← Chapters

အခန်း (၁၅၆)

Vol. 16 Ch. 156

အခန်း (၁၅၆)

Vol. 16 Ch. 156

လန်ကျွယ်၏ရုပ်သွင်သည် အတော်လေး သင့်တင့်လျောက်ဘပတ်သည်။ ဝတ်စားဆင်ယင်မှု ပုံစံအနည်းငယ်ဖြင့် သူသည် အဆိုပြုရန် စိတ်လှုပ်ရှားစွာပြင်ဆင်နေသည့် ချောမောသည့်လူငယ်တစ်ဦး၏အစစ်အမှန်ကိုမြင်တွေ့ နေရသည်။

"စာအုပ်တစ်အုပ်ကိုမျက်နှာဖုံးကြည့်ရုံရင် အကဲဖြတ်လို့မရဘူး။ သူ့ အသွင်အပြင်ကိုကြည့်ရုံလိုက်နဲ့ သူ့တန်ဖိုးတွေက သူ့မျက်နှာအသွင်အပြင်နဲ့ လျော်ညီတယ်လို့ မင်းထင်လိမ့်မယ်" ဟု ဖေးမင်ရွမ်က ပြောသည်။

"အခု Purpose လုပ်ဖို့ရောက်လာပြီ။ သူပြုပြင်ပြောင်းလဲပြီး စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို နောက်တစ်ကြိမ်လိုက်ဖို့ အဆင် သင့်ဖြစ်နေပြီလား ? ဟား!"

အဲ့ဒီ "ဟား" ဆိုသည့်အသံသည် ဖေးကျဲမှ အလွယ်တကူအလိမ်ခံရမှာ မဟုတ်ဘူးဟုညွှန်ပြနေသည်။

"လောင်းကစားကို ဖြတ်လိုက်တဲ့ လောင်းကစားသမားတစ်ယောက်နဲ့ ယုံကြည်စိတ်ချရတဲ့ ယောက်ျားတစ်ယောက်ရဲ့ နှုတ်ထွက်စကားနှစ်ခု လုံးက လုံးဝကို လိမ်ညာမှုတွေပဲ။ ဒီကောင်က နှစ်ခုစလုံးနဲ့ကိုက်ညီတယ်၊ ဒါဆို ငါတို့က အခြေခံကျကျပဲ ဒါတွေအားလုံးက အတုအယောင်တွေလို့ ကောက် ချက်ချနိုင်တယ်။" ဟု ဖေးမင်ရွမ်က အေးစက်စွာသုံးသပ်ခဲ့ သည်။

"သူ စွင်းမန်ကိုလှည့်စားဖို့ ကြိုးစားနေတာ။"

[သဘောတူတယ်၊ ဒီကောင်ကို ကြည့်ရအောင်...]

ကျီဖေးသည် ထိုလူအားနောက်ဆုံးတွင် မြင်တွေ့ နိုင်ပြီး ဒရာမာကိုခံစားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

အနီးနားရှိချင်ကျောက်နှင့် ချင်ရုန်တို့သည် စိတ်လှုပ်ရှားစွာ ထွက်ပေါ်လာခဲ့သည်။

[ ငါ သိနေတယ်လေ၊ ဒီကောင်က လောင်းကစားအကြွေးသန်း 50 အကြွေးတင်နေတာ။ ပြီးတော့ သူ့ကို အကြွေးပေးထားတဲ့သူတွေက သတိပေးထားပြီးသား။]

ချင်ကျောက်နှင့်ချင်ရုန်တို့သည် နှုတ်ခမ်းများတွန့်ကွေးကာ စင်မြင့်ပေါ်ရှိလန်ကျွယ်အား ကြည့်ရှုခဲ့ကြပြီးပျော်ရွှင်နေသည့် အပြုံးမျိုး ဝတ်ဆင်ထားဆဲပင်၊ ချီးကျုးခံရကာ ရှက်ရွံ့နေသည့် အမူအရာများကိုပင်မြင်တွေ့ နေရသည်။

