← Chapters

အခန်း (၁၇၆)

Vol. 18 Ch. 176

အခန်း (၁၇၆)

Vol. 18 Ch. 176

ဖုန်လီ၏မျက်နှာသည် ရုတ်တရက်ပြောင်းလဲသွားသည်။ ဒီသမီးကို မကြိုက်ပေမယ့် လေးစားမှုအပြည့်တော့ရှိစေချင်သည်။ သူ၏လှောင်ပြောင်သည့်အမူအရာနှင့် တစ်ဝက်တစ်ပြတ်စကားများအား ကြားလိုက်ရတော့ သူ မထိန်းနိုင်ဘဲ

"ဘာပြောချင်နေတာလဲ !"

ဝူရှန့်ချင်က လှောင်ပြောင်ပြောဆိုလိုက်ပြီး " ရှင်က ရှင့်ရဲ့ သမီးအရင်းဖြစ်တဲ့ ကျွန်မကိုမကြိုက်ဘူးလို့ကြားတယ် ဘာလို့လဲဆိုတော့ ကျွန်မက ရှင့်ကိုကျရှုံးမှုနဲ့ ထောင်ကျစေမယ်လို့ အိမ်မက်မက်ထားလို့တဲ့။"

ဖုန်လီ အေးခဲသွားပြီး၊ ဝူရှန့်ချင်ကရယ်ရင်း "အခုရှင့်ကို ကျဆုံးအောင်နဲ့ ထောင်ကျအောင်က ဘယ်သူလုပ်တာလဲ ? ကျွန်မလား ? မဟုတ်ဘူး၊ အဲ့တာ ရှင့်ရဲ့အဖိုးတန်ခေါင်းကိုင်သားလေးပဲ၊ ဂုဏ်ယူပါတယ် ရှင့်ရဲ့အိပ်မက်ကို မတူကွဲပြားတဲ့ပုံစံနဲ့ အကောင်အထည်ဖော်နိုင်ခဲ့လို့။"

အနီးနားရှိ ရဲအရာရှိသည် ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။

ဝူရှန့်ချင်အားရိုက်ရန် လက်ကိုမြောက်ဖို့ကြိုးစားရင်း ဖုန်လီ၏ အမူအရာသည် တွန့်သွားပေမယ့် ဝူရှန့်ချင်ကတော့ သူ့လက် ကောက်ဝတ်ကိုဖမ်းလိုက်ပြီး "ရှင့်ရဲ့ အုပ်ထိန်းခွင့်ကို ရှင်စွန့် လွှတ်လိုက်တယ်မဟုတ်လား၊ ရှင့်မှာကျွန်မကို ဆုံးမပိုင်ခွင့်မရှိဘူး!”

ထိုစကားကိုပြောပြီးနောက် ဝူရှန့်ချင်သည် ဖုန်လီ၏လက်ကိုလွှတ်လိုက်ပြီး သူ့အမေ၏ ကြေကွဲဖွယ်ရာအမူအရာကိုလျစ် လျူရှုကာ ထွက်ခွာသွားခဲ့သည်။

သူတံခါးဖွင့်လိုက်သည်နှင့် စွင်းမန်ဖြတ်သွားသည်။ လော့ဖေး သည် သူ့အနားတွင်ရပ်နေကာ လိမ်လည်မှုနှင့်ပတ်သက်သည့် ကိစ္စများအား ကိုင်တွယ်ရန်ထိုနေရာတွင်ရှိနေသည်။

ဝူရှန့်ချင်က သူတို့ကိုမသိသည့်အတွက် သဘာဝအတိုင်း သူတို့ကိုနှုတ်ဆက်မည်မဟုတ်ပေ။ ထွက်ခွာခါနီးတွင် သူ့နောက် ကွယ်မှလှုပ်ရှားမှု ကို ခံစားလိုက်ရသည်။ ပြန်ကြည့်လိုက်တော့ ဖုန်လီသည် စွင်းမန်အား ရိုင်းစိုင်းစွာပြုမူနေသည်ကို သူတွေ့ လိုက်ရသည်။

"ဒါတွေအားလုံးက နင့်ကြောင့်ပဲ၊ နင် တန်ဖိုးမရှိတဲ့မိန်းမ! နင့်အတွက်ကြောင့်သာမဟုတ်ရင်၊ ဒီအခြေအနေအထိ ဖြစ်လာမှာမဟုတ်ဘူး! အားလုံးက နင့်အပြစ်ပဲ၊ ဒီမှာ နင်ကတကယ့်ကိုမကောင်းတဲ့ကောင်မပဲ။ ငါ့ကိုပြောစမ်း၊ သူ့ကိုခုလိုဖြစ်အောင် နင် လုပ်ခဲ့တာမှတ်လား?"

