← Chapters

အခန်း (၁၇၄)

Vol. 18 Ch. 174

အခန်း (၁၇၄)

Vol. 18 Ch. 174

"ဘာဖြစ်ခဲ့တယ်ဆိုတာ တစ်ယောက်ယောက် အတိအကျပြော ပေးနိုင်မလား?"

"ရဲကားဓာတ်ပုံတွေနဲ့ ချီအာရဲ့ အပြုအမူကိုကြည့်လိုက်ရင် အားလုံးကို မှန်းဆလိုက်လို့မရဘူးလား ?"

"ဒါဆိုလန်ကျွယ်က မူးယစ်ဆေးဝါးရောင်းဝယ်မှုထဲတကယ်ပါနေတာလား?"

"ဒါထိပ်တန်းအဖွဲ့ ရဲ့ ဇာတ်စင်ပြဇာတ်တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်မလား? ရဲတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာလား? ကာဗာလုပ်ဆောင်မှု တစ်ခုလား? အဲဒါက အရမ်းအဓိပ္ပာယ်ရှိလိမ့်မယ်။"

" ထိပ်တန်းအဖွဲ့ က မူးယစ်ဆေးအနံ့ခံခွေးတွေကို ယူလာတယ်ဆိုတာ ဘယ်သူမှမသိလိုက်ဘဲ လန်ကျွယ်က အခင်းဖြစ်ပွားရာနေရာမှာပေါ်လာ တာအံ့သြစရာပဲ။ သူ ထောင်ချောက်ထဲ လျှောက်သွားမိတာလား?"

" ဒါကသာ တိုက်ဆိုင်မှုတစ်ခုဆိုရင် ရယ်စရာကောင်းတယ်။ လူတိုင်းက လန်ကျွယ်ရဲ့အပြစ်ကင်းစင်မှုနဲ့ပတ်သက်ပြီး ငြင်းခုံနေကြပေမယ့် အခုချိန်မှာတော့ ငြင်းခုံစရာဘာမှမကျန်တော့ဘူး။"

" ကောင်းပြီ၊ ဖျော်ဖြေရေးရှိုးတစ်ခုကနေ ရာဇဝတ်မှုတစ်ခုအဖြစ်ကိုပြောင်းလဲသွားတယ်၊ ထိပ်တန်းအဖွဲ့ ရဲ့ဖျော်ဖြေမှုက ဘယ်တုန်းကမှပုံမှန်အတိုင်းမပြီးဆုံးနိုင်ဘူးဆိုတာငါသိတယ်!"

"နေပါဦး၊ ဖျော်ဖြေရေးတရားသူကြီး၊ အဲ့တာကဖျော်ဖြေရေးနယ်ပယ်ရဲ့ အကျင့်ပျက်ခြစားမှုတွေကို အကဲဖြတ်ရမယ့်အရာတစ်ခုပဲ၊ ဒါပေမယ့်အခု မင်း တကယ်ကြီး ရာဇဝတ်မှုတွေနဲ့ရင်ဆိုင်နေရပြီလား? ပရော်ဖက်ရှင်နယ် နယ်နိမိတ်တွေကို ဖြတ်ကျော်နေတာလား? ကျီဖေး ငါ့ကို တကယ်ရယ်ရအောင်လုပ်နေတာပဲ!"

"ကောင်းပြီ၊ ကျီဖေးက မင်း အတွက်ပဲ၊ ပရိတ်သတ်တွေကို ဖျော်ဖြေတဲ့နေရာမှာ ဘယ်တော့မှမကျရှုံးဘူး။"

ကျီဖေးသည် ညွှန်ကြားချက်များကိုစောင့်နေရင်း ပရိသတ်ထိုင်ခုံတွင် ထိုင်နေပြီး အင်တာနက်ကိုကြည့်ကာ လူတိုင်းကသူ့အကြောင်းထပ်ပြောကြသည်ကိုမြင်ရတော့ စိတ်ပျက်သွားရသည်။

