← Chapters

အခန်း (၁၅၇)

Vol. 16 Ch. 157

အခန်း (၁၅၇)

Vol. 16 Ch. 157

လန်ကျွယ်စကားပြောပြီးသွားတော့ စွင်းမန်အားကြည့်ရင်း ချစ်စဖွယ်အမူအရာမျိုး လေးနက်စွာလုပ်ပြလိုက်သည်။

စွင်းမန်အလိုချင်ဆုံးအရာကို သူ အမြဲသိခဲ့သည်။

စွင်းမန်သည် ဖခင်မရှိဘဲကြီးပြင်းခဲ့ပြီး သူ့အဖိုးအိမ်တွင် မိခင်နှင့်အတူနေထိုင်ခဲ့သည်။ သူ့အဘိုး၏မိသားစုမှာ ဖိုဝါဒကြီးစိုးသူများဖြစ်ပြီး သူ့ မိခင်မှာ "အစ်ကိုကိုထောက်ပံ့ပေးသော ဂန္တဝင်ညီအစ်မ" ဖြစ်သည်။ သူ၏မူလမိသားစုနှင့် ချည်နှောင်ထားသည့် သူကြီးပြင်းလာခဲ့သည့် မေတ္တာမဲ့ပတ်ဝန်းကျင်မျိုးကိုစိတ်ကူးကြည့်ရန် လွယ်ကူသော်လည်း ကိုယ်ကျင့်တရားအရချုပ်ချယ်ထားသကဲ့သို့ အမြဲတမ်းခွန်အားမရှိသလိုခံစားနေရသည်။

လန်ကျွယ်နှင့်ချိန်းတွေ့ တုန်းက သူသည် ချမ်းသာသည့်လူနှင့် လက်ထပ်ရန်မလိုအပ်ဘူးဟုပြောခဲ့ဖူးသည်။ သူသည်နွေးထွေးသည့်အိမ်လေးတစ်လုံးနှင့် သူ့အားအမှန်တကယ် ချစ်မြတ်နိုးလေးစားသည့် တစ်စုံတစ်ယောက်သောသူကိုသာသူ့အနားတွင် ရှိနေစေချင်သည်။ သူသည် ကလေးများလိုချင်ပြီး သားသမီးများကိုကောင်းမွန်စွာဆက်ဆံပေးကာ ရယ်မောပျော်ရွှင်မှုများဖြင့် အိမ်လေးတစ်လုံးကိုဖြည့်ဆည်းပေးနိုင်ရန်မျှော်လင့်ထား သည်။

တကယ်တော့ စွင်းမန်က သူသည် တခြားမင်းသမီးများနှင့် မတူဟု လန်ကျွယ်အားသတ္တိရှိရှိဖြင့် အရိပ်အမြွက်ပြောခဲ့သည်။ သူသည် ကြယ်ပွင့်တစ်ယောက်ဖြစ်ရန်မဟုတ်ဘဲ သရုပ်ဆောင်တစ်ဦးဖြစ်လိုသောကြောင့် စောစောစီးစီးလက်ထပ်ရန်ဆန္ဒရှိပြီး သရုပ်ဆောင်ရခြင်း ရည်ရွယ်ချက်မှာငွေရှာရန်မဟုတ်ပေ။

သို့ပေမယ့် လန်ကျွယ်က ဒီအကြောင်းအရာကိုရှောင်ခဲ့သည်။ စွင်းမန်သည် အချစ်ရေးတွင် လုံးဝနုံအသောမိန်းကလေးဖြစ်သောကြောင့် စွင်းမန်နှင့် ချိန်းတွေ့ ခဲ့သည်။ သူ့လျှို့ ဝှက်ချက်များအားရှာဖွေတွေ့ ရှိခဲ့လျှင်ပင် သူသည် သူ့အား ထုတ်ဖော်ပြသမည်မဟုတ်ပေ။ သူ့ကို အတော်လေးလုံခြုံစေသည်။ ထို့အပြင်၊ သူသည် နာခံမှုအပြည့်ဖြင့် လန်ကျွယ်အပေါ်ပိုက်ဆံများသုံးရန်ဆန္ဒရှိခဲ့သည်။ သူ စွင်းမန်အားနှစ်သက်သော်လည်း စောစောစီးစီးအခြေမချချင်ပေ။

