← Chapters

အခန်း (၁၆၉)

Vol. 17 Ch. 169

အခန်း (၁၆၉)

Vol. 17 Ch. 169

ကားသည် စူပါမားကတ်ကြီးတစ်ခုရှေ့ ရပ်သွားသည်။

လန်ကျွယ်က စူပါမားကတ်ရှိသန့်စင်ခန်းထဲသို့ သွားခဲ့သည်။

အမည်မသိ message မှ ညွှန်ကြားချက်အတိုင်း ဖုန်းခေါ်ဆိုခဲ့သည်။

"ဒါ အရေးပေါ်အခြေအနေကြောင့်သာမဟုတ်ရင် ငါတို့ကမင်းကို ဒီအခွင့်အရေးမပေးဘူး... ငါတို့ရဲ့ ညွှန်ကြားချက်ကို မင်းလိုက်နာနေသရွေ့ မင်းသံသယဝင်ခံရမှာမဟုတ်ဘူး။ ဒီညပြီးရင် မင်းမှာ လောင်းကစားအကြွေးတွေရှိမနေသလို ဘယ်သူမှရှာမတွေ့ ပဲ အကြွေးသန်းငါးဆယ်လုံးလုံး ရှင်းသွားလိမ့်မယ်။ ငါတို့စကားကို ငါတို့ တည်တယ်။"

သူ့အာဒမ်ပန်းသီး(လည်စေ့)က လှုပ်ခါလာကာ အကြည့်တွေက တဖြည်းဖြည်းဆုံးဖြတ်ချက်ချလာသည်။

ဤအကြွေးသန်းငါးဆယ်သည် လေထုထဲပျောက်ကွယ်သွားသရွေ့ သူ စွင်းမန်အား အကြွေးကြောင့်လှည့်စားနေသည်ဟူ၍ မည်သူမျှမပြောနိုင်ပေ။

ဤအဖြစ်အပျက်အား စွင်းမန်ကိုအနိုင်ယူဖို့ ကြိုးစားမှုတစ်ခုအနေနဲ့ သူ ရှင်းပြနိုင်သည်။ ဖော်ထုတ်ဝေဖန်ခံရလျှင်ပင် တွက်ချက်လိမ်လည်သူ အဖြစ်ရှုမြင်ခံရခြင်းထက်ပိုကောင်းသည်။

သူသည် ချစ်ခြင်းမေတ္တာအတွက် မိုက်မဲသည့်အရာတစ်ခုကိုပြုလုပ်ခဲ့ကာ လွန်ကဲစွာချစ်မြတ်နိုးပြီး လွဲမှားစွာလှည့်စားခဲ့သည့် ရိုးရှင်းသည့် ကောင်လေးတစ်ယောက်မျှသာဖြစ်သည်။ မည်သူ့ကိုမျှ ထိခိုက်စေလိုခြင်းမရှိခဲ့ပေ။

ဒီလိုနည်းနှင့် သူ့အမေနဲ့သူငယ်ချင်းတွေ၏ထူးဆန်းသည့်အကြည့်များအား သူရင်ဆိုင်ရမည်မဟုတ်ပေ။

သူသည်နောင်တွင် ဘယ်တော့မှလောင်းကစားမလုပ်တော့ပါ။ အရာအားလုံးသည် ဘာမှမဖြစ်ခဲ့သလို ပုံမှန်အတိုင်းပြန်ဖြစ်သွားနိုင်သည်။ သူ့ ပတ်ဝန်းကျင်မှာလည်း အပြစ်အနာအဆာမရှိတော့ပေ။

ထိုအချိန်တွင်လုဖေးသည် စာကိုလက်ခံရရှိပြီးနောက် မယုံနိုင်လောက် အောင်စိတ်ပျက်သွားသည်။ ယင်းကစွင်းမန်အား လူသိရှင်ကြားထုတ်ပြရန် လုဖေး၏ဆန္ဒကိုပိုမိုခိုင်မာစေခဲ့သည်။