[သူတို့လက်ထပ်ပြီးတာနဲ့ စွင်းမန်ရဲ့ ပိုင်ဆိုင်မှုတွေကို အသုံးချနိုင်မှာ။ စွင်းမန်က အမြဲတမ်းအလုပ်ကြိုးစားပြီး သူ့ရဲ့သရုပ် ဆောင်ကြေးနဲ့ ကြော်ငြာတန်ဖိုးတွေကလည်း အရမ်းမြင့်မားတယ်။ စွင်းမန်က သူ့ကြွေး မြီတွေကိုကျိန်းသေပေါက်ကာမိနိုင်လိမ့်မည်ဟု သူ ထင်နေတာ။]

[ အဲဒီတွက်ချက်မှုတွေက ငါ့မျက်နှာဆီကိုတောင်သိသိသာသာ ကြီး လာထိနေပြီ။ နင် တကယ် တွေးရဲတယ်လား၊ ဟမ် ? နင့်ရဲ့ ယုံကြည်မှုတွေက ဘယ်ကရောက်လာတာလဲ၊ အရင်တုန်းက နင်လှည့်စားဖူးခဲ့တဲ့လူက နင့်ကိုလက်ထပ်ပြီး နင့်ရဲ့ အကြွေးတွေဆပ်ဖို့ ကူညီပေးဦးမယ်လို့ ထင်နေတာလား?]

ချင်ကျောက်နှင့်ချင်ရုန်တို့သည် အလွန်ပင်အဓိပ္ပါယ်မဲ့ကြောင်း တွေ့ ရှိခဲ့သည်။ ဒါက အရမ်းလွန်လွန်းတယ်။

ဒရာမာအား စောင့်ဆိုင်းကြည့်ရှုရန် ပရိသတ်ဧရိယာရှိ ထိုင်ခုံများအားရှောင်တခင်ရှာခဲ့ကြသည်။

"ကျစ်၊ ဘာလို့ တိုက်ရိုက်လွှင့်မှုတောင် ရှိနေတာလဲ ?"

ဖေးမင်ရွမ်၏ စူးရှသည့်မျက်လုံးများက ၎င်းအား လျင်မြန်စွာ တွေ့ လိုက်ရပြီး သူက "နင် ခေါင်းတောင် မထောင်ရသေးဘူး။ နင်တို့နှစ်ယောက် သတိထားသင့်တယ်။"

စင်ပေါ်တွင်စီစဉ်ပေးထားသည့် ပရော်ဖက်ရှင်နယ် ကင်မရာအဖွဲ့ တွေအပြင် ဖုန်းကိုင်ထားသည့် အကူအညီပေးသူတွေလည်းရှိနေတာကို ကျီဖေးသတိပြုမိလိုက်သည်။

[ အို ကောင်လေးရေ၊ သူအငြင်းခံရရင် အဲဒါက အင်တာနက်တစ်ခုလုံးရှေ့မှာမဟုတ်ဘူးလား? သူမျက်စိစုံမှိတ်ပြီး ယုံကြည်မှုရှိနေတာလား ဒါမှမဟုတ် စွင်းမန်ကို စိတ်ပိုင်းဆိုင်ရာအရ တမင်ပုတ်ခတ်ပြောဆိုဖို့ စွင်းမန်ရဲ့ နူးညံ့တဲ့ကိုယ်ရည်ကိုယ်သွေးကို အားကိုးနေတာလား ?]