မမျှော်လင့်ထားဘဲ သူ လောင်းကစားလုပ်နေမှန်း စွင်းမန်သိသည်နှင့် မထင်မှတ်ဘဲလမ်းခွဲခဲ့သည်။

ပထမတော့ လန်ကျွယ်က စွင်းမန်သည် ပိုက်ဆံကိုပဲစိတ်ဝင်စ ားပြီး သူ့ အပေါ် တကယ်ချစ်မြတ်နိုးပြီး သူနှင့်အတူအိမ်လေးတည်ဆောက်ချင်သည်ဟူသည့် စကားသည် အချည်းနှီးသက် သက်ပဲဟုထင်ခဲ့သည်။

သို့ပေမယ့် သူ့ကိုယ်သူ အဆုံးသတ်မိခါနီးတွင် စွင်းမန်၏ သူ့အားကူညီချင်သည့် စိတ်နှလုံးသားမှာ လုံလုံလောက်လောက်ပျော့ပျောင်းနေသည်ဆိုတာ သိလိုက်ရသည်။

ထို့ကြောင့် စွင်းမန်အား သူ မငြင်းနိုင်သည့် အရာတစ်ခုကိုပေးရန်ဆုံးဖြတ်ခဲ့သည်။ ဒီနုံချာတဲ့မိန်းကလေးက သူ့အနားပြန် ရောက်လာမည်မှာသေချာသည်။

ထို့အပြင် စွင်းမန်သည် မိသားစုအပေါ် ခိုင်မာသည့်သဘော ထားရှိသည်။ အိမ်ထောင်ကျပြီးနောက် အမှန်တရားကို ရှာဖွေတွေ့ ရှိခဲ့လျှင်ပငါ သူ့အကြွေးများအားပြန်ဆပ်ရန် ဝီရိယရှိရှိကူညီပေးလိမ့်မည်။ ပြတ်ပြတ်သားသားပြောရလျှင် သူသည် အလုပ်ကြိုးစားမည့်သူမျိုးဖြစ်သည်။

၎င်းအား စိတ်ချလက်ချတွေးပြီး လန်ကျွယ်က စွင်းမန်၏လက်ကိုဆွဲကာ လက်စွပ်တစ်ကွင်းထည့်လိုက်သည်။

သို့ပေမယ့် နောက်တစ်စက္ကန့်မှာပင် စွင်းမန်က ရုတ်တရက် သူ့လက်အား ပြန်ဆွဲလိုက်သည်။

လန်ကျွယ်အံ့အားသင့်သွားကာ စွင်းမန်သူ့အား မျက်မှောင်ကြုတ်ကာ ကြည့်နေသည်ကို တွေ့ လိုက်ရသည်။ သူ၏ ချိုသာသောမျက်နှာသည် ယခုအခါ တဖြည်းဖြည်း ဒေါသများဖြင့်ပြည့်နှက်လာသည်။

ထိုအခိုက်အတန့်ကြောင့် အနီးပတ်ဝန်းကျင်ရှိလူများ တိတ်ဆိတ်သွား သည်။

ကျီဖေးသည် တိတ်ဆိတ်သောခန်းမထဲတွင် အကျယ်ကြီးမရယ်မိစေရန် သူ့၏ပေါင်ကို အပြင်းအထန်ညစ်လိုက်လေသည်။

သူ့ခေါင်းအား လှည့်ကြည့်လိုက်တော့ ချင်ကျောက်နှင့်ချင်ရုန်တို့သည် သူတို့၏ပေါင်များအား ညစ်နေကြသည်ကို တွေ့ လိုက်ရပြီး ဖေးမင်ရွမ် သည် ရုတ်တရက်အလွန်စိတ်ဝင်စားကာ မျက်ခုံးပင့်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ chatသည် ခဏတာ ဖရိုဖရဲဖြစ်ခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ?"

"လန်ကျွယ် အငြင်းခံရတာလား?"

" Host ဖန်တီးထားတဲ့ အငွေ့ အသက်ကြောင့် အရာအားလုံး ချော ချောမွေ့ မွေ့ ဖြစ်နေတယ်လို့ ငါထင်ခဲ့တာ"

" သူရှက်နေတာလား ဒါမှမဟုတ် တစ်ခုခုပြောချင်နေတာဖြစ်နိုင်လား?"

