← Chapters

အခန်း (၁၇၀)

Vol. 17 Ch. 170

အခန်း (၁၇၀)

Vol. 17 Ch. 170

ပရိသတ်ကြားထဲမှချင်မိသားစုသည် အံသြသွားကြသည်။

" သူတို့ အမှန်တရားကိုဖော်ထုတ်ဖို့ လုပ်လိုက်တာလား ?"

ပါးပါးချင်က အံ့သြတကြီးမေးသည်။

"ဒါပေမယ့် ရှောင်လော့ အဲ့လိုမပြောခဲ့ပါဘူး..." မားမားချင်က သူ့ဘေးမှ ပန်းတွေကိုင်ထားသည့်အမျိုးသားအား စိုးရိမ်တ ကြီးနှင့်ကြည့်နေသည်။

ယခုတစ်ကြိမ်တွင်၊ ကျီဖေး၏နောက်ဆုံးစင်မြင့်ဖျော်ဖြေပွဲဖြစ် သောကြောင့် ချင်ရှန့်သည်လည်းပါဝင်ခဲ့သည်။

ချင်ရှန့်က " ဒါကတကယ့်ကို ထက်မြက်တဲ့ချဉ်းကပ်မှုတစ်ခုပဲ။ တခြားအဖွဲ့က လက်မခံဘူးဆိုရင်တောင် အသရေဖျက်မှုအတွက် စင်ပေါ်ကိုတရားစွဲလို့မရဘူး၊ အကွက်လေးလှတယ်။"

ပါးပါးချင်နှင့်မားမားချင် သက်ပြင်းချလိုက်သည်။

ချင်ရန်က "ဒါဆို သူတို့ကဒီဆုံးဖြတ်ချက်ကို နောက်ဆုံးမိနစ်မှချလိုက်တယ်လို့ နင်ပြောနေတာလား ? အဲဒီအဓိပ္ပါယ်က သူတို့ကယုလောင်ရှစ်လို လက်တန်းဖန်တီးနိုင်တယ်ပေါ့၊ စွင်းမန်နဲ့လက်မှတ်ထိုးလိုက်ကြတာ အံ့သြစရာမဟုတ်ဘူးပဲ၊ သူ့သရုပ် ဆောင်ချက်က အရမ်းကောင်းတယ်၊ ဒါတွေအားလုံး သူ လက် တန်းသရုပ်ဆောင်နေတယ်လို့ နင် သေချာပြောနိုင်မှာမဟုတ်ဘူး"

အခြားချင်မိသားစုဝင်များလည်း ခေါင်းညိတ်သဘောတူကြသည်။

သို့သော်လည်း ဤဇာတ်ကွက်၏အပိုင်းကိုမြင်ပြီးနောက်၊ ပတ်ဝန်းကျင်ရှိပရိသတ်များက အရူးအမူးအတင်းပြောလာကြသည်။

စွင်းမန်၏အဆုံးစီရင်မှုနှင့် လန်ကျွယ်၏ဖမ်းဆီးခံရမှုသည် အတော်လေးကို တုန်လှုပ်သွားစေခဲ့သည်။ အလယ်အလတ်အကြောင်းတရားနှင့် အကျိုးတရားအားလုံးကိုဖယ်ရှားလိုက်လျှင် ၎င်းသည်အခြေခံအားဖြင့် ဇာတ်စင်စွမ်းဆောင်ရည်နှင့်ကိုက်ညီသည်။

