အခန်း (၁၅၁)
Vol. 16 Ch. 151
ဖုန်လီပြောပြီးသည်နှင့် သူမ ချင်မိသားစု၏တုံ့ပြန်မှုကိုစောင့် ဆိုင်းနေခဲ့သည်။ သို့သော် မည်သူမျှ အချိန်အကြာကြီးတုံ့ပြန်လာခြင်းမရှိသောအခါတွင် သူ့ လည်ဆွဲကိုထိလိုက်သောအခါ ဖုန်လီ၏လက်သည်အေးခဲသွားကာ ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လိုက်မိသည်။
လူတိုင်းသည် သိမ်မွေ့သောအမူအရာဖြင့် သူ့ အားကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
"ဒါက ဘာကိုဆိုလိုတာလဲ ? ဒီအသေးအမွှားကျေးဇူးကို နင်ကကူညီချင်စိတ်တောင် မရှိဘူးလား"
ဖုန်လီသည် မားမားချင်ကို ဆင်ခြင်တုံတရားမဲ့နေသကဲ့သို့ မားမားချင်အား မကျေမနပ်ဖြင့်ကြည့်လိုက်သည်။
မားမားချင်က "နင် အင်တာနက်ပေါ်မတက်ဖူးဘူးလား။ ဖျော် ဖြေရေးလောကကနေ တခြားတစ်ယောက်ယောက်ကိုထွက်သွားစေချင်တဲ့နောက်ဆုံးလူကို သူတို့မိသားစုက ထုတ်ပယ်လိုက်ပြီ"
ပါးပါးချင်ကလည်း အပြုံးတစ်ဝက်နဲ့ပြောတယ် "ဒါ့ပြင် သူတို့အရင်က ငါတို့ချွေးမကိုလည်း ချဉ်းကပ်ခဲ့တယ်၊ ရလဒ်က..."
တခြားသူတွေ ကျီဖေးအား ရွှင်မြူးစွာကြည့်နေချိန်မှာ ကျီဖေးမှာအပြစ်ကင်းသည့်ပုံပေါက်သည်။
ဖုန်လီက ချက်ချင်းပဲ "ဒါ ဘယ်လိုဖြစ်ရတာလဲ။ ငါတို့ရဲ့ သိ ကျွမ်းလာမှုအရ ရှင်တို့ရဲ့မျိုးဆက်သစ်တွေက ကျမကိုလူကြီးတစ်ယောက်အနေနဲ့ လေးစားမှုမပြသင့်ဘူးလား။"
ချင်မိသားစုဝင်များအားလုံးသည် ဖုန်လီ၏လေသံကိုမကြိုက်ကြပေ။
ကျီဖေးသည် စိတ်ထဲမှမလှောင်ပြောင်နိုင်ဘဲ မနေနိုင်တော့ပေ- [ရှင့်ကို လေးစားပြရမှာလား ? ချင်မိသားစုရဲ့ မျိုးဆက်သစ်လူငယ်တွေကို နှစ်သစ်ကူးပိုက်ဆံ ဒါမှမဟုတ် တစ်ခုခုပေးဖူးလို့လား ? ဘာကြောင့် လေးစားမှုပြသင့်တာလဲ။]
ကျီဖေးရဲ့အတွေးရထားမှာ နှစ်သစ်ကူးပိုက်ဆံအား အဘယ့်ကြောင့်တွေးမိမှန်း သူ မသိခဲ့ချေ။
ဒါပေမယ့်... အဲဒါက တော်တော်လေးအဓိပ္ပါယ်ရှိပုံပေါ်တယ်။
ချင်ကျောက်က သူ 100 ယွမ်တောင် မရခဲ့ဘူးဟုတွေးလိုက်ပြီး သူမအား အကြီးတစ်ယောက်ဟု မည်သို့ သတ်မှတ်နိုင်မည်နည်း ? ပြီးတော့ သူ့ကို တစ်ခုခုကူညီပေးစေချင်သေးတယ်ပေါ့ ? တကယ့်ဟာသပဲ။
သူပြောပြီးသည့်နောက် တုံ့ပြန်မှုမရှိသေးသည်ကိုမြင်လိုက်ရသဖြင့် ဖုန်လီ အနည်းငယ်ဒေါသထွက်သွားသည်။
"ဟိုလန်၊ နင်က ဒီအသေးအမွှားလေးတောင် မကူညီချင်ဘူးလို့ နင့်မိဘတွေကိုပြောလိုက်မှာ နင် ယုံလား ?"