အင်တာနက်သုံးစွဲသူများကတော့ လုံးဝကို စိတ်ရှုပ်သွားကြသည်။

နောက်တစ်စက္ကန့်တွင် စွင်းမန်က " ရှင်ဘာလုပ်နေတာလဲ? ကျွန်မတို့ ရှင်း သွားပြီထင်တယ်နော်၊ ကျွန်မတို့ လမ်းခွဲလိုက်ပြီးပြီလေ"

လန်ကျွယ်၏မျက်နှာ ပြောင်းလဲသွားပြီး သူ့အပြုံးသည် မာမာတင်းတင်း ဖြစ်သွားသည်။ " မန်မန်၊ မင်းကိုယ့်ကို စိတ်ဆိုးနေသေးတာလား? ကိုယ် ပြောတာကို မင်းနားမလည်ဘူးလား?"

" ကျွန်မ နားလည်တယ်၊ ဒါပေမယ့် ဒါက ကျွန်မနဲ့ဘာမှမဆိုင်ဘူး။ ကျွန်မတို့ လမ်းခွဲပြီးပြီ" ဟု စွင်းမန်က အခိုင်အမာ ပြောကြားခဲ့သည်။

လန်ကျွယ်သည် စွင်းမန်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။ သူ

မိန်းကလေးများအား ကောင်းစွာနားလည်သည်ဟု ထင်ခဲ့သော်လည်း စွင်းမန်၏တုံ့ပြန်မှုသည် သူ့စိတ်ကူးယဉ်မှုများအားလုံးဝကြေမွသွားစေခဲ့ သည်။

" မင်း... မင်းအိမ်မလိုချင်ဘူးလား? ကိုယ် မင်းကို ပေးဖို့ဆန္ဒရှိတယ်..."

"ရှင် ပေးချင်ပေမယ့် ကျွန်မ မလိုချင်ဘူးလေ " စွင်းမန်က ဘာသိဘာသာ ပြောလိုက်သည်။

[Pfft၊ သူက အိမ်လိုချင်တာ၊ နင်က သူ့ကိုပျက်စီးနေတဲ့ အဆောက်အဦးပေးနေတာ။]

ချင်ကျောက်နှင့်ချင်ရုန်တို့သည် ရယ်ချင်စိတ်ကိုထိန်းထားရသည်။

[ လန်ကျွယ်က သူ့ကိုယ်သူ ငယ်ရွယ်တဲ့မိန်းကလေးတွေကို စိတ်ပိုင်းဆိုင်ရာထိန်းချုပ်နိုင်တယ်လို့ထင်နေပေမဲ့ ထက်မြက်ပြီး အချစ်မခံရတဲ့ မိန်းကလေးတစ်ယောက်နိုးထလာတဲ့အခါမှာ အပြင်းထန်ဆုံးကာကွယ်ရေးယန္တရားကို ဖန်တီးပြီး အန္တရာယ်ရှိတဲ့ အရာမှန်သမျှကို အဝေးကိုမောင်းထုတ်ပစ်ဖို့ သူ့ရဲ့သိမ်မွေ့ မှုနှင့် ရှက်ရွံ့မှုတွေကိုအသုံးပြုနိုင်တာကိုတော့ သူ မသိလိုက်ရှာဘူး။ အဲ့တာကြောင့် ဦးလေးစွင်းနှင့် မားမားစွင်းကိုတော်လှန်နိုင်ခဲ့တာ။]

ချင်ကျောက်နှင့်ချင်ရုန်တို့လည်း နားလည်ပြီးသက်ပြင်းချကြသည်။ ကံကောင်းထောက်မစွာ၊ စွင်းမန်သည် ယောက်ျားတစ်ယောက်၏မှားယွင်းသည့်ချစ်ခြင်းမေတ္တာထံမှ လှည့်စားခြင်းမခံရလောက်အောင်သန်မာခဲ့သည်။

စွင်းမန်၏ထပ်ခါတလဲလဲငြင်းဆိုမှုများကြောင့် လန်ကျွယ်သည် ခဏတာ စကားလုံးများဆုံးရှုံးသွားခဲ့သည်။