ချင်ကျောက်နှင့်ချင်ရုန်တို့သည်လည်း စိတ်ခံစားမှုဆိုင်ရာ ခြိမ်းခြောက်ရန်မှာ ဖြစ်နိုင်ခြေပိုများသည်ဟု ခံစားခဲ့ရသည်။

ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့လည်း သတိထားမိပြီးအခြေ အနေအကြောင်းအရင်းအားမေးမြန်းရန် တစ်ယောက်ယောက်ကို အမြန်စီစဉ်ပေးခဲ့သည်။

ထိုလူများသည် ဝတ်စားဆင်ယင်မှုအရ အကဲဖြတ်ကြည့်လျှင် ရက်ပ်ပါ အသိုင်းအဝိုင်းကဖြစ်ပြီး လန်ကျွယ်အား အားပေးရန် ရောက်ရှိနေခြင်းဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်ခြင်းကို ပြတ်သားစွာတားမြစ်ထားခြင်းမရှိသည့် အပြင် ထုတ်လွှင့်ပြီးဖြစ်သောကြောင့်၊ ၎င်းတို့အား ယခု မှပိတ်ပစ်ရန် တောင်းဆိုခြင်းသည်မကောင်းပေ။

အဆုံးမှာတော့ ထုတ်လုပ်သူနှင့်ဒါရိုက်တာတို့သည် သူတို့၏အ စီအစဉ်အား ပူနွေးအောင်လုပ်ဖို့ မလိုအပ်ပေမဲ့ နောက်အပိုင်းအတွက် နွေးထွေးမှုတစ်ခုအနေနဲ့ပဲ သဘောထားခဲ့သည်။

ကျီဖေးသည် သူ့ဖုန်းကိုထုတ်ကာ တိုက်ရိုက်ထုတ်လွှင့်မှုအား စတင်ရှာဖွေခဲ့သည်။ အားလုံးက အဝေးတွင်ထိုင်နေကြပြီး စင်ပေါ်မှလူများ ပြောနေတာကိုမကြားရပေ။ အထောက်အကူအဖြစ် တိုက်ရိုက်ထုတ် လွှင့်မှုရှိနေခြင်းကပိုကောင်းသည်။

အစပိုင်းတွင်၊ ရက်ပ်ပါ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် လူများစွာမရှိသေး သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှု၏အကြောင်း အရာများ တိုးတက်လာသည်နှင့်အမျှ ၎င်းသည် "My Acting, Cut!" ၏စတူဒီယိုဖြစ်သည်ကို လူများစွာကသိရှိခဲ့ကြပြီး နောက်အပိုင်းတွင် propose လုပ်ခံရသူမှာ စွင်းမန်ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှု၏ ရေပန်းစားမှုသည် ရုတ်တရက်မြင့်တက်လာသည်။

အားလုံးက ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းကြည့်နေကြသည်။

"ဒီက ပန်းတွေအကုန်လုံးက ယောင်းမအကြိုက်တွေလို့ပြောကြတယ်။ ငါ့အစ်ကိုကတော့ အများကြီးအားထုတ်ခဲ့တယ် မဟုတ်လား? လန်ကျွယ်က စွင်းမန်ကို တကယ်ကြိုက်တာ။ သူ propose လုပ်ပြီး စွင်းမန်အတွက် အံ့အားသင့်စရာတွေတောင် ပြင်ဆင်ထားတယ်။ သူ ဒီလောက်ကြိုးစားထားတာမျိုး ငါတစ် ခါမှမမြင်ဖူးဘူး။ သူ့ရဲ့ ကျန်ရှိနေသေးတဲ့ ဘဝတစ်လျှောက်လုံးမှာ သူနဲ့အတူနေသွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်။"

တိုက်ရိုက်ထုတ်လွှင့်မှု၏ comment များထဲတွင် ပလူပျံနေသောမေးခွန်းများစွာအား တွေ့ မြင်နိုင်သည် - စွင်းမန်နှင့်လန်ကျွယ်က လမ်းခွဲခဲ့တယ်မဟုတ်လား? သူတို့ ဘယ်တုန်းက ပြန်ပေါင်းသွားကြတာလဲ? လက်ထပ်ဖို့အထိတောင် မြန်မြန်ဆန်ဆန်တိုးတက်သွားရတာလဲ? ဇာတ်လမ်းက ဘယ်အချိန်ကပြန်စသွားတာလဲ ?