နှစ်ယောက်သား ဖေးမင်ရွမ်ကိုပြန်တွေ့ချိန်မှာတော့ ထုတ်လုပ် သူနှင့် ဒါရိုက်တာက သူနှင့်စကားပြောနေတုန်းပင်။ သူတို့သည် ထိပ်တန်းအဖွဲ့ မှ ကြီးကြီးမားမားရုန်းရင်းဆန်ခတ်မဖြစ် ကြောင်း အကြိမ်ကြိမ်သေချာနေပုံရသည်။

ရုံတင်ပြသရန် နှစ်နှစ်တာကာလ နီးကပ်လာသည်နှင့်အမျှ အွန်လိုင်းတွင် ကောလာဟလများ ပိုမိုအားကောင်းလာသည်။ အဆင့်အတန်းနှင့်သွဇာ ရှိသူများသည် ၎င်းတို့နှင့်အဆက်အ သွယ်မပြတ်ဘဲ ဖျော်ဖြေရေး နယ်ပယ်တစ်ခုလုံးတုန်လှုပ်သွားပုံရပြီး ၎င်းတို့အားလုံးကိုကြောက်ရွံ့ သွားစေသည်။

အတည်ပြုချက်များစွာရပြီးနောက် ထုတ်လုပ်သူသည် နောက် ဆုံးတွင် စိတ်သက်သာရာရသွားကာ ဒါရိုက်တာနှင့်ထွက်ခွာတော့မည်ဖြစ်သည်။

သို့သော်ဖေးမင်ရွမ်မှ ရုတ်တရက် " အိုး၊ စကားမစပ်၊ ငါတို့ သရုပ်ဆောင် တစ်ယောက်ပြောင်းရမယ်"

ဒါရိုက်တာနှင့်ထုတ်လုပ်သူသည် သူတို့၏မျက်နှာပေါ်တွင် 'မျှော်လင့်ထားတဲ့အတိုင်း ငါ ထင်သလိုပါပဲ' ဟူသောအမူအရာဖြင့် လှည့်ပတ်ပြောနေသည်။

"လုပ်ပေါ့၊ ငါတို့ ဒါကိုထိန်းနိုင်ပါတယ်" ဟု စိတ်လှုပ်ရှားစွာဖြင့်ပင် ပြောကြသည်။

ကျီဖေး၏ပုံသဏ္ဍာန်သည် ပြင်းထန်လွန်းသည်ဟုထင်ကာ ဖေးမင်ရွမ် ပါးစပ်လှုပ်သွားပြီး ဖွံ့ ဖြိုးတိုးတက်မှုအတွက်မကောင်းပေ။ ဒီတစ်ခါဘာမှဖြစ်မလာတဲ့အတွက် နည်းနည်းလျှော့ဖို့အခွင့်ကောင်းပင်။

ဒါရိုက်တာနှင့်ထုတ်လုပ်သူတို့၏ တောက်လောင်နေသည့်အကြည့်များအား မြင်လိုက်ရတော့ ဖေးမင်ရွမ်က 'မင်းမှာရှိနေတဲ့ ငါတို့မသိတဲ့ တခြားအံ့သွစရာတွေကို ကြည့်ကြရအောင်' ဟူသည့်သဘောထားဖြင့် ၎င်းတို့သည် ပုန်ကန်ရန် ညင်းပန်းနှိပ်စက်ခြင်းခံရသလားဟုပင် တွေးမိလာသည်။

ဖေးမင်ရွမ်က "ဒါ တိရစ္ဆာန်သရုပ်ဆောင်ပါ"

ဒါရိုက်တာနှင့်ထုတ်လုပ်သူသည် ချက်ချင်းပင် စိတ်ဝင်စားမှု များပျောက်ဆုံးသွားရသည်။

ဤစင်မြင့်ဖျော်ဖြေပွဲ၏ဆောင်ပုဒ်မှာ 'အိမ်' ဖြစ်သည်။ ကျီဖေးနှင့်ချင်ကျောက်အဖွဲ့ သည် ကြီးမားသည့်ချစ်ခြင်းမေတ္တာနှင့်တိုင်းပြည်ရှု့ထောင့်မှ ဇာတ်လမ်းတစ်ပုဒ်ကိုသရုပ်ဖော်ထားပြီး နောက်ပိုင်းတွင် သူ့ကိုယ်သူစတေးခဲ့သည့် စစ်သားတစ်ဦးဖြစ် လာမည့် ကလေးတစ်ဦးကိုစေလွှတ်ခြင်းဇာတ်လမ်းအား အကြမ်းဖျင်းသရုပ်ဖော်ထားသည်- နိုင်ငံမရှိပဲ အိမ်မရှိပေ။

