အခန်း (၁၆၂)
Vol. 17 Ch. 162
ချင်ကျောက်၏စိတ်ထဲ ကျီဖေး၏မခံချိမခံသာ ဖြစ်နေသော အသံကို ထပ်မံကြားလိုက်ရချိန်ပိုတုန်လှုပ်သွားသည်။
[fuck ! သူက စွင်းမန်ကို စိတ်ပူနေတာမဟုတ်ပဲ အကြွေးဆပ်ဖို့ အချိန်မမှီမှာကြောက်နေတာကိုး]
အဆုံးတွင် ချင်ကျောက် နားလည်သွားသည်။
လန်ကျွယ်သည် အလျှော့မပေးဘဲ စွင်းမန်ကိုပစ်မှတ်ထားနေဆဲဖြစ်ကြောင်း သိလိုက်သည်။ သူ၏လက်ထပ်ခွင့်တောင်းခြင်း မအောင်မြင်သောကြောင့် blackmail ဆီသို့ လှည့်ပြောင်းသွားသည်။
ထိုမှစ၍လန်ကျွယ်သည် ဓာတ်ပုံများကို အားတက်သရောပို့လိုက်သည့်အပြင်... စွင်းမန် ထိတ်လန့်စေရန် ဆိုးရွားလှသည့် ခြိမ်းခြောက်မှုများကိုလုပ်ခဲ့ပြီး သူမ ကြောက်ကြောက်ရွံရွံနဲ့ ပိုက်ဆံအပြည့်လွှဲလာမှာကို စောင့်နေလိုက်သည်။
ချင်ကျောက် ထိုတိရစ္ဆာန်ကောင်အားထိုးသတ်လိုက်ချင်သည်။ သူ့မျက်လုံးများသည် ဓားမြှောင်များအလား လန်ကျွယ်ကို အကြိမ်ကြိမ်ပစ်ပေါက်နေသည်။
လန်ကျွယ်သည်တော့ လုံးဝသတိမမူမိသည့်အပြင် သူ့မျက်လုံးများသည် ဗလာအတိဖြစ်နေပြီး အခြားနေရာကိုစိတ်ရောက်နေသလိုပင်။
"ဘာဖြစ်ခဲ့တာလဲ ?" ဖေးမင်ရွမ်သည် လုဖေးကိုသာတိုက်ရိုက်မေးလိုက်သည်။
လုဖေးသည် သက်ပြင်းချကာ ကုတင်ပေါ်ရှိ စွင်းမန်ကို စိုးရိမ် တကြီးကြည့်ပြီး "ကျဲတို့လည်း သေချာမသိဘူး၊ သူ အစမ်း လေ့ကျင့်ချိန် မပေါ်လာတော့ သူ့အမေကိုဖုန်းဆက်လိုက်မှ တစ်ခုခုဖြစ်နေမှန်းသိတာ"
"သူ့အမေနဲ့ ဦးလေးကိုမေးကြည့်တော့ သူတို့ ဘာမှမသိဘူးလို့ ပြောပေမဲ့ သံသယဖြစ်စရာတွေအများကြီးရှိတယ်၊ စွင်းမန် အခုလိုဖြစ်တာက သူတို့နဲ့ တစ်ခုခုပတ်သက်နေတယ်လို့ သံသ ယရှိတယ်" လုဖေးက မထီမဲ့မြင်ပြောလာသည်။
ဖေးမင်ရွမ်သည် သက်ပြင်းချလိုက်ပြီး "သူက အရမ်းသန်မာတဲ့ မိန်းကလေးတစ်ယောက်ပါ၊ ဘယ်လိုကိစ္စတွေကများ သူ့ကို အခုလို မျှော်လင့်ချက်မဲ့သွားစေရတာပါလိမ့် ?"