လော့ဖေးသည် သူ့မျက်လုံးများကိုလှိမ့်လိုက်ပြီး သူနှင့်မျက်နှာ ချင်းဆိုင်တွင်ရှိနေသည့် ဝူရှန့်ချင်အား အံ့အားသင့်သွားစေ သည်။ ပြည်တွင်းရဲအရာရှိများသည် ပိုလေးနက်မည်ဟုယူဆခဲ့သည့်အတွက် ဒီတစ်ခုကိုမြင်လိုက်ရခြင်းက.. မမျှော်လင့်ထားသည့်အလေ့အထပင်။ ထူးဆန်းစွာဖြင့်၊ သူသည် သူ့အားအရင်ကတစ်နေရာရာမှာတွေ့ ဖူးသလိုခံစားရပြီး ရင်းနှီးသလိုဖြစ်နေသည်။

ဖုန်လီ၏အော်သံကိုကြားတော့ စွင်းမန်သည် နောက်ဆုံးတွင် "မစ္စဖုန်က စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲ နေထိုင်နေတာလား? သူတို့ လန်ကျွယ်ဆီမှာ ဆေးတွေရှာတွေ့ ခဲ့တယ်၊ ရှင် ကျွန်မကို ဘယ်လိုများအပြစ်တင်လိုက်တာလဲ? အိုး၊ ပြီးတော့ ကျွန်မ တစ်ခုခုမှတ်မိသလိုပဲ။"

စွင်းမန်သည် ရုတ်တရက် ထူးထူးခြားခြားမျက်မှောင်ကြုတ်ကာ " ရှင့်ရဲ့လည်ဆွဲကိုခိုးသွားတယ်လို့ သံသယရှိလို့ ရှင်ကျွန်မကိုအထင်သေးနေတာပဲ"

စွင်းမန်ကဒါကို လူသိရှင်ကြားထုတ်ပြရဲသည့်သတ္တိရှိ၍ ဖုန်လီအံ့သြသွားသည်။

"တကယ်တော့ ရှင့်ရဲ့ လည်ဆွဲက အဲဒီတုန်းကတကယ်ပျောက်နေတာ၊ ဒါပေမယ့် အဲ့တာသာ တကယ်အခိုးခံရတာဆိုရင် လန်ကျွယ်က သူခိုးပဲဖြစ်ရမယ်"

"ဘာလဲ၊ နင် ရူးနေတာလား၊ သူက ငါ့ရဲ့ခေါင်းကိုင်သားပဲ၊"

စွင်းမန်က ပြုံးပြီး " ဒါဆို ဘာလဲ ? တစ်ချိန်က သူ ကျွန်မရည်း စားလည်းဟုတ်ခဲ့တယ်၊ ဒါတောင် သူ ကျွန်မကိုလိမ်လည်ပြီး လျှို့ဝှက်ဓာတ်ပုံတွေရိုက်ထားသေးတယ်။ အဲဒီတုန်းကတည်း က သူလောင်းကစားအကြွေးတွေ ဆပ်နေရပြီဆိုတာကျွန်မသိတယ်။ ရှင့်ရဲ့ လက်ဝတ်ရတနာတွေ ခိုးယူတာက... ဟုတ်တယ်၊ ရှင့်လည်ပင်းက အဲဒီကြိုးဆို သူ့အကြွေးတွေကိုဖုံးကွယ်ထားဖို့လုံလောက်သွားပြီ။"

ဖုန်လီ၏လည်ပင်းပေါ်ရှိပုလဲလည်ဆွဲအား အနီးနားရှိလူတိုင်းကြည့်လိုက်မိကြသည်။

ဖုန်လီသည် ရုတ်တရက်စိတ်မသက်မသာဖြစ်နေပုံရပြီး သူ့လည်ဆွဲအား ထိတ်လန့်တုန်လှုပ်စွာဖြင့်ထိကာ " သူ့ကို‌ ချောက် ချဖို့ကြိုးစားနေတာကို ရပ်လိုက်တော့။ သူသာ ခိုးတယ်ဆိုရင် သူဘယ်မှာ ဝှက်ထားနိုင်မှာလဲ?"

