← Chapters

အခန်း (၁၅၈)

Vol. 16 Ch. 158

အခန်း (၁၅၈)

Vol. 16 Ch. 158

ချင်ကျောက်နှင့်ချင်ရုန်တို့သည် ရှင်းပြချက်အားကြားသည့်အခါ ချက်ချင်းဆိုသလိုနားလည်သွားပြီး အမြတ်ရနိုင်သည်ကို သိလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူတို့ ရွံရှာသွားကြသည်။

ရင်းနှီးသည့်ဆွေမျိုးများနှင့် ချစ်သူဟောင်းများအားလုံးသည် ရိုးသားပြီး အလုပ်ကြိုးစားသည့်မိန်းကလေးအား ဝံပုလွေများကဲ့သို့ အမှန်တကယ်ကို အမဲဖျက်ရန်ကြံစည်နေကြသည်။

မဟုတ်ပေ၊ ပိုတိကျသည်မှာ၊ ၎င်းသည် အရာအားလုံးအား ကြိုးကိုင်ထားသည့် လောင်းကစားသမားဖြစ်သည်။ မားမားစွင်းနှင့် ဦးလေးစွင်းတို့သည် နယ်ရုပ်အဖြစ်အသုံးပြုခြင်းခံရကာ လန်ကျွယ်အား မိုက်မဲစွာယုံကြည်ခဲ့ကြသည်။

ထိုကဲ့သို့ ဉာဏ်ရည်ဉာဏ်သွေးမျိုးဖြင့် စွင်းမန်၏စတူဒီယိုအား ကောင်းစွာ မစီမံနိုင်ခဲ့သည်မှာအံ့ဩစရာမရှိပေ။ သူတို့စိတ်ထဲတွင် တစ်ချိန်လုံးပိုက်ဆံသာရှိနေလောက်သည်။

ကျီဖေး၏အတွေးများက သူတို့၏သံသယများအား မကြာခင်အတည်ပြုလိုက်သည်။

[ ဒါက ငါ့မျက်လုံးတွေကိုစွန်းထင်းစေခဲ့တာက သူတို့ရဲ့တကယ့်နက်မှောင်နေတဲ့ နှလုံးသားတွေပဲ။ ပုန်ကန်လာတဲ့စွင်းမန်က ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီလို့ထင်ကြတယ်။ ချမ်းသာတဲ့မိသားစုနဲ့ လက်ထပ်ရင် နာခံဖို့အလားအလာက ပိုတောင်နည်းသွားလိမ့်မယ်။ အမြဲတမ်းလွယ်ကူပြီး ယဉ်ကျေးသိမ်မွေ့ တယ်လို့ သူတို့ထင်နေတဲ့လန်းကျွယ်အတွက်တော့ အခြေချလို့ပိုကောင်းသွားပြီ။ တစ်ခါ သူတို့ စွင်းမန်နှင့် စကားများကြတုန်းက လန်ကျွယ်ဖျန်ဖြေပေးပြီး စွင်းမန်ကို တောင်းပန်ခိုင်းခဲ့တယ်။ သူက အသက်ကြီးတဲ့သူတွေလေးစားပုံပေါ်နေတာ။ အဲ့တာကြောင့် ဒီလိုအရေးကြီးတဲ့အချိန်မှာ၊ သူတို့က စွင်းမန်ကိုလက်ထပ်ပြီး သူ့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့မျှော်လင့်ချက်နဲ့ လန်ကျွယ်နဲ့အခြေချ ပေးဖို့ရွေးချယ်ခဲ့တာ]

[ စွင်းမန်ရဲ့ ဦးလေးအပေါ် ငါ မှတ်ချက်မပေးချင်ပေမယ့် မားမားစွင်းကလည်း ? ငါ တကယ်ကို... ]

ကျီဖေး၏ဒေါသအား ခံစားမိကာ ချင်ကျောက်နှင့်ချင်ရုန် တို့သည်လည်း တူညီသည့်ခံစားချက်အား မျှဝေခဲ့ကြသည်။

ဒီလိုထူးထူးဆန်းဆန်းမိဘများအား သူတို့တွေ့ဖူးသည့် နောက် ဆုံးအကြိမ်က ချူရှင်းယွဲ့ပင်။ အမြွှာများ၏မိဘများသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းလောက်အောင် ဘက်လိုက်နေသည်ဆိုတာထက် မိသားစုအတွက် သူ၏တစ်ဦးတည်းသောသမီးအား မဆုတ်မနစ်ဖြင့် အမြတ်ထုတ်နေသည့် မိခင်သည် ပိုလို့ပင်ကြောက်စရာကောင်းသည်။