ချင်မိသားစု၏မျိုးဆက်သစ်လူငယ်လေးသည် ၎င်းတို့၏ မိဘများကိုကြိမ်းမောင်းရန် ခြိမ်းခြောက်ဆဲဖြစ်သော လူကြီးတစ်ဦးကြောင့် အမှန်တကယ်တုန်လှုပ်သွားခဲ့သည်။
ဒါကို ကျင့်သားရပြီးသားဖြစ်သည့် မားမားချင်က "ငါတို့ ချင်မိသားစုက တခြားသူတွေကို ငါတို့ရဲ့ အာဏာနဲ့ ဘယ်တုန်းကမှ အနိုင်ကျင့်တာမရှိဘူး။ ဒါ့ပြင် ဒါ ဖျော်ဖြေရေးနယ်ပယ်မှာ ငါတို့ဖေးဖေး ရဲ့ အနာဂတ် နာမည်ဂုဏ်သတင်းကိုအလေးထားတယ်။ သူ ပါဝင်လာလာပြီဆိုရင် သူ ဂရုမစိုက်ရင်တောင်ဖျော် ဖြေရေးနယ်ပယ်ရဲ့တရားသူကြီးဖြစ်လာမှာ မလွဲမသွေပဲ။"
ကျီဖေးသည် အလယ်တန်းဒုတိယနှစ်ရောဂါလက္ခဏာနှင့်တူသည့် လေထုထဲမှ ရှက်ကိုးရှက်ကန်းခံစားချက်များ ရုတ်တ ရက်ဖုံးလွှမ်းသွားသည်။
[မားမားချင်က လူတွေကို အရမ်းရှက်အောင်ပြောတတ်လာပြီပဲ အင်တာနက်ကနေ အဆိပ်ခတ်ခံရတာပဲဖြစ်ရမယ်]
မားမားချင်သည် ကျီဖေး၏သရော်လှောင်ပြောင်မှုကိုလျစ် လျူရှုပြီး ဂုဏ်ယူနေသေးသည်။
ချင်မိသားစုမှ အခြားအဖွဲ့ဝင်များသည် ၎င်းတို့၏ရယ်မောချင်စိတ်အားသည်းမခံနိုင်ကြချေ။
"နင်!"
ဖုန်လီသည် ယခုလိုအသေးအမွှားကိစ္စအတွက် မားမားချင်နှင့် စကားပြောရအဆင်မပြေဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ ပေ။ သို့သော် သူ အမြန်ပြန်အဆင်ပြေလာခဲ့သည်။
"တခြားသူကို အာဏာနဲ့အနိုင်ကျင့်တာ နင် ဘာကိုဆိုလိုတာလဲ။ ငါ ဘယ်တုန်းကမှ အဲ့လိုမတွေးဖူးဘူး။ စွင်းမန်မှာ ဇာတ်ရုပ်ပြဿနာရှိတယ်၊ နောက်တစ်ခေါက်မှာ သူ့ကိုကောင်း ကောင်းကိုင်တွယ်ဖြေရှင်းဖို့ နင့်ရဲ့တရားသူကြီးလို့ခေါ်တဲ့ နင့်ကိုသတိပေးဖို့အတွက် ငါ အခုလို လာပြောရတာပဲ။"
ဖုန်လီမှာ နတ်ဘုရားတစ်ပါးရှိတယ်ဆိုသည်ကို ချင်းမိသားစုက သိပေမယ့် သူ့ကိစ္စတွေကို အာရုံစိုက်ဖို့ပျင်းလွန်းတာကြောင့် သူ့နတ်ဘုရားက ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိခဲ့ကြချေ။ သူ့၏ နတ်ဘုရားအပေါ်တင်မြှောက်ခြင်းသည်နာမည် ကြီးသော ပြက်လုံးတစ်ခုဖြစ်ကြောင်းသာ သူတို့ သိကြသည်။
ကွာရှင်းပြတ်စဲရခြင်း၏အကြောင်းရင်းအများစုမှာ သူ့ နတ်ဘုရားကြောင့်ဟု ဆိုနိုင်သည်။
ဖုန်လီသည် သူ့ခင်ပွန်းဟောင်းနှင့် သမီးတစ်ယောက်ရှိခဲ့သော် လည်း ဖုန်လီသည် သူ့သမီးကိုလုံးဝဂရုမစိုက်ဘဲ သူမနှင့် မရင်း နှီးကြောင်း တဖြည်းဖြည်းသိလာခဲ့သည်။ ယင်းအစား၊ သူမသည် သူ့နတ်ဘုရားကို ရတနာတစ်ခုကဲ့သို့ဆက်ဆံပြီးအလို လိုက်ခဲ့သည်။ အရင်းအနှီးမရှိလို့သာ မဟုတ်ရင် သံသယတွေ တိုးလာမည်မှာသေချာသည်။
