← Chapters

အခန်း (၁၆၅)

Vol. 17 Ch. 165

အခန်း (၁၆၅)

Vol. 17 Ch. 165

လန်ကျွယ်သည် အချိန်ဆွဲကာ စွင်းမန်အားခြိမ်းခြောက်ရန် အခွင့်ကောင်းရှာရမည်ဟုထင်ထားပြီး စွင်းမန် ရူးမိုက်သည့်အရာများမလုပ်မိအောင် တားဆီးထားသည်။

"လန်ကျွယ် နင်ဘာတွေပြောနေတာလဲ၊ ငါတို့ ရာဇ၀တ်ကောင်တွေနဲ့ လုံးဝမညှိနှိုင်းဘူး" လုဖေးရုတ်တရက် ပြောလိုက်သည်။

"မား ဒါက အဲ့လိုပြောရမဲ့အချိန် မဟုတ်-"

လန်ကျွယ် အလျင်အမြန် တားဆီးဖို့ ကြိုးစားသော်လည်း သူ့အမေကို မတားနိုင်ခဲ့ချေ။

လုဖေးသည် စွင်းမန်၏လက်ကိုဆွဲကိုင်လိုက်ပြီး

"ဒီမှာကလေး... ဒီကိစ္စတွေက လန်ကျွယ်ကြောင့်ဖြစ်ခဲ့တာလို့ပြောလို့ရတယ်၊ ဒါကြောင့် ငါတို့မိသားစုက ဒါကိုတာဝန်ယူမယ်၊ ဒီကိစ္စအတွက် ပိုက်ဆံလိုရင်လည်း အန်တီပေးပါ့မယ်၊ သမီး ရဲကိုတိုင်ချင်တယ်ဆိုရင်လည်း အန်တီ့တာ၀န်ထားလိုက် ၊ အန်တီမှာအရည်အချင်းအများကြီးမရှိပေမဲ့ စစ်တပ်ပိုင်းမှာ အဆက်အသွယ်တော့ရှိတယ်၊ အဲ့ရာဇ၀တ်ကောင်ကို ဖမ်းနိုင်ရမယ်ဆိုတာ အန်တီ့အာမခံတယ်၊ ဒါပေမဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကိုတော့ အန်တီ တာ၀န်မယူနိုင်ဘူး၊ အဲ့တာတွေက ပေါက်ကြားနိုင်လောက်တယ်"

စွင်းမန်သည် လန်ကျွယ်ကိုဒေါသထွက်ခဲ့သော်လည်း လုဖေးဆီသို့ သူ့ဒေါသကို ပုံမချခဲ့ပေ။ ထိုစကားများသည် သူမ မျက် လုံးကိုအနည်းငယ်နီသွားစေသည်။ ယခုအချိန်တွင် သူမ ရှေ့တွင် အရာအားလုံးကို ရပ်တည်ကာကွယ်ပေးချင်သည့် လူကြီးတစ်ယောက်ရှိနေသည်က သူမကိုပျော်စေသည်။

သူမ မိသားစုလိုတော့မဟုတ်..

"ကျေးဇူးတင်ပါတယ် လုလောင်ရှစ်၊ ကျွန်မ ရဲတိုင်ချင်ပါတယ်" စွင်းမန် ပြတ်သားစွာပြောလိုက်သည်။

လုဖေး ခေါင်းညိတ်လိုက်ပြီး ရဲကိုခေါ်ရန် ဖုန်းကိုထုတ်လိုက်သည်။

လန်ကျွယ်၏မျက်နှာသည် ချက်ချင်းကွဲအက်လုနီးပါးဖြစ်သွားသည်။

[ဟားဟား မမျှော်လင့်ထားတဲ့လှည့်ကွက်ပဲ၊ လန်ကျွယ်... လန်ကျွယ်... နင့်ရဲ့မားက နင့်ဘက်မှာမဟုတ်ဘူး နင့်ရည်းစားဟောင်းဘက်က ရပ်တည်နေမယ်လို့ မမျှော်လင့်ထားဘူးမလား? နောက်ဆုံးအဖမ်းခံလိုက်ရမဲ့သူက သူ့ သားမှန်းသိခဲ့ရင် လုလောင်ရှစ် ဘယ်လိုဖြစ်သွားမလဲ သိချင်လိုက်တာ၊ ငါ သူ့ကိုတော့ နည်းနည်းတော့သနားမိတယ်]

လန်ကျွယ်သည် လုဖေးကို ရဲခေါ်ဖို့ အခွင့်အရေးမပေးပဲ ဖုန်းကို အမြန်ဆွဲလုကာ "မဟုတ်ဘူး မား!"

