← Chapters

အခန်း (၁၆၄)

Vol. 17 Ch. 164

အခန်း (၁၆၄)

Vol. 17 Ch. 164

[သန်းခြောက်ဆယ်!! ဒီ အယုတ်တမာကောင်ကတော့! သူ လောင်းကစားအကြွေးဆက်ဖို့ ပိုက်ဆံတောင်းရုံတင်မကျေနပ်ဘူး သူထပ်ဆော့ဖို့ ဆယ်သန်းတောင်အပိုတောင်းလိုက်သေးတယ်]

ကျီဖေးသည် စနစ်၏စာများကို အမြန်ဖတ်ခဲ့သောကြောင့် အသေးစိတ်အချက်အလက်ကို သတိမထားမိခဲ့ပေ။ ထိုရွံရှာစရာကောင်းသည့်အရာများသည် ဘယ်နှစ်ကြိမ်မြင်ရပါစေ ရွံရှာစရာကောင်းဆဲပင်။

ချင်ကျောက်လည်း ထပ်တူရွံရှာနေခဲ့သော်ငြား ထုတ်ဖော်၍မရသောကြောင့် group chatတွင် ခံစားချက်များကို ဖွင့်ထုတ်လိုက်ပြီး အတင်းအဖျင်းပြောတော့သည်။

သန်းခြောက်ဆယ်သည် သေးငယ်သောပမာဏမဟုတ်ချေ။ စွင်းမန်သည် သူမ၏ ပိုင်ဆိုင်မှုအားလုံးကို ရောင်းမှသာလုံလောက်ပေမည်။ သို့သော် သူမထံ အခြား ရွေးချယ်စရာမရှိချေ။

မူလတွင် ဖေးမင်ရွမ်နှင့် အခြားသူများသည် ဓာတ်ပုံများသာဖြစ်သည်ဟုထင်ခဲ့ကြသည်။

သို့သော် စွင်းမန်ကို သတ်သေသည်အထိ တွန်းပို့နိုင်သည့်လျှို့ ဝှက်ရိုက်ကူးထားသော ဗီဒီယိုများလည်း ရှိသည်ဟု ၎င်းတို့ကြားလိုက်ရသည်။ ထို Vedio များမှာ မည်သည့်အရာများမှန်း သိသာစွာပင်။

ထိုသို့ဗီဒီယိုသာ ထွက်လာပါက ပြည်တွင်းရှိ အင်တာနက်အသိုင်းအဝိုင်းတွင် မြန်မြန်ဆန်ဆန် ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း အချိန်ခဏတာတော့ပျံ့နှံ့ပေလိမ့်မည်။

ထိုသို့သာဆိုလျှင် စွင်းမန်လည်း အလွယ်တကူလဲပြိုမည်မဟုတ်ချေ။

အဖြစ်မှန်မှ ထိုမျှနှင့်သာမပြီးပဲ ခြိမ်းခြောက်သည့်နည်းလမ်းမှာ ရက်စက်လွန်းပေသည်။

ထိုအရာကိုဟာ နိုင်ငံခြားဝက်ဘ်ဆိုက်သို့ ရောင်းချရန်စီစဉ်ခဲ့ပါက သူ့ ဘ၀တစ်လျှောက်လုံးလိုက်ပါလာမည့် အရှုပ်တော်ပုံကြီးဖြစ်ပေလိမ့်မည်။

စွင်းမန်သည် လူမှုကျင့်၀တ်များကိုစောင့်ထိန်းသူဖြစ်သော ကြောင့် ထိုဗီဒီယိုမျိုး လိုင်းပေါ်ရောက်မည်ဆိုသည့် အတွေးသည်ပင် သူမအတွက် သည်းမခံနိုင်ချင်စရာပင်။

