← Chapters

အခန်း (၁၇၈)

Vol. 18 Ch. 178

အခန်း (၁၇၈)

Vol. 18 Ch. 178

ထိုညနေပိုင်းတွင်ဖေးမင်ရွမ်သည် စွင်းမန်ဆေးမသုံးစွဲကြောင်း သက်သေပြရန်အတွက် စွင်းမန်၏ အမျိုးမျိုးသောစမ်းသပ်မှုရလဒ်များ အား သွယ်ဝိုက်သောနည်းဖြင့် ဓာတ်ပုံများတင်ခဲ့သည်။

ဤသို့နှစ်ထပ်ကွမ်းအတည်ပြုချက်များဖြင့် စွင်းမန်အား မည် သူက အသရေဖျက်ဝံ့မည်နည်း ?

စစ်ဆေးမှုရလဒ်များထွက်ပေါ်လာပြီးနောက် ဖေးမင်ရွမ်မှ လျင်မြန်စွာ ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့သည်- သူသည် စွင်းမန်၏မိခင်နှင့် ဦးလေးတို့အား ပုတ်ခတ်ပြောဆိုမှုများအ တွက် အယူခံဝင်မည်ဖြစ်သည်။

ယင်းသည်ချက်ချင်းပင် ဆွေးနွေးမှုလှိုင်းသစ်များအား ဖြစ်ပေါ်စေခဲ့ သည်။

ဤစံနှုန်းဖြင့် အပြစ်မရှိသည့် အခြားမှားယွင်းစွပ်စွဲခံရသောအနုပညာ ရှင်များသည်လည်း ၎င်းတို့၏အကျိုးစီးပွားကိုကာကွယ်ရန် အရှိန်မြင့်လာကြသည်။

သို့သော် စွင်းမန်၏မိခင်နှင့်ဦးလေးတို့၏အရှက်ကင်းမှုသည် စိတ်ကူးမ ယဉ်နိုင်သည်ထက်လွန်သွားခဲ့သည်။ သူတို့သည် ပညာမတတ် နားမ လည်သောကြောင့် အပြစ်မရှိဟုဟန်ဆောင်ကာ နစ်နာသူအနေဖြင့် ပြန်ကစားကြသည်။

စွင်းမန်၏ထူးဆန်းသည့် အပြုအမူအချို့ အားသတိပြုမိပြီး အခြေအနေ ကိုနားလည်မှုလွဲကာ ၎င်းတို့၏ဆွေမျိုးများလမ်း လွဲသွားမည်ကို စိုးရိမ်သောကြောင့်သာဖြစ်သည်ဟုဆိုကာ ၎င်းတို့သည် ရည်ရွယ်ချက်ကောင်းဖြင့်သာ ဖြစ်သည်ဟုဆိုကြသည်။

ထိုသို့သောတုံ့ပြန်မှုများကိုမြင်လျှင် ချင်မိသားစုလုံးဝစက်ဆုပ် သွားခဲ့သည်။

"ငါပြောနိုင်တာ တစ်ခုက၊ ရွံဖို့ကောင်းတဲ့တံခါးတွေက ပိုပြီးရွံဖို့ ကောင်းတဲ့အရာတွေကို ဖွင့်ပြထားတာပဲ - လုံးဝကို တုန်လှုပ်ချောက်ချားစရာပဲ။"

ချင်မိသားစု: တစ်ချို့လူတွေက သစ်ကြားသီးတွေလိုပဲကွဲအက် သွားဖို့လိုတယ်။

မကြာမီတွင်၊ ဖေးမင်ရွမ်သည် သူတို့၏အရှက်ကိုဖော်ထုတ်သည့် သက်ဆိုင်ရာစာရွက်စာတမ်းများအား တိုက်ရိုက်ထုတ်လွှတ်ကာ စွင်းမန်၏ပိုင်ဆိုင်မှုများကို လွှဲပြောင်းရှာဖွေခဲ့ကြောင်းသက်သေပြခဲ့ပြီး စွင်းမန်မှ သူ့ပိုင်ဆိုင်မှုကိုပြန်တောင်းသောအခါ နှိမ့်ချသည့်နည်းဗျူဟာအဖြစ် ဆဲဆိုခြင်းကိုအသုံး ပြုခဲ့သည်။

