← Chapters

အခန်း (၁၅၉)

Vol. 16 Ch. 159

အခန်း (၁၅၉)

Vol. 16 Ch. 159

စောင်းမြောင်းသည့်စကားလုံးများသည် လန်ကျွယ်၏စည်းချက်အား ချက်ချင်းရပ်တန့်စေပြီး စွင်းမန်အားလွတ်မြောက်ရန် အခွင့်အရေးပေးခဲ့သည်။

အခြားသူများကလည်း အသံ၏အရင်းအမြစ်အား ထိတ်လန့်စွာကြည့် နေကြသည်။ Propose တစ်ခုလုပ်နေစဉ်အတွင်း တစ်စုံတစ်ဦးသည် ထိုသို့သောမနှစ်သက်ဖွယ်စကားကို မည်သို့ပြောနိုင်မည်နည်း? ထို့ကြောင့် မည်သူမည်ဝါဖြစ်သည်ကိုမြင်သောအခါ လူတိုင်းနှုတ်ဆိတ်သွားကြသည်။

ထိုအချိန် တိုက်ရိုက်ထုတ်လွှင်မှုရှိ comment များသည် ဦး တည်ချက်ပြောင်းလာကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရှိုး၏ပရိသတ်များစွာရှိနေခဲ့ပြီး ထိုကဲ့သို့ ထေ့ထေ့ငေါ့ငေါ့အသံအားချက်ချင်းမှတ်မိနိုင်သည်။

တစ်စုံတစ်ယောက်မှ မျက်နှာများအား ဖြတ်ရိုက်နေသည်ကို မြင်ယောင်လာမိသလိုပင်။

ကင်မရာလှည့်ဖို့ပင် မလိုချေ။

ဖျော်ဖြေရေးနယ်ပယ်မှတရားသူကြီးရောက်လာသည်ကို သူတို့သိသည်။ ရုန်းရင်းဆန်ခတ်ဖြစ်ပုံရသည့်စိတ်များ ရုတ်တရက် ရှင်းသွားသလိုပင်။

"ငါ့ ဖေးကျဲတောင် သည်းမခံနိုင်တော့ဘူး!"

"သူက ဟင့်အင်းလို့ပြောထားပြီးသား၊ ဒါကို ရဖို့ခက်သလို ခက်ခက်ခဲခဲကြိုးစားနေတာလို့ နင် တကယ်ထင်နေလား?"

"နင့်ရဲ့ ထုတ်လုပ်ရေးအဖွဲ့ က ဘယ်လိုလုပ် ဖန်သားပြင်ပေါ်မှာရော အပြင်မှာပါ အရမ်းတွေ မူယာမာယာပိုနေတာလဲ ?"

" ငါက proposeလုပ်တာကို မျက်မြင်တွေ့ ရမယ်ထင်နေတာ၊ အဲ့အစား အတင်းအကြပ်လက်ထပ်ထိမ်းမြားတာကိုပဲ မျက် မြင်တွေ့ နေရတယ်။"

"ငါ အစကတည်းက ထူးဆန်းနေတာသိတယ်၊ သူတို့က ပြန်တောင်မဆုံကြရသေးဘဲနဲ့ ရုတ်တရက်ကြီး propose လုပ်လာတယ် ? အဲဒါက အဓိပ္ပာယ်ရှိလို့လား ?"

"အံ့အားသင့်စရာ proposeတွေကို ကြိုက်တဲ့ မင်းအနေနဲ့ အဲ့လိုမလုပ်ခင်မင်းရဲ့အနေအထားကို အရင်နားလည်လို့မရဘူးလား?"

"တစ်ယောက်ယောက်က မင်းကို လက်မထပ်ချင်ဘူးလို့ မင်းထင်တဲ့ အခါ မင်း Propose လုပ်ပေးပြီး ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးတာနဲ့ပဲ သူတို့ သဘောတူလိမ့်မယ်ထင်လား?"

