အခန်း (၁၆၈)
Vol. 17 Ch. 168
ဤအရာအားလုံးသည် ရှေ့နေဖုန်လီမှ လန်ကျွယ်ထံသို့ ပေးခဲ့သည့် အကြံဉာဏ်ဖြစ်ပြီး အခြေအနေ၏ပြင်းထန်မှုကို ယောက်ျားနှင့်မိန်းမကြား အချစ်ရေးအငြင်းပွားမှုအဖြစ် လုံးဝအဆင့်နှိမ့်ချသွားကြောင်း ကျီဖေးရှာဖွေတွေ့ ရှိခဲ့သည်။
ယေဘုယျအားဖြင့်၊ ယခင်က အချစ်ရေးဆက်ဆံရေးရှိခဲ့သည့် ပါတီ များနှင့်ဆက်ဆံရာတွင် ပညာသားပါပါဖြင့် အဓိကချဉ်း ကပ်မှုအဖြစ် 'အိမ်တွင်း အကြမ်းဖက်မှု' ကိစ္စများတွင် အလား တူကိုင်တွယ်သည်။
စွင်းမန်၏သတ်သေရန်ကြိုးပမ်းမှုကြောင့်သာ အခြေအနေမှာ အနည်းငယ်ပိုပြင်းထန်သည်ဟု ယူဆသည်။
စွင်းမန်သည် ဖိအားကို ခံနိုင်ရည်မရှိသည်နှင့် မိမိကိုယ်ကိုသတ်သေရန် စဉ်းစားနေသည်ကို မသိကြောင်း လန်ကျွယ်ကအခိုင် အမာဆိုသည်။ စွင်းမန်၏ဆွေမျိုးများက သူ့အား ပိုက်ဆံများလှည့်စားကာ ရှောင်ထွက်သွားခြင်းကြောင့် ၎င်းမှာသူ့အပြစ်မဟုတ်ဘူးဟုပြောသည်။
အရေးအကြီးဆုံးမှာ၊ ခြိမ်းခြောက်ခြင်းခံရပြီးနောက် စွင်းမန်သည် အမှန် တကယ်ငွေလွှဲခြင်းမရှိခဲ့ဘဲ လန်ကျွယ်သည် လောင်းကစားအကြွေးများရှိကြောင်း အထောက်အထားမတွေ့ ရှိရပေ။ သက်သေပြနိုင်သည့် တစ်ခုတည်းသောအရာမှာ လန်ကျွယ်သည် ဓာတ်ပုံများနှင့် ခြိမ်းခြောက်စာများပေးပို့ခဲ့ခြင်းဖြစ်ပြီး ဓာတ်ပုံများသည် အနည်းငယ်ရိုင်းစိုင်းနေခြင်း ဖြစ်သည်။
ထို့ကြောင့် လန်ကျွယ်အနေဖြင့် ဒါဟာ သူ့ရည်းစားကိုအနိုင်ယူဖို့သေးငယ်သည့်လုပ်ကြံမှုတစ်ခုပဲဟု အခိုင်အမာပြောနေသရွေ့တော့ ၎င်းအားပြင်းထန်သည့်ကိစ္စတစ်ခုအဖြစ်စီရင်ရန် အမှန်ပင်ခက်ခဲသည်။
ဖုန်လီ၏အကူအညီဖြင့် လန်ကျွယ်အားအမြန်ပြန်လွှတ်ပေးခဲ့ရသည်။
တစ်ခုတည်းသောသတင်းကောင်းမှာ ရဲများသည် လန်ကျွယ် ၏ဖုန်းမှ ကိုယ်ရေးကိုယ်တာဓာတ်ပုံများနှင့် ဗီဒီယိုများအားလုံးကိုဖျက်လိုက်ပြီး သိမ်းဆည်းသည့်နေရာများတွင် အကြွင်းအ ကျန်မရှိကြောင်းသေချာသောကြောင့် လန်ကျွယ်၏လက်ဝယ်တွင် စွင်းမန်အားထိခိုက်နစ်နာစေမည့် ပစ္စည်းများမရှိတော့ပေ။
နောက်ထပ်တရားစွဲဆိုမှုအတွက် စွင်းမန်သည်ရှေ့နေနှင့် ထပ်မံတိုင်ပင်ရန်လိုအပ်မည်ဖြစ်သည်။ အမှုသည်ဆက်လက်ဖြစ်ပွား နေသေးသော်လည်း တရားမျှတမှုရရှိရန်ကွဲပြားသည့်ရှုထောင့်မှချဉ်းကပ်ရန်လိုအပ်သည်။
