← Chapters

အခန်း (၁၆၁)

Vol. 17 Ch. 161

အခန်း (၁၆၁)

Vol. 17 Ch. 161

ဖေးမင်ရွမ်သည် ကျီဖေးမည်ကဲ့သို့သိသွားသည်ကို မသိသော် လည်း ဆေးရုံသို့ဦးစွာသွားခြင်းသည် မှန်ကန်သောလှုပ်ရှားမှုဖြစ်သည်။

ဖေးမင်ရွမ်သည် စွင်းမန်နှင့်စာချုပ်ချုပ်တော့မည်ဖြစ်သော ကြောင့် ယခု အချိန်တွင် သူ့ကိုလျစ်လျူမရှုနိုင်ပေ။

မူလကဖေးမင်ရွမ်သည် ချင်ကျောက်နှင့်ကျီဖေးတို့အား ဓာတ် ပုံရိုက်ခံရ ခြင်းမှရှောင်ရှားပြီး ဒုက္ခမဖြစ်အောင်မသွားစေလိုသော်လည်း ကျီဖေးက လိုက်ခွင့်ပြုရန်တောင်းဆိုနေသော ကြောင့် ဖေးမင်ရွမ်မှာ ရွေးချယ်စရာမရှိပေ။ ထုံးစံအတိုင်း ချင်ကျောက်လည်းလိုက်လာသည်။

ကားထဲတွင်ဖေးမင်ရွမ်သည် အခြေအနေကိုစုံစမ်းရန် အချိတ် အဆက် များအား အရူးအမူးရှာဖွေခဲ့သော်လည်းလုပ်ငန်းတွင်းရှိလူများမှာလည်း စိတ်ရှုပ်ထွေးကာ ဘာဖြစ်သွားသည်ကိုမသိသဖြင့် သတင်းကြားသောအခါ အံ့ဩသွားကြသည်။

သို့သော်လည်း ဖေးမင်ရွမ်သည် စွင်းမန်၏ anti fan Weibo အကောင့်များတွင် အပျက်သဘောဆောင်သည့် အချက်အလက်အသစ်အချို့အား မကြာမီတွေ့ မြင်ခဲ့ရသည်။

"ဒီလူတွေက ဒီလိုပုံတွေကို photo shot လုပ်တာ စက်ဆုပ်ဖို့ကောင်းတယ်။ တရားစွဲခံရမှာကို မကြောက်ဘူးလား ? ဒါက အဖိုးမတန်တဲ့ ဦးနှောက်မဲ့မုန်းတီးသူတချို့ပဲဖြစ်နိုင်တယ်။"

ဖေးမင်ရွမ် မထိန်းနိုင်တော့ဘဲ ဒေါသတကြီးကျိန်ဆဲလိုက်သည်။ သူ ဤအဖြစ်အပျက်နှစ်ခုအား ဆက်စပ်ပတ်သက်ခြင်းမရှိခဲ့သော်လည်း၊ ဤကဲ့သို့အပျက်သဘောဆောင်သည့် လူသိ ရှင်ကြားအဆင့် သည် ပို၍နာမည်ကြီးသည့်အနုပညာရှင်များအတွက် ပုံမှန်သာဖြစ်နေသောကြောင့်ဖြစ်သည်။ ဖေးမင်ရွမ်သည် စွင်းမန်၏မန်နေဂျာဖြစ်နေပြီ ဆိုလျှင် သူသည်၎င်းအား မိနစ်ပိုင်းအတွင်း ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။

ကျီဖေးသည် သူ့ဖုန်းကိုကိုင်လိုက်ပြီး ထိုဓာတ်ပုံများအားကြည့်ရင်း လက်အနည်းငယ်တုန်ရီနေသည်။

