အခန်း (၁၇၂)
Vol. 18 Ch. 172
ဇာတ်ကွက်တိုးတက်လာသည်နှင့်အမျှ လူတိုင်းက တိုက်ပွဲအတွင်း သေဆုံးသွားသည့် သားအဖြစ်သရုပ်ဆောင်သူချင်ကျောက်အားကြည့်နေကြပြီး အဆုံးတွင် အမေအဖြစ်သရုပ် ဆောင်သူကျီဖေးသည် ဒဏ်ရာရပြီးအငြိမ်းစားယူခဲ့သည့်ချီအာကိုအိမ်မှကြိုဆိုခဲ့သည်။
ကျီဖေးသည် သူ့သားကိုဘေးကင်းစွာပြန်မခေါ်လာနိုင်သည့်အ တွက် တောင်းပန်နေသလိုမျိုး ခေါင်းငိုက်ကာညည်းတွားနေသည့် ချီအာကိုကြည့်လိုက်သည်။
ကျီဖေးသည် တစ်ဆို့နေသည့်အသံဖြင့် ရှေ့သို့လှမ်းလာပြီး ချီအာ၏ခေါင်းကိုပုတ်ကာ " တော်လိုက်တဲ့ကောင်လေး၊ အိမ်ကနေကြိုဆိုပါတယ်။"
နောက်ဆုံးတွင်၊ အချိန်၏ဖြတ်သန်းမှုကိုသရုပ်ဖော်ထားသည့် နောက်ခံတေးဂီတနှင့် ရာသီလေးခုကိုသရုပ်ပြသည့် စင်မြင့်မီးအလင်းရောင်ဖြင့် ကျီဖေးသည် ချီအာကိုစင်မြင့်ရှေ့သို့ ဖြည်း ညင်းစွာပို့ဆောင်ခဲ့သည်။ အဝေးကိုငေးကြည့်ရင်းထိုင်ဖို့ရုန်း ကန်ရင်းနှင့်ပင် ခွေးနှင့်ပွေ့ ဖက်ရင်း သူ၏ရုပ်ရည်မှာ တဖြည်း ဖြည်း ပိန်ပိန်ပါးပါးဖြစ်သွားသည်။
၎င်းတို့နောက်တွင်၊ ကြီးမားသည့်ဖန်သားပြင်သည် စစ်တပ်မိသားစုများ၏ အမျိုးမျိုးသောဓာတ်ပုံများကို တဖြည်းဖြည်းပြသခဲ့ပြီး နောက်ဆုံးတွင် နိုင်ငံ၏နယ်နိမိတ်မျဉ်းကိုပုံဖော်ထားသည်။
ဒီမြင်ကွင်းက အားကောင်းလွန်းပြီးလှုပ်လှုပ်ရှားရှားဖြစ်ကာ ပရိသတ်၏အသက်ရှူသံမှာ လေးလံသွားရုံသာမက အွန်လိုင်းပေါ်မှ comment များထဲပင် ခံစားချက်မျက်ရည်များဖြင့်ပြည့်နှက်နေခဲ့သည်။
"တကယ်ကို ဒရာမာမရှိဘူး၊ ဒါပေမယ့်.. အရမ်းလှတယ်၊ ဝူးဝူးဝူးးး"
" ငါတို့ရဲ့ ငြိမ်းချမ်းနေတဲ့ဘဝလေးတွေက အချို့ လူတွေ ငါတို့အတွက် ဝန်ထုတ်ဝန်ပိုးတွေကိုထမ်းရွက်ထားပေးလို့ပဲ၊ ဝူးဝူးဝူးးးး။"
" ငါ variety show လေးကြည့်ချင်ရုံပါပဲ၊ ဝူးဝူးဝူးးးး၊ ဒါဘယ် လိုဖြစ်ရတာလဲ... ဝူးဝူးဝူးးး..."
"သူတို့ကငါတို့မိသားစုရဲ့ အကြီးဆုံးကောနဲ့ ကျဲပဲ၊ အရဲရင့်ဆုံးနဲ့ ကြောက်ရွံ့ မှုမရှိဆုံးသူတွေက ငါတို့ရှေ့ မှာအမြဲတမ်းရပ်နေပြီး ငါတို့ကို မကောင်းတဲ့လူတွေဆီကနေ ကာကွယ်ပေးထားတာ။"
"ရုတ်တရက် အကျင့်ပျက်ကျော်ကြားသူတွေဖန်တီးထားတဲ့ အရှုပ်တော်ပုံတွေက ဟာသတွေလိုဖြစ်နေတယ်!"
