အခန်း (၁၇၇)
Vol. 18 Ch. 177
ချင်မိသားစုမှစစ်ဆေးကြည့်ခဲ့ရာ ၎င်းသည် Hot Search သို့ ရောက်နေရုံသာမက Hot Search အကြောင်းအရာသုံးခုစလုံးမှာ ကျီဖေးအကြောင်းဖြစ်နေသည်၊ နောက်တွင် ကျဆုံးသွားသည့်နာမည်ကြီးများအကြောင်း သတင်းများ အား ချင်မိသားစုမှစစ်ဆေးတွေ့ ရှိခဲ့သည်။
#ငါတို့ရဲ့ဖေးကျဲကိုယုံကြည်ပါ၊ ဖျော်ဖြေရေးလောကရဲ့ တရား သူကြီး၊ ဥပဒေကိုလိုက်နာပါ၊ ထာဝရရပ်တည်ပါ။#
#ချစ်တို့ရေ၊ ဘယ်တော့မှကျမသွားမဲ့ ကြယ်တစ်ပွင့်ကိုလိုက်ချင်သလား? ဖေးကျဲကို ရွေးချယ်ဖို့အကြုံပြုပါတယ်။#
#ဖေးကျဲ၊ ကျေးဇူးပြုပြီး ကျွန်မအတွက်အတည်ပြုပေးပါ။#
[ဒါကြီးက ဦးနှောက်ဆေးနေတဲ့မြင်ကွင်းတစ်ခုလိုပဲ၊ အို မိုင် ဂေါ့၊ ဒီလမ်းကြောင်းကို ဘယ်သူက စခဲ့တာလဲ ?]
ချင်မိသားစုသည် ရယ်ချင်သော်လည်းမဝံ့မရဲဖြစ်ကာ ပုခုံးလှုပ်နေသည်ကို တွေ့ လိုက်ရသည်။
ကျီဖေးသည် ကျဆုံးသွားသည့်အနုပညာရှင်များမှာ သူ့ထက်လူကြိုက်များသည့်အရေအတွက် နည်းပါးသည်ကိုတွေ့ လိုက်ရသဖြင့် လူအချို့ကသူ့အား ကြားခံအဖြစ်အသုံးပြုနေသည်ဟုသံသယဖြစ်ခဲ့သည်။ သို့သော်လည်း ဖေးမင်ရွမ်ကိုဆက်သွယ်ပြီးနောက်တွင် Hot Search ဖြစ်နေသည့်အကြောင်းအ ရာများအား မည်သူမှအမှန်တကယ်ဝယ်ယူခဲ့ခြင်းမရှိကြောင်း သူ လက်ခံခဲ့ရသည်။
[ဒါ အင်တာနက်သုံးစွဲသူတွေရဲ့ ဖြူစင်တဲ့အချစ်တွေပဲ၊ damn it!!!]
ချင်မိသားစုသည် ဆက်တိုက်ဆိုသလို ချောင်းဆိုးသံများဖြင့်တုံ့ပြန်ခဲ့သည်။
ကျီဖေးသည် Hot Search ဖြစ်နေသည့်အကြောင်းအရာများကြောင့် အားလုံးသူ့ကို ရယ်မောနေကြသည်ဟုသံသယဖြစ်ပြီး သူတို့ကိုမဆိုသလောက်စိတ်ဆိုးလိုက်သည်။
သူ့အကြည့်များအားခံစားမိသောကြောင့် ချင်မိသားစုသည် ချက်ချင်းပင် ရုတ်တရက်ကျဆုံးသွားခဲ့သည့်နာမည်ကျော်များအကြောင်း အတင်းအဖျင်းပြောလာကြသည်။
အခြေအနေက တော်တော်ဆိုးရွားသည်။ ယခင်က အရိပ်အ ယောင်အချို့ ပြသခဲ့ကြသူများအပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုများအား မြင့်တင်ခဲ့သူတစ်ဦးလည်းအပါ အဝင်ဖြစ်ပြီး သန့်ရှင်းသည့် အနုပညာရှင်အချို့လည်းပါဝင်ခဲ့သည်။
