အခန်း (၁၈၂)
Vol. 19 Ch. 182
လောဖေးသည် သူ ချင်ရှန့်အား သတင်းပေးမည်ကို တားရန်ကြိုးစားနေသော လူတစ်ချို့ကို ရှောင်ဖယ်ချင်ဇောနှင့် ထွက်လာသော်လည်း ၎င်းတို့နှစ်ယောက်သည် ရောက်နှင့်နေပြီဖြစ်သောကြောင့် ကို့ရို့ကားယား နှုတ်ခွန်းဆက်လိုက်တော့သည်။
"မင်းတို့တောင် ဒီကိုရောက်နေပြီကိုး"
ချင်ရှန့် ခေါင်းညိတ်လိုက်သည်။
ကျီဖေး နွေးထွေးစွာပြုံးကာ "ဟယ်လို"
ထို့နောက် သူမသည် လောဖေးကိုအပေါ်အောက် အပြန်ပြန်အ လှန်လှန် စိုက်ကြည့်လာသည်။
[ဝိုးဟိုး! သူ့ကောင်မလေးက လက်မထပ်ရသေးပေမဲ့ သူနဲ့ရတဲ့ကိုယ်၀န်ကို လွယ်ထားရပြီ၊ ဟမ်? ဘာ? ကိုယ်ဝန်အကြောင်းကို အခုထိ မကြေငြာရသေးဘူးလား? အင်း... ဘာပဲဖြစ်ဖြစ် ဒါက မထင်ထားတဲ့ ကိုယ်ဝန်တစ်ခုပဲလေ၊ လောဖေး အလုပ်ကိစ္စနဲ့ ပြန်လာတဲ့အချိန်က ရုတ်တရက်ကြီးသိလိုက်ရတာပဲ၊ သိပ်မကြာခင်တော့ သူကြော်ငြာပြီး မင်္ဂလာပွဲအတွက်ပြင်ဆင်တော့မှာပဲ]
ချင်ရှန့်သည် လောဖေးအပေါ် သူ၏အကြည့်များ ထိန်းမနိုင်သိမ်းမရပြောင်းလဲသွားသည်။
လောဖေးသည် နှစ်ပေါင်းများစွာတည်းက သူ့ကောင်မလေးနှင့်လက်ထပ်ချင်သော်လည်း သူမသည်တော့ အချိန်တစ်ချို့လောက် စောင့်စေချင်ခဲ့မှန်း သူသိသည်။ ယခုအခါ ၎င်းတို့နှစ်ယောက် နှစ်ထပ်ကွင်းပျော်ရွှင်မှုကြီး ရုတ်တရက်ရလာမည်ဟု သူ မမျှော်လင့်ထားချေ။
လောဖေးသည် ၎င်းတို့၏အကြည့်ကိုဂရုမစိုက်နိုင်ဘဲ
"အဟမ်း... ချင်ရှန့် ငါနဲ့ ခဏလိုက်ခဲ့လို့ရမလား၊ ကျီဖေး မင်း ဒီမှာ ငါတို့ကို ခဏစောင့်ဖို့အဆင်ပြေလား"
ချင်ရှန့်သည် သူ့ကို ထူးဆန်းစွာကြည့်နေသည်။
ကျီဖေးမျက်ခုံးပင့်လိုက်သည်- [သူ