အခန်း (၁၆၇)
Vol. 17 Ch. 167
ရှိုး၏ရေပန်းစားမှုကြောင့်ပါပါရာဇီသည် စွင်းမန်အား သဘာဝအတိုင်း အနီးကပ်စောင့်ကြည့်နေသောကြောင့် လန်ကျွယ်ကို ရဲများမှဖမ်းဆီးခေါ် ဆောင်သွားသည့်သတင်းသည် ချက်ချင်းပင် အွန်လိုင်းပေါ်တွင်ပေါက်ကြားခဲ့သည်။
သို့သော်လည်း အသေးစိတ်အချက်အလက်များ ပေါက်ကြားခြင်းမရှိသဖြင့် ဖြစ်ပျက်ခဲ့သမျှကို မည်သူမှအတိအကျမသိနိုင်သောကြောင့် လူ တို့သည် ဆက်ဆံရေးပြဿနာများကိုသာ မှန်းဆနိုင်ကြသည်။
ပထမတော့ဖုန်လီသည် စွင်းမန်၏အဖော်အချွတ်ပုံများအ ကြောင်းသတင်းကိုမြင်သောအခါ စွင်းမန်သည်ပြဿနာကောင်ဖြစ်ပြီး သူနှင့် အတူမနေသင့်ဘူးဟု အလေးပေးပြောဖို့အတွက် သူ့ခေါင်းကိုင်သားကိုထပ်မံဆက်သွယ်လိုခဲ့သည်။ သို့ပေမယ့် သူလက်လှမ်းမမီခင်မှာပင် Hot Search ကြောင့် သူ ကြောင်တတ်တတ်ဖြစ်သွားရသည်။
သူ့ရဲ့ခေါင်းကိုင်သားလေးကို ရဲတွေ တကယ်ဖမ်းခဲ့တာလား ?
ဖုန်လီ လုဖေးထံချက်ချင်းဆက်သွယ်ပြီး "လန်ကျွယ်ဘာဖြစ်တာလဲ? အပျက်မလေး စွင်းမန်က ရဲခေါ်လိုက်တာလား ? သူဘာလုပ်ဖို့ ကြိုးစားနေတာလဲ? လန်ကျွယ်က ဒီလိုမျိုး ဘယ်လိုလုပ်အန္တရာယ်ပြုနိုင်မှာလဲ!"
"ငါ မေးပါရစေဦး၊ နင် လန်ကျွယ်ရဲ့လောင်းကစားပြဿနာကို သိထားလား?" ဟု ပြန်မေးရင်း လုဖေး၏လေသံသည် ပိုအေးစက်လာသည်။
ဖုန်လီ အံ့အားသင့်သွားပြီး "ဘာကိုလဲ?" ဟု စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
လုဖေးက " နင် မသိရင် ထားလိုက်တော့။ ငါထပ်ပြောပြမယ် - သူက ငါ့ သားပဲ။ ကျေးဇူးပြုပြီး ငါ့ကလေးကို ငါဘယ်လိုဆုံးမဆုံးမ အနှောင့်အယှက်လာမပေးနဲ့။"
ထိုစကားကိုပြောပြီးနောက် ဖုန်လီ ဒေါသထွက်လာခဲ့သည်။ လန်ကျွယ်သည် လုဖေးမှမွေးဖွားလာသော်လည်း သူသည် သူ့အားနှစ်ပေါင်းများစွာပြုစုစောင့်ရှောက်ခဲ့ပြီး သူ့သားကဲ့သို့ဆက်ဆံခဲ့ကြောင်း သူအမြဲတမ်းခံစားခဲ့ရသည်။ လုဖေးသည် သူတို့၏မိခင်နှင့်သား ဆက်ဆံရေးကို မည်သို့တားဆီးနိုင်မည်နည်း ?