ဤဖျော်ဖြေပွဲမှ တိရစ္ဆာန်သရုပ်ဆောင်တွေသည် စစ်ခွေးများဖြစ်ပြီး သားဖြစ်သူမှသူ့မိခင်အားပြသရန် ယူဆောင်လာသည့် ခွေးပေါက်လေးများဖြစ်သည်၊ နောက်ဆုံးတွင် ဒဏ်ရာရသွားသည့် အငြိမ်းစားစစ်ခွေးလေးကသာ မိခင်နဲ့အတူနေထိုင်ဖို့ ပြန်လာခဲ့သည်။

တိရစ္ဆာန်သရုပ်ဆောင်နှစ်ကောင်လိုအပ်သည်။ ခွေးပေါက်လေးသည် စီစဉ်ရလွယ်ကူသော်လည်း အရွယ်ရောက်ပြီးခွေးအိုကြီးအတွက်မူ လိုအပ်ချက်များပိုများသည်။

မူလက၎င်းတို့သည် လေ့ကျင့်ပြီးနောက် ကောင်းမွန်စွာပူး ပေါင်းဆောင်ရွက်နိုင်သည့် သာမန်တိရစ္ဆာန်သရုပ်ဆောင်များကိုသာ အသုံးပြုရန်စီစဉ်ထားသည်။ သို့ပေမယ့် ဖေးမင်ရွမ်ကတော့ ခွေး၏မျက်လုံးနှင့် ကိုယ်ဟန်အနေအထားကမမှန်သလို သက်ရောက်မှုမရှိလောက်ဘူးဟု ခံစားရကာ ဘယ်တော့မှကျေနပ်မှုမရှိခဲ့ပေ။

မန်နေဂျာတစ်ဦးအနေဖြင့် ဖေးမင်ရွမ်တွင် အခြားထည့်သွင်းစဉ်းစားမှု များရှိခဲ့သည်။ ဤဇာတ်ခုံ၏ဆောင်ပုဒ်သည်မျိုး ချစ်စိတ်ဓာတ်ကိုမြင့်တင်ခြင်းနှင့်ညီမျှသည်။ ဒါဆို အကျိုးသက်ရောက်မှုကို တတ်နိုင်သမျှလွန်ကဲအောင် ဘာကြောင့်မလုပ်ရတာလဲ ? ၎င်းသည် တရားဝင်အာရုံစိုက်မှုကိုပင် ဆွဲဆောင်နိုင်သည်။

ဒါက အဓိကရည်ရွယ်ချက်မဟုတ်ပေမယ့် အနုပညာရှင်မှ ကံကောင်း ထောက်မစွာနှင့် တရားဝင်အာရုံစိုက်မှုကိုဖမ်းစားနိုင်ရင် buffsတွေစုပုံ လာမှာ သေချာပါသည်။ ထို့ကြောင့်ဖေးမင်ရွမ်သည် ဤစင်မြင့်ဖျော်ဖြေ ပွဲသည် လူအများ၏နှလုံး သားကို ထိမိသည့်အဆင့်သို့ အမှန်တကယ် ရောက်ရှိနိုင်မည်ဟု မျှော်လင့်ခဲ့သည်။ ဤကိစ္စတွင်၊ သူတို့သည် အငြိမ်းစားစစ်ခွေးတစ်ကောင်ကို အမှန်တကယ်ငှားနိုင်ခဲ့လျှင် တုန်လှုပ် ချောက်ချားစရာများဖြစ်စေမည်မှာသေချာသည်။

ကံမကောင်းစွာဖြင့်၊ သူတို့တွင် အဆက်အသွယ်မရှိချေ။ စစ်ခွေး များသည်အဖိုးတန်ပြီး ထိုသို့သောဖျော်ဖြေပွဲများအတွက် ပေါ့ပေါ့တန်တန် ချေးယူ၍မရနိုင်ပေ။

