← Chapters

အခန်း (၁၅၄)

Vol. 16 Ch. 154

အခန်း (၁၅၄)

Vol. 16 Ch. 154

ထိုလူအား ၎င်းတို့မမြင်ဖူးကြသောကြောင့် စနစ်မှကြည့်လို့မရချေ။

ချင်မိသားစုတစ်စုလုံး တိတ်တဆိတ်နောင်တရမိသွားသည်။

ဖုန်လီသည် ၎င်းတို့ကို နားချရန်ကြိုးစားဆဲပင်။

"အဲ့ခွေးမက လန်ကျွယ်ကိုဖြားယောင်းဖို့ကြိုးစားနေတာ၊ ငါတို့ အဲ့ကောင်မကို ရတဲ့နည်းတဲ့ဖျက်စီးပစ်ရမယ်၊ ငါက အနုပညာအသိုင်းအဝိုင်းကမဟုတ်တော့ သူ့ရဲ့ မကောင်းသတင်းတွေကို မသိဘူး၊ ဒါပေမဲ့ ကျွန်မ သေချာတာကတော့ အဲ့လိုကောင်မမျိုးက စကားနဲ့တောင်ပြောမရအောင် ပုပ်ပွနေတဲ့ သတင်းတွေရှိမှာ သေချာပေါက်ပဲ၊ ငါတို့ မြန်မြန်ဆန်ဆန် ဖော်ထုတ်ပစ်ရမယ်၊ ဒါမှ အဲ့ငတုံးမ လုဖေးအမြင်ကျယ်သွားမှာ၊ သူ ဘယ်လို လူစားလဲဆိုတာစောင့်ကြည့်လိုက်စမ်းပါ ငါ့ စကားတွေ ဘယ် လောက်တောင်မှန်လဲဆိုတာ !”

ဖုန်လီသည် ချင်မိသားစုကို စကားပြောခွင့်မပေးပဲ အားသန်တရောပြောတော့သည်။

"တကယ်လို့ သူ့ရဲ့ မကောင်းသတင်းတွေကို ရှာမတွေ့ဘူးဆိုရင် သူက ဖြူစင်တယ်လို့ပြောချင်တာလား ?" ချင်ယန် ဖြေညှင်းစွာ မေးလိုက်သည်။

"သူ အခုထိ စင်ပေါ်မှာရပ်နေရဲတယ်ဆိုတဲ့ အချက်ကတင် သက်သေပြနေပြီပဲ"

ချင်ရုန် မနေနိုင်တော့ပဲထပ်ပေါင်းပြောလိုက်သည်။ "အန်တီ ရှင့် အရင်က ရှိုးတွေကိုမကြည့်ဖူးဘူးလား? စွင်းမန်ကိုလိုက်ကပ်နေတာ ရှင့်ခေါင်းကိုင်သားဆိုတာအသိသာကြီးလေ၊ ရှင်က ရှင့်ခေါင်းကိုင်သားကို မတားပဲနဲ့ မိန်းကလေးတစ်ယောက်ကိုအပြစ်တင်နေရတာလဲ? ဒီကိစ္စတွေက ရှင့်ရဲ့အဖိုးတန်သားရဲ့အပြစ်တွေဆိုတာ ရှင်းနေတာပဲ!"

ချင်ရုန်လည်း ထိုအ‌ခြေအနေကိုမြင်ပြီးသည်းမခံနိုင်တော့ချေ။ ၎င်းတို့သည် အဘယ့်ကြောင့် အမျိုးသားများကိုသာပိုဘက် လိုက်နေရသနည်း။

[အာ့ကျဲနဲ့ စစ်မေ့လေး ပြောသွားတာ အရမ်းကောင်းတယ်]

မိန်းကလေးနှစ်ယောက်သည် ဂုဏ်ယူဝံ့ကြွားစွာ မေးကိုမြှင့်တင်လိုက်သော်လည်း သူတို့စကားများသည် ဖုန်လီအားဒေါသပိုမိုထွက်လာစေပြီး နီရဲတွက်လာသည်အထိ

ပင်။

"ငါ နင့်ရဲ့ကလေးပေါက်စတွေနဲ့ အချိန်မဖြန်းချင်ဘူး ဟို့လန်! နင် ငါ့ကို တစ်ခွန်းပဲပြော၊ ငါ့ကိုကူညီမလား? မကူညီဘူးလား?"