မိခင်အရင်းတစ်ဦးသည် သူ့သားအား အပြင်လူများထံမှ အနိုင် ကျင့်ခွင့်ပြုထားသော်လည်း - ခေါင်းကိုင်မိခင်ဖြစ်သည့် သူမကတော့ ခွင့်ပြုနိုင်မည်မဟုတ်ပေ။
ထို့ကြောင့်သူသည် မဆိုင်းမတွပင် ဖုန်မိသားစုအဖွဲ့တွင် အလုပ်လုပ်နေသည့် ရှေ့နေတစ်ဦးကိုခေါ်ဆောင်ကာ လန်ကျွယ်ကိုပြန်လွှတ်ပေးရန်ဆုံးဖြတ်ခဲ့သည်။
ကျီဖေးနှင့်ချင်ကျောက်တို့သည် နောက်ပိုင်းဖြစ်ပျက်ခဲ့သမျှတွင် မပါဝင် ခဲ့ကြပေ။ သူတို့သည်ထိုနေ့မှ သူတို့၏စိတ်လှုပ် ရှားဖွယ်ရာအတွေ့ အကြုံအကြောင်း ချင်မိသားစုအား အတင်း အဖျင်းပြောရန်အိမ်ပြန်ခဲ့ကြသည်။ လူတိုင်းကကြိုသိနေပေမယ့်ပြန်ကြားရတဲ့အခါ မဝေဖန်ပဲမနေနိုင်ကျပေ။
မားမားချင်က " လောင်းကစားကြိုက်တဲ့ယောက်ျားတွေက တကယ်ကိုမကောင်းဘူး”
ပါးပါးချင်က ခေါင်းညိတ်ကာ " အဲ့တာက အခြားနေရာတွေမှာ အခြေအနေတွေကအဆင်မပြေတဲ့အခါ ကာစီနိုမှာတော့ကြီးစိုးနိုင်မယ်ထင်ပြီး သူတို့ရဲ့အစွမ်းကိုပြချင်ပေမယ့် စိတ်ဆင်းရဲစွာနဲ့ ကျရှုံးသွားရတာပါပဲ။"
ချင်ရန်က သက်ပြင်းချရင်း " ကံကောင်းထောက်မစွာနဲ့ပဲ၊ နင်တို့တွေ ဒီတစ်ကြိမ်တော့ အဖြစ်ဆိုးမကြုံရအောင်တားဆီးနိုင်ခဲ့တယ်"
ကျီဖေး ပြုံးပြီး " ချင်ကျောက်ရဲ့ကျေးဇူးပါ၊ ဒီတစ်ခါတော့ သူ ကောင်းကောင်းလုပ်ခဲ့တယ်။"
ချင်ရှန့်၏အကြည့်သည် အပြစ်ကင်းစင်ပုံပေါ်သည့်ချင်ကျောက်အားဖြတ်သန်းသွားပြီး ချင်ရှန့်မှအရာအားလုံးကို စီစဉ်ထားသကဲ့သို့ သူ့ကိုကြည့်နေခြင်းသည် အသုံးမဝင်ဟု ကိုယ့်ဘာသာကိုယ်တွေးမိလိုက် သည်။
တခြားသူများက ရယ်မောကြသည်။
ချင်ရုန်က " ဒါဆိုသူ ပိုက်ဆံတွေအကုန်ပြန်ရနိုင်မှာလား ? ခက်ခက်ခဲခဲ ကြိုးစားပြီးရလိုက်တာပဲ" ဟု ချင်ရုန်က မမေးပဲမနေနိုင်ပေ။
ကျီဖေးလည်း ဒီမေးခွန်းအတွက်အရမ်းစိုးရိမ်နေခဲ့ပြီး " လုလောင်ရှစ်က အဲဒီဆယ်သန်းကို တစ်ခါတည်းကိုင်တွယ်ဖို့ တစ်ယောက်ယောက်ကိုစီစဉ်ပေးခဲ့ပေမယ့် သူ့အမေနဲ့ဦးလေးရဲ့ပိုက်ဆံအတွက်ကတော့ ပြောဖို့ခက်တယ်။"