[ စွင်းမန်ရဲ့ ငွေရှာနိုင်စွမ်းကြောင့်သာမဟုတ်ရင် သူ့ဝမ်းကွဲရဲ့ မင်္ဂလာပွဲမှာ ရန်ပုံငွေအတွက် သတို့သမီးဈေးနဲ့ ရောင်းစားခံရနိုင်တယ်။]

ချင်ကျောက်နှင့် ချင်ရုန်တို့သည် မိခင်တစ်ဦးမှ မိမိကလေးအပေါ် အပြင်လူများလောက်ပင် မျက်နှာသာမပေးဘဲ ထိုမျှဆိုးရွားသည်ကို ဘာပြောရမည်မသိတော့ပေ။

သို့ပေမယ့် နောက်အခိုက်အတန့်မှာတော့ ထူးထူးဆန်းဆန်းတွေက ကန့်သတ်ချက်မရှိဘူးဆိုတာကို သူတို့ သဘောပေါက်သွားကြသည်။

[ ယုံတောင်မယုံနိုင်ဘူး၊ ဒီလိုအခြေအနေမျိုး တကယ်ရှိခဲ့တာလား? စွင်းမန်က ဈေးကြီးလို့ဆိုပြီးရုပ်ရှင်တက္ကသိုလ်ကိုတောင် မတတ်ခဲ့ရဘူး။ သူ့ အဖေချန်ထားခဲ့တဲ့ အမွေတွေကလည်း သူ့ဝမ်းကွဲ နိုင်ငံခြားမှာကျောင်းတက်ဖို့အတွက် ချေးဖို့ရည်ရွယ်ထားတယ်။ အဲ့ဒါကြောင့် သူ့အမေက သူ့ကို ပုံမှန်တက္ကသိုလ်ပဲတက်စေချင်ပြီး အနာဂတ်မှာအောင်မြင်မယ့် အစ်ကိုတစ်ယောက်ရှိခြင်းက သူ့အတွက်အထောက်အကူဖြစ်စေလိမ့်မယ်ဆိုပြီး အကြောင်းပြချက်ပေးခဲ့တယ်။ ဒါ သူကောင်းဖို့အတွက် မဟုတ်ဘူးမလား?!]

[နောက်ပြီး သူက သူနဲ့ကိုက်ညီမဲ့ သူနဲ့တက္ကသိုလ်တစ်ခုတည်းမှာကျောင်းတက်နေတဲ့ တခြားမိသားစုက ကောင်လေးတစ်ယောက်ကိုတောင်ရှာတွေ့ ခဲ့သေးတယ်။ သူက စွင်းမန်ကို ကျောင်းမှာ အဲ့ကောင်လေးကိုပြုစုစောင့်ရှောက်ပေးစေချင်ပြီး သူ့တူလေးကို ပိုကောင်းတဲ့ကျောင်းကိုပို့ပေးနိုင်ဖို့ သတို့သမီးကြေးကိုတိုးပြီးတောင်းခဲ့သေးတယ်။ ဒါ တူလေးအတွက် တောက်ပတဲ့အနာဂါတ်ကို ထူထောင်ပေးဖို့အတွက် သူ့သမီးကို ကျောင်းမှာ တခြားသူကို ထိန်းကျောင်းခိုင်းနေတာမဟုတ်ဘူးလား? အကြောင်းပြချက်က သူက ချောမောပြီးအနိုင်ကျင့်ခံရနိုင်တာကြောင့် စေ့စပ်ပွဲကိုစောစောစီးစီးလုပ်ပြီး စေ့စပ်ထားသူကိုကျောင်းမှာ အကာအကွယ်ပေးထားတာက ပိုကောင်းတယ်တဲ့။]