သို့ပေမယ့်ဖေးမင်ရွမ်သည် လော့ဖေးထံသို့ ပြေးသွားသည်။ စစ်ခွေးများမဖြစ်နိုင်ရင် ရဲခွေးများက လုံးဝအဆင်ပြေမည်ပင်။

ထို့နောက်ဖေးမင်ရွမ်က လောဖေးအား ဖျော်ဖြေတင်ဆက်မှုတွင်ဖော်ပြ ထားသည့် ခမ်းနားသောအရေးပါမှုကိုအသုံးပြုကာ ဆွဲဆောင်ခဲ့သည်။ အပြုသဘောဆောင်သည့် လူသိရှင်ကြားအတွက်ပဲဖြစ်ဖြစ်၊ ချင် ရှန့်၏အကျိုးအတွက်ပဲဖြစ်ဖြစ်၊ နောက်ဆုံးတော့လောဖေးသည် ဒဏ်ရာကြောင့်အနားယူခဲ့ရသည့် ရဲခွေးကိုရှာတွေ့ ရန်ကူညီပေးခဲ့သည်။

တကယ်တော့ အများကြီးမလိုအပ်ချေ။ ရိုးရှင်းသည့်ပူးပေါင်း ဆောင်ရွက်မှုအတွက် အမိန့်များကိုလိုက်နာနိုင်ရုံဖြင့် လုံ လောက်သည်။ အရေးကြီးဆုံးအချက်မှာ အမူအရာဖြစ်သည်။

ရဲခွေးများက အစမ်းလေ့ကျင့်ဖို့တောင်မလိုချေ။ သင်တန်းဆရာရှိနေသရွေ့ ဘာမဆိုပူးပေါင်းဆောင်ရွက်နိုင်သည်။

ကျီဖေးနှင့်ချင်ကျောက်သည် တစ်ကြိမ်အစမ်းလေ့ကျင့်ခဲ့ပြီး လိုအပ်ချက်များကို အပြည့်အဝဖြည့်ဆည်းပေးခဲ့သည်။ ဒါရိုက်တာနှင့် ထုတ်လုပ်သူကို ပြောပြဖို့အချိန်မရှိခဲ့ပေ။

တိရိစ္ဆာန်မျိုးရိုးကအတူတူပဲမို့လို့ မပြောရင် ဘယ်သူမှသိမှာမဟုတ်ချေ။ သို့သော်လည်း ဖေးမင်ရွမ်က ချီးမွန်းထိုက်သောဝန်ဆောင်မှုဖြင့် အငြိမ်းစားရဲခွေးတစ်ကောင်ကိုငှားခဲ့ကြောင်း ၎င်းတို့အား အသိပေးခဲ့သည်။

ဒါက လူသိရှင်ကြားအချက်ဖြစ်နိုင်ပြီး ဘာမှစိုးရိမ်စရာမရှိဘူးဟုသိထားသဖြင့် ဒါရိုက်တာနှင့်ထုတ်လုပ်သူ ခေါင်းညိတ်ပြီးထွက်သွားသည်။

ထိုအချိန်တွင် ကျီဖေးနှင့်ချင်ကျောက်တို့သည် မိတ်ကပ်လိမ်းပြီး အနားယူခန်းသို့သွားချင်ကြသည်။ ရဲခွေးနှင့်လေ့ကျင့်ရေးဆရာသည် အနားယူခန်းထဲတွင် ရှိနေသည်။

နောက်ဆုံးတော့ သူတို့ ရဲခွေးကိုဘယ်မှာတွေ့ နိုင်မှာလဲ? ၎င်းက အရမ်းကြီးပြီး၊ အရမ်းအရမ်းမိုက်သည်။ ထို့အပြင် အလုပ်ထဲ move မသွင်းထားသည့်အခါတွင်၊ အလွန်ဖော်ရွေသည်။ သူတို့ သုံးယောက်သည် စွဲလန်းပြီး ကစားဖို့အခွင့်အရေးအားရှာတွေ့ခဲ့ကြ သည်။

သို့သော် စွင်းမန်မှ ဖေးမင်ရွမ်ကိုရှာရန်လာနေသည်ကိုတွေ့ သောအခါ သူတို့ အတင်းအဖျင်းမပြောပဲမနေနိုင်ပေ။