"အာ အင်း၊ လမ်းခွဲလိုက်တာက သူတို့မချစ်ဘူးလို့ မဆိုလိုပါဘူး၊ ဟုတ်တယ်မလား? ဒါ့ပြင် ယောက္ခမကလည်း အခု ယောင်းမကိုသဘောကျနေပြီ"

ဤစကားများသည် ယောက္ခမဖြစ်သူ လုလောင်ရှစ်၏ဇီဇာ ကြောင်မှု ကြောင့် ကနဦးလမ်းခွဲခြင်းကဲ့သို့အသံထွက်စေ သည်။

ကျီဖေး အမြန်ရှာဖွေလိုက်သည်။

[ဟက်၊ အဲ့တော့ သူက လောင်းကစားမှာကြံရာပါဖြစ်နေတာကိုး။ လိမ်ညာမှုတွေနဲ့ ပြည့်နှက်နေတာ မဆန်းတော့ပါဘူး။ ဘယ်လောက်တောင် အရှက်မဲ့လိုက်လဲ။]

ချင်ကျောက်နှင့် ချင်ရုန်တို့သည်လည်း တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုခဲ့ကြသည်။ သူ့အစ်ကိုကောင်း၏ အနာဂတ်ဇနီးသည်အား လုံခြုံအောင်ကူညီပေးနေသည့် အဲဒီလူကိုမြင်လိုက်ရတော့ တကယ့်ကိုရင်ခုန် စရာပင်။

"ပိုအရေးကြီးတာက ကျွန်တော်တို့ရဲ့ လန်ကျွယ်က သူ့အနာဂါတ်ယောက္ခမတွေရဲ့ ပံ့ပိုးကူညီမှုကိုရထားပြီးသားပါ။ အခုချိန်မှာတော့ ခယ်မရဲ့အမေနဲ့ဦးလေးတို့က သူ့ကိုလျှို့ဝှက်ထားဖို့ကူညီပေးနေကြတာ။ အားလုံးပဲ ဒီ propose ကို သက်သေအဖြစ်စောင့်မျှော်နေကြတာ "

ဤကဲ့သို့ လှည့်စားခံရပြီးနောက်တွင် 'နောက်ဆုံးတွင် အတား အဆီးအားလုံးကိုကျော်ဖြတ်ခဲ့သည့် လူငယ်စုံတွဲ' အတွက် comment များ လျင်မြန်စွာပြည့်နှက်လာခဲ့သည်။

" သူတို့နှစ်ယောက် တကယ်သဘောတူခဲ့တာလား ? စွင်းမန်နဲ့ လန်ကျွယ် အရင်တုန်းက ချိန်းတွေ့ ခဲ့တာကို မှတ်မိသေးတယ်၊ သူတို့နှစ်ယောက်က အရမ်းမနှစ်သက်သလိုပဲ" ဖေးမင်ရွမ်က ပဟေဠိဆန်စွာပြောသည်။

ကျီဖေးလည်း ထူးဆန်းတာကိုတွေ့ လိုက်ရသည်။

[ အဲဒီတုန်းက စွင်းမန်ချိန်းတွေ့ ပြီး လက်ထပ်ပြီးရင် သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာမနေတော့ဘဲ သူတို့ရဲ့ ငွေရှာနွားမဖြစ်တော့မှာကို စိုးရိမ်တာကြောင့် သူတို့မကျေနပ်ခဲ့ကြတာ။ ဒါပေမယ့် အခုက..]

ချင်ကျောက်နှင့် ချင်ရုန်တို့သည် စိတ်ဝင်တစား နားထောင်နေကြစဉ်တွင် တစ်စုံတစ်ဦးက "တိတ်တိတ်နေ၊ သူလာနေပြီ!"