[ ဒါ ဘယ်လိုလုပ် ငါ့အကြောင်းဖြစ်လာရတာလဲ? ဒါ ငါနဲ့ဘာဆိုင်လို့လဲ? ချီအာကို မစ္စတာဖေးဆီကနေငှားခဲ့တာလေ မူးယစ်ဆေးဝါးကလည်း လန်ကျွယ် ကိုယ်တိုင်ယူလာခဲ့တာလေ။ ငါက ဒီအရာအားလုံးမှာ အပြစ်ကင်းတဲ့ ဘေးလူတစ်ယောက်ပါပဲ။ ဒါ မတရားဘူး။]

အနီးနားတွင် ထိုင်နေသည့်ချင်မိသားစုဝင်များသည် ရယ်စရာ ကောင်းပြီး ဒေါသထွက်ကောင်းသည့်အခြေအနေကိုသဘောမတွေ့ဘဲမနေနိုင်ချေ။

ဒီအဖြစ်အပျက်တွေဟာ လူတိုင်းအတွက် တကယ့်ကိုမျှော်လင့်မထားသည့် အဖြစ်အပျက်ဖြစ်သည်။

အနီးနားတွင်ထိုင်နေသည့်စွင်းမန်သည် သူ၏စိတ်ကူးယဉ်မှုထက် လုံးဝကိုကျော်လွန်သွားသည့် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုသတင်းအနည်းငယ်ကို ကြားလိုက်ရပြီးနောက် တုန်လှုပ်သွားခဲ့သည်။

လုဖေးသည် လန်ကျွယ်၏မိခင်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွင်ကူညီရန်ဆန္ဒအလျောက်ပါဝင်ခဲ့ခြင်းကြောင့် မတက်ရောက်ခဲ့ပေ။

ပွဲ၏ရလဒ်က အရေးမကြီးတော့ပေ။ သန့်စင်ခန်းထဲတွင်ပုန်း အောင်းနေသည့် အဆက်အသွယ်ရှိသူကို ရဲများကဖမ်းရန်စောင့်နေကြသည်။

၎င်းတို့သည် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လူများအား တစ်ဦးပြီးတစ်ဦး ပြန်လွှတ်ပေးခဲ့သည်။

ချင်မိသားစုကိုစစ်ဆေးအပြီးတွင် အလုပ်ရှုပ်နေသည့် လောဖေးကိုတွေ့ လိုက်ရသည်။

လောဖေးက သူတို့ကိုနှုတ်ဆက်ရန်ရောက်လာပြီး အလုပ်ရှုပ်နေသော်လည်း သူကပြုံးပြပြီး ကျီဖေးအား ကြင်နာစွာကြည့်လိုက်သည်။

တိုက်ဆိုင်မှုတစ်ခုသာဖြစ်သော်လည်း ကျီဖေးနှင့်ချင်ကျောက် ၏စင်မြင့် ပြဇာတ်မပါဘဲ ဤငါးကြီးများကိုဖမ်းမိမည်မဟုတ်ကြောင်း ဝန်ခံရမည်ဖြစ်သည်။

ထို့အပြင် ၎င်းတို့၏တိုက်ရိုက်တင်ဆက်မှုအား ရဲစခန်းတွင် ကွန်ပျူတာဖြင့်ဖွင့်ထားပြီး လုပ်ဖော်ကိုင်ဖက်အများအပြားက အဆိုပါလုပ်ကြံမှုကို စွဲလန်းခဲ့ကြသည်။

ထိုသို့သောအခန်းကဏ္ဍများနှင့် ဇာတ်လမ်းဇာတ်ကွက်များအားစွမ်းဆောင်နိုင်ခြင်းကြောင့် လော့ဖေးသည် မတူညီသည့်အမြင်ဖြင့် ကျီဖေးအားကြည့်ရှုလာခဲ့သည်။