သို့သော်လည်း လော့ဖေးသည် လန်ကျွယ်၏လောင်းကစားကြွေးများ အားစုံစမ်းရန် အလျှော့မပေးကြောင်း အတိအကျမဖော်ပြခဲ့ပေ။ ခြေရာမခံနိုင်သည့် လောင်းကစားကြွေးများရှိခဲ့ပါက၊ ၎င်းသည် မြေအောက်တရားမဝင်ကာစီနိုတစ်ခုဖြစ်နိုင် သည်။ ဤဦးဆောင်မှုကိုလိုက်နာပါက မည်သည့်ရာဇဝတ်ဂိုဏ်းများကိုမဆိုဖော်ထုတ်နိုင်လျှင် အသက်မွေးဝမ်းကြောင်းတိုးတက်မှုအတွက် ရွှေတွင်းဖြစ်လိမ့်မည်။
သို့သော်လောဖေးသည် ဖျော်ဖြေပွဲပြီးသွားကြောင်းနှင့် အမှုကိုတတ်နိုင်သမျှအမြန်ဆုံးကိုင်တွယ်ရန်နှင့်စွင်းမန်ကိုအကြောင်း ကြားရန် ၎င်းတို့အား အကြံပြုထားဆဲဖြစ်သည်။
ချင်ရုန် အခြေအနေကိုအတိုချုံးရှင်းပြလိုက်သည်နှင့် ကျီဖေးနှင့် ချင်ကျောက်၏အမူအရာများမည်းမှောင်သွားသည်။
"သူက သူ့လမ်းကြောင်းကို ဘယ်လိုဖုံးကွယ်ရမယ်ဆိုတာ တကယ်သိတယ်၊ ပြီးတော့ ဖုန်လီက အရူးပဲ...နေဦး၊ သူ လုလောင်ရှစ်နဲ့ ဖုန်းဆက်ပြီးငြင်းခုံဖို့တောင် မလုပ်ရဲပဲ၊ လန်ကျွယ်က စွင်းမန်အတွက် အမှားလုပ်မိတာလို့ယုံနေတာ စွင်းမန်ကသူ့ကိုဖမ်းဖို့ ရဲမခေါ်သင့်ဘူးဆိုပြီး သူ့ အဖိုးတန်ခေါင်းကိုင်သားကို စိတ်ဒဏ်ရာရအောင်လုပ်ခဲ့တယ်ဆိုပြီး ပြောနေသေးတယ်။"
" လန်ကျွယ်လောင်းကစားစွဲနေတယ်ဆိုတာ သူတကယ်မယုံဘူး။ သူ့ ခေါင်းကိုင်သားကို မျက်စိစုံမှိတ်ထောက်ပံပေးနေတာက တကယ့်ကို တစ်ခုခုပဲ..."
ချင်ကျောက်နှင့်ချင်ရုန်တို့သည် သူတို့အိမ်သို့ရောက်သောအခါတွင် ဖုန်လီ၏အပြုအမူကို အသိအမျတ်မပြုနိုင်ဘဲ ခေါင်းခါယမ်းလိုက်ကြသည်။
သူသည် အမှန်တကယ်ပင် နလပိန်းတုံးခေါင်းကိုင်မိခင်တစ်ဦး ဖြစ်သည်။ ထိုကဲ့သို့ ခေါင်းကိုင်မိခင်မျိုးနှင်ဆိုလျှင် လန်ကျွယ် ယခုလိုမျိုးပြောင်းလဲသွားသည်မှာ အံ့ဩစရာမရှိပေ။ သူဘယ် လိုအမှားမျိုးလုပ်ခဲ့ပါစေ တစ်ယောက်ယောက်က သူ့အနားမှာအမြဲရှိနေမယ်ဆိုတာ သူ သိသည်။
" ဒါပေမယ့်ထူးဆန်းတာက လန်ကျွယ် လောင်းကစားအကြွေးတွေအကြောင်း ဖုန်လီကိုဘာလို့မပြောပြတာလဲ? ဘာလို့ ဝှက် ထားတာလဲ? ဖုံးကွယ်ထားရင် သူအကြွေးတွေကို ဘယ်လိုပြန်ဆပ်မလဲ?"
ဒါကိုကြားတော့ ချင်ကျောက်နဲ့ချင်ရုန်လည်း အံ့သြသွားသည်။
"ဪ ငါ သိပြီ။ ရဲတွေသံသယရှိမှာဆိုးလို့ ပိုက်ဆံတွေအများကြီးမတောင်းရဲတော့ဘူး။ သူတကယ်ပဲ သူ့ကိုယ်သူချောင်ပိတ်မိသွားတာပဲ၊ ဟားဟား။ ငါ အရမ်းစပ်စုချင်နေပြီ၊ အကြွေးရှင်တွေတံခါးလာခေါက် ရင် သူ ဘယ်လိုလုပ်မှာလဲ ?"