အင်တာနက်အသုံးပြုသူများသည် ဝဘ်ဆိုက်သို့ဝင်ရောက်ကြည့်ရှုခြင်းရာ ရှေ့တွင်ရှိနေသောကြောင့် ယခုအချိန်တွင်ပိုလို့ပင်ပေါက်ကွဲလာခဲ့သည်။ လန်ကျွယ် လွတ်မြောက်သွားပြီဆိုသည့်သတင်းအား သူတို့တွေ့ ခဲ့ရပြီး ဖုန်လီ၏ရှေ့နေမှအခင်းမဖြစ်ပွားခင်မှာ စုံစမ်းမှုတစ်ခုအနေနှင့် အချက်အလက်ထုတ်ပြန်ဖို့အတွက် မားကတ်တင်းအကောင့်များအားဆက်သွယ်ခဲ့ပြီး အသေးစိတ်အာရုံကိုဆွဲဆောင်ထားပြီးဖြစ်သည့် လန်ကျွယ်၏အချစ်အတွက်အမှားအယွင်းများကို မှန်းဆထားသည်။

သို့ပေမယ့် ယခုစင်မြင့်ထက်မှ ဖျော်ဖြေမှုများကတော့ လုံးဝရှုပ်ထွေးပွေလီနေခဲ့သည်။

Comment များ၏ အတားအဆီးသည် လျှပ်စီးကြောင်းအ တိုင်းရွေ့လျားနေသည်။

"ဘာတွေဖြစ်နေတာလဲ ? လန်ကျွယ်က အခုမှလွတ်လာတာမဟုတ်ဘူးလား ? သူ့အကြောင်းရှာကြည့်လိုက်တော့ လန်ကျွယ် ရာဇဝတ်မှုအပြည့်ကျူးလွန်ခဲ့တယ်လေ၊ သူ့က လုံးဝကိုမလွှတ်ပေးသင့်ဘူး!"

"ငါက ဒီသဘာဝမကျမှုကြီးကို ရှာတွေ့ ခဲ့တဲ့တစ်ဦးတည်းသောသူပဲလား? လုလောင်ရှစ်က စွင်းမန်နဲ့ဘာလို့ ဒီဇာတ်ကွက်ကိုသရုပ်ဖော်နေတာလဲ? သူက တကယ်ပဲ ဘယ်သူ့အမေလဲ ?"

" ဘာကြောင့်လဲ? ဒါကသူ့သွေးသားရင်းကို ရှုံ့ချတာနဲ့တူတူပဲ။ အမေ ကိုယ်တိုင်ကအတည်ပြုပေးလိုက်တဲ့အခါ အမှန်တရားကသေချာပေါက် ဒီလိုပဲဖြစ်သွားလိမ့်မယ်။”

"ငါမယုံဘူး၊ လန်ကျွယ်က အပြစ်ကင်းရမယ်။ လွတ်မြောက်လာတာကိုက အကြီးမားဆုံးသက်သေပဲ။ လန်ကျွယ်ကို အမြဲ တမ်းထောက်ခံနေမယ်၊ စွင်းမန်ကမှသာ ပြဿနာရှိတဲ့သူပဲ၊ အဲဒီဓါတ်ပုံတွေက သက်သေပဲ။"

" လာစမ်းပါ မေ့မေ့ရယ်၊ မင်းမျက်လုံးတွေကို ကော်နဲ့ပိတ်ထားတာလား? ဒီပုံတွေက မင်းဘယ်လိုကြည့်ကြည့် ခွင့်ပြုချက်မရှိဘဲရိုက်ခံထားရတာ သိသာနေတာကို"

"စင်ပေါ်က ရှင်းပြချက်က အရမ်းကိုကျိုးကြောင်းဆီလျော်တယ်လို့ထင်တယ်။ ကောင်လေးက သူ့ကောင်မလေးအိပ်ပျော်နေချိန်မှာ ခွင့်ပြုချက်မရှိပဲဓာတ်ပုံရိုက်တာ။"

" ဓါတ်ပုံရိုက်တာက ချစ်သူတွေကြားရင်းနှီးတဲ့ အပြုအမူလေးတစ်ခုပါပဲ။ ဒီစင်မြင့်ပေါ်မှာ ဖျော်ဖြေနေတာကမမှန်ဘူး။ တကယ်က စွင်းမန် ပြန်လာဖို့ တွန်းအားပေးတဲ့လုပ်ရပ်တစ်ခုလို့ပဲ ငါကြားမိတယ်။ ပိုက်ဆံအတွက်ဆိုရင် လန်ကျွယ်ရဲ့ မိသားစုကချမ်းသာပြီးသား အိုကေ ? အဲ့အစား ဒီလိုအစွဲအလန်းကြီးတဲ့အချစ်မျိုးက အရမ်းကိုလွှမ်းမိုးမှုရှိပြီး ရိုမန်တစ်ဆန်တယ်လို့ မထင်ဘူးလား?"