နောင်လာမည့်ပြဿနာများအားကာကွယ်ရန်အတွက် ဖေးမင်ရွမ်သည် စွ င်းမန်၏မိခင်နှင့်ဦးလေးသည် နှစ်ပေါင်းများစွာ စွင်းမန်အားမည်ကဲ့သို့ ဆက်ဆံခဲ့သည်ကို အသေးစိတ်ရှင်းပြထား သည်ကို အကောင့်တစ်ခုမှရေးတင်ခဲ့သည်။

၎င်းသည် မိသားစုဆက်ဆံရေးကိုအသုံးပြု၍ အနာဂတ်တွင် စိတ်ပိုင်းဆိုင်ရာခြယ်လှယ်မှုနှင့် ကိုယ်ကျင့်တရားဆိုင်ရာလှောင်ပြောင်မှုများကို ရှောင်ရှားရန်ဖြစ်သည်။

" ဘုရားရေ၊ သူ့သမီးရဲ့ အကျိုးစီးပွားကိုဆန့်ကျင်တဲ့ မိခင်တစ်ယောက်ကို ငါတစ်ခါမှမတွေ့ ဖူးဘူး။ အဲဒါက သူတို့ခေါ်ကြတဲ့ 'အကိုကို ထောက်ပံ့တဲ့နတ်ဆိုး' ဒါမှမဟုတ် 'တူလေးကို ထောက်ပံ့တဲ့နတ်ဆိုး' လား?"

" စွင်းမန်ရဲ့ ဦးလေးအကြောင်းတောင် မပြောရသေးဘူး၊ ဒါပေမယ့် စွင်းမန်ရဲ့ အမေကတော့ မိုးကြိုးပစ်ခံရဖို့ထိုက်တန်တယ်။ သူ့ဦးနှောက်က ဘာဖြစ်နေတာလဲ၊ သူ့အကိုနဲ့တူလေးအတွက် သူ့သမီးအရင်းကိုတောင် ဂုတ်သွေးစုပ်တယ်၊ ပြီးတော့ သူ့သမီးကိုတောင် မမှန်မကန်စွပ်စွဲနေတာလား? ဒါက စွင်းမန်ရဲ့ အသက်မွေးဝမ်းကြောင်းကို ဖျက်စီးနိုင်တယ်ဆိုတာ သူမသိဘူးလား?"

" တချို့မိန်းမတွေက ယောက်ျားတွေကို ကိုးကွယ်တာထက် ဘယ်အရာကမှ သူတို့အတွက်အရေးမကြီးဘူး။ စွင်းမန်သာယောက်ျားလေးဆိုရင် စွင်းမန်ရဲ့အမေက သားကိုအကာအ ကွယ်ပေးတဲ့ အရူးတစ်ယောက်ဖြစ်လိမ့်မယ်လို့ ငါ အာမခံတယ်။"

"စွင်းမန်ရဲ့ အမေက သူ့ကိုယ်သူနှိမ့်ချထားသလို သူ့သမီးကိုလည်းနှိမ့်ချ ထားတယ်။ သူက single mother တစ်ယောက်အနေနဲ့ ယောက်ျားတွေကို အားကိုးမှသာရှင်သန်နိုင်မယ်လို့တွေးနေတာ။ သူတို့တစ်မိသားစုလုံးက စွင်းမန်ရဲ့နောက်မှာ နေထိုင်ခဲ့ကြပေမယ့် အစ်ကိုတွေရဲ့ပံ့ပိုးကူညီမှုမပါဘဲ မထိန်းနိုင်ဘူးလို့ အခိုင်အမာယုံကြည်နေတုန်းပဲ။ သူ့ဦးခေါင်းခွံကို ဖွင့်ပြီး ရှင်းပြရင်တောင် နားထောင်မှာမဟုတ်ဘူး။"

"ဒါက တစ်ကိုယ်ကောင်းဆန်တာဘဲ။ သူက သူ့သမီးကိုစော် ကားတာ ကနေ ဆိုးဆိုးရွားရွားအကျိုးဆက်တွေ ရှိလာမှာမဟုတ်ဘူးဆိုတာသိတယ်၊ ဒါပေမယ့် အစ်ကိုနဲ့တူလေးကို စော်ကားတာကတော့ စွန့်ပစ်ခံရလိမ့်မယ်၊ အဲ့တာကြောင့်သူက နှစ်ဖက်လုံးကိုထိန်းထားဖို့အတွက် သူ့ သမီးကိုစတေးလိုက်တာ"