" တစ်ယောက်ယောက်ကို လည်ပင်းဓားနဲ့ထောက်ပြီး နင့်ကိုချစ်လားလို့မေးတာနဲ့ ဘာကွာမှာလဲ ?"

" ဒီလိုမျိုး အတင်းအကြပ်လက်ထပ်လို့ရတယ်လား ? နိုးထစမ်းပါ"

"စွင်းမန်ကိုထောက်ခံတယ်၊ မြင်းကောင်းတစ်ကောင်က မြက်ဟောင်းကိုမစားဘူး။ သူတို့အရင်က လမ်းခွဲခဲ့တယ်ဆိုရင် သူတို့ဆက်မသွားနိုင်တော့တဲ့ အကြောင်းပြချက်တွေရှိကို ရှိရမယ်။ အဲဒါ အချိန်နဲ့အမျှ ပြောင်းလဲနိုင်တဲ့အရာမဟုတ်ဘူး။"

ကျီဖေး၏ဦးဆောင်မှုကြောင့် ဆင်ခြင်တုံတရားဖြင့် ခွဲခြမ်း စိတ်ဖြာမှု များ ပိုမိုများပြားလာသည်။ အဆုံးတွင်၊ တိုက်ရိုက်ထုတ်လွှင့်မှုမှ မှတ်ချက်များသည် အမှန်တကယ်ပင် "သူက ငြင်းနေတယ်"

သူ့နည်းသူ့ဟန်နှင့် တကယ့်ကို အံ့မခန်းမြင်ကွင်းတစ်ခုပင်။

"နင် ဘာလုပ်တာလဲ ?" မားမားစွင်းက စိတ်အနှောက်အယှက်ဖြစ်စွာဖြင့် "သူများရဲ့ ပျော်ရွှင်မှုအခိုက်အတန့်လေးကို နင်ဘယ်လိုဖျက်စီးနိုင်တာလဲ? ငါ့သမီးက ဒီတိုင်း.... ဒီတိုင်း လက် ခံဖို့ရှက်နေတာ"

စွင်းမန်၏ဦးလေးကလည်း မကျေမနပ်နှင့် သူတို့ကိုကြည့်လာသည်။ တခြားအဖွဲ့ က အခုတလော အရမ်းရေပန်းစားနေတယ်ဆိုရင်တောင် တစ်စုံတစ်ယောက်ရဲ့ Proposeမှာ ဘယ်လိုလုပ်ဒီလိုပြောနိုင်ရတာလဲ ?

လန်ကျွယ် သူတို့အား မျက်မှောင်ကြုတ်ကာကြည့်လိုက်သည်။ မားမားချင်နှင့် သူ့ခေါင်းကိုင်အမေ၏ဆုံတွေ့ မှုအကြောင်းကို သူ မသိပေ၊ သူ့ခေါင်းကိုင်အမေသာ ချင်မိသားစုနှင့် အဆက် အသွယ်ရှိမှန်းသာသိတာမို့ "မင်းကို ငါဘယ်လိုစော်ကားခဲ့မိမှန်းမသိပေမယ့် မင်း ငါတို့ကို မနှောင့်ယှက်ဘူးလို့ မျှော်လင့်ပါတယ်"

"ဟက်၊ ကြည့်ရတာ မင်း စွင်းမန်ရဲ့ ဆန္ဒကိုတကယ်ဂရုမစိုက်ဘူးထင်တယ်" ချင်ကျောက်က တိုက်ရိုက် လှောင်ပြောင်လိုက်ပြီး စွင်းမန်အား "မစ္စစွင်း၊ မင်းငါ့ကို ရဲခေါ်ခိုင်းစေချင်လား?"

