှာတော့ ထိတ်လန့်သွားခဲ့ရတယ်။
လင်းချွမ် သူမရဲ့ခေါင်းကိုပွတ်သပ်ပေးလိုက်တယ်။
“မင်းမှာ ကိုယ်ရှိသေးတယ်၊ မိဘတွေရှိသေးတယ်၊ သားသမီးတွေ ရှိသေးတယ်လေ”
“အင်း ကျွန်မသိတယ် ဒါပေမယ့် ကျွန်မ နည်းနည်းကြောက်နေသေးတယ်”
“ကိုယ်မင်းကို ကာကွယ်ပေးမယ်၊ ကလေးတွေလည်း ကြီးလာရင်လည်း မင်းကိုကာကွယ်ပေးလိမ့်မယ်”
“တကယ်လား?”
“တကယ်ပေါ့၊ ကိုယ် ကိုယ့်ရဲ့သားကို သင်ပေးထားတယ်၊ သူသာ မင်းကို မကာကွယ်ပေးဘူးဆိုရင် ကိုယ်သူ့ကို ရိုက်ပစ်လိုက်မယ်”
“ဒါက တကယ် စိတ်ချရတာပဲ”
ဆုဆုရဲ့ ပါးစပ်ထောင့်က လှုပ်ခတ်သွားရတတတယ်။
သူမရဲ့သားလေးက ကံမကောင်းလှဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့အမေကို အကာအကွယ်ပေးရလိမ့်မယ်။ သူသာ မကာကွယ်ပေးရင် အရိုက်ခံရလိမ့်မယ်။
ဒါပေမယ့် ဒီကိစ္စကြောင့် သူမကို တုံ့ဆိုင်းမှုတွေ မဖြစ်စေတော့ဘူး။ လင်းချွမ် ပြန်သွားတဲ့နောက်မှာ သူမက အလုပ်ကိုသာ ပြန်လည်အာရုံစိုက်ပြီး အလုပ်ကပြန်လာရင် သူမရဲ့ မိသားစုကိုသာ ပိုလို့ဂရုစိုက်လာခဲ့တယ်။
အလုပ်နဲ့ မိသားစုကို ဟန်ချက်ညီအောင်ထိန်းဖို့ မလွယ်ဘူးလို့ပြောကြတယ်။ တကယ်တမ်းမှာ ထိုလူတွေက ရှုပ်ထွေးနေခဲ့ကြတာပဲ။
အနည်းဆုံး ဆုဆုကတော့ သူမအတွက် ဘယ်အရာက အရေးကြီးဆုံးလဲဆိုတာကို သိထားပြီး အလုပ်ကြောင့်တော့ မိသားစုကို နှောင့်နှေးစေမှာ မဟုတ်ဘူး။
ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ အမျိုးသားဇာတ်လိုက် လင်းတုံဟဲက သူမလို ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။
သူက မူလဇာတ်ကြောင်းမှာ အမျိုးသမီး ဇာတ်လိုက်ကို ချစ်တဲ့အတွက် သူ့ရဲ့ အသက်မွေးဝမ်းကြောင်းကို ပိုမိုမြင့်မားလာစေခဲ့တယ်။
ဒါပေမယ့် ဇာတ်လိုက်မက ဦးနှောက်သေပြီး ကိုမာဝင်သွားကတည်းက သူ့ရဲ့ အမူအကျင့်တွေကလည်း ပြောင်းလဲသွားပြီး ဆုဆုနဲ့လည်း အလွန် ဝေးကွာသွားခဲ့တယ်။
အလုပ်အကြောင်းကို စကားပြောဖို့အတွက် တစ်ကြိမ်သာ တွေ့ဆုံခဲ့တော့တယ်။
သူပြောခဲ့တာတွေကိုပြောရရင် :
ဇာတ်လိုက်မ ဦးနှောက်မသေသွားခင်တုန်းက သူမက သူမအတွက် ဆုဆုကို လက်စားချေပေးရန် တောင်းဆိုခဲ့တယ်။