ရဲအရာရှိငယ်များစွာသည် ယခုအခါ ကျီဖေးနှင့်ချင်ကျောက်အားလေးလေးစားစားကြည့်နေကြသည်။

"မင်း ကောင်းကောင်းကူညီပေးခဲ့တယ်။ မင်းတို့အားလုံးကို ကျေးဇူးတင်လို့ နောက်မှ ညစာလိုက်ကျွေးမယ်"

"ဒါ တိုက်ဆိုင်မှုတစ်ခုပါပဲ" ချင်ရှန့်က ပြန်ဖြေသည်။

[ဟမ်း၊ သန့်စင်ခန်းထဲက လူအကြောင်း ငါတောင်မစဉ်းစားမိဘူး။ ဖမ်းမိနေပြီဆိုတာ မယုံနိုင်စရာပဲ။ ဒီညက တကယ်ကို ဖြစ်ထွန်းခဲ့ပါတယ်။ ဟေး၊ ငါသာ အဆက်အသွယ်ရှိသူကို ကြည့်လို့ရရင်၊ ငါ လုပ်နိုင်မယ်ထင်တယ် ချီးပဲ၊ ဘာလို့စောစောက ဒါကိုမစဉ်းစားမိတာလဲ၊ ခွင့်ပြုဦး!]

ချင်ရှန့်၏အမူအရာပြောင်းသွားသည်။ အဲ့လို လုပ်လို့ရတယ်လား ?

[ဘာလဲဟ? ငါ မမြင်ရဘူးလား? ဘာကြောင့်လဲ... အိုး ဟုတ်ပြီ၊ တကယ်တမ်း ဒီလောကကိုအနှောင့်အယှက်ဖြစ်စေမယ့် လျှို့ဝှက်ချက်တွေကိုတော့ ထုတ်ဖော်လို့မရဘူးပဲ။ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒီစနစ်ကငါ့ကို ပုဂ္ဂိုလ်ရေးအတင်းအဖျင်းအကြောင်းကိုပဲ ပေးသိတယ်။ ဟင်း ရှက်ဖို့‌ကောင်းလိုက်တာ။]

ကျီဖေးသည် အလုံးစုံသိနိုင်သူမဟုတ်ကြောင်း ချင်ရှန့်နောက် ဆုံးနားလည်ခဲ့သည်။ သူသည် ရိုးရှင်းသည့်အချက်အလက်များကိုသာသိနိုင်ပြီး လူတစ်ဦးချင်း သို့မဟုတ် အကျိုးအ ကြောင်းဆက်စပ်နေသူများကိုသာ လွှမ်းမိုးနိုင်ခဲ့သည်။

ဥပမာအားဖြင့်၊ လန်ကျွယ်၏အချက်အလက်ကိုသိရှိခြင်းသည် ဆက်သွယ်သူအားထိခိုက်စေပြီး ကျီဖေးသည် အဆက် အသွယ်ရှိသူအားကြည့်ရှုပါက မည်သို့ပင်ဖြစ်စေ ရဲများမှစုံစမ်းဖော်ထုတ်နိုင်သည့် ဆက်စပ်သူများ၏အသေးအဖွဲ့ အချက်အလက်အချို့ကို တွေ့ နိုင်မည်ဖြစ်သည်။ သို့သော်၊ ယင်း၏နောက်ကွယ်မှ ချုပ်ကိုင်ထားသူများအကြောင်း ချက် ချင်းသိရန်မှာမဖြစ်နိုင်ပေ၊ ယင်းသည် သက်ရောက်မှုကြီးကြီးမားမားရှိမည်ဖြစ်သောကြောင့်ဖြစ်သည်။

ချင်ရှန့်လည်း သနားစရာလို့ခံစားမိပေမယ့် နားလည်ပါသည်။ သူ တကယ်လုပ်နိုင်လျှင် ကျီဖေး၏စွမ်းရည်များသည်အလွန်အားကောင်းနေလိမ့်မည်။

