← Chapters

အခန်း (၁၆၀)

Vol. 16 Ch. 160

အခန်း (၁၆၀)

Vol. 16 Ch. 160

လုဖေ ထွက်သွားပြီးပြီဖြစ်ပြီး မားမားစွင်းနှင့် စွင်းမန်ဦးလေးမှ သူ့ အား ပြုံးကာနှုတ်ဆက်သည်။

လန်ကျွယ်သည် စွင်းမန်အား ဆိုးသွမ်းသည့်အကြည့်ဖြင့် အဝေးက စိုက်ကြည့်ပြီးနောက် "မား၊ နောက်မှ ညစာအတူတူစားရအောင်"

လုဖေး ချက်ချင်းမျက်မှောင်ကြုတ်ကာ " မင်း မိန်းမတွေအ ပေါ် အရမ်းမရိုသေလုပ်ရအောင် ငါဘယ်တုန်းက သင်ပေးခဲ့မိတာလဲ?"

"ကျွန်တော် ဘယ်တုန်းက..."

"မင်းမှာ သူနဲ့ ပတ်သက်စရာအကြောင်းမရှိဘူး၊ ပြီးတော့ သူက ပြောင်းလဲနိုင်တဲ့သူမဟုတ်ဘူး။ လူသိရှင်ကြား proposeလုပ်ရဲတဲ့သတ္တိကို ဘာက မင်းကိုပေးခဲ့တာလဲ? မင်းက မင်းကိုယ်မင်း တခြားသူတွေကို ထိမိစေတယ်လို့ထင်နေပေမယ့် တကယ်က အခြားသူတွေကို စိတ်မသက်မသာဖြစ်အောင်လုပ်ပြီး ကိုယ့်ကိုယ်ကိုစိတ်အလိုလိုက်နေရုံသပ်သပ်ပဲ။ ဒါ မိန်းကလေးတွေအပေါ် ဘယ်လိုလေးစားမှုမျိုးလဲ?"

"သူက ကျွန်တော့်ကိုငြင်းခဲ့တာ၊ ကျွန်တော့်ကို အခက်တွေ့ အောင်လုပ်တာ၊ သူက ကျွန်တော့်ကိုမလေးစားတာ!"

လုဖေး လေးလေးနက်နက်မျက်ခုံးပင့်လိုက်ပြီး " ဘာလဲ? မင်းရဲ့တန်ဖိုးတွေက လိမ်ကောက်သွားပြီလား၊ မင်းရဲ့ ဦးနှောက်တွေလည်းမကောင်းတော့ဘူးလား? "

သူသည် သူ့သားအား ပိုမရင်းနှီးလာသည်ကိုရှာတွေ့ ခဲ့သည်။ သူသည် ယခင်က ထူးချွန်ထက်မြက်ခြင်းမရှိသော်လည်း အနည်းဆုံးတော့ နာခံမှုရှိပြီးသည်းခံတတ်သည်။ ယခုသူသည် ထူးဆန်းသည့် အရာအမျိုးမျိုးကိုလုပ်နေသည်။

"မား၊ ကျွန်တော်က မားရဲ့သားပါ။ မားလည်း စွင်းမန်ကိုကြိုက် တယ်လေ၊ ဘာလို့ မလုပ်တာလဲ..." လန်ကျွယ် ဒေါသတကြီးဖြင့် မမေးပဲမနေနိုင်ပေ။

"ဘာလို့လဲဆိုတော့ သူက မဆုတ်မနစ်လိုက်လို့ရတဲ့ မိန်းက လေးတစ်ယောက်မဟုတ်လို့ပဲ။ မင်း ဘာလို့ သူ့ကိုဆုံးရှုံးခဲ့ရလဲဆိုတာ ငါဂရုမစိုက်ပေမယ့် သူ့နှလုံးသားထဲမှာ မင်းမရှိတော့တာကိုတော့ ငါ သိတယ်။"

လုဖေးသည် လူများအား ကောင်းမွန်စွာဖတ်တတ်သူဖြစ် သည်။ ထိုကဲ့သို့ နူးညံ့သိမ်မွေ့ သည့်မိန်းကလေးများဟာ တစ် ယောက်ယောက်ကို လွယ်လွယ်နှင့် လက်မလျော့တတ်ပေမယ့် လက်လျော့လိုက်ပြီးလျှင်လည်း နောက်ပြန်လှည့်မကြည့်တတ်ကြချေ။

"ခမည်းခမက်၊ ရှင် ပြောနေတာက…" မားမားစွင်းမှစတင်ခဲ့ပေမယ့် လုဖေး၏ တင်းမာသည့်အကြည့်နှင့် ခံ့ညားသည့်အမူအ ရာက သူ့အားတုန်လှုပ်သွားစေခဲ့သည်။

"နင်ဘယ်သူ့ကို ခမည်းခမက်လို့ခေါ်နေတာလဲ ? ငါ့ကို အဲ့လိုမခေါ်နဲ့။ နင်က သူ့အမေအရင်းရောဟုတ်ရဲ့လား?"

