အခန်း (၁၆၆)
Vol. 17 Ch. 166
၎င်းသည် ချင်ကျောက်မှလူတိုင်းအား နှုတ်မဆက်ခင်အထိဖြစ်ပြီး လက်တွေ့ ဘဝထဲသို့ ပြန်ရောက်လာကြသည်။
"လော့ကော?"
ဖမ်းဆီးမှုကိုကွပ်မျက်ခဲ့သည့် ခပ်ချောချောရဲအရာရှိသည် မတ်တတ်ထ ရပ်ကာ အံ့အားသင့်နေသည့်လန်ကျွယ်အား လက်တစ်ဖက်ဖြင့်ကျော နောက်သို့ လက်ထိပ်ခတ်လိုက်သည်။ သူက " ချင်စန်း၊ မတွေ့ ရတာကြာ ပြီ" ဟု ရွှင်လန်းစွာနှုတ်ဆက်လိုက်သည်။
စကားပြောပြီးနောက် လင်းယုန်လိုစိတ်အားထက်သန်နေသည့် သူ့ မျက်လုံးများသည် ကျီဖေးကိုလှည့်ပတ်ကြည့်လိုက်ပြီး သူသည် ခေါင်းညိတ်ကာ ပြောင်မြောက်စွာနှုတ်ဆက်လိုက်သည်။
ကျီဖေးဟာ ရုပ်ရည်ချောမောသည့်ရဲအရာရှိသည် ကြော်ငြာဗီဒီယိုများ အတွက်ပြီးပြည့်စုံသည်ဟု ထင်မြင်နေခဲ့သည်။ သူသာ livestream လွှင့် ရင်၊ ဖန်သားပြင်ပေါ်တွင် သူ့ကို "လောင်ကုန်း" ဟု ခေါ်နေမည့်ကြည့်ရှု သူများဖြင့် ပြည့်နှက်နေမည်မှာသေချာတယ် - သူကတော့ တကယ်ကိုမျက်စိကျစရာပွဲတစ်ခုပင်။ သို့သော်သူက ချင်ကျောက်နှင့်သိပြီး သူ့ သဘောထားကိုသတိပြုမိသည်နှင့် ကျီဖေးသည် သူ့အသွင်အပြင်ကို ဂရုတစိုက်မှတ်သားကာ ပြန်သတိရရန်ကြိုးစားခဲ့သည်။
[သွော်၊ ငါ အခုမှ မှတ်မိတယ်။ လော့ဖေးက ချင်ရှန့်ရဲ့ သူငယ်ချင်း ကောင်းတစ်ယောက်ပဲ။ သူက ချင်ရှန့်နဲ့ယုကျစ်တို့နဲ့အတူ ကောလိပ် အတန်းဖော်တွေပဲ။ သူတကယ်ပဲ သူတို့နှစ်ယောက်ကိုshipခဲ့ပြီး နောက်ပိုင်းမှာ သူတို့ရဲ့ အိမ်ထောင်ရေးအကြောင်းကိုလည်း အမှန် အတိုင်းသိခဲ့တယ်... သူ ငါ့အပေါ်အရမ်းအေးစက်နေတာ အံ့သွစရာမရှိပါဘူး။ အဲ့နောက်မှာ၊ ချင်မိသားစုဆီအလည်လာတာတောင်ရပ်လိုက် ပြီး၊ ချင်မိသားစုကချင်ရှန့်ကို သူ့ပျော်ရွှင်မှုကိုတောင်ဂရုမစိုက်ဘဲ အတင်းလက်ထပ်ခိုင်းခဲ့တယ်လို့ ထင်နေတာ။]
ချင်ကျောက်မှ ဤစကားအားကြားသောအခါ သူ့မရီးမှ ဤမျှလောက် သိနေမည်ဟုမမျှော်လင့်ထားဘဲ ဝမ်းနည်းသွားသည်။ သို့သော် လောဖေး အား ဒီမှာတွေ့ လိုက်ရတော့ သူတော်တော်အံ့သွသွားသည်။
" မင်းဒီမှာဘာလုပ်နေတာလဲ?" ချင်ကျောက်က မေးသည်။
" မင်း ရဲကိုခေါ်ခဲ့တာမဟုတ်ဘူးလား?" လောဖေးက သူ့ဖုန်းဆီသို့လက် ဟန်ပြကာ ပြောလိုက်သည်။