စွင်းမန်က " အဲ့ဒါကြောင့်ပဲ ကျွန်မသူ့ကို အစကထင်မထားခဲ့တာပေါ့၊ ရှင် အထားမှားတာလို့ပဲတွေးနေတာ။ ဒါပေမဲ့အခုတော့ သူ မူးယစ်ဆေးဝါးဝှက်တဲ့နည်းလမ်းအတိုင်း ဒီပုလဲတွေကိုအလွယ်တကူဝှက်ထားနိုင်တာကို ကျွန်မ သိသွားပြီ"

လေ့ကျင့်မှုသည် ပြီးပြည့်စုံစေသည်၊ မဟုတ်ပါက၊ ဤနည်းလမ်းဖြင့် ချောမွေ့ စွာသယ်ယူရန် သူ တွေးခဲ့မည်မဟုတ်ပေ။

အကယ်၍ သူ့ကိုရှာမတွေ့ ခဲ့လျှင် ဖုန်လီက ရဲကိုဖုန်းဆက်မယ်လို့မခြိမ်းခြောက်ခဲ့ဘူးဆိုလျှင် သူဖော်ထုတ်ခံရမည်မဟုတ်ပေ။ ယခုတော့စွင်းမန်သည် သူ့ လက်ဝတ်ရတနာများအား စိတ်မဝင်စားသည့်အပေါ် ကျေးဇူးတင်မိသည်၊ ဆိုလိုသည်မှာသူသည် ထိုလည်ဆွဲအား တစ်ခါမျှပင်မထိဖူးပေ။

မဟုတ်လျှင် သူ အခု လုံးဝရွံရှာသွားလိမ့်မည်။

ဖုန်လီအံ့အားသင့်သွားပြီး လော့ဖေးအပါအဝင်လိုက်ပါလာသူတိုင်းသည် အဆင်မပြေသည့်အမူအရာများဖြင့် နောက်သို့ဆုတ်သွားကြသည်။

"သူ အဲဒီနေရာမှာ ဒီလောက်ကြီးမားတဲ့ပုလဲလည်ဆွဲကို ဝတ်နိုင်ပါ့မလား ? ပြီးတော့ သူသယ်တဲ့ မူးယစ်ဆေးဝါးပမာဏက တော်တော်လေးများသလိုပဲ။" ဟု လောဖေးက မထိန်းနိုင်ဘဲပြောလိုက်သည်။

"Proctologist ကတော့ အားလုံးကိုရှင်းပြနိုင်မယ်ထင်တယ်။" ( Proctologist - အမျိုးသားအဟွာကုတဲ့ဆရာဝန်တွေ -- )

ဤစကားများသည်ဖုန်လီအား မိုးကြိုးကဲ့သို့ထိမှန်ကာ သူ့ကိုပြိုလဲလုနီးပါးဖြစ်စေခဲ့သည်။

သို့ပေမယ့် သူလည်ဆွဲကိုဝတ်ထားတာကြောင့် သူ့ကိုထိဖို့ သို့မဟုတ် ထူပေးဖို့ကူညီမည့်သူမရှိချေ။ ဝူရှန့်ချင်သည် ထုံးစံအတိုင်းကူညီလိုစိတ်မရှိသဖြင့် စက်ဆုပ်ရွံရှာစွာဖြင့်ဖျော့တော့သွားသည်။ နောက်ဆုံးတွင် ဖုန်လီသည် သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ခဲ့ရသည်။

သူခံစားသိရှိလာသောအခါတွင် လည်ဆွဲကို အရူးအမူးဆွဲချွတ်ရန် ကြိုးစားသော်လည်း လမ်းတစ်ဝက်တွင် လှုပ်ရှားမှုရပ်တန့်သွားသည်။ ပုံမှန်ပြုပြင်ထိန်းသိမ်းထားပေမယ့်လည်း... လှုပ် ရှားမှုရပ်တန့်သွားသည်။ အဆိပ်ရှိသည့်မြွေတစ်ကောင်က သူ့လည်ပင်းတွင်ရစ်ပတ်ထားသလို၊ သူဒါကိုမထိဝံ့ပေမယ့် အဲဒီနေရာမှာဆက်ဝတ်ထားဖို့လည်း သည်းမခံနိုင်တော့ပေ။ နောက် ဆုံးတွင် ဖုန်လီသည်မျက်ဖြူစိုက်ပြီးမေ့လဲသွားတော့သည်။

ဆေးဘက်ဆိုင်ရာဝန်ထမ်းများက လာရောက်ပြီးသယ်သွားရသည်။

ဤအရာက ဝူရှန့်ချင်အား အတူလိုက်ခဲ့ရန်တွန်းအားပေးခဲ့ပြီး အလွန်ဒုက္ခပေးခဲ့သည်။

လော့ဖေးက ဝူရှန့်ချင်နှင့်ထွက်လာပြီး " မင်းက မစ္စဖုန်ရဲ့သမီးလား ? မင်း လူနာတင်ကားနဲ့လိုက်မှာလား?"