ရုတ်တရက်ပင် ရဲတပ်ဖွဲ့ မှဖမ်းဆီးခြင်းမပြုခြင်းသည် ကောင်းသည့် ကိစ္စမဟုတ်ဟု ထင်လာရသည်။ နောက်ကွယ်မှတွန်းအားတွေက သူ့ကို ဘာတွေလုပ်နိုင်လဲ ဘယ်သူသိမလဲ ?
ထိုအချိန်တွင်လုဖေးသည် ဖုန်လီ၏အဆက်မပြတ်ပြောဆိုသံကို နားထောင်လိုက်သည်။ ဖုန်လီသည် သူ့အား သားဖြစ်သူကိုမယုံကြည်ပဲ အပြင်လူကိုယုံကြည်နေကြောင်း၊ သားဖြစ်သူကို ဒုက္ခမှလွတ်မြောက်ရန် ကူညီပေးရမည့်အစား ထိုသို့ဖြစ်စေခဲ့သည့်လက်သည်ကို ကူညီပေးနေကြောင်းစသဖြင့် အပြစ်တင်နေသည်။ သူ စွင်းမန်နှင့် စာရင်းရှင်းတော့မည်ဟုပြောပြီး ဒေါသတကြီးပင်ပြေးသွားသေးသည်။
လုဖေးသည် ဤအရူးအားစိတ်မဝင်စားနိုင်ပေ။ သူ့သားက ကိုယ့်အမှား ကိုယ်အသိအမှတ်ပြုပြီး အကျိုးဆက်တွေကိုရင်ဆိုင်ရမယ့်အစား တရားရေးအာဏာပိုင်မျကိုပင်လိမ်ရန်ရွေး ချယ်ခဲ့သဖြင့် သူ စိတ်ပျက်သွားသည်။
လုဖေးက စွင်းမန်အား " စိတ်မပူပါနဲ့၊ ငါမင်းကို အနှောက်အ ယှက်ပေးမှာ မဟုတ်ဘူး။ ဒီကိစ္စကို မင်း အဆုံးထိလိုက်လုပ်သင့်တယ်။ ငါသူ့ကို ဒီလို မျိုးလွယ်လွယ်နဲ့ ရုန်းထွက်နိုင်တယ်လို့ အထင်မခံနိုင်ဘူး။”
စွင်းမန် အနည်းငယ်မှိန်းသွားသလို လုဖေးအားတုံ့ဆိုင်းစွာဖြင့် ကြည့်ကာ "လုလောင်ရှစ်..."
"ဖြစ်နိုင်ရင် မင်းအဖြစ်အပျက်တွေကို လူသိရှင်ကြားထုတ်ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ သူ့အနေနဲ့ အရာအားလုံးကနေလွတ်မြောက်နိုင်ပြီး အနာဂတ်မှာ တခြားသူတွေကိုဒုက္ခပေးနိုင်တယ်လို့ မထင်မိအောင် တားဆီးနိုင်ဖို့မျှော်လင့်ပါတယ်"
လုဖေးက သူ့ကိုယ်သူတင်းတင်းမာမာ ပြောပြီး "စိတ်မပူပါနဲ့ မင်းဘေးမှာ ငါ ရှိနေမှာပါ"
စွင်းမန်အံ့သြသွားသည်။ သူ အင်တာနက်အသုံးပြုသူများထံမှ တုံ့ပြန်မှုများအား လျစ်လျူရှုထားပြီး ၎င်းတို့အား ထင်ချင်သလိုထင်စေ ခဲ့ကာ ထိုအရာများသည် သူ့အတွက်အမှန်တကယ်ဆိုးရွားလှသည်။ နောက်ဆုံးတွင်သူသည် ဒီအဖြစ် အပျက်မှသားကောင်ဖြစ်ခဲ့ရပြီး ကိုယ်ချင်းစာခံရဖို့ အရာအား လုံးအား လူသိရှင်ကြားထုတ်ပြောနိုင်ခဲ့သည်။ သူသည် သူ့အ ပေါ်ပြုခဲ့သမျှအတွက် လန်ကျွယ်အားလက်စားချေရန် နောက်ပိုင်းတွင် အရာအားလုံးကိုလူထုရှေ့သို့ချပြရန် အမှန်ပင်စဉ်းစားခဲ့သည်။
ယခုထက်ပို၍ မဖွယ်မရာဓာတ်ပုံများ သို့မဟုတ်ဗီဒီယိုများ ပေါက်ကြားလာနိုင်ခြေရှိမရှိဟု မပြောနိုင်ပေ။