အသေးအမွှားအဖြစ်အပျက်တစ်ခုကြောင့် ကျီဖေးနှင့်ချင်ရှန့်တို့သည် ထိုနေရာတွင်မနေခဲ့ကြပေ။

ချင်ရှန့်သည် လောဖေးနှင့်စကားအတိုချုံးပြောပြီး သူ့မိသားစုကိုနှင်ထုတ်လိုက်သည်။

အဝင်ဝတွင်သူတို့သည် မြေပြင်ပေါ်တွင်အိပ်ပျော်နေသည့် ချီအာကိုတွေ့ လိုက်ရသည်။

ကျီဖေးကိုမြင်သောအခါ ချီအာသည်မတ်တပ်ထရပ်ကာ အမြီးကိုအရူး အမူးလှုပ်ယမ်းရင်းအော်ဟစ်လိုက်သည်။

အနီးနားရှိနည်းပြက ပြုံးပြီး " မင်းနဲ့အတူ ဖျော်ဖြေပွဲမပြီး မြောက်ခဲ့တဲ့အတွက် ချီအာက တောင်းပန်နေတာ"

ကျီဖေး ရယ်မောပြီး ခွေးခေါင်းကိုထိရန် ခြေလှမ်းပြင်လိုက်သည်။

"အဲ့အတွက် မလိုပါဘူး၊ ချီအာကအရမ်းမိုက်တယ်။ မင်း လုပ်ခဲ့တာတွေက ငါ့ရဲ့ ဖျော်ဖြေမှုထက်အများကြီး ပိုအဓိပ္ပါယ်ရှိတယ်၊ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်နော် ချီအာလေး!"

ချီအာသည် ကျီဖေး၏ခြေထောက်များအား အဆက်မပြတ်ပွတ်တိုက်ကာ ချီးမွမ်းခြင်းအတွက် အလွန်ဝမ်းသာနေသည်။

စတူဒီယိုမှမထွက်ခွာမီ ချီအာနှင့်ဓာတ်ပုံရိုက်ရန် လူတိုင်းက သည်းမခံနိုင်ခဲ့ကြပေ။

အပြင်ဘက်တွင် ဒါရိုက်တာနှင့်ထုတ်လုပ်သူသည် နောက်ဆက် တွဲပြဿနာများအား ကိုင်တွယ်ဖြေရှင်းရင်း လုံးလုံးလျားလျားကြေကွဲနေသည့်ပုံပေါက်နေသည်ကို တွေ့ လိုက်ရသည်။

ဖေးမင်ရွမ်သည် ၎င်းတို့အားစစ်ဆေးရန်ရှေ့သို့သွားခဲ့သည်။

ထို့နောက် အနည်းငယ်မကျေမနပ်ဖြစ်နေသည့် အကြည့်နှစ်ခုသည် လူအုပ်ထဲ ကျီဖေးအပေါ်သို့ကျရောက်သွားသည်။

ကျီဖေး : ?

"ဒီတစ်ခါက တကယ်ကို ကျွန်မအမှားမဟုတ်ဘူး။ ကျွန်မ ဘာမှကြိုမသိခဲ့ဘူး။"

ကျီဖေးဟည် သူမ၏အပြစ်ကင်းစင်မှုကို ကာကွယ်ခဲ့သည်။

"အဲ့အပြင် ဒါ ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား? ရာဇဝတ်သားတွေကို ဖမ်းမိသွားတယ်လေ။"

" ငါတို့က ပြည်သူ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရတာ အရမ်းပျော်ပါတယ်၊ ဒါပေမယ့် နှလုံးသားကတော့မခံနိုင်တော့ဘူး။ နောက်ထပ် နှစ်အနည်းငယ်လောက် အသက်ရှင်ချင်သေးတယ်" ဟု ထုတ်လုပ်သူမှ မျက်ရည်ကျလုနီးပါးပြောလာခဲ့သည်။