"ကျွန်မ ကိုယ်ပိုင်ကားနဲ့လိုက်မယ်။”

ဝူရှန့်ချင်သည် ထိုအမျိုးသမီးနှင့် အတူနေရန်ဆန္ဒမရှိခဲ့ပေ။ ဒီလိုပြောပြီးနောက်မှာ အပြင်လူများဟာ သူတို့သည် အမေနှင့်သမီးများဖြစ်ကြသည်ကိုသိကြပြီး သူ့အေးစက်မှုကြောင့် ဝေဖန်ခံရမည်မှာသေချာသည်ဟုတွေးမိကာ စိတ်မသက်မသာ ဖြစ်သွားသည်။ ရဲအရာရှိထံမှအပြောခံရတော့မည်ဟု သူလုံးဝမျှော်လင့်ထားသည်။

သို့သော် လော့ဖေးက ဝင်မစွက်ဖက်ဘဲ အရေးပေါ်လူနာတင် ယာဉ်နောက်သို့လိုက်ရန် ရဲအရာရှိများကိုရိုးရှင်းစွာစီစဉ်ပေးခဲ့သည်။

ထို့ကြောင့်ဝူရှန့်ချင်သည် လော့ဖေးအား နောက်တစ်ကြိမ်လှည့်ကြည့်မိခဲ့သည်။

"ချင်ချင်"

ရုတ်တရက် တစ်ယောက်ယောက်က ဝူရှန့်ချင်ကိုခေါ်လိုက်သည်။ ပြန်ကြည့်လိုက်တော့ လော့ဖေးမှ သူနှင့်အတူလှည့်ကြည့်နေသည်ကိုသတိပြုမိပြီး ခြေလှမ်းများရပ်တန့်သွားသော လူငယ်တစ်ဦးကို သူတွေ့ လိုက်ရသည်။

ရဲအရာရှိတစ်ဦးအနေဖြင့်လော့ဖေးသည် ထိုလူ၏ထူးဆန်းသည့် အမူအရာအား သဘာဝအတိုင်းသတိထားမိခဲ့သည်။ သို့ပေမယ့် သူ ဒီလူကိုမသိတာသေချာသည်။

ထိုလူသည် အမြန်ပြန်ကောင်းလာပြီး အနီးသို့ချဉ်းကပ်ကာ

"အန်တီကိုခေါ်သွားတာ တွေ့ လိုက်ရတယ်၊ တစ်ခုခုဖြစ်သွားတာလား ?"

"ဟုတ်တယ်၊ သူ မူးလဲသွားတာ။ ဆေးရုံသွားလိုက်ဦးမယ်။" ဝူရှန့်ချင် ပြတ်ပြတ်သားသားပြောသည်။

ထိုလူက ဝူရှန့်ချင်၏ပုခုံးများအားပုတ်ကာ "ဒါဆို သွားကြရ အောင်။"

သူတို့ကြား ဆက်ဆံရေးရှိသည်မှာထင်ရှားသည်။

ဝူရှန့်ချင်က လော့ဖေးအားအသိအမှတ်ပြုကာ ခေါင်းညိတ်ပြပြီး ထိုလူကပြုံးကာ ခေါင်းညိတ်ပြသော်လည်း သူ၏နောက် ဆုံးအကြည့်တွင် အဓိပ္ပါယ်ရှိသည့်အပြုံးအားဖော်ဆောင်နေ သည်။

လော့ဖေးသည် အနည်းငယ်မျက်မှောင်ကြုတ်ကာ အခြေအနေနှင့်ပတ်သက်၍ ထူးထူးခြားခြားတစ်ခုခုခံစားလိုက်ရသည်။ သို့သော် ဌာနတွင်အလုပ်များနေပြီး ၎င်းတွင်ဆက်နေရန်အချိန်မရှိသဖြင့် ကျော်ကြားသူများ၏ မူးယစ်ဆေးဝါးသုံးစွဲမှုကြေ ညာချက်များကိုကိုင်တွယ်ရန် လိုအပ်နေသေးကြောင်းသိလိုက်ရသည်။