"မင်း ဘာလုပ်တာလဲ!" လုဖေး ဒေါသတကြီးအော်လိုက်သည်။

ဖေးမင်ရွမ်ပင်လျှင် လန်ကျွယ်၏အပြုအမူ ထူးဆန်းနေသည်ကိုသတိပြုမိပြီး "လန်ကျွယ်... စွင်းမန် ပြောပြီးသားလေ ဗီဒီယိုထဲမှာ နင့်ကိုမမြင်ရပါဘူးလို့၊ အဲ့တော့ နင့်ကို ထိခိုက်မှာမဟုတ်ဘူး၊ နင်က အခု သူ့ရည်းစား မဟုတ်တော့လို့ နင့်မှာ ဒီကိစ္စကို ဆက်ပြီး စွက်ဖက်ပိုင်ခွင့်မရှိဘူး"

စွင်းမန်သည် လန်ကျွယ်ကိုကြည့်ကာ သူ့လုပ်ရပ်များသည် သူမ၏ကိုယ်ရေးကိုယ်တာများကို ဖုံးကွယ်ပေးချင်သည့် ရည်းစားဟောင်းတစ်ယောက်၏ ဆန္ဒဟုသာထင်မိသည်။

သို့သော်လည်း ကျီဖေးသည် "ဒီကိစ္စကို သတင်းပို့ပြီးရင် ရဲတွေလာရှာမှာကို ရှင် စိုးရိမ်နေတာမလား"

လန်ကျွယ်သည် ချက်ချင်းပင် တည်ငြိမ်မှု ပျောက်ဆုံးသွားပြီး "မင်း ဘာ အရူးစကားတွေပြောနေတာလဲ ? ရဲတွေက ငါ့ကို ဘာလို့ရှာမှာလဲ၊ ဒီကိစ္စက ငါနဲ့မဆိုင်ဘူး"

[သူ ထိတ်လန့်နေပြီ! ထိတ်လန့်နေပြီ! ထိတ်လန့်နေပြီ ဟေ့ဟေ့!]

လုဖေးသည် လန်ကျွယ်၏ထူးဆန်းသော အပြုအမူကိုမြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ "မင်း ဘာလို့ထိတ်လန့်နေရတာလဲ"

လန်ကျွယ် အေးခဲသွားသည်။

ကျီဖေးသည် မျက်ခုံးပင့်ကာ ပြုံးလိုက်ပြီး "ဟေ့ ဘာလို့ အဲ့လောက်ထိတ်လန့်သွားလဲ ? အဲ့ဒီ ဓာတ်ပုံနဲ့ ဗီဒီယိုတွေက ရှင့်ဖုန်းကနေ ပေါက်ကြားလာတာဆိုတော့ ရဲတွေ စစ်ဆေးတာပုံမှန်ပဲ မဟုတ်ဘူးလား? ကျွန်မက ရှင်အဆင်မပြေမှာကို စိတ်ပူနေမယ်ထင်တာ၊ ဘာလို့ ရှင့်ရဲ့တုံ့ပြန်မှုက အရမ်းပြင်းထန်တာလဲ? မသိရင် ရှင်ကို ရာဇ၀တ်သားလို့စွပ်စွဲထားလို့ ရဲတွေက ဖမ်းဖို့ လာနေတဲ့အတိုင်းပဲ"

[အိုးဟိုး တစ်စုံတစ်ယောက်ကတော့ အပြစ်ရှိစိတ်တွေ သူ့ဘာသာကြွလာလောက်ပြီ မဟုတ်ဘူးလား ?]