အွန်လိုင်းပေါ်မှဝေဖန်သံများကိုမြင်လိုက်ရတော့ မားမားစွင်းကြေကွဲသွားသည်။

စွင်းမန်၏အိမ်မှမထွက်သေးဘဲ မားမားစွင်းသည် စွင်းမန်၏ ဦးလေးနှင့် တူလေးတို့နှင့်အတူ အဖြေရှာရန်ကြိုးစားနေသည်။

အင်တာနက်သုံးစွဲသူတွေက သူ့နောက်ကြောင်းကိုတူးတော့မှာကိုမြင် တော့ တူဖြစ်သူက မားမားစွင်း၏လက်ကို ချက်ချင်းခါချပြီး " အဒေါ်ရဲ့သမီးကိုမထိန်းနိုင်တာ အဒေါ်အပြစ်ပဲလေ။ ကျွန်တော်ဆိုက်ဘာ အနိုင်ကျင့်ခံရရင် အဒေါ်ကြောင့်ပဲ” ဟု ဒေါသတကြီး စွပ်စွဲခဲ့သည်။

စွင်းမန်၏ဦးလေးဖြစ်သူက သူရလာသည့်ရှေ့ နေစာကိုကြည့်ရင်း "ငါ သတိပေးတာပါ၊ တရားရုံးရောက်ရင် ဒါတွေအားလုံးက မင်းရဲ့အကြံအစည်တွေပဲလို့ အားလုံးကိုပြောရမယ်၊ ပြီးတော့ ငါတို့က ဒီအကြောင်းဘာမှမသိဘူး၊ မင်းသာ အပြစ်အား လုံးကိုမခံယူပေးရင် ငါမင်းကို ငါ့ညီမအဖြစ် ဘယ်တော့မှ အသိအမှတ်ပြုတော့မှာမဟုတ်ဘူး၊ ပြီးတော့ ငါ့သားကလည်း မင်းကိုအဒေါ်အဖြစ်သတ်မှတ်တော့မှာမဟုတ်ဘူး။ နားလည်လား?"

မားမားစွင်းသည်ဖြူဖျော့သွားကာ လှည့်လာပြီး " နင်ဘာကိုဆိုလိုချင်တာလဲ. "

"ဟုတ်တယ်၊ ထောင်ကျရင်ပဲဖြစ်ဖြစ်၊ ဒဏ်ငွေပဲပေးရပေးရ၊ ဘာပဲ ဖြစ်ဖြစ် မင်း အကုန်တာဝန်ယူရမယ်" စွင်းမန်၏ဦးလေးသည် ဒေါသတကြီးအော်လိုက်သည်။

"မင်းသမီးရဲ့လုပ်ရပ်ကို မင်း တာဝန်ယူရမှာသေချာတယ်။ သူမင်းကို သေသေရှင်ရှင်လွှတ်ထားလိမ့်မယ်လို့တော့ ငါမယုံဘူး"

မားမားစွင်းသည် ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။ သူသည် အနည်းငယ်ငိုလျှင် တစ်ဖက်လူက သူ့အားပျော့ပျောင်းပြီး ခွင့်လွှတ်မည်ဟုယုံကြည်ကာ သူ့သမီးကိုအကူအညီတောင်းရုံသာခေါ်နိုင်သည်။

သို့ပေမယ့် ဖုန်းဆက်လိုက်သည့်အခါမှာတော့ ဖေးမင်ရွမ်ကဖြေကြားခဲ့သည်။

"တောင်းပန်ပါတယ်၊ တရားရုံးကြားနာမှုမတိုင်ခင်အထိ စွင်းမန်ရဲ့ဖုန်းခေါ်ဆိုမှုအားလုံးကို ကျွန်မက ကိုင်တွယ်မှာပါ။ ဖုန်းဆက်ပြီး အချိန်မဖြုန်းပါနဲ့၊ ဥပဒေနဲ့အညီဆုံးဖြတ်ရအောင်"

