အခန်း (၁၈၁)
Vol. 19 Ch. 181
ကျီဖေးသည် အတင်းအဖျင်းများကို နားထောင်ချင်လိုစောဖြင့် အမြန်လျှောက်လာသောကြောင့် ထောင့်တစ်နေရာတွင် လူတစ်ယောက်ဖြင့် တိုက်မိလိုက်ကာ ထိုသူသည် ဟန်ချက်ပျက်သွားပြီး သူ့လက်ထဲရှိသေတ္တာသည် ကျီဖေးဆီပုံကျလာတော့သည်။
သူမ အချိန်မီ မရှောင်လိုက်နိုင်သဖြင့် ထိုပစ္စည်းများကျလာသည့်အချိန်တွင် သူမ ခါးတစ်ဝိုက်နွေးထွေးလှသော လက်တစ်စုံသည် သန်မာလှစွာရစ်ပတ်လာပြီး ကာပေးလိုက်သည်။
ချက်ခြင်းဆိုသလို ကျီဖေးသည် ခက်မာမာ ရင်ဘတ်ကြားတွင် ပိတ်မိသွားပြီး ထိုကျလာသေည ပစ္စည်းများသည် သူမကို တစ်စက်လေးမှ မထိမိချေ။
ယခုဆိုလျှင် ချင်ရှန့်၏လက်မောင်းသည် သူမ ခါးတွင် ရစ်ပတ်ထားပြီး အခြားလက်တစ်ဖက်သည် သူမ မျက်နှာကို ဖုံးအုပ်ထားသောကြောင့် တစ်ခုမှမရောက်ရှိနိုင်ချင်းပင်။ ချင်ရှန်း၏ ကာကွယ်ပေးမှုအောက် သူမ မှဲ့တစ်ပေါက်ပင် မစွန်းထင်းခဲ့ရချေ။
"မင်းအဆင်ပြေရဲ့လား?" သူမ၏ ခေါင်းထက်တွင် ခပ်ဩဩအသံတစ်ခုသည် ပဲ့တင်ထပ်လာကာ သူ၏ အေးစက်မှုသည် စိုးရိမ်စိတ်ကို မဖုံးထားနိုင်ချေ။
ကျီဖေး ခဏတာ အံ့အားသင့်သွားသည်။
"ကျွန်မအဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်"
ချင်ရှန့်သည် ကျီဖေးကို လွှတ်ပေးပြီး ၎င်းတို့နှစ်ယောက်လုံး လဲကျနေသော မိန်းကလေးကိုကြည့်လိုက်သည်။ သူမသည် ဆံပင်ကိုမြင်းမြှီးပုံစံ ခပ်မြင့်မြင့်စီးထားပြီး အမဲရောင် face maskကိုကပ်ထားသော သူမနံဘေးတွင် သေတ္တာထဲမှပြုတ်ကျလာသည့် မိတ်ကပ်ပစ္စည်းများပုံကျလို့နေသည်။
အမျိုးသမီးသည် အမြန်ထကာ mask ကို ဆွဲချပြီး "တောင်းပန်ပါတယ် ကျွန်မ တောင်းပန်ပါတယ် ရှင်တို့တစ်ခုခု... ကျီလောင်ရှစ် ?!"