ပွဲရုံသည် ချက်ခြင်းတိတ်ဆိတ်သွားပြီး ပင်မမီးများ ရုတ်တ ရက် ပြတ်တောက်သွားကာ မြေပြင်ပေါ်တွင် ဖယောင်းတိုင်မီးများထွန်းညှိထားခဲ့သည်။

ရုတ်တရက် acapella က ငြိမ့်ငြိမ့်ညောင်းညောင်း အသံထွက်လာသည်။ လန်ကျွယ်က အချစ်သီချင်းအားသီဆိုခဲ့သည်။

အဆုံးတွင် သူသည် အဆိုတော်တစ်ယောက်ဖြစ်၍ သူ့သီချင်း ဆိုစွမ်းရည်က ပြဿနာမရှိချေ။ ချိုမြိန်သည့် အချစ်သီချင်းသံသည် ကျီဖေးနှင့် အခြားသူများအတွက် အလွန်အတုအယောင်ဖြစ်နေခဲ့သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် ဖယောင်းတိုင်မီးဖြင့် ဖွဲ့ စည်းထားသည့် လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေသည်။ သူတို့သည် လမ်းတစ်ဝက်တွင် ရပ်တန့်သွားပုံရပြီး ဆက်မလျှောက်ချင်သော်လည်း ဆက်လျှောက်ရန် ဆွဲခေါ်သွားခဲ့သည်။

ဖယောင်းတိုင်မီးများ ထွန်းညှိထားသည့်လမ်း၏အဆုံးတွင် ဒူးတစ်ဖက် ထောက်နေသည့်ပုံစံတစ်ခုကို ဝေဝေဝါးဝါးမြင်နိုင် သည်။

တခဏချင်းမှာပင် မီးလုံးများလင်းလာပြီး စင်ပေါ်မှကြည့်ရှုသူများက ချီးကျုးဩဘာပြုကြသည်။

ကျီဖေးသည် မားမားစွင်းမှ စွင်းမန်အား စင်ပေါ်သို့ ဆွဲခေါ်သွားသည်ကိုတွေ့ လိုက်ရပြီး စွင်းဦးလေးမှ နောက်မှလိုက်လာသည်။

လုလောင်ရှစ်သည် စင်မြင့်၏တစ်ဖက်တွင် တိတ်တဆိတ် ကြည့်နေခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပိုမိုနီးကပ်သည့်မြင်ကွင်းအား ပြသခဲ့သည်။

ဦးဆောင်မှုရှိသည့်အမျိုးသမီးတစ်ဦးအဖြစ် မွေးဖွားလာခဲ့သည့် မျက်နှာသည် နည်းပညာနှင့် ကြိုးစားမှုမရှိပဲအနက်ရောင်ဆံပင်များနှင့် မျက်ကွင်းများညိုကာ သဘာဝအတိုင်း ချိုမြိန်နေသော်လည်း ယခုအခါတောင့်တင်းပြီး ဖျော့တော့ကာ မနှစ်မြို့ဖွယ်အမူအရာဖြစ်နေခြင်းကို အားလုံးမြင်နိုင်ကြသည်။

သို့ပေမယ့် လန်ကျွယ်ကတော့ လုံးဝသတိမမူမိသလိုပင်၊ ဒါမှမဟုတ် ရိုးရိုးရှင်းရှင်းပင် ဂရုမစိုက်ပေ။

သူ့မျက်နှာမှာ လေးနက်သည့် ခံစားချက်များဖြင့်ပြည့်နှက်နေပြီး " မန်မန်၊ ကိုယ်မှားပါတယ်၊ ကိုယ် တကယ်မှားသွားတယ်။ ကိုယ်မင်းကို အရမ်းချစ်တယ်။ မင်း မရှိပဲ ကိုယ်မနေနိုင်ဘူး။ အဲဒီတုန်းက စိတ်ရှုပ်နေပြီး မင်းကိုစိတ်မချမ်းသာအောင်လုပ်ခဲ့မိတယ်၊ ဒါပေမယ့် မင်းကို ကိုယ်ကတိပြုပါတယ်၊ အခုကစပြီး မင်း မလုပ်စေချင်တဲ့အရာတွေကို ကိုယ်မလုပ်တော့ဘူး။ ဒုက္ခတွေနဲ့ ပြဿနာတွေအားလုံးကို လုံးဝပြေလည်သွားလိမ့်မယ်။ ကိုယ့်ကို နောက်ထပ်အခွင့်အရေးပေးပါ။"