၎င်းတို့ထဲမှတစ်ခုတွင် စွင်းမန်သည် ကုတင်ပေါ်တွင်မှောက်လျက်လဲလျောင်းနေပြီး အိပ်ပျော်နေပုံရသည်။ သူတစ်ခုခုဝတ်ဆင်ထားသလား ရှင်းရှင်းလင်းလင်းမသိရပဲ အရေးကြီးသည့်နေရာများအား စောင်တစ်ထည်ဖြင့်သာ ဖုံးအုပ်ထားပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ထင်ရှားသည့်အမှတ်အသားများ ကျန်နေခဲ့သည်။ ရင်းနှီးသည့်လှုပ်ရှားမှုတစ်ချို့ပြုလုပ်ပြီးနောက်ရိုက်ထားသည့်ဓာတ်ပုံတစ်ပုံဆိုတာသိသာသည်။

ဤဓာတ်ပုံအမျိုးအစားသည် ဆင်ဆာဖြတ်တောက်နိုင်သည့်အရာ၏အစွန်းဘက်တွင်ရှိနေသောကြောင့် အွန်လိုင်းပေါ်တွင် အကြာကြီးရှိနေပြီးနောက်တွင်ပင် ၎င်းအားဖြုတ်မချနိုင်ခဲ့ပေ။

တဖြည်းဖြည်းနှင့်လူတွေက ထိုဓာတ်ပုံများကို ပြန်တင်လာကြတော့ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိပျံ့နှံ့လာသည်။

သို့ပေမယ့် လူအများစုကတော့ သူတို့ဖျားနေပြီဟုတွေးကာဘလော့ဂါအားအပြစ်တင်နေကြသည်။ စွင်းမန်လိုလှပပြီးကြင်နာ တတ်သည့်သူ တစ်ယောက်က ဘယ်လိုလုပ် ဒီလိုဓာတ်ပုံတွေရိုက်နိုင်မှာလဲ ? သူက သူ သရုပ်ဆောင်တဲ့ဇာတ်ရုပ်တွေမှာတောင် ဒီလိုအသားအရေမျိုးကို တစ်ခါမှမပြခဲ့ဖူးပေ။

ထို့ကြောင့် ယခုခေတ်စားနေသည့်ပုံများသည် အတုသာဖြစ်ပြီး သူ့ ဂုဏ်သိက္ခာကိုထိခိုက်စေချင်သည့် တစ်စုံတစ်ယောက်မှတင်ထားသည့် ဓာတ်ပုံအတုများသာဖြစ်နိုင်သည်။

ချင်ကျောက်သည် ထိုဓာတ်ပုံများအား သဘာဝအတိုင်းမြင်ဖူးသည်။ သူက မျက်မှောင်ကြုတ်ပြီး သူ့ဘေးမှကျီဖေးအား လှည့်ကြည့်လိုက်သည်။ ကျီဖေး၏ ဤမျှမှောင်မိုက်နေသောမျက်နှာအား ပထမဆုံးအကြိမ်မြင်ဖူးပြီး သူ့အတွေးများအားမကြားနိုင်သလို ဘာမှမတွေးနိုင် လုနီးပါးဒေါသထွက်နေသည်မှာရှင်းလင်းသည်။

အစောကကျိန်ဆဲမှုအရ စွင်းမန်၏သတ်သေမှုသည် လန်ကျွယ်နှင့် ဆက်စပ်နေပုံရသည်။

ဒီဓာတ်ပုံတွေကိုပြန်ကြည့်လိုက်တော့ ချင်ကျောက်အတွက် အချက်အလက်တချို့အား ချိတ်ဆက်မိဖို့မခက်ပေ။ ဥပမာအားဖြင့်၊ ဤဓာတ်ပုံများသည် လန်ကျွယ်ဘက်မှပေါက်ကြားလာခဲ့ခြင်းဖြစ်နိုင်သည်။ အချို့သောအမျိုးသားများသည် ၎င်းတို့၏ချစ်သူရည်းစားများနှင့် ရင်းနှီးသည့်ဓာတ်ပုံများရိုက်ခြင်းကိုနှစ်သက်ကြသည်ဟု ကြားဖူးသော်လည်း ထိုအရာများအား သိမ်းဆည်းပြီးသည်နှင့် အန္တရာယ်အမြဲရှိသည်။ စွင်းမန်သည် ဤတစ်ကြိမ်တွင် ကံမကောင်းခဲ့ပေ။