လမ်းခွဲလိုက်သည့်အခါတုန်းက သူ စွင်းမန်အား သူ၏လောင်း ကစားမှုများကို မဖော်ထုတ်ရန်တောင်းပန်ခဲ့ပြီး သူသဘောတူခဲ့သည်။ ဒရာမာတစ်ကားမှ အမျိုးသားသရုပ်ဆောင်တစ်ဦးနှင့် လိမ်လည်လှည့်ဖြားမှုကြောင့် လမ်းခွဲသည်ဆိုသည့် ကောလ ဟာလများ ပျံ့နှံ့နေချိန်မှာတောင် သူ့နာမည်ကိုရှင်းဖို့ သူ့ရဲ့ လျှို့ဝှက်ချက်ကိုမသုံးခဲ့ပေ။

ထိုသို့သော တုံးအသည့်မိန်းမသည် လှည့်စားရန် လွယ်ကူသင့်သည်။

ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ ?

ထိုအချိန်တွင် စွင်းမန်၏ပတ်ပတ်လည်တွင် လှည့်ပတ်နေသည့် လူနှစ်ယောက်ခုန်ထွက်လာသည်။

တွိဂံပုံမျက်လုံးနှင့် ကြမ်းတမ်းသည့်အသွင်အပြင်ဖြင့် မားမားစွင်းက "စွင်းမန်၊ နင့်ကို သူ့နဲ့ချိန်းတွေ့ဖို့ ငါတို့ ခွင့်မပြုတုန်းကကျတော့ သူ့အတွက်နဲ့ နင် ငါတို့နဲ့ငြင်းခုံခဲ့တာလေ။ အခု သူ propose လုပ်တော့ နင် ငြင်းပြန်တယ်။ နင် စိတ်ဆိုးနေသေး တာလား ? နင့် ဒေါသကြောင့် လက်တွဲဖော်ကောင်းကို ဆုံးရှုံးလိုက်ရရင် နင် နောင်တရလိမ့်မယ်နော်။"

ဦးလေးစွင်းသည် ပိန်လှီသည့်ခန္ဓာကိုယ်ဖြင့် ရှေ့သို့ တုန်တုန်ရီရီတိုးလာကာ " စွင်းမန်၊ နင့်ကောင်လေးနဲ့ မကြာခဏရန်ဖြစ်တာ အဆင်ပြေပေမယ့် လူအများရှေ့မှာတော့ သူ့ကို အရှက်မခွဲနဲ့လေ။ လန်ကျွယ်က အရမ်းရိုးသားတယ်၊ မင်း အခုလိုလုပ်နေတာက မရင့်ကျက်သေးတာပဲ။"

စွင်းမန် နောက်ဆုံး တစ်စုံတစ်ခုနားလည်သွားပုံရပြီး ၎င်းတို့ကို မယုံကြည်နိုင်စွာကြည့်နေလေသည်။

"ရှင်တို့ သူ့နဲ့ လက်ထပ်စေချင်နေတာလား ? ဘာလို့လဲ ?"

သူ့အား ချမ်းသာသည့်သူဌေး သို့မဟုတ် ဂုဏ်သိက္ခာရှိသည့်မိသားစုထဲမှ အဖွဲ့ဝင်တစ်ယောက်နှင့် လက်ထပ်စေချင်သည်ဟု သူတို့ဘယ်တုန်းကမှမပြောခဲ့ဖူးပေ။ လန်ကျွယ်သည် ထိုဖော်ပြချက်နှင့်မကိုက်ညီပေ။

နှစ်ယောက်သားစိတ်မသက်မသာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

အမေစွင်းက "ဟုတ်တယ်၊ နင့်ရဲ့ ပျော်ရွှင်မှုအတွက် ငါတို့လုပ်နေတာ။ နင် ဒီအသက်အရွယ်ရောက်နေပြီ၊ လူကြီးဖြစ်နေပြီ၊ ငါတို့ နင်ပျော်နေတာကိုပဲမြင်ချင်တယ်၊ တခြားဘာမှ အရေးမကြီးဘူး"

ဦးလေးစွင်းကလည်းကြင်နာပြုံးပြပြီး ”လန်အာက နင့်အပေါ် ရိုးသားပါတယ်၊ ဦးလေးတို့က မင်းကိုယုံကြည်တယ်"