ချင်ကျောက်စိတ်ရှုပ်ထွေးသွားပြီး သူ့ဖုန်းကို အမြန်စစ်ကြည့်လိုက် သည်။ အစောပိုင်းကသူသည် ကျီဖေးထံမှ အထောက်အထားများ အားလုံးကိုသိကာ လန်ကျွယ်၏ဖုန်းထဲတွင်ရှိနေကြောင်း လူတိုင်းအား တိတ်တဆိတ်ပြောခဲ့ပြီး၊ ထို့ကြောင့် ချင်ရှန့်က နောက်ဆုံးအစီအစဉ်ကို ပေးခဲ့သည်။
သံသယရှိသူကိုသတိမပြုမိစေသေးဘဲ ရဲကိုဖုန်းဆက်ခဲ့ကာ သက်သေ အထောက်အထားများနှင့်အတူ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ သည်။ ဒီနည်းက ဘာမှစိုးရိမ်စရာမရှိချေ။
လော့ဖေးသည် အမှုကိစ္စတစ်ခုမှပြန်လာသောကြောင့် ချင်ရှန့်မှ ၎င်းအား တိုက်ရိုက်ဆက်သွယ်ခဲ့ပြီး ဤအဖြစ်အပျက်ကို ကိုင်တွယ်ဖြေရှင်းခဲ့ သည်။
ချင်ရှန့်သည် လောဖေး၏သတိရှိစွာစုံစမ်းမှုကိုအခြေခံပြီး သူခိုးကိုဖမ်းဖို့ ရန် လန်ကျွယ်ကသူခိုးလို့ ကြွေးကြော်နေတာဖြစ်နိုင်သည်။ သို့ပေမယ့် ဒီ လိုပြောဖို့ရန် သူတို့ကိုယ်သူတို့ထုတ်ဖော်မပြနိုင်သောကြောင့် လော့ဖေး ကို သူ့ဘာသာသူစုံစမ်းခိုင်းခဲ့သည်။ ၎င်းတို့တွင် တောင်းဆိုချက်တစ်ခု သာရှိသည်- သူ့ကိုဖမ်းမိသည့်အချိန်၌ သက်သေအထောက်အထားများ နှင့်အတူ ဖုန်းကိုလုံခြုံစေရန်၊ နစ်နာသူအား နောက်ဆက်တွဲအန္တရာယ်မ ဖြစ်စေရန်။
သင်သိသည့်သူနှင့်အလုပ်တွဲလုပ်ရခြင်းသည် ပြီးမြောက်ရန်ပိုမိုလွယ်ကူ သည်။ လော့ဖေးသည် ချင်ရှန့်၏စီရင်ချက်ကိုယုံကြည်သောကြောင့် လ န်ကျွယ်အား သံသယရှိသူအဖြစ် တိုက်ရိုက်ဆက်ဆံခဲ့သည်။ ဒါက ကျီ ဖေးနှင့်ချင်ကျောက်တို့၏ စိုးရိမ်မှုများအား လုံးလုံးလျားလျားပြေလည် သွားစေသည်။
လန်ကျွယ်သည် မည်သည့်အရာမျှမဖြစ်သေးမီ လူမြင်ကွင်းတွင်ဖမ်းဆီး ခြင်းကို ဆန့်ကျင်သည့်လုပ်ရပ်မျိုးလုပ်ဆောင်ရန် အလွန်မိုက်မဲလိမ့်မည် ဟု သူတို့မမျှော်လင့်ထားပေ။
ဒီနည်းနှင့်စီစဉ်ပြီးကတည်းက ချင်ကျောက်က ချက်ချင်းပင် လိုက် ကစားခဲ့သည်။
" အိုးမိုင်၊ တောင်းပန်ပါတယ်။ မင်းရဲကိုခေါ်မယ်လို့ကြားတော့ ငါပရော် ဖက်ဆာစွင်းကိုကူညီဖို့ အကျွမ်းတဝင်ရှိတဲ့လူတစ်ယောက်ကို ရှာတွေ့ ဖို့ မက်ဆေ့ချ်တစ်စောင်ရေးခဲ့တာ။ အခုမှပဲ မတော်တဆပို့မိမယ်လို့ မမျှော်လင့်ထားဘူး" ဟု ချင်ကျောက်မှပြောသည်။
[Damn! စန်းတိ၊ သိပ်တော်တယ်။ အချိန်ကိုက်ပဲ။ ပြီးတော့အဲဒါက ငါတို့ သိတဲ့လူမို့ နောက်မှအရိပ်အမြွက်ပြောလို့ရတယ်မဟုတ်လား? ဒါက မိုက် တယ်!]