ကျီဖေးသည် သူမကို မှတ်မိပေသည်ယ - သူမသည် "My Acting, Cut!" ရှိုးတွင် ကျီဖေးတို့အဖွဲ့အတွက်မိတ်ကပ်ပြင်ပေးသည့် လက်ထောက်ဖြစ်နေသည်။ သူ့နာမည်မှာ ထန်အာဖြစ် သည်။
"ထန်အာ? နင်ပဲ"
ထန်ကျန်းလည်း ကျီဖေး သူ့ကိုမှတ်မိသည့်အတွက် အံ့သြသွားပုံရပြီး "တောင်းပန်ပါတယ် ကျီလောင်ရှစ်၊ ကျွန်မသေချာမကိုင်ထားမိတာ ကျွန်မ အမှားပါ"
"ရပါတယ် ကိစ္စမရှိပါဘူး၊ ဒါပေမယ့် နင်... နင့် ကြည့်ရတာ အဆင်မပြေတဲ့ပုံပဲ" ကျီဖေးသည် သူမကို တစ်ချက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
ထန်ကျန်း၏ မျက်နှာသည် မျက်လုံးအောက်တွင် မည်းမှောင်နေပြီးပင်ပန်းနွမ်းနယ်နေသည့် အရိပ်အယောင်များထင်ရှားစွာပြသနေသည်။ သူမ ကောင်းကောင်းအနားမယူခဲ့ရပုံရပြီး သိသိသာသာ ပင်ပန်းနွမ်းနယ်နေပုံသဖြင့် သူမကို တိုက်မိရုံဖြင့် လဲကျသွားခြင်းဖြစ်သည်။
ထန်ကျန်းသည် ခေါင်းမာစွာ ငြင်းဆန်ချင်ဟန် အပြုံးပါးပါးတစ်ခုကို ခပ်သာသာလေး ချိတ်ဆွဲလိုက်ပြီး "ကျွန်မ အဆင် ပြေပါတယ်၊ နည်းနည်းအလုပ်များလို့စားစရာကို ဂရုမစိုက်မိတာပါ၊ ကြည့်ရတာ သွေးတွင်းသကြားဓာတ်နည်းလို့ နည်းနည်းမူးသွားတဲ့ပုံပဲ"
ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှာ လူတစ်ယောက်သည် ထန်အာကို လှမ်းခေါ်လာသည်။
ထန်ကျန်းသည် ကျီဖေးကို အလျင်စလိုပြောလာသည်။ "ကျွန်မကို သွားခွင့်ပြုပါဦး မစ္စကျီ"
သူ စကားပြောနေစဉ်တွင် ကျီဖေးအနားတွင်ရပ်နေသော ချင်ရှန့်ကိုမကြည့်ပဲမနေနိုင်တော့ချေ။
သူမသည် ၎င်းတို့အဖွဲ့၏ မိတ်ကပ်ပညာရှင်ဖြစ်သောကြောင့် ချင်ရှန့်ကို အကြိမ်ပေါင်းများစွာ မြင်ဖူးသော်လည်း ထိပ်တန်းနာမည်ကျော် ချင်ကျောက်နှင့် ယှဉ်လျှင်တောင် ချောမောလှသော ရုပ်ရည်နှင့် ကျော်ဇောလှသော ဂုဏ်သတင်းကြောင့် အံ့ဩပင့်သက်မိသည်။ သူမသည် မိတ်ကပ်ပညာရှင် တစ်ယောက်ဖြစ်သောကြောင့် သူ့ရုပ်ရည်အပေါ် တွေ့တိုင်းအံ့ဩမိသည်။
သူမသည် ၎င်းတို့ နှစ်ယောက်အိမ်ထောင်ကျကြောင်း ရံဖန်ရံခါ ကြားသိသော်လည်း ၎င်းတို့သည် နှိမ့်ချစွာနေတက်သည်။ ၎င်းတို့အသိုင်းအဝိုင်းတွင် အတွင်းသတင်းများကို အတင်းအဖျင်း ပြောရဲမည့်သူ မရှိသောကြောင့် ယနေ့ညတွင် ၎င်းတို့နှစ်ယောက် အတူရှိနေကြခြင်းနှင့်ပတ်သက်၍ ထူးထူးခြားခြား စူးစမ်းလိုစိတ်မရှိခဲ့ပေ။
