အခန်း (၁၆၃)
Vol. 17 Ch. 163
စွင်းမန်သည် ယခင်က ထိုမျှအထိ မာမာထန်ထန်မပြောဖူးသောကြောင့် စွင်းမန်မားမားမှာ လုံးဝအံ့အားသင့်သွားသည်။ စွင်းမန်မားမား၏စိတ်ထဲတွင်တော့ သူ့သမီးသည် သူမအား မည်သို့မှမစွန့်လွှတ်နိုင်သည်ဟု ထင်မိသည်။
"မင်း ဘာလို့ အကျယ်ချဲ့နေတာလဲ၊ မင်းဝမ်းကွဲ ပိုက်ဆံရှာပြီးတာနဲ့ မင်းကို ပြန်ပေးမှာပဲလေ" စွင်းမန်၏ ဦးလေးဖြစ်သူသည် ခက်ထန်သော အမူအရာနှင့်ပြောလိုက်သည်။
စွင်းမန်သည် ပထမဆုံးအနေဖြင့် ပွင့်လင်းစွာရှုံ့ချလိုက်သည်။ "ဒါက အဆင်ပြေတယ်ထင်လို့လား ? ရှင် အိပ်မက်မက်နေသေးတာပဲ၊ အဲ့ကောင်က အခုဆို ပိုက်ဆံတွေဖြုန်းတီးနေပြီး လောက်ပြီလို့ ကျွန်မ လောင်းကြေးထပ်ရဲတယ်"
ပိတ်ကားကိုဖွင့်သည့်ပမာ စွန်းမန်၏မားမားနှင့် ဦးလေးတို့ မျက်နှာသည် အရှက်တရားနှင့် ဒေါသတရားများ တလိပ်လိပ် ထင်ရှားလာတော့သည်။
"ပိုက်ဆံမရှိတော့ရင် ငါတို့ ထပ်ရှာလို့ရတာပဲ၊ ဘာတွေရေးကြီး ခွင်ကျယ်လုပ်နေတာလဲ" စွင်းမန်၏ ဦးလေးမှ ဒေါသတကြီးပြန်ပြောသည်။
"အဲဒါ ကျွန်မပိုက်ဆံတွေလေ၊ ရှင် ဘယ်လိုလုပ် ပြီးစလွယ်ပြောနိုင်ရတာလဲ"
စွင်းမန်သည် ထပ်ပြီး သည်းမခံနိုင်တော့ပဲ "ကျွန်မ ရှင်တို့နဲ့ ပြောသင့်တာပြောပြီးပြီ၊ ထွက်သွားလိုက်တော့၊ ရှင်တို့ မနက် ဖြန် ကျွန်မကို ပိုက်ဆံပြန်မဆပ်ရင် တရားရုံးက ဆင့်ခေါ်တာကိုပဲမျှော်နေလိုက်တော့"
ထိုသို့ ပြတ်သားသော စွင်းမန်နှင့် ရင်ဆိုင်ရချိန်တွင် စွင်းမန်၏ မားမားနှင့် ဦးလေးတို့ ထိတ်လန့်စပြုလာသည်။
စွင်းမန်၏မားမားလည်း "ဒါက ဘယ်လိုစကားကြီးလဲ မန်မန်? ရိုးရိုးသားသားပြောရရင် အမေတို့မှာ ပိုက်ဆံမရှိသေးဘူး၊ အခု မင်းဝမ်းကွဲရဲ့လုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံထားတုန်းရှိသေး တာ၊ သူ့ကိုသတ်ရင်တောင် အဲ့ပိုက်ဆံတွေပြန်ရမှာမဟုတ်ဘူး၊ အခုလို တိုက်ခိုက်နေတာတွေ ရပ်လိုက်လို့မရဘူးလား? မားတို့ သမီးကို သေချာပေါက်ပြန်ဆပ်ပါ့မယ်၊ သူ့ကို အချိန်တစ်နှစ်လောက်ပဲပေး... ဟင့်အင်း သုံးနှစ်လောက်"