လူတိုင်းထိတ်လန့်သွားပြီး ချင်ကျောက် ယခုလိုကြမ်းကြမ်း တမ်းတမ်းပြောမည်ဟု မ‌မျှော်လင့်ထားပေ။

စွင်းမန် အသိစိတ်ပြန်ဝင်လာပြီး ချက်ချင်းပင် " ကျီလောင်ရှစ်၊ ချင်လောင်ရှစ် ကျွန်မအတွက် ကူပြောပေးလို့ကျေးဇူးတင်ပါတယ်။"

စွင်းမန် လန်ကျွယ်ကိုကြည့်ပြီး "ကျွန်မ ရှင့်ကို ငြင်းနေတာ။ ကျွန်မတို့ လမ်းခွဲပြီးကတည်းက ရှင်နဲ့ကျွန်မနဲ့ ထပ်ပြီး ပတ်သတ်စရာအကြောင်းမရှိတော့ဘူး။ ရှင့်ရဲ့ လက်ရှိအပြုအမူက ကျွန်မကို စိတ်အနှောက်အယှက်ဖြစ်စေတယ်။ ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့။ ကျွန်မကိုယ် ကျွန်မ ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်လုပ်ပါရစေ ?"

မားမားစွင်းနှင့် စွင်းမန်၏ဦးလေးသည် တစ်ခုခုပြောတော့မှာမို့ စွင်းမန် သူတို့ဘက်လှည့်ပြီး "ရှင်တို့မှာ ကျွန်မဘဝအတွက် ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ကျွန်မ သူ့ကိုလက်ထပ်မှာမဟုတ်ဘူးလို့ပြောပြီးပြီ၊ ရှင်တို့ ကျွန်မကိုအတင်းဖိအားပေးနေမှာလား?"

ပတ်ဝန်းကျင်သည် လုံးဝတိတ်ဆိတ်သွားကာ တုန်လှုပ်ချောက် ချားမှုများဖြင့် မမြင်နိုင်စွာပျံ့နှံ့သွားသည်။

လန်ကျွယ်သည် စွင်းမန်အား မှင်တက်စွာစိုက်ကြည့်ရင်း သူ့မျက်နှာသည် တဖြည်းဖြည်းစိတ်မသက်မသာဖြစ်လာသည်။ စွင်းမန်၏ဆုံးဖြတ်ချက်ကို သူရှင်းရှင်းလင်းလင်းနားလည်နေပြီ။

သို့ပေမယ့် လန်ကျွယ်က လက်မလျှော့ခဲ့ပေ။ အဲ့ဒီ သန်းငါးဆယ်ကို သူ ဘယ်လိုပြန်ဆပ်ရမှာလဲ ? သူ နောက်ထပ်တစ်ခုခုပြောချင်သော်လည်း လုဖေးက သူ့လက်အားဆုပ်ကိုင်လိုက်သဖြင့် ရပ်တန့်သွားရသည်။

"လုံလောက်ပြီ၊ ဒီထက် ဇွတ်လုပ်နေရင်ရက်စက်ရာကြမယ်။"

လန်ကျွယ်၏ခန္ဓာကိုယ်သည် တင်းမာလာပြီး သွေးကြောများ တင်းကြပ်လာကာ ထိန်းမနိုင်သိမ်းမရဖြစ်လာသည်။

လုဖေးသည် စွင်းမန်၏မသက်မသာဖြစ်နေသည့်အကြည့်အား မြင်ပြီး ခေါင်းညိတ်ကာ "တကယ်တော့ ငါ့သားက မင်းအတွက် လုံလုံလောက်လောက် မကောင်းနိုင်ဘူးလို့ ငါလည်း ထင်နေတာ၊ မင်း ငြင်းချင်ရင် ငြင်းလိုက်ပါ။ အဲဒါကို စိတ်မပူနဲ့။"

စွင်းမန်သည် လုဖေး၏စိတ်နေသဘောထား လုံးဝပြောင်းလဲသွား လိမ့်မည်ဟုမမျှော်လင့်ခဲ့ပေ။ သူ၏တင်းမာနေသည့်အာရုံကြောများ ချက်ချင်းပြေလျော့သွားကာ လုဖေးအား လေးစားစွာခေါင်းညိတ်လိုက်သည်။

လုဖေးက လန်ကျွယ်အား " ဒီနေရာကိုရှင်းပြီးရင် မင်းသူငယ် ချင်းတွေနဲ့ ထွက်သွားလိုက်ပါ။ မင်းဒီမှာရှိနေတဲ့ဝန်ထမ်းတွေကို အချိန်တော်တော်ကြာအောင် နှောင့်နှေးနေစေပြီးပြီ။"