၎င်းတို့စကားအဆုံးတွင် အတွေးများပျံ့လွင့်နေသော လန်ကျွယ်သည် သတိလစ်နေသော စွင်းမန်ကိုသနားဂရုဏာသက်သည့် အကြည့်ဖြင့်ကြည့်လိုက်သည်။
[ဒီဖေ... ငါ သည်းမခံနိုင်တော့ဘူး! ဒါ ဘယ်လိုအကြည့်ကြီးလဲ! စွင်းမန် တောင့်မခံနိုင်လို့အပြစ်တင်နေတာလား? သူ သတ်သေဖို့ကြိုးစားလိုက်တော့ နင့်အကြွေးတွေ အချိန်မှီပြန်မဆပ်နိုင်မှာဆိုးလို့ စိတ်မကောင်းဖြစ်နေတာလား ?]
ကျီဖေးသည် အမျက်ချောင်းချောင်းထွက်နေလေသည်။
ကျီဖေးသည် ၎င်းအား ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမစဉ်း စားမီ ချင်ကျောက်သည် ၎င်းကိုနှုတ်ဆက်မည့်ဟန်ဖြင့် လန်ကျွယ်အနားသို့ ခြေလှမ်းအနည်းငယ်လှမ်းသွားသည်။
သို့သော် သူ မထိန်းနိုင်ပဲ မြေပြန့်ပေါ်ချော်လဲသွားပြီးဆွဲမိဆွဲရာ ဆွဲလိုက်မိချိန် ခုံပေါ်တွင်ထိုင်နေသောလန်ကျွယ်သည် မမျှော် လင့်ဘဲတွန်းချခံလိုက်ရသည်။
လန်းကျွယ်သည် နာကျင်စွာအော်ဟစ်ပြီး ခုံပေါ်မှပြုတ်ကျကာ သူ့ခန္ဓာကိုယ်သည် အနီးနားရှိနံရံကို ပြင်းပြင်းထန်ထန်ဆောင့်မိသွားသည်။ ထိုရုန်းရင်းဆန်ခတ်မှုသည် လူတိုင်းကို ထိတ်လန့်သွားစေသည်။
လန်ကျွယ်၏မျက်နှာသည် နာကျင်မှုကြောင့်ရှုံ့တွနေပြီး သူ့လက်ကောက်ဝတ်များသည် လျင်မြန်စွာရောင်ကိုင်းလာသည်ကို မျက်စိဖြင့်ပင်မြင်နိုင်သည်။
"အဆင်ပြေရဲ့လား ?"
ချင်ကျောက်သည် သူ့ကိုကူညီရန် အလောတကြီးလာစဉ် ၎င်း၏နာကျင်မှုကို ထပ်လောင်းပေးသည့်အလား ၎င်းလက် ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ ထိုသည်မှာ အလွန်နာကျင်သောကြောင့် လန်ကျွယ်နာကျင်စွာအော်ဟစ်လိုက်ပြီး သူ့မျက်နှာသည် ပိုလို့တောင်နီရဲသွားပြန်သည်။ သူ့တွင် တခြားဘာကိုမှတွေးတောဖို့ ခွန်အားမရှိတော့ပဲ နာကျင်မှုသာခံစားနေရသည်။ ထိုသို့သော အရာမျိုးကို သူ့တစ်သက်တွင် တစ်ခါမှမကြုံဖူးသေးပေ။
ဤမြင်ကွင်းသည် လူတိုင်းကိုထိတ်လန့်သွားစေသည်။ ၎င်းတို့ တစ်ခဏအကြာမှ အသိ၀င်လာသဖြင့် လုဖေးနှင့် ဖေးမင်ရွမ်သည် အခြေအနေကိုစစ်ဆေးရန် အပြေးအလွှားရောက်လာသည်။
"နင်..."
ဖေးမင်ရွမ် အံ့သြလွန်းလို့ ပြောစရာစကားများပင် ပျောက်ရှနေ သည်။ ချင်ကျောက်က ဘယ်လိုတောင် ဒီလိုမတော်တဆမှုမျိုးလုပ်လိုက်တာလဲ! အရမ်းတိုက်ဆိုင်လွန်း မနေဘူးလား?