"ဟုတ်တယ်၊ သူတို့က ဟာသတွေပဲ!"
" ငါရှာကြည့်လိုက်တော့၊ ချီအာက တကယ်တော့ မူးယစ်ဆေးရှာတဲ့ စစ်ခွေးတစ်ကောင်ပဲ။ ဒါပေမယ့် ကောင်းပါတယ်၊ သူ့ရဲ့ နည်းပြလည်း အငြိမ်းစားယူခဲ့ပြီးအဆင်ပြေပါတယ်၊ မဟုတ်ရင် ဒီနေ့အွန်လိုင်းပေါ်မှာ သေရအောင်ငိုမိလိမ့်မယ်။"
"ဒရာမာကင်းစင်တဲ့ဇာတ်စင်က ဒီလောက်ကောင်းလိမ့်မယ်လို့မမျှော်လင့်ထားဘူး၊ ထိပ်တန်းအဖွဲ့က အံ့ဩစရာပဲ!"
စင်မြင့်ပြဇာတ်၏ နှစ်သစ်ကြိုဆိုပွဲပြီးဆုံးသည်နှင့်အမျှ ဒါရိုက် တာနှင့် ထုတ်လုပ်သူသည် နောက်ဆုံးတွင် သူတို့ဆုပ်ကိုင်ထား ခဲ့သည့်အသက်ရှုကြပ်မှုကို ထုတ်ဖော်လိုက်သည်။
စွင်းမန်နှင့်လုဖေးတို့၏ နောက်ဆုံးမိနစ်ဇာတ်ခုံအပြောင်းအလဲကြောင့် သူတို့အတော်လေး တုန်လှုပ်သွားခဲ့သည်။ အမှန်တရားကို ပွင့်ပွင့်လင်း လင်းထုတ်ဖော်ပြသသည့်နည်းလမ်းသည်... ကောင်းကောင်းမွန်မွန် ပြုမူ ဖို့သဘောတူခဲ့သော်လည်း အဆုံး သတ်တွင် ကူးစက်ရောဂါလိုကွဲပြားအောင်လှုံ့ဆော်ပေးခဲ့သည့် ဒုက္ခပေးသူနှင့်တူသည်။
သို့သော်လည်းသူတို့သည် ထိုကဲ့သို့သောအခြေအနေများအား ချောမွေ့ စွာကိုင်တွယ်ရန်သင်ယူထားပြီးဖြစ်သည်။ သူတို့သည် ယခုမှစပြီး စိတ် လှုပ်ရှားကာ ထိပ်တန်းအဖွဲ့ ကိုထိခိုက်နိုင်ပြီး ပြဿနာအချို့ကိုဖြစ်စေမည်ကို စိုးရိမ်ကြသည်။
သူတို့သည် မည်သည့်သက်ရောက်မှုအတွက်မဆို စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားကြသည်။
သို့ပေမယ့် မထင်မှတ်ပဲ... လုံခြုံစွာပြီးဆုံးသွားခဲ့သည်။
အရာအားလုံးက ပုံမှန်ပင်… သာမာန်ဖြစ်နေ၍ သူတို့အတွက်မူမမှန်သလိုခံစားရသည်။
ထို့ကြောင့် ယခင်အဖွဲ့ သည် ကိုယ်ရေးကိုယ်တာအာဃာတများအား ဖြေ ရှင်းရန် စင်မြင့်ကိုအသုံးပြုခဲ့သော်လည်း ထိပ်တန်းအဖွဲ့သည် ဖျော်ဖြေ ရေးနယ်ပယ်ရှိ အခြားသူများအားထိန်း ချုပ်ရန် ဤအခွင့်အရေးကို အသုံးပြုဖို့အစီအစဉ်မရှိခဲ့ချေ။
နောက်ဆုံးတွင် ဒါရိုက်တာနှင့်ထုတ်လုပ်သူသည် အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်တကြီးမေးနေသည့်သူငယ်ချင်းများအားသတ္တိရှိရှိဖြေကြားခဲ့သည်။