ဒါရိုက်တာက " နောက်တစ်ခါမင်း ပရိုဂရမ်တွေထဲပါတဲ့အခါ ကျေးဇူးပြုပြီး ငါတို့ရဲ့ရှိုးတွေကို ရှောင်ပေးလို့ရမလား ? ငါတို့ရဲ့ကံကြမ္မာက မလိုက်ဖက်ဘူးလို့ခံစားရတယ်။"

လူတိုင်း : ... သူတို့ရယ်ချင်ပေမယ့် မရယ်ရဲဘူး။

အမှန်ပင်၊ အခြားမည်သူ၏ရှိုးပွဲသည် ဤမျှလောက်ထိအောင် ဒရာမာဆန်လွန်းမည်နည်း? သို့ပေမဲ့၎င်းက တိုက်ဆိုင်မှုတစ်ခုဖြစ်ရာ ၎င်းတို့ ဘာလုပ်နိုင်မည်နည်း ? သူတို့သည် စာနာစိတ်ဖြင့် ပခုံးပုတ်ရုံသာတတ်နိုင်သည်။

သို့သော် ဤမုန်တိုင်းသည် ယခုမှ အစမှန်းသူတို့မသိခဲ့ကြပေ။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အင်တာနက်ပေါ်ထင်မြင်ချက် အမျိုးမျိုးဖြင့်ပျံ့ နှံ့နေသော်လည်း ထုတ်လုပ်ရေးအဖွဲ့ နှင့်အနုပညာရှင်များက ရဲတပ်ဖွဲ့ မှမထုတ်ပြန်မီတွင် စကားများစွာမပြောနိုင်ပေ။

စတူဒီယိုတွင်ရှိနေသည့် ပရိသတ်အဖွဲ့ ဝင်များသာ ၎င်း၏စစ်မှန်မှုကိုသံသယဖြစ်ဖွယ်ရှိသော်လည်း အချက်အလက်ပေါက်ကြားမှုနည်းမည်ဖြစ်သည်။

သို့ပေမယ့် သန်းခေါင်ကျော်နောက်ပိုင်းမှာတော့ ပေါက်ကြားလာသည့် အချက်အလက်များ၏ဦးတည်ရာသည် ပြောင်းလဲသွားသည်။

"ကျွန်တော့်အိမ်နီးချင်းက XX ပါ၊ ညသန်းခေါင်မှာ ရဲတွေသူတို့အိမ်ကိုရောက်လာတာ တွေ့ လိုက်ရတယ်။"

"ဖြစ်ပျက်နေတာတွေကို တစ်ယောက်ယောက်နားလည်လား? ကျွန်တော့် ကောင်မလေးကအနုပညာရှင်တွေရဲ့ PR အဖွဲ့ မှာ အလုပ်လုပ်နေပြီး ညသန်းခေါင်ကြီး အချိန်ပိုအလုပ်ဆင်းရမယ်ဆိုပြီး ကျွန်တော့်လက်မောင်းထဲကနေ ပြေးထွက်သွားတယ်။"

"တစ်ယောက်ယောက် ရဲကိုလှမ်းခေါ်တာရှိသေးလား? ငါ့အပေါ်ကအခန်းက တစ်ခါတစ်လေဆူညံနေတာ၊ ငါသည်းခံပြီးပြီ။ ဒီနေ့ ရဲတွေပေါ်လာမယ်လို့ ဘယ်တုန်းကမှမမျှော်လင့်ထားဘူး။ အပေါ်ထပ်ကို ခိုးကြည့်မိတော့ XXX က အပေါ်ထပ်မှာနေထိုင်တဲ့မင်းသားပဲကွ။"

" Paparazzi တွေက အနုပညာရှင်တော်တော်များများကို ဖမ်းမိပြီး ရဲစခန်းကိုခေါ်သွားကြတယ်။"

" ဘာ၊ ဘာတွေဖြစ်နေတာလဲ ? ဒီည ဒုက္ခရောက်နေတဲ့ သူက လန်ကျွယ်ပဲ မဟုတ်ဘူးလား?"