သူသာ ၎င်းတို့ထံရန်ငြိုးမရှိဘူးဟု မသိထားရင် ချင်ကျောက် တမင်လုပ်တာဟုသံသယ၀င်မိမည်ပင်။
လုဖေးသည် သားဖြစ်သူအတွက် သနားမိသော်လည်း ချင်ကျောက် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့သည်ဟုတော့ မထင်ထားချေ။ သူမသည် ဖေးမင်ရွမ်နှင့် စကားပြောရန်သာ အာရုံစိုက်ထားသဖြင့် ၎င်းတို့ဘက်ကိုသတိမထားမိလိုက်ချေ။ သို့မဟုတ်ပါက သူမ ချင်ကျောက်တမင်လုပ်သည်ကိုမြင်နိုင်ပေမည်။ ယခုတွင်တော့ ကံဆိုးသည်ဟုသာ ထင်မှတ်မိသည်။
ကျီဖေးသည် ထိုအခြေအနေကို သတိထားမိသဖြင့် ကြိတ်ရယ်နေကာ ချင်ကျောက်ကို စိတ်ထဲမှလက်မထောင်ပြလိုက်သည်။
ထိုသည်မှာ မတော်တဆဖြစ်စေ မည်သို့ဖြစ်စေ ထိုတိရစ္ဆာန်ကောင် ဒုက္ခရောက်သရွေ့ သူမ ပျော်သည်။
ချင်ကျောက် မူလတွင် အလွန်အကျွံလုပ်ဖို့မရည်ရွယ်ထားသော်လည်း ကျီဖေး၏အတွေးများကိုကြားပြီးနောက် သူဆက် သည်းမခံနိုင်တော့ဘဲ လန်ကျွယ်ကို သံလက်သီး၏အရသာကိုခံစားခိုင်းလိုက်ကာ စွင်းမန့်ကိုယ်စား အတိုးယူလိုက်သည်။
အဆုံးတွင် ချင်ကျောက်သည် လန်ကျွယ်၏ဒဏ်ရာကိုကုသရန် ဆရာဝန်တစ်ဦးကိုရှာလိုက်ရသည်။
အားလုံးရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် စွင်းမန်၏ အမေနှင့် ဦးလေးတို့လည်း အခြားလူများနှင့်အတူ ထွက်ခွာဖို့စီစဉ်လိုက်သည်။ စွင်းမန်နိုးလာသောအခါ အချို့ကိစ္စများ ပေါ်သွားမည်ကိုကြောက်မိသည်။
သို့သော် ထိုစဉ် စွင်းမန်နိုးလာသည်။
သူ့မျက်လုံးများ အနည်းငယ်ဖွင့်လိုက်ချိန် ဦးစွာသတိထားမိသူမှာ ဖေးမင်ရွမ်ပင်။
"စွင်းမန် ? နင် အဆင်ပြေရဲ့လား"
လုဖေးလည်း စိုးရိမ်တကြီးဖြင့် အနားကပ်လာသည်။
စွင်းမန် ခဏလောက်စိတ်ရှုပ်သွားပြီး သူမ အမေနှင့် ဦးလေးတို့၏ဆူပူသံများကို ဦးစွာကြားလိုက်ရသည်။ ၎င်းတို့သည် စွင်းမန်ကိုအပြစ်တင်နေသော်လည်း အကြည့်မဆုံရဲကြချေ။
"ဒီငတုံးမလေးကတော့! သမီးက အခုလိုလုပ်တော့ သမီးမရှိရင် အမေက ဘယ်လိုအသက်ရှင်ရမှာလဲ"
"ဟုတ်တယ် စွင်းမန်၊ မင်းသေချာစဉ်းစားသင့်တယ်၊ ငါတို့က မိသားစုတွေပဲလေ၊ ဘာကိစ္စတွေများ ကြုံနေရလို့လဲ?"