မားမားချင်၏အမူအရာမှာ အေးစက်သွားသည်။ "ငါ့ကလေးတွေက နင့်ထက်ပိုဉာဏ်ကောင်းတယ်"

ထိုစကားသည် ဖုန်လီကို ဒေါသတကြီး မတ်တပ်ထရပ်မိစေ သည်။ ထိုလှုပ်ရှားမှုကြောင့် သူမ လည်ပင်းပေါ်ရှိ ပုလဲလည်ဆွဲကိုလှုပ်ခါသွားစေပြီး လူတိုင်း၏အာရုံကို ဖမ်းစားသွားသည်။

ဖုန်လီ ဒေါသများဆူဝေနေသော်လည်း မားမားချင် သူမလည် ဆွဲကို စူးစိုက်ကြည့်နေသည်ကိုမြင်တော့"အော် ငါနားလည်သွားပြီ၊ တစ်ချို့အရာတွေမှာ နင် ငါ့ကိုမယှဉ်နိုင်လို့ ငါ့ကို ကူညီဖို့တမင်သက်သက် ငြင်းနေတာမလား? ဘယ်လိုတောင် မနာလိုစိတ်များတာလဲ"

ဖုန်လီ စကားပြောနေစဉ် သူမ၏ပုလဲလည်ဆွဲကို ထောင့်ပေါင်းစုံမှပြလိုသည့်အလား လည်ပင်းကို တစ်မျိုးပြီးတစ်မျိုးစောင်းပြလိုက်သည်။

မြို့တော်ရှိချမ်းသာသည့် အမျိုးသမီး အသိုင်းအဝိုင်းထဲ လက်ဝတ်ရတနာအရဆိုပါက သူမကို သာလွန်နိုင်သူမှာ အနည်းငယ်သာရှိသည်ဟုဆိုရမည်။

ချင်မိသားစုဝင်များသည် ဖုန်လီ၏ကြွားဝါသော အမူအရာကိုကြည့်ပြီး အကျယ်ကြီးအော်ဟစ်နေမိသည်: အရှက်မရှိကြွားနေတော်ပါတော့! သူတို့ နည်းနည်းလေးတောင် မကြည့်ချင်ပါဘူးနော် မဟုတ်ရင် သူတို့ စပ်စုချင်စိတ်တွေကိုမထိန်းမသိမ်းနိုင်ဖြစ်မှာဆိုးမိတယ်။

"အန်တီဆီမှာ ဒီလည်ဆွဲတစ်ခုပဲ ကြွားလို့ရတဲ့ဟာလား"

ချင်ကျောက်သည် သူနောက်ထပ်သာ ကြည့်မိလျှင် အမှိုက်ဆန်သော ထူးဆန်းသည့် အတွေးများတွေးမိမည်ကိုကြောက်မိ သည်။

ဖုန်လီ တစ်ချက်ယိမ်းသွားပြီး သူမ ဒေါသများ ပွင့်ထွက်လာတော့သည်။ "နင် အငယ်ဖြစ်ပြီး ဘာလို့ မယဉ်ကျေးရတာလဲ၊ နင့်မိသားစုက နင့်ကို ဘယ်လိုသင်ပေးခဲ့တာလဲ!"