ညတွင်းချင်းပင်၊ မရေမတွက်နိုင်သောရုပ်ရှင်များ၊ တီဗီရှိုးများနှင့် ဖျော်ဖြေရေးဗီဒီယိုအများအပြားကို ပိတ်ချခဲ့ပြီး၊ brand အများအပြားသည် ၎င်းတို့၏ပစ္စည်းများကိုဖယ်ရှားခဲ့ပြီး မိတ်ဖက်လုပ်ငန်းများအား ရပ်စဲကြောင်းကြေညာကာ ထုတ်လုပ်ဆဲအစီအစဉ်များစွာကို ဆင်ဆာဖြတ်တောက်ရခြင်းဖြင့် ရူးသွပ်သွားခဲ့ကြသည်။
နယ်ပယ်ထဲမှလုပ်သားများသည် နေရာတိုင်းတွင် တိုင်ကြားမှုများဖြင့် အမှန်တကယ်ဒေါသထွက်ခဲ့ကြသည်။
၎င်းဟာ စစ်မှန်သည့် သွေးမဲ့သုတ်သင်မှုပင်။
အနုပညာရှင်များ၏ Weibo အကောင့်များကို ပိတ်ပင်ခဲ့ပြီး ၎င်းတို့၏စတူဒီယိုများမှ အထီးကျန်သည့်ထုတ်ပြန်ချက်များကိုသာ ချန်ထားခဲ့ကာ ၎င်းတို့၏စူပါပရိသတ်များသည် ၎င်းတို့၏ Avatar များအား အနက်ရောင်အဖြစ်ပြောင်းလဲခဲ့သည်။
ပရိတ်သတ်အများအပြားသည် အခြေအနေအရပ်ရပ်ကိုမေးမြန်းခြင်း၊ ၎င်းတို့၏ idol များအတွက် အကြောင်းပြချက်များရှာဖွေခြင်း၊ သို့မဟုတ် အဖြစ်မှန်ကိုရင်ဆိုင်ရန် ငြင်းဆန်ခဲ့ကြသည်။
နိုင်ငံရပ်ခြားမှပရိသတ်အချို့က ဤအရာများသည်ကြီးကြီး မားမား မဟုတ်ဟုအခိုင်အမာဆိုကြပြီး တရုတ်ဖျော်ဖြေရေးနယ်ပယ်သည် တစ်စိတ်ကိုတစ်အိတ်လုပ်သည်ဟုပင် ဆိုကြသည်။
သို့သော် ပြည်တွင်းပရိသတ်အများစုသည် ကျော်ကြားသူများ ၏မူးယစ်ဆေးဝါးသုံးစွဲမှုကို ပြတ်ပြတ်သားသားကန့်ကွက်ခဲ့ကြသည်။
"အရင်တုန်းကတော့ အချက်အလက်မပြည့်စုံတာကြောင့် ငါတို့ စီရင်ချက်မချခဲ့တာပါ၊ အခုတော့အားလုံးသိပြီး အရေးယူပေးဖို့တောင်း ဆိုပါတယ်။ အဲ့ဒီဉာဏ်မဲ့တဲ့ပရိသတ်တွေက သူတို့ရဲ့ idol တွေအတွက် ဆင်ခြေပေးတာ ရပ်သင့်တယ်။ သူက ရဲအရာရှိအဖြစ်တောင် သရုပ်ဆောင်ခဲ့တာ ရွံစရာကောင်းတယ်မဟုတ်ဘူးလား ?"
"သူတို့က စံပြပုဂ္ဂိုလ်တွေဖြစ်သင့်တာ၊ ဒါ အရွယ်မရောက်သေးသူတွေကို သူတို့ ဘယ်လိုလွှမ်းမိုးချင်နေလဲဆိုတာလား?"