၎င်းတို့နှစ်ယောက်ကို အတူတွဲမြင်လိုက်ရချိန် သူမလိုမျိုး အဆင့်အတန်းခပ်မြင့်မြင့်ရှိသည် မိတ်ကပ်ပညာရှင်တစ်ယောက်အဖို့ ထိုစုံတွဲ၏ ဆွဲဆောင်မှုကိုမတွန်းလှန်နိုင်ပေ။
ထန်ကျန်း စကားဆိုပြီးနောက် ကြမ်းပြင်ပေါ်ရှိ မိတ်ကပ်ပစ္စည်းများကို အမြန်ကောက်ယူလိုက်သည်။ ကျီဖေးသည် သူမအ လျှင်လိုနေသည်ကို မြင်သဖြင့် ကူကောက်ပေးလာပြီး ချင်ရှန့်လည်း အတူကောက်ပေးလာတော့သည်။
ထိုသို့ဖြင့် မြန်မြန်ဆန်ဆန် ပြီးသွားကြသည်။ ထန်ကျန်း၏ မျက်နှာသည် ရှက်ရွံ့မှုကြောင့် နီမြန်းနေသော်လည်း ၎င်းတို့နှစ်ယောက်မှာ အဆင့်အတန်းမြင့်လှသူများဖြစ်ကြောင်း ပိုထင် ရှားလာတော့သည်။ ကောင်းမွန်သော နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံတို့သည် အထက်တန်းကျလွန်းလှပြီး သူမလိုမျိုးသူနှင့် နှိုင်းရက်စရာမရှိချေ။
ချင်ရှန့် ကောက်ယူပေးခဲ့သည့် နောက်ဆုံးပစ္စည်းသည် အနု စိတ်ကျသော လက်ကောက်တစ်ကွင်းဖြစ်ကာ သူ့လှုပ်ရှားမှုများကို ခေတ္တတန့်သွားစေသည်။
"အာ ကျေးဇူးပါ၊ တကယ် ကျေးဇူးတင်ပါတယ်၊ ဟင်... ကျိုးသွားပြီ... ဟူး တော်ပါသေးရဲ့ ပျောက်တော့မပျောက်လို့" ထန်ကျန်းသည် လက်ကောက်ကိုသာ အရေးစိုက်နေသောကြောင့် သူ့အမူအရာကိုသတိမပြုမိချေ။ သူ အိတ်ကပ်ထဲကို မထည့်ခင်အထိ သေသေချာချာစစ်ဆေးကြည့်နေသည်။
သူမကို ခေါ်သံများသည် ပိုလောလာသအချိန် သူတို့ကိုကျေး ဇူးတင်စကားများ အထပ်ထပ်အခါခါပြောကာထွက်သွားတော့ သည်။
ကျီဖေးသည် ၎င်းထွက်သွားပြီးနောက် ကျစ်ခနဲ စုတ်တစ်ချက်သပ်ကာ "အဲဒီလက်ကောက်ကို တစ်ချက်ကြည့်လိုက်တာနဲ့ သူ့ချစ်သူပေးထားမှန်း အသိသာကြီး၊ အဲ့ကပ်ပါးကောင်က မိန်းကလေးတွေကို စကားချိုချိုလေးတွေ ဘယ်လိုပြောရမလဲ တကယ်သိတာပဲ၊ အဲ့လက်ကောက်က ဒီလောက်တောင် အနုစိတ်ကျနေတော့ ဘယ်ဘရန်းလဲဆိုတာတောင် ကျွန်မသိချင်သွားပြီ"
ချင်ရှန့်သည် "ဒါက သီးသန့်လုပ်ထားတဲ့ဟာ"
ကျီဖေးသည် "ဟမ် ဒါဆို ဈေးကြီးလို့လား?"
ချင်ရှန့်သည် ဘယ်လိုပြန်ဖြေရမှန်း မသေချာသလို "သူမအတွက်တော့ ထူးခြားတဲ့အရာပဲမဟုတ်လား"
ကျီဖေးသည် ပခုံးတွန့်ပြီး "ကျွန်မလည်း အဲ့လိုထင်တာဘဲ၊ ဒါနဲ့ရှင်သိလား..."