" မင်းဒီလိုမျိုး ဦးနှောက်ပုပ်သွားအောင်အထိ ဘယ်လိုဝတ္ထုမျိုးတွေဖတ်ခဲ့တာလဲ? ပြောပြစမ်းပါအုန်း၊ ငါရှောင်လို့ရအောင်လို့။ မင်းသာဒီလို အဖြစ်အပျက်မျိုးလက်တွေ့ ဘဝမှာဖြစ်လာခဲ့ရင် ရဲကိုသာ ဖုန်းဆက်လိုက်။"

"နောက်ပိုင်း ဘာတွေဖြစ်မလဲဆိုတာခဏထားလိုက်အုန်း၊ လျှို့ ဝှက်ပြီး ဓာတ်ပုံရိုက်တယ်ဆိုတာနဲ့တင် ငြင်းလို့မရဘူး။ ဒီလိုယောက်ျားမျိုးတွေက စောက်ရမ်းရွံဖို့ကောင်းတယ်။"

"ငါလည်း တိတ်တိတ်လေးဓာတ်ပုံရိုက်ခံရဖူးတယ်၊ ဒါပေမဲ့ငါက ပိုလို့တောင်တုံးအခဲ့သေးတယ်။ ငါ ရှာတွေ့ ခဲ့ပေမဲ့ သူကငါ့ကိုအချစ်ရည်ရွှမ်းနေတဲ့မျက်လုံးတွေနဲ့ကြည့်ပြီး အဲ့တာက သူငါ့ကိုချစ်လို့ပါ၊ အချိန်တိုင်း အဲ့ပုံလေးတွေကိုထုတ်ကြည့်ချင်လို့ပါ၊ သိမ်းထားချင်လို့ပါ၊ ငါတို့ အသက်ကြီးပြီးဆံပင်တွေဖြူလာတဲ့အခါ ဒီဓာတ်ပုံလေးတွေကြည့်ပြီးတစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ထိချစ်ခဲ့ကြလဲ မှတ်မိချင်လို့ပါဆိုပြီးပြောခဲ့တယ်လေ။ အဲ့ဒါကြောင့်မို့လို့ ငါ သူ့ကို မဖျက်ခိုင်းတော့ တာ။ ရလဒ်အနေနဲ့ကတော့ သူ ငါ့ကို မချစ်တော့ပဲငြီးငွေ့ လာပြီး ငါတို့ပြတ်လည်းပြတ်ရော အဲ့ဓာတ်ပုံတွေကို သူ့အကျိုး အမြတ်အတွက် ဖိုရမ်ပေါ်မှာကြွားလုံးထုတ်ပြီး ယောက်ျားတွေဆွေးနွေးဖို့အတွက်လုပ်ခဲ့တယ်"

"အပေါ်က comment ပိုင်ရှင်က တကယ့်ကိုရူးမိုက်တာပဲ။ စွင်းမန်ရဲ့ ကိစ္စက မသိလိုက်တာတစ်ခုဘဲ၊ ဒါပေမယ့် နင်ကတော့ ကိုယ်တိုင်ဘယ်လိုကာကွယ်ရမလဲမသိဘဲ၊ နင့်ကိုယ်နင် ယောက်ျားတစ်ယောက်ရဲ့ ဘဝမှာအထူးခြားဆုံးလူတစ်ယောက်လို့ထင်နေတာ၊ နင့်ကိုယ်နင် ပြိုင်ဖက်ကင်းလို့ထင်နေပြီး သူက နင့်ကိုဘယ်တော့မှ နာကျင်အောင်လုပ်မှာမဟုတ်ဘူးလို့ယုံကြည်နေတာ။ တကယ်တော့ နင်က ဦးနှောက်မရှိရုံသပ် သပ်ပဲ။ ယောက်ျားတစ်ယောက်က နင့်ကိုချစ်နေတုန်းမှာတော့ အဲ့တာကမှန်လိမ့်မယ်၊ သူနင့်ကို မချစ်တော့တဲ့အချိန်ရောက်ရင်တော့ တကယ်အကြင်နာတရားမဲ့သွားလိမ့်မယ်။"