သို့သော် ထိုသို့ပြုလုပ်ခြင်းသည် လန်ကျွယ်အားလုံးဝပျက်စီးစေမည် ဖြစ်သည်။ လန်ကျွယ်ကို သူဂရုမစိုက်ပေမယ့် သူ့ကိုအမြဲကာကွယ်ပေးခဲ့သည့် ဒီလူကြီးကိုတော့ သနားမိသွားသည်။
စွင်းမန်၏အတွေးများအား မြင်နေရသလိုပင် လုဖေးက
" စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးဖြစ်မနေနဲ့။ ဒီအရာတွေက အနှေးနဲ့အမြန်ဆိုသလို ပေါ်လာလိမ့်မယ်။ သူ့အတွက် သူ့ခေါင်းကိုင်အမေက မင်းကိုတိုက်ခိုက်ဖို့ နည်း အမျိုးမျိုးနဲ့ ကြိုးစားလာလိမ့်မယ်ဆိုတာ မင်း မသိဘူးလား? မလှုပ်မယှက်စောင့်နေတာထက် လက်ဦးမှုယူပြီး အရာအားလုံးကိုပွင့်ပွင့်လင်းလင်းချပြလိုက်သင့်တယ်"
လုဖေးသည် ဖျော်ဖြေရေးနယ်ပယ်တွင် ကြာရှည်စွာပါဝင်လာခဲ့ပြီး နည်းဗျူဟာများစွာကို သိထားခဲ့သည်။ ဖုန်လီသည် သူ့သားကိုပြဿနာတက်အောင် ဆက်လက်မလုပ်ဆောင်နိုင်တော့ပေ။ သူ့သားလေးကို တစ်ချက်တည်းနဲ့ လုံးလုံးလျားလျားမှောက်ချလိုက်ပြီး သူ့၏ပညာပေးမှုကို အစကနေပြန်စဖို့ ဆန္ဒရှိခဲ့သည်။
လုဖေးသည် "အနာမခံ၊ အသာမစံ"ဟူသည့်နိယာမကိုသိသည်။ အကယ်၍သူသည် သူ့အား တစ်ကြိမ်တစ်ခါမျှ ပြင်းပြင်းထန် ထန်မဆက်ဆံပါက၊ လန်ကျွယ်သည် ပို၍ကြီးမားသောအမှားများကိုလုပ်မိလိမ့်မည်။ အဲဒီအချိန်ကျရင် သူ့သားကိုပြန်ပြီးသင်ကြားပေးဖို့ရာခက်လိမ့်မည်။
" ဟုတ်ပြီ၊ ကျွန်မ ဖေးကျဲနဲ့လက်မှတ်ထိုးဖို့ ဆုံးဖြတ်ထားပြီးသား။ တိကျတဲ့ အစီအစဉ်တွေအကြောင်းကို နောက်မှပဲမေးတော့မယ်" စွင်းမန်သည်လုဖေး၏ဆုံးဖြတ်ချက်ကိုမြင်ပြီး တည်ငြိမ်လာသည်။
တစ်နည်းအားဖြင့်တော့ လန်ကျွယ်အား မှန်ကန်သည့်လမ်းကိုပြန်ရောက်အောင် ကူညီပေးမည့်နောက်ဆုံးအကြိမ်ဟု ယူဆနိုင်သည်။
လုဖေးပြုံးလိုက်သော်လည်း သူ့မျက်လုံးများက သူ၏ပင်ပန်းနွမ်းနယ်မှု ကို မဖုံးကွယ်ထားနိုင်ပေ။ သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် သန်မာသည့်ကျားမေမေ ဖြစ် လာပြန်သည်။ ထို့နောက် သူသည် လန်ကျွယ်ထံသို့ နောက်ဆုံးသတိပေးချက်တစ်ခုပေးပို့ခဲ့သည်။
"မင်းမှာ အကြွေးဘယ်လောက်ရှိရှိ ဒီတစ်ကြိမ်တော့ ငါ ပြန်ဆပ်ပေးမယ်၊ ဒါပေမယ့် မင်းအမှားတွေအတွက် တာဝန်ယူပြီး ရှောင်တိမ်းဖို့မကြိုးစားနဲ့တော့။ မင်း အမှားကိုဝန်ခံပြီးပြောင်း လဲနိုင်သ၍ အရာအားလုံးကိုနောက်ပြန်လှည့်နိုင်သေးတယ်။”