ဘယ်သူ့ကိုမှဆက်သွယ်လို့မရတော့ မားမားစွင်းမှ လုံးဝကိုထိတ်လန့် သွားသည်။ သူရုတ်တရက် တစ်စုံတစ်ခုကိုနားလည်သွားပုံရသည်။

စွင်းမန်၏ဦးလေးနှင့်သူ့သားတို့သည် သူနှင့်အမှန်တကယ်မသက်ဆိုင်ခဲ့ဘဲ အမှန်တကယ်ပိုင်ဆိုင်သည့်အရာများအားဆုံး ရှုံးခဲ့ရသည်။

သို့ပေမယ့် သူ ဘယ်လောက်ပဲငိုပြီးထအော်နေပါစေ သတ်သေဖို့တောင် ခြိမ်းခြောက်နေပါစေ အခုမူ အသုံးမဝင်တော့ချေ။

အေးစက်မှုကလွဲလျှင်၊ အဝေးမှကိစ္စများအား ကိုင်တွယ်တာ ခြင်းကလွဲလျှင်၊ မားမားစွင်းသည် စွင်းမန်အား ဘယ်တော့မှမတွေ့ ရတော့ပေ။

အဆုံးတွင်၊ ထိုမှားယွင်းသည့်စွပ်စွဲချက်သည် စွင်းမန်၏နှလုံး သားကို အမှန်တကယ်အေးခဲသွားစေခဲ့သည်။

ထိုအချိန်တွင်ကျီဖေးသည် ချင်မိသားစုအိမ်တွင်နေထိုင်ပြီး ဒရာမာ ဇာတ်လမ်းတွဲကို တိတ်တဆိတ်လိုက်ကြည့်နေခဲ့သည်...

"ကောင်းကောင်းလုပ်ခဲ့တယ်၊ ဖေးကျဲ၊ သနားစရာကောင်းတဲ့လူတွေက စက်ဆုပ်ရွံရှာဖွယ် အသွင်အပြင်တွေရှိရမယ် - နင်ဒီလိုမျိုးချော့မော့လို့ မရဘူး။ သူတို့က စိတ်ပိုင်းဆိုင်ရာခြိမ်း ခြောက်မှုတွေအတွက် မိသားစုဆက်ဆံရေးကိုအသုံးချချင်နေသေးတာလား ? အိပ်မက်မက်နေတာပဲ၊ ဒါပေမဲ့ စွင်းမန်ရဲ့ ဦးလေးရော သူ့သားကိုပါမလွှတ်လိုက်နဲ့၊ သူတို့ကို ဖော်ထုတ်လိုက်၊ "

မကြာသေးမီရက်များအတွင်း၊ ချင်ရှန့်၊ ချင်ကျောက်နှင့် ချင်ရန်မှလွဲ၍ ချင်မိသားစုတွင်းရှိအခြားသူအားလုံးသည် ဒရာမာကိုလိုက်ကြည့်ရန် အဆင်ပြေသောကြောင့် ကျီဖေးနှင့်အိမ်တွင်နေခဲ့သည်။

ကျီဖေးက သူတို့ဘာမှမလုပ်ဘဲ အင်တာနက်သုံးနေကြတာကိုတွေ့ လိုက်သည့်အခါ လူတိုင်းက စိတ်ဝင်စားစရာကောင်းသည့်အတင်းအဖျင်းများအား မျှဝေနေသည်ဟုထင်ခဲ့သည်။

နောက်ဆုံးတော့၊ ဒီအဖြစ်အပျက်သည် ပြင်းထန်သည့်ဒရာမာဇာတ်ခင်းပြီး ရက်သတ္တပတ်တစ်ပတ်လုံးအချိန်ယူခဲ့ရတာကြောင့် လူတိုင်းသည် အတင်းအဖျင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ အမျိုးမျိုးသောဈေးကွက် ရှာဖွေရေးအကောင့်များ သည် ၎င်းတို့၏ နှစ်စဉ် KPI များကို အချိန်ဇယားထက်စောပြီး အောင်မြင်နိုင်ဖွယ်ရှိသည်။

နောက်ဆုံးတော့ စွင်းမန်ရဲ့ကိစ္စက စိတ်ပျက်စရာမရှိချေ။ မားမားစွင်းနှင့်စွင်းမန်၏ဦးလေးနှစ်ဦးစလုံးသည် ပြစ်ဒဏ်ချမှတ်ခံရပြီး တူဖြစ်သူ မှာအကျိုးခံစားခွင့်တစ်ခုမှမရရှိဘဲ ရောင်းမကုန်သေးသည့်အိမ်ခြံမြေ အားလုံးကိုပြန်လည်ရရှိခဲ့သည်။