ကျီဖေးသည် ကဲ့ရဲ့နေသည်မှာ ထင်ရှားသည့်အပြင် လန်ကျွယ်၏မျက်နှာသည်လည်း အရောင်မျိုးစုံဖြတ်ပြေးနေတော့ သည်။

ချင်ကျောက်သည် သူ့မရီးကို လက်မပင်ထောင်ပြချင်လာကာ စိတ်အတွင်းတွင် ကျယ်လောင်စွာရယ်မောလိုက်သည်။ သူမသည် မည်သူဆီကမှ သံသယ၀င်မခံဘဲ အမှန်တရားကို ထုတ်ဖော်လုနီးပါးဖြစ်ခဲ့သည်။

ထိုအချိန်တွင် ချင်ကျောက်လည်း မီးထဲသို့ လောင်စာထက်ထည့်လိုက်သည်။

"မင်း ဘာလို့ ထူးထူးဆန်းဆန်း ချွေးတွေထွက်နေတာလဲ? ဘာတွေ စိတ်ပူပြီးကြောက်နေတာလဲ"

[ဘရာဘို! စန်းတိက အတော်လေးရိပ်မိသွားပြီနဲ့တူတယ်၊ သူလည်း လန်ကျွယ်အကြောင်းတစ်ခုခုကို သတိထားမိလိုက်ပုံပဲ၊ ဒီအတိုင်းသာ ဆက်ထိန်းထားရင် K.O ပဲ]

ချင်ကျောက်သည် သူမ၏ ချီးမွမ်းသံကိုကြားတော့ ဖုန်းရှိ message ၀င်သံကိုပင် သတိမထားမိတော့ချေ။

ချင်ကျောက်နှင့် ကျီဖေးတို့သည် လန်ကျွယ်တွင် အဓိက ပျော့ကွယ်ကြီးရှိနေသောကြောင့် ဂရုတစိုက်သာ လှုပ်ရှားကြသည်။ သူတို့သာ အမှားတစ်ခုခုလုပ်မိပါက စွင်းမန်၏အခြေအနေကို ပျက်စီးစေနိုင်သဖြင့် တစ်ကြိမ်တွင်တစ်လှမ်းသာ လှမ်းသည်။

ယခုအချိန်မှာတော့ တခြားလူတွေအားလုံးသည် လန်းကျွယ်ကို သံသယမျိုးစုံနှင့် ကြည့်နေကြသည်။

"လန်ကျွယ်... နင် ငါတို့က တစ်ခုခု ဖုံးကွယ်ထားတာလား။"

လုဖေးသည် သူမ၏သားအား ထိုသို့အရာမျိုးနှင့် ပတ်သက်နေမည်ကို စိတ်ကူးတောင်မယဉ်ဖူးသောကြောင့် ကိစ္စတစ်ခုခု ဖုံးကွယ်ထားသည်ဟုသာ ယူဆခဲ့သည်။

ထိုအချိန်တွင် လန်းကျွယ်လည်း ဖိအားပေးတာကို မခံနိုင်တော့ပဲဖော်ထုတ်ခံရတော့မည်ဟု ခံစားရသဖြင့် ဒေါသတကြီးနှင့် ခုခံတော့သည်။

"ကျွန်တော်က ဘာကိုဖုန်းကွယ်ထားရမှာလဲ? ကျွန်တော် သူတို့ အရမ်းလွန်လွန်းလို့ ဒေါသထွက်နေတာလေ၊ ကျွန်တော်နဲ့ မန်မန်က ဘယ်လိုဆက်ဆံရေးလဲဆိုတာ အားလုံးသိတာပဲ၊ ကျွန်တော် ဘယ်လိုလုပ် မန်မန် နာကျင်တာကို ကြည့်နိုင်မှာလဲ၊ ကျွန်တော်က ဖုန်းပျောက်သွားတာနဲ့ပဲ ဘာလို့ မားရဲ့ မျက်လုံးထဲမှာ ရာဇဝတ်ကောင်ဖြစ်သွားတာလဲ"

"လန်ကျွယ် မားက မင်းကိုရာဇ၀တ်ကောင်လို့ တစ်ခါမှမပြောဖူးဘူး၊ သား ရိုက်ထားတဲ့ဟာတွေကို မဖျက်ထားဘူးလားဆိုတာ မားတွေးမိလို့ သားဖုန်းကို စစ်ဆေးဖို့ရဲတွေလာမှာကို မား အရမ်း စိတ်ပူနေတာ"

လန်ကျွယ်၏လက်သည် မသိစိတ်မှ သူ့အိတ်ကပ်များဆီသို့ ရွေ့သွားပြီး သူ့ မျက်လုံးအိမ်များတုန်ရီလျက်

"ဟုတ်ကဲ့၊ ကျွန်တော် ဖျက်ထားပါတယ်!"