ရုတ်တရက်ပင် ဆေးရုံ တံခါးဝတွင် ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။ လန်ကျွယ်သည် သူ့လက်ကိုထိန်းလျက်လျှောက်လာပြီး မျက်နှာတစ်ခုလုံးဖြူဖျော့သွားသည်။
သူ၏ မျက်လုံးများ တုန်ရီနေကာ စွင်းမန်တို့အားကြည့်ရင်း သူ့နှုတ်ခမ်းများလည်း တဆက်ဆက် တုန်ယင်နေသည်။
ကျီဖေးသည် လန်ကျွယ်၏အမူအရာကိုမြင်လိုက်ရချိန် ကျေ နပ်သွားသည်။
[ဝေ့ဟေး... သူ ထိတ်လန့်သွားပြီ! သူ အခု စွင်းမန်ရဲ့ပိုက်ဆံတွေ အကုန်လုံးမရှိတော့ဘူးဆိုတာ သိသွားပြီလေ၊ သူ ဓာတ်ပုံတွေနဲ့ ခြိမ်းခြောက်ဖို့ စီစဉ်ခဲ့ပေမဲ့ အခုတော့ တစ်ပြားတစ်ချပ်တောင်ရတော့မှာမဟုတ်ဘူး၊ အခု အမှန်တရားကိုသိလိုက်ရတော့ စိတ်ပျက်သွားပြီလား? အချိန်လည်းကုန် ကြိုးစားသမျှလည်း အချည်းနှီးဖြစ်ကုန်တာပဲ ကျွတ် ကျွတ်]
ချင်ကျောက်သည် လန်ကျွယ်၏သနားစရာကောင်းသော အသွင်အပြင်ကို တိတ်တဆိတ်လှောင်ပြောင်နေသည်။
လန်ကျွယ်၏ပါးစပ်သည် ဖွင့်ချညိ ပိတ်ချည်နှင့် စကားစပျောက်ဆုံးနေပုံသည် ကျီဖေးနှင့် ချင်ကျောက်ကိုပိုရယ်မောစေခဲ့သည်။
[အခုတော့ သူ့ကို မေးခွန်းတောင် မထုတ်ရက်တော့ဘူး၊ သူ့မျက်နှာတင်းမာနေတာများ သွေးကြောတွေပေါက်ထွက်တော့မယ့်ပုံပဲ]
"ခင်ဗျားတို့... စွင်းမန်ကို ဘာလုပ်လိုက်တာလဲ"
လန်ကျွယ်သည် စွင်းမန်၏ မားမားနှင့် ဦးလေးကိုတုန်ရီနေသော အသံဖြင့်မေးလိုက်သည်။
အခြားသူများအမြင်တွင် လန်ကျွယ်သည် စွင်းမန်ကို ချစ်လွန်းလို့မေးသည်ဟုသာထင်သဖြင့် စွင်းမန်၏မားနှင့် ဦးလေးတို့ သည် သူ့အား မရင်ဆိုင်ဝံ့ချေ။
သို့သော် စွင်းမန်သည် ငြိမ်သက်နေရာမှ "လန်ကျွယ် ကျမတို့နှစ်ယောက်အတူရှိတုန်းက ရှင် ဘာလို့ ကျမ ဓာတ်ပုံတွေကို လျှို့ဝှက်ပြီးရိုက်ခဲ့တာလဲ၊ ဒီဓာတ်ပုံတွေကိုဖြန့်တဲ့သူက ရှင်ပဲ မှတ်လား ?"