မားမားစွင်း၏မျက်နှာထက်အဆင်မပြေသည့် အရိပ်အယောင်များပြနေသည် " ဒါပေါ့၊ ကျမက သူ့အမေပါ"

"ဒါဆိုရင် နင်တကယ့်မိခင်တစ်ယောက်လို ပြုမူသင့်တယ်။ သူ့သမီးကို သိပ်ဂရုမစိုက်တဲ့အမေမျိုး ငါ တစ်ခါမှမတွေ့ ဖူးဘူး။ နင့်မှာ သမီးကောင်းတစ်ယောက်ရှိတယ်၊ သူ့ကိုချစ်ပါ။"

စစ်ဘက်ဆိုင်ရာနောက်ခံရှိပြီး အသိုင်းအဝိုင်းထဲမှ အဆင့်အ တန်းမြင့်သည့်လုဖေးသည် အမြဲလိုလို စကားကိုသွယ်ဝိုက်မနေပဲတည့်တည့်ပြောတတ်သည်။ သူက မားမားစွင်းအား အရှက် တကွဲဖြစ်စေခဲ့သည်။

စွင်းမန်၏ဦးလေးကသည်းမခံနိုင်တော့ဘဲ " ဟေး၊ ငါတို့ကမင်းကိုဖားယားနေတယ်လို့ ထင်မနေနဲ့၊ မင်းရဲ့သားကသာငါတို့စွင်းမန်ကို လက်ထပ်ချင်နေတာ။"

လုဖေးသည် စွင်းမန်၏ဦးလေးအားစိုက်ကြည့်ပြီး စကားပင်မပြောဘဲ လန်းကျွယ်ကိုတိုက်ရိုက်ပြောလိုက်သည်။

"လာခဲ့၊ အိမ်ပြန်မယ်။"

လန်ကျွယ် တုံ့ဆိုင်းသွားသော်လည်း လုဖေး၏ပြင်းထန်သည့်ပြစ်တင်ဆုံးမမှုသည် သူ့အား စွင်းမန်ကို အနှောက်အယှက်မပေးစေရန်တွန်းအားပေးခဲ့သည်။

သူတို့ထွက်သွားပြီးမှသာ စွင်းမန်ကသက်ပြင်းချပြီး ကျီဖေးနှင့်တခြား သူများကိုနှုတ်ဆက်ခဲ့သည်။

"အားလုံးပဲ ချောချောမွေ့ မွေ့ နဲ့ နောက်ဆုံးဖျော်ဖြေပွဲကိုဖျော် ဖြေနိုင်ကြ ပါစေလို့ ငါဆုတောင်းပါတယ်" ဟု စွင်းမန်ကပြုံးပြီး ပြောသည်။

"စိတ်မပူပါနဲ့၊ ဖျော်ဖြေရေးနယ်ပယ်ကတရားသူကြီးက မင်းကိုထိခိုက်စေမှာ မဟုတ်ပါဘူး" ဖေးမင်ရွမ်က ပြုံးပြုံးရွှင်ရွှင်နှင့်

"သူရဲ့အစွမ်းကို ပြပြီးပြီ"

အားလုံးရယ်မောလိုက်ကြပြီး ကျီဖေးက အပြစ်ကင်းစွာကြည့်လိုက်သည်။

အမှန်ပင်၊ ယနေ့အင်တာနက်ပေါ်မှ Hot Search သည် ၎င်းတို့ ကြောင့် တစ်ဖန်လွှမ်းမိုးလာသောကြောင့် သူသည် သူ့အစွမ်းကိုပြသခဲ့သည်။

ချင်မိသားစုက သူတို့အိမ်ပြန်ရောက်မှသာ သတင်းကြားသည်။ အပျင်းကြီးဆုံးပါးပါးချင်နှင့် မားမားချင်သည် တိုက်ရိုက်ထုတ်လွှင့်သည့် စိတ်လှုပ်ရှားစရာအား လက်လွှတ်သွားရသည့်အ တွက် ချက်ချင်းနောင်တရသွားသည်။

ညစာစားပြီးနောက် မိသားစုတစ်စုလုံးသည် လက်ထပ်ခွင့်ကမ်းလှမ်းချက်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့ကြသည်။