စွင်းမန်သည် လုဖေးအားကြည့်လိုက်သည်။ အကယ်၍သူတို့သာအမေ နှင့်သမီးဖြစ်ခဲ့ပါက၊ စင်မြင့်ပြဇာတ်မှ လှပသည့်အဆုံးသတ်ကဲ့သို့ပင် single mother များသည်လည်း သား သမီးများနှင့်အတူ ပျော်ရွှင်ဖွယ် မိသားစုကိုတည်ဆောက်နိုင်ပြီး ပြီးပြည့်စုံသည့်ပညာရေးကိုပံ့ပိုးပေးနိုင်ကြောင်း သက်သေ ပြနိုင်မည်ဖြစ်သည်။
ကံမကောင်းစွာပင်၊ သူတို့၏ပေါင်းစပ်မှုသည် အရာအားလုံး မှားယွင်းခဲ့သည်။
Message ကိုလက်ခံရရှိသည့်လန်ကျွယ်သည် ဖုန်လီ၏ကားထဲတွင်ရှိနေသည်။
ဖုန်းကိုကြည့်ရင်း အတွေးများဝေဝါးလာသည်။ ရုတ်တရက်သူသည် အမည်မသိ message တစ်ခုအားလက်ခံရရှိခဲ့သည်။ သူအေးခဲသွားပြီး မယုံကြည်နိုင်စွာ မျက်လုံးများပြူးကျယ်သွားသည်။
သူ့နားထဲတွင် ဖုန်လီ၏အသံက "သား၊ မကြောက်နဲ့၊ ခေါင်း ကိုင်မေမေက မင်းကို တရားမျှတမှုချက်ချင်းရအောင် ကူညီပေးမယ်။ မင်းအမေက လွန်လွန်းတယ်။ မင်း ဘာအမှားမှမလုပ်ခဲ့တဲ့အပြင် သူ့သားဆိုလည်း ဟုတ်တယ် ဒီတော့ ဘယ်လိုလဲ ? မင်းက သူ့သားအရင်း၊ သူမင်းကို ခြွင်းချက်မရှိပံ့ပိုးသင့်တာပေါ့။ မင်းကို ဒီလိုမျိုးဖမ်းခွင့်ပြုထားပြီး အင် တာနက်ပေါ်မှာ လူသိများအောင်လုပ်ပြီး၊ မျက်နှာတွေပျက်အောင်လုပ်နေတာ။ မင်းရဲ့အောင်မြင်မှုကို သူဘယ်လိုများ သဘောထားသေးသိမ်နိုင်ရတာလဲ? မင်း အခုသူနဲ့ အဆက်အသွယ်ဖြတ်ပြီး ခေါင်းကိုင်မေမေနဲ့ တူတူနေသင့်တယ်။ ငါ မင်းကိုကာကွယ်စောင့်ရှောက်ပေးမယ်။ ငါအဝေးရောက်နေတဲ့အချိန်မှာ ဒီလိုမျိုးအေးစက်ပြီး နှလုံးသားမဲ့တဲ့မိန်းမတစ်ယောက်ကို ရွေးချယ်ခဲ့တဲ့အတွက် မင်းရဲ့အဖေကိုအပြစ်တင်ရမယ်။"
သူစကားပြောနေစဉ်တွင် လန်ကျွယ်က လေးနက်သည့်လေသံဖြင့် " ခေါင်းကိုင်မေမေ၊ ကျေးဇူးပြုပြီး စူပါမားကတ်ရှေ့မှာရပ်ပေးပါ"
"ဟမ် ? ဘာဖြစ်လို့လဲ?"
" ကျွန်တော်...ကျွန်တော် ရေချိုးခန်းသုံးဖို့လိုနေလို့"
ဒါကိုပြောပြီးနောက် လန်ကျွယ်က လုဖေး၏ message အား
" မား၊ မား ကျွန်တော့်ကို နားလည်မှုလွဲသွားပြီ ကျွန်တော်မှာ လောင်းကစားအကြွေးတွေ ဘယ်လိုလုပ်ရှိမှာလဲ ? မားနဲ့ စွင်းမန်နှစ်ယောက်လုံးနားလည်မှုလွဲနေကြတာ။ သူ ပြီးခဲ့တဲ့တစ်ကြိမ်မှာလည်း အမှားလုပ်ခဲ့တယ်လေ။ ကျွန်တော်သူ့ကို ခြိမ်း ခြောက်တာက တကယ်အနိုင်ယူဖို့သပ်သပ်ပါပဲ၊ ကျွန်တော်မားကို နောက်မှအကုန်ရှင်းပြပါ့မယ်။"