လန်ကျွယ်၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။
လူတိုင်းသည် လန်ကျွယ်ကို လှည့်ကြည့်လိုက်ကြပြီး ရှုပ်ထွေးနေခဲ့သည်။ ၎င်းတို့သည် စွင်းမန် သတ်သေရန်ကြိုးစားမှုသည် ရိုးရှင်းမည်မဟုတ်ကြောင်း သဘောပေါက်ကြသည်။
"ဘာဓာတ်ပုံတွေလဲ ? ဘာ လျှို့ဝှက်ဓာတ်ပုံတွေလဲ" လုဖေး ချက်ချင်းမေးလိုက်သည်။
လန်ကျွယ်သည် စွင်းမန်မှာ ထိုကဲ့သို့သောကိစ္စမျိုးကို လူသိရှင် ကြား ပွင့်ပွင့်လင်းလင်းထုတ်ပြောလာမည်ဟု မမျှော်လင့်ထားချေ။
သူ တခဏအံ့အားသင့်သွားသော်လည်း "မန်မန် ငါ တကယ်မသိဘူး၊ စောစောက ကိုယ့်မှာ အလုပ်ကိစ္စလေးရှိလို့ ဖုန်းပိတ်ထားတာ၊ ကိုယ် ဖုန်းဖွင့်ပြီးမှ မင်း သတင်းကိုရော မင်းမက်ဆေ့ကိုရောမြင်ခဲ့တာ၊ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ကိုယ် တကယ်မသိဘူး"
[ငါပြောပါတယ် သူ့ သရုပ်ဆောင်ချက်က ကောင်းပါတယ်လို့၊ ဒီလိုစက်ဆုပ်ဖွယ်ကောင်းတဲ့ ဇာတ်ကောင်က သူနဲ့အလိုက်ဆုံးပဲ]
ချင်ကျောက်သည် လန်ကျွယ်မှာ အပြစ်မရှိသလိုဟန်ဆောင်နေသည်ကိုကြည့်ရင်း သူ့လက်သီးများထပ်မံယားလာသလိုပင်။
စွင်းမန်သည် သူ့ကိုစေ့စေ့ကြည့်ပြီး "ရှင် ကျွန်မ မေးခွန်းကိုမဖြေရသေးဘူး၊ ဘာလို့ လုပ်ခဲ့တာလဲ"
"လန်ကျွယ်! နင်ဘာလုပ်ခဲ့တာလဲ" လုဖေး စိတ်အားထက်သန်စွာ မေးလိုက်သည်။
သို့သော် ဖေးမင်ရွမ်သည် အံ့သြသွားဟန်ဖြင့် "ဒီ trolls က ဓာတ်ပုံတွေကိုပြောတာလား ?"
စွင်းမန်သည် ဖေးမင်ရွမ်ကို မော့ကြည့်ဘာရင်း သူမ ခန္ဓာကိုယ်သည် တုန်ရီနေလျက် "ဖေးကျဲ... အဲ့တာတွေက လိုင်းပေါ်ထိတောင်..."
ဖေးမင်ရွမ်သည် စွင်းမန်၏အမူအရာကိုမြင်တော့ သူမ၏ဖုန်းကိုအမြန်ပြလိုက်ပြီး "ဒါက သိပ်မသိသာတဲ့ ဓာတ်ပုံလေးတွေပဲ၊ အမှန်ဖြစ်ရင်တောင် သိပ်ကိစ္စမရှိဘူး၊ PR ဘက်ကကိုင် တွယ်ဖြေရှင်းနိုင်တယ်၊ နင် အဲ့လောက် စိတ်ပူဖို့မလိုဘူး..."
ဖေးမင်ရွမ်သည် စတားများ၏ပြဿနာမျိုးစုံကို မြင်တွေ့ခဲ့ဖူးသဖြင့် ထိုကိစ္စလေးသည် ပြဿနာမဟုတ်ဘဲအသေးအဖွဲ့လေးပင်။
ထိုဓာတ်ပုံများသည် စွင်းမန် ပထမဆုံးမြင်ဖူးသည့် ဓာတ်ပုံများအတိုင်းပင် ဖြစ်နေသည်ကိုမြင်လိုက်ရသဖြင့် စိတ်ရှုပ်ထွေးသွားသည်။ သူ့ကိုယ် သူ သတ်သေဖို့လုပ်လိုက်တော့ တစ်ဖက်ကလူက ခြေလှမ်းနည်းနည်းဆုတ်လိုက်တာများလား ?
"ကျဲကိုလည်းပြဦး"
လုဖေး ဖုန်းကို အမြန်ယူကာကြည့်လိုက်သည်။ သူ့ မျက်နှာသည် ချက်ချင်းမည်းမှောင်သွားပြီး စွင်းမန်ပြောသည်ကို သတိရကာ လန်ကျွယ်ကို စူးရှစွာတစ်ချက်ကြည့်လိုက်ပြီး
"နင် လုပ်ခဲ့တာလား ?"