ချင်ကျောက် ပြန်မဖြေနိုင်ခင် ကျီဖေးမှ "ဟုတ်တယ်၊ စန်းတိက တကယ် မယဉ်ကျေးတာပဲ"

ချင်ကျောက် ကျီဖေးကိုချက်ချင်း စိုက်ကြည့်ပြီး တခြားချင်မိသားစုဝင်များကလည်း သူမကိုကြည့်လိုက်သည်။

တစ်ဖက်တွင် ဖုန်လီသည်ပြုံးစပြုလာပြီး စကားအနည်းငယ်ပြောတော့မည်အပြု ကျီဖေးက ဆက်ကာ

"ငါတို့ လူတွေရှေ့မှာ အဲ့လိုအမှန်တရားကြီးကို မပြောသင့်ဘူး၊ နင် အန်တီမျက်နှာကိုဖြတ်ရိုက်ချင်တာလား ? တခြားသူတွေရဲ့ အားနည်းချက်တွေကိုထုတ်မပြောနဲ့လေ၊ အဲ့တာ ဘယ်လောက်တောင် စိတ်ကြီး၀င်တယ်ထင်လဲ"

ချင်ကျောက်သည် ရယ်ချင်လွန်း၍ "pfft" ခနဲ တစ်ချက် ထွက်သွားကာ တခဏချင်းပင် လေးနက်သောမျက်နှာထားဖြင့် ဟန်ဆောင်၍ "ကျွန်တော် တကယ်စိတ်ကြီး၀င်မိသွားတယ်"

အခြားချင်မိသားစုဝင်များကို အပြုံးများပြတ်စဲမသွားချေ။

ဖုန်လီသည် ဤမိသားစုမှာ သူမကိုလှောင်ပြောင်နေသည်အား သတိထားမိသွားသည်။

သူမသည် ကျီဖေးကိုချက်ချင်း စိုက်ကြည့်ကာ "ဇာတ်လမ်းတွေဆင်ပြီး ချင်မိသားစုထဲ၀င်နိုင်တာနဲ့ နင့်ကိုယ်နင် သခင်မလို့ထင်မနေနဲ့၊ နင်က ခန်းဝင်ပစ္စည်းတောင်မပေးနိုင်တဲ့ ငမွဲသာ သာပဲလေ၊ ဘယ်လိုတောင် ငါ့ကိုပြောရဲတာလဲ ? သိပ်မကြာခင်ဆို...."

သူမကိုလှောင်ပြောင်နေသူ အများအပြားရှိသော်လည်း သူမ ပြန်ပြောရဲသူသည် ကျီဖေးတစ်ယောက်တည်းသာရှိသည်။ အကြောင်းမှာ ၎င်းတို့ထဲ ကျီဖေးထံ မိသားစုနောက်ခံမရှိသော ကြောင့်ပင်။ အပြင်လူများ၏အမြင်တွင် သူမသည် အချိန်မရွေးပစ်ပယ်ခံနိုင်သော အပြင်လူတစ်ယောက်သာဖြစ်ပြီး ချင်မိသားစုကို ကပ်တွယ်နေသည့်သူသာဖြစ်သည်။

ထို့ကြောင့်လည်း ဖုန်လီ သူမကိုပစ်မှတ်ထားခဲ့ခြင်းပင်။

သို့သော် ချင်မိသားစုဝင်များ၏အမူအရာသည် သူ စကားစလာထဲက ပျက်နေသည်ကို သတိမထားမိချေ။

ချင်ရှန့် ရုတ်တရက် စကားစဖြတ်လိုက်ပြီး "မစ္စဖုန်…"

သူသည် သူမကို ယဉ်ကျေးသမှုဖြင့် အန်တီလို့တောင် မခေါ်တော့ဘဲ မစ္စဟုပြောင်းခေါ်လိုက်သည်။

သူ့အသံသည် ရေခဲများအတိဖုံးလွှမ်းနေပြီး နိမ့်ဆင်းနေသောကေ့ာင့် သူ့ဒေါသကို လူတိုင်းခံစားမိသည်။

ဖုန်လီသည် ထိုအေးစက်သောလေသံကြောင့် အံ့အားသင့်သွားကာ လူတိုင်းပြောပြောနေသည့် စံပြအမွေဆက်ခံသူ လူငယ်လေးအား အံ့သြစွာကြည့်လိုက်သည်။

သူမ သူ့အကြည့်ကြောင့်လန့်ဖြန့်သွားရသည်။

"မစ္စဖုန် ‌စကားတွေက စော်ကားသလိုဖြစ်နေပြီ ကျွန်တော့်ဇနီးကို အခုတောင်းပန်ပါ" ချင်ရှန့် တည်ငြိမ်စွာပြောလိုက်သည်။

ဖုန်လီ အံသြသွားသည်

သူမက လူကြီးတစ်‌ယောက်လေ...