ချင်ကျောက်သည် ချီးမွှမ်းမှုကိုရှက်ရွံ့ စွာလက်ခံခဲ့ပြီး ၎င်း၏အာ့ကော အား မိုးခြိမ်းသံခိုးယူမှုအတွက် စိတ်ထဲမှတောင်းပန်ခဲ့သည်။
အံကြိတ်ထားသည့်အဖွဲ့ ကို လှည့်ကြည့်လိုက်တော့ “ ရဲတွေ ရောက်နေ ပြီ၊ အဲ့တော့ ပါမောက္ခစွင်းက အစီရင်ခံစာတင်ချင်လား?"
စွင်းမန်သည် သူ၏အစောပိုင်းသံသယများမှ မသက်သာသေးဘဲ ရဲများ နှင့်ရင်ဆိုင်ရတိုင်း ရိုသေလေးစားမှုပိုရှိလာသည်။ သူ့ဖုန်းကို အမြန်ထုတ် လိုက်ပြီး အခြေအနေကိုအစအဆုံး ရိုးသားစွာရှင်းပြသည်။
" ဒါဆို မင်းဖုန်းထဲကနေ ဓါတ်ပုံတွေပေါက်ကြားနေတာလို့ ပြောနေတာ လား?" လော့ဖေးသည် လန်ကျွယ်အား တိုက်ရိုက်စိုက်ကြည့်လိုက်သည်။
လန်ကျွယ်သည် သူ့အသိစိတ်ဝင်လာပြီး ရုန်းကန်ရန်ကြိုးစားခဲ့သည်။ "ဒါ မတော်တဆမှုတစ်ခုပါ။ မင်းငါ့ကို ဘာလို့ဖမ်းတာလဲ?"
လုဖေးသည် သူ့သားအားဖမ်းသွားမည်ကိုမခံနိုင်ဘဲ ရှေ့သို့တိုးလာရန် မတတ်နိုင်ခဲ့ချေ။
" ဒါဆို မင်းအမှားလုပ်ခဲ့တာပေါ့။ အခုကစပြီး မင်းကတရားခံဖြစ်သွား ပြီ" လော့ဖေးမှ စကားများများမပြောပဲ လန်ကျွယ်၏အိတ်ကပ်ထဲမှဖုန်း အား တိုက်ရိုက်ယူကာ သက်သေအဖြစ်ထိန်းသိမ်းထားလိုက်သည်။
" မင်း ဘာလုပ်တာလဲ!" လန်ကျွယ် ထအော်လုနီးပါးအော်ဟစ်လိုက် သည်။ ဤအရာများမှ ထိုမျှလောက်အထိတိုးတက်လာမည်ဟု သူမ ယုံကြည်နိုင်ခဲ့ပေ။
"တရားခံ ?" လုဖေးမှ ထိတ်လန့်စွာပြောသည်။
" ဟုတ်တယ်၊ ပုံမှန်အားဖြင့် ဒီလိုကိစ္စမျိုးတွေက၊ ခံရသူနဲ့ရင်းနှီးတဲ့ သူတွေပဲ။ သူ့ဖုန်းပျောက်သွားတာနဲ့ပတ်သက်ပြီး သူ့ရဲ့ ဖြေရှင်းချက်က သူ့စကားသပ်သပ်ပဲ။ မကြာသေးမီကမှ သူ့မှာငွေအမြောက်အမြားလိုနေတဲ့ ဖြစ်နိုင်ခြေကိုရှာတွေ့ နိုင်သရွေ့ သူ့မှာအပျက်အစီးကိစ္စတစ်ခုခုကိုလုပ်ဖို့ လုံးလုံးလျား လျားစေ့ဆော်မှုရှိတယ်။ ဥပမာ - သူ့မှာ အကျင့်ဆိုးတစ်ခုခုရှိရင်ဖြစ်ဖြစ်၊ ငွေကြေးအငြင်းပွားမှုပဲဖြစ်ဖြစ်..."