သို့ပေမယ့်တကယ်တော့ ဒီဓာတ်ပုံများနှင့် အင်တာနက်သုံးစွဲသူများ၏ တုံ့ပြန်မှုများကိုကြည့်လျှင် စွင်းမန်၏ပင်ကိုယ်စရိုက်အရ ဤထိုးနှက်မှုအား ခံနိုင်ရည်မရှိလောက်အောင်မပျက်စီးသင့်ဘူးဟု ချင်ကျောက်ခံစားခဲ့ရသည်။ မိမိကိုယ်ကို သတ်သေလောက်သည်အထိ ဘယ်အရာကများတွန်းအားပေးခဲ့သနည်း?

သူတို့အဖွဲ့ သည် ဆေးရုံသို့အမြန်ရောက်လာပြီး အခန်းနံပါတ်အား သိလိုက်ရသည်။ ထိုနေရာသို့သွားနေစဉ် မားမားစွင်းနှင့်စွင်းမန်၏ဦးလေး သည် တံခါးဝတွင်ရပ်နေကာကြမ်းတမ်းသည့်အမူအရာဖြင့် ခပ်တိုးတိုးစကားပြောနေသည်ကို တွေ့ လိုက်ရသည်။

ချင်ကျောက် ကျီဖေး၏အေးစက်စွာအော်ဟစ်သံကိုကြား လိုက်ရသည်။

[ လန်ကျွယ်က မကောင်းဆိုးရွားဆိုရင် ဒီနှစ်ယောက်က မကောင်း ဆိုးရွားထက်ပိုဆိုးတယ်။ သူတို့ကြောင့်သာမဟုတ်ရင် စွင်းမန် စိတ်ပျက်လက်ပျက်နဲ့သတ်သေဖို့အထိတွန်းအားပေးခံရမှာမဟုတ်ဘူး။]

ချင်ကျောက် ပိုစူးစမ်းချင်လာသည်။ သူ့ဖုန်းက တုန်ခါလာသည်။ အဲဒါက သူတို့မိသားစုအဖွဲ့၏ group chat မှဖြစ်သည်။ ထိုသတင်းအား လူတိုင်းမြင်ပြီး ဆေးရုံသို့ရောက်လာမှန်းသိကြသည်။

ဒီလိုအခြေအနေမျိုးတွင် သူတို့လိုက်လာဖို့မသင့်တော်ပေမယ့် ဖြစ်ပျက်ခဲ့သမျှအား တကယ်သိချင်နေကြသည်။ လိုအပ်ပါက ၎င်းတို့သည် တရားမျှတမှုကိုကူညီရန် လက်သီးဆုပ်ကာ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

မားမားစွင်းနှင့် စွင်းမန်၏ဦးလေးတို့သည် သူတို့ရောက်ရှိလာသည်ကိုလျင်မြန်စွာသတိပြုမိကြပြီး အထူးသဖြင့် ဖေးမင်ရွမ်ကိုတွေ့ သောအခါ တွင် သူတို့၏မျက်နှာများသည် ချက်ချင်းမည်းမှောင်သွားသည်။

"မင်း ဒီမှာ ဘာလာလုပ်တာလဲ?!" စွင်းမန်ဦးလေးက စော်ကား မော်ကားမေးသည်။

"စွင်းမန်က မကြာခင်မှာ ကျွန်မရဲ့အနုပညာရှင်ဖြစ်လာ တော့မှာလေ။ ကျွန်မကူညီပေးနိုင်တာ တစ်ခုခုရှိ၊ မရှိ ကြည့်ဖို့ ဒီကိုရောက်နေတာ"

"သောက်ရေးမပါတာ၊ စွင်းမန်က သူ့စတူဒီယိုကို ဘယ်တော့မှစွန့်လွှတ်မှာမဟုတ်ဘူး"

စွင်းမန်၏ဦးလေးသည် ချက်ချင်းကျိန်ဆဲလိုက်သည်။ စွင်းမန်၏ဆုံးဖြတ်ချက်အား သိသာထင်ရှားစွာသိရှိခဲ့ပြီး ၎င်းကို လေးနက်စွာစိတ်ဆိုးခဲ့သည်။