ကျီဖေးတို့ ဆက်လျှောက်လာရင်း သူမ ချင်ရှန့်ကို အတင်းမပြောပဲမနေနိုင်တော့ချေ။ ယင်းသည်စနစ်မှသိရသော လျှို့ဝှက် အချက်အလက်များမဟုတ်ဘဲ အစီအစဉ်ရိုက်ကူးချိန်တွင်သိခဲ့ရသော သာမာန်ကိစ္စဖြစ်သောကြောင့် ကျီဖေး ပြောပြဖို့ရာ တုံ့ဆိုင်းခြင်းမရှိခဲ့ပေ။
ချင်ရှန့်သည် ကျီဖေး၏အသံကိုကြားတော့ သူ့ခေါင်းကို အနားသို့တိုးကပ်သွားကာ ဂရုတစိုက်နားထောင်သည်။
"သူမက 'My Acting, Cut' ရဲ့ မိတ်ကပ်ပညာရှင်လေ၊ သူ့အလုပ်က လစာလည်းမြင့်သလို နေရာတိုင်းလိုလိုမှာ အလွတ်တန်းမိတ်ကပ်အလုပ်တွေလည်း လိုက်လုပ်နေလို့ သူ ဘယ် လောက်ပင်ပန်းမလဲဆိုတာကို ကြည့်ရုံနဲ့ပဲသိလောက်တယ်၊ ဒါတွေအားလုံးက သူ အဲ့ချူစီကောင် ကပ်ပါးကောင်ကို ပံ့ပိုးဖို့အတွက်ပဲ"
"ကပ်ပါးကောင် ?"
"သူ့မှာ နှစ်နှစ်လောက်ပံ့ပိုးပေးနေရတဲ့ ရည်းစားရှိတယ်၊ သူက အွန်လိုင်းစီးပွားရေးကိုပဲလုပ်တော့ အလုပ်သွားစရာမလိုဘူး၊ သူ့ဆီမှာပဲ ကပ်နေတာ၊ သူ့ရဲ့စားဝတ်နေရေးစရိတ်တွေကို ထန်အာကပဲထောက်ပံ့ပေးတာ၊ သူ့ဆီက အခက်အခဲတွေကိုတောင် သူမက တစ်ခါတည်းဖြေရှင်းပေးပြီး အကောင်းဆုံးတွေပဲပေးခဲ့တာ၊ သူမက သူ့နေ့စဉ်လိုအပ်ချက်တွေအားလုံးကို ဂရုစိုက်ပြီး သူ့မှာ ထူးချွန်တဲ့ အရည်အချင်းတွေရှိလို့တစ်နေ့နေ့အောင် မြင်လိမ့်မယ်ဆိုပြီး လုံး၀ယုံတာပဲ၊ သူက သူ့ကို ကပ်ပါးကောင် လို့လုံး၀မထင်ဘူး၊ သူ့ကို ကပ်ပါးကောင်လို့ပြောတိုင်း ဒေါသဖြစ်တက်လို့ သူ့ ဆရာတောင် လက်မြှောက်ထားရတယ်"
"သူ့ရည်းစားက သူ ပင်ပန်းနေတာကို မြင်တာတောင် ဂရုမစိုက်ဘူးလား" ချင်ရှန်း မျက်ခုံးပင့်လိုက်သည်။
ကျီဖေး ခေါင်းညိတ်ပြီး "ကိုယ့် စီးပွားရေးလုပ်ငန်းကိုပဲ အာရုံ စိုက်ပြီး သူတို့မိန်းမတွေရဲ့ ပံ့ပိုးမှုကိုအချိန်တစ်ခုလောက် အားကိုးတက်တဲ့ ယောက်ျားတွေ ရှိကောင်းရှိနိုင်ပေမဲ့ သူမချစ်သူကတော့ အဲ့လိုထဲက တစ်ယောက်မဟုတ်ဘူး..."