သတိရှိသော အမျိုးသမီးတစ်ဦးသာဆိုပါရ ရဲတိုင်မည်ဖြစ်သော်လည်း ထိုစဥ်အခါက စွင်းမန်သည် သတ္တိမရှိခဲ့ပေ။ သူမ ထိတ်တိုက် မရင်ဆိုင်ချင်သလို အေးအေးဆေးဆေးသာ ဖြေရှင်းချင်သည်။ လန်ကျွယ်သာ ထိုအကြောင်းမမေးပါက သူမ၏ဆွေမျိုးများကိုပြောပြခဲ့သော်လည်း ထွက်လမ်းမရှိရုံမက သူမ ဆွေမျိုးများကပင် သူမကို ထိခိုက်စေခဲ့သည်။

သူမကို ကူညီမည့်သူ တစ်ယောက်ပင်မရှိသဖြင့် သူမ အလွန်စိတ်အားငယ်နေရပြီး အသက်ရှင်စိတ်များပင် ကုန်ခမ်းသွားခဲ့သည်။

ယခုတော့ သူမအား ပိုက်ဆံတစ်ခုတည်းကြောင့် ဤအခြေအ နေသို့ရောက်အောင် တွန်းပို့ခဲ့သူမှန်းမသိပဲ ပြောလိုက်ဆိုလိုက်လုပ်နေသေးသည်။

လန်ကျွယ်သည် သူမ အမေးကိုကြားသောအခါ အလွန် စိတ်မကောင်းဖြစ်သွားပုံရပြီး "ဒီလိုဖြစ်မယ်ဆိုတာ ကိုယ်တကယ်မထင်ခဲ့ဘူး၊ ကိုယ်အဲ့လို မရည်ရွယ်ပါဘူးကွာ၊ မန်မန် ကိုယ်.."

"ကလိမ်ကကျစ်ကောင်!!"

လုဖေးသည် အလျင်စလိုထကာ လန်ကျွယ်ကိုပါးနှစ်ချက်ဆင့်ရိုက်လိုက်သဖြင့် လန်ကျွယ်လည်း မြေပြင်ပေါ်သို့လဲကျသွားသည်။

လန်ကျွယ်၏ပါးစပ်သည် သွေး‌ပင်ထွက်နေပြီး လုဖေးကိုအံ့ အားသင့်စွာ ကြည့်နေလေသည်။ သူ့မားမား သူ့အား ဒီလောက်ထိတစ်ခါမှမရိုက်ဖူးချေ။

"ဒီလိုအယုတ်တမာကောင်ကို ငါ ဘယ်လိုမွေးခဲ့မိတာလဲ၊ စွင်းမန်ကို ဒူးထောက်တောင်းပန်လိုက်စမ်း!"

လုဖေးသည် ထိုကိစ္စကို အရေးတယူမှတ်ယူထားသည်။ ထိုသည်မှာ အသေးအမွှားမဟုတ်ပဲ လူတစ်ယောက်၏အသတ်ကို နိဂုံးချုပ်စေမည့်အရာဖြစ်သည်။ ဤသို့ သရုပ်ဆောင်စွမ်းရည်လည်းကောင်းမွန်သလို ရုပ်ရည်လည်းပြောစရာမလိုသည့် မိန်းကလေးသည် တောက်ပသည့် ဘ၀ခရီးလမ်းကိုလျှောက်လှမ်းဖို့သာလိုတော့သည်။ ဒီလိုကိစ္စမျိုးကို သူမ ဘယ်လို ခံနိုင်ရည်ရှိနိုင်မှာလဲ!