သူတို့၏အကြံဥာဏ်များအား ကြားပြီးနောက် ဖေးမင်ရွမ်က သဘောတူကြောင်းဖော်ပြခဲ့သည်။

သို့သော် သူသည် "ဒါ သေချာမရှင်းပြထားတဲ့ လောင်းကစား အကြွေးပဲဖြစ်ဖြစ် အချစ်ကြွေးပဲဖြစ်ဖြစ် ပြီးတော့ ရဲတွေကို လန်ကျွယ်ကိုဖမ်း ခိုင်းတဲ့ကိစ္စလိုမျိုးအရာတွေကလည်း လူထုအမြင်ရဲ့အန္တရာယ်တွေနဲ့ကြုံတွေ့ ရလိမ့်မယ်။" ဟု သူသတိ ပေးခဲ့သည်။

အကယ်၍ တစ်စုံတစ်ဦးက အခြားတစ်ဦးကို တိုက်ရိုက်စွပ်စွဲလိုက်ပါက၊ ထိုကိစ္စအမှန်တရားဖြစ်စေ၊ မှားယွင်းနေစေ၊ အမြဲလိုလို ပါးနပ်ဉာဏ်ကောင်းသည်ဟု ထင်သူတချို့ ပေါ်ထွက်လာပြီး စိတ်ကူးယဉ်အကြံအဖန်များ (သို့) လူ့ကျင့်ဝတ်အား လက်နက်သဖွယ်သုံးကာ ဖိအားပေးမှုများပြုလုပ်လာတတ်ကြသည်။

ရုတ်တရက် ခိုးနားထောင်နေသည့်ချင်ရုန်က "ဘာလို့အဲဒါကို မဖော်ထုတ် နိုင်ရတာလဲ?"

လူတိုင်း သူ့ကိုကြည့်နေကြသည်။

ချင်ရုန်သည် ချက်ချင်းပင်စိတ်မသက်မသာခံစားရပြီး နားရွက်ကိုကုတ် ကာ ရှက်ရွံ့ စွာပြောခဲ့သည်။

" ငါတို့အဖွဲ့က အမြဲတမ်းဒီလိုလုပ်လေ့ရှိတယ်ဆိုတာ ငါသိရုံပါပဲ။ နင့်အဖွဲ့ရဲ့ ဖျော်ဖြေမှုက သမီးတစ်ယောက်က အခက်အခဲတွေကြုံပြီး သူ့အမေဆီကနေ အကူအညီတောင်းနေတာ မဟုတ်ဘူးလား? ဒီအခက်အခဲကို ဒီအဖြစ်အပျက်အဖြစ် ပြောင်းလို့မရဘူးလား?"

ဖေးမင်ရွမ်၏မျက်လုံးများ ချက်ချင်းတောက်ပလာသည်။ ဟုတ်တယ်၊ အရင်တုန်းက သူတို့အဖွဲ့ ဟာအဖြစ်အပျက်တော် တော်များများအတွက် သက်သေမရှိလို့ ဖျော်ဖြေမှုကို အဓိကထားပြီးလုပ်ဆောင်ခဲ့ပြီး ပရိသတ် များ၏အတွေးများကိုနှိုးဆွရန်တင်ဆက်မှုတွေကိုပဲ အားကိုးကာ အထောက်အထားများ စုဆောင်းခွင့်ပေးလိုက်သည်။ ဒီအခြေအနေနှင့် အလားတူပင်။

အကယ်၍ ၎င်းတို့သည် ယခင်ကကဲ့သို့လုပ်ဆောင်ပါက၊ တိုက် ရိုက်ဖော်ပြခြင်းထက် ဤအထူးဇာတ်ခုံတွင် ပိုမိုယုံကြည်နိုင်မည်ဖြစ်သည်။ ၎င်းသည် ဖျော်ဖြေရေးလောက၏တရား သူကြီးမှ သရုပ်ဆောင်ခြင်း မဟုတ်သော်လည်း စွင်းမန်သည် အနာဂတ်တွင် ၎င်းတို့၏စတူဒီယိုတွင် ပါဝင်တော့မည်ဖြစ်သောကြောင့် ကျီဖေး၏ကြီးမားသည့်ပုံရိပ်ကို သွယ်ဝိုက်၍ဖြစ်စေကွဲလွဲသွားစေနိုင်သည်။

ဖေးမင်ရွမ်သည် အလွန်စိတ်ကူးပေါက်လာသော်လည်း ချီတုံ ချတုံဖြစ် နေကာ " ဒါပေမယ့်နောက်ဆုံးမိနစ်မှာ ပြောင်းဖို့က..."

