← Chapters

အခန်း (၁၇၃)

Vol. 18 Ch. 173

အခန်း (၁၇၃)

Vol. 18 Ch. 173

ကျီဖေး၏အတွင်းစိတ်အတွေးသည် ချင်မိသားစုအားထိတ် လန့်သွားစေခဲ့သည်။

ချီအာ၏လက္ခဏာနှင့် အပြုအမူကြောင့်သာမဟုတ်ပါက၊ ချင်မိသားစု သည် ၎င်းတို့ကြားနေသည့်အရာများဟုထင်ကြလိမ့် မည်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု? အဲဒါက သူတို့ထင်နေတဲ့ဟာလား? တကယ်ဖြစ်နိုင်ပါ့မလား ?

ချင်မိသားစု၏မျက်လုံးများသည် ကျီဖေးနှင့်လန်ကျွယ်အကြားတွင် စူးစူးဝါးဝါးလှည့်ပတ်နေပြီး ဘယ်ကိုကြည့်ရမှန်းမသိဖြစ်နေသည်။

ကျီဖေးလည်း မယုံနိုင်လောက်အောင် ထိတ်လန့်သွားသည်။ လန်ကျွယ် သည် ဤမျှရိုင်းစိုင်းလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ သူကျူးလွန်ခဲ့ သည့်လိမ်လည်မှုသည် အပေါက်များဖြင့်ပြည့်နေသည်၊ ယခုသူက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက် ကားဖို့ သတ္တိရှိသေးတာလား? ရိုးရှင်းစွာပင် မတွေးနိုင်ဖြစ်ခဲ့ရသည်။

ကျီဖေး ဆက်လက်မစုံစမ်းပဲမနေနိုင်ပေ။

[ သူ လုံးဝစိတ်လွတ်သွားပြီ။ သူ့အမှားတွေကိုရင်ဆိုင်ရမှာကြောက်နေတာလား? အခုတင် သူကအရာအားလုံးကို ဖုံးကွယ်ဖို့ကြိုးစားပြီး မြေအောက်ကာစီနိုသူဌေးရဲ့ အခြေအနေတွေကို သဘောတူခဲ့တယ်။]

[အဲဒါက ရိုးရှင်းလောက်တယ်လို့ထင်နေတာလား - သူဌေးက သယ်ဖို့ကူညီခိုင်းခဲ့တဲ့ကုန်ပစ္စည်းက ရဲတွေစောင့်ကြည့်နေလို့လေ၊ အခြားတစ်ယောက်ကိုလွှဲပေးလိုက်ပြီး သူ့အကြွေးတွေကိုရှင်းပေးမယ်တဲ့။]

[ ဒီလိုလူစည်ကားတဲ့အများပြည်သူနေရာက ပြီးပြည့်စုံတယ်- ပွဲအပြီးမှာ ပရိသတ်အများအပြားထွက်ခွာသွားတဲ့အခါ ရေချိုးခန်းစင်္ကြန်က လက်လွှဲဖို့ပိုလွယ်တယ်။]

[ လန်ကျွယ် အထုပ်ကိုဗြောင်ကျကျမသယ်နိုင်လို့ကြောက် လန့်ပြီး ပုလဲလည်ဆွဲဝှက်တုန်းကနည်းလမ်းဟောင်းကိုတွေးခဲ့တာ… ဒါပေမဲ့ သူ ဘယ်လိုမှမမျှော်လင့်ထားခဲ့ဘူး... ဟားဟား၊ ချီအာက အငြိမ်းစားယူပြီးတာတောင် ပရဟိတလုပ်ပေးနေတုန်းပဲ။]

[လန်ကျွယ်၊ နင်က သေဖို့တောင်းဆိုနေတာပဲ။ နင့်ရဲ့ အရင်ရာဇဝတ်မှုကတောင် ဒီလောက်ကြီးကြီးမားမားမဟုတ်ဘူး၊ စီရင်ချက်ချဖို့အတွက် လုံလောက်တဲ့သက်သေအထောက်အ ထားတောင်မရှိသေးပေမယ့် အခုတော့ နင့်ကိုယ်နင်တကယ်ပဲ ဖျက်ဆီးပစ်လိုက်ပြီ...]