ဆုံးရှုံးမှုများစွာရှိခဲ့သော်လည်း၊ ၎င်းသည် အနာဂတ်တွင်တရား ဝင်လိုအပ်သည့် ထောက်ပံ့ကြေးငွေများသာကျန်ရှိပြီး နောက် ဆုံးတွင် ကပ်ပါးကောင်ကဲ့သို့မိသားစုအားဖယ်ရှားပစ်ရန်ဆိုလိုခြင်းဖြစ်သည်။

သို့သော်လည်း ရလဒ်များထွက်ပေါ်လာပြီးနောက်တွင် စွင်းမန်သည် သူ့ မိခင်အပေါ် ရက်စက်လွန်းသည်ဟု အွန်လိုင်းမှလူအချို့က လှောင်ပြောင်ပြောဆိုနေကြဆဲဖြစ်သည်။

"သေချာပါတယ်၊ တစ်ယောက်ယောက်ကနည်းနည်းလေး တင်းတင်း ကျပ်ကျပ်ပြုမူလာတာနဲ့၊ ကိုယ်ကျင့်တရားစောင့် ထိန်းသူအုပ်စုက ဝေဖန်ဖို့ထွက်လာကြပြီ။ သူတို့က ဒဏ်ခတ်ခံရသူတွေမဟုတ်တဲ့အတွက် တခြားသူတွေရဲ့ နာကျင်မှုကို ဂရုမစိုက်ဘူး၊ သူတို့က ကိုယ်ကျင့်တရားမြင့်မားအောင် ပညာပေးဖို့ပဲလိုချင်တာ။ သူတို့အားလုံးကို report ထုကြရအောင်။"

ချင်မိသားစုသည် report ခလုတ်များအားနှိပ်ရာတွင် တိတ်တ ဆိတ်ပါဝင်လာခဲ့သည်။

စွင်းမန်၏တုံ့ပြန်မှုသည် ကျီဖေးအား စိတ်မပျက်စေခဲ့ပေ။ သူသည် အခြားသူများကောင်းစွာလုပ်ဆောင်သည်ကိုမြင်လျှင် သည်းမခံနိုင်သ ည့် ထိုအသံများအားလျစ်လျူရှုခဲ့ပြီး၊ စီနီယာလုဖေးအား ရံဖန်ရံခါ စစ်ဆေးနေကာ တိတ်တဆိတ်ပြန်လည်ကောင်းမွန်လာပြီး ဖေးကျဲ၏နောက်လာမည့်ညွှန်ကြားချက်များအားစောင့်မျှော်နေသည်။

သူထောင်ထဲရောက်မချင်း မားမားစွင်းသည် စွင်းမန်ကိုမတွေ့ ရပေ။ ဖေးကျဲ၏အဆိုအရ စွင်းမန်၏မိခင်သည် သူ့ဝိညာဉ်ဆုံးရှုံးသွားပုံရပြီး "ငါမှားပါပြီ ငါမှားပါပြီ..." ဟုအော်နေ သည်။

သို့ပေမယ့် အရမ်းနောက်ကျသွားပြီ။

ဒီမုန်တိုင်းအပြီးတွင် ဖျော်ဖြေရေးနယ်ပယ်သည် အမှန်ကိုသန့် ရှင်းလာခဲ့သည်။

အမှန်ပင်၊ ၎င်းသည် လူများစွာ၏ငွေပင်များအား ဖြတ်တောက်ထား သောကြောင့် အရင်းရှင်များ၏အကျိုးစီးပွားကိုလည်း ထိခိုက်စေခဲ့သည်။

ချင်အဖွဲ့ အစည်း၏ ပံ့ပိုးကူညီမှုဖြင့်ပင်၊ အချို့သောသူများသည် ချင်ကျောက်နှင့်ကျီဖေးတို့အားသင်ခန်းစာတစ်ခုပေးရန်ပင် ပြင်ဆင်နေသည်။