"အမလေး ကံဆိုးလိုက်တာဟဲ့! ငါတို့ အခု ဘာနှယ့်လုပ်ကြမတုန်း" စွင်းမန်၏မားမားသည် ငိုတော့သည်။

စွင်းမန်၏ဦးလေးသည် မျက်လုံးများပြူးကျယ်လျက်

"ဒီကိစ္စ... စွင်းမန်.. မင်း ငါတို့ဆီ ပိုက်ဆံတောင်းရင်တောင် အခု အရမ်းနောက်ကျနေပြီ၊ ဒီလိုအချိန်လေးတွင်းမှာ ငါတို့ အဲ့လောက်အများကြီး မစုနိုင်ဘူး၊ ငါတို့ဘာလို့ဖြုန်းတီးနေမှာလဲ? ဒီအတိုင်းထားလိုက်ရင်ရော? မင်းက စတားတစ်ယောက်ပဲလေ၊ စတားဆိုတာ ဘာမဆိုလုပ်လို့ရတာပဲမလား ? ဒါကို အလုပ်တစ်ခုလို့မှတ်လိုက်၊ မင်း ပိုပြီးလူကြိုက်တောင်များသွားဦးမှာ၊ နိုင်ငံခြားက ကြယ်ပွင့်တစ်ချို့ဆို‌ရင် ဒီလိုဗီဒီယိုတွေနဲ့ သူတို့ကိုယ်သူတို့ နာမည်ကြီးအောင်လုပ်ကြတာပဲ မဟုတ်လား”

"ရှင် တော်တော်သိတာပဲ" ဖေးမင်ရွမ် လှောင်ပြောင်လိုက်သည်။

"ရှင်ဘာလို့ ကိုယ်တိုင်မလုပ်တာလဲ ? ရှင် နာမည်တောင်ကြီးချင်ကြီးလာဦးမှာ ကျွန်မ ကူညီပေးမယ်လေ"

“ဘယ်လိုလုပ် ငါ…” စွင်းမန်၏ဦးလေးသည် စွင်းမန်၏သတ် ဖြတ်လုနီးပါး အကြည့်ကိုမြင်လိုက်ရချိန် ငြိမ်သက်သွားပြီး

"ဒါ နောက်ဆုံးနည်းလမ်း မဟုတ်ဘူးလား?"

ထိုစဉ် လန်ကျွယ်သည် အတင်းအကြပ် ဒူးထောက်ခံခိုင်းထားရမှ "မန်မန် ဒီဗီဒီယိုတွေကို လုံးဝ တစ်ခြားသူတွေသိလို့မရဘူး၊ ကိုယ့်မှာပိုက်ဆံမရှိဘူးဆိုတာ မင်းသိပါတယ်၊ မဟုတ်ရင် ဒီပြဿနာကိုဖြေရှင်းဖို့ ကိုယ့်ပိုက်ဆံကို မင်းကို ပေးလိုက်မှာ၊ အခု တခြားတစ်ယောက်ဆီက ချေးဖို့ နည်းလမ်းစဉ်းစားရင်ရော ?"

ထို့နောက် သူ့အကြည့်များသည် ချင်ကျောက်နှင့် ကျီဖေးတို့ထံရောက်သွားသည်။

ယခုအချိန်တွင် ၎င်းတို့ နှစ်ယောက်စလုံး၏ခေါင်းထက် '၀တုတ်‌နေသည့်သိုး' ဟု ရေးထားသည့်ပမာပင်။

【နင် သေချင်နေတာလား! ငါက အဲ့လောက် ပိုက်ဆံရှိတဲ့သူနဲ့တူလို့လား? ငါ့ကိုတောင် ပစ်မှတ်ထားရဲတယ်ဆိုတော့ နင် အသက်ရှင်ရတာ ငြီးငွေ့နေတာလား]

ချင်ကျောက်သည် လန်ကျွယ် ထိုမျှအထိအိပ်မက်မက်ဝံသဖြင့် တိတ်တဆိတ်ရယ်မောနေခဲ့သည်။

ထိုစဥ် လုဖေးသည်လှည့်ပြောလာခဲ့သည်။

"ဒီကိစ္စတွေရဲ့ အရင်းမြစ်က ကျဲရဲ့သားဆိုတော့ ပိုက်ဆံကိစ္စကို ကျဲတာ၀န်ယူပေးပါ့မယ်"

လုဖေးသည် စွင်းမန်ကို ရဲထံသတင်းပို့ရန်အကြံမပေးသည်မှာ ဘာဖြစ်မည်ကို မည်သူမှမသိသောကြောင့်ပင်။ ထိုလူကို ဖမ်းနိုင်မည်မှာ‌သေချာသော်လည်း ၎င်းတို့ မဖမ်းနိုင်မီ ဗီဒီယိုပေါက်ကြားပါက မည်သို့လုပ်မည်နည်း ?

