← Chapters

အခန်း (၁၇၅)

Vol. 18 Ch. 175

အခန်း (၁၇၅)

Vol. 18 Ch. 175

ထိုသတင်းကို ချင်မိသားစုမှကြားသောအခါ၊ ယခုအချိန်တွင် တရုတ်ဖျော်ဖြေရေးနယ်ပယ်ထဲ ကြီးမားသည့်ငလျင်လှုပ်တော့မည်ကို ချက်ခြင်းတပ်အပ်သိလိုက်ရသည်။

အနုပညာရှင်များစွာကို ဖမ်းဆီးခြင်း၊ ပိတ်ပင်ခြင်းနှင့် ၎င်းတို့ ၏စာချုပ်များအားရပ်စဲလိုက်ခြင်း ဖြစ်သည်။ ထုတ်လုပ်မှုအများအပြားကိုရပ်ဆိုင်းခဲ့ရပြီး ထိုအနုပညာရှင်များသည် လူများကိုပင်မလွှဲမရှောင် သာထိခိုက်စေမည်ဖြစ်သည်။ လာမည့်ရက်များအတွင်း ဖျော်ဖြေရေးလုပ်ငန်း၏ဝန်ထမ်းများမည်မျှအလုပ်များနေမည်ကိုမှန်းဆ၍မရပေ။

ဤမသတီစရာလူများနှင့် အတူပါဝင်ပတ်သက်ခဲ့ကြသည့် ဖျော်ဖြေရေးအဝန်းအဝိုင်းရှိလူတိုင်းအား စေ့စေ့စပ်စပ်သုတ် သင်ရှင်းလင်းခြင်းဟုဆိုနိုင်သည်။

စင်မြင့်ကဇာတ်ရုံတစ်ခုတွင် အငြိမ်းစားမူးယစ်ဆေးအနံ့ခံခွေးတစ်ကောင်ကို ငှားယူထားတာကြောင့်ဖြစ်ခဲ့ရသည်။ - ဒါကို ဘယ်သူက ခန့်မှန်းနိုင်မှာလဲ?

"ငါတို့ Qin Group မှာလည်း တွဲဖက်ဖျော်ဖြေရေးကုမ္ပဏီတွေနဲ့ သူတို့ရဲ့အနုပညာရှင်တွေရှိတယ်..." ပါးပါးချင်မျက်မှောင် ကြုတ်ကာ ပြောခဲ့သည်။

ချင်ကျောက်ကပြုံးပြီး " ကျွန်တော်တို့အာ့ကော ဒီမနက်ထွက်တုန်းက ဒီလောက်ထိ စိတ်အခြေအနေကောင်းနေတာ အံ့သြစရာမဟုတ်ဘူး"

"ဒါကပြဿနာမရှိဘူးလို့ ဆိုလိုတာလား ?" မားမားချင်က မေးသည်။

ချင်ကျောက်က " ဘယ်သူ သိမှာလဲ၊ ဒါက မကောင်းတဲ့လူတွေကိုဖယ်ရှားပစ်ဖို့ အခွင့်အရေးတစ်ခုလို့ ကျွန်တော်ထင်တယ်၊ အဲဒါ အနာဂတ်ဖွံ့ ဖြိုးတိုးတက်မှုအတွက် အကျိုးရှိစေမယ့်အခွင့်အရေးတစ်ခုလို့မြင်တယ်"

အဲဒီအချိန်မှာ ကျီဖေးက "သတင်းတွေရှိတယ်၊"

လူတိုင်းသည် ၎င်းတို့၏ဖုန်းများအားချက်ချင်းစစ်ဆေးခဲ့ပြီး သေချာသည်မှာ တရားဝင်ကြေငြာချက်တစ်ခုထွက်ပေါ်လာပြီး ခေတ်စားနေသည့်စာရင်းတွင် ထိပ်ဆုံးနေရာကိုချက်ချင်းရယူခဲ့သည်။

သို့သော်လည်းဤကြေငြာချက်သည် မနေ့ညက လန်တစ်စုံတစ်ကျွယ်၏ကိစ္စနှင့် ပတ်သက်ဆက်နွယ်နေသည်။

မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုစွဲချက်များအား အတည်ပြုပြီး နှစ်ပေါင်းများစွာထောင်ဒဏ်ချမှတ်ခံရမည်မှာ မလွဲမသွေဖြစ်သည်။ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားရခြင်း၏အကြောင်းရင်းကို ဖော်ထုတ်နိုင်ခဲ့သည်မှာ လောင်းက စားကြွေးများဆပ်ရန်ဖြစ်သည်။ ၎င်းသည် လောင်းကစားအကြွေးများရှိကြသည့် လုပ်ငန်းတွင်းမှအခြား သူငယ်ချင်းများကိုပင်ထိခိုက်စေပြီး မြေအောက်ကာစီနိုကိုပိတ်ပစ်ခဲ့ သည်။

၎င်းသည် ယခင်ကောလဟာလများအားလုံးကို သဘာဝအ တိုင်း ဖယ်ရှားပစ်လိုက်သည်။

"အစွဲအလမ်းကြီးတဲ့အချစ်ကြောင့်အမှားလုပ်မိတာလို့ပဲ သူအမြဲပြောနေတာ၊ ဒါ လုံးဝကိုစက်ဆုပ်စရာပဲ"

" အဲ့တာကငါ့ကို သူတို့အသိုင်းအဝိုင်းက အိမ်ထောင်ပြုဖို့ အတင်းအကြပ်တွန်းအားပေးနေတယ်လို့ ခံစားရစေတယ် - သူတို့က ချမ်းသာတဲ့ပစ်မှတ်ကို ရှာနေရုံသပ်သပ်ပဲ။"

"အချစ်နဲ့အိမ်ထောင်ရေးကို အကြံအစည်တွေနည်းဆိုတော့ တကယ်ဝမ်းနည်းစရာပဲ။"

"သူတို့ အကြံအစည်တွေမအောင်မြင်တဲ့အခါ ထောင်ချောက်တွေကိုထားထားကြတယ်။ အဲဒါက ငါ့ကိုယောက်ျားတွေကိုကြောက်ရွံ့လာစေတယ်။"

" ကမ္ဘာပေါ်မှာ ယောက်ျားကောင်းတွေအများကြီးရှိပါသေးတယ်၊ ကျားမ ခွဲခြားမှုကင်းကြပါစေ။"

" လောင်းကစားလုပ်တာ၊ လျှို့ဝှက်ရိုက်တတ်တာမျိုး- ကျဲမေ့တို့၊ ဒီလိုအပြုအမူမျိုးရှိတဲ့ အမျိုးသားတွေနဲ့ ဝေးဝေးနေဖို့သတိထား၊ သူတို့ကို ကယ်တင်ဖို့စိတ်မကူးမိစေနဲ့။"

" ဟင်း၊ အင်တာဗျူးတစ်ခုမှာလန်ကျွယ်က သူ့အကြီးတွေတော်တော်များများက စစ်မှုထမ်းတွေဖြစ်ပြီး အဲဒီသူရဲကောင်းတွေကို လေးစားတယ်တဲ့ ဒါပေမယ့် သူကိုယ်တိုင်ကကြ... "

ထိုအချိန်တွင်ရဲစခန်း၌လန်ကျွယ်က " မား၊ မား၊ ကျွန်တော့်ကိုကယ်ပါဦး။ ကျွန်တော်မရည်ရွယ်ပါဘူး၊ ကျွန်တော်တကယ်မလုပ်ချင်ခဲ့ဘူး၊ ဘယ်လိုလုပ် ဒီလောက်ဆိုးရွားလာတာလဲ ?! ကျွန်တော် ထောင်ထဲမဝင်ချင်ဘူး၊ ထောင်ထဲမဝင်ချင်ဘူး၊ မားကျေးဇူးပြုပြီး မားရဲ့အဆက်အသွယ်တွေကို သုံးလို့မရဘူးလား။ ကျွန်တော်တို့က မိသားစုလေ..."