လူတိုင်း သက်ပြင်းချလိုက်ကြသည်။
ထိုအချိန်တွင်၊ အွန်လိုင်းပေါ်ရှိ ဆွေးနွေးမှုများသည် ထိန်းချုပ်မှုမ ရှိတော့ပေ။ တရားဝင် Weibo အကောင့်မှာ လေဖြတ်လုနီးပါးဖြစ်နေသည်။
မနက်ဖြန်ပွဲအား ဆက်လုပ်ဖြစ်ပါဦးမလားဆိုပြီး လူတိုင်းက စိုးရိမ်နေကြသည်။
စွင်းမန်သည် ဆေးရုံမှာရှိနေဆဲဖြစ်ပြီး သူ၏အခြေအနေကိုမသိရသေးချေ။
အခြားအဓိကဇာတ်ကောင်၏သားသည် အချုပ်ထဲတွင်ဖမ်းခံထားရပြီး ယေဘုယျခန့်မှန်းချက်များအရ စွင်းမန်သည် သူ့ကိုဖမ်းဆီးရန် ရဲကိုခေါ် ခဲ့တာဖြစ်နိုင်သည်။ ဒါဆို စွင်းမန်နှင့်လုဖေးတို့ရဲ့ ဆက်ဆံရေးက အခုထိကောင်းနေသေးရဲ့လား?
ထို့ကြောင့် မနက်ဖြန်ပွဲသည် သေချာပေါက်ဆက်မသွားနိုင်တော့ဟု လူအများက စတင်ယူဆလာကြသည်။
သို့ပေမယ့်၊သိပ်မကြာခင်မှာပင် စွင်းမန်သည် ကိုယ်ရေးကိုယ် တာကိစ္စများကြောင့် မျှော်လင့်ချက်များခဏတာဆုံးရှုံးခဲ့ရပြီး အရမ်းကိုစိတ်မကောင်းဖြစ်ခဲ့ရကြောင်းဖော်ပြသည့် message ကိုတင်ခဲ့သည်။ သူ့ အခြေအနေက အခုဆိုတည်ငြိမ်နေပြီဖြစ်ပြီးကြောင်း ပွဲပြီးအောင်ဆက်လုပ်မည်ဟုပြောခဲ့သည်။
ရှိုး၏တရားဝင် Weibo အကောင့်သည် ချက်ချင်းပြန်တင်ပြီး အရာအားလုံးပုံမှန်အတိုင်းပဲ ဆက်သွားနေမည်ဟုပြောသည်။
လူတွေတုန်လှုပ်သွားကြသည်။ သူတို့တကယ်ပဲ ဆက်ပြီးလုပ် ဆောင်နိုင်ပါ့မလား? လုဖေးကရော စင်ပေါ်တက်ဖို့ဆန္ဒရှိမှာလား ?
မထင်မှတ်ထားစွာ လုဖေးက Weibo တွင်အမြန်ပြန်တင်ပြီး အတူလက်တွဲကြိုးစားသွားမည်ဟု ဖော်ပြခဲ့သည်။
အင်တာနက်အသုံးပြုသူများသည် ဤလုပ်ဆောင်ချက်အား အမှန် တကယ်နားမလည်နိုင်ခဲ့ပါ။ မင်းသမီးနှစ်ယောက်ကပဲ ပရော်ဖက်ရှင်နယ်ဆန်လွန်းတာလား၊ ဒါမှမဟုတ် စာချုပ်ချုပ်ထားရလို့ပဲ ရွေးချယ်စရာမရှိလို့လား ဒါမှမဟုတ် ကောလဟာလတွေကပဲ မှားနေတာလား? အရာအားလုံးအတွက် လျှို့ဝှက်ထားတဲ့အမှန်တရားတစ်ခုရှိလား ?