ပြီးတော့ သူက ချင်မားမားနဲ့ အချိန်အကြာကြီးသိလာခဲ့မဟုတ်လား ?

သူမကို ဘယ်လိုတောင် ပြောနိုင်ရတာလဲ?

ဖုန်လီ၏အသက်ရှုသံများ မြန်ဆန်လာကာ မားမားချင်ထံ အား ကိုးတကြီးကြည့်ကာ ချင်ရှန့်ကို ဆုံးမရန်မျှော်လင့်နေသည်။

သို့သော်လည်း မားမားချင်သာမက ချင်မိသားစုဝင်များအား လုံးသည် သူမကိုအေးစက်စွာသာကြည့်နေပြီး တူညီသော သဘောထားများကို လက်ကိုင်ထားကြောင်းထင်ရှားသည်။

ဖုန်လီ ရိုးရှင်းစွာပင် နားမလည်နိုင်တော့တဲ့ "ငါက မယဉ်ကျေးတဲ့ ဂျူနီယာလေးကို ဆူရုံပဲလေ၊ ငါတို့ ဖုန်မိသားစုနဲ့ ချင်မိသားစုကြားက ဆက်ဆံရေးအရဆို ငါ့မှာ အဲ့လို လုပ်ပိုင်ခွင့်တောင်မရှိဘူးလား"

"ကျုပ်တို့လင်မယားတောင် ချွေးမလေးကို မဆူရက်တာ မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ ?" ပါးပါးချင် ပြတ်သားစွာပြောလိုက်သည်။

မားမားချင်သည် "ဖုန်မိသားစုဆိုတော့ရော ဘာဖြစ်လဲ၊ နင့်စံအိမ်မှာပဲ အာဏာသွားပြစမ်းပါ၊ ငါတို့ချင်မိသားစုမှာ ဖေးဖေးကချင်မိသားစုရဲ့ အနာဂတ်သခင်မပဲ"

ချင်ကျောက် အေးစက်စွာရယ်မောရင်း "ချင်မိသားစုမှာ မရီးရဲ့ အဆင့်အတန်းက ကျွန်တော်တို့ထက်တောင် ပိုမြင့်သေးတယ်၊ မစ္စဖုန်ကြည့်ရတာ သေချာနားမလည်သေးဘူးနဲ့တူတယ်"

ချင်ရန်နှင့် ချင်ရုန်တို့သည် ဒေါသတကြီးထောက်ခံလိုက်ကြသည်။

ကျီဖေးသည် ထိုမြင်ကွင်းကြောင့် အံ့အားသင့်နေပြီဖြစ်သည်။

ဒါက သာမာန်ဆူတာလောက်ပဲ မဟုတ်ဘူးလား ? အခု ချက် ချင်းကြီးပြန်တိုက်ခိုက်ခံရနေပြီ၊ ဘယ်လိုတောင်ဖြစ်သွားတာလဲ ?

ကျီဖေး၏စိတ်ထဲတွင် ကမောက်တိကပေါက်ချာဖြစ်နေသော် လည်း သူ့ ရင်ဘတ်တစ်ခုလုံးနွေးထွေးသည့် ရေစီးကြောင်းလေးစီးဆင်းသွားသည့်ပမာ ခံစားလိုက်ရသည်။ ထိုအရာသည် သူမ အရင်ဘဝက တစ်ခါမှမခံစားဖူးသည့်ခံစားချက်ပင်။

ဤသည်မှာ ပူနွေးနွေးဝါဂွမ်းကြီးထဲ နစ်၀င်သွားသလိုပင်။

ချင်ရှန့်သည် တင်းမာသောအမူအရာဖြင့် ဖုန်လီ၏မယုံကြည့်နိုင်သည့် မျက်၀န်းများအားအေးစက်စွာကြည့်ကာ "မစ္စဖုန်မှာ တောင်းပန်ဖို့ အစီအစဉ်မရှိဘူးလား"