စွင်းမန် သူတို့အား မသိဖူးသလိုစိုက်ကြည့်လိုက်သည်။ ဒီရက်တွေမှာ ၎င်းတို့သည် စစ်အေးတိုက်ပွဲအား ဆက်ကာအံတုနေခြင်းကြောင့်ဖြစ်သည်။ ဤရုတ်တရက် စိုးရိမ်သောကဖြစ်မှု သည် စွင်းမန်အားစိတ်လွှတ်သွားစေခဲ့သည်။

သူ၏ဆွေမျိုးနီးစပ်များမှ သူ့အားကြင်နာစွာဆက်ဆံသည်မှာ ရှားပါးလွန်းသောကြောင့် စွင်းမန်၏မျက်လုံးများသည် အနည်းငယ် ယိမ်းယိုင်သွားကာ သူ့အမူအရာမှာ အနည်းငယ် ပျော့ပျောင်းသွားသော်လည်း သူ့ ဆုံးဖြတ်ချက်မှာမူမပြောင်း လဲပေ။

"ကျွန်မ.. ကျွန်မက သူ့အတွက် မသင့်တော်ဘူး"

ထို့နောက် သူထွက်သွားဖို့ကြိုးစားခဲ့ပေမယ့် တစ်ဖက်တစ်ချက်မှ မားမားစွင်းနှင့် ဦးလေးစွင်းတို့ကတားခဲ့သည်။

"သမီးလေး ပြန်စဉ်းစားပါဦး"

"လန်အာက ကောင်းတယ်လို့ ငါတို့အားလုံးထင်တယ်၊ မင်းတို့ နှစ်ယောက်အတူရှိနေတာကို ငါတို့ ထောက်ခံတယ်။"

ကျီဖေးနှင့် အခြားသူများသည် ဤဒရာမာအား အံ့အားသင့်စွာ တိတ်တဆိတ်ကြည့်ရှုခဲ့ကြသည်။

ဖေးမင်ရွမ်က " သူတို့ရဲ့ငွေရှာနွားက ဆယ်သန်းလောက်ဆုံးရှုံးသွားတာကိုသိခဲ့ရင်၊ သူတို့ ဒီလောက်ထိ ကူညီပေးနေပါအုန်းမလား ? စွင်းမန်ကို တကယ်ပျော်ရွှင်စေချင်တဲ့ သူမျိုးလို့တော့ ငါတော့ မထင်ဘူး။"

" သူတို့စကားတွေက တကယ်ကို စိတ်မသက်မသာစရာပဲ" ဟု ချင်ရုန်က ပြောသည်။

ချင်ကျောက်က " စိုးရိမ်နေတာက အတုအယောင်ပဲ၊ စွင်းမန်ကို မသိမသာ အထင်သေးနေတာကမှ တကယ်အမှန်။"

ကျီဖေး လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်သည်။

[ တစ်ကိုယ်ကောင်းဆန်တဲ့သူတွေက ပုံမှန်အားဖြင့် အကျိုး

စီးပွားကိုအာရုံစိုက်ကြတယ်။ ငွေရှာစက်က စပုန်ကန်လာပြီ ငွေကြေးပိုင်းကိုထိန်းချုပ်ချင်နေပေမဲ့ စွင်းမန်ကိုထပ်ပြီးထိန်း ချုပ်လို့မရတော့ဘူးလို့ သူတို့ခံစားနေရပြီ။ အဲဒီနောက် လန်ကျွယ်က သူတို့လက်ထပ်နိုင်ရင် ခန်းဝင်ပစ္စည်းတွေမတောင်းဘဲ အိမ်ထောင်ရေးလက်ဆောင်တွေ အများကြီးပေးမယ်လို့ ကတိပေးခဲ့တယ်လေ၊ စွင်းမန်ကို သူတို့နဲ့ရင်ကြားစေ့ဖို့စည်းရုံးပြီး သူ့အရင်ကလို နာခံမှုရှိတဲ့ သားသားမီးမီးတို့ရဲ့ မိခင်ဖြစ်လာဖို့ လည်းကတိပေးလိုက်သေးတယ်။]

All Chapters