"လောင်းကစားကို ထည့်တွက်လား ?" ဖေးမင်ရွမ်သည် ပြီး ပြည့်စုံသည့် အချိန်ကိုတီးခေါက်လိုက်သည်။
သူ့စကားများသည် ကြည်လင်သည့်ကောင်းကင်ယံမှ မိုးခြိမ်းသံကဲ့သို့ ပင်။ သူ့ရည်းစားဟောင်းမှ လျှို့ဝှက်ချက်များအား ထုတ်ဖော်မပြပဲ ကောင်းကောင်းဖုံးကွယ်ထားခဲ့မည်လို့ သူတို့ထင်ထားသည့်လျှို့ဝှက်ချက်သည် ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။
"မင်း...မင်း...ဘာပြောလိုက်တာလဲ ?"
လန်ကျွယ်သည် ထိတ်လန့်မှုကိုမ ထိန်းနိုင်ဘဲ မျက်ဖြူစိုက်လုနီးပါးဖြစ်နေသည်။ ထို့နောက် စွင်းမန်အား ဒေါသတကြီးနှင့်စိုက်ကြည့်သည်။
စွင်းမန်လည်း ခဏတာထိတ်လန့်သွားသည်။
ဖေးမင်ရွမ်က "ငါ့ကို အပြစ်တင်မနေနဲ့။ ရဲတွေက မေးခွန်းတွေမေးနေတယ်၊ ငါတို့လိုသာမန်ပြည်သူတွေက ငါတို့သိသမျှကို ပူးပေါင်းပြီးပြောပြရမယ်။ ဒါအပြင် တခြားသူတွေကိုမသိစေချင်ရင် အရင်မလုပ်နဲ့လေ။ အလုပ်ထဲမှာ ကောလာဟလတွေကကြားနေရတာပဲ။"
၎င်းသည် လောင်းကစားအချက်အလက်မှာ စွင်းမန်ထံမှပေါက်ဖွားလာခြင်းမဟုတ်ကြောင်း ကြေငြာချက်တစ်ခုဖြစ်ပြီး လန်ကျွယ်သည် လွတ်မြောက်သွားခဲ့ပါက နောက်ပိုင်းတွင်စွင်းမန်အတွက် ပြဿနာဖြစ်စေခြင်းမှ ကာကွယ်ရန်ဖြစ်သည်။
"ငါ... ငါမလုပ်ဘူး!" လန်ကျွယ်ခေါင်းမထောင်ရဲတော့ပေ။ သူ့အမေ၏ ဦးတည်ရာဘက်မှ ပူလောင်နေသည့်အကြည့်များအား သူခံစားရသည်။
" သူ လောင်းကစားလုပ်နေတာ၊ ကျွန်မ အတည်ပြုပေးနိုင်တယ်" စွင်းမန် ရုတ်တရက်ပြောလိုက်သည်။
လူတိုင်းကသူ့အား ထိုကဲ့သို့ကူညီနေသည့်အတွက် ဒီအချိန်တွင် သူတို့ကို ရှုံးနိမ့်ခွင့်မပြုနိုင်ချေ။
လန်ကျွယ်သည် စွင်းမန်အား မယုံနိုင်စွာကြည့်လိုက်သည်။ ထိုသို့သော နာခံမှုရှိသည့်မိန်းကလေးသည် ကတိများကို အလေးစားဆုံးဖြစ်သင့်သည်။ လမ်းခွဲခဲ့ကြသော်လည်း စွင်းမန်သည် အခြားသူ၏လျှို့ဝှက်ချက်များအားထုတ်ဖော်ပြသနိုင်စွမ်းမရှိသင့်ပေ။
သို့သော်စွင်းမန်သည် ထုံထိုင်းသောအမူအရာဖြင့် သူ့ကိုကြည့်နေသည်။ နောက်ဆုံးတော့သူတို့နှစ်ယောက်သည် တစ်ချိန်ကချစ်ခဲ့ကြဖူးပြီး တစ်ခါတရံမှာ လေးလေးနက်နက်လှည့်စားခံရတဲ့သူတွေဟာ တစ် ယောက်နဲ့တစ်ယောက် နားလည်မှုအရှိဆုံးသူတွေပင်။