"လူငယ်တွေရဲ့ တန်ဖိုးထားမှုတွေကို ဘယ်လိုလှန်ပစ်လိုက်လဲဆိုတာ ကြည့်လိုက်၊ ကြောက်စရာကောင်းလွန်းတယ်။"
“အဓိကက အမှန်နဲ့အမှားမသိမချင်း တန်ဖိုးထားမှုတွေက မျက်နှာလိုက်နေတာပဲ။”
" ဒီညစ်ပတ်တဲ့နာမည်ကြီးတွေကို တားမြစ်ပါ၊ သူတို့ကို ဘယ်တော့မှ ပြန်လာခွင့်မပြုနဲ့။"
" အဲ့တာတွေ သုံးတဲ့လူတွေကို ငါတကယ်နားမလည်ဘူး။ အဲဒါက သူတို့ ခန္ဓာကိုယ်ကိုထိခိုက်စေပြီး တစ်ပြည်တည်းသားတွေရဲ့သွေးတွေနဲ့ စွန်းထင်းနေတယ်။ အဲဒါကိုသူတို့ဘယ်လိုများ ကိုယ်ကျိုးအတွက်သုံးနိုင်ကြတာလဲ?"
"ဒီတော့ ဦးနှောက်သေနေတဲ့ပရိသတ်တွေက ဆင်ခြေပေးတာတွေရပ်သင့်ပြီ။ အဲဒါတွေက လူ့အဖွဲ့ အစည်းရဲ့အညစ်အကြေး တွေချည်းပဲ။"
"မင်းက ဒီလိုညစ်ညမ်းတဲ့နာမည်ကြီးတွေအတွက် အကြောင်း ပြချက်တွေပေးရင် မူးယစ်ဆေးဝါးနှိမ်နင်းရေးရှေ့တန်းမှာ သူတို့ကိုယ်သူတို့ စွန့်လွှတ်အနစ်နာခံခဲ့တဲ့သူရဲကောင်းတွေက ဘယ်လိုလုပ် အေးချမ်းစွာအနားယူနိုင်မှာလဲ?"
" ငါ့အမြင်ကိုပြောရရင်၊ ဒီဖျော်ဖြေရေးနယ်ပယ်တရားသူကြီးရဲ့ ရှိုးကြောင့် ဒီဝယ်လက်တွေကိုသာ မဖမ်းမိဘူးဆိုရင် အဲဒီသူရဲကောင်းတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေက အချည်းနှီးဖြစ်သွားမှာ။"
"ဒါပေမယ့် ငါတကယ်ပဲ မှတ်ချက်ပေးချင်တာတစ်ခုက - ဖေးကျဲလိုမျိုး ဖျော်ဖြေရေးနယ်ပယ်ကတရားသူကြီးကို ဖော်ထုတ်နိုင်ခဲ့တဲ့ ဒါရိုက်တာနဲ့ ထုတ်လုပ်သူက ကျိန်းသေပေါက်အရည် အချင်းရှိရမယ်။"
"ဟားဟား 'My Acting, Cut!' 'The King of Hell's Roll Call' နာမည်ပြောင်းသင့်တယ်၊ ပေါ်လာတဲ့လူတိုင်း ဖော်ထုတ်ခံရတယ်။"
"ဖေးကျဲကို လျှော့တွက်မိတာမှားပါတယ်။ ပထမအပိုင်းသုံးပိုင်းမှာ ကြီးမားတဲ့ထုတ်ဖော်ပြောဆိုမှုတွေ အားလုံးလုပ်ခဲ့ပြီးပြီ ဖေးကျဲရဲ့ အရည်အချင်းတွေက ကန့်သတ်ချက်ပြည့်သွားခဲ့ပြီမို့လို့ ကျော်ကြားမှုကျဆင်းသွားမှာဆိုးလို့ ထပ်ပြီးထုတ်ဖော်မပြနိုင်တော့ဘူးထင်ခဲ့တာ။ ဒါ ပေမယ့်ဖေးကျဲကတော့ နယ်နိ မိတ်တွေကိုတိုက်ရိုက်ဖြတ်ကျော်ပြီး ကျင့်ဝတ်ပိုင်းဆိုင်ရာပြုပြင်မှုတွေအပြင် ဥပဒေဘက်ကိုပါဆက်လုပ်နေတာပဲ"