သူတို့သူငယ်ချင်းများက အပြစ်ရှိသလိုမခံစားရပေမယ့် သူတို့ သူငယ်ချင်းများ၏ သူငယ်ချင်းများကတော့ မတူညီသည့်ဇာတ်လမ်းတစ်ခုပင်။
ထိပ်တန်းအဖွဲ့၏စွမ်းဆောင်ရည်ကြောင့် လူတိုင်းသည်ျနမထိထိုင်မသာဖြစ်ခဲ့ကြရသည်။
Gp Message - စွင်းမန်နဲ့လန်ကျွယ် ကိစ္စကလွဲလို့ ဒီနေ့ညဘာမှမဖြစ်ခဲ့သလို ဖျော်ဖြေရေးနယ်ပယ်ရဲ့တရားသူကြီးကအနား ယူနေတယ်။
ထို့နောက် ဖေးမင်ရွမ်ထံမှ message ကို လက်ခံရရှိခဲ့သည်။
ဒါရိုက်တာနှင့်ထုတ်လုပ်သူသည် ချက်ချင်းစိတ်မသက်မသာခံစားလိုက် ရသည်။ သို့ပေမယ့် ဖွင့်ကြည့်လိုက်ပြီး သူတို့သက်ပြင်းတစ်ချက်ချလိုက်သည်။
တစ်စုံတစ်ယောက်သည် နောက်ပိုင်းတွင် ဒုက္ခဖြစ်စေနိုင်သည်ကိုသိသဖြင့် သူတို့ မစိုးရိမ်ကြပေ။ လူကြိုက်များမှု သို့မဟုတ် ဖျော်ဖြေရေးနယ်ပယ်ချိတ်ဆက်မှုတွင်ဖြစ်စေ ဒါရိုက်တာနှင့်ထုတ်လုပ်သူသည် ၎င်းအား အသေးအဖွဲကိစ္စရပ်အဖြစ်ယုံ ကြည်စိတ်ချစွာယူဆသည်။ ဇာတ်ပွဲအတွက် နောက်ဆုံးအပူ လှိုင်းတစ်ခုထပ်ထည့်လိုက်ရုံဖြင့် ကြီးကြီးမားမားမဖြစ်နိုင်ပေ။
သူတို့ပြန်ဖြေခါနီးတွင် ရုပ်ရှင်ရိုက်ကွင်းထဲမှလေ့ကျင့်ရေးနည်းပြသည် ရုတ်တရက်ရှေ့သို့လျှောက်သွားတာ "ချီအာ ?"
ပရိသတ်များလည်း မေးခွန်းထုတ်သံများထွက်ပေါ်လာသည်။
ကျီဖေး၏ပံ့ပိုးကူညီမှုတွင် နာခံမှုရှိစွာထိုင်နေသည့်ချီအာကို ဒါရိုက်တာ နှင့်ထုတ်လုပ်သူတို့မှလှမ်းကြည့်လိုက်ရာ ရုတ်တ ရက်မတ်တတ်ထရပ်ပြီး ပြင်းထန်သည့်အမူအရာပြကာ ဦးတည်ချက်တစ်ခုသို့ထိုးဟောင်နေပြီး သူ့ခန္ဓာကိုယ်သည် မည်သည့်အချိန်တွင်မဆို ခုန်အုပ်ရန်အဆင်သင့်ဖြစ်နေသကဲ့သို့ တစ်ခြမ်းဝပ်နေသည်။
သူသည် ချင်မိသားစုထိုင်နေသည့်ဘက်သို့ ဦးတည်နေသည်။
ခွေးကြီးတစ်ကောင်မှရုတ်တရက် ဤကဲ့သို့ပြုမူခြင်းသည် အလွန်ကြောက်စရာကောင်းလှသည်၊ ကျီဖေးပင် လန့်ဖျပ်သွားသည်။
"ချီ-ချီအာ"
ချီအာ၏နည်းပြသည် ထိတ်လန့်သွားကာ လက်အချက်ပြမှုများပေးလိုသော်လည်း ချီအာသည် တစ်နေရာတည်းသို့စိုက်ကြည့်နေပြီး ပစ်မှတ်ကိုထောက်လှမ်းရန် သတိပေးသည့်လက္ခဏာများ ပြတ်ပြတ်သားသားပြသနေသည်ကိုသတိပြုမိသည်။