စွင်းမန်သည် လက်ရှိအခြေအနေကို အမှတ်ရသွားပုံရပြီး သူ့၏ မျက်လုံးများကျဉ်းမြောင်းလာကာ သွေးများစီးကျနေသည့်အလားရဲရဲနီလာသည်။ သူမသည် တစ်ခါတည်း ကောက်ထိုင်လုနီးပါး သူမ၏အရင်းနှီးဆုံး ဆွေမျိုးသားချင်း နှစ်ယောက်ကို ပြင်းပြင်းထန်ထန်စိုက်ကြည့်နေသည်။
အနီးနားတွင်ရပ်နေသော ချင်ကျောက်တောင် သူမမျက်လုံးထဲရှိအမုန်းတရားများကို ရှင်းလင်းစွာခံစားမိလိုက်သည်။
ထိုစဉ် သူ့နားထဲတွင် ကျီဖေး၏ ညည်းတွားသံထွက်ပေါ်လာသည်။
[စွင်းမန်က ခြိမ်းခြောက်ခံရတာနဲ့ ယှဉ်ရင်တောင် အခု သူ ပိုမုန်းတဲ့လူတွေက တကယ်တော့ သူမရဲ့ ဆွေမျိုးနှစ်ယောက်ပဲ၊ ဒါက သေချာစဉ်းစားကြည့်ရင် ဖြစ်သင့်တာပဲ၊ သူ့ ဓါတ်ပုံများပေါက်ကြားသွားတော့ ခိုးတဲ့သူက ဘယ်သူလည်းမသိတော့ လန်ကျွယ်ဆိုတာ သိဖို့ပိုပြီးတောင် မဖြစ်နိုင်ဘူး]
[သူ အရမ်းစိတ်ပျက်အားငယ်ပြီး အားကိုးရာမဲ့နေတဲ့အချိန် ရဲတွေကို အကူအညီတောင်းဖို့ အရမ်းကြောက်လန့်နေလို့ သူမ မိသားစုကိုအားကိုးခဲ့ပေမဲ့ တကယ်တမ်း သူ့ကိုဒုက္ခဖြစ်စေတာက အဲ့မိသားစုပဲ၊ အဲ့လို သစ္စာဖောက်တာကြီးက ရင်ကွဲမတက် နာမှာဆိုတော့ သူမ သူတို့ကို မမုန်းပဲဘယ်လိုနေပါ့မလဲ ? သူမ ဘယ်လို စိတ်ဓာတ်မကျပဲနေမှာလဲ ? အရင်တုန်းကတော့ သူမ မိုက်ရူးရဲဆန်ခဲ့ပေမဲ့ အခုတော့..... သူ အဲ့လို ထပ်လုပ်မှာမဟုတ်ဘူး]
၎င်းတို့သည် စွင်းမန်မှ ယခုလို မျက်လုံးဖြင့် ကြည့်တာမျိုးကို တစ်ခါမှမမြင်ဖူးခဲ့ချေ။
စွင်းမန်၏မားနှင့် စွင်းမန်၏ဦးလေးသည် သူရဲဘောကြောင်ချင်လာသည်။
စွင်းမန်၏အမေသည် စွင်းမန် အနားကိုလာဖို့ ကြိုးစားသော် လည်း စွင်းမန်သည် ကုတင်ဘေးရှိ စားပွဲပေါ်မှတစ်ခုခုကို ဆွဲယူလိုက်ပြီး သူ့အမေနှင့် ဦးလေးကိုပစ်ပေါက်လိုက်သည်။
"ကျွန်မမှာ ရှင်တို့လို ဆွေမျိုးမရှိဘူး! ဘာကို မိသားစုလဲ! ရှင်တို့ ကျွန်မကို မိသားစုလိုဆက်ဆံဖူးလား! ကျွန်မကို ငွေထုတ်ပေးနိုင်တဲ့ အပင်ကြီးတစ်ပင်လိုပဲမြင်ခဲ့တာလေ၊ ကျွန်မ ဂုတ်သွေးကို စုပ်ချင်နေကြတာ!"