သူမတို့သည် အပြင်လူများဖြစ်သ၍ တစ်ဖက်လူ၏ အနာဂတ်ကိုအလောင်းအစားမလုပ်ဝံချေ။ သို့သော် ထိုသည်မှာ သူမ သား၏အမှားဖြစ်သောကြောင့် သူမ တာဝန်ယူမည်။

အားလုံးသည် လုဖေးကို အံ့သြစွာကြည့်လာသည်။

လန်ကျွယ်သည် ခဏတာမျှသာ အံ့အားသင့်သွားပြီး ထိုစကားကို လက်ခံလိုက်သလိုခေါင်းညိမ့်လိုက်သည်။

【ရည်းစားဟောင်းကို လိမ်လည်လှည့်ဖြားလို့အားမရလို့ အမေဖြစ်သူကိုပါ လိမ်နေတဲ့သားလိမ္မာလေးပဲ၊ နင်က ပိုက်ဆံမှပိုက်ဆံပဲ ဂရုစိုက်နေတာမလား? ]

ချင်ကျောက်သည်လည်း တိတ်တဆိတ် လှောင်ရယ်နေသည်။ လောင်းကစားစွဲသူများသည် ၎င်းတို့၏ဆွေမျိုးများကို တောင် ရက်စက်ကြမ်းကြုတ်စွာ ပြောဆိုခဲ့သည်ကို ကြားဖူးသော် လည်း ယခုအခါမှ ကိုယ်တိုင်မြင်ဖူးခြင်းဖြစ်သည်။

တကယ်တော့ သူသာ မားမားကို လိမ်ဖို့ အခွင့်အရေးရှိပါက ပိုက်ဆံပိုတောင်းလို့ရပေမည်။ အဆုံးတွင် လန်ကျွယ်အမြင်တွင် သန်းခြောက်ဆယ်ဆိုသည့်ပမာဏမှာ စွင်းမန်အပေးနိုင်ဆုံး ငွေပမာဏဟု ယူဆခဲ့သောကြောင့် ထိုမျှတောင်းခြင်းဟု ချင်ကျောက်ထင်မိသည်။

သို့သော် သူသည် အမှန်တရားကို သိပြီးသူဖြစ်သဖြင့် ဆက် သည်းမခံနိုင်တော့ချေ။ ဒါဆို သူဘယ်လို ဖော်ထုတ်ရမလဲ ?

ချင်ကျောက်သည် မစဉ်းစားနိုင်သောကြောင့် Group chat သို့သာသွားပြန်ပြောပြတော့သည်။

လူသားများ၏သတ်မှတ်ချက်ထက် လွန်ကဲနေသေည ကိစ္စရပ်များကို မြင်လိုက်ရချိန် တစ်ဖွဲ့လုံးရှိသူများလည်းလိုက်ပါကျိန် ဆဲကြတော့သည်။

ချင်ရှန့်သည်သာ "သူက အားလုံးကိုကိုယ်တိုင်လုပ်ခဲ့တာဆိုတော့ နည်းလမ်းရှိပါသေးတယ်၊ ဗီဒီယိုနဲ့ ဓာတ်ပုံတွေက အခုထိ သူ့လက်ထဲမှာ ရှိနေတုန်းပဲနေမှာ၊ စွင်းမန် ရဲကို သတင်းပို့ဖို့ဆုံးဖြတ်လိုက်ပြီဆိုတော့... လန်ကျွယ် မိုက်ရူးရဲဆန်တာကို တားဆီးဖို့ video နဲ့ပုံတွေကို အရင်ရှာတာအကောင်းဆုံးပဲ"