မြင်ဖူးသူတွေကတော့ အင်တာနက်မှာအတင်းပြောနေကြသည်။

ရက်ပ်အသိုင်းအဝိုင်းမှ လန်ကျွယ်၏သူငယ်ချင်းများအားလုံးသည် သူ့ အားထောက်ပံ့ရန်ရောက်လာကြပြီး လန်ကျွယ်မှ အရက်မူးပြီး စွင်းမန်၏နာမည်အား အော်ခေါ်နေသည့် ဗီဒီယိုများကိုပင် ထုတ်ပြန်လာကြသည်။ ရက်ပ်အသိုင်းအဝိုင်းမှ ပရိတ်သတ်များစွာသည်လည်း စွင်းမန်အား ခက်ခက်ခဲခဲသရုပ် ဆောင်နေသည်ဟုစွပ်စွဲကာ တိုက်ခိုက်မှုများပြုလုပ်လာကြသည်။ အချို့က မယုံနိုင်လောက်အောင် အတုအယောင်ဖြစ်လွန်းသည့် အတိတ်မှကောလဟာလများကိုပင် ထုတ်ပြောလာကြသည်။

သို့သော်သူတို့သည် သာမန်လူထုကိုလျှော့တွက်ခဲ့သည်မှာ ထင်ရှားသည်။ စွင်းမန်မှပြောစရာမလိုပဲ သူ့ပရိတ်သတ်များကတောင်ဝင်ပါစရာမလိုပဲ အင်တာနက်သုံးစွဲသူများသည် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြ သည်။

"ကိုယ်ကျင့်တရားဖောက်ပြန်နေတာ ရပ်လိုက်တော့၊ အင်တာနက်သုံးစွဲ သူတွေက ဒီလောက်နဲ့မပြိုလဲတော့ဘူး!"

"ငါတို့ရဲ့ ဖျော်ဖြေရေးနယ်ပယ်ကတရားသူကြီးက မင်း မှားနေတယ်လို့ပြောတယ်၊ အဲဒါနဲ့ပတ်သက်ပြီး ပြဿနာရှိလား?"

"နင့်ရဲ့ ဝမ်းနည်းမှု၊ ရိုးသားမှု၊ အဲဒါတွေက နင့်ကိစ္စပဲ။ လူကြီးတွေ အတွက်စည်းကမ်းက နင့်ရဲ့ ကိစ္စတွေကို နင်ကိုယ်တိုင် ထိန်းသိမ်းထားဖို့ !"‎

" နင့်ရဲ့ ကိုယ်ပိုင်ဆိုရှယ်မီဒီယာမှာ ဒီလိုဗီဒီယိုတွေတင်လိုက်စမ်းပါ၊ ငါတို့ အချင်းချင်းသိလို့လား ? နင်အဲ့ဒီမှာ ငါတို့ကိုတရားစီရင်ဖို့ဆိုပြီး တင်ထားလိုက်။"

"နင့်ကို ကိုယ်ချင်းစာမဲ့သူကို ရှာနေတာလား? အဲ့ဒီမှာနင့်လို ကိုယ့်ကိုယ် ကိုယ်ဖြောင့်မတ်တယ်ထင်ပြီး အရေထူတဲ့သူတွေသိပ်မရှိဘူးနော်။"

နောက်ဆုံးတော့ blog ကိုတင်ခဲ့သည့်သူက ပြန်ဖျက်ပစ်လိုက်ရသည်။

နောက်ဆုံးတော့အခြေအနေက လန်ကျွယ်အား အင်တာနက်အသုံးပြုသူများက တခဲနက်လှောင်ပြောင်ခဲ့ကြပြီး အရင်ဆုံးမမေးမမြန်းပဲ propose လုပ်ခဲ့ပြီး ကျရှုံးသွားတဲ့အခါမှာနစ်နာသူလိုပြုမူခဲ့သည့်အတွက် ဘယ်သူကမှမစာနာခဲ့ကြပေ။

စွင်းမန်သည် သိသိသာသာထိခိုက်သွားသည်၊ သူ၏ ပထမဆုံး အစမ်းလေ့ကျင့်မှုကြောင့် သူ့မျက်လုံးအောက်၌ညိုမဲနေသော် လည်း သူသည် သူတို့အား အားပါးတရနှုတ်ဆက်နေဆဲဖြစ် သည်။

မားမားစွင်း၊ စွင်းမန်၏ဦးလေးနှင့် လန်ကျွယ်တို့မှ သူ့အား ဦးနှောက်ဆေးနေဆဲဖြစ်ကြောင်း ကျီဖေး စစ်ဆေးတွေ့ ရှိခဲ့သည်။