မားမားစွင်းကလည်း ပြင်းပြင်းထန်ထန် စူးစိုက်ကြည့်ရင်း "ငါတို့ရဲ့ ကိစ္စတွေမှာ နင် ဝင်စွက်ဖက်စရာမလိုပါဘူး။ ကျေးဇူးပြုပြီးထွက်သွားပါတော့။"

"အရင်ဦးဆုံး ရှင့်သမီးကို အတင်းလက်ထပ်ခိုင်းတယ် အခု သူ့သူငယ်ချင်းတွေကို အလည်လာဖို့ပိတ်ပင်နေပြန်တယ်။ ရှင်တို့ကသာ စွင်းမန်ကိုတကယ်ထိခိုက်စေတဲ့သူတွေလို့ ကျမ သံသယဖြစ်ခွင့်ရှိလား ?" ကျီဖေး အေးစက်စွာပြောသည်။

"ရှင် ကျမတို့ကို စွင်းမန်နဲ့တွေ့ ခွင့်မပေးရင် ကျမတို့ ရဲကိုဖုန်းဆက်ရလိမ့်မယ်။"

အမှန်တော့ ကျီဖေး၏စကားများသည် တကယ်ကိုထိန်းမထားနိုင်ပေ။ အများအားဖြင့်၊ လူထုအမြင်ကိုအသုံးချပြီး သူတို့ကိုထိပ်လန့်စေနိုင်သည်။ သို့ပေမယ့် မားမားစွင်းနှင့် စွင်းမန်ဦး လေးတို့က ကြောက်တတ်သူများမဟုတ်သောကြောင့် ဖေးမင်ရွမ်နှင့်ချင်ကျောက်နှစ်ယောက်လုံးက ထိုစကားများအား အလုပ်မဖြစ်နိုင်ဘူးဟု ထင်ခဲ့ကြသည်။

သို့သော်လည်း နောက်တစ်စက္ကန့်တွင် မားမားစွင်းနှင့် စွင်းမန်ဦးလေးတို့၏မျက်နှာများဖြူဖျော့လာကာ သူတို့မျက်လုံးများကဝေ့ရှောင်လွှဲ ရှောင်သွားသည်ကိုတွေ့ လိုက်ရသည်။ သူတို့ သည် ပြင်းထန်သည့်အမူအရာများအား ဆက်လက်ကျင့်သုံးနေသော်လည်း ဧည့်သည်များကိုနှင်မထုတ်ရဲတော့ပေ။

"ဘာကို ယုတ်မာတာလဲ၊ ငါတို့က သူ့ရဲ့အရင်းနှီးဆုံးမိသားစုပဲ၊ ငါတို့က သူ့ကို ဘာလို့ဒုက္ခပေးရမှာလဲ ?"

"ဟုတ်တယ်၊ နင်က ဖျော်ဖြေရေးနယ်ပယ်ကတရားသူကြီးတစ် ယောက်ဖြစ်လို့ ဘာမဆိုပြောလို့ရတယ်လို့ထင်မနေနဲ့။ ငါတို့ကမှသာ ရဲကို ခေါ်သင့်တဲ့သူတွေပဲ"

အပြစ်ရှိကြောင်းသိသာထင်ရှားသည့် ဤသိစိတ်သည် ဖေးမင်ရွမ်၏အမူအရာအား ချက်ချင်းပြောင်းလဲသွားစေကာ သူ့ဖုန်းကိုချက်ချင်းထုတ်လိုက်သည်။

ဖုန်းခေါ်တော့မည်ကိုမြင်တော့ မားမားစွင်းနှင့် စွင်းမန်ဦးလေးဖြစ်သူတို့က ရဲကိုခေါ်နေသည်ဟုထင်ပြီး ထိတ်လန့်သွားသည်။

မားမားစွင်းက " နင်ဝင်ချင်ရင် ဝင်ပေါ့။ ဘာပဲဖြစ်ဖြစ် သူမနိုးသေးဘူး"