လန်ကျွယ်ငို၍မပြီးခင် လုဖေးကသူ့ကို မျက်နှာအနှံ့ပါးရိုက်လိုက်ပြီး ရဲတွေကလည်းသူ့ကိုမတားပေ။

"မင်းမှာ မိသားစုအကြောင်းပြောဖို့စိတ်ကူးရှိသေးတာလား? မင်းရဲ့အဘိုးအဘွားတွေကို မျက်နှာချင်းဆိုင်နိုင်လို့လား? မင်းဒီလိုတွေလုပ်တုန်းက ငါတို့မိသားစုရဲ့ ဂုဏ်သိက္ခာကို မင်းစဉ်း စားဖူးလား ?"

လုဖေး၏ မျက်လုံးများသည်နီရဲနေပြီး သူ၏နှလုံးသားနာကျင်နေကာ သူ့အကြည့်များက စိတ်ပျက်မှုများဖြင့်ပြည့်နှက်နေ သည်။

လန်ကျွယ်သည် ပါးရိုက်ခံရမှုကြောင့်ထိတ်လန့်သွားသည်။ သူ...သူ သူတို့အကြောင်းတွေးခဲ့မိလို့သာ လိမ်လည်မှုကိုဝန်ခံရန်ငြင်းဆန်ခဲ့သည် သူ့မား သူ့ကို ဘာလို့နားမလည်ရတာလဲ?

"ကောင်းကင်ဘုံမှာရှိနေတဲ့မင်းအဖေက မင်းလိုကလေးမျိုး ဘယ်တုန်းကမှမရှိခဲ့ဘူးလို့ ဆုတောင်းနေလိမ့်မယ်၊"

လုဖေးသည် ဒေါသတကြီးဖြင့် ကြမ်းတမ်းစွာပြောလိုက်သည်။

သူဒီလိုပြောပြီးသည်နှင့်ရုတ်တရက် လန်ကျွယ်မော့ကြည့်လိုက်ကာ လုဖေးအားစိုက်ကြည့်ရင်း သူ့မျက်လုံးတွေကပြင်း ထန်စွာဖြင့် " ကျွန်တော် ဒီလိုဖြစ်သွားတာ မားအပြစ်ပဲ၊ ကျွန် တော်ဘာလို့ လောင်းကစားလုပ်တာလဲဆိုတာ မား သိလား? အဲ့တာမားကြောင့်ပဲ"

လုဖေးက သူ့အား ထိတ်လန့်စွာစိုက်ကြည့်ရင်း သူ့မျက်လုံးထဲမျက်ရည်များစီးကျနေဆဲဖြစ်သည်။

"မင်းဘာပြောလိုက်တယ် ?"

လန်ကျွယ်၏မျက်လုံးများထဲတွင် မုန်းတီးမှုများဖြင့်ပြည့်နှက်နေပြီး " မားသာဒီလောက်မထိန်းချုပ်ခဲ့ရင်၊ ကျွန်တော်ငယ်ငယ်တုန်းက ဒါတွေ ဒါတွေမလုပ်ရဘူးဆိုပြီး ကြောက်အောင်မလုပ်ခဲ့ရင်၊ ကျွန်တော့်ကို ဖိအားတွေမပေးခဲ့ရင်၊ ကျွန်တော်တိတ်တိတ်လေး လောင်းကစားစလုပ်ခဲ့မှာမဟုတ်ဘူး။ ကျွန် တော် စိတ်ပြေလက်ပျောက်ဖြစ်ချင်ရုံလေးပဲ၊ ဒါပေမဲ့ နောက်တော့... ကျွန်တော်သာ မားမျက်နှာကြောင့်မဟုတ်ရင်၊ မားကိုသာစိတ်မပျက်စေချင်ခဲ့ရင်၊ ကျွန်တော်လောင်းကစားလုပ်တာကို လိမ်ပြီးဖုံကွယ်ထားမှာမဟုတ်ဘူး။ အဲ့တာကို ဖုန်းကွယ်ချင်တာကြောင့်သာမဟုတ်ရင်၊ ကျွန်တော် ဆေးတွေကိုဝှက်ထားခဲ့မှာမဟုတ်ဘူး။ တကယ်တော့၊အားလုံးက မားရဲ့အပြစ်ပဲ။ မားက အမေတစ်ယောက်ဖြစ်ဖို့ကျရှုံးခဲ့တာပဲ၊ မား ကျွန်တော့်ကို အမြဲတမ်းအပြစ်ရှာနေတဲ့ နောက်ဆုံးသောလူပဲ!"