ချင်ကျောက်နှင့် ချင်ရုန်တို့သည် အံသြသွားကြသည်။

[ကံကောင်းထောက်မစွာနဲ့ပဲ၊ သူတို့က သူ့ကိုကြိုးကိုင်ဖို့အတွက် ' နင် ကောင်းဖို့အတွက်' ဆိုတာလိုမျိုး မြင့်မြတ်တဲ့ အကြောင်း ပြချက်တွေသုံးပြီး စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုမျိုးပဲလုပ် နိုင်ခဲ့တယ်။ စွင်းမန်ကို အတင်းအကြပ် မလုပ်ရဲတဲ့အတွက် သူကိုယ်တိုင်လျှောက်လွှာနဲ့ စာရင်းသွင်းဖို့ တိတ်တဆိတ် စီစဉ်ခဲ့ပြီး အဲဒီအစီအစဉ်တွေက ဘာမှဆက်မဖြစ်ခဲ့ဘူး။]

နှစ်ယောက်သားသက်ပြင်းချရင်း စိတ်သက်သာရာရသွားသော် လည်း စိတ်ပျက်လက်ပျက်ခံစားလိုက်ရသည်။ ဒါတွေအားလုံးဖြစ်သွားတာတောင် စွင်းမန်က ဒီဆွေမျိုးရင်းချာတွေနဲ့အဆက် အသွယ်မဖြတ်ခဲ့ဘူးလား? သူ့ဘဝထဲ ဝင်စွက်ဖက်ဖို့ခွင့်ပြုထား‌ တုန်းပဲ ??

မိသားစုအပေါ် သူ၏တွယ်တာမှုသည် သွေးအန်ချင်လောက်အောင် အားကောင်းနေပုံရသည်။

သို့ပေမယ့် သွေးစည်းမှုသည် ပြုကွဲဖို့ခက်သည်။ စွင်းမန်မှလွဲ၍ မည်သူ မျှ သူ၏ စိတ်ခံစားမှုဆိုင်ရာလိုအပ်ချက်များ၏ အဓိပ္ပါယ်ကို မသိပေ။ သူသန်မာလာသည်နှင့်အမျှ သူ့အနားတွင် ဆွေမျိုးကောင်းများရှိနေလိမ့်မည်ဟု သူယုံကြည်နေပေမည်။

တစ်ခုတည်းသောနှစ်သိမ့်မှုမှာ စွင်းမန်သည် ပြီးပြည့်စုံသောမိသားစုအားအစွဲအလမ်းကြီးသူမဟုတ်သဖြင့် မိမိကိုယ်ကိုကယ်တင်ရန် အခွင့်အလမ်းရှိနေသေးသည်။

ယခုဆိုလျှင် စွင်းမန်သည် ထိုကဲ့သို့သောပုံစံဖြင့် ဆွဲဆောင်ခံရ သော်လည်း သူ စိတ်ပြောင်းမည်မဟုတ်ပေ။ သူသည် သူ့ဘဝအား ထိန်းချုပ်နိုင်ရန် အကောင်းဆုံးကြိုးစားနေသည်။

စွင်းမန်၏ဦးလေးနှင့် မားမားစွင်း၏ဆွဲဆောင်မှုမှာ အလုပ်မဖြစ်သည်ကို မြင်လိုက်ရတော့ လန်ကျွယ်က အဖြစ်မှန်ကို ပြန်ပြောင်းပြောပြသည်။

သူ ချက်ချင်းပင် စိတ်အားထက်သန်လာပြန်သည်။

"မန်မန်၊ မင်းကိုယ့်ကို စိတ်ဆိုးနေသေးတာ ကိုယ်သိပါတယ်။ ကောင်းပြီ၊ မင်း ကျေနပ်သလောက် ကိုယ့်ကို အပြစ်ပေးလို့ရတယ်၊ ဒါမှမဟုတ် ကိုယ့်ကိုကျိန်ခိုင်းမလား၊ ဘာမဆိုလုပ်မယ်၊ ကိုယ့်ကို အခွင့်အရေးပေးပါ။ ကိုယ့်ကို လက်ထပ်လိုက်၊ ကိုယ်တို့လက်ထပ်စာချုပ်ကို ဒီနေ့ သွားယူလို့ရတယ်၊ အနာဂတ်မှာ ကိုယ့်ရဲ့ ပြောင်းလဲမှုတွေကို မင်း မျက်မြင်တွေ့ နိုင်တယ်၊ အိုကေ ?"

ထိုအချိန်တွင် လန်ကျွယ်သည် သူ့သူငယ်ချင်းအား တစ်ချက်ကြည့်လိုက်ပြီး သူငယ်ချင်းများက ချက်ချင်းပင် "သူ့ကို လက် ထပ်ပါ ၊ သူ့ကို လက်ထပ်ပါ၊ လက်ထပ်ပါ..."