လုဖေးသည် လန်ကျွယ်မှာ ဤဓါတ်ပုံရိုက်သည့်သူလားဟုသာ မေးခြင်းဖြစ်သော်လည်း မလုံမလဲဖြစ်နေသော လန်ကျွယ်သည် ဟန်ချက်ပျက်ကာလဲကျလုနီးပါးဖြစ်သွားသည်။
စွင်းမန်၏မားမားနှင့် ဦးလေးတို့သည် တစ်ခုခုလွဲချော်နေသည်ကိုသတိထားမိသဖြင့် ပြေးကြည့်လိုက်သည်။ သူတို့ ထိုဓါတ်ပုံများကိုမြင်လိုက်ရချိန် ထိတ်လန့်သွားသည်။
စွင်းမန်၏မားမားသည် "စွင်းမန်! နင် ဘာတွေလုပ်ခဲ့တာလဲ! ဒီလိုရှက်စရာကောင်းတဲ့ ကိစ္စကို နင်ဘယ်လိုလုပ်နိုင်တာလဲ!"
လူတိုင်းသည် စွင်းမန်၏မားမားမှာ ထိုသို့တုံ့ပြန်လာလိမ့်မည်ဟုမထင်ထားကြချေ။
[ဘုရားရေ! သူတို့ရဲ့ ခေါင်းတွေက ဘာနဲ့လုပ်ထားတာလဲ ? အခြေအနေက ဒီလောက်ထိ လယ်ပြင်မှာဆင်သွားသလို ရှင်းနေတာကို စွင်းမန်ကိုအပြစ်တင်နေတုန်းပဲ၊ တစ်ချို့ မိဘတွေနဲ့ ဆွေမျိုးတွေက သူတို့ကလေးတွေ နည်းနည်းလောက်မှားတာနဲ့ အပြစ်တင်ရောလား ?]
ကျီဖေးသည် ရပ်ကြည့်မနေနိုင်တော့ပဲ "အန်တီစွင်းက အပြင် လူဘက်ကနေ ဘယ်လိုရပ်တည်ရမလဲဆိုတာ အရမ်းသိတာပဲ မဟုတ်လား ? ရှင်တို့က စွင်းမန်ရဲ့ဆွေမျိုးတွေဖြစ်ပေမဲ့ စွင်းမန်ကိုအပြစ်တင်နေကြတယ်၊ အန်တီစွင်းကိုကြည့်ရတာ သူ့သမီးထက် တစ်ခြားသူတွေကိုပိုမျက်နှာလိုက်တက်တဲ့ပုံပဲ"
စွင်းမန်၏မားမား မည်သို့ တုန့်ပြန်ရမှန်းမသိချိန် ဦးလေးဖြစ်သူသည်နီရဲနေသော မျက်နှာဖြင့် "မင်း ဘာမဟုတ်တာတွေပြောနေတာလဲ!!"
"ကျွန်မပြောတာ မှားသွားတာလား ? ဒီပုံတွေက အိပ်နေတုန်း ရိုက်ထားတာ ရှင်းနေတာပဲလေ၊ အဲ့တော့ လန်ကျွယ်ကတရား ခံဆိုတာ ရှင်းနေတာကို၊ အခု ရှင်တို့က သမီးဖြစ်သူကိုကာကွယ်ရမဲ့အစား ဆူတောင်ဆူနေသေးတယ်... ကျွတ် ကျွတ်"
စွင်းမန်မားမား၏မျက်နှာသည် နီတစ်လှည့် ဖြူတစ်လှည့်ဖြင့် "ငါက သူ့အမေလေ၊ သူ အမှားလုပ်တာကို မဆူရတော့ဘူးလား? ဂရုမစိုက်တာက သူ့အပြစ်ပဲလေ"
စွင်းမန်၏ဦးလေးသည် လန်ကျွယ်ကို တစ်ချက်ကြည့်လိုက်ပြီး မကျေမနပ်ဖြစ်နေသော်လည်း စွင်းမန်ကို ပြန်လှည့်ကြည့်ကာ ဆူလာပြန်သည်။ "သူက တကယ်လေးစားမှုမရှိဘူး!"