လန်ကျွယ်သည် အရူးတစ်ယောက်လိုအော်ဟစ်လိုက်ပြီး ပတ် ဝန်းကျင်ရှိရဲအရာရှိများအားလုံး မျက်မှောင်ကြုတ်သွားကြသည်။

လုဖေးသည် မတ်တပ်မရပ်နိုင်တော့သလို နောက်သို့လဲကျသွားသည်။ သူ လန်ကျွယ်အား အမှန်ပင်တင်းကြပ်ထားသော်လည်း ခင်ပွန်းဖြစ်သူ၏ပံ့ပိုးကူညီမှုမရှိဘဲ သူသည် ကလေးကိုမှား ယွင်းစွာပြုစုပျိုးထောင်မိမှာကို ကြောက်လန့်တဲ့အတွက် ကိုယ့်ကိုယ်ကိုသာတင်းကြပ်နိုင်ခဲ့သည်။

သူ့ကလေး၏ရွေးချယ်မှုများအား လေးစားသည်ဟု သူယုံ ကြည်ခဲ့သည်။ လန်ကျွယ်မှ ရက်ပ်အဆိုတော်တစ်ဦးဖြစ်ခြင်းကို သူတကယ်အမှန် တကယ်မကြိုက်ခဲ့ပါ - ဖြစ်နိုင်ပါက စစ်မှု ထမ်းရန် သို့မဟုတ် သူ့စီနီယာ များမှကူညီပေးနိုင်သည့်သရုပ် ဆောင်တစ်ယောက်ဖြစ်လာစေရန်သာလိုလားသည်။ သို့ပေမယ့် သူ့သားမှာ ၎င်းဟာသူ့အိပ်မက်ဟုပြောလာသောအခါ သူ့ကိုယ်သူထောက်ပံ့ပြီး ငွေမရှာနိုင်သေးတာတောင်၊ ဘာ အောင် မြင်မှုမှမရသေးတာတောင် သူ့သား နှစ်သက်သည့်အရာဖြစ်၍ သူ ဝင်မစွက်ဖက်ခဲ့ပေ။

သူသည်တင်းကြပ်သော်လည်း သူ့သားကို လေးလေးနက်နက်ဂရုစိုက်သော်လည်း နောက်ဆုံးတွင်တော့ သူ့မျက်လုံးထဲမှား ယွင်းနေဆဲပင်။

ထိုအချိန်တွင်၊ လော့ဖေးက " အရွယ်ရောက်ပြီးသူတွေက သူတို့ရဲ့ကိုယ်ပိုင်လုပ်ရပ်တွေအတွက် တာဝန်ယူမှုတာဝန်ခံမှု ရှိသင့်တယ်၊ ဘာလို့ဆို မင်းကမှ ဆုံးဖြတ်ချက်အားလုံးကိုချခဲ့တဲ့လူလေ၊ မင်းဒီအရွယ်ရောက်နေတာတောင် မင်းအမေကိုစိတ်ပူအောင်လုပ်နေတုန်းပဲ -မင်းကတကယ့်ကို အရှုံးသမားသားတစ်ယောက်ပဲ၊ မင်းကမှ မင်းအမေကို အမြဲတမ်းအပြစ်တင်နေတဲ့နောက်ဆုံးလူပဲ၊"

ကျီဖေးသာဒီမှာရှိနေလျှင် သူလက်ခုပ်တီးမည်မှာသေချာသည်။ လုဖေး သူ့သားကိုမဝေဖန်နိုင်ပေမဲ့ လန်ကျွယ်ကတော့ ဘယ်လိုကြောင့် သူ့အမေဖြစ်သူကို ဝေဖန်နိုင်သနည်း? 'အမေ' ဟူသည့်ခေါင်းစဉ်ကြောင့် သူသည် ဤ စွပ်စွဲချက်အားလုံးကို လက်ခံသင့်ပါသလား?