နှစ်နှစ်ကျော်အငြိမ်းစားယူပြီးသည့်နောက်၊ ဤရုတ်တရက်အပြုအမူသည် လေ့ကျင့်ရေးဆရာကိုပင် ထိန်းချုပ်မှုလွတ်သွားစေသည်။
ချီအာ၏ဟောင်သံသည် ပိုအရေးတကြီးဖြစ်လာပြီး သူ့အနီးဆုံးလူများက ကြောက်လန့်အော်ဟစ်ကာ ဘေးဘက်သို့အဆက်မပြတ်ရှောင်ရှားသွားကြသည်။
ဟောင်သံကြောင့် ထိတ်လန့်နေသည့်ဖုန်လီသည် " တိရစ္ဆာန်တစ်ကောင်ကို ဖျော်ဖြေပွဲဆီ ဘာလို့ခေါ်လာတာလဲ၊ ဘာဖြစ်သွားလဲကြည့် ? နင့်အဖိုးတန်ချွေးမလေး အကိုက်မခံရအောင်သတိထားနော်!" ဟု ကျိန်ဆဲသလိုပြောလာသည်။
"နင့်ရဲ့ ညစ်ပတ်တဲ့ပါးစပ်ကိုပိတ်ထားလိုက်၊ အဲဒါက နင့်ထက်
ဉာဏ်ကောင်းတဲ့ခွေးပဲ" မားမားချင် ချက်ချင်းပြန်အော်လိုက်သည်။
လန်ကျွယ်သည် ထိုစကားကိုကြားသောအခါ ကြောက်ရွံ့မှုဖြင့် ချက်ချင်းထရပ်လိုက်ပြီး၊ သူ၏ရုတ်တရက်လှုပ်ရှားမှုကြောင့် ပြင်းထန်သည့်နာကျင်မှုကိုလျစ်လျူရှုကာ သူ့နဖူးမှချွေးအေးများစီးကျလာသည်။
ခွေးသည် သူ့အား တိုက်ရိုက်စိုက်ကြည့်နေသည်၊ သူတို့၏မျဉ်း ဖြောင့်အကွာအဝေးသည် ငါးမီတာထက်မပိုဘူးဟုလည်း ခံစားရသည်။
လန်ကျွယ် ချက်ချင်းလှည့်ပြီးပြေးသည်။
သို့သော် ခွေးဟောင်သံများနှင့်အတူ ပရိသတ်၏ရင်တွင်းစကားသံနှင့် အတူ အနက်ရောင်အရိပ်ကြီးတစ်ခုသည် လေထဲသို့ခုန်ဆင်းသွားသည်။
လန်ကျွယ်လှေကားထစ်ပေါ်သို့ တက်လိုက်စဉ်မှာပင် တွန်းချခံရပြီး ချီအာက ခြေထောက်ကိုပြင်းပြင်းထန်ထန်ကိုက်လိုက် ကာ မလွတ်မြောက်နိုင်အောင်တားဆီးလိုက်သည်။
သူ့ဦးထုပ်ပြုတ်ကျသွားပြီး တစ်စုံတစ်ယောက်က ကံဆိုးသည့်လူကိုမှတ်မိသွားသည်။
"ဒါ လန်ကျွယ်ပဲ!"
စတူဒီယိုမှာ ပရမ်းပတာပေါက်ကွဲသွားသည်။
ကင်မရာများသည် ထိုဦးတည်ချက်သို့ အလိုလိုညွှန်ပြပြီး တိုက်ရိုက်ထုတ်လွှင့်မှု comment များသည် ပေါက်ကွဲသွားခဲ့သည်။
" ဘာတွေဖြစ်နေတာလဲ? လန်ကျွယ်လည်း ဒီမှာရှိနေတာလား? ပြီးတော့ ခွေးကိုက်ခံရတာလား?"
" ဒါဆို ခွေးတွေက ဘယ်သူက လူယုတ်မာလဲ၊ ဘယ်သူက မကောင်းတာလဲဆိုတာ ပြောနိုင်တယ်လား?"