လန်ကျွယ်သည် သူ့မိခင်အား မကျေမနပ်ဖြစ်ကာကြည့်လိုက် သော်လည်း နောက်ဆုံးတွင် နာခံရတော့သည်။ နောက်ဆုံးတွင်၊ အားလုံး မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး၊ မြင်ကွင်းတစ်ခုကို ထပ်မံဖန်တီးခြင်းသည် သူ့ကိုယ်သူ အရှက်ရစေမည်ဖြစ် သည်။

အဆင်မပြေမှုအားရှောင်ရှားရန် လုဖေးသည် စွင်းမန်၏လက်အား တိုက်ရိုက်ဆွဲယူပြီး ဒါရိုက်တာနှင့် ထုတ်လုပ်သူဆီသို့ စင်မြင့်ပေါ်မှပို့ဆောင်ခဲ့သည်။

"လုလောင်ရှစ်က စွင်းမန်ကို သူ့သားထက်တောင်ပိုသဘောကျ တဲ့ပုံပဲ"

ကျီဖေး ရယ်မောပြီး "သူက တရားမျှတတဲ့အမေပါ"

ချင်ရုန်က " စွင်းမန်သာဆန္ဒရှိရင် လုလောင်ရှစ်ကသူ့ကို ချွေးမတစ်ယောက်လိုသဘောကျမှာ သေချာတယ်။ အရင်ကစွင်းမန်ကို ယုလောင်ရှစ်က ဘယ်လောက်တောင် အလေးအနက်ထားတယ်ဆိုတာ မြင်ဖူးတယ်"

ချင်ကျောက်မတ်တပ်ရပ်ပြီး " ကောင်းပြီ၊ ပွဲပြီးပြီ၊ သွားကြရအောင်"

သို့ပေမယ့် သူလှည့်ကြည့်လိုက်တော့ ဖေးမင်ရွမ်မနိုးသေးတာကိုတွေ့လိုက်ရတာကြောင့် သူ့အားလှမ်းအော်လိုက်သည်။

ဖေးမင်ရွမ်သည် သူ၏ဖုန်းကိုကိုင်ကာ မတ်တပ်ထရပ်လိုက်ပြီး ကျီဖေးကိုမကျေမချမ်းကြည့်ကာ "နင် ဆိုရှယ်မီဒီယာမှာ ထပ်ပြီး Hot Search ထဲဝင်နေပြန်ပြီ”

ကျီဖေးလန့်သွားပြီး ရှက်ရွံ့စွာပြုံးလိုက်သည်။

"ငါ တစ်ခုခုမှားသွားလို့ လား?"

ဖေးမင်ရွမ်က သူ့ဖုန်းကိုဖယ်လိုက်ပြီး " ကောင်းတာလုပ်တာက ထုံးစံအတိုင်းမှန်ပါတယ်၊ ဒါပေမယ့် နင် တကယ်စွန့်စားရဲတာပဲ"

ဖေးမင်ရွမ်၏ဆိုလိုရင်းကို ကျီဖေးသိသည်။ ဇာတ်အိမ်နောက် ကွယ်ကဒရာမာအား သူ သိသည့်အတွက် ခက်ခဲအောင်လုပ်ဖို့ တမင်တကာ ငြင်းဆိုခြင်းလားဟု သံသယဖြစ်စရာအနည်း ငယ်တော့ရှိနိုင်သည်။ အကယ်၍စွင်းမန်သည် ထိုအကြံအစည်အားလုံးကိုသဘောတူခဲ့လျှင် ထိုစကားကိုပြောခဲ့သည့်ကျီဖေး သည် အဆင်မပြေသည့်အနေအထားတွင် ရှိနေပေလိမ့်မည်။