၎င်းကိုတွေးပြီး ကျီဖေး၏အမူအရာပြောင်းသွားသည်။ သူတို့ သည် ထိုဒရာမာကိုရုံတင်ခဲ့ပြီး ယခုအခါလန်ကျွယ်သည် ၎င်း၏အမှားများအားဖုံးကွယ်ရန် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွင် မဆင်မခြင်ပါဝင်နေသည်ကိုတွေ့ ရသဖြင့် သူ့ကိုလုံးဝစက်ဆုပ်သွားစေသည်။

[ ငါ့မိသားစုထဲမှာ ဒီလိုအရာတွေကိုတားဆီးဖို့ လူဘယ်နှစ်ယောက်လောက်စတေးခဲ့ရတယ်ဆိုတာကိုတောင် သူ သိရဲ့ လား ?]

ကျီဖေး၏အတွေးများကိုကြားလိုက်ရတော့ ချင်မိသားစု၏ အမူအရာလည်း ပြောင်းလဲသွားသည်။

ကျီဖေးမှ ဒေါသထွက်လွန်းနေသဖြင့် အသေးစိတ်အချက်အချို့ကိုလွတ်သွားခဲ့သော်လည်း နားထောင်ပြီးနောက်ချင်းရှန့်သည် လောဖေးကိုဆက်သွယ်ရန် သူ့ဖုန်းအားချက်ချင်းထုတ်လိုက်သည်။

"ချီအာ သတိပေးထားပြီးပြီ၊ လန်ကျွယ်ကို စောင့်ကြည့်နေလိုက်၊ သူ ရောက်လာတုန်းက သူ့ရဲ့ ကိုယ်ဟန်အနေအထားက တန့်သွားပြီးတော့ အရမ်းစိုးရိမ်နေတဲ့ပုံပဲ။"

၎င်းဟာ ချင်ရှန့်၏တီထွင်ဖန်တီးမှုဖြစ်ပေမဲ့ လောဖေး၏သတိ ထားတတ်သည့်သဘာဝကြောင့် လန်ကျွယ်သည် မူးယစ်ဆေးများအားဖုံးကွယ်ထားပြီး ဒီနေရာတွင်လဲလှယ်ဖို့စီစဉ်နေတယ်လို့ သူချက်ချင်းဆိုသလို သံသယဖြစ်သွားသည်။

လောဖေးသည် ချင်ရှန့်နှင့်ကျီဖေးတို့၏လက်ရှိဆက်ဆံရေးကို သိချင် သောကြောင့် Livestream ကိုကြည့်ရှုခဲ့ပြီး ချီအာကို သူ၏ဆက်သွယ်မှုများမှတစ်ဆင့်ချေးယူထားသောကြောင့် အရာများအားစောင့်ကြည့်ရန်လိုအပ်သည်။

ချီအာ၏အပြုအမူကိုမြင်သောအခါ တစ်စုံတစ်ခုမှားနေပြီဟုခံစားမိပြီး စတူဒီယိုသို့လူများခေါ်လာရန်စီစဉ်နေတော့သည်။

ထိုအချိန်တွင်၊ လော့ဖေးသည် ဤအငယ်စားအနုပညာရှင်သည် မူးယစ်ဆေးသုံးစွဲနေသည်ဟုသာ ထင်ခဲ့သည်။

သို့ပေမယ့် message ကိုလက်ခံရရှိပြီးနောက်တွင်တော့ လော့ ဖေး၏အမူအရာပြောင်းလဲသွားပြီး မူးယစ်တပ်ဖွဲ့ကိုချက်ချင်းဆက်သွယ်ခဲ့သည်။ နောက်ဆုံးအကြိမ်မလိုက်နိုင်ခဲ့သည့်ဦးဆောင်မှုမှာ ယခုတိုးတက်မှုအသစ်များရှိလာနိုင်သည်။

မူးယစ်တပ်ဖွဲ့ သည် သတင်းကြောင့်အံ့အားသင့်ခဲ့ရသည်- ကပ္ပတိန်လော့က ဖျော်ဖြေရေးရှိုးတစ်ခုကို ပေါ့ပေါ့ပါးပါးကြည့်နေတုန်းအမှုကို ဘယ်လိုလုပ်ဖော်ထုတ်နိုင်ခဲ့တာလဲ ? မနာလိုစရာကောင်းရလောက်အောင် ကံကောင်းချက်ပဲ။