"ဟုတ်လား? အင်း.. အခုအခြေအနေမှာ စွင်းမန်က သားကောင်ဖြစ်နေတုန်းပဲ၊ သေချာအောင်စစ်ဆေးဖို့လိုတယ်၊ အဲဒါဆို နောက်ကျမှ သတင်းတွေထွက်လာရင် ရှင့်ကို အပြစ်တင်လို့ မရတော့ဘူးပေါ့၊ ဒါမှအချင်းချင်းလည်း ပို ယုံလို့ရမှာပေါ့၊ ရှင် စိတ်ထဲမထားဘူးမလား"

ကျီဖေးသည် အခွင့်အရေးကို ဆုပ်ကိုင်ပြီး လန်ကျွယ်၏ဖုန်းကို ချက်ချင်းတောင်းဆိုလိုက်သည်။

လန်ကျွယ်၏ မျက်နှာသည်ပြာဝေသွားကာ

"ငါ့ကို တွန်းအားမပေးနဲ့"

ကျီဖေးသည် အပြစ်ကင်းဟန်ဆောင်ပြီး "ဟင် ? ရှင်က ဒီလို ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆိုမှုကိုတောင် ဘယ်လိုငြင်း နေရတာလဲ"

စွင်းမန်နှင့် လုဖေးတို့ နှစ်ယောက်စလုံး ခဏတာထိတ်လန့်သွားကြသည်။ ထိုကဲ့သို့ အဖြစ်အပျက်များ တစ်ခုပြီး တစ်ခုပြီးနောက် လန်းကျဲသည် ဖိုင်များကိုဖျက်ပြီးသားဖြစ်မည်ဟု အလိုလိုယူဆခဲ့ကြသည်။ ပုံမှန်လူတစ်ယောက်ယောက်သာ ဖုန်းပျောက်သွားပါက ထိုဖိုင်များက မည်သို့ရှိနေပါမည်နည်း။

သို့သော် လန်ကျွယ်၏တုံ့ပြန်မှုကိုမြင်လိုက်ရချိန် သူသာ တကယ်ပဲ အားလုံးကိုဖျက်ထားပါက အဘယ့်ကြောင့် ဤမျှ သတိထားနေရသနည်း ?

ဖေးမင်ရွမ်သည် သူမ၏မျက်လုံးများကို အနည်းငယ်မှေးထား သည်။ သူမသည် ဖျော်ဖြေရေးနယ်ပယ်တွင် ကိစ္စများကို မြင်တွေ့ဖူးပြီး လောင်းကစားနှင့် အကြွေးကိစ္စများကိုလည်းသိထားသဖြင့် သူမ ခဏလောက်စဉ်းစားလိုက်ချိန် မယုံနိုင်မှုများ အတိဖုံးသွားသည်။

ဒီကိစ္စကို သူကိုယ်တိုင် ကြိုးကိုင်တာများဖြစ်နေမလား ?

ရုတ်တရက်ဆိုသလိုပဲ ဖေးမင်ရွမ်သည် "စွင်းမန်က ဗီဒီယိုနဲ့ ဓာတ်ပုံတွေရဲ့ အဓိကလူပဲလေ၊ ခွင့်မပြုဘဲ ယူတာက တရားမ ၀င်ဘူး၊ နင် ဖျက်လိုက်ပြီလို့ပြောပေမယ့် သက်သေမရှိဘူးလေ၊ သေချာအောင် ငါတို့ သေချာပြန်စစ်ရင် ပိုကောင်းတာပေါ့... နင်သာ လိမ်ရင်"

လန်ကျွယ်သည် မထိန်းနိုင်တော့စွာ နောက်သို့ခြေတစ်လှမ်းဆုတ်မိသွားသည်။

စွင်းမန်၏အမူအရာ အမျိုးမျိုး ပြောင်းသွားသည်။ ဤအမျိုး သမီးငယ်လေးသည် ဆိုးရွား‌ခဲ့သော နှစ်များတွင်တောင် သူမ ၏ချိုမြိန်သောကောင်လေးအကြောင်းကို တွေးနေဆဲဖြစ် သည်။

ထိုကိစ္စသည် လောင်းကစားနှင့် အကြွေးပြန်မဆပ်နိုင်လောက်သည်အထိ မရိုးရှင်းချေ။

လုဖေး၏မျက်နှာသည် ပြောင်းလဲသွားပြီး "ဖုန်းထုတ်စမ်း!"