နောက်နေ့မနက်မှာတော့ ဆွေးနွေးမှုတွေက ပိုပိုပြီးနက်နဲလာသည်။

ကျီဖေးနိုးလာပြီး မနက်စာစားပြီးနောက် Weibo ပေါ်တွင် မငြိမ်မသက်ဖြစ်နေတာကိုတွေ့တော့ သူ့အား ထပ်တူထပ်မျှစိတ်ရှုပ်သွားစေသည်။

မနက်စာစားပွဲတွင် လူတိုင်းကဝိုင်းအော်ကြသည်။

"ဘာဖြစ်နေတာလဲ ?" ချင်ရုန် အံ့အားသင့်စွာမေးလိုက်သည်။

" သိသလောက်ကတော့၊ မနေ့ညက အနုပညာရှင်တွေရဲ့ နေ အိမ်တော်တော်များများကို ဝင်ရောက်စီးနင်းခဲ့တယ်။" ဟု ချင်ကျောက်က သူ့ဖုန်းကိုကြည့်ရင်းပြောခဲ့သည်။

"အဲ့အထဲကတချို့က ဖျော်ဖြေရေးလောကမှာ မူးယစ်ဆေးသုံးစွဲသူတွေလို့ ကောလဟာလတွေထွက်ထားတယ်။"

ပါးပါးချင်က " ဒါဆို လန်ကျွယ်အဖမ်းခံရတာနဲ့ ပတ်သတ်နေတယ် မဟုတ်လား? သူက အရောင်းအဝယ်ပဲလုပ်တာ၊ ကိုယ် တိုင်မသုံးဘူး မဟုတ်လား?"

မားမားချင်က သူ့ဖုန်းကိုကြည့်ရင်း တုန်လှုပ်ခြောက်ခြားစွာဖြင့် " ဘုရားရေ၊ ဒါ တကယ်ဆက်နွယ်နေတယ်ဆိုရင်၊ နာမည် ကောင်းတွေရှိတဲ့ ဒီအနုပညာရှင်တွေက မကောင်းတဲ့အကြည့်နဲ့မျက်လုံးတွေအောက်ရောက်သွားလိမ့်မယ်၊"

ချင်ရန်က " ပရိတ်သတ်တစ်ယောက်ဖြစ်ရတာ တကယ်ကိုအန္တရာယ်ရှိလာပြီ!"

ကျီဖေး အမြန်စစ်ဆေးကာ [အိုး၊ ငါတွေ့ ပြီ။ အဲ့တာကလန် ကျွယ်မဟုတ်ဘူး၊ အဲဒီလူက ဆက်သွယ်ပေးတဲ့သူပဲ။ သူတို့က ဖျော်ဖြေရေးနယ်ပယ်မှာ အမှန်တကယ်ကိုအလုပ်လုပ်ခဲ့ပြီး အနုပညာရှင်တွေကိုမူးယစ်ဆေးဝါးရောင်းချဖို့ တာဝန်ယူခဲ့တယ်။ အဲ့ဒါကြောင့် သူတို့မှာတန်ဖိုးအရှိဆုံးအရာက အရောင်း အဝယ်မှာပါဝင်ခဲ့တဲ့ အနုပညာရှင်စာရင်းပဲ။ ချီး... သူတို့က ပျားအုံကို တုတ်နဲ့ထိုးလိုက်တာလား ? အနုပညာရှင်ဘယ်နှစ် ယောက်တောင် ပြုတ်ကျမှာလဲ ? ပရိသတ်တွေရဲ့အသည်းကွဲမှုတွေကို စိတ်ကူးကြည့်လို့တောင်ရတယ်။]

All Chapters