အခန်း (၁၇၁)
Vol. 18 Ch. 171
ထိပ်တန်းအဖွဲ့ ၏စင်မြင့်ပြဇာတ်သည် အတော်လေးရွေ့ လျားနေပြီး ၎င်းသည် ကျီဖေး၏ပထမဆုံးအကြိမ် ဇာတ်ကောင်ကိုမှန်ကန်စွာ သရုပ်ဆောင်ခြင်းလည်းဖြစ်သည်။
သူ၏သရုပ်ဆောင်မှုသည် အကြမ်းဖျင်းဆန်ပြီး အတွေ့ အကြုံမရှိသေး ပေမယ့် ရှက်စရာတော့မဟုတ်ချေ။
ချင်ကျောက်နှင့် ယုရို့ရင်တို့၏ဇာတ်ရုပ်များတွင် ပါဝင်ကူညီခြင်းဖြင့် စင်မြင့်၏ဖျော်ဖြေမှုသည် ကောင်းမွန်ကြောင်းအာမခံနိုင်သည်။
သို့သော်လည်း စင်မြင့်ဖျော်ဖြေပွဲကိုကြည့်ရှုနေစဉ် အင်တာနက်သုံးစွဲသူများသည် အနည်းငယ်စိတ်ပျက်သွားကြသည်။
" ငါတို့ဒရာမာကို စွဲလန်းနေသလိုမျိုးခံစားရတယ် ပြီးတော့ ထိပ်တန်းအဆင့်အဖွဲ့က ဘာမှမဖန်တီးတဲ့အခါ မကျေနပ်သလိုပဲ။"
" ပါးဖြတ်ရိုက်တာတွေ မပါတဲ့စင်မြင့်တစ်ခုက ဝိညာဉ်ပျောက် ဆုံးနေသလိုခံစားရတယ်။"
"အရင်အဖွဲ့ ရဲ့ပြောင်မြောက်တဲ့ဖျော်ဖြေမှုအပြီးမှာ သူတို့တစ်ခုခုတုံ့ပြန်လိမ့်မယ်လို့ ငါ ထင်ထားတာ"
"ပထမဆုံးအပိုင်းက နာမည်ကြီးသရုပ်ဆောင်အဖွဲ့ ရဲ့ ဒရာမာတွေရိုက်တုန်းကကို သတိရမိပေမယ့် ထိပ်တန်းအဖွဲ့ က သူတို့ရဲ့ဖျော်ဖြေမှုတွေနဲ့ တန်ပြန်ခဲ့တယ်။ ဒီတစ်ခါတော့မငြင်းတဲ့အတွက် စွင်းမန်ရဲ့ဖျော်ဖြေမှုက မှန်ကန်ကြောင်းသက်သေပြနိုင်သလို၊ အသိအမှတ်ပြုမှုတစ်မျိုးလို့လည်းမြင်နိုင်တယ်။"
"အဲဒါက ပြောရခက်တယ်..."
"ဒါဆို ဒီအပိုင်းရဲ့ ဖျော်ဖြေရေးနယ်ပယ်တရားသူကြီးက ဖျော် ဖြေရေးနယ်ပယ်ကို ရှင်းသွားမှာမဟုတ်ဘူးလား?"