လန်ကျွယ်၏မျက်နှာသည် ထိုစကားများကြောင့် ဖြူတစ်လှည့်နီတစ် လှည့်ဖြစ်သွားသော်လည်း ရဲများကသူ့ကိုခေါ်ထုတ်သွားခါနီးတွင် တုန်တုန်ယင်ယင်ဖြင့် ကယ်တင်ရန် သူ့အမေကို အလိုလိုအော်ဟစ်နေတော့သည်။

သို့ပေမယ့်လုဖေး၏နှလုံးသားသည် သူ့သားကြောင့် လုံးလုံး လျားလျားကြေကွဲနေပြီ။ သူသည် အမှန်တကယ်ကျရှုံးသူဖြစ်ကောင်းဖြစ်နိုင်သည်။

လန်ကျွယ်ကိုခေါ်ဆောင်သွားစဉ် ဖုန်လီအား ချုပ်နှောင်ထားသည့်အခန်းအနားကိုဖြတ်သွားခဲ့သည်။

သူ့ခေါင်းကိုင်သား၏သနားစရာကောင်းသည့်အော်ဟစ်သံကိုကြားတော့ ဖုန်လီက ချက်ချင်းစိုးရိမ်တကြီးနှင့် "ဒါ နားလည်မှုလွဲနေတာပါ၊ နင် အမှားလုပ်မိတာနေမှာ၊ ငါ့ခေါင်းကိုင်သားက မူးယစ်ဆေးဝါးတွေ သယ်ပို့နေတာ ဘယ်လိုဖြစ်နိုင်မှာလဲ၊ သူ့ကို ချက်ခြင်းလွှတ်ပေးပါ"

ရဲအရာရှိနှစ်ဦးက သူ့အား စိတ်ရှည်စွာပြန်ဖြေပေးသည် " မစ္စဖုန်၊ မင်းရဲ့ပြဿနာက မပြေလည်သေးပါဘူး၊ အဲ့ဒါကြောင့် တခြားသူတွေကိုစိတ်မပူပါနဲ့၊ ထပ်ရှင်းပြပါဦး၊ ဘာကြောင့် သူ့ကို အဲဒီ စူပါမားကတ်ကိုခေါ်သွားရတာလဲ၊ ပြီးတော့ အသံလွှင့်ခန်းမကိုဘာကြောင့်သွားတာလဲ ? သူတို့ရဲ့ အရောင်းအဝယ်အကြောင်းသိလား ?"

ဖုန်လီကို အကြိမ်ပေါင်းများစွာစစ်ဆေးမေးမြန်းခဲ့ပြီး ယခုအခါ လန်ကျွယ်ကို ခေါ်ဆောင်သွားကြောင်းသိလိုက်ရသဖြင့် "နင်ကငါ့ကို ရာဇဝတ်ကောင်လိုဆက်ဆံနေတာပဲ၊ ဒါပေမယ့် ငါက ဖုန် group ရဲ့မိန်းမသားတစ်ယောက်ပဲ ငါ... ငါ ဘာမှမပြောတော့ဘူး၊ ငါ့ရှေ့နေကို စောင့်မယ်၊ ငါ နင်တို့အားလုံးကို သတင်းပို့ပစ်မယ်၊"

"ကျေးဇူးပြုပြီး ပူးပေါင်းပေးပါ၊"

ဖုန်လီသည် ပူးပေါင်းဆောင်ရွက်မှုကိုငြင်းဆန်ပြီး တရားရေးဆိုင်ရာအခွင့်အာဏာကို စိန်ခေါ်လိုက်ခြင်းကြောင့် ရဲအရာရှိများ၏မျက်နှာသည် ချက်ချင်းအေးစက်သွားခဲ့သည်။

