အခန်း (၁၅၂)
Vol. 16 Ch. 152
ဖုန်လီ၏ဒေါသကိုမြင်တော့ မားမားချင်က "စွင်းမန်မှာပြဿနာ ရှိတယ်လို့ပြောပေမယ့် အဲဒီကိစ္စက အတိအကျဘာလဲ"
ဖုန်လီ ခဏရပ်ပြီး "သူ အခွန်ရှောင်တယ်ဆိုတဲ့ ကောလဟာလ မရှိဘူးလား ?"
မားမားချင်က "နင် တကယ်အွန်လိုင်းမတက်ဘူး မဟုတ်လား? နာမည်ကြီးတစ်ယောက်ဟာ အခွန်ရှောင်တယ်ဆိုရင်တော့ သူတို့က ဒီလောကမှာအလုပ်မလုပ်နိုင်တော့ဘူး။"
"ဘယ်လိုဖြစ်နိုင်မှာလဲ ! လန်ကျွယ် ပြောတာတော့ အခွန်တောင်ပြန်ပေးရသေးတယ်ထင်တယ်!"
ချင်ကျောက်က "အဲဒါက သူ့မိသားစုအလုပ်ရုံစတူဒီယိုက သူ့နောက်ကွယ်မှာလုပ်ခဲ့တာပဲ၊ သူ့ကိုယ်သူ စစ်ဆေးမှုကနေသိလိုက်တာနဲ့ ချက်ချင်းတုံ့ပြန်လိုက်တာ"
ဒီသတင်းကို အွန်လိုင်းမှာတရားဝင်ဖော်ပြခဲ့တာဖြစ်လို့ စွင်းမန်ဒီကိစ္စနဲ့ ပတ်သက်ပြီး သေချာပေါက်ရှင်းသည်။ အခွန်ပြန်ဆပ်ရန် အမှန်တကယ်ဝန်လေးနေသော အနုပညာရှင်အချို့နှင့်မတူဘဲကျော်ကြားသူများ စစ်ဆေးခြင်းကိုပင် ကိုယ်တိုင်ဦးဆောင် ခဲ့သည်။
[အမှန်ပဲ၊ စွင်းမန်က တကယ်ခက်ခဲတယ်။ လန်ကျွယ်ရဲ့ချစ်ခြင်းမေတ္တာကြောင့် သူ အလွယ်တကူ လှည့်စားခံလိုက်ရတာ သူမရဲ့ကံဆိုးတဲ့ မိသားစုနောက်ခံကြောင့်လို့ ငါ ထင်တယ်။ သူမ၏စတူဒီယိုကို အရင်က သူ့အမေနှင့် ဦးလေးတို့ကထိန်း ချုပ်ထားပြီး၊ သူ့နောက်ကွယ်မှာ တရားမ၀င်လည်ပတ်မှုတွေ ပြုလုပ်လေ့ရှိတဲ့အပြင် သူ့ဒုက္ခအများကြီးဖြစ်ခဲ့တယ်။ သူတို့က သူ့ရဲ့ကြိုးစားအားထုတ်မှုကိုလျစ်လျူရှုပြီး ငွေရှာဖို့အလုပ်တွေပဲ အသဲအသန်လက်ခံခဲ့ကြတာ။]
[ကောင်းဟောင်က စွင်းမန်ကိုပြင်းပြင်းထန်ထန် အမြတ်ထုတ် နေတယ်လို့တောင်ပြောခဲ့သေးတယ်။ အကယ်၍ သူ့ကို ဆွေ မျိုးတွေကသာမဆွဲချရင် သူ့အရည်အချင်းသည် ပိုကောင်း လာမှာပဲ၊ နောက်ဆုံးရည်းစားရသွားပြန်တော့ တွင်းနက်ကြီးထဲ ပြန်ဆွဲချလုနီးပါးဖြစ်သွားပြန်ရော။]
ဒါကိုကြားတော့ ချင်မိသားစုဝင်များ ချောင်းဆိုးလုနီးနီးဖြစ်နေကြသည်။ ဘယ်လို တွင်းနက်ကြီးလဲ ? ဘယ်လိုဖြစ်ပြီး အရေး ကြီးတဲ့အချိန်ဈို ဘာ့ကြောင့်အမြဲရပ်ရပ်သွားတာလဲ ?