၎င်းအားပြောပြီးနောက် လန်ကျွယ်က လက်စွပ်ဘူးကိုကိုင်လိုက်ပြီး အတွင်းထဲမှ အမျိုးသမီးဝတ်လက်စွပ်အား ထုတ်ယူလိုက်ပြီး သူ့အသံက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လုနီးပါးဖြစ်နေသည်။

"စွင်းမန် ကျေးဇူးပြုပြီး ကိုယ့်ကိုလက်ထပ်ပါ။ မင်းအမြဲတမ်းမိသားစုတစ်ခုကိုလိုချင်နေတာ ကိုယ်သိတယ်၊ ပြီးတော့ ကိုယ် မင်းကိုအရမ်းချစ်တဲ့မိသားစုဝင်တွေနဲ့ မိသားစုတစ်ခုကို ပေးနိုင်ပါတယ်။ အနာဂတ်မှာ ကိုယ်တို့ကလေးလေးရှိလာပြီး နွေးထွေးတဲ့မိသားစုလေးဖြစ်လာမှာသေချာတယ်။ ကိုယ်ကျိန်ပြောရဲတယ်၊ ဒီတစ်ခါတော့ မင်း ကိုယ့်ကို စိတ်မပျက်စေရဘူး။"

အပြင်လူများက သူဘာကိုဆိုလိုသည်ကို မသိကြဘဲ ယောက္ခမနှင့်ချွေးမတို့ ပြေလည်မှုရရန်သာစဉ်းစားကြပြီး ကြားလူကဲ့သို့ ဖျန်ဖြေရန်ပျက်ကွက်ကြသည်။

သို့ပေမယ့် စွင်းမန်နှင့် ကျီဖေး၏အဖွဲ့ ကတော့ သူပြောနေတာတွေကိုသိသည်။ သူက လောင်းကစားကိုဖြတ်ဖို့ ရည်ညွှန်းနေတာဖြစ်သည်။

၎င်းသည် အမှန်တကယ် ပြုပြင်ပြောင်းလဲပြီး သူ့အချစ်အား ပြန်လည် ရယူရန် အပြင်းအထန် ကြိုးစားနေသူတစ်ဦးနှင့် တူနေပုံရသည်။ တိုက်ရိုက်ထုတ်လွှင့်မှုဗီဒီယိုတွင် သူ၏ ရိုသေလေးစားသည့်အကြည့်နှင့် မျက်ရည်များတောက်ပြောင်နေ သည်ကိုပင်မြင်တွေ့ နိုင်သည်။

[ Damn၊ မျက်နှာကသိပေမယ့် နှလုံးသားနဲ့တော့ မဟုတ်ဘူး။ ဒီလိုမျိုးသရုပ်ဆောင်စွမ်းရည်တွေနဲ့ဆိုရင် နင် သရုပ်ဆောင်မလုပ်တာကဖြုန်းတီးနေတာပဲ၊] ကျီဖေးစိတ်ထဲမှ မလှောင် ပြောင်ပဲမနေနိုင်ပေ။

[ ဖေးကျဲ ပြောသလိုပဲ၊ ယောက်ျားရဲ့ ပါးစပ် + လောင်းကစားသမား၊ နှစ်ထပ်ကွမ်းပွတ်တိုက်မှုပဲ။ ဒါလူတွေကို လှည့်စားနေတဲ့ သရဲတစ္ဆေအဆင့်တောင် မဟုတ်တော့ဘူး၊ အဲဒါ နတ်ဆိုးပဲ၊ နင့်ရဲ့နောက်ဆုံးသွေးတစ်စက်အထိ စုပ်ယူဖို့ဆုံးဖြတ်ထားတာ!]

All Chapters