ချင်ကျောက် အံ့အားသင့်သွားပြီး လန်ကျွယ်၏ဖုန်းကိုချက် ချင်းရှာချင်သော်လည်း ထိုဖိုင်များအား အခြားတစ်နေရာတွင် သိမ်းဆည်းထားပါက မည်သို့လုပ်ရပါ့ဟုခေါင်းခြောက်နေမိသည်။

ထိုစဉ် ကျီဖေး၏အတွေးများကို ကြားလိုက်ရသည်။

【ကံကောင်းတညလား၊ ကံဆိုးတာလားတော့ မသေချာပေမယ့် စွင်းမန် စိုးရိမ်နေတဲ့ ဗီဒီယိုတွေကို သူအခုထိဖြန့်ဖို့မလုပ်ထားဘူး၊ အဲ့တာတွေ အားလုံးက လန်ကျွယ်ရဲ့ ဖုန်းထဲမှာ ရှိနေတုန်းပဲ၊ သူ တစ်ခြားသူတစ်ယောက်ရဲ့အကောင့်လိုလုပ်ပြီး စွင်းမန်ကို ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေကိုပြပြီး ကြောက်အောင်ခြောက်လိုက်တာပဲ၊ လန်ကျွယ်ကိုသာ ချက်ချင်းဖမ်းနိုင်ရင် အားလုံးအဆင်ပြေသွားပြီ မဟုတ်ရင်တော့ တကယ့်ပြဿနာပဲ၊ လုဖေး စီစဉ်သလိုပဲ လုပ်တာကောင်းမလား၊ အရင်ဆုံး ငွေပေးပြီးမှ သူ့ကို ဖမ်းရင်ရော? ဒါပေမဲ့ သူသာ ပိုက်ဆံကုန်သွားခဲ့ရင် အဲ့ဟာတွေကို မရောင်းဘူးလို့မပြောနိုင်ဘူး.... သူက အဲ့လိုအရှက်မရှိတဲ့ဟာဆိုလည်း လုပ်ရဲမှာ သေချာပေါက်ပဲ၊ ဒါမှမဟုတ် ဖုန်းကိုပဲ တစ်ခါတည်းဖျက်ဆီးလိုက်ရင်ရော? ဟင်း... ဒါဆို သူ့ကို အပြစ်ပေးဖို့ သက်သေရှိတော့မှာမဟုတ်ဘူး"

ချင်ကျောက်သည် ရုတ်တရက်တုန်လှုပ်သွားပြီး သူ့အစ်ကိုနှင့် မရီး၏စကားကိုသာ ပေါင်းစပ်လိုက်ပါက ဖိုင်များသည် လန်ကျွယ့်လက်ရှိဖုန်းထဲတွင် ရှိနေသည်မှာသေချာသလောက်ပင်။

သူ့အစ်ကို၏ အကြံမှာ ထိုဖိုင်များကို မဖျက်ခိုင်းခြင်းသည်အယုတ်တမာကောင်ကို အပြစ်ပေးဖို့ သက်သေမရှိမှာဆိုးလို့ကိုး

ဒါဆို လန်ကျွယ် မိုက်ရူးရဲမဆန်အောင်လုပ်ဖို့ဆို ဖုန်းကိုအရင်သိမ်းပြီးမှ ရဲကိုသတင်းပေးရမဲ့ပုံပဲ၊ ဒါဆို သူ အမှန်တရားကို သိနေတယ်ဆိုတာ တစ်ခြားသူမသိအောင် ဘယ်လိုကာကွယ်ရမလဲ ?