"အိုက်ရား! ငါ့ အမြင်အရပြောရရင် ဒါ ဘာပြဿနာရှိလို့လဲ? ဒါကို ဖော်ထုတ်ခံလိုက်ရရင်တောင် နင် အဲ့တာဘယ်သူလဲဆိုတာသက်သေပြနိုင်လို့လား ? နောက်ဆုံးတော့ မျက်နှာဖလှယ်တဲ့နည်းပညာက အခုခေတ်မှာ အရမ်းအဆင့်မြင့်နေတာလေ။ တစ်ဖက်က အဲ့တာ နင့်ပုံလို့ အခိုင်အမာပြောနေရင်တောင် သူတို့ကိုသက်သေပြခိုင်းလိုက်။”

"ငါတို့က ကိုယ်လုံးတီးနဲ့မွေးဖွားလာတာ၊ အားလုံးက တဒင်္ဂတိမ်တိုက်တွေပဲ၊ ဘဝနဲ့ယှဉ်လာရင် အရာရာအားလုံးကအသေးအဖွဲပါပဲ။ ဘာပဲ ဖြစ်ဖြစ်၊ လူတိုင်းမှာ သုံးမိနစ်စာပဲအာရုံစိုက်မှုရှိတယ်၊ ဒါကိုမြင်ပြီးရင် မေ့သွားလိမ့်မယ်၊ ဘယ်သူကမှ ကမ္ဘာကြီးရဲ့ ဇာတ်လိုက်တွေမဟုတ်ဘူး။ တခြားသူတွေရဲ့ ထင်မြင်ချက်တွေကို ဘာလို့ ဂရုစိုက်နေရမှာလဲ၊ ကိုယ့်ဘဝကိုယ် ကောင်းကောင်းနေပါ။"

"အတိအကျဘဲ၊ ဒါပေမယ့်မိန်းကလေးတွေ သတိထားဖို့တော့လိုသေး တယ်။ နင့်ယောက်ျားကို ဘယ်လောက်ပဲချစ်နေပါစေ၊ နင့်ယောက်ျားက ဘယ်လောက်ပဲချစ်ဖို့ကောင်းနေပါစေ ပြီးတော့ နင့်ရဲ့ စိတ်နှလုံးသားကို ဘယ်လောက်ပဲနူးညံ့စေပါစေ နောက်ဆုံးအချိန်အထိ လိုက်နာရမယ့် အချက်က နင်အမြဲသတိထားရမယ်။ နင့်ကိုတကယ်ချစ်တဲ့သူကို ဒီကမ္ဘာ ကြီးက နင့်ကိုနာကျင်စေမယ့်အခွင့်အရေးပေးမှာမဟုတ်ဘူးဆိုတာ ယုံကြည်ပါ။ သူသာဒီလိုလုပ်ရင် သူ့ရဲ့ စိတ်ဝင်စားမှုကသာအရေးပါပြီး နင့်ကိုထိခိုက်အောင်လုပ်ဖို့သပ်သပ်ပဲ အလားအ လာရှိတယ်ဆိုတာ သက်သေပြနိုင်တယ်"