ထိုစကားကိုပြောပြီးသည်နှင့် သူ့ဘေးမှအမြန်ထွက်သွားသည်။

ကျီဖေး အေးစက်စွာအော်ဟစ်ပြီး ဝင်လာခဲ့သည်။

ဖေးမင်ရွမ်နှင့်ချင်ကျောက်တို့က နောက်ကလိုက်လာကြသည်။ ဖေးမင်ရွမ်က "ဖြစ်နိုင်ပါ့မလား...” ဟုပြောနိုင်သည်မှာ အခန်းတံခါးမပိတ်သွားခင်အထိသာဖြစ်သည်။

ချင်ကျောက် ကျီဖေးအား တစ်ချက်ကြည့်လိုက်ပြီး "သူတို့ အမှား တစ်ခုခုလုပ်မိထားတယ်၊ အဲ့တာက သူတို့ဘာလို့ စိုးရိမ်နေတာလဲဆိုတာပဲ"

[ဟုတ်တယ် သူတို့အပြစ်လုပ်ထားတယ်။ စွင်းမန် သူတို့ကို အရေးပေါ် ကုသမှုအတွက် ပိုက်ဆံအသည်းအသန်တောင်းတဲ့အခါ သူတို့ရဲ့နှစ်ပေါင်းများစွာစုဆောင်းထားတဲ့ငွေတွေက သူတို့ဝမ်းကွဲဆီ တိတ်တဆိတ်လွှဲပြောင်းပေးခဲ့တာကြာပြီဆိုတာကိုသိလိုက်ရတယ်။ စွင်းမန်က သူ့ လက်ထဲအဲ့ဒီငွေဆယ်သန်းတော့ရှိသင့်တာ၊ အဲ့တာကြောင့် မားမားစွင်းနဲ့ စွင်းမန်ဦးလေး တို့က အဲ့တာကိုထိမှာမဟုတ်ဘူးလို့ထင်ခဲ့တာ။ ဒါပေမယ့် စွင်းမန်ရဲ့ ပိုက်ဆံတွေက လန်ကျွယ်ဆီကလှည့်စားခံရပြီးပြီဆိုတာ ကို သူတို့ မသိကြဘူး။ အဲ့တာကြောင့် စွင်းမန် သူတို့ကိုပိုက်ဆံတောင်းရုံသာတတ်နိုင်တယ် မမျှော်လင့်ဘဲ ဒီနောက်ဆုံးအသက်သွေးကြောကပါပျောက်ကွယ်သွားခဲ့တယ်။ သူ့ရည်း စားဟောင်းနဲ့ အရင်းနှီးဆုံးမိသားစုဆီကနေ အဆက်မပြတ်လှည့်စားခံနေရပြီး ဒီလိုနှစ်ဆထိုးနှက်မှုအောက်မှာ သူရုတ်တ ရက်မခံနိုင်တော့ဘူးလေ၊ အဲ့ဒါကြောင့် ...]

၎င်းအားကြားတော့ ချင်ကျောက်သည် အမှန်တရား၏တစ်စိတ်တစ်ပိုင်းအား နားလည်သွားသည်။ ဒေါသအရမ်းထွက်ပြီး လက်သီးများကိုတင်းတင်းဆုပ်ထားကာ လှည့်ထွက်ပြီးရိုက်နှက်ပစ်လိုက်သည်။

ချူရှင်းယွဲ့၏အခြေအနေကြောင့် ချင်ကျောက်သည် သားသမီးများအားမချစ်သည့်မိဘများကို အလွန်မုန်းတီးခဲ့သည်။ အခွင့် အရေးရရင် သူတို့ကိုသေချာပေါက်ပေးဆပ်စေမည်။

သို့ပေမယ့်ပြန်စဉ်းစားကြည့်တော့ စွင်းမန်အား ထိုကဲ့သို့စိတ် ပျက်လက်ပျက်ဖြစ်အောင် ဘာတွေကတွန်းအားပေးခဲ့တာလဲ?