သို့သော် သူကိုယ်တိုင်ပြုပြင်ပြောင်းလဲမှုကြောင့် နောက်ပိုင်း ပြန်လည်ဆုံတွေ့ ကြသည့်အခါတွင် ပိုမိုကောင်းမွန်လာခဲ့သည်။

ရှင်းနေသည်မှာ လုဖေးနှင့်စွင်းမန်အကြား ခပ်တမ်းတမ်းဖြစ်နေခြင်းများမရှိပဲ ၎င်းတို့သည် ဆရာနှင့်ကျောင်းသားကဲ့သို့ဖြစ်နေပြီး တစ်ယောက်ကစိတ်ထက်သန်စွာသင်ကြားကာ အခြားတစ်ယောက်က စိတ်အားထက်သန်စွာသင်ယူသည်။

ဖျော်ဖြေတင်ဆက်မှုတွင် ပါဝင်ကူညီပေးခဲ့သူ ယုရို့ရင်က

"အရင်တုန်းက အွန်လိုင်းပေါ်ကလူတွေက နောက်ပိုင်းမှာသူတို့ ဘယ်လိုပြေလည်မလဲဆိုတာ ခန့်မှန်းနေကြတာ။ အင်တာနက်သုံးစွဲသူတွေက အမျိုးသမီးတွေကို လျှော့တွက်ထားတဲ့ပုံပေါ်တယ်မဟုတ်ဘူးလား ? အမျိုးသမီးတွေကို ကူညီတဲ့အမျိုး သမီးတွေက အထူးအဆန်းမဟုတ်ပါဘူး။"

ဒါရိုက်တာနှင့်ထုတ်လုပ်သူတို့သည် ဤကဲ့သို့သဟဇာတဖြစ်မှုအားမြင်လိုက်ရသဖြင့် နောက်ဆုံးတွင် သူတို့၏စိတ်ကို သက်တောင့်သက်သာဖြစ်စေခဲ့သည်။ ဟုတ်သည်၊ သူတို့ကိုပိုလို့တောင် စိတ်သက်သာရာရစေခဲ့တာကတော့ ထိပ်တန်းအဖွဲ့ ဟာ နောက်ဆုံးမှာ လျှို့ဝှက်ထားခြင်းမရှိသည့်ဇာတ်ညွှန်းအား တင်သွင်းခဲ့ခြင်းပင်။

ဒါရိုက်တာနှင့်ထုတ်လုပ်သူတို့ ဇာတ်ညွှန်းလက်ခံရရှိချိန်တွင် နောက်ဆုံးတော့သူတို့ ငြိမ်းချမ်းစွာအနားယူနိုင်သည့်ခေါင်း လောင်းသံအား ကြားလိုက်ရသကဲ့သို့ အချင်းချင်းပွေ့ ဖက်ကာ ဝမ်းသာအားရ မျက်ရည်များစီးကျလာသည်ဟု ဆိုကြသည်။

ကျီဖေးသည် စင်္ကြန်တွင် စွင်းမန်နှင့်ဖေးမင်ရွမ်တို့ဖြင့် စကားစ မြည်ပြောနေသည်။

ဖေးမင်ရွမ်က ဆက်လက်အကြံပြုနေသည်ဆိုတာ သိသာထင် ရှားပြီး စွင်းမန်၏တုံ့ပြန်မှုက သူ့ကိုအရမ်းစိတ်ဝင်စားကြောင်း ပြသနေသည်။

တကယ်တော့ သူ့ပတ်ဝန်းကျင်ကပိုးမွှားများကို ဖယ်ရှားဖို့အချိန်တန်ပြီဆိုတာ သူ မသိပေ။ သူသည် သူ၏တာဝန်အား ကျေပွန်အောင်ပံ့ပိုးပေးမည်ဖြစ်သော်လည်း၊ ၎င်းတို့သည် သူ့ဘဝကိုမထိခိုက်စေတော့ပေ။

ဖေးမင်ရွမ်က နောက်ဆုံးအကြိမ်ပြန်လာပြီး အဲဒါက သေချာလုနီးပါးပဲဟု သူတို့ကိုပြောလိုက်သည်။