" ကျွန်တော်က ယောက်ျားတစ်ယောက်ပါ၊ ပြီးတော့ ကျွန်တော့်ချစ်သူကို ဓာတ်ပုံမရိုက်ရဲဘူး။ ကျွန်တော့် ဖုန်းပျောက်သွားရင် ဘယ်လိုလုပ်မလဲ? ကျွန်တော့်ကွန်ပြူတာ ဗိုင်းရပ်စ်ဝင်သွားရင်ဘယ်လိုလုပ်မလဲ? အင်တာနက်က သိပ်မလုံခြုံတော့ဘူး၊ ကျွန်တော်ဓာတ်ပုံမရိုက်တော့ဘူး၊ အိုကေ! ဓာတ်ပုံရိုက်ချင်နေတဲ့အမျိုးသားတိုင်းက ဦးနှောက်ထဲတစ်ခုခုချို့ယွင်းနေတာ။"

" ငါလန်ကျွယ်ကို အရင်ကသူအတင်းအကြပ် propose လုပ်တုန်းက ဇာတ်ကောင်စရိုက်လွှမ်းမိုးနေတဲ့ပြဿနာလို့ထင်ခဲ့မိတာ။"

"ဟင် ? ငါရုတ်တရက် တစ်ခုခုကိုတွေးလိုက်မိတယ်၊ လန်ကျွယ်ရဲ့ အတင်းအကြပ် propose လုပ်မှုက လောင်းကစားအ ကြွေးတွေဆပ်ဖို့ ပိုက်ဆံအတွက်လုပ်ခဲ့တာများလားလို့ ? Propose လုပ်တာမအောင်မြင်လို့ သူ့ကိုခြိမ်းခြောက်ခဲ့တာလား?"

" ဒါက သူအချစ်အတွက် propose လုပ်ခဲ့ပြီး မအောင်မြင်တော့ အချစ်အတွက်ခြိမ်းခြောက်ခဲ့တာလည်း ဖြစ်နိုင်တယ်။ အဲ့ဒါလည်း အဓိပ္ပာယ်ရှိသလိုပဲ။"

"ဒါဆို ဒီ Show က လိမ်နေတယ်လို့ ဆိုလိုတာလား?"

" ငါ မပြောရဲပါဘူး။ တကယ်တော့ဇာတ်ကွက်ထဲက တိုက်ဆိုင်မှုတစ်ခု သပ်သပ်ပဲဖြစ်မယ်ထင်တယ်။ နောက်ဆုံးတော့ ဒါက ငါတို့ရဲ့ဖျော်ဖြေရေးနယ်ပယ်ကတရားသူကြီးဖြစ်တဲ့ ဖေးမေ့ရဲ့ စင်မြင့်လေ မဟုတ်ဘူးလား ? ငါတော့ စိတ်ကိုရှင်းရှင်းပဲထားချင်တယ်။"

ဖေးမင်ရွမ်နှင့်အခြားသူများ၏ ဖြစ်ရပ်မှန်ဇာတ်လမ်းအရ အရာရာသည် လုံးဝမတိုးတက်ခဲ့ဘဲ အမှန်တရားကိုပြောပြခြင်း၏ရည်ရွယ်ချက်ကိုအောင်မြင်ခဲ့သည်။

ငွေညှစ်ခြင်းနှင့်လောင်းကစားကိစ္စများသည် အမှန်တကယ်ရုတ်ခြည်း ဖြစ်လွန်းသောကြောင့် ဆွေးနွေးရန်လူတိုင်း၏အာရုံစူးစိုက်မှုမှာ လောလောဆယ်တွင် ဤကိစ္စကိုမလုပ်ဆောင်ခဲ့ပေ။

သို့သော်လည်း လန်ကျွယ်၏ဂုဏ်သိက္ခာအား တခဲနက်ရှုံ့ချပြီး ဖြစ်သည်။

ဖေးမင်ရွမ်သည် သူ၏လျှာအားနှစ်ကြိမ်ခန့်နှိပ်ပြီး ကျီဖေးဘက်သို့လှည့်ကာ " ကြည့်ရတာ နင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဖောက်ထွင်းခံထားရပုံပဲ။ နင်က အတုအပကို ဆန့်ကျင်တဲ့သင်္ကတဖြစ်နေပြီ အဲ့အတင်းအဖျင်းတွေက နင် ပြောတာမဟုတ်ဘူးဆိုရင် လူတွေက ဒါကိုယုံမှာမဟုတ်ဘူး။"