" ဒါက ကြုံရာခွေးမဟုတ်ဘူး၊ ငါတို့ရဲ့ ဖျော်ဖြေရေးနယ်ပယ်ကတရားသူကြီးယူလာတဲ့ ခွေးပဲ၊ အဲ့တော့ စီရင်ချက်ချနေတာလား?"
" မဟုတ်သေးဘူး၊ ခဏနေပါဦး၊ အားလုံးပဲ၊ ချီအာက မူးယစ်ဆေးရှာတဲ့ခွေးလေ၊ သူက ပရော်ဖက်ရှင်နယ်ပဲ၊ အငြိမ်းစားပါဆို လူတွေကိုကြုံသလို ကိုက်မှာမဟုတ်ဘူး!"
" ဒီလိုဗီဒီယိုတွေ ငါ မြင်ဖူးတယ်၊ ချီအာ မူးယစ်ဆေးဝါးတွေ့ တာကို သတိပေးအချက်ပြနေတာ။"
Comment များထဲ ဆွေးနွေးမှုများဖြင့်တုန်လှုပ်ချောက်ချားနေပြီး မြင်ကွင်းသည်ပရမ်းပတာဖြစ်နေသည်။
ကျီဖေး စင်ပေါ်တွင်ရှိနေသေးသည်ကို မည်သူမှသတိမထားမိချေ။
တကယ်တော့ ချီအက ရှေ့ သို့လှမ်းအုပ်လိုက်တော့ ကျီဖေးအလိုလိုမတ်တတ်ထရပ်ပြီး သူ့ကိုတားချင်ပေမယ့် ချီအာ၏ အရှိန်နှင့်မလိုက်နိုင်သောကြောင့် အစွန်းနားတွင်ဟန်ချက်ပျက်သွားသည်။
ကျီဖေးသည် ဒဏ်ရာအနည်းဆုံးဖြစ်အောင် မည်သည့်အနေအ ထားဖြင့် ခုန်ဆင်းရမည်ဆိုတာကို စဉ်းစားနေသည့်အချိန်တွင် ဆူညံသည့် စတူဒီယိုမှတစ်ဆင့် အရေးတကြီးနှင့်နက်နဲသည့်အသံကိုကြားလိုက်ရပြီး အဆုံးမရှိသည့်လုံခြုံမှုကိုပေးနိုင်ခဲ့သည်။
"မကြောက်နဲ့၊ နောက်ပြန် လှဲချလိုက်၊ ကိုယ်ဖမ်းမယ်။"
ကျီဖေး၏ဦးနှောက်သည် ထိုအခြေအနေကိုလျင်မြန်စွာမလုပ် ဆောင်နိုင်သော်လည်း ချင်ရှန့်၏အသံဖြစ်ကြောင်းပြောနိုင် သည်။
ခဏအကြာ ကျီဖေးတကယ်ပဲနာခံချင်သည်။ ကိုယ့်ကိုယ်ကို ထိန်းထားတာကိုစွန့်လွှတ်ပြီး နောက်ပြန်လှဲချကာ၊ ချင်ရှန့်မှ သူ့စကားကိုတည်မည်ဆိုတာ တစ်နည်းနည်းနှင့်အသေအချာခံစားရပြီး စိုးရိမ်စရာမလိုချေ။
သို့ပေမယ့် သူ့ပင်ကိုယ် သဘောသဘာဝကသူ့ကို နောက်ဆုံး အခိုက်အတန့်တွင် ပေါ့ပေါ့တန်တန်သာထိန်းထားဖို့ရွေးချယ်ခဲ့ပြီး ရှေ့သို့ခုန်ဆင်းရာတွင် ခန္ဓာကိုယ်ကိုလိမ်ထားခဲ့သည်။
သူခုန်ချလိုက်တော့ ချင်ရှန့်ကသူ့ကို စင်အောက်မှဖမ်းဖို့အသင့်ဖြစ်နေပြီး၊ သူ၏နက်နဲသည့်မျက်လုံးများတွင် ရှုပ်ယှက်ခတ်နေသည့်ပတ်ဝန်းကျင်ဖြင့် ရောင်ပြန်ဟပ်မနေဘဲ ကျီဖေး၏ ပြီးပြည့်စုံသည့် အသွင်အပြင်ကိုသာမြင်နေရသည်။