ဖုန်လီသည် ချင်ရှန့် အေးစက်စက်ပြောသံကို ကြားလိုက်သော အခါ ချက်ချင်းပင်စိတ်တိုသွားပြီး "ဖုန်မိသားစုကြည့်ရတာ ဟိုတစ်ခါတုန်းက မျက်စိကျနေတဲ့ဆိုတဲ့ မြေကွက်ကိုမလိုချင်တော့တဲ့ပုံပဲ။"

ထိုစကားသည် ဖုန်လီကို အသက်ရှုလွဲမှားသွားစေသည်။

သူမ ကွာရှင်းပြတ်စဲပြီးနောက်တောင် ကောင်းကောင်းနေနိုင်သည့် အကြောင်းသည် ဖုန်မိသားစု အခြေအနေကောင်းမွန်နေသောကြောင့်ဖြစ်သည်။

ဖုန်မိသားစုသည် မကြာသေးမီက မြေကွက်တစ်ခုအတွက် ပြိုင်ဆိုင်နေကြောင်းကို ၎င်းတို့အသိုင်းအဝန်းမှ လူတိုင်းသိကြသဖြင့် သူမလည်း သဘာဝကျစွာသိသည်။ ယခုစကားများ သည် ခြိမ်းခြောက်မှုတစ်ခုသာမဟုတ်ပဲ ချင်မိသားစုတွင် ထိုသို့ဖြစ်အောင်လုပ်နိုင်သောအစွမ်းရှိသည်ကို သူမ နားလည်သည်။ သူမ ကြောင့် မြေကွက်ကိုဆုံးရှုံးသွားခဲ့ရင်...

ဖုန်လီ ချက်ချင်း ထိတ်လန့်သွားပြီး "သား ဘာပြောနေတာလဲ၊ ဖုန်မိသားစုက အဘိုးနဲ့ သားတို့ ဟို့မိသားစုက အဘိုးဆိုတာ သူငယ်ချင်းဟောင်းတွေပဲလေ၊ သား အခုလိုမျိုး လူကြီးတစ်ယောက်ကိုခြိမ်းခြောက်နေမှန်း သားအဘိုးသာသိရင် ဘယ်လိုထင်မလဲ"

ချင်ရှန့် ဝေ့ဝှက်ပြောမနေတော့ပဲ "ဟိုတယ်စီမံကိန်းကို မလို ချင်ဘူးနဲ့ တူတယ်"

ဖုန်လီ၏မျက်လုံးများကျဉ်းမြောင်းလာပြီး မမြင်နိုင်သော ဖိအားတစ်ခုကြောင့် သူမတစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ရီလာသည်။

ချင်ရှန့်သည် သူမအားချေပရန် အခွင့်အရေးမပေးတော့ပဲ ဖုန်းကိုအေးစက်စွာထုတ်လိုက်သည်။

ဖုန်လီလည်း တစ်စက္ကန့်တောင် မတုန့်ဆိုင်းဝံတော့ပဲ "တောင်း ပန်ပါတယ်၊ တောင်းပန်ပါတယ်!"

သူမ ထိတ်လန့်နေဖို့ အချိန်မရှိပေ။ အဘယ့်ကြောင့်ဆို သူမတွင် ရွေးချယ်စရာမရှိမှန်း အတက်သိ၍ပင်။

ချင်ရှန့်လှုပ်ရှားမှုများရပ်လိုက်ပြီး သူမကို အေးစက်စွာကြည့်နေသည်။

လူချမ်းသာအမျိုးသမီးတစ်ယောက်သည် ယခုလို အသက် အရွယ်တွင်တော့ လူငယ်တစ်ယောက်ကြောင့် အသက်ရှုမဝသည်အထိ ဖိအားပေးခံထားရသည်။ သူမ ရှက်ရွံမှုကြောင့် မျက်လုံးများနီရဲနေသော်လည်း ခေါင်းကိုသာငုံ့ကာ အမှားကို ဝန်ခံနေမိသည်။