"တစ်ခါက သူ လောင်းကစားအကြွေးတွေဆပ်ဖို့ ကျွန်မဆီကဆယ်သန်းလောက် ယူဖို့ကြိုးစားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်မတို့ လမ်းခွဲခဲ့တယ်။"
လူတချို့က လောင်းကစားကြောင့် ဒီလောက်ရက်စက်နိုင်လိမ့်မည်ဟု သူ မထင်ခဲ့မိချေ။
သို့သော် ဤအတည်ပြုချက်ကိုလက်ခံလိုက်သည်နှင့် အချို့သော တိုက်ဆိုင်မှုများသည် တိုက်ဆိုင်မှုမဟုတ်တော့ပေ။
အမှန်တရားသည် မစုံစမ်းရသေးခင်မှာပင် ရှင်းနေပုံရသည်။
မည်သူမှမတုံ့ပြန်မီ လုဖေး လန်ကျွယ်အား ပါးရိုက်လိုက်သည်။ လော့ဖေးသည် အလွန်လိုက်လျောညီထွေရှိပြီး ဘေးသို့အမြန်ရွှေ့ကာ တိုက်ပွဲ ကိုဖြိုခွင်းရန်ဟန်ဆောင်ပြီး လုဖေးမှ သူ့ဒေါသအား ဦးစွာဖြေဖျောက်နိုင်ခဲ့သည်။
" မင်း မဟုတ်လား? ဒါကို မင်းလုပ်တာဟုတ်လား၊ မင်း ရူးနေလား? မင်း ဘာတွေလုပ်ခဲ့တာလဲ? ဒီလိုအရာတွေကို မင်းဘယ်ဘလိုများလုပ်နိုင်ရတာလဲ ? မင်း စွင်းမန်နဲ့ ဘယ်လိုများမျက် နှာချင်းဆိုင်နိုင်တာလဲ ? မင်း ငါနဲ့ မင်းအဖေကို ဘယ်လိုများရင်ဆိုင်နိုင်တာလဲ ? မင်း ဘယ်လိုများ..."
"ကျွန်တော် မလုပ်ဘူး၊ ကျွန်တော် မလုပ်ဘူး..."
အဆုံးမှာတော့ လန်ကျွယ်၏မျက်နှာတွင် သွေးများဖြင့်ဖုံးလွှမ်းနေပြီး ရဲ တွေကနောက်မှရောက်လာကာ သူ့ကိုခေါ်သွားသော ကြောင့် ငိုနေခဲ့သည်။
"မစ္စစွင်း၊ စိတ်ချပါ။ ကျွန်တော်တို့ဆီက ကျွမ်းကျင်ပညာရှင်တွေက ဓာတ်ပုံနဲ့ဗီဒီယိုအားလုံးကိုခြေရာခံပြီး ကိုင်တွယ်ပေးပါ့မယ်။ နိုင်ငံသားတိုင်းရဲ့ ပုဂ္ဂိုလ်ရေးလုံခြုံမှု၊ ပိုင်ဆိုင်မှုနှင့် ဂုဏ်သတင်းကို ကျွန်တော်တို့ကာကွယ်ပေးပါ့မယ်" ဟု လောဖေးက ပြောကြားခဲ့သည်။
ထိုစကားကိုကြားတော့ စွင်းမန်သည် နောက်ဆုံးတွင်မျက်ရည် ကျကာသက်သာရာရစွာငိုပြန်သည်။
မူလက သူသည် မုန်တိုင်းအားလုံးကိုရင်ဆိုင်ရန် ပြင်ဆင်ထား သော်လည်း မမျှော်လင့်ဘဲ အရာအားလုံးရုတ်တရက်ပြေလည်သွား သည်။ ဘယ်နတ်ဘုရားက သူ့ကိုကူညီပေးခဲ့သည်မသိပေမယ့် သူ့ကိုအစွန်းရောက်အောင် တွန်းပို့ခဲ့ခြင်းမရှိသည့်အ တွက် ကောင်းကင်ကြီးကိုကျေးဇူးတင်ခဲ့သည်။
သက်ဆိုင်ရာမှတ်တမ်းများပြီးသည့်အခါ လောဖေးက
"မစ္စစွင်း၊ မင်း တောင်းဆိုချင်တာရှိသေးလား? ဥပမာ - ဒီ ဆယ်သန်းကို ပြန်ယူချင်လား?"