"အင်း၊ သူသာ တကယ် အပြစ်ရှိသလိုခံစားနေရတယ်ဆိုရင် ဒီလိုသက်တောင့်သက်သာ ဘ၀ကြီးကို သူမ ဖြည့်ဆည်းပေးဖို့ကြိုးစားတဲ့အချိန်ထဲက ငြင်းသင့်တယ်၊ သူ့ကောင်မလေး ပင်ပန်းနေတဲ့အချိန်မှာ သူ ပျော်မနေသင့်ဘူး"
ကျီဖေးသည် ချင်ရှန့်၏ပုခုံးကို ပုတ်လိုက်ပြီး "ဒါပေါ့၊ ဟိုးတစ် ခါက သူ့ ရည်းစားက တစ်စုံတစ်ယောက်ရဲ့ ဇိမ်ခံကားကို ဝင်တိုက်မိလို့ လျော်ကြေးတောင်းခံရဖူးတယ်၊ အဲ့တုန်းက ညှိနှိုင်းလို့ လုံး၀မရတော့ နစ်နာကြေးပေးဖို့အတွက် သူ စုဆောင်းထားတဲ့ ပိုက်ဆံတွေအားလုံးကို ထုတ်သုံးလိုက်ရတယ်၊ သူ့ ကောင်လေးက ဒေါသကြီးရုံကလွဲရင် ဘာကောင်းတာရှိလို့လဲ ? သူမ အဲ့ကောင်လေးကို ဘယ်လိုအမြင်မျိုးနဲ့ ကြည့်နေတာလဲ? အဲ့တစ်ယောက်က သူ့ အသက်ကိုကယ်ခဲ့တာတွေ ဘာတွေများရှိလို့လား? "
ကျီဖေးသည် ထန်အာကို အလွန်စာနာမိသော်လည်း သူမ၏ ဘ၀ကို ကြားဝင်စွက်ဖက်ရန် မစဉ်းစားခဲ့ပေ။
ထန်အာသည် အခြားသောသူများနှင့် မတူစွာ သူ့အခြေအ နေကို စိတ်ဆင်းရဲနေပုံမပေါ်ဘဲ ကျေနပ်နေပေသည်။ ကျီဖေး သည် တခြားသူ၏ကံကြမ္မာကို အနှောင့်အယှက်မပေးချင်ပေ။ သူမ ထိုအတင်းအဖျင်းကြီးကိုမြင်ရန် စနစ်ကိုသုံးဖို့တောင် မတွေးထားချေ။
အလွန်ဆုံး သူမ အခြားသူများကိုသာ ပြောရုံသာပြောပြသည်။
ချင်ရှန့်သည် ဤကိစ္စကိုကြားပြီးနောက် ထိုလက်ကောက်ကို သူမ ရလာပုံမှာ ပိုထူးခြားလောက်ကြောင်း မှန်းဆမိသည်။
ကျီဖေးသည် အတင်းအဖျင်းများကို အလွန်ကြိုက်သော ကြောင့် ထိုအကြောင်းကိုပါသိပါက သူမအလွန်စိတ်၀င်စားသွားလိမ့်မည်။
သူတို့နှစ်ယောက်၏ ဆက်ဆံရေးတွငိ ကျီဖေးတစ်ယောက် တည်းသာပြောဆိုနေသည်ကို သူ မလိုချင်ပေ။ သူလည်း ပြောင်းလဲဖို့ ကြိုးစားရမည်။
သူစကားပြောခါနီးတွင် ကော်ရစ်တာတွင်းပိုင်းဘက်မှ လူတစ်ယောက်လာနေသည်ကို တွေ့လိုက်ရသည်။
လောဖေးထွက်လာသောအခါ ၎င်းတို့နှစ်ယောက်သည် စင်္ကြံလမ်းအတိုင်းလျှောက်လာပြီး တစ်ယောက်ကိုတစ်ယောက် တီးတိုးပြောနေသည်ကိုတွေ့လိုက်ရသည်။
ကျီဖေး၏မျက်နှာသည် အတင်းအဖျင်းပြောရခြင်းကြောင့် အလွန်တက်ကြွနေပြီး ချင်ရှန်းသည်တော့ မျက်ခုံးများကို ပင့်တင်ကာ အလေးအနက်နားထောင်နေပေသည်။
လောဖေး: ...သူ့ မျက်လုံးများကိုပင် မပွတ်ကြည့်ပဲမနေနိုင်တော့ချေ။ အရင်က သူတို့ကိုတွဲမြင်ဖူးပေမဲ့ အခုအခြေအနေကြီးက နည်းနည်းထူးဆန်းနေသလိုပဲ။