ဇာတ်စင်ဆီသို့ ဘယ်အချိန်ကပြေးလာမှန်း သူမသိပေ။
သူ့လက်မောင်းများအားဖွင့်ထားသည်၊ သူ၏ ကွက်တိကျနေသည့် ဝတ်စုံမှနေ၍ တောင့်တင်းခိုင်မာသည့်လက်မောင်းလိုင်းများကိုထင်ရှားစွာမြင်တွေ့ ရသည်။
တကယ်သာ သူ့ကိုဖမ်းခွင့်ပေးလိုက်ရင် သူကျီဖေးကိုလုံခြုံစွာချုပ်နှောင်ထားမည်မှာသေချာသည်။
ကျီဖေး တစ်ကယ်ပင်နောင်တရမိတော့သည်။
ရလဒ်အနေဖြင့် ချင်းရှန်းဖမ်းနေစဉ် ကျီဖေးသည်အတင်းခုန်ချကာ သူကိုတိုက်မိခဲ့သည်။
ကျီဖေး၏ခုန်ချလာမှုသည် သူ့ကိုအံသြစေခဲ့ပြီး သူ့အားတင်းကျပ်စွာပွေ့ ဖက်ထားနိုင်ခဲ့သည်။
ကံကောင်းထောက်မစွာ၊ ချင်ရှန့်သည်တည်ငြိမ်နေခဲ့ပြီး မဟုတ်ပါက ကျီဖေး၏သက်ရောက်မှုကြောင့် သူ့ကို မြေပြင်ပေါ်သို့လဲကျသွားစေမည်ဖြစ်သည်။
ကျီဖေးတည်ငြိမ်သွားပြီးနောက်၊ ချင်ရှန့်ကသူ့ကို အောက်ချပေးသော်လည်း လက်မလွှတ်ပဲစိုးရိမ်စိတ်ဖြင့်ငုံ့ကြည့်ကာ
"အဆင်ပြေရဲ့လား"
" အဆင်ပြေပါတယ်၊ ကျေးဇူးပါ။"
ကျီဖေးသည် သူ၏နှလုံးခုန်သံကို ရှင်းရှင်းလင်းလင်းခံစားခဲ့ရပြီး ချင်ရှန့်ကိုလုံးဝမကြည့်နိုင်ပေ။
ဖုန်လီ၏အော်သံသည် အနီးနားမှထွက်ပေါ်လာသည်။
"အားး၊ စောက်ခွေး၊ ထွက်သွားစမ်း၊ ငါ့ ခေါင်းကိုင်သားကို
မကိုက်နဲ့!"
ကျီဖေးသည် သူ့အာရုံများပြန်ရောက်လာပြီး ရင်ခွင်ထဲမှထွက်ကာ အခြေအနေကိုချက်ချင်းကြည့်လိုက်သည်။
[ထူးဆန်းတယ်၊ ချီအာက ဘာဖြစ်နေတာလဲ ? ဝမ်းနည်းဖို့ကောင်းတာက ခွေးရဲ့အချက်အလက်တွေကိုမမြင်ရဘူး... နေဦး၊ လန်ကျွယ်ရဲ့အချက်အလက်တွေကို စစ်ဆေးကြည့်ရအောင်...]
ချင်မိသားစုမှအခြားအဖွဲ့ ဝင်များသည်လည်း ထိုအတွေးကိုကြားပြီး ကျီဖေးနှင့်ချင်ရှန့်တို့ အတူတကွရပ်နေကြသည်ကို တွေ့ လိုက်ရသည်။
သူတို့အံ့သြနေချိန်မှာပင် ကျီဖေး၏စိတ်ထဲမှကျယ်လောင်စွာအော်ဟစ်သံကိုကြားလိုက်ရပြီး ပတ်ဝန်းကျင်ကမောက်ကမများတွင် နစ်မွန်းလုနီးပါးဖြစ်သွားသည်။
[အိုးမိုင်ဂေါ့၊ သူရူးနေပြီလား ? တကယ်ကြီး မူးယစ်ဆေးဝါးသယ်နေတာ! ပြီးတော့ အဲ့တာတွေကို ဟိုမှာဝှက်ထားတယ်!]