ဒါပေမယ့် သူ့ရဲ့ စိတ်နှလုံးထဲမှ ဆုဆုက ချင်ယွဲ့ယွဲ့ကို ဒုက္ခမပေးခဲ့ကြောင်းကို သူသိနေခဲ့တယ်။
ဒါကြောင့် သူက သူမ တောင်းဆိုသလို မလုပ်ခဲ့သလို ဆုဆုနှင့်လည်း နီးကပ်စွာ မနေခဲ့တော့ဘူး။
ပြောရရင် လင်းတုံဟဲက သူမနှင့် ဘာတစ်ခုမှ မပတ်သက်ချင်တော့ကြောင်းပြောလာခဲ့တာပဲ။
ဆုဆုကတော့ ထိုအကြောင်းတွေကိုကြားပြီးနောက်မှာ ရွံစရာတစ်ခုကို စားလိုက်ရသလို ခံစားလိုက်ရပြီး သူမလည်း မဆက်သွယ် မပြောဆိုချင်ကြောင်း ပြန်ပြောလိုက်တယ်။
ဒီဇာတ်လိုက်ရဲ့ အမြင်သုံးခုက အတော်လေးမှန်ကန်တယ်ဆိုရင်တောင် ဒီအချက်ကိုတော့ သူမ သဘောမတူဘူးလို့ ခံစားရတယ်။
မမြင်ချင်ရင်လည်း မတွေ့ရုံပဲပေါ့ဘူး။ သူမက သူ့ရဲ့ စက်ရုံမှာရင်းနှီးမြုပ်နှံမှု မလုပ်တော့ဘူး။ သူမရဲ့ကိုယ်ပိုင် စက်ရုံမှာလည်း အလုပ်ကို ဆက်လက်ကြိုးစားဖို့ လိုအပ်နေသေးတယ်။
နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ လင်းတုံဟဲက သူလက်ထပ်ချင်တဲ့ အမျိုးသမီးတစ်ယောက်နှင့် တွေ့ဆုံပြီးနောက် ဆေးရုံမှာရှိနေတဲ့ ချင်ယွဲ့ယွဲ့ရဲ့ ဘဝကို အဆုံးသတ်ခဲ့တယ်။
ဒီနည်းနှင့် သူက မုဆိုးဖိုတစ်ယောက်ဖြစ်လာခဲ့တယ်။
ဆုဆုက သူ့မင်္ဂလာဆောင်ကိုတောင် မသွားခဲ့ဘဲ ကောင်းချီးပေးရုံသာ ပြုလုပ်ခဲ့တယ်။
သို့ပေမယ့် လင်းမိဘတွေကတော့ တာဝန်ရှိစွာ သွားခဲ့ကြပြီး ပြန်လာတဲ့နောက်မှာ ဘာမှပြန်မပြောခဲ့ဘူး။ ထိုအမျိုးသမီးက လင်းတုံဟဲနှင့် ကြာကြာမနေနိုင်လောက်ဘူးလို့ သူတို့ထင်ခဲ့ကြတယ် ။
လင်းတုံဟဲ နှင့် သူမမှာ သမီးလေးတစ်ယောက်သာရရှိပြီး မကြာခင်မှာပဲ သူတို့နှစ်ယောက်က တကယ်ကို လမ်းခွဲလိုက်ကြတယ်။
ထိုအမျိုးသမီးက မူလကတည်းက တာဝန်သိစိတ်ရှိသူမဟုတ်တဲ့အတွက် စဉ်းစားနေရန်တောင် မလိုခဲ့ဘူး။
သိပ်မကြာခင်မှာပဲ သူက နောက်အိမ်ထောင်ထပ်ပြုခဲ့ပြီး ကလေးကို ဂရုစိုက်ဖို့အတွက်ဆိုတဲ့ လှည့်ကွက်တွေကိုတောင် ကစားခဲ့တယ်။