စွင်းမန်မဖြေခင်မှာ အရင်ကတိတ်ဆိတ်နေသည့်လုဖေးက
"ငါတို့ အဲ့ဒါကိုပြန်ပေးမယ်။"
လုဖေးသည် စွင်းမန်အားကြည့်ရင်း ရုတ်တရက် ဆုံးရှုံးသွားသလိုခံစားလိုက်ရသည်။
စိတ်ကောင်းနှလုံးကောင်းရှိသူများသည် အမြဲတစေအခြားသူများအား အကြွေးဆပ်ရလေ့ရှိကြသည်။
လုဖေးက " ဒီလိုမတွေးပါနဲ့၊ ငါတို့ကသာ မင်းအပေါ်အမှားလုပ်ခဲ့တာ။ မင်းမှာ စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုး တစ်ခုမှဖြစ်စရာမလိုဘူး။ မင်းက ကလေးကောင်းတစ်ယောက်ပါ။ မင်းကို ဒီလိုမျိုးနာကျင်စေခဲ့တာက ငါ့ သားကိုမဆုံးမခဲ့တဲ့ ငါ့ အပြစ်ပဲ။"
သူသည် လန်ကျွယ်၏ လောင်းကစားနှင့်ငွေချေးခြင်းအ ကြောင်း သူ့ကို မပြောသည့်အတွက် စွင်းမန်ကိုအပြစ်မတင်ပါ။ စွင်းမန်သည် ထိုအချိန်က လန်ကျွယ်၏ချစ်သူသာဖြစ်ပြီး သူနှင့်အမှန်တကယ်ဆက်ဆံရေးမရှိခဲ့ပေ။ စွင်းမန်ထံ သူ့ကလေး အားဆုံးမသွန်သင်ရန် ကူညီပေးဖို့ တာဝန်မရှိပေ။
လုဖေးသည် အမှားအမှန်ကိုပိုင်းခြားနိုင်သည်။ လန်ကျွယ် ဒီလိုအမှား ကြီးမှားခဲ့တာကို သူမသိခဲ့သလို ပညာပေးခြင်းကနေတစ်ဆင့် သူပြင်ပေးနိုင်သည့် အရာတစ်ခုမဟုတ်တော့ပေ။
"ဒီကိစ္စမှာ တခြားဘာကိုမှ မင်းစိတ်ပူနေစရာမလိုပါဘူး။ စုံစမ်းစစ်ဆေးမှုကဘယ်လိုပဲဖြစ်ဖြစ် လိုက်လျောညီထွေကိုင်တွယ်ဖြေရှင်းပါ။ ငါက သက်တောင့်သက်သာရှိဖို့ တောင်းပန်မှာမဟုတ်သလို သူ့ကိုလည်း ဂရုမစိုက်ဘူး။ သူ သင်ခန်းစာယူရမယ့်အချိန်ရောက်ပြီ" ဟု လုဖေးက ပြောကြားခဲ့သည်။ ကျားမေမေတစ်ယောက်အနေဖြင့် လိုအပ်သည့်အခါတွင် သူသည် ရက်စက်တတ်သူဖြစ်နိုင်သည်။
"ဒါဆို မစ္စစွင်း၊ ဆွေးနွေးလို့ပြီးသွားရင် မနက်ဖြန် ရဲစခန်းကိုလာပေးနိုင်မလား?" လောဖေးက မေးသည်။
စွင်းမန်အံ့သြသွားပြီး မျက်လုံးများပုတ်ခပ်ပုတ်ခပ်ဖြစ်သွားသည်။ သူ ခေါင်းညိတ်ပြရင်းနှင့် ကျီဖေးအား ရုတ်တရက်စကားပြန်ပြောသည်။
"ဒါ ဆို မနက်ဖြန် livestream က တကယ်ဖြစ်မလာနိုင်တော့ဘူးလား ?"
[ ကြည့်ရတာ ဒါရိုက်တာနဲ့ထုတ်လုပ်သူက တကယ် ကိုယ့်ကိုယ်ကိုကြိုးဆွဲချရတော့မဲ့ပုံပဲ။]
လောဖေး၏မကျေမနပ်ဖြစ်နေသည့်အမူအရာကိုကြည့်ရင်း ချင်ကျောက် ချောင်းဆိုးလာသည်။ သူက " ဒါ စွင်းမန်အတွက် အရမ်းခက်ခဲနိုင်တယ်"
စွင်းမန်ဘာပြောရမှန်းမသိသလို လုဖေးက " ဒီနောက်ဆုံးဖိုင်နယ်ပြီးရင် မင်းကိုလိုက်ပို့ပေးမယ်။ ငါတို့ အဲဒီကောင်ကို မင်းရဲ့ ပွဲကြီးကိုဖျက်စီးခွင့်မပြုနိုင်ဘူး။ ဒီအခွင့်အရေးကို မင်းစွန့် လွှတ်ချင်လို့လား?"