"လာပါ၊ ဖျော်ဖြေရေးနယ်ပယ်က သူ့ရဲ့ သွေးကြောမကြီးကို ဖြတ်ပြီး သွားပြီ၊ ပရိသတ်တွေက ကျီဖေးဆီကနေ နောက်ထပ်ဘယ်လိုဒရာမာတွေ မျှော်လင့်နိုင်မလဲ။"
" ငါလည်း အဲဒီလိုပဲခံစားရတယ်။ ဖော်ထုတ်နိုင်သမျှက ကန့် သတ်ချက် ပြည့်သွားပြီ။ တရားစီရင်ဖို့ မကျန်တော့ဘူး၊ ပြီးတော့ ကျီဖေးလည်း ရန်သူတွေဆက်မလုပ်နိုင်တော့ဘူး။"
"ဒါဆိုအခုသူက လေးလေးနက်နက်သရုပ်ဆောင်နေတော့ အဓိပ္ပာယ်ရှိတယ်လေ။ ဖေးမေ့က မင်းသမီးဖြစ်ချင်တယ်၊ သရုပ်ဆောင်စွမ်းရည်က အရေးကြီးဆုံးပဲ။"
"ဒီအပိုင်းတွေပြီးသွားရင် ဖေးကျဲရဲ့ သရုပ်ဆောင်စွမ်းရည် တကယ်တိုးတက်လာတာကို နင်မြင်ရမှာပါ။"
"သရုပ်ဆောင်မှုအပေါ် အခြေခံမယ်ဆိုရင် ဒီအပိုင်းမှာ ဘယ်သူအနိုင်ရမယ်ဆိုတာ ပြောဖို့ခက်တယ်။"
"ကောင်းပြီ၊ ဒရာမာမပါတာက ကောင်းပါတယ်။ ဒီပြဇာတ်ကကောင်းတယ်၊ မျိုးချစ်စိတ်ဓာတ် အပြည့်ရှိတယ်။"
"ထိပ်တန်းအဖွဲ့က သူတို့ကိုယ်သူတို့ ကျော်ကြားတဲ့အဆင့်တစ်ခုမှာ ရှိနေမှန်းသိလို့ လူမှုရေးတာဝန်ဝတ္တရားတွေကို ပြသခဲ့တယ်၊ အဲ့တာကြောင့် လူငယ်တွေကိုလမ်းညွှန်ဖို့အတွက် ဒီလိုမျိုးဇာတ်ညွှန်းတွေကိုလုပ်ခဲ့ကြတာ။"
"ဟုတ်တယ်၊ ထိပ်တန်းအဖွဲ့ရဲ့ပြဇာတ်တွေက အမြဲတမ်းပညာသားပါပြီးတန်ဖိုးရှိတယ်။"
”အခု… ပြောစရာကိုမလိုပါဘူး၊ ငါ စစ်တပ်ထဲဝင်ဖို့ တွန်းအားပေးခံရနေသလိုခံစားရတယ်”
"စင်ပေါ်တက်လာတဲ့ ရှောင်ချီရဲ့စွဲဆောင်မှုတွေကို လုံးလုံး လျားလျား စွဲလန်းနေတာ ငါတစ်ယောက်ပဲလား ? အဲ့တာတ ကယ့်စစ်ခွေးဖြစ်ရမယ်။"
"သူ့နောက်ခြေထောက်မှာဒဏ်ရာရသွားလို့ အနားယူနေပုံပဲ၊ စစ်ခွေးလားဆိုတာ ပြောဖို့ခက်တယ်။"
စင်နောက်ဘက်တွင်။
ချင်မိသားစုမှအခြားအဖွဲ့ ဝင်များက ချင်ရှန့်အား " အဲ့တာလေးက ရှောင်လော့ဌားပေးခဲ့တဲ့တစ်ကောင်လား ?"
ချင်ရှန့် ခေါင်းညိတ်လိုက်ပြီး " ဟုတ်တယ်၊ အငြိမ်းစားယူခဲ့တဲ့ မူးယစ် ဆေးရှာတဲ့ခွေး"
"သူရဲကောင်းပဲ" ပါးပါးချင် စိတ်လှုပ်ရှားစွာအော်သည်။
ချင်ရှန့်က ခေါင်းညိတ်ပြီး " သူ အများကြီးအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တယ်"