သို့ပေမယ့် သူတို့ရဲ့အလုပ်သစ်မထွက်ခင် ချင်ကျောက်ကသူ့ရဲ့ ယာယီနုတ်ထွက်ကြောင်းကြေငြာချက်ကို ထုတ်ပြန်ခဲ့ပြီး နိုင်ငံ တကာဖျော်ဖြေရေးနယ်ပယ်တွင် နောက်ကွယ်မှခေတ္တလုပ်ကိုင်ရန် ပြည်တွင်းဖျော်ဖြေရေးလုပ်ငန်းမှ ထွက်ခွာတော့မည်ဟုဆိုသည်။

ဒါက သူတို့လက်လှမ်းမမီတော့တာမို့ ထိပ်တန်းကြယ်ပွင့်ချင်ကျောက်ရဲ့ပရိသတ်တွေက မျက်ရည်စက်လက်နဲ့ နှုတ်ဆက်ရုံကလွဲ၍ ထိုပြဿနာရှာချင်သူများသည် ကျီဖေးကိုပဲအာရုံစိုက်ပြီး သူတို့ရဲ့ပစ်မှတ်ပြောင်းသွားရုံသာတတ်နိုင်သည်။

သို့ပေမယ့်မမျှော်လင့်ဘဲ အချိန်အကြာကြီးစောင့်ဆိုင်းပြီးနောက် တက်ကြွစွာကမ်းလှမ်းနေသည့်အလုပ်အခွင့်အလမ်းများစွာကိုကြားသိရပြီးနောက်မှာတော့ ဖေးမင်ရွမ်ဟာ ကျီဖေး၏ပြည်တွင်းဖျော်ဖြေရေး နယ်ပယ်၏တရားသူကြီးဂုဏ် ပုဒ်သည် နောက်ထပ်ထိပ်တန်းကြယ်ပွင့်ဖြစ်လာမည်ဟု လူတိုင်းကထင်ခဲ့ကြသည်။

သို့ပေမယ့် သူတို့စောင့်ဆိုင်းပြီးစောင့်ဆိုင်းခဲ့ကြပြီး စွင်းမန်မှအလုပ်စလုပ်ပြီးနောက်တွင်တောင် ကျီဖေးသည်ဖျော်ဖြေရေးနယ်ပယ်ထဲ ခေတ္တခရီးထွက်လာသလိုပင် ပေါ်မလာခဲ့ချေ။

သူ တကယ်ပဲ ကစားနေတာလား ?

သို့သော် မူရင်းစတူဒီယိုပိုင်ရှင်နေရာသည် ပြောင်းလဲသွားနိုင်ပြီး ချင်ကျောက်လုံးဝဆုတ်ခွာသွားသဖြင့် ကျီဖေးတစ်ဦးတည်းသာကျန်ခဲ့သည်ကို သတိထား၍လေ့လာသူများက သတိပြုမိမည်ဖြစ်သည်။

အနုပညာရှင်တစ်ယောက်ဖြစ်မယ့်အစား သူဌေးဖြစ်ဖို့ပြောင်းခဲ့တာလား ?

ကျီဖေးအား ခေတ်စားနေသည့်အကြောင်းအရာများထံသို့ ပရိတ်သတ်များမှ စိုးရိမ်သောကရောက်နေသည့်မက်ဆေ့ချ်များအထိထင်ကြေးပေးမှုများ အများအပြားရှိခဲ့ပြီး " ဒီမှာပဲနေပါ၊ အနားယူပါ၊ အသက်ဝဝရှူပါ" ဟု တုံ့ပြန်ခဲ့သည်။

စတူဒီယိုထဲတွင်ဖေးမင်ရွမ်က ဒေါသတကြီးဖြင့် မျက်လုံးပြူးသွားသည်။ အလုပ်ခေါ်စာများသည် အခုအချိန်တွင် အထွတ် အထိပ်ရောက်နေပြီဖြစ်၍ သူတကယ်ပဲ အလုပ်စီစဉ်ချင်ပေမယ့် တစ်စုံတကျီတဖေးကတော့ ငါးဆားနယ်လိုလဲလျောင်းနေတာပင်...