ပါဝင်ပတ်သက်သည့် အနုပညာရှင်များစာရင်းကိုစုစည်းပြီး ထုတ်ပြန် ပြီးနောက် Weibo ၏ ဆာဗာများသည် တစ်မိနစ်အတွင်းပျက်ကျသွားခဲ့ သည်။

နာမည်ကြီးအတင်းအဖျင်းများအား အဓိကထားဆွေးနွေးသည့် တခြား app များပင်ပျက်သွားသည်။

ချင်မိသားစုမှ ၎င်းတို့၏စာမျက်နှာများအား အရူးအမူးပြန် လည်ဆန်း သစ်ထားသည်ကိုမြင်တွေ့ ရခြင်းသည် အခြားအင်တာနက်သုံးစွဲသူများ လုပ်ဆောင်နေကြသည်ကို ကောင်းစွာအကြံဥာဏ်ပေးခဲ့သည်။

" ဝိုး၊ တစ်ယောက်ယောက်က ငါတို့အဖွဲ့ ထဲကို လက်မြန်မြန်နဲ့ screenshot တွေ share ထားတယ်။ ငါတို့ရဲ့အတန်းဖော်များအဖွဲ့ကတော့ငိုနေကြပြီ၊ သူတို့အကြိုက်ဆုံး အနုပညာရှင်တော်တော်များများပါကုန်လို့လေ။" ဟု ချင်ရုန်က စိတ်လှုပ်ရှားစွာပြောသည်။

ချင်ရန်ကလည်း " ငါတို့ရဲ့ ဆေးရုံကအဖွဲ့ လည်း ဆွေးနွေးမှုတွေနဲ့ပေါက်ကွဲနေလေရဲ့"

ပါးပါးချင်က "Qin Group ကတော့ တိတ်ဆိတ်နေတယ်၊ ဒါပေမဲ့ ငါတို့နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ နာမည်ကြီးတချို့ တော့ပါသွားတယ်။"

မားမားချင် " ငါ့အထင် ငါတို့ရဲ့ ဒုတိယသားကတော့ ဒီညအိမ်ပြန်မလာလောက်ဘူးထင်တယ်။"

ချင်ကျောက်က "ဒါတွေက သိပ်ပြဿနာမရှိပါဘူး၊ ပူးပေါင်းဆောင်ရွက်မှုတွေရပ်စဲလိုက်ရုံပဲ”

ကျီဖေးက "ဖေးကျဲလည်း ငါတို့စတူဒီယိုရဲ့ gp chat အသေးစားလေးထဲမှာ ကျိန်ဆဲနေတယ် ဘာလို့ဆို အဲ့ထဲကအမျိုးသားသရုပ်ဆောင်တစ်ယောက်က ယုရို့ရင်ရဲ့လက်ရှိရိုက်ကူးနေတဲ့ပရောဂျက်မှာဇာတ်ပို့လေ။ သူ့ရဲ့ဇာတ်ဝင်ခန်းအားလုံးပြန်ရိုက်ရမှာဆိုတော့အချိန်ဇယားတွေနှောင့်နှေးကုန်တယ်။ ကံကောင်း လို့ စွင်းမန်နဲ့ စာချုပ်ချုပ်နိုင်ခဲ့တဲ့အတွက် သူ စိတ်သက်သာရာရနေတာ၊ မဟုတ်ရင် သူ့ဒေါသတွေ အခုတည်ငြိမ်ဖို့ခက်မယ်။"

များမကြာမီတွင်၊ app များသည် ပြန်လည်ကောင်းမွန်လာပြီး လူတိုင်း အင်တာနက်အသုံးပြုရန် အမြန်ပြန်သွားကြသည်။

အင်တာနက်တခွင် အိုးမဲ့အိမ်မဲ့ပရိသတ်များနှင့်ပြည့်နှက်နေပြီး လုံးလုံးပျက်စီးနေသည့်မြင်ကွင်းပင်။

သို့ပေမယ့်သူတို့သည် ဒီဇာတ်ကားကိုအပြည့်အဝမရိုက်ခင်မှာပင် ကျီဖေး၏ကျိန်ဆဲသံကိုကြားလိုက်ရသည်။

[ချီးကို၊ ငါက ဘာလို့ Hot Searchမှာ နံပါတ်တစ်လဲ !]

ချင်မိသားစု : ဘာ ? ဒါ အမှန်ပဲလား ? အမြန်စစ်ကြည့်ရအောင်

All Chapters