စွင်းမန်၏အမေနှင့် ဦးလေးသည် ထိုအချိန်အနေကို ရှောင်လွှဲရန်ကြိုးစားနေခြင်းဖြစ်သော်ငြားကျရှုံးခဲ့သည်။
စွင်းမန်၏အမေသည် သူ့ အစ်ကို့ခေါင်းပေါ်တွင် ကြီးမားသည့် အဖုကြီးကိုမြင်လိုက်ရသဖြင့် "နင် ကိုယ့်ဦးလေးဆီကိုတောင် ပစ္စည်းတွေ လွှင့်ပစ်နိုင်တာလား!"
“မား.. သမီး သေခါနီးပဲ” စွင်းမန်က နာကျင်စွာပြောလာသည်။
"အဲဒါက နင့်ဘာသာ နင် အရူးထပြီး သတ်သေဖို့ကြိုးစားလို့လေ၊ နင့် ပိုက်ဆံတွေမရှိတော့တာနဲ့ သေဖို့ကြံတယ်ပေါ့ ? ငါ ဘယ်တုန်းကမှ နင်က အဲ့လောက်ထိပိုက်ဆံမက်တဲ့ မိန်းမမှန်း မသိခဲ့ဘူး" စွင်းမန်၏မားမားမှ မကျေမနပ်ပြောလိုက်သည်။
သူမသည် ယခုထိတိုင် စွင်းမန်သည် ငွေလွှဲလိုက်တာကို သိသွားလို့ ကိုယ့်ကိုယ်ကို သတ်သေဖို့ကြံလိုက်တယ်ဟုသာထင်နေသည်။
စွင်းမန် ပြောစရာစကားများ ပျောက်ဆုံးသွားသည်။
ကျီဖေးသည် စွင်းမန်၏အမူအရာ တဖြည်းဖြည်း အေးစက်လာသည်ကို မြင်ချိန် သူမကို အစွန်းစွန်ထိ ထိုးပို့မိမည်ကို ဆိုးသောကြောင့် စကားစလုဆဲဆဲ လှောင်သံခပ်သဲ့သဲ့သည် ထွက်ပေါ်လာပြီး "ဒါပေါ့ ကျွန်မက ရူးနေလို့ အဲ့လို အရူးအလုပ်တွေလုပ်ခဲ့တာလေ"
စွင်းမန်၏တစ်ကိုယ်လုံးသည် တုန်ရီနေသော်လည်း "ကျွန်မ အခုနိုးလာပြီဆိုတော့ ရှင်တို့ ကျွန်မဆီက ယူထားတဲ့ ပိုက်ဆံအားလုံးကို ပြန်လိုချင်တယ်၊ မယုံရင် ရှင်တို့ စောင့်ကြည့်နေစမ်းပါ၊ ရှင်တို့ ကျွန်မကို ပြန်မပေးရင် ကျွန်မ တရားစွဲရလိမ့်မယ်"
ထိုစကားကြောင့် ဆေးရုံခန်းသည် တိတ်ဆိတ်သွားသည်။
"နင်... ကျေးဇူးကန်းတဲ့ သမီးမိုက်! နင် ဒီလိုလုပ်ရဲရင် ငါနင့်ကို သမီးအဖြစ်ကနေ စွန့်လွှတ်ပစ်မယ်"
သို့သော် ထိုသို့ ခြိမ်းခြောက်မှုမျိုးသည် စွင်းမန်ကို မထိန်းချုပ်နိုင်တော့ချေ။ သူမ တစ်ကြိမ် သေဆုံးပြီးပြီမဟုတ်ပါလား ?
"ဒါဆိုလည်း ကျွန်မတို့ရဲ့ဆက်ဆံရေးကိုဖြတ်တောက်ဖို့စာချုပ်တစ်ခုလုပ်လိုက်လေ ကျွန်မ လက်မှတ်ထိုးပေးမယ်" ဟု စွင်းမန်ဘက်မှ ပြတ်သားစွာပြောလာသည်။