"ကောင်းပြီ၊ အထွတ်အထိပ်ရောက်ပြီးမှပြန်ဆုတ်ရတာက ဆိုးတော့မဆိုးပါဘူး။ ပြည်တွင်းဖျော်ဖြေရေးနယ်ပယ်ကတရား သူကြီးဆိုတဲ့ ခေါင်းစဉ်က အရမ်းကြီးပြီးဒုက္ခပေးတယ်။ အပူတွေလျော့သွားရင် မင်း အတွက် အလုပ်တွေစီစဉ်ပေးမယ်" ဟု ဖေးမင်ရွမ်က သူ့ကိုယ်သူနှစ်သိမ့် နိုင်ခဲ့သည်။

ကျီဖေးက နာခံစွာသဘောတူလိုက်သည်။ ဤအချိန်တွင်သူသည် နာခံမှုရှိရန်လိုအပ်သည်၊ အမှန်မှာ၊ သူ အလွန်အကျွံအခွင့်ကောင်းယူနေတာကြာပြီဖြစ်သည်။

ယခုပင်ကျီဖေးသည် သူ့ဘေးမှစားပွဲခုံရှိလူနှစ်ယောက်ကို မယုံနိုင်လောက်အောင်ကြည့်နေသေးသည်။

ချင်ရှန့်နှင့် ချင်ကျောက်တို့သည် နောက်ဆုံးစာရွက်စာတမ်းလုပ်ငန်းစဉ်ကိုကိုင်တွယ်ဆောင်ရွက်နေကြသည်။

ချင်ကျောက်ကပခုံးတွန့်ပြီး " ကျွန်တော်နဲ့အတူယူသွားဖို့ ရန်ပုံငွေ တစ်စိတ်တစ်ပိုင်းထုတ်ပြီးပြီ၊ ကျန်တာတွေကတော့ ကျွန်တော့်ရဲ့အာ့စောင်အတွက် လက်ဆောင်ပေါ့။"

ချင်ရှန့် ခေါင်းညိတ်ပြီး "Qin Group နာမည်နဲ့ ဘဏ္ဍာငွေရဲ့သုံးပုံတစ်ပုံကို ငါ ထည့်မယ်၊ ဒါပေမယ့်ရှယ်ယာကတော့ ကျီဖေးရဲ့ရင်းနှီးမြုပ်နှံမှုထက်ကျော်မှာမဟုတ်ဘူး။ နောက်ဆို ကျီဖေးက ဒီမှာတစ်ဦးတည်းသောသူဌေးဖြစ်လာလိမ့်မယ်"

ဖေးမင်ရွမ်သည် Qin Group ၏ကျောထောက်နောက်ခံကို အခြားသူများသိရှိစေရန်ရည်ရွယ်ချက်ဖြင့် ကျေနပ်စွာပြုံးလိုက်သည်။ ကျီဖေး အပေါ်သူ့သဘောထားက စိတ်ပျက်အား ငယ်နေသည့်အပြုံးတစ်ခုကနေ ချက်ချင်းပြောင်းလဲသွားပြီး

"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်"

ချင်ရှန့် ကျီဖေးကိုလှည့်ကြည့်လိုက်တော့ သူ၏မှိန်းနေသည့် အမူအရာကိုမြင်ပြီး သူက အပြုံးလေးနှင့် "ဒီအစီအစဉ်ကို ကျေနပ်ရဲ့လား?"

ကျီဖေး အနည်းငယ်အပြစ်ရှိသလိုခံစားရသော်လည်း ခေါင်း ညိတ်ပြလိုက်သည်။

"အင်း ကျေနပ်စရာပါပဲ.. ရှင့်ဆီမှာ ရင်းနှီးမြုပ်နှံထားတဲ့ ကျွန်မပိုက်ဆံတွေကို ကျွန်မရဲ့ရင်းနှီးမြုပ်နှံမှုဝေစုအတွက် သုံးသင့်တာမဟုတ်ဖူးလား ?”

ကျီဖေးသည် သူ့တွင်ကိုယ်ပိုင်ငွေရှိသော်လည်း ချင်ရှန့်မှ ရင်း နှီးမြုပ်နှံမှုထဲ အဘယ်ကြောင့်ပါဝင်ထောက်ပံ့နေရသည်ကို သူ နားမလည်နိုင်ပေ။ မလောက်ဘူးလား ?