စွင်းမန်၏မျက်လုံးများလှုပ်ခတ်သွားကာ နှုတ်ခမ်းအားကိုက်လိုက်သည်။ နောက်ဆုံးတော့ သူက "စင်ပေါ်မှာ ဖျော်ဖြေချင်တယ်” ဟု ပြောခဲ့သည်။
အဆုံးမှာတော့လောဖေးက သူတို့ကိစ္စတွေပြေလည်အောင် ကူညီပေးဖို့ သဘောတူလိုက်သည်။ သူတို့ပြီးသွားချိန်မှာ စွင်းမန်ဟည် ရဲရင့်သည့်ဆုံးဖြတ်ချက်ကိုချလိုက်ပြီး သူ့အမေနှင့်ဦးလေးအားတရားစွဲခြင်းအပါအဝင် အရာအားလုံးကိုသတင်း ပို့ခဲ့သည်။
လော့ဖေးသည် ထိတ်လန့်တုန်လှုပ်နေသည့် မားမားစွင်းနှင့်စွင်း မန်၏ဦးလေးအားကြည့်ကာမျက်ခုံးပင့်လိုက်ပြီး "ဒီနေ့တော့ ရှင်းစရာတွေ အများကြီးရှိသေးတယ်။ ငါတို့ညီအစ်ကိုတွေ ထပ်ခေါ်ဖို့လိုဦးမယ်။"
သူ လူတချို့ကို ချက်ချင်းဆက်သွယ်ခဲ့သည်။
မားမားစွင်းနှင့်စွင်းမန်၏ဦးလေးတို့သည် အရမ်းစိတ်ပူသွားကြပြီး စွင်းမန်ကိုစတင် ကျိန်ဆဲတော့သည်။
စွင်းမန်သည်မတုန်လှုပ်ဘဲ လောဖေးက "လုံလောက်ပြီ! နောက် ထပ်တစ် ခွန်းထပ်ပြောရဲပြောကြည့်၊ နစ်နာသူကိုခြိမ်းခြောက်မှုလို့ ယူဆလိုက်မယ်။"
မားမားစွင်းနှင့်စွင်းမန်၏ဦးလေးတို့သည် မယုံနိုင်လောက်အောင် ငြိမ်သက်သွားကြသည်။
အဆုံးတွင် လော့ဖေးထွက်ခွာသွားသည့်အခါ သူ့ကိုမြင်တွေ့ လိုက်ရချိန်တွင် စိတ်အားထက်သန်မှုအရှိဆုံးလူမှာ မထင်မှတ်ထားစွာဘဲ ဖေးမင်ရွမ်ဖြစ်နေသည်။
[ဖေးကျဲက ဘာဖြစ်နေတာလဲ ? သူ သူ့ကိုသဘောကျပြီး အနု ပညာရှင်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို ခေါ်ယူချင်နေတာများလား ?]
ချင်ကျောက်လည်း အံ့ဩလုနီးပါးဖြစ်သွားသည်။ အစက တော့ လောဖေးအားဆွဲဆောင်ရန်ကြိုးစားမည်ဟု ထင်ခဲ့ပေမယ့် နောက်ဆုံးတော့ ကျီဖေးနှင့် ဖေးမင်ရွမ်တို့သည် တူညီသည့်ပိတ်စမှဖြတ်ထုတ်ထားသကဲ့သို့ ဖြစ်နေသည်ကိုသိလိုက်သည်။
( T/N : မြန်မာစကားပုံအရဆို "အသွင်တူ အိမ်တူတို့ဘာတို့ပေါ့)
သို့သော် မှန်းဆချက် နှစ်ခုစလုံးမှားနေသည်။
ဖေးကျဲသည် ၎င်းတို့၏စင်မြင့်ပေါ်တွင် ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ပေးရန် တောင်းဆိုခဲ့ခြင်းပင်။