အနီးနားရှိလူအုပ်ကြီးသည်လည်း ဆူပူအုံကြွမှုထဲ ပါဝင်လာကြသည်။

နောက်ခံတေးဂီတအား တီးမှုတ်ခြင်းဖြင့် လူများစွာသည် စည်းချက်ကို ရိုးရှင်းစွာ လိုက်ဆိုခဲ့ကြသည်။ တိုက်ရိုက်ထုတ်လွှင့်နေသည့် သူငယ်ချင်းသည် တိုက်ရိုက်ထုတ်လွှင့်မှုအား ဖန်သားပြင်ကြီးနှင့်ပင် ချိတ်ဆက်ထားသည်။ ကြည့်လိုက်လျှင် စခရင်ပေါ်ရှိ commentအများ စုသည်။

"သူ့ကို လက်ထပ်ပါ၊ သူ့ကို လက်ထပ်ပါ!"

စွင်းမန်၏ဦးလေးနှင့် မားမားစွင်းတို့သည် စွင်းမန်အားလှမ်းဆွဲလိုက်သည်။

လေထုသည် အထွတ်အထိပ်သို့တွန်းပို့ခဲ့သည်။

စွင်းမန် အရာအားလုံးကိုမြင်လိုက်ရတော့ သူ့တွင် ဖိအားများဖုံးလွှမ်းသွားသလိုခံစားလိုက်ရသည်။ ပတ်ပတ်လည်ကိုကြည့်လိုက်ရာ သူ့ ဘေးတွင် လူတစ်ယောက်မှမရှိပေ။

ကျီဖေးနှင့် အခြားသူများသည် လူတစ်စုထံမှ မီးတွင်းထဲသို့ တွန်းချခံနေရသည့် မိန်းကလေးကောင်းတစ်ဦးအား လုံးလုံး လျားလျား ကူကယ်ရာမဲ့စွာကြည့်နေကြသည် ။

စွင်းမန်သည် သူ၏နူးညံ့သိမ်မွေ့ သည့် စိတ်သဘောထားကြောင့် အလွယ်တကူတုန်လှုပ်သွားတတ်သည်ကို လန်ကျွယ်သိပြီး "ကြည့်လိုက်၊ မင်း အမေနဲ့ ဦးလေး၊ ငါ့အမေနဲ့ သူငယ် ချင်းတွေ အများကြီးက ငါတို့ကို အတူတူနေဖို့ အားပေးနေကြတယ်"

လန်ကျွယ်က ထောင့်မှာရပ်နေသည့် လုလောင်ရှစ်အား အတိ အကျညွှန်ပြလိုက်သည်။

လုဖေး၏ဆံပင်သည် မြင့်မြင့်ချည်ထားပြီး တင်းကျပ်ကာ လေးနက်နေသည်။ သားဖြစ်သူ သူ့ကိုညွှန်ပြနေတာကိုမြင်တော့ သူမျက်မှောင်ကြုတ်သွားပြီး ဘာမှပြန်မပြောပေ။

"မင်းတို့နှစ်ယောက် တကယ့်ယောက္ခမနဲ့ချွေးမလို အတူတူ သရုပ်ဆောင်နေတာကို ကိုယ် စိတ်ကူးတောင်ယဉ်မိတယ်" ဟု လန်ကျွယ် အားရဝမ်းသာပြောသည်။

စွင်းမန်၏မျက်နှာသည် ယခုငြင်းဆိုပါက လုလောင်ရှစ်နှင့် ပြုပြင်ထားသည့်ဆက်ဆံရေး ပျက်သုဉ်းသွားနိုင်ကြောင်း သတိပြုမိပြီး နောက်ဆက်တွဲ အစီအစဉ်ရိုက်ကူးရေးအတွက် သူ ဒီတိုင်းလိုက်လျောကာ နောက် ဘယ်သူမှအနားမှာမရှိတော့မှသာ ဖြေရှင်းသင့်လား ?

စွင်းမန်တုန်လှုပ်နေသည်ကိုမြင်တော့ လန်ကျွယ်က " ဒါကို အင်တာနက် သုံးစွဲသူအားလုံးအတွက် တိုက်ရိုက်ထုတ်လွှင့်နေတာ။ ကိုယ့်ကို အခု ဒေါသထွက်နေယုံနဲ့ မင်းတကယ်ပဲ ဒီလှပတဲ့အမှတ်တရတွေကို ဖျက်ဆီးပစ်ချင်နေတာလား?"