တခါတရံတွင် ကျီဖေး၏ရုတ်တရက်လုပ်ရပ်များကြောင့် ဖေးမင်ရွမ်အံ့အားသင့်သွားရသည်။

ဒါရိုက်တာနှင့်ထုတ်လုပ်သူသည်လည်း ဖေးမင်ရွမ်နှင့် တူညီသည့် အတွေးအမြင်ရှိခဲ့သည်။

ရုပ်ရှင်မရိုက်ခင်မှာ အဖွဲ့ နှစ်ဖွဲ့ ကြား ပဋိပက္ခဖြစ်မည်ကို စိုးရိမ်နေကြ သည်။ သို့သော် ယခင်ဖြစ်ရပ်များနှင့်နှိုင်းယှဉ်ပါက ယနေ့သည်အသေးအဖွဲ့ ကိစ္စသာဖြစ်သည်။ သူတို့က ကောင်း ကောင်းလက်ခံထားပေမယ့် ငြင်းပယ်ခံလိုက်ရသည့် propose ကြောင့် အရမ်းအံ့သြသွားသည်။ လုလောင်ရှစ်နှင့် စွင်းမန်တို့ နောက်ပိုင်းတွင်ကောင်းမွန်စွာလက်တွဲမည့် ကိစ္စအတွက် ယခုတွင် သူတို့စိုးရိမ်နေခဲ့ရသည်။

မကြာမီ သူတို့နှစ်ယောက်အတူထိုင်ကြပြီး ဒါရိုက်တာနှင့်ထုတ် လုပ်သူသည် နောက်ရိုက်ကွင်းအတွက် ဇာတ်ဝင်ခန်းကိုရွေး ချယ်ရန် မဲနှိုက်ခြင်း နည်းလမ်းကိုအသုံးပြုခဲ့သည်။

ကျီဖေးမှ ဤကမ္ဘာကြီးသည် အပျော်တမ်းလည်ပတ်မှုကြီးတစ်ခုမျှသာ ဖြစ်သည်ဟု အမှန်တကယ်သံသယဖြစ်မိသည်။

[ 'မိသားစု' ခေါင်းစဉ်က နည်းနည်းတော့ တမင်ဖြစ်နေတာမဟုတ်ဘူးလား ? ဒီနေ့ခေတ် အဖြစ်အပျက်တွေနဲ့ ပေါင်းစပ်လိုက်ရင် အင်တာနက်မှာပေါက်ကွဲသွားလိမ့်မယ်။ ဒါရိုက်တာနဲ့ထုတ်လုပ်သူက ဘယ်သူတွေကိုပစ်မှတ်ထားနေတာလဲ? အခုတော့ သူတို့ချွေးပြန်နေကြပြီ၊ ဒီလိုတိုက်ဆိုင်မှုမျိုးကို မမျှော် လင့်ထားဘူးဆိုတာ သိသာတယ်။ ဟား ဟား ဟား ၊ သူတို့ ရင်တုန်နေကြပြီ ထင်တယ်။]

ချင်ကျောက်နှင့် ချင်ရုန်တို့သည်လည်း ရယ်ချင်နေသော်လည်း မဝံ့မရဲဖြစ်နေကြသည်။

စွင်းမန်သည် သဘာဝအတိုင်း လွန်စွာစိတ်မသက်မသာ ဖြစ်နေ သော်လည်း လုလောင်ရှစ်သည် ဇာတ်လမ်းအကြောင်းချက် ချင်းတွေးကာ မျက်နှာကိုထိန်းထားသည်။

နောက်ထပ်ဆွေးနွေးမှုအချို့ကို ရိုက်ကူးပြီးနောက် ယနေ့အတွက်တာဝန်ပြီးမြောက်ခဲ့သည်။

လူစုခွဲလိုက်သောအခါတွင် လန်ကျွယ်၏ proposeအဖွဲ့ သည် ထွက်ခွာသွားသည်ကို တွေ့ လိုက်ရပြီး သူကတော့ မားမားစွင်းနှင့် စွင်းမန်၏ဦးလေးတို့နှင့်အတူ စင်္ကြန်အဆုံးတွင် လူများကို စောင့်နေသည်။