စတူဒီယိုနှင့်အနီးဆုံးရဲစခန်းက ချက်ချင်းအရေးယူခဲ့ပြီး ထို အခိုက်အတန့်တွင်လူတစ်ဦးတစ်ယောက်မှ အဆောက်အဦးထဲကလွတ်ထွက်မသွားနိုင်ဘူးဆိုတာ သေချာစေခဲ့သည်။

ထိုအချိန်တွင်စတူဒီယိုအတွင်း၌ မငြိမ်မသက်မှုများဆက် လက်ဖြစ်ပွားနေသည်။

ဖေးမင်ရွမ် သူ့လူများနှင့်အတူရောက်လာသည်။

လုဖေးသည် သူ့သားအကိုက်ခံရသည်ကိုမြင်တော့ စိတ်လှုပ် ရှားစွာရှေ့သို့ပြေးသွားသော်လည်း သင်တန်းဆရာကဟန့်တားလိုက်သည်။

သင်တန်းဆရာသည် တစ်ခုခုမှားနေပြီဟုခံစားမိပြီး ချက်ချင်းပင် လူစုခွဲလိုက်တော့သည်။

"အားလုံးပြန်နေကြပါ၊ လန်ကျွယ်၊ ကျေးဇူးပြုပြီး ပူးပေါင်းဆောင်ရွက်ပေးပါ။ မင်း ဆက်ပြီးရုန်းကန်နေရင် ငါ အင်အားသုံးရလိမ့်မယ်၊"

သို့ပေမယ့် ဖုန်လီက ရှေ့ကိုတိုးလာပြီး " နင်ဘာတွေပြောနေတာလဲ? ဘယ်သူက အင်အားသုံးမှာလဲ? မင်းရဲ့ ခွေးစုတ်ကိုသာ လန်ကျွယ်ကိုလွှတ်ဖို့ပြောစမ်းပါ၊"

လက်ရှိတွင် တရားဝင်အခွင့်အာဏာမရှိသည့် နည်းပြမှာတုံ့ပြန် ရန်ခက်ခဲနေပြီး "သူ ဆက်ပြီးမရုန်းကန်တော့ရင် ချီအာ သူ့ကိုလွှတ်ပေးလိမ့်မယ်၊"

သို့ပေမယ့် လန်ကျွယ် မည်သို့မရုန်းကန်ပဲနေနိုင်မည်နည်း ? ကုန်ပစ္စည်းသယ်ယူရန် သဘောတူလိုက်သည့်အခါတုန်းက လွယ်ကူသည့်ပုံပေါ်သော်လည်း ယခုမူ ကွပ်မျက်ခံရရန်စောင့်နေသည့် ရာဇဝတ်ကောင်ကဲ့သို့ သူ့နှလုံးသားတစ်ခုလုံးတွင် ကြောက်ရွံ့မှုနှင့်ပြည့်နှက်နေသည်။

ထို့ကြောင့် ဆိုးဆိုးရွားရွားအကိုက်ခံရသော်လည်း ချီအာ၏ ဦးခေါင်းကို ခြေထောက်နှင့်ကန်ရန်ကြိုးစားသော်လည်း သနားစရာကောင်းလောက်အောင် တွားသွားခဲ့ရသည်။

ချီအာသည် ကျွမ်းကျင်စွာရှောင်တိမ်းကာ ကိုက်ဆွဲထားရာမှ လွတ်မြောက်ခဲ့သော်လည်း လန်ကျွယ် မထမီတွင် ခြေထောက်ကိုထပ်မံကိုက်ခဲ့သည်။

လုဖေးသည် အစောပိုင်းတွင်သူ့သားအနားသို့ အပြေးအလွှားသွားချင်ခဲ့သော်လည်း နည်းပြနှင့်အခြားသူများကြားမှ စကား စမြည်ပြောသည်ကိုကြားပြီးနောက် သူ့မျက်နှာသည် သိသိသာသာပြောင်းလဲသွားသည်။