အွန်လိုင်းပေါ်တွင် လူအများကကျိန်ဆဲကြပြီး ရယ်မောနေကြကာ တရားဝင်အကောင့်များကပင် ရှိုးအဖွဲ့ နှင့်ထိပ်တန်းအဖွဲ့ အနုပညာရှင်များအား ၎င်းတို့၏ပံ့ပိုးမှုများကိုအသိအမှတ်ပြုကြောင်းဖော်ပြပြီး စင်မြင့်ပြဇာတ်ကိုသဘောကျကြသည်။
သို့သော် ဤမုန်တိုင်းအတွင်းလူအချို့သည် ပြဿနာဖြစ်နေသည့် ရေပြင်တွင် ငါးဖမ်းရန်ကြိုးစားကြသည်။ အချို့မှာ ပရမ်းပတာဖြစ်မှုကိုအခွင့်ကောင်းယူ၍ အပုပ်ချရန်ကြိုးပမ်းသောကြောင့် အချို့ကလွဲမှား စွာစွပ်စွဲခံရကြသည်။ တစ်ချိန်တည်းမှာပင် ဖြစ်ပျက်နေသည့်အရာအများကြီးကြောင့် လိမ် ညာခြင်းနှင့်အမှန်တရားအား ခွဲခြားရခက်သလို အင်တာနက်သုံးစွဲသူအချို့လည်း လမ်းလွဲသွားနိုင်သည်။
ကနဦးတွင်၊ မှားယွင်းစွပ်စွဲခံထားရသည့်အနုပညာရှင်များ သည် ၎င်းတို့၏ဖွင့်ထားသော Weibo အကောင့်များတွင် ၎င်းတို့အပြစ်ကင်းစင်ကြောင်း သက်သေပြသင့်သည်ဟုထင်မြင်ခဲ့သော်လည်း ယင်းက အနည်းငယ်မျှပင် အကျိုးသက်ရောက်မှုမရှိခဲ့ပေ။
စွင်းမန်၏သတင်း ပေါ်မလာခင်အထိဖြစ်သည်။
ခေတ်စားနေသည့် အကြောင်းအရာအသစ်ကိုတွေ့ သောအခါ ကျီဖေးအံ့အားသင့်သွားသည်။
"စွင်းမန်က ဒီပစ္စည်းကိုသုံးတယ်လို့ တစ်စုံတစ်ယောက်ကပြောနေတာလား?"
ချင်မိသားစုသည် စွင်းမန်နှင့်ပတ်သက်သည့် အကြောင်းအရာများအား ချက်ချင်းရှာဖွေခဲ့ပြီး ၎င်းတို့တွေ့ ရှိမှုကြောင့်လည်း ထိတ်လန့်သွားခဲ့ သည်။
"လန်ကျွယ်ယွင်ကြောင့် စွင်းမန်က သူ့ရည်းစားဟောင်းတစ်ယောက် အနေနဲ့ ဒါကိုလည်းသုံးဖူးလိမ့်မယ်- ဒါက ဘယ်လိုလော့ဂျစ်မျိုးလဲ?!" ချင်ရုန်က အော်သည်။
"စွင်းမန်မှာ နယ်ပယ်ထဲကပြိုင်ဘက်တွေရှိလား ?" မားမားချင်က စူးစူးဝါးဝါးမေးသည်။
" ငါတို့ စွင်းမန်ကိုလက်မှတ်ရေးထိုးပြီးသွားပြီဆိုတာ နယ်ပယ်ထဲကလူ တွေသိသင့်တယ်။ ဒီအချိန်မှာ ဖျော်ဖြေရေးလောကရဲ့ တရားသူကြီးနဲ့ ဘယ်သူရင်ဆိုင်ရဲမှာလဲ ?" ချင်ကျောက်က မျက်ခုံးပင့်လိုက်သည်။
ကျီဖေး ရယ်စရာကောင်းတာကိုတွေ့ ပေမယ့် စိတ်ထဲကတော့ သဘောတူခဲ့သည်။
"ဒါဆို လုပ်ငန်းပြင်ပက တစ်ယောက်ယောက်ဖြစ်နိုင်ပါ့မလား?" ပါးပါးချင်ကပြောသည်။
ချင်ရန် ရုတ်တရက်တွေးမိတာက "အဲဒါက သူ့ဆွေမျိုးတွေဖြစ်နိုင်လား ? သူတို့ တရားဆွဲဖို့ကြိုးစားနေတာမဟုတ်ဘူးလား? သူတို့ပြန်ကိုက်ဖို့ ကြိုးစားနေတာဖြစ်နိုင်တယ်?"