ကျီဖေး ဒီအခြေအနေကိုမြင်လိုက်သည်နှင့် တပြိုင်နက် သူသည် သူတို့အဖွဲ့ အားနောက်ပြန်ဆွဲလိုက်ပြီး စွင်းမန်နှင့် လုဖေးတို့အားစောင့်နေလိုက်သည်။

ကျီဖေး၏လုပ်ဆောင်ချက်များနှင့် အကျွမ်းတဝင်ရှိပြီးသား အခြားသူများကမူ သူ ဒရာမာအားကြည့်ရှုရန် စောင့်ဆိုင်းနေမှန်း သဘာဝကျကျသိကြသည်။ ကောင်းပြီ၊ သူတို့လည်း ကြည့်ချင်လွန်းသဖြင့် မသိစိတ်မှ သူတို့၏ခြေသံများအားတိုးလိုက်မိသည်။

သို့သော် အံ့အားသင့်စရာကောင်းသည်မှာ လုဖေးနှင့် စွင်းမန်တို့လမ်းခွဲလိုက်ကြသည်။

လုဖေးက ရှေ့သို့ဆက်လျှောက်သွားရင်း စွင်းမန်က သူတို့နှင့် စကားပြောချင်ပုံပေါ်ပြီးရပ်သွားသည်။

စွင်းမန်သည် ကျေးဇူးတရားကိုကောင်းစွာနားလည်သူဖြစ် သည်။ ဖြစ်ပျက်ခဲ့သမျှနှင့်ပတ်သက်၍ သူတို့သည် သူ့အတွက်ကြောင့် လူများအားစော်ကားခဲ့ကြောင်း နားလည်သောကြောင့် သူတို့ကို ကျေးဇူးတင် ကြောင်း ထပ်ခါတလဲလဲပြောခဲ့သည်။

"နင့်ရဲ့ ငြင်းဆန်မှုကို စွဲစွဲမြဲမြဲလိုက်နာပါ" ကျီဖေး ပြုံးပြီးပြောလိုက်သည်။

စွင်းမန် ကျီဖေးထိုသို့ပြောမည်ဟု မမျှော်လင့်ထားဘဲ မျက်လုံးများ ကွေးညွတ်ကာပြုံးလိုက်ပြီး "အင်း၊ ကျမ လုပ်မယ်။"

ဖေးမင်ရွမ်သည် အခွင့်အရေးအားဆုပ်ကိုင်လိုက်ပြီး လုပ်ငန်းကတ်ကိုထုတ်ကာ စွင်းမန်ကိုပေးလိုက်သဖြင့် စွင်းမန်လန့်သွားသည်။

ဖေးမင်ရွမ် ပြုံးပြီး "မင်းအနေနဲ့ ဒီထက်ပိုကောင်းတဲ့ ဇာတ်ရုပ်တွေကို သရုပ်ဆောင်ချင်ရင်၊ မင်းရဲ့ အခန်းကဏ္ဍမှာ အပြည့် အဝနစ်မြုပ်နေချင်ရင်၊ မင်း အမြတ်ထုတ်ပြီး အညစ်မခံချင်ရင်တော့ ပရော်ဖက်ရှင်နယ်အေးဂျင့်တစ်ယောက် လိုအပ်နိုင်တယ်။ ငါတို့ရဲ့စတူဒီယိုက မင်းကို ကြိုဆိုပါတယ်။ ငါတို့စတူဒီယိုရဲ့ လက်ရှိရည်မှန်းချက်ကတော့ အမျိုးသမီးသရုပ် ဆောင်တွေအတွက်တောက်ပတဲ့လမ်းကြောင်းကိုခင်းပေးဖို့ပဲ"

ချင်ကျောက်: ? ဒီမစ်ရှင်ကို ငါတို့ဘယ်တုန်းက ရခဲ့တာလဲ ?

ကျီဖေး: [ဟားဟား၊ ဖေးကျဲရဲ့အရောင်းအဝယ်က အရမ်းမိုက်တာပဲ]

All Chapters