စွင်းမန်သည် "မလိုပါဘူး ရဲကို သတင်းပို့ဖို့ပဲ စီစဉ်လိုက်ပါ" ကျီဖေး တွေးထားသလိုပင်။

ချင်ကျောက် ကူကယ်ရာမဲ့နေရသည်။ သူ့အစ်ကိုအကြံအတိုင်းသာ သွားလုပ်ပါက လန်ကျွယ် အလန့်တကြီးနဲ့ ခုခံလာရင် ဘယ်လိုလုပ်မလဲ?

ဖေးမင်ရွမ်သည် ခေါင်းညိတ်ပြီး "တကယ်တော့ ရဲကိုသတင်း ပို့တာက အကောင်းဆုံးပဲ၊ ငွေညှစ်တယ်ဆိုတာက အကြိမ်ကြိမ်လုပ်လာနိုင်တယ်၊ ဒါပေမဲ့ အဲ့တာက နင့်အနာဂတ်ကိုအလောင်း အစားလုပ်နေသလိုပဲ၊ စွင်းမန် နင်သေချာစဉ်းစားပြီးပြီလား"

စွင်းမန်၏မျက်လုံးများသည် ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေသော်လည်း သူမ ခေါင်းညိတ်ကာ "တောင်းပန်ပါတယ် ဖေးကျဲ၊ ကျွန်မ နောက်ဆို ရှင်နဲ့ အလုပ်ဆက်မလုပ်နိုင်တော့ဘူး"

သူ့အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူသိမှာလဲ? ဒါပေမယ့် သူမ ဒီအတိုင်း လက်မလျှော့ချင်ဘဲ မုန်တိုင်းအားလုံးကို ရင်ဆိုင်ဖို့ဆန္ဒရှိသည်။

"မဟုတ်ဘူး!"

လန်ကျွယ် ရုတ်တရက်ထရပ်လိုက်သည်။

"ကိုယ့် မားမားက မင်းကို ကူညီမလို့လေ၊ ဘာလို့ ခေါင်းမာနေတာလဲ၊ ဒါသာ ပေါက်ကြားသွားရင် ဘယ်လိုလုပ်မလဲ..."

"စိတ်မပူပါနဲ့ ဒီဗီဒီယိုတွေကို ကျွန်မ မြင်ဖူးတယ်၊ အဲ့ကရိုက် ချက်တွေက ရှင့်ပုံစံကို မမြင်ရပါဘူး"

စွင်းမန် ပြောနေလက်စ တန့်သွားရသည်။ သူမ တစ်ခုခုမှားနေသည်ဟု ခံစားလာရသည်။

"ကိုယ်က အဲ့တာကို ဂရုစိုက်မယ်ထင်နေလား? ကိုယ်ဂရုစိုက်တာ မင်းကိုပဲ! မင်း သေကြောင်းတောင် ကြံစည်ခဲ့မှတော့ တစ်ဖက်လူလည်း လွန်လွန်ကျွံကျွံမလုပ်ရဲဘူးဆိုတာ ကိုယ်ယုံတယ်၊ ဒီအန္တရာယ်တွေကို မြန်မြန်ကင်းအောင်လုပ်ကြရ အောင်"

စွင်းမန်က "ကျွန်မ တစ်ခါသေဖူးပြီးပြီ၊ ကျွန်မ ဘာကိုမှ ဂရုမစိုက်ဘူး၊ အဲ့လူကို ကိုယ်နဲ့ထိုက်တန်တာ ပြန်ပေးဆပ်စေချင်တယ်"

လန်ကျွယ်၏မျက်နှာသည် အဆုံးတွင် မထိန်းနိုင်တော့ပေ။ သူ့မျက်လုံးများသည် မှန်းဆလို့မရစွာ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ဖုံးကွယ်ထားပြီး

"ဒါမှမဟုတ် သတင်းကို စောင့်ကြရင်ရော? အဲ့ဒါဆို ပြန်လှည့်ဖို့ နည်းလမ်းရှိတာပဲ"

Chapter 164

All Chapters