"အဲ့တာက စန်းတိနဲ့ကျီဖေးတို့နဲ့ အရမ်းအဆင်ပြေလိမ့်မယ်" ဟု မားမားချင်က အံ့အားသင့်စွာပြောသည်။
ချင်ရှန့်က အနီးနားရှိရိုက်ကူးရေးဧရိယာထဲမှ တစ်ယောက် ယောက်ကိုလက်ညိုးထိုးပြပြီး " ဟိုမှာအမြဲတမ်းညွှန်ကြားပေးနေတာက သူ့လေ့ကျင့်ရေးဆရာပဲ"
မိသားစုဝင်များဆွေးနွေးနေချိန်တွင် အနီးနားမှနှုတ်ဆက်သံအားရုတ်တရက်ကြားလိုက်ရသည်။
"မင်းတို့လည်း ဒီမှာရှိနေတာပဲ။"
ဖုန်လီသည် ပြီးခဲ့သည့်အကြိမ်တွင် ၎င်းတို့နှင့် မနှစ်မြို့ဖွယ်ကြုံတွေ့ ခဲ့ရသော်လည်း ရက်အနည်းငယ်ကြာပြီးနောက် ပြီးခဲ့တာတွေကပြီးသွားခဲ့ပြီဖြစ်သည်။ ထိုမိသားစုကို ထိုနေရာ တွင်တွေ့တော့ ချင်ကျောက်ကရဲအား သတင်းပို့သည့်အကြောင်း ကြားလိုက်ရသည့်အတွက် သူတို့ဆီမချဉ်းကပ်ဘဲမနေနိုင်ခဲ့ပေ။
ကာကွယ်ပေးခဲ့သည့် ဖုန်လီအတွက်၊ ၎င်းသည် အာရုံကြောကို ထိမှန်ခဲ့သည်။
ဖုန်လီနှင့်လန်ကျွယ်တို့ အတူတူတွဲလာတာကို ချင်မိသားစုကမအံ့သြချေ။
" ရဲဖမ်းခံခဲ့ရတဲ့လူကို ခေါ်လာတာ မင်းတို့အရမ်းအေးဆေးနေပါလား။ နင်တို့မိသားစုကို ငါ တကယ်အထင်ကြီးမိတယ်လို့ ပြောရမယ်။ နင် ငါတို့ဖုန်မိသားစုကို လုံးဝအလေးအနက်မထားဘူးဆိုတာ ရှင်းနေတာပဲ"
မားမားချင် မျက်ခုံးပင့်လိုက်သော်လည်း ဖုန်လီ၏လည်ပင်းတွင်တောက်ပနေသည့်ပုလဲလည်ဆွဲကို မြင်လိုက်ရသောအခါတွင် ဖုန်လီသည် သူနှင့်အနီးဆုံးတွင်ရပ်နေသဖြင့် အနည်းငယ်နောက်ပြန်ဆုတ်လိုက်ရသည်။
အနောက်ဘက်မှလန်ကျွယ်၏ လှို့ဝှက်သည့်အမူအရာနှင့် မျက်နှာဖုံးကို ကြည့်ရင်း မားမားချင်၏အမူအရာမှာ ပိုလို့ပင်ထူးခြားလာခဲ့သည်။
" ဘာလဲ ? နောက်ဆုံး အပြစ်ရှိတယ်လို့ ခံစားရပြီလား? သူက ငါ့ရဲ့ ခေါင်းကိုင်သားလေ၊ လက်တွေ့ မှာ နင့်ရဲ့ ဂျူနီယာပဲ။ နင့်သားဘာလုပ်ခဲ့လဲကြည့်စမ်း ?" စကားပြောနေစဉ် ဖုန်လီ၏ မျက်လုံးများ နီရဲနေခဲ့သည်။
" ငါ့အထင်တော့ နင်ကမှ နင့်ရဲ့ခေါင်းကိုင်သားလုပ်လိုက်တာကို မသိတဲ့သူပဲ။ နင် ဘာလို့ဒီကိုရောက်နေတာလဲ ? ပြဿနာရှာနေတာလား?"