သို့သော် အတိအကျပြောရသော်၊ သွေးသားဆက်ဆံရေးတွင် ပြဿနာမရှိသောကြောင့်၊ ဤမမျှတသော ဆက်ဆံမှုသည် အမှန်ပင် စိတ်ပျက်စရာကောင်းလှသည်။ နောက်ဆုံး ဖုန်လီ သည် သူ့သမီးအားအကြိမ်ကြိမ်လျစ်လျူရှုခဲ့ပြီး သမီးဖြစ်သူအားစိတ်ပိုင်းဆိုင်ရာ ဆိုးရွားစွာထိခိုက်စေပြီးနောက် ယောက္ခမ များမှကွာရှင်းခိုင်းရန်ဆုံးဖြတ်ခဲ့ကြသည်။ ချစ်စဖွယ်မကောင်း သောမိထွေးကိုရှာခြင်းသည်ပင် ဤမိခင်အရင်းထက်ပိုကောင်းပေလိမ့်မည်။
ကွာရှင်းပြတ်စဲပြီးနောက် သမီးဖြစ်သူအား ဖခင်ဖြစ်သူမှအုပ် ထိန်းခွင့်ရခဲ့ပြီး အဆက်အသွယ်အားလုံးကိုဖြတ်တောက်လုနီး ပါးဖြစ်ခဲ့သည်။ တဖက်မိသားစုက နှလုံးသားမဲ့ခြင်းမဟုတ်ပေ၊ သို့သော် ဖုန်လီသည် သူ့သမီးအားလုံးဝမကြိုက်သလို အဆက် အသွယ်လုပ်ဖို့ ဘယ်တုန်းကမှမတွေးခဲ့ခြင်းပင်။
တစ်စုံတစ်ယောက်မှ သူမအား ဘာကြောင့်လဲဟုမေးဖူးသည်။
သူ့အဖြေမှာ သမီးဖြစ်သူမှာ သူ့အတိတ်ဘဝကရန်သူဖြစ်ခဲ့ပြီး သူ့ထံမှ အရာအားလုံးကိုလုယူရန်မွေးဖွားလာကာ သု့အားနာမည်ပျက်ကာ ထောင်ကျစေမည်ဟု အိပ်မက်မက်ခဲ့ဖူးသည်။
ချမ်းသာသူများသည် တစ်ခါတစ်ရံတွင် ထူးဆန်းသောအရာများကိုအမှန်တကယ်ယုံကြည်သောကြောင့် ဤထူးဆန်းသောအငြင်းပွားမှုကို လုံးဝမလှောင်ပြောင်ခဲ့ကြချေ။
ယခုမူ နတ်ဘုရားအတွက်ကြောင့် သူ မနှစ်သက်သော မားမားချင်ထံ အထူးအကူအညီတောင်းခံလာခဲ့သည်။ သူ့နတ်သားက သူ့သမီးထက် ပိုအရေးကြီးပုံရသည်။
ဤအရာသည် ချင်မိသားစုတစ်ခုလုံး လန်ကျွယ်အား သူ့နတ်ဘုရားအဖြစ် လက်ခံလာပုံနှင့်ပတ်သက်၍သိချင်စိတ်ဖြစ်လာခဲ့သည်။
ကျီဖေးလည်း စပ်စုချင်သောကြောင့် အတင်းအဖျင်းအားစတင်တူးဆွလိုက်သည် ။
ဖုန်လီသည် စွင်းမန်နှင့် ဆက်ဆံရေး၌တွန်းအားပေးရန် နည်းလမ်းမျိုးစုံအသုံးပြုပြီး သူမသည် လန်ကျွယ်၏မိခင်အရင်းဖြစ်ကာ သားဖြစ်သူ၏လက်တွဲဖော်ကိုမကြိုက်သော မကောင်း ဆိုးဝါးယောက္ခမအဖြစ် သရုပ်ဆောင်ထားသည်။
ထိုအချိန်တွင် ကျီဖေး သူ့ဘာသာရေရွတ်နေသောကြောင့် ချင်မိသားစုဝင်များ စိတ်ရှုပ်ထွေးသွားသည်။
[Ah... ငါ သိပြီ၊ ဖုန်လီက Fan Girl ဖြစ်ဖူးတယ်၊ သူက လန်ကျွယ့်အဖေ လန်ရှစ်တိ Fan ပဲ။]
မကြာသေးမီက အတင်းအဖျင်းများစွာကိုစားသုံးခဲ့ပြီး၊ ချင်မိသားစုဝင်များသည် အချို့သောအသုံးအနှုန်းများနှင့် မရင်း နှီးဘဲ ၎င်းကိုဆိုလိုကြောင်း ချက်ချင်းနားလည်ခဲ့သည်။
ဒါဆို ဒါက အိမ်နဲ့ ကျီးကန်းကို ချစ်သလိုမျိုးလား ??