ဝင်ပေါက်ကိုဖြတ်သွားရင်း လုဖေးထွက်လာသည်ကိုတွေ့ လိုက်ရသည်။

"လုလောင်ရှစ် ? " သုံးယောက်လုံး အံ့သြသွားကြသည်။

လုဖေးက ခေါင်းညိတ်ပြီး " အသံတွေကြားရပြီး ပဋိပက္ခတွေဖြစ်နေတယ်ထင်လို့ ထွက်လာခဲ့တာ"

မန်နေဂျာ၏အခြေအနေအား သူသိသည်မို့ ဒီနှစ်ယောက်ကသူတို့အား အခက်တွေ့စေမည်ဆိုတာသဘာဝကျကျသိနေသည်။ ထို့ကြောင့် သူသည် ၎င်းတို့အား ကိုယ်တိုင်ကိုယ်ကျလက်ခံရန် လာခဲ့ခြင်းဖြစ်သည်။

ခမည်းခမက်တော်ဖို့ ဆန္ဒရှိနေဆဲဖြစ်သောကြောင့် သူတို့နှစ်ယောက်သည် လုဖေးဒီမှာရှိနေသည်ကိုကန့်ကွက်ခြင်းမရှိပေ။

လုဖေးကိုမြင်တော့ ကျီဖေး၏အမူအရာမှာအနည်းငယ်ပြောင်းသွားပြီး အတွင်းဘက်ဆီသို့အမြန်ပြေးဝင်သွားသည်။

ချင်ကျောက်သည် ကျီဖေး၏မျက်လုံးများထဲမှ လူသတ်ရန် ရည်ရွယ်ချက်အား ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

မကြာခင်မှာပင် ကျီဖေး၏ခြေလှမ်းများ ရပ်တန့်သွားပြီး ဆေးရုံကုတင် ရှေ့မှလူတစ်ယောက်အား စူးရှသည့်အကြည့်များဖြင့် စူးစူးရဲရဲစိုက်ကြည့်နေသည်။

ထိုနေရာတွင်လန်ကျွယ်သည် အမူအရာကင်းမဲ့စွာထိုင်နေပြီး သူ့ဖုန်းအား တင်းတင်းဆုပ်ကိုင်ထားသည်။

သူ့ချစ်ရသူသည် မိမိကိုယ်ကိုသတ်သေရန် ကြိုးပမ်းခဲ့သည့်အချက်အားလက်မခံနိုင်သကဲ့သို့ပင်၊ ဖေးမင်ရွမ်လည်း အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ ချင်ကျောက်ပင်လျှင် လန်ကျွယ်သည် ဓာတ်ပုံများအား မတော်တဆပေါက်ကြားခဲ့ပြီး ကံမကောင်းသည့် ဖြစ်ရပ်အချို့အားဖြစ်ပေါ်စေခဲ့သည်ဟုပင် ယုံကြည်ခဲ့သည်။

သို့သော် နောက်တစ်စက္ကန့်တွင်တော့ ကျီဖေး၏အတွင်းစိတ်ထဲမှမထီမဲ့မြင်စကားသံအား သူကြားလိုက်ရသည်။

[ အရှက်မရှိတဲ့ခွေးကောင်၊ ဒီမှာလာပြီး နောင်တရချင်ယောင်ဆောင်နေတယ်။ နင် ပိုက်ဆံလိုချင်လို့ စွင်းမန်ကို ကိုယ်တိုင်ရိုက်ထား Vedio နဲ့ ခြိမ်းခြောက်စာပို့တုန်းက သူ့ကိုယ်သူသတ်သေလိမ့်မယ်လို့ မတွေးခဲ့ဖူးဘူးမှတ်လား ?]

ချင်ကျောက်သည် လန်ကျွယ်အား စူးစူးစိုက်စိုက်ကြည့်ရင်း ချက်ချင်းစိတ်ရှုပ်သွားသည်။

ကိုယ်တိုင်ရိုက်ထားတဲ့ Vedio ?

ခြိမ်းခြောက်တယ် ?

All Chapters