ကျီဖေး ပါးစပ်တုန်လှုပ်သွားပြီး စိတ်ထဲမှရေရွတ်ရင်း [ ပွဲပြီးပြီးချင်း အင်တာဗျူးမှာ ငါသူတို့ရဲ့ဖျော်ဖြေမှုကို ချီးကျူးလိုက်ရင် လူတိုင်းကယုံကြမှာလား ? ဒီလို တွေးကြည့်လိုက်တော့ ငါဖိအားတွေအများကြီးခံနေရတာပါလား!]

ချင်ကျောက်နှင့် ချင်ရုန်တို့သည် သူတို့နောက်တွင် ရယ်မောနေကြသည်။ အဲဒါကိုတွေးကြည့်တော့ တကယ်ဖြစ်နိုင်ခဲ့သည်။ ဖျော်ဖြေရေးနယ်ပယ်မှတရားသူကြီး၏ စစ်မှန်ကြောင်းအတည်ပြုခြင်းနှင့် ညီမျှသည်။

မကြာခင်မှာပင် စွင်းမန်နှင့်လုဖေးတို့၏ဖျော်ဖြေမှုမှာ ပြီးဆုံးတော့မည် ဖြစ်သည်။

လေ့ကျင့်ရေးဆရာက ရဲခွေးကိုစင်နောက်ဘက်မှဇာတ်ခုံသို့ ခေါ်သွားပြီး ကျီဖေးနှင့်တခြားသူများဖြင့်တွေ့ ဆုံခဲ့သည်။ ကျီဖေးနှင့်ချင်ကျောက်တို့က ရဲခွေးကိုနှုတ်ဆက်လိုက်ကြပြီး ၎င်း၏အမြီးမှာ ပျော်ရွှင်စွာလှုပ်ယမ်းနေသည်ကို တွေ့ လိုက်ရသည်။

"ငါတို့မင်းကို နောက်မှစောင့်နေမယ်" ကျီဖေးက ခွေးခေါင်းအားပုတ်ရင်း ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့" ချင်ကျောက်က လေးနက်စွာပြောသည်။

သင်တန်းဆရာက ရယ်မောပြီး " စိတ်မပူပါနဲ့၊ ကျွန်တော်တို့ရဲ့ ရှောင်ချီ (Little 7) က အဲဒါကိုအားလုံးမြင်ပြီးပါပြီ။ အခု သူ အရမ်းစိတ်လှုပ်ရှားနေပြီ။ အငြိမ်းစားယူပြီးကတည်းက မစ်ရှင်လုပ်ဖို့အခွင့်အလမ်းမရှိတော့ဘူးလေ။ ပျင်းလို့ သေတော့မယ်။"

ရှောင်ချီသည် စတင်ရန်စိတ်အားထက်သန်စွာဖြင့် ခေါင်းနှင့်ရင်ဘတ်ကို ဂုဏ်ယူစွာမြှောက်ထားသည်။

အပြင်မှလက်ခုပ်သံများထွက်ပေါ်လာသည်နှင့်အမျှ ၎င်းတို့၏စင်မြင့် ဖျော်ဖြေမှုစတင်ခဲ့သည်။

ထိုအချိန်တွင်ဖုန်လီသည် လန်ကျွယ်အား စတူဒီယိုသို့မောင်းထုတ်ခဲ့ပြီးဖြစ်သည်။ သူသည် ရှေ့နေထံမှဖုန်းခေါ်ဆိုမှုအား ယခုလေးတင်လက်ခံ ရရှိပြီး တိုက်ရိုက်ပြန်ကန်ခြင်းကိုကြည့်ကာ ဒေါသထွက်ပြီးချက်ချင်းပင် နီရဲသွားသည်။