" မန်မန်၊ ကိုယ် မင်းကိုချစ်တယ်၊ ကိုယ့်ကိုလက်ထပ်ပါ။"

စွင်းမန်၏မျက်နှာသည်ဖြူဖျော့လာသည်။ အခု သူနှင့်လိုက်ခဲ့မည်ဆို လျှင် ဇာတ်ဝင်ခန်း အများကြီးမရှိဘဲ ပျော်ရွှင်စရာအဆုံးသတ်တစ်ခုဖြစ်လိမ့်မည်။ နောက်မှ အိမ်ထောင်မပြုနိုင်ပေမယ့် သူ့အကြောင်းပြချက်က သူ့အား ချက်ချင်းရှင်းပေးသင့်သည်ဟုပြောနေသည်။

ထူးဆန်းသည်။ တင်းကြပ်နေသလိုခံစားရသော်လည်း သူ့တွင် အပြစ်ရှိကြောင်း ရှင်းရှင်းလင်းလင်းမခံစားရပေ။

သို့ပေမယ့် မကြာခင်မှာပင် လန်ကျွယ်မှ သူ့လက်တွင် လက်စွပ်တစ်ကွင်းစွပ်ပေးဖို့ကြိုးစားသည့်အခါ စွင်းမန်၏မျက်လုံးများကပြောင်းလဲသွားပြီး သူ့လက်ကိုနောက်ပြန်ဆွဲကာ နှလုံးသားနောက်လိုက်သွားခဲ့ သည်။

လန်ကျွယ်သည် ငြင်းဆိုမှုအားသတိမထားမိဘဲ ချက်ချင်းပင် ဒေါသထွက်လာကာ သူ့လက်အား အတင်းဆွဲကိုင်လိုက်သည်။

စွင်းမန်သည် သူ့လက်အား ပြန်မဆွဲနိုင်ဘဲ မဆိုင်းမတွပင် "မလုပ်ချင်ဘူး!" ဟု အော်လိုက်သည်။

နောက်ခံတေးဂီတသည် မြူးကြွပြီး ကျယ်လောင်နေသော် လည်း စွင်းမန်၏အော်သံမှာ လူတိုင်းကြားနေရဆဲဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုတွင်လည်း ပြတ်သားစွာကြားနေရဆဲဖြစ်သည်။

"စွင်းမန်၊ တဇွတ်ထိုးမလုပ်နဲ့၊" လန်ကျွယ်သည် အမှန်တကယ်ပင် ဒေါသထွက်ကာ သွားများအားကြိတ်လုနီးပါးဖြစ်နေသည်။

အခြားသူများကလည်း ၎င်းတို့၏ ထင်မြင်ယူဆချက်များအား နှိုက်နှိုက်ချွတ်ချွတ်ပြောဆိုနေကြသည်။

သို့သော် လုလောင်ရှစ်သည် မျက်မှောင်ကြုတ်ကာ သူ့သားအား ဆွဲထုတ်ရန်ရှေ့တိုးလာသည်။

ရုတ်တရက် နောက်ခံတေးဂီတကိုပိတ်လိုက်ပြီး မြင်ကွင်းသည် တိတ်ဆိတ်သွားသည်။ အသံက ညင်သာစွာပဲ့တင်ထပ်လာသည်။

"အိုး ? မိန်းမတစ်ယောက်ရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး လက်ထပ် ထိမ်းမြားတာက ဥပဒေနဲ့ဆန့်ကျင်နေတာ မဟုတ်ဘူးလား ? ဘယ်လိုဖြစ်တာလဲ ? နင် 'ဟင့်အင်း' ဆိုတဲ့ စကားလုံးကို နားမလည်တာလား ? ဒါမှမဟုတ် မကြားဖူးတာလား? ငါက ဝေးလံခေါင်သီတဲ့တောင်တန်းတွေဆီမှာပဲ လူကုန်ကူးခံရတာလို့ထင်နေတာ။ ဒါကို ဒီနေရာမှာ Live Version နဲ့ ကြည့်နေရမယ်လို့မမျှော်လင့်ထားခဲ့ဘူး။"

All Chapters