ထို အချိန်မှာတော့ လင်းတုံဟဲက မိသာ့စုကိုလည်း ဂရုမစိုက်တော့သလို သူ့ရဲ့ကလေးက အပြင်မှာ ဆော့ကစားနေတဲ့အချိန်တွေက များပြားနေကာ သူမရဲ့နောက်မှာ ဂရုစိုက်တဲ့ မိဘတွေမရှိဘဲ လူသုံးလေးယောက်ကသာ နောက်ကနေ နေရာအနှံ့ ပြေးလွှားလိုက်နေတတ်ကြတယ်။ မြင်ရုံနှင့် ပိုက်ဆံရှိမှန်းသိသာပါတယ်။
ကွမ်းမိသားစုနှင့် လင်းမိသားစုတို့ အုပ်စိုးနေခဲ့ပေမဲ့ လင်းတုံဟဲကတော့ သူ့ကိုယ်သူ လုံးလုံးလျားလျား စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ဆုဆု ခံစားမိတယ်။ ဒါပေမယ့် သူ့ရဲ့အလုပ်တွေကိုတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေသေးတဲ့ပုံပဲ။
ဒါပေမယ့် သူ့ရဲ့အောင်မြင်မှုတွေက စာအုပ်ထဲမှာ ရေးထားသလောက် ကောင်းကောင်းမဖြစ်လာခဲ့သလို ကြီးစိုးချယ်လှယ်တဲ့ ဥက္ကဋ္ဌဖြစ်လာတာမဟုတ်ဘဲ မသတီစရာ ဦးလေးကြီးတစ်ယောက်ရဲ့ဟန်ပန်တွေ ဖြစ်လာခဲ့တယ်။
လင်းချွမ်တစ်ယောက်သာ နှစ်ပေါင်းများစွာကြာတာတောင် ဒီအတိုင်းရှိနေခဲ့သလိုပဲ။
ဆုဆုအနေနဲ့ သူမ အများကြီး ပြောင်းလဲသွားသလိုခံစားရပေမဲ့ သူမရဲ့အမျိုးသားကတော့ သူ့ရဲ့နဂို စိတ်သဘောထားအတိုင်းရှိနေဆဲဖြစ်ပြီး သူ့ရဲ့မျက်လုံးတွေက ဘယ်တော့မှ မပြောင်းလဲသွားခဲ့တာကို တွေ့နေခဲ့ရတယ်။
လင်းမိသားစုက အခုအချိန်မှာတော့ မြို့ထဲမှာ နာမည်ကြီး လူချမ်းသာ မိသားစု ဖြစ်နေခဲ့ပြီ။
နောက် နှစ်ပေါင်းများစွာကြာလာတဲ့အချိန်မှာ အသစ်တက်လာမဲ့ လူချမ်းသာတွေရှိလာနိုင်ပေမဲ့လည်း ဒါတွေက ဆုဆုအတွက် အရေးမကြီးပါဘူး။ သူမက သူမရဲ့မိသားစုအခြေအနေအပေါ် အလွန်သဘောကျနှစ်ခြိုက်နေဆဲပါပဲ။
မျှော်လင့်ထားတဲ့အတိုင်း သူမရဲ့လိုအင်ဆန္ဒက ကြီးမားခြင်းမရှိခဲ့ဘူး။ သူမရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းက မယှဉ်ပြိုင်နိုင်လောက်အောင် တိုးတက်နေခဲ့ချိန်မှာတောင် သူမရဲ့ နှလုံးသားထဲက စစ်မှန်တဲ့ လိုအင်ဆန္ဒကို သိနေတုန်းပဲ။
လင်းချွမ်နှင့် သူမရဲ့မိသားစု..
ဒါက သူမအတွက် လုံလောက်နေခဲ့ပြီ။
*
ဇာတ်လမ်းက ဒီနေရာမှာပဲ အဆုံးသတ်သွားပါပြီ။
ဆုဆုနှင့် လင်းချွမ်တို့ကိုလည်း ဒီနေရာမှာပဲ နှုတ်ဆက်လိုက်ရပါပြီ။
အားပေး ဖတ်ရှုခဲ့ကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်လို့
(ㅅ˙³˙)♡