အင်တာနက်သုံးစွဲသူများသည် စွင်းမန်၏သတ်သေရန်ကြိုး ပမ်းရသည့် အကြောင်းရင်းနှင့် လန်ကျွယ်ဖမ်းဆီးခံရခြင်း၏ နောက်ကွယ်ရှိ အမှန်တရားတို့ကို အရူးအမူးမေးမြန်းခဲ့သော် လည်း အဓိကလူများက အတို ချုံးပြောဆိုပြီးနောက်တွင် နှုတ်ဆိတ်သွားကြသည်။ ၎င်းတို့သည် ဤကိစ္စကို တုံ့ပြန်ခြင်းမလုပ်တော့ဘဲ အင်တာနက်သုံးစွဲသူများအား သိချင်စိတ်ဖြင့်ရူးသွပ်လုနီးပါး ဖြစ်သွားစေခဲ့သည်။ ပါးစပ်ထဲရောက်တော့မဲ့ ဖရဲသီးကို ကြောင်ကတိုးတစ်ကောင်က ခိုးယူသွားသလိုပါပင်၊ သို့ပေမယ့်ကံကြမ္မာက သူ့လည်ပင်းကိုပွတ်တိုက်မိသွားသည်။
နောက်ဆုံးမှာတော့ သူတို့အားလုံး အမှန်တရားကိုတောင်းဆိုဖို့ ကျီဖေး၏ Weibo တွင် စုပြုံလာခဲ့ကြသည်။
"ဖေးမေ့၊ နင် အမှန်အတိုင်းသိထားတယ် မဟုတ်လား?"
"နင်က ဖျော်ဖြေရေးလောကရဲ့ တရားသူကြီးပဲ၊ နင်ဝင်ပါလိုက်လို့ တစ်ယောက်ယောက်အဖမ်းခံလိုက်ရတာလား?"
"အတင်းအဖျင်းတွေရဲ့ ရှေ့တန်းမှာ အမြဲရှိနေတတ်တဲ့ဖေးမေ့က ငါတို့ကိုစိတ်မပျက်စေမှာ သေချာတယ်မဟုတ်လား ? အမှန်တရားကဘာလဲ ? ငါတို့ကို ပြောပြပါ။"
"နင် ငါ့ကိုမပြောရင် ငါ ဒီညအိပ်လို့ရမှာမဟုတ်ဘူး။ ငါ့ကို ဒူးထောက်ပြီး တောင်းပန်ရအောင်မလုပ်ပါနဲ့။"
"ဖေးမေ့၊ ဖေးမေ့ ငါ့ကိုတိတ်တိတ်လေးပြောပြပါ၊ ငါဘယ်သူ့ကိုမှ ပြန်မပြောဘူးလို့ကတိပေးတယ်!"
"ဖျော်ဖြေရေးနယ်ပယ်ကတရားသူကြီးရဲ့ ထုံးစံအတိုင်း၊ သူက တိုက်ရိုက်ထုတ်လွှင့်နေချိန်မှ ဗုံးတစ်လုံးကိုကျိန်းသေပေါက်ပစ်ခွဲမှာ။ အားလုံးပဲ စောင့်ကြည့်ပေးကြပါဦး!"
"အပေါ်ကလူပြောတာမှန်တယ်၊ သူတို့အတွက် လက်မထောင်ပေးမယ်။"
ရလဒ်အနေဖြင့် ' ဖျော်ဖြေရေးလောကတရာသူကြီး၏ ဖိုင်နယ်ပွဲစဉ်' သည် Weiboတွင် ရေပန်းစားနေခဲ့သည်။
ကျီဖေး ဒါကိုလုံးဝအံဩသွားသည်။
[ကမ္ဘာပေါ်မှာ ဒီလိုထူးဆန်းတဲ့မျှော်လင့်ချက်တွေကို ဘယ်သူကဖန်တီးခဲ့တာလဲ?]