မိတ်ကပ်လိမ်းပြီးသွားသောယုရို့ရင်က လမ်းလျှောက်လာပြီး "စွင်းမန်မှာ အဲ့ဒီအရည်အချင်းရှိတယ်"

သူတို့အားလုံးသည် တူညီသည့်စင်မြင့်ပေါ်တွင် ၎င်းတို့၏ပြိုင် ဘက်များ အား အလေးအနက်လေ့လာခဲ့ကြပြီး အချင်းချင်း၏ စွမ်းရည်များကို သဘာဝကျကျသိရှိခဲ့ကြသည်။

စွင်းမန်၏ကိုယ်ရည်ကိုယ်သွေးသည် သူ့ကို အနည်းငယ်စိတ်မသက် မသာဖြစ်စေခဲ့သည်မို့ "အမှားနဲ့အမှန်းအကြောင်း တိုက် ရိုက်ပြောလိုက်" လျှင် ကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်သည်။

သူသည် လုဖေးအား အဝေးမှကြည့်လိုက်သည်။

နောက်ဆုံးတွင်၊ သူတို့အားလုံးသည် ဇာတ်ညွှန်းတစ်ခုလုံးကိုသိခြင်းနှင့် ညီမျှသည့် အမှန်တရားတစ်ခုလုံးကိုသိရှိခဲ့ကြသည်။ စွင်းမန်သည် ထူးချွန်သည့်အနုပညာရှင်ဖြစ်ပြီး လုဖေးသည် နိုင်ငံအဆင့်မင်းသမီး တစ်ယောက်ဖြစ်သည်။ သေးငယ်သည့်အပိုင်းကိုပြောင်းဖို့က သူတို့ အတွက်ခက်ခဲမှာမဟုတ်ချေ။

လုဖေးသည် သဘာဝအတိုင်း ကန့်ကွက်ခြင်းမရှိပဲခေါင်းညိတ်ကာ " ဒါကို ဘယ်လိုပြောင်းရမလဲဆိုတာ အတိအကျဆွေးနွေးကြည့်ရအောင်။ အဲဒါကိုသရုပ်ဖော်တာက မိန်းကလေးတွေအနေနဲ့ ဒီလိုအခြေအနေမျိုး ကြုံလာတဲ့အခါ ဘယ်လိုမျိုးမှန်မှန်ကန်ကန်တုံ့ပြန်ရမလဲဆိုတာ သိစေဖို့အတွက် သတိပေး ချက်တစ်ခုအနေနဲ့ ပညာပေးနိုင်တယ်။"

လုဖေး လေးလေးနက်နက်ပြောပြီးသည့်နောက်မှာတော့ စွင်းမန်ရှက်ရွံ့ သွားပြီး မြေကြီးများမျိုချချင်နေတာကို တွေ့ လိုက်ရသည်။

လူတိုင်း ရယ်မောကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုစတင်သည်နှင့် အပစ်အခတ်ရပ်စဲရေးတပ်များ ရောက်ရှိလာပြီး အမျိုးမျိုးသောထင်ကြေးများ ဆူညံစွာမြင့်တက်လာခဲ့သည်။

စွင်းမန်နှင့်လုဖေး၏စင်မြင့်ထက်တွင် ၎င်းတို့၏ပြောင်မြောက် သော စွမ်းဆောင်ရည်နှင့် လိမ်လည်လှည့်ဖြားမှုသရုပ်ဖော်ခြင်းနှင့်အတူ စင်မြင့်ထက်တွင် ချက်ချင်းဆိုသလိုအွန်လိုင်းမုန် တိုင်းကြီးဖြစ်ပေါ်လာခဲ့သည်။

All Chapters