လန်ကျွယ်တွင် အမှန်တကယ် ရွေးချယ်ခွင့်မရှိတော့ချေ။

"မား ကျွန်တော့်ကို စိတ်ပျက်နေပြီမလား ? ကျွန်တော် ရှင်းပြဖို့ စိတ်မ၀င်စားဘူး၊ ကျွန်တော့်ဖုန်းက ကျွန်တော့်ကိုယ်ရေးကိုယ် တာပဲ ဘယ်သူ့ကိုမှမပြနိုင်ဘူး"

သူ ပြတ်သားစွာပြောပြီး ထွက်သွားရန်ပြင်လိုက်သည်။

သူ ထိုအခြေအနေကမှ လွတ်မြောက်ချင်နေမိသည်။

ကျီဖေးနှင့် ချင်ကျောက်တို့ စိုးရွံ့နေသည့်အရာဖြစ်လာသည်။ သူတို့တွင် လန်ကျွယ်ကိုတားရန် ခိုင်လုံသောအကြောင်းပြချက်မရှိပေ။

ဤအခြေအနေတွင် ၎င်းတို့ အတင်းတားဖို့သာလိုတော့သည်။

သို့သော်လည်း လန်ကျွယ်သည် တံခါးဝသို့ မရောက်မီတွင် တံခါးခေါက်သံ သုံးချက်ကိုကြားလိုက်ရပြီး တစ်စုံတစ်ဦးဝင်ရောက်လာခဲ့သည်။

"ကျွန်တော်တို့က ရဲတွေပါ၊ ဒီကို တိုင်ကြားချက်ရှိလို့လာတာပါ"

ခြေသံများနှင့်အတူ တင်းမာသော အမျိုးသားတစ်ယောက် အသံတစ်ခု ထွက်ပေါ်လာသည်။ ရဲအရာရှိ နှစ်ယောက်သည် တစ်ယောက်ပြီး တစ်ယောက်ဝင်လာသည်။

လန်ကျွယ်သည် ရဲတွေကိုတွေ့လိုက်တော့ အေးခဲသွားသည်။ သူသည် စဉ်းတောင်မစဥ်းစားတော့ဘဲ ရူးမိုက်စွာပြေးထွက်လာခဲ့သည်။

ထိုရုတ်တရက် လှုပ်ရှားမှုသည် ရဲများကိုလန့်သွားစေပြီး တစ် စုံတစ်ဦးသည် ၎င်းတို့ကို တိုက်ခိုက်ရန် ကြိုးပမ်းနေသည်ဟု ထင်သွားသည်။

သို့ဖြစ်ရာ ဦးစီးအရာရှိငယ်သည် ကျွမ်းကျင်စွာဖြင့် လန်ကျွယ်ကိုမြေပြင်ပေါ်ဖိသိပ်လိုက်သည်။

"မင်း ဘယ်သူလဲ၊ မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ၊ သူ့ကိုလက်ထိပ်အရင်ခတ်လိုက်စမ်း"

ထိုအဖြစ်အပျက်သည် လူတိုင်းကိုအံ့သြသွားစေသည်။

ကျီဖေးပင် အံ့အားသင့်သွားသည်။ သူမလည်း ရဲမခေါ်ခဲ့သဖြင့် မည်သူမှထိုအခြေအနေကို လျှို့ဝှက်စွာလုပ်ပိုင်ခွင့်မရှိချေ။

ထို့အပြင် ကျူးလွန်ခံရသူ၏သဘောဆန္ဒမပါဘဲ ရဲစခန်းသို့ အစီရင်ခံ တင်ပြဝံ့သူမှာမည်သူနည်း ??

All Chapters