လုဖေးနှင့် သူ့ခင်ပွန်း၏မိသားစုတွင် ဆွေမျိုးအများအပြားသည် စစ်မှုထမ်းခဲ့ကြသည်။

သူသည် လူအများစုထက် ရဲခွေးစီရင်ချက်များကို ပိုယုံကြည်သည်။

အထူးသဖြင့်ချီအာသည် လန်ကျွယ်ကို တိုက်ခိုက်ရန်မကြိုးစားဘဲမထွက်ပြေးရန် တားဆီးထားသည်ကိုမြင်သောအခါတွင် သူပိုသေချာလာခဲ့သည်။

သူ့သားသည် ဆိုးရွားသည့်ကိစ္စတစ်ခုတွင် ပါဝင်နေခဲ့သည်...

ချီအာ၏လုပ်ဆောင်ချက်ကို ထည့်သွင်းစဉ်းစားရင်း သူ့ မျက် နှာသည် ဖြူဖျော့သွားခဲ့သည်။

သူသည် မယုံကြည်နိုင်စွာအေးခဲနေပြီး သူ့ဦးနှောက်က၎င်းကို လုံးဝမလုပ်ဆောင်နိုင်တော့ပေ။ ထိုကဲ့သို့သောမိသားစုနောက် ခံဖြင့် ဤအရာများတွင်ပါဝင်နေခြင်းသည် သူ့ကိုလုံးလုံးဖျက် ဆီးပစ်ရန် လုံလောက်လုနီးပါးဆိုးရွားလှသည်။

နောက်ဆုံးတွင် ဒါရိုက်တာနှင့်ထုတ်လုပ်သူမှ လုံခြုံရေးကိုခေါ်ယူခဲ့ရသည်။

ကျီဖေး သူတို့ချဉ်းကပ်လာသည်ကို မြင်လိုက်ရတော့ သူ့မျက် နှာက ချဉ်ချဉ်စပ်စပ်သခွားသီးလိုဖြစ်သွားသည်။

ဟုတ်ပါသည်၊ သူတို့ကကူညီဖို့လာခဲ့ပေမယ့် ချင်ရှန်းမှရှေ့သို့တိုးလာပြီး " လူအုပ်ကို လူစုခွဲဖို့ကူညီပေးပါ"

ချင်ရှန့်က " မကြာခင် ရဲတွေဒီကိုရောက်လာတော့မယ်။ လူစုလူဝေးကို တည်ငြိမ်အောင်ပြင်ထားပေးပါ။"

ဒါရိုက်တာနှင့်ထုတ်လုပ်သူ- ????!!!!!

သူတို့ ရှိုးတစ်ခုရိုက်ကူးနေတာမဟုတ်လား ? ရဲတွေကဘာလို့လာမှာလဲ? တကယ်ပဲ ဘာဖြစ်သွားကြတာလဲ?

ဒီအခြေအနေကို ဘယ်သူနားလည်နိုင်မှာလဲ? မုန်တိုင်းလွန်သွားကာ အရာအားလုံးပြီးပြည့်စုံသွားလိမ့်မည်ဟု ထင်ခဲ့ကြသော် လည်း ရုတ်တရက်ဖြစ်ပျက်သွားခဲ့သည်။ သူတို့သည်ထိပ် တန်းအဖွဲ့ ၏အဖွဲ့ ဝင်တစ်ဦးကိုမျှလျှော့တွက်မထားသင့်ပေ။

"နင်ဘာလို့အဲ့မှာရပ်နေတာလဲ ? သူ့ကိုကယ်လေ၊" ဖုန်လီကစိုးရိမ်လွန်းသဖြင့် မျက်လုံးများနီရဲလာသည်။

ဒါရိုက်တာနှင့်ထုတ်လုပ်သူတို့၏စိတ်များသည် ပြိုင်ဆိုင်နေကြဆဲဖြစ်ပြီး အထက်မှအမိန့်မပေးသဖြင့် လုံခြုံရေးအစောင့်များလည်းရှုပ်ထွေးနေသည်။