[လန်ရှစ်တိနဲ့ ယုလောင်ရှစ်သည် အချိန်အတော်ကြာအတူရှိခဲ့သောကြောင့် ဖုန်လီက လန်ရှစ်တိကိုလိုက်ဖို့ သူ့ရဲ့ကြွယ်ဝမှုကို အသုံးပြုခဲ့ပေမယ့် အခိုင်အမာအငြင်းခံနေဆဲပဲ။ ဒါ့ပြင် ဖုန်လီကိုမကြောက်ခဲ့ကြဘူး။ ဖုန်လီက ချမ်းသာကြွယ်ဝတဲ့အမွေဆက်ခံသူဖြစ်ပေမယ့် တစ်ဖက်လူနောက်မှာ စစ်ဘက်နောက်ခံရှိတာကြောင့် ဖုန်လီလည်း လွန်လွန်ကျူးကျူးမလုပ်ရဲဘူး။ သူ ဝမ်းနည်းစွာနဲ့ဆုတ်ခွာခဲ့ရတယ်။ ဒါကေမယ့် လန်ကျွယ်ခြောက် နှစ် ဒါမှမဟုတ် ခုနစ်နှစ်သားအရွယ်မှာ လန်ရှစ်တိကွယ်လွန်သွားခဲ့တယ်။ ဖုန်လီ အရမ်းဝမ်းနည်းသွားပြီး လန်ကျွယ်ကို ယုလောင်ရှစ်နှင့်အတူပြုစုစောင့်ရှောက်ဖို့ အခိုင်အမာပြောခဲ့တယ်၊ သူ့ကိုခေါင်းကိုင်သားအဖြစ် အတင်းအကျပ်လက်ခံခဲ့ပြီး အဲ့အချိန်ကစပြီး သူ့ သားလိုမျိုးဆက်ဆံခဲ့တယ်။]
ချင်မိသားစုဝင်များသည် ဤကိစ္စကိုမည်သို့တုံ့ပြန်ရမည်ကို အမှန်တကယ်မသိခဲ့ကြပေ။
ကျီဖေး ဆက်ပြောနေသေးသည်။
[ငါ ရယ်လိုက်မိပြီ၊ ဖုန်လီ ချက်ချင်း ချင်မိသားစုကိုလာရှာတာက သူ့ ဒေါသကြောင့်ကိုးး ၊ ဘာကြောင့် ဒီခရီးစဉ်ကဒီလောက်ထိ ရုတ်ချည်းဆန်လဲလို့ သိချင်နေခဲ့တာ...]
ချင်မိသားစုဝင်များ ချက်ချင်းဆိုသလို စူးစမ်းလိုစိတ်ဖြစ်လာသည်။ ဒေါသ ? သူ ဘာကို ဒေါသထွက်ခဲ့တာလဲ ?