ကျီဖေးသည် ၎င်းကအဓိပ္ပါယ်ရှိသည်ဟု ချက်ချင်းခံစားရပြီး သူ၏စနစ် ဖြင့်အမြန်စစ်ဆေးခဲ့သည်။
[တကယ်ကို စွင်းမန်ရဲ့ အမေနဲ့ဦးလေးပဲ။ စွင်းမန်ရဲ့ သူတို့ကို တရားစွဲဖို့ ဆုံးဖြတ်ချက်က အရမ်းဝေးသွားတယ်လို့ခံစားမိတာကြောင့် ဒီအခွင့်အရေးကိုအသုံးချပြီး ပြန်ကိုက်ဖို့ဆုံးဖြတ်လိုက်ကြတာ။ သူတို့က တကယ့်ကို အရူးတွေပဲ။]
ဒီအဖြေကိုကြားတော့ချင်မိသားစုက ၎င်းတို့၏အပြုအမူသည် အလွန်မိုက်မဲသည်ဟုခံစားခဲ့ရသည်။
သို့ပေမယ့် အဖြစ်အပျက်များက မထင်မှတ်ဘဲဖြစ်ပေါ်လာသည်။
စွင်းမန်မှ ထိုသတင်းကိုသိသွားသောအခါမှာ Weibo တွင် ရှင်းညလင်းချက် တစ်ခုကိုချက်ချင်းတင်ခဲ့သည်။ သို့သော် စွင်းမန်၏မိခင်နှင့်ဦးလေး တို့သည် ၎င်းတို့၏ ID ကတ်များအား ကိုင်ဆောင်ထားသည့် ဗီဒီယိုအမြန်ပေါ်လာပြီး မိသားစုအပေါ်သစ္စာစောင့်သိမှုအကြောင်းငိုယိုကာ စွင်းမန်သည် သူ့တစ် ယောက်တည်းပျိုးထောင်လာခဲ့သည့် မိခင်အပေါ် သစ္စာမဲ့ပြီးရက်စက်သည်ဟုထပ်ခါတလဲလဲစွပ်စွဲခဲ့သည်။
ဆွေမျိုးရင်းချာများအနေနှင့် စွင်းမန်သည် မူးယစ်ဆေးသုံးစွဲသည်ဟု ဆိုသောအခါ အင်တာနက်အသုံးပြုသူအများစုသည် ၎င်းတို့၏စီရင် ဆုံးဖြတ်နိုင်စွမ်းကို ဆုံးရှုံးသွားကြသည်။ အမှန်ပင်၊ ဘယ်မိခင်က သူ့ ကလေးကို ဒီလိုစွပ်စွဲချက်မျိုးနဲ့ထိခိုက်စေမည်နည်း ?
သို့သော်လည်း သစ္စာရှိပရိသတ်များကတော့ သံသယရှိနေဆဲဖြစ်သည်။
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ? စွင်းမန်က မူးယစ်ဆေးသုံးခဲ့မယ်ဆိုရင်၊ သူက လန်ကျွယ်နဲ့ကြံရာပါဖြစ်လိမ့်မယ်။ ဒီလောက်ကြီး ပြုတ်ကျသွားတာ ဘယ်လိုဖြစ်နိုင်မှာလဲ?"