ချင်ရှန့် မျက်လုံးများအနည်းငယ်မှိန်သွားသည်။ စတူဒီယိုထဲသို့ သူ စီမံခန့်ခွဲသည့် ကျီဖေး၏ပိုက်ဆံအားလုံး ရင်းနှီးမြုပ်နှံခြင်းသည် အန္တရာယ်များပြီး... တစ်စုံတစ်ယောက်မှ သူ့အားကွာရှင်းရန် ချက်ချင်းသတ္တိရှိသွားလိမ့်မည်။ သူ.. ထိုအကြံကို ကျီဖေးအား အားမပေးချင်ပေ။

"မင်းရဲ့ ရင်းနှီးမြုပ်နှံထားတဲ့ငွေတွေကို မလွှဲပေးရသေးတဲ့အ တွက်အသုံးမပြုနိုင်သေးဘူး"

ကျီဖေး သူ့ဘာသာတွေးပြီး စိတ်မသက်မသာဖြစ်နေတုန်း [ကွာရှင်း ပြီးရင် ဒါက ငါ့အပိုင်ဖြစ်သွားမှာမဟုတ်ဖူးလား ?]

ချင်ရှန့်: ...

ချင်ကျောက်: ငါ ဘာမှမကြားလိုက်ဘူး။

ချင်ရှန့် " ဒါ့ပြင် မင်းရဲ့ခင်ပွန်းတစ်ယောက်အနေနဲ့၊ ကိုယ့်ပိုက်ဆံက မင်းပိုက်ဆံပဲလေ၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မင်းရဲ့ နာမည်အောက်မှာရှိနေတာက အမြဲတမ်း မင်းအပိုင်ပဲ။ ရိုးရိုးရှင်းရှင်းပြောရရင် အနာဂါတ်မှာ ဒီစတူဒီယိုကနေ အမြတ်တွေအားလုံးကို မင်းပဲ ပိုင်လိမ့်မယ်။"

ရင်းနှီးမြုပ်နှံမှုတွေအကြောင်း အများကြီးနားမလည်ပေမယ့် ထိုရှင်းပြချက်သည် ကျီဖေးအား မျက်လုံးများတောက်ပလာစေသည်။ ပိုက်ဆံတွေဆုံးရှုံးသွားတဲ့အခါ အပြစ်ရှိသလိုခံစားရပြီး တကယ့်နာကျင်မှုကဘာမျလဲ ?

[ဟဲဟဲ၊ အခုဆိုငါ့အတွက် ပိုက်ဆံတွေရှာပေးဖို့ ယုရို့ရင်နဲ့စွင်းမန်ရှိတယ်၊ ငါ ဘာကိုစိတ်ပူရမှာလဲ? အနားယူချင်ရင်အနားယူလို့ရတယ် အရမ်းပျင်းလာတဲ့အခါ ပြဇာတ်ကြည့်ဖို့ အနုပညာလောကထဲကို ပြန်ခုန်ဝင်လိုက်မယ်။]

ချင်ရှန့်၏အကြည့်သည် ပိုနူးညံ့လာသည် - သူ စိတ်တိုင်းကျ ပျော်ရွှင်ခွင့်ပြုလိုက်မည်သာ။

သူတို့အနီးရှိ ချင်ကျောက်သည် သူ့မရီးကသာ သူ့အစ်ကိုဖြစ် သူ၏စိတ်ခံစားချက်များအား ပွင့်ပွင့်လင်းလင်းထုတ်ပြနိုင်မည်ဟုတွေးကာ တအံ့တသြဖြင့်ကြည့်နေလေသည်။

သူတို့၏ညနေခင်းအစီအစဉ်များအား ရုတ်တရက်သတိရပြီး " မင်းတို့ နှစ်ယောက် ဒီည မင်းတို့ရဲ့အတန်းပြန်ဆုံပွဲကို တကယ်တက်မှာလား ?" ဟု မမေးပဲမနေနိုင်ပေ။

ချင်ကျောက် သူ့အစ်ကိုကို အဓိပ္ပာယ်ရှိရှိစိုက်ကြည့်လိုက်သည်။

ချင်ရှန့် လျစ်လျူရှုပြီးခေါင်းညိတ်ပြကာ- တကယ်တော့ အဲ့တာက ကျီဖေးအဲ့အကြောင်းကိုကြားပြီး တွေ့ဆုံပွဲတက်ဖို့တွန်းအားပေးခဲ့ခြင်းပင်။

All Chapters