ယခုဖြစ်ရပ်သည် မားမားချင်ကို ထိပါးမိသည်နှင့် အလားသဏ္ဉာန်တူညီသည်။ သူမ မားမားချင်ကို မထိပါးခဲ့ပေ။ သူမသာ ထိပါးမိပါက ယခုလို တူညီသည့် ကံကြမ္မာကိုရင်ဆိုင်ရပေလိမ့်မည်။

သူမ၏ဖုန်မိသားစုသည် ချင်မိသားစုလို မိသားစုနှင့် တူညီသည့် အဆင့်တွင်မဟုတ်ကြောင်း နားလည်သွားသည်။ ၎င်းတို့သည် မည်သည့်အခါမှ ဩဇာအာဏာများကိုထုတ်မသုံးခဲ့ချေ။ ။

သူမသာ ကြိုသိခဲ့ရင်... သူမ ဒီနေရာကို လာမှာ မဟုတ်ဘူး။

"တောင်းပန်ပါတယ်၊ ငါ ပြောတာ မှားသွားတယ်"

အံကြိတ်ကာပြောလိုက်သော စကားဖြစ်သော်လည်း တောင်း ပန်စကားအဖြစ် မှတ်ယူနိုင်ဆဲဖြစ်သည်။ သူမသည် ဒေါသကြောင့် မျက်ရည်များပင်ကျနေသော်လည်း စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းငုံ့ကာထွက်သွားခဲ့သည်၊ သူ မထွက်သွားခင် ခပ်ကျယ်ကျယ်တော့အော်ခဲ့သေးသည်။

"ဟို့လန် ငါတို့ သူငယ်ချင်းတွေမဟုတ်တော့ဘူး!"

မားမားချင် ပခုံးတွန့်ပြီး "မသိရင် ငါကပဲ သူနဲ့ သူငယ်ချင်းဖြစ်ချင်နေသလိုနဲ့"

ထို့နောက် သူမသည် ကျီဖေးကို အလျင်အမြန်စစ်ဆေးကြည့်လိုက်ရာ ၎င်း၏စကားများကြောင့် ချွေးမလေး စိတ်ထိခိုက်သွားမှားစိုးမိသည်။

ရလဒ်အနေဖြင့် ကျီဖေးသည် ချင်ရှန့်ကို မလွဲမသွေစိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။

[ဝိုး! တကယ်ဩဇာကြီးတဲ့ CEO တစ်ယောက်ကို မြင်လိုက်ရတာပဲ! အဲ့ခြိမ်းခြောက်တဲ့ပုံကြီးက အရမ်းမိုက်လွန်းတယ်၊ မသိရင် ကောင်းကင်တစ်ခုလုံးကိုဖြိုခွင်းတော့မဲ့ ဘုရင်ကြီးလိုပဲ! ချောတာဟာ!]

ထိုစကားများသည် အနည်းငယ်ရှက်စရာကောင်းသော်လည်း ချီးကျူးစကားအနေဖြင့် မှတ်ယူနိုင်သောကြောင့် ချင်ရှန့် ကြိတ်ပျော်သွားသည်။ သူသည် ကျီဖေး ပိုကြည့်ရလွယ်စေရန် ထိုင်နေသည့်ပုံစံကိုတောင် မတ်နေအောင်ထားလိုက်ပြီး…

[ငါသူ့ကို ဆွဲဖက်နမ်းချင်လာပြီ အား... အရမ်းချောတာပဲ]

ချင်ရှန့်အေးခဲသွားပြီး ကျီဖေးနှင့် အကြည့်ချင်း ဆုံမိသွားချိန် သူ့မျက်နှာ ပူထူသွားသလိုခံစားလိုက်ရသည်။

သူ ငါ့ကို နမ်းချင်နေတာလား !?

ဒါပေမယ့် တစ်မိသားစုလုံးရဲ့ရှေ့ကိုရောက်နေတာလေ !?