[လန်ကျွယ်ရဲ့ မိခင်အရင်းဖြစ်တဲ့ ယုလောင်ရှစ်က စွင်းမန်နဲ့ ဆက်ဆံကြည့်ပြီးတဲ့နောက် စွင်းမန်ကို မဆိုးဘူးလို့ထင်ခဲ့တာ။ ဒါပေမယ့် ရှင်က အဲဒါကိုဆန့်ကျင်တယ်။ လန်ကျွယ်က စွင်းမန်နဲ့ ပြန်လည်ပေါင်းထုတ်ချင်တယ်လို့ပြောပြီးနောက် ရှင် ဒေါသထွက်ပြီး လန်ကျွယ်ကိုရပ်တန့်ဖို့အတွက် ငါတို့ဘက်က ဝင်စွက်ဖက်ချင်လို့ ဒီကိုလာခဲ့တာပေါ့၊ တကယ်ကို မလိုအပ်ဘူးလို့ပဲ ပြောချင်ပါတယ်။ စွင်းမန်ကဖြင့် အဲ့မီးတွင်းထဲသို့လုံးဝမဝင်ချင်ဘူး]
ချင်မိသားစုဝင်များ အနည်းငယ် အံ့သြသွားကြသည်။ အင်တာနက်သုံးစွဲသူများ၏အမြင်တွင် "မကောင်းဆိုးဝါးယောက္ခမ" သည် လူတိုင်းကြိုတင်ခန့်မှန်းထားသည့်အတိုင်း စွင်းမန်အားအခက်တွေ့စေမည်ဟု မမျှော်လင့်ထားဘဲ သူနှင့်ဆက်ဆံပြီးနောက် အတော်လေးကျေနပ်သွားခဲ့သည်။ သူမသည် တရားမျှတသော လူတစ်ဦးဖြစ်ပုံရသည်။
ကံမကောင်းစွာပင်၊ ယုလောင်ရှစ်သည် သူ့သားသည် မကောင်း သောမျိုးစေ့ဖြစ်သည်ကိုမသိသော်လည်း စွင်းမန်သိသော ကြောင့် သူ့မ ခွင့်ပြုချက်သည်အသုံးမဝင်ပေ။
ဖုန်လီကတော့ သူ့ကို သားတစ်ယောက်လေးလိုတကယ်သဘောထားပြီး သူ့ဆက်ဆံရေးကိုနှောင့်ယှက်နေပြန်တယ်။ ကလေးရဲ့ဘဝကို ထိန်းချုပ်ဖို့ကြိုးစားနေတာလား ??
သို့သော် နောက်ခေါက် လန်ကျွယ် ဆိုးဆိုးရွားရွားဖြစ်သွားခဲ့ပြန်သည်။ သူ့အမေ မသိသလို သူ့ခေါင်းကိုင်အမေလည်း မသိပုံပင်။ စွင်းမန်က သူ့ကိုလမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာက ဘာကိုအတိ အကျမြင်ခဲ့လို့လဲ ??
ထိုအချိန်တွင် ဖုန်လီ စကားမဆုံးတော့ဘဲ ပါးစပ်ခြောက်သွားသည်။ အားလုံး စိတ်ရှုပ်နေတဲ့ပုံပေါက်နေတာကိုမြင်သဖြင့် သူ ရုတ်တရက် ဒေါသထွက်လာပြီး "ငါပြောတာကို နားထောင်နေကြရဲ့လား"
လူတိုင်းနားထောင်နေကြောင်း ကျေကျေနပ်နပ်ခေါင်းငြိမ့်ပြ သည်။ ဤအတင်းအဖျင်းသည် ကျီဖေးနှင့် ချင်ကျောက်၏ နောက်လာမည့်ပြိုင်ပွဲနှင့် သက်ဆိုင်ခြင်းမရှိပါက ၎င်းတို့သည် ဖျော်ဖြေရေးဧည့်သည်များကို အနှောက်အယှက်ဖြစ်စေမည်မဟုတ်ပေ။
လူတိုင်း၏အမူအရာများသည် ဖုန်လီအား ထိတ်လန့်သွားစေ သည်။ သူ့သားကောင်းအတွက်သာမဟုတ်ရင် သူ ဒီကိုသိက္ခာ ကျခံဖို့ လာမည်မဟုတ်ပေ။
ဒါတွေအားလုံးက လုဖေးရဲ့အပြစ်ပဲ။ အရင်က လုဖေးသည် တခြားမိန်းကလေးတွေနဲ့ပြဿနာရှာပြီး လန်ကျွယ်အားလမ်း လွဲမသွားစေဘဲ သူမ ဝင်စွက်ဖက်စရာမလိုပဲ သူတို့ကိုမောင်းထုတ်ခဲ့သည်။ စွင်းမန်နဲ့ကျ ပြဿနာတွေကို လုဖေးဘာကြောင့် မမြင်နိုင်ရတာလဲ။
လန်ကျွယ်က ဒီကိစ္စကိုလျှို့ဝှက်ထားဖို့ ကတိမပေးခဲ့ဘူးဆိုရင် စွင်းမန်အား ရဲတွေဆီအပ်လိုက်မည်ပင်။