ကျီဖေးသည် Hot Search အကြောင်းအရာအား ဖယ်ရှားဖို့တောင်းဆိုရန် ဖေးမင်ရွမ်အား အမြန်ဆက်သွယ်ခဲ့သည်။
သို့သော်ဖေးမင်ရွမ်က သဘာဝအားဖြင့် အပြုသဘောဆောင်သည့် အာရုံစိုက်မှုမှာမကောင်းသည့်အရာမဟုတ်ကြောင်းပြောကြားခဲ့သည်။
အတင်းအဖျင်းနောက်လိုက်နေသည့် ချင်မိသားစုဝင်များ ရယ်ချင်ပေမယ့် မရယ်ဝံ့ကြပေ။ သို့ပေမယ့်ဒီတစ်ကြိမ်မှာတော့ အင်တာနက် အသုံးပြုသူတွေဟာ စိတ်ပျက်သွားကြသည်။ နောက်ဆုံးတော့၊ ဒီဒရာမာဟာ တကယ်ပဲပြီးဆုံးသွားခဲ့ပြီ - အဲဒီလူကိုဖမ်းထားပြီးသားပင်။ အသေးစိတ်အချက်အလက်များအား နောက်ပိုင်းတွင်ထုတ်ဖော်နိုင်ပေမယ့် သူတို့၏စင်မြင့်ဖျော်ဖြေမှုနှင့် တကယ်ကိုဘာမှမဆိုင်ပေ။
အခြားတစ်ဖက်တွင်၊ ဖျော်ဖြေရေးနယ်ပယ်မှအပြစ်ရှိသူများသည် ကြောက်ရွံ့တုန်လှုပ်နေကြပြီး ထိုညတွင် အင်တာနက်သုံးစွဲသူများထက်အိပ်ရခက်နေသည်။ ကျီဖေးသည် အခြားသောဗုံးခွံကိုပစ်ချလိုက်ပြီး သူ့ လက်ဖဝါးမှဆင်းလာသည့်နည်းစနစ်ဖြင့် လူအစုအဝေးကိုဖြုတ်ချမည်ကို သူတို့ကြောက်နေကြသည်။
ဖျော်ဖြေရေးလုပ်ငန်းကို သန့်ရှင်းရေးလုပ်တာဟာ ရယ်စရာမဟုတ်ပေ။ မကြာသေးမီက ကျီဖေး၏တက်ကြွစွာပါဝင်ပတ်သက်မှုကြောင့် ဖျော်ဖြေရေးလုပ်ငန်း၏လေထုသည် အမှန်တကယ်ပင် အနည်းငယ် တိုးတက်လာခဲ့သည်။ သာမာန်အားဖြင့် ညံ့ဖျင်းသည့်အကျင့်စာရိတ္တရှိသူများသည် ယခုအခါ ၎င်းတို့ကိုယ်၎င်းတို့ နှိုက်နှိုက်ချွတ်ချွတ် ကြောက်ရွံ့ နေကြပြီး ၎င်းတို့၏အနာဂတ်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပျက်ပြားသွားမည်ကိုကြောက်နေကြသည်။
ကျီဖေး၏လက်ထဲတွင် စီရင်ချက်စာရင်းကိုကိုင်ထားသလိုပင်။ ဤတစ်ကြိမ်တွင်လည်း ဖျော်ဖြေရေးနယ်ပယ်အတွင်းရှိ မည့်သည့်မလိုလားအပ်သည့်လူတစ်စုမှ ပစ်မှတ်ထားခံနေရကြောင်း မည်သူမှမသိနိုင်ပေ။ မေးခွန်းကတော့ - မင်းကြောက်နေတာလား ?