"သေချာတာပေါ့၊ လန်ကျွယ်နဲ့ အရမ်းရင်းနှီးလို့၊ သူမူးယစ်ဆေးသုံးခဲ့ရင် သေချာပေါက်စာရင်းထဲပါလာမှာ"
" ငါမှတ်မိတာသာမှန်မယ်ဆိုရင် စွင်းမန်လက်ထပ်ဖို့ အတင်းအ ကြပ် စေခိုင်းခံရတုန်းက ဒီမိခင်နဲ့ဦးလေးက သူတို့ရဲ့ အကျည်း တန်တဲ့ဘက်ကို ပြခဲ့ဖူးသလိုပဲ။"
စွင်းမန်၏မိခင်နှင့်ဦးလေးတို့၏ Weibo အကောင့်များတွင် မေးခွန်းထုတ်သည့် comment များလျင်မြန်စွာပြည့်လာသော် လည်း ၎င်း တို့ကိုဆက်တိုက်ဖျက်ပစ်ခဲ့ပြီး ချက်ချင်းဆိုသလိုပင် အင်တာနက် အသုံးပြုသူများ၏ပုန်ကန်သောစိတ်ဓာတ်ကို ဖြစ်ပေါ်စေခဲ့သည်။
အငြင်းအခုံများက တော်တော်လေးအသက်ဝင်သည်။
သို့သော်လည်းစွင်းမန်သည် မည်သူမဆိုအနိုင်ကျင့်နိုင်သည့် အကူအညီ မဲ့သားကောင်မဟုတ်တော့ချေ။
ဖေးမင်ရွမ်သည် စွင်းမန်၏မိခင်နှင့်ဦးလေးတို့၏စွပ်စွဲချက်များအား တိုက်ရိုက်လျစ်လျူရှုခဲ့ပြီး Weibo ပေါ်တွင် စွင်းမန်နှင့် စတင်ချိတ်ဆက် ကာ - စတူဒီယိုမှာ အားကောင်းတဲ့နောက် ထပ်ထပ်တိုးမှုအတွက် ဂုဏ်ပြုခြင်းဟူသည့် ဆောင်ပုဒ်ဖြင့်ရေးတင်ခဲ့သည်။
ထို့နောက်ဖေးမင်ရွမ်၏စီစဉ်မှုအောက်တွင် ချင်ကျောက်၊ ကျီဖေးနှင့် ယုရို့ရင်တို့က စွင်းမန်ကိုကြိုဆိုရန် ဆက်တိုက်ပြန်တင်ခဲ့ကြသည်။
တိုက်ရိုက်လျစ်လျူရှုခဲ့ပြီး Weibo ပေါ်တွင် စွင်းမန်အား Tag တွဲကာ စတူဒီယိုမှာ အားကောင်းတဲ့နောက်ထပ်ထပ်တိုးမှုအ တွက် ဂုဏ်ပြုခြင်းဟူသည့် ဆောင်ပုဒ်ဖြင့်ရေးတင်ခဲ့သည်။
ထို့နောက်ဖေးမင်ရွမ်၏စီစဉ်မှုအောက်တွင် ချင်ကျောက်၊ ကျီဖေးနှင့် ယုရို့ရင်တို့က စွင်းမန်ကိုကြိုဆိုရန် ဆက်တိုက်ပြန်တင်ခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ ကျီဖေး၏လမ်းပြနိုင်စွမ်းကို သူတို့အမှန်တကယ်သက်သေပြလိုက်ကြပြီး၊ သူ့ကိုပြန်တင်လိုက်တဲ့အခါ 99% က စွင်းမန်ရဲ့ အပြစ်ကင်းစင်မှုကို အခိုင်အမာယုံကြည်ခဲ့ကြသည်။
စွင်းမန်၏မားနှင့်ဦးလေးသည် မည်မျှပင်ငိုယိုပြီး သက်သေ အထောက်အထားအတုအယောင်များပြနေပါစေ လူအနည်းငယ်သာ အာရုံစိုက်မိတော့သည်။
နောက်ဆုံးတွင်၊ ဖေးမင်ရွမ်က : ကျွန်မတို့ရဲ့ စတူဒီယိုကိုဝင်ရောက်ဖို့ ပထမဆုံးခြေလှမ်းကတော့ ဝန်ထမ်းတွေအတွက် ထုံးစံအတိုင်းကျန်းမာရေးစစ်ဆေးခြင်းဖြစ်ပါတယ်ဟုစနောက် လိုက်သည်။