ဖုန်လီ အေးစက်စွာဟစ်အော်လိုက်ပြီး "ပြဿနာတွေရှင်းဖို့ ငါတို့ ဒီကိုရောက်နေတာ!" သူ ဆက်ပြောမည်ပြုသည်။
ချင်ရှန့်က "ဖျော်ဖြေမှုပွဲကို မနှောင့်ယှက်နဲ့။"
ဖုန်လီသည်ချင်ရှန့်အား အနည်းငယ်ခြိမ်းခြောက်ခဲ့သည်။
နောက်တန်းရှိပရိသတ်များသည် အတန်းရှေ့တွင်ရပ်နေသည့် ဤလူနှစ်ယောက်အား မကျေမနပ်ဖြစ်နေပြီ။
သူတို့အပေါ် အာရုံစိုက်လာသောအခါ လန်ကျွယ်စိုးရိမ်တကြီးဖြစ်လာကာ ၎င်း၏ဘေ့စ်ဘောဦးထုပ်ကိုဆွဲချပြီး ဖုန်လီအား ထိုင်ခုံအလွတ်ရှာရန်ခေါ်ဆောင်သွားခဲ့သည်။ VIP ထိုင်ခုံနေရာများတွင်ရှိနေ၍ ထိုင်နိုင်သည့်နေရာအချို့ရှိသည်။
သို့သော်လန်ကျွယ်ထိုင်နေသည့်အခိုက်တွင် သူ့ခန္ဓာကိုယ်သည် တစ်ခဏမျှတင်းမာလာပြီး သူ့အမူအရာမှာပိုမှောင်မည်းလာသည်။
ဖုန်လီနှင့်လန်ကျွယ်တို့သည် အထဲသို့ဝင်ရန်အားတင်းခဲ့ကြပြီး ယခုအခါ မှ စင်မြင့်ဖျော်ဖြေမှုကို အနှောင့်အယှက်ပေးလောက်အောင်ထိ မမိုက်မဲ ခဲ့ပေ။ သူတို့ရှေ့နေ့၏အကြံပေးချက်အတိုင်း ရှင်းရှင်းလင်းလင်းသိချင်တယ်ဆိုရင်တော့ အမှန်တရားကိုထုတ်ဖော်ရန် တိုက်ရိုက်ထုတ်လွှင့်မှု၏အင်တာဗျူးအပိုင်းတွင် စင်မြင့်ပေါ်သို့အပြေးအလွှားသွားနိုင်သည်။
သူတို့စင်ပေါ်မတက်ခင်တွင် ပါဝင်ပတ်သက်သူများနှင့် ဆက်သွယ်သင့်သည်ဟု ရှေ့နေမှအကြံပေးသည်၊ ထို့ကြောင့်လုဖေးကို အရင်ရှာရန်ကြိုးစားခဲ့သည်။
သို့သော်လည်းလုဖေးသည် ၎င်းတို့၏ဖုန်းခေါ်ဆိုမှုများအား မဖြေကြားရုံသာမက စင်နောက်ဖက်တွင် စွင်းမန်နှင့်ရှိနေခဲ့သည်။
ဖုန်လီသည် စွင်းမန်နှင့်လုံးဝမတွေ့ချင်ပေ။ စွင်းမန်ကိုစောင့်ဖမ်းကာဖျက်ဆီးလိုသောကြောင့် သူ့အားနောက်ပြန်လှည့်စေရန် အတင်းအကြပ်မလုပ်ဘဲ နောက်ဆုံးအင်တာဗျူးအပိုင်းကိုစောင့်ရန် ပရိသတ်ထိုင်ခုံဆီသို့လာခဲ့သည်။ ချင်မိသားစုကိုတွေ့ လိုက်ရသည့်အခါတွင် သူသည် ၎င်းတို့အား ရင်ဆိုင်ရန်သည်းမခံနိုင်တော့ပေ။
သို့သော် အမှန်တကယ်ထိုင်ပြီးနောက် ဖုန်လီသည် ချင်မိသားစုအားအနှောင့်အယှက်မပေးတော့ပေ။
ချင်ကျောက်နှင့်ကျီဖေး၏ရဲတိုင်စာအတွက် လက်တုံ့ပြန်မည်ကို စိုးရိမ်သဖြင့် ချင်မိသားစုသည် သတိထားနေကြသော် လည်း ၎င်းတို့အားမြင်ပြီးလျှင် ငြိမ်သက်သွားကာ အခြေအနေကိုနားလည်သွားကြသည်။ ချင်ရန်က အခြေအနေကိုရှင်းပြရန်အတွက် စင်နောက်ဘက်တွင်ရှိနေ သည့်ချင်ရုန်အား ချက်ချင်းစာပို့လိုက်သည်။
စွင်းမန်နှင့် စာချုပ်အသေးစိတ်ဆွေးနွေးနေသည့်ဖေးမင်ရွမ်သည် ချင်ရု န်ထံမှသတင်းအား ချက်ချင်းရခဲ့ပြီး " သူတို့ဘာလုပ်ဖို့ကြိုးစားနေကြတာလဲ?"