" မင်းအမေက ဘယ်လိုများဒီလိုလုပ်ရတာလဲ ? သူ မင်းကို ဖျက်စီးနေတာ၊ သူ မင်းကိုလုံးဝမယုံခဲ့ဘူးလား? မဟုတ်ဘူး၊ ငါတို့သူ့ကိုသွားရှာရ မယ်၊"

ခေတ်စားနေသည့် အကြောင်းအရာများအားကြည့်ရင်း လန်ကျွ ယ်၏မျက်နှာသည်လည်း ပြာလာသည်။ သူကအရာအား လုံးကို ကယ်တင်ဖို့ နည်းမျိုးစုံနှင့်ကြိုးစားခဲ့ပေမယ့် သူတို့က သူ့အားဖျက်ဆီးပစ်ချင်နေကြသည်!

ကံကောင်းစွာနှင့်ပင် ၎င်းသည် ဖျော်ဖြေတင်ဆက်မှုတစ်ခုသာဖြစ်ပြီး အင်တာနက်အသုံးပြုသူများကလည်း ၎င်းအပေါ် စောင့်ဆိုင်းကြည့်ရှုနေကြသည်ဟု ရှေ့နေကပြောသည်။ သူတို့အတွက် အခုလုပ်ဆောင်ရမည့် အကောင်းဆုံးအရာကတော့ တိုက်ရိုက်ထုတ်လွှင့်နေချိန်တွင် ရှင်းလင်းဖို့ အခွင့်အရေးရှာရန်ပင်၊ မဟုတ်ပါက ၎င်းက အရမ်းဒုက္ခရောက်စေလိမ့်မည်။

ဖုန်လီလည်း ဒီလိုပဲတွေးခဲ့သည်။ စွင်းမန်သည် မတရားလွန်းတာကြောင့် သူ ဂရုမစိုက်တော့ပေ။ ဒီတစ်ကြိမ်တွင်တော့ ခိုးမှုဖြစ်ရပ်အား ကောင်းကောင်းဖော်ထုတ်တော့မည်ဖြစ်သည်!

ဒေါသတကြီးဖြင့် သူ့လည်ပင်းပေါ်ရှိပုလဲလည်ဆွဲအားထိလိုက်သည်။

စွင်းမန်ကနစ်နာသူလိုကစားပြီးတော့ လန်ကျွယ်ကိုထိခိုက်စေပြီး သူ့ ကိုယ်သူမြင့်တင်ချင်နေတာမဟုတ်လား ? ဖုန်လီသည် သူ၏အဖိုးတန် ခေါင်းကိုင်သားလေးအား ထိခိုက်စေရန်လုံးဝခွင့်မပြုနိုင်ပေ။

ဖုန်လီကားပေါ်မှဆင်းပြီးနောက် လန်ကျွယ်သည် မလှုပ်မယှက်ရှိနေသည်ကို သူမြင်လိုက်ရသည်။

"လန်ကျွယ်၊ အချိန်မဖြုန်းနဲ့၊ သွားကြရအောင်!"

လန်ကျွယ် ထတော့မည်ဖြစ်သော်လည်း တုံ့ဆိုင်းသွားကာ သူ့လှုပ်ရှားမှု များတင်းမာလာသည်။ သို့သော်ပတ်ဝန်းကျင်တွင် ထောက်လှမ်းရေးကင်မရာများ ရှိနေသည်ကိုမြင်လိုက်ရသဖြင့် ကားထဲတွင် တစ်ယောက်တည်းနေရန်မှာ ပေါ်လွင်လွန်းသဖြင့် ဖုန်လီနှင့်အတူ စတူဒီယိုသို့ လိုက်ရန်မှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။

သူတို့ရောက်ရှိချိန်မှာတော့ ကျီဖေးနှင့်ချင်ကျောက်တို့၏ဖျော် ဖြေမှုသည် တစ်ဝက်လောက်ရောက်နေပြီဖြစ်သည်။

All Chapters