"သူ အရွယ်ရောက်လို့ကောင်လေးထားတာလေ၊ အတူနေတာကပုံမှန်ပဲ၊ ခွင့်ပြုချက်မရှိပဲ ဓာတ်ပုံရိုက်တာကရော သူ့ အပြစ်ပဲလား" ကျီဖေး ဟာကွက်ကိုထောက်ပြလာသည်။
လန်ကျွယ်၏မျက်နှာ မည်းမှောင်သွားသည်။
စွင်းမန်က "ဒါက ကျွန်မ အမှားပါ၊ ကျွန်မ လူအကဲခက်မှားသွားတာကို၊ ဒါက ရှင်တို့ကိစ္စမဟုတ်လို့ ဘာမှပြောနေစရာမလိုဘူး၊ ရှင်တို့ ဒီမှာအချိန်ဖြုန်းနေမယ့်အစား ကျွန်မ ပိုက်ဆံကို ပြန်ဆပ်ဖို့မလုပ်တာလဲ ? ကျွန်မ နောက်နေတယ်လို့ထင်လို့လား ? ကျွန်မက တစ်ခါသေဖူးသွားပြီပဲ ဘာမှကြောက်စရာမရှိတော့ဘူး"
စွင်းမန်မားမားနှင့် ဦးလေးတို့သည် စွင်းမန်ကိုထိတ်လန့်တကြားကြည့်နေသည်။ ဒီလိုအဖြစ်မျိုးကြုံလာရသည့်အခါ စွင်းမန်သည် ၎င်းတို့ကို သူမဘက်မှရပ်တည်စေချင်သည်ဟု ထင်ခဲ့သည်။ ၎င်းတို့သည် ထိုအရာကိုမမျှော်လင့်ထားသဖြင့်တိတ် ဆိတ်သွားကြသည်။
စွင်းမန်သည် ၎င်းတို့အား ဆက်ကြည့်ဖို့ စိတ်မ၀င်စားတော့ပဲ သူမ၏စူးရှသောအကြည့်သည် လန်ကျွယ်ဆီသို့ ဆိုက်ရောက်လာသည်။
လန်ကျွယ်သည် "မန်မန် ဒီကိစ္စက ကိုယ့်အမှားပါထ ဒီပုံတွေ ဘယ်ရထွက်လာမှန်း ကိုယ်တကယ်မသိဘူး... ကိုယ်တို့ အတူရှိခဲ့တုန်းက မင်းကို ချစ်လွန်းလို့ဓာတ်ပုံခိုးရိုက်မိရုံပါ၊ သိပ်မကြာခင်က ကိုယ့်ဖုန်းပျောက်သွားတယ်၊ အဲ့တာနဲ့ပဲ ဆက်စပ်နေမလား ? ကိုယ်တကယ် အခုလိုဖြစ်လာဖို့မရည်ရွယ်ပါဘူး ကိုယ်..."
ထိုသည်ကိုကြားတော့ စွင်းမန်သည် သူမ၏သံသယများကို အတည်ပြုနိုင်လိုက်ပြီး မျှော်လင့်ချက်များ စွန့်လွှတ်လိုက်ဟန်ဖြင့် မျက်လုံးများကိုခေတ္တမှိတ်ထားပြီး "ရှင် ဓာတ်ပုံတွေပဲရိုက်ခဲ့တာမဟုတ်ဘူး ဗီဒီယိုတွေလည်း ရှိသေးတယ်မလား ? ကျွန်မကိုခြိမ်းခြောက်တဲ့သူက ယွမ် သန်း 60 တောင်းတယ်၊ ကျွန်မသာ ငွေမပေးရင် ဗီဒီယိုတွေကိုထုတ်ပြမယ်တဲ့၊ သူက နိုင်ငံခြား ဝက်ဘ်ဆိုက်တွေကိုတောင်ရောင်းမယ်လို့ ခြိမ်းခြောက်သေးတယ်၊ ကျွန်မရဲ့ဂုဏ်သိက္ခာကိုနင်းချေပြီး တစ်ဘ၀လုံးမျက်နှာမဖော်နိုင်အောင် လုပ်ချင်နေတာ!"