"သူတို့က ငါတို့အတွက်ဒီမှာရှိနေတာ" လုဖေးက " ဖုန်လီရဲ့ အကျင့်အရဆိုရင် ငါတို့ စင်ပေါ်တက်လာတဲ့အခါ ရူးမိုက်တာတစ်ခုခုလုပ်ဖို့ စီစဉ်နေတာဖြစ်နိုင်တယ်။"
လုဖေး၏ခင်ပွန်းကိုပိုးပန်းနေချိန်၌ ဖုန်လီသည် မြင့်မြတ်သည့် မိသားစု၏သမီးနှင့်လုံးဝမတူဘဲ၊ သူနှစ်သက်သည့်အရာမှန်သမျှကိုလုပ်ဆောင်ခဲ့သည်။
"သူ သေချာပေါက် စွင်းမန်ရဲ့နောက်ကိုလိုက်ချင်နေတာ၊ ငါ့သားမိုက်က သူ့နာမည်ကို ရှင်းပစ်ချင်နေတာသေချာတယ်၊ အဲ့ဒါကြောင့် နောက်ပိုင်းမှာ ရုတ်တရက်တဇွတ်ထိုးလုပ်တာတစ်ခုခုရှိလာလိမ့်မယ်"
လုဖေးက မှောင်မိုက်နေသည့်အမူအရာဖြင့် "ဒါက ပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်လာလိမ့်မယ်။"
စွင်းမန်၏မျက်နှာသည် ဖြူဖျော့သွားကာ သူသည်ထိုသို့သောလူများနှင့် ပေါင်းသင်းခဲ့ရသည့် အကြိမ်ပေါင်းမရေမတွက်နိုင်အောင်ဝမ်းနည်းမိသည်။
ဖေးမင်ရွမ် စွင်းမန်အားပုခုံးပုတ်ပြီး " စိတ်မပူပါနဲ့ မင်း ကျီဖေးတို့ ချင်ကျောက်တို့နဲ့အတူ စင်ပေါ်တက်ရလိမ့်မယ်။ ကျီဖေးနဲ့ချင်ကျောက်ရှိနေတဲ့အချိန် တိုက်ရိုက်လွှင့်တဲ့စင်ပေါ်မှာ ဘယ်သူမှ အသာစီးရနေတာမတွေ့ ဖူးသေးဘူး။"
တကယ်တော့ဖေးမင်ရွမ်သည် ယုံကြည်မှုအပြည့်မရှိချေ။ ကြံမိကြံရာလုပ်တတ်သူများမှ ဘာလုပ်နိုင်သည်ကို မည်သူမှမသိနိုင်သလို အထူးသဖြင့် သူတို့ထဲမှမြင့်မြတ်သည့်အမျိုးသမီးတစ်ဦးဖြစ်သည်။
သို့သော် သူသည် ကျီဖေးအပေါ်နားမလည်နိုင်သည့်ယုံကြည်မှုတစ်ခုရှိခဲ့သည်။ ကျီဖေးသည် အများအားဖြင့်ပျင်းရိပြီးပေါ့ပေါ့ပါးပါးရှိပုံရသော်လည်း၊ သူသည် လူများအားအရေးကြီးသည့်အချိန်များတွင် ထူးဆန်းစွာပင် လုံခြုံသည့်ခံစားချက်ကိုအမြဲပေးစွမ်းခဲ့သည်။
အဆိုးဆုံးအနေဖြင့် တစ်ဖက်သားကိုမနှိမ်နှင်းနိုင်ရုံသာ ဖြစ်နိုင်သည်။ ထို့နောက် လူထုအမြင်ကိုလမ်းညွှန်ရန် ကျီဖေး၏ ဖျော်ဖြေရေး တရားသူကြီးဂုဏ်ပုဒ်အားအားကိုးနိုင်သော် လည်း သူတို့ဘက်တွင် အမှန်တရားရှိသောကြောင့် လုံခြုံမှုမရှိဟုခံစားနေစရာမလိုတော့ပေ။
ဘယ်သူကမှ တိကျသေချာသည့်အဖြေကို မပေးနိုင်သည့် အတွက် သူတို့ရောက်လာသည်နှင့်အမျှ ကိစ္စများအားကိုင် တွယ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ထို့ကြောင့်အားလုံးက ဇာတ်ခုံ၏အနားသို့ရွှေ့ကာဇာတ်ပွဲပြီး ဆုံးရန် စောင့်နေကြသည်။