၎င်းတို့၏ချိတ်ဆက်မှုများမှတစ်ဆင့် သတင်းရယူရန်ကြိုးစားနေသူများ အသီးသီးသည် ချင်မိသားစုဝင်များထံဆက်သွယ်ခဲ့ကြပြီး ၎င်းတို့အား ရယ်မောကာဒေါသထွက်စေခဲ့သည်။
အသံသွင်းသည့်ဆိုက်သို့ မရောက်မချင်းပင် အွန်လိုင်းပေါ်မှလူ များသည် အလောင်းအစားများ ပြုလုပ်နေကြဆဲဖြစ်သည်။ နောက်ဆုံးတွင် ဒါရိုက်တာနှင့်ထုတ်လုပ်သူပါ မသိမသာမေးလာကြသည်။
"တကယ်တော့၊ ငါတို့ညစိတ်မဝင်စားတော့ဘူး၊ ဒါပေမယ့် မင်း ငါတို့ကို ပြည်သူတွေရဲ့အမြင်ကိုအချိန်မီဖြေရှင်းနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှု တစ်ခုပေးရမယ်" ဟု ထုတ်လုပ်သူမှ ရိုးရိုးသားသားပြောသည်။
ဖေးမင်ရွမ်ကလည်း ကူကယ်ရာမဲ့စွာပြုံးပြီး " ဒီတစ်ခါ ကျမ တို့နဲ့ဘာမှမဆိုင်ပါဘူး။ ကျမတို့က လူနာသွားကြည့်ရုံတင်ပါ။ ကျမတို့ ရှင့်ကို ဇာတ်ညွှန်းပေးခဲ့တယ်မဟုတ်ဖူးလား ? အဲဒါအတိုင်းလုပ်မယ်လို့ အာမခံတယ်။"
သို့သော်ယခုအချိန်တွင် အနီးနားတွင်မိတ်ကပ်လိမ်းနေသည့်လုလောင်ရှစ်သည် ရုတ်တရက်ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။ သူ့ အမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။ သူ့ဘေးနားရှိ စွင်းမန်၏ပခုံးကိုပုတ်လိုက်ပြီး သူ့လူများနှင့်အတူလှည့်ထွက်သွားသည်။
ဒါရိုက်တာနှင့်ထုတ်လုပ်သူသည် လည်ချောင်းထဲမှနှလုံးသားတစ်ခုလုံးခုန်ထွက်လာတော့မလို ကြည့်ရှုနေခဲ့သော်လည်း ယခုအချိန်တွင် ဖြစ်ပျက်နေသည်ကိုကြည့်ရှုရန် ကောင်းစွာမလိုက်နိုင်ကြပေ။ သူတို့ စောင့်ဆိုင်းရုံသာတတ်နိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ချင်ကျောက်နှင့်ကျီဖေး၏ကုမ္ပဏီကို အာရုံမစိုက် ပဲ မိတ်ကပ်ပြင်နေသည့်ချင်ရုန်သည် ရုတ်တရက်အံ့ဩပြီးမအော်ပဲမနေနိုင်ခဲ့ပေ။
ကျီဖေးက စိတ်ဝင်တစားမေးသည် " ဘာဖြစ်တာလဲ ?"
ချင်ရုန်သည် အတင်းအဖျင်းပြောရန် သူ့ဖုန်းကိုအမြန်ပွတ်ဆွဲလိုက်ပြီး "လော့ကောက လန်ကျွယ်ကို အာမခံနဲ့လွှတ်ပေးလိုက်ပြီ။"
ကျီဖေး၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားပြီး သူစနစ်ကို အမြန်စစ်ဆေးခဲ့သည်။
[ချီးပဲ၊ ဒါ အရှက်မဲ့လွန်းတယ်။ လန်ကျွယ်က စွင်းမန်ကိုအနိုင်ယူဖို့လုပ်ခဲ့တာဆိုပြီးပြောခဲ့တယ်၊ အဲ့ဒီတော့ အဲ့တာကတကယ် ငွေညစ်တာ မဟုတ်တော့ဘူးပေါ့။]