နောက်ဆုံးတွင် တစ်စုံတစ်ယောက်ရောက်လာသော်လည်း ဖုန်လီမျှော်လင့်ထားသည့်အတိုင်း သူ၏အကြီးများမှ ရှေ့နေလိုက်ပေးမည့်အစား ၎င်းမှာအမျိုးသမီးငယ်တစ်ဦးဖြစ်နေသည်။

အမျိုးသမီးငယ်သည် ပရော်ဖက်ရှင်နယ်ဝတ်စားဆင်ယင်ထားပြီး ဖုန်လီ၏အမှုကိုကိုင်တွယ်ရန် ထိုနေရာတွင်ရှိနေသည်ဟု ဆိုသည်။

ဖုန်လီက "နင်ဘယ်သူလဲ ? နင့်ကို ဘယ်သူလွှတ်လိုက်တာလဲ? နင်က ရှေ့ နေလား? ဘာလို့ ဒီလိုမိန်းကလေးကို လွှတ်လိုက်တာလဲ!"

အမျိုးသမီးက သူ့ကိုအေးစက်စက်ကြည့်ပြီး ရဲအားသူ့နာမည်ကိုတင်ပြခဲ့သည်။

ရင်းနှီးနေသည့်နာမည်သည် ဖုန်လီ၏အမူအရာအားပြောင်းလဲစေသည် - ရောက်ရှိလာသည့်သူသည် သူ၏အချိန်အတော်ကြာကွဲကွာနေသောသမီးဖြစ်ခဲ့သည်။

ဤအရှုပ်တော်ပုံတွင် သူ၏ မိုက်မဲသည့်မိခင်ပါဝင်နေစဉ်တွင် သူသည် အဖိုးအဖွားများထံအလည်သွားနေခဲ့သည်။ အဘိုး အဘွားများက အရမ်းဒေါသထွက်ပြီးနေမကောင်းဖြစ်သွားသဖြင့် အခြေအနေကိုရှင်းဖို့ကလွဲပြီး ရွေးချယ်စရာလမ်းမရှိတော့ဟုဆိုသည်။

ဖုန်လီသည် လန်ကျွယ်၏မူးယစ်ဆေးဝါးရောင်းဝယ်ဖောက် ကားခြင်းကို သတိမပြုမိသော်လည်း သူ့အပြုအမူနှင့်သဘော ထားမှာ သံသယဖြစ်စရာဖြစ်ပြီး သူသည် အမှန်တကယ်ပါဝင်ပတ်သက်နေသောကြောင့် ကိုင်တွယ်မှုမှာရှုပ်ထွေးခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ယနေ့ရဲစခန်းမှ ထွက်ခွာမည်မဟုတ်ပေ။

"စိတ်အေးအေးထားပါ၊ ဒါကိုဖြေရှင်းပေးဖို့ ရှေ့နေကိုကျွန်မစီစဉ်လိုက်ပါ့မယ်" ဟု သမီးဖြစ်သူက ဖုန်လီကိုမကြည့်ဘဲ အေးစက်စွာပြောသည်။

သို့ပေမယ့်ဖုန်လီက သူ့ကိုမုန်းတီးပုံပေါက်သလို " ဒါဆို နင်ဘာလို့လာတာလဲ? ငါ အရှက်ရနေတာကို ကြည့်ချင်လို့လား? နင် အစွမ်းကုန်မကြိုးစားပဲ ငါ့ကိုလက်စားချေဖို့ ဒီအခွင့်အရေးကိုသုံးဖို့ စီစဉ်နေတာလား!"

"သမီးဖြစ်သူက အေးစက်စွာရယ်မောလိုက်သည်။ " ရှင့်ကို ကလဲ့စားချေဖို့ဟုတ်လား ? ရှင့်အတွက်နဲ့ ကျွန်မ အချိန်တွေဖြုန်းဖို့မတန်ဘူး။ ကျွန်မရဲ့ အဘိုး၊ အဘွားတွေကြောင့်သာမဟုတ်ရင် ကျွန်မ ပါဝင်ပတ်သက်မှာတောင် မဟုတ်ဘူး၊ ကျွန်မ တကယ်မမျှော်လင့်ထားပေမယ့်..."

All Chapters