ဖုန်လီက သူမရဲ့အကြောင်းပြချက်ကိုငြင်းဆိုခဲ့ပြီး "ဘာပဲဖြစ် ဖြစ်၊ သူ တစ်ခုခုမှားနေပြီ"
မားမားချင်က စိတ်မရှည်စွာနဲ့ "နင် သူ့ကို မကြိုက်ဘူး မဟုတ်လား။"
ယောက္ခမအချို့သည် သားများခိုးယူခံရသကဲ့သို့ ၎င်းတို့၏ ချွေးမများကိုမကြိုက်ကြပေ။ ဤအချက်တွင်၊ လုဖေးသည် ထိုကဲ့သို့မဟုတ်သော်လည်း ဖုန်လီသည် အပြင်းအထန်ဆန့် ကျင်နေခဲ့သည်။
ဖုန်လီ၏အမူအရာသည် ချက်ချင်းပင်ရုပ်ဆိုးသွားခဲ့သည်။ သူမရဲ့လည်ပင်းပေါ်ကလည်ဆွဲကို မသိစိတ်က လက်နဲ့ထိလိုက်ကာ "ဒါ အရမ်းဒုက္ခများတယ်၊ ကောင်းပြီ၊ ငါပြောမယ်၊ ဒါပေမယ့် နင်တို့လျှို့ဝှက်ထားရမယ်။ ဒီအကြောင်းကို ဘယ်သူ့ကိုမှမပြောဖို့ ငါ့ သားကို ငါ ကတိပေးထားတယ်။ သူက ဆက်ဆံရေးကိုတန်ဖိုးထားတတ်တဲ့ ကလေးကောင်းတစ်ယောက်ပဲ၊ လမ်းခွဲခဲ့ပေမဲ့လည်း သူ့ကိုအရှက်မရစေချင်ဘူး။ ဒါပေမယ့် အခုထိ လန်ကျွယ် ဒေါသဖြစ်နေတုန်းပဲ၊ အနာဂတ်မှာ အခုငါပြောမယ့် စွင်းမန်ကိစ္စကို နင်တို့ ဖော်လို့မရဘူး။"
ချင်မိသားစုသည် ဤနတ်ဘုရားအား ဖုန်လီမည်မျှဂရုစိုက် သည်ကိုမြင်နိုင်သည်။ သူမသည် အခြားအမျိုးသမီးတစ်ဦးကြောင့် ခေါင်းကိုင်သား၏ချစ်ခင်မြတ်နိုးမှုကိုဆုံးရှုံးရမှာကို သူ ကြောက်သည်။
"လန်ကျွယ်နဲ့ သူ ငါ့ဆီလာလည်တုန်းက ငါ့လည်ဆွဲကိုခိုးဖို့ကြိုးစားခဲ့တာလေ"
ဖုန်လီ စကားစမြည်ပြောရင်း ဒေါသတွေထွက်ပြီး သူ့လက်က ပုလဲလုံးဝိုင်းကြီးကိုဖိလိုက်တယ်။
"ဘယ်လောက် လောဘကြီးလဲ၊ ဒီလိုကျင့်ဝတ်က မေးခွန်း ထုတ်စရာဖြစ်နေတာ ဒါ သူခိုးမဟုတ်ဘူးလား!"
"ဒါ ဘယ်လိုဖြစ်ရတာလဲ ?" မားမားချင် ချက်ချင်းမေးသည်။
စွင်းမန်အကြောင်း များစွာကြားသိပြီးနောက်၊ ချင်မိသားစုအားလုံးသည် စွင်းမန်ထံဖြူစင်သောစရိုက်ရှိသော အလုပ်ကြိုးစားပြီး တရားဥပဒေကို လိုက်နာသူဖြစ်သင့်သည်ဟု ယူဆကြသည်။
ဒါပေမယ့် ဖုန်လီက ဒေါသတကြီးနဲ့ “အဲ့ဒီမိန်းမကို ဆွဲကြိုးကိုပြချင်တာကြောင့် လက်ဝတ်ရတနာစုဆောင်းထားတဲ့ အခန်းကိုခေါ်သွားခဲ့တာ၊ ညစာစားချိန်ရောက်တော့ အိမ်အကူကဆွဲကြိုးပျောက်နေတယ်လို့ပြောခဲ့တယ်၊ ငါနဲ့ အိမ်အကူတွေနဲ့ နေ့တစ်ဝက်လောက်ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ဘူး။ ရဲခေါ်ခါနီးမှာ လည်ဆွဲက ရုတ်တရက်ပေါ်လာပြီး ရေချိုးခန်းထဲမှာ ချက်ချင်း ရှာတွေ့ခဲ့တယ်။ သူ ကြောက်လို့ပြန်ထားမှန်းသိသာတယ် ပြန်ရလိုက်တုန်းက နွေးနေတုန်းပဲ!"
"အဲဒီတုန်းက သူ့ကို ရဲတွေလက်အပ်ချင်ပေမယ့် လန်ကျွယ်က တားလိုက်လို့ပေါ့။ သူတို့ လမ်းခွဲပြီးပြီဆိုတော့ စိတ်မပူရတော့ဘူး။ ငါ့ရဲ့မိုက်မဲတဲ့ကလေးက ဒီသူခိုးမနဲ့ ပြန်ပေါင်းချင်မယ်ဆိုတာ ဘယ်သူသိမှာလဲ၊ ငါ့ရဲ့လက်ဝတ်ရတနာတွေကို အနာဂတ်မှာ ဘယ်လို လိုချင်တပ်မက်နေမလဲဆိုတာ စိတ်ကူးလို့တောင် မရဘူး။ ဒီလိုသူခိုးမျိုး လန်ကျွယ်နဲ့ လုံးဝအတူပေးမနေနိုင်ပါဘူး။"
ဖုန်လီသည် ဤအဖြစ်အပျက်ကိုတွေ့ကြုံခဲ့ရပြီး ဒေါသစိတ်ဖြင့်ပြောဆိုခဲ့သည်။
မိန်းကလေးသည် ရှုပ်ယှက်ခတ်နေသည့်အခိုက်အတန့်တွင် အမှန်တကယ်အမှားလုပ်မိပြီး ခိုးမှုကျူးလွန်ခဲ့ခြင်းဖြစ်နိုင်ပါသလား ??
မယုံနိုင်လောက်အောင်ပင် !!
[ဒါ အမှန်လား ? စစ်ဆေးကြည့်လိုက်ဦး ]
ကျီဖေး အရေးယူတာကိုမြင်တော့ တခြားလူတွေအားလုံး တက်ကြွစွာပါဝင်ဆွေးနွေးလာကြသည်။
"သူ ဝန်ခံခဲ့တာလား ?" ချင်ရုန်က စိုးရိမ်တကြီးနဲ့ အတည်ပြုခိုင်းသည်။
"ငါတို့ သူ့ လုပ်ရပ်နဲ့ ဖမ်းမိခဲ့တာသေချာတယ်၊ ဒါပေမယ့် သူက ငြင်းခဲ့တယ်!"
"ဒါဆို သက်သေမရှိဘူး မဟုတ်လား၊ တခြားသူ ဖြစ်နိုင်လား" ချင်ယန်လည်း ဝင်မေးလာသည်။
"မင်းက ငါတို့အိမ်ဖော်တွေကိုဆိုလိုတာလား။ သူတို့က ငါ့ကို နှစ်အတော်ကြာအောင်ပြုစုခဲ့တာ၊ ဘယ်လိုဖြစ်နိုင်မှာလဲ"
"အန်တီ မတော်တဆရေချိုးခန်းထဲ ယူသွားမိတာများလား" ချင်ကျောက် မေးခွန်းထုတ်သည်။
"ငါ အသက်ကြီးပြီလို့ထင်နေလား"
ဤအချိန်တွင် စကားနည်းသော ချင်ရှန့်က "ဒီလိုထူးခြားတဲ့အဆင်တန်ဆာကို ခိုးဖို့ဆိုတာအဓိပ္ပာယ်မရှိဘူး။ ပေါ်လာတာနဲ့ သံသယဖြစ်စရာပဲ။ အထူးသဖြင့် သူက လူသိများတဲ့ကြယ်ပွင့်ဖြစ်နေတယ်။ ငွေကြေးချို့တဲ့လို့ ရောင်းဖို့ခိုးတာမဟုတ်ရင်၊ သူ့ရဲ့ဝင်ငွေကိုကြည့်ရင် ငွေလည်ူချို့တဲ့မှာမဟုတ်ဘူး။ ဒါမှမ ဟုတ် စုဆောင်းဝါသနာပါလို့ဆိုရင်တောင် ဒီလောက်စွန့်စားဖို့က အလားအလာနည်းတယ်။"
ချင်ရှန့်စကားပြီးသည်နှင့် ရုတ်တရက် ကျီဖေး သူ့ကိုကြည့်နေသည်ကိုခံစားလိုက်ရသည်။ ခေါင်းကိုလှည့်ကြည့်လိုက်ရာ တောက်ပနေတဲ့ မျက်လုံးတစ်စုံနဲ့ သူ့အား ငေးမောကြည့်နေသည်ကိုတွေ့လိုက်ရသည်။ ချက်ချင်းပင် သူ့နှလုံးသားကို တုန်လှုပ်သွားစေသည်။
[ချင်ရှန့်က အရမ်းအံ့သြဖို့ကောင်းတယ်။]
ထိုကဲ့သို့ ရိုးရိုးရှင်းရှင်း ချီးမွမ်းခြင်းမျိုးနှင့် ရင်ဆိုင်ရသော အခါ ချင်ရှန့်သည် ရုတ်တရက် အနည်းငယ်ပူလာသည်။
ချင်မိသားစုအားလုံးတုန်လှုပ်ချောက်ချားကြပြီး သူတို့နှစ်ဦးကြား အပြန်အလှန်ဆက်ဆံမှုကို အရူးအမူးခိုးကြည့်ကြသည်။
သို့သော် ကျီဖေးသည် ချင်ရှန့်အား အံ့သြစွာကြည့်ရုံဖြင့် သူ့အ တွင်းစိတ်ထဲ ပေါက်ကွဲနေပြီဖြစ်သည်။
[ခွဲခြမ်းစိတ်ဖြာချက်က အရမ်းတိကျတယ်၊ အမှန်ပဲ ခိုးပြီးအရောင်းခံခဲ့ရတယ်။]
ချင်မိသားစုသည် တုန်လှုပ်သွားပြီး ချက်ချင်းတုံ့ပြန်ရန်အ ခက်အခဲရှိနေသည်။ တကယ်ဖြစ်နိုင်ပါ့မလား...
[ဒါပေမယ့် သူခိုးက စွင်းမန်မဟုတ်သလို အဲဒီအိမ်ဖော်လည်း မဟုတ်ဘူး။ ဖုန်လီ ဘယ်တုန်းကမှ မသင်္ကာဖူးတဲ့လူတစ်ယောက်ပဲ - လန်ကျွယ်]
ချင်မိသားစုအံ့ဩသွားသော်လည်း တစ်ချိန်တည်းမှာပင် သက်ပြင်းတစ်ချက်ချလိုက်သည်။ ဒါကမှ ပိုကျိုးကြောင်းဆီလျော် တယ်လို့ခံစားရစေသည်။
လန်ကျွယ် ဖုန်လီကိုဆက်ပြီးလိုက်ရှာနေတာ အံ့သြစရာမရှိတော့ဘူး။ သူ့ရည်းစားကို အကာအကွယ်ပေးနေတာမဟုတ်ဘူး၊ ဒါပေမယ့် သက်သေအထောက်အထားတချို့ချန်ထားခဲ့မိမှာကို ကြောက်နေတာပဲ။
ဒါပေမယ့် ထူးဆန်းတာက သူ ပိုက်ဆံလိုလို့လား ? ဖုန်လီက သူ့ကိုအရမ်းချစ်တယ်လေ ဘာလို့ ခိုးတာလဲ ? သူ ပိုက်ဆံလိုချင်ရင် တိုက်ရိုက်တောင်းလို့ရတယ်၊ ဖုန်လီ သူ့ကိုပေးလိမ့်မယ်။
သူတို့ရဲ့ခေါင်းထဲ မေးခွန်းအမှတ်အသားများနှင့် ပြည့်နေပေမယ့် နောက်ဆုံးမှာတော့ ကျီဖေးသည် တစ်ကြိမ်သာတုံ့ပြန်ခဲ့ပြီး တိုက်ရိုက်အဖြေပေးခဲ့သည်။
[ငါ မြင်တာက ယုလောင်ရှစ်ကစည်းကမ်းအရမ်းတင်းကျပ်တဲ့အတွက် အကန့်အသတ်မရှိပိုက်ဆံမရှာနိုင်ဘူး။ ဒါ့ပြင်၊ သူကဖုန်လီပေးတဲ့ငွေတွေကို စစ်ဆေးတဲ့အတွက်လွတ်လွတ်လပ်လပ်သုံးဖို့ခက်တယ်။ အဲ့ဒါကြောင့် ခိုးဖို့စိတ်ကူးထားတာ။အစက တန်ဖိုးအကြီးဆုံး ပုလဲလည်ဆွဲကိမခိုးရဲဘူး။]
[သူ့လောင်းကစားကြွေးတွေ အရမ်းများလာမယ်လို့ ဘယ်သူ ထင်မှာလဲ၊ သူက သူ့အကြွေးတွေကိုဆပ်ချင်ရုံတင်မကဘဲ သူ့အရှုံးတွေကိုပြန်အနိုင်ယူပြီး လောင်းကစားစားပွဲဆီပြန်သွားချင်နေတာလေ၊ အဲ့တာကြောင့် တန်ဖိုးအကြီးဆုံးပုလဲဆွဲကြိုးကို သူ စိုက်ကြည့်နေခဲ့တာပဲ]
ချင်မိသားစုဝင်များ ချက်ချင်းဆိုသလို အသက်ပြင်းပြင်းရှူလိုက်ကြသည်။
ဒါဆို လန်ကျွယ်က လောင်းကစားသမားတစ်ယောက်ပဲ။ ပြီးတော့ လုံးဝကိုကောင်းကောင်းကြီးဖုံးကွယ်ထားနိုင်တယ်။
[ စွင်းမန်ကို ခေါ်လာတာကကာဗာပဲ၊ သူ့ခေါင်းကိုင်အမေက ဟန်ဆောင်ပြရတာကြိုက်မှန်း သူသိတယ် သူ့လက်ဝတ်ရတနာတွေကိုပြဖို့ ခေါ်သွားမယ်ဆိုတာသေချာတယ်။ ထွက်သွားတဲ့အခါ ခိုးယူလို့ရတယ်။ နောက်မှရှာတွေ့ရင် သူ့ကောင်မလေးအ တွက်အသနားခံပြီး ဒီကိစ္စကိုမလိုက်ဖို့ချော့မယ်။ ဒါမှမဟုတ် သူပြန်ထားနိုင်မယ်ဆိုရင်လည်း ဖုံးဖိထားလို့ရမယ်။ ဒါပေမယ့် ဒီလောက်မြန်မြန်ရှာတွေ့သွားမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။]
ချင်မိသားစုသည် လူဆိုးတစ်ယောက်၏စရိုက်ကို အခြေခံအားဖြင့်နားလည်သွားသည်။ သို့သော် မကြာမီပိုမိုနက်ရှိုင်းစွာ သိရှိလာသည်။
[သြော် ငါ သီပြီ။ ခိုးယူမှု အစီအစဉ်မအောင်မြင်တာကြောင့် စွင်းမန်ဆီက ငွေချေးဖို့မျက်နှာပျက်ခဲ့ရတယ်! ချေးတာတောင် ဂီတပွဲအတွက် ရင်းနှီးမြှုပ်နှံငွေဆိုပြီး အကြောင်းပြချက်နဲ့ချေးခဲ့တာ။]
ချင်မိသားစုသည် ချက်ချင်းပင် မှန်းဆချက်တစ်ခုရှိခဲ့သည်- သူ ပိုက်ဆံချေးပြီး ပြန်မပေးဘဲနေတာလား ??
[မကြာခင်မှာပဲ စွင်းမန်က သူတကယ်ဖျော်ဖြေပွဲမကျင်းပတော့ဘူးဆိုတာသိလိုက်ရတယ်။ သူတို့ရဲ့ လျှို့ဝှက်ဆက်သွယ်မှုတွေ သေချာစုံစမ်းစစ်ဆေးပြီးနောက် သူ့ချစ်သူက ဝါရင့်လောင်း ကစားသမားဆိုတာသိခဲ့ရပြီး မကြာသေးခင်ကလောင်းကစား အကြီးကြီးလုပ်ခဲ့တယ်၊ သူ လူတွေအများကြီးဆီကပိုက်ဆံချေးခဲ့ပြီး IOU မရှိတဲ့အတွက် သူ့ကို ပိုက်ဆံပြန်ပေးမှာမဟုတ်မှန်း သူ သိလိုက်တယ်။ သူက ဉာဏ်ရည်ထက်မြက်တဲ့ မိန်းက လေးဖြစ်တဲ့အတွက် ဒီအဆင့်ကိုရောက်နေတဲ့ လောင်းကစားသမားတွေက နောက်ကြောင်းပြန်မလှည့်နိုင်ဘူးဆိုတာသိတဲ့ အတွက် သူ အရှုံးခံပြီးချက်ချင်းလမ်းခွဲလိုက်တာ]
ချင်မိသားစုက မထိန်းနိုင်ဘဲသက်ပြင်းချလိုက်သည်။ အရှုံးတွေကိုနားလည်ပြီး ဘယ်အချိန်ဖြတ်ရမယ်ဆိုတာသိတဲ့ မိန်းကလေးပဲ။
[ဒါပေမယ့်... ယွမ် ဆယ်သန်း! ဒီကောင်ကို ဒီအတိုင်းလွှတ်ထားလိုက်တယ်၊ သူက တကယ်ကိုတုံးတဲ့ မိန်းကလေးပဲ။ တွေးတိုင်း ဒေါသဖြစ်လိုက်တာ၊ သူက အရည်ထူလိုက်တာ သူ နောက်ထပ် ပိုက်ဆံချေးချင်လို့လိုက်ရှာနေတာ မဟုတ်ဘူးလား ? ငွေအရင်ပြန်ဆပ် လူယုတ်မာရဲ့]
[ယခုဆို ဖုန်လီက စွင်းမန်ကိုသံသယရှိနေတုန်းပဲ၊ အဲဒါကို တွေးကြည့်ရုံနဲ့ စိတ်ပျက်စရာကြီး ငါတို့ လုပ်သင့်လား...]
"ဒီလိုဆိုတော့ လန်ကျွယ်ကျတော့ကော၊ သူ့မှာ အလီဘိုင်းရှိလား ? အန်တီ ပြောရရင် အပြင်လူကို နေ့ညမှောက်စောင့်ကြည့်နိုင်ပေမယ့် အိမ်တွင်းသူခိုးကို မကာကွယ်နိုင်ဘူးဆိုတဲ့စကားလည်းရှိတယ်လေ~"