ထိုအချိန်မှာပင် ရဲများရောက်လာပြီး ဒါရိုက်တာနှင့်ထုတ်လုပ် သူတို့ဖြင့်တွေ့ ကာ အခင်းဖြစ်ပွားရာနေရာကို စတင်ထိန်းချုပ်ခဲ့သည်။

ဒါရိုက်တာနှင့်ထုတ်လုပ်သူတို့၏မျက်နှာသည် အမူအရာကင်းမဲ့နေပြီး အပြည့်အဝထုံထိုင်းနေကာ သူတို့ပြောသမျှကိုလိုက်လုပ်ပေးနေသည်။

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများအား ဖမ်းဆီးနိုင်ဖွယ်ရှိကြောင်း ကြားသိရသည့်အခါတွင် ဒါရိုက်တာနှင့်ထုတ် လုပ်သူတို့သည် မတ်မတ်မရပ်နိုင်လုနီးပါး ဖြစ်နေသည်။

ရဲများပေါ်လာချိန်မှာတော့ လန်ကျွယ်သည်စိတ်ဓာတ်ကျသွားကာ ချီအာအား ထပ်မံကန်ထုတ်ရန်သာတတ်နိုင်သည်။

ချီအာ၏အမူအရာမှာ - ပြီးပြီ၊ မကောင်းမှုတစ်ခုလုပ်ပြီး မင်း လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား ?

မကြာခင်မှာပင် လန်ကျွယ်သည် သီးခြားဖမ်းဆီးခံခဲ့ရသည်။

သို့သော်လည်းဖုန်လီသည် ရဲများနှင့်ငြင်းခုံရန်ကြိုးစားနေဆဲဖြစ်ပြီး ထို့အစား ၎င်းတို့သည် ခွေးကိုဖမ်းသင့်သည်ဟုပြောဆိုခဲ့သည်။

လူတိုင်း သူ့အား အရူးတစ်ယောက်လိုကြည့်နေကြသည်။

ရလဒ်အနေဖြင့် သူသည် လန်ကျွယ်နှင့်အတူပါဝင်ခဲ့ကြောင်း ရဲများကအတည်ပြုကာ သူ့ကိုလည်းလက်ထိပ်ခတ်ခဲ့သည်။

ဖုန်လီ လုံးဝအံသြသွားသည်။

ထို့နောက် ရောက်ရှိလာသူအားလုံးသည် ရှုပ်ထွေးမှုများနှင့် ကို့ရို့ကားယားအခြေအနေသို့ ရောက်သွားကြသည်။

သူတို့ ရှိုးပွဲကြည့်နေတာမဟုတ်လား? အဖမ်းအစီးတွေနဲ့အခြေ အနေက ဘယ်လိုဖြစ်လာတာလဲ ?

သို့သော်ဖျော်ဖြေသူများကလည်း ငြိမ်ငြိမ်သက်သက်ထိုင်နေကြသည်ကိုမြင်တွေ့ ရသဖြင့် ပရိသတ်များမှအထိတ်တလန့်မဖြစ်ဘဲ တီးတိုးတီးတိုးဖြင့် ဖုန်းများကြည့်ကာထိုင်နေကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို အမှန်တကယ်ဖြတ်တောက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။

ဒါရိုက်တာနှင့်ထုတ်လုပ်သူသည် တစ်စုံတစ်ဦးကိုခွေးကိုက်သည့် မြင်ကွင်းအား ပရိသတ်များကို ဆက်လက်ကြည့်ရှုခွင့်မပြုနိုင်ဘဲ၊ ယင်းသည် တိုက်ရိုက်ထုတ်လွှင့်မှု၏မတော်တဆမှုအဖြစ်ပြောင်းလဲသွားခဲ့ သည်။

တိုက်ရိုက်ထုတ်လွှင့်မှုကိုပိတ်ထားသော်လည်း အွန်လိုင်းပေါ်တွင် ဆွေးနွေးမှုများပေါက်ကွဲခဲ့သည်။

ထိုမှသာ စတူဒီယိုရှိလူများသည် အပြင်ဘက်တွင်ရှိနေသည့်အခြေအနေကိုသိရှိနိုင်ခဲ့ကြပြီး ရဲကားများဖြင့်လုံးဝဝိုင်းထားခဲ့ကြသည်။

All Chapters