ဒါက သူမရဲ့အတွေးသက်သက်ဆိုတာသိပေမဲ့ လူတွေဆိုတာကမလုပ်ခင် အရင်တွေးတာမဟုတ်ပါလား ? သူမ ရုတ်တရက်ကြီးတောင် ထလုပ်ခဲ့ရင်.... သူ.. သူ ရှောင်ရမှာမဟုတ်လား ?

အခြား ချင်မိသားစုဝင်များလည်း မျက်လုံးများပြူးကျယ်သွားသည်။

ငါ ဘာလုပ်လိုက်သင့်လဲ ? ဒါ အရမ်းထူးဆန်းလွန်းတာမလား? ငါတို့ အဲ့လိုအရာကြီးကို လုပ်ရတော့မှာလား ?

ထိုစဉ် ကျီဖေးသည် ချင်ရှန့်အားပြုံးပြလိုက်ပြီး ထိုအပြုံးလေးသည် ချင်ရှန့်၏ရင်ကိုအခုန်မြန်စေသည်။

"ကျေးဇူးပါ!"

ချင်ရှန့်: ?

ကျီဖေးသည် တခြားသူများဘက်ကိုလှည့်ကြည့်လိုက်ပြီး "ကျွန်မဘက်ကနေ ရပ်တည်ပေးတဲ့အတွက် အားလုံးကိုကျေး ဇူးတင်ပါတယ်"

ထို့နောက် သူမသည် အတင်းပြောချင်စိတ်ကိုမထိန်းနိုင်တော့ပဲ “မစ္စဖုန်က ကျွန်မတို့ကိုလှည့်စားမရလို့ စွင်းမန်ကို တခြားကိစ္စ တစ်ခုခုနဲ့ ဆွဲချမယ်နဲ့တူတယ်”

လူတိုင်း- ...ရုတ်တရက်ကြီး သူတို့တခြားသူရဲ့ ဒရာမာကိုသိပ်စိတ်မ၀င်စားတော့သလိုပင်။

ချင်ရှန့်: ကြည့်ရတာ တစ်ချို့လူတွေက တွေးပဲတွေးပြီး တကယ်မလုပ်တဲ့ပုံပဲ !!

ရက်အနည်းငယ်ကြာပြီးနောက် ၎င်းတို့သည် ရိုက်ကွင်းရိုက်ရန် ထုတ်လုပ်ရေးအဖွဲ့၏တည်နေရာသို့ ရောက်လာကြသည်။

ကျီဖေးနှင့် သူမအဖွဲ့တို့ရောက်သည်နှင့် ဒါရိုက်တာနှင့် ထုတ် လုပ်သူတို့အား သွားတွေ့လိုက်သည်။

ဒါရိုက်တာသည် ကျီဖေးစိတ်ပူနေမည်ကို စိုးရိမ်သောကြောင့် အပြုံးတစ်ပွင့်ဖြင့် ပြောလာသည်။

"ငါတို့တွေ မကြာခင်မှာ ပွဲကောင်းတစ်ပွဲကြည့်ရတော့မယ်၊ အဲ့တာပြီးမှ လုပ်စရာရှိတာလုပ်ကြတာပေါ့"

"ဘာကိစ္စလဲ ?" ဖေးမင်ရွမ် စိတ်ဝင်တစားစွာ မေးလိုပ်သည်။

"ယုလောင်ရှစ်ရဲ့သားက ဒီကိုရောက်နေတာ၊ သူ စွင်းမန်ကို လက်ထပ်ခွင့်တောင်းဖို့ suprise အကြီးစားကြီး ပြင်ဆင်ထားလို့‌လေ" ဟု ထုတ်လုပ်သူ ပြုံးပြုံးရွှင်ရွှင်ပြောလိုက်သည်။

ကျီဖေးနှင့် သူမအဖွဲ့ : ...

[...မိန်းကလေးရဲ့ဆန္ဒကိုတောင် မစဉ်းစားဘဲ လက်ထပ်ခွင့်တောင်းတဲ့ သူကို မြင်ဖူးပြီ...၊ သူ့လိုမျိုး ထောင်ချောက်ထဲကို ခုန်ဆင်းတာကတော့ တကယ့်အာဂပဲ]

All Chapters