စင်မြင့်ဖျော်ဖြေပွဲအပြီးတွင် လက်မှတ်ရေးထိုးပွဲပြုလုပ်ရန်လည်း သဘောတူညီခဲ့ကြသည်။

စွင်းမန်တို့အဖွဲ့ အတွက်ဇာတ်ညွှန်းသည် မိခင်နှင့်သမီး၏အိမ်၊ မိခင်တစ် ဦး၏မေတ္တာ၊ သားသမီးများ၏ လုပ်ကြွေးမှုဖြင့် နွေးထွေးသည့် ဇာတ်ညွှန်းဖြစ်ပြီး အမျိုးသမီးနှစ်ဦးလက်တွဲလုပ် ဆောင်ကာ ဘဝပိုမိုကောင်းမွန်လာစေရန်၊ ကြင်ဖော်မဲ့မိဘမိသားစုများမှ ကလေးများအား တံဆိပ်မကပ်သင့်ကြောင်း သက်သေပြသည့်ဇာတ်ညွှန်းဖြစ်သည်။

ဇာတ်ညွှန်းကို စွင်းမန်မှဂရုတစိုက်ရွေးချယ်ခဲ့ပြီး ၎င်းသည် သူ၏အတွင်းစိတ်ဆန္ဒလည်းဖြစ်သည်။ သူသည် ဤကဲ့သို့သော မိသားစုမျိုးပိုင်ဆိုင်လိုပြီး ဤကဲ့သို့ကြီးပြင်းလာချင်သည်၊ သူ့မိခင်၏ မိသားစုထောက်ပံ့မှု မလိုအပ်ဘဲ၊ သူတို့နှစ်ယောက် နှလုံးသားချင်းနီးစပ်စွာဖြင့် ချစ်ခြင်းမေတ္တာကင်းမဲ့စွာ ကြီးပြင်းမလာချင်ယုံသာဖြစ်သည်။

လုလောင်ရှစ်လည်း ဇာတ်ညွှန်းကိုကျေနပ်သည်။ စွင်းမန်သည် သူ၏ စတူဒီယိုကိုဖျက်သိမ်းပြီး ကျီဖေးအဖွဲ့ နှင့်ပူးပေါင်းရန် စီစဉ်နေကြောင်းကြားသိရသဖြင့် သူ့ကိုထောက်ခံပြီး အကူအ ညီလိုပါက တောင်းဆိုသင့်သည်ဟုကတိပြုခဲ့သည်။

အစီအစဉ်၏တိုက်ရိုက်ထုတ်လွှင့်မှုမစမီ တစ်ရက်အလိုအထိပင်၊ အွန်လိုင်းပေါ်မှ အရေးပေါ်အစီရင်ခံစာတစ်ခုကြောင့် အေးချမ်းမှုနှင့် ငြိမ် သက်မှုများအားလုံး ပျက်စီးသွားခဲ့သည်။

#စွင်းမန် အိပ်ဆေးအလွန်အကျွံသောက်နေသည်ကိုတွေ့ ရှိခဲ့သဖြင့် အရေးပေါ်ကုသရန် ဆေးရုံသို့ပို့ဆောင်ထားရကြောင်း သိရှိရသည်။#

ကျီဖေးနှင့်ချင်ကျောက်တို့သည် ဤသတင်းအား စတူဒီယိုတွင်တွေ့လိုက်ရသည်။

ဖေးမင်ရွမ်သည် သတင်းကို ပထမဆုံးလက်ခံရရှိခဲ့ပြီး ချက် ချင်းထိတ်လန့်သွားခဲ့သည်။

မနေ့ကမှ အကောင်းကြီးရှိနေသေးတဲ့လူတစ်ယောက်က ရုတ် တရက်ကြီး ဘယ်လိုလုပ်ဒုက္ခရောက်သွားတာလဲ ?

ဖေးမင်ရွမ်သည် လက်မှတ်ရေးထိုးမှုနှင့်ပတ်သက်၍ မိသားစုနှင့် ပဋိပက္ခဖြစ်နေသည်ဟုပင်သံသယရှိကာ သူ့အားထိခိုက်ဒဏ်ရာရရှိစေသည့်အတွက် ရဲပင်ခေါ်ချင်လာသည်။

ကျီဖေးသည် မျက်နှာမှာလေးလံကာ ဖေးမင်ရွမ်အားဆွဲလိုက်ပြီး "သူ ကိုယ့်ကိုယ်ကို သတ်သေနတာဖြစ်နိုင်တယ်။ ဆေးရုံသွားကြရအောင်။"

ကျီဖေး၏ကျိန်ဆဲသံကို ကြားလိုက်ရပြီး ချင်ကျောက်မှကျီဖေးအား အံ့အားသင့်စွာကြည့်လိုက်သည်။

[ချီးပဲ၊ လန်ကျွယ်၊ နင် တကယ့်ကို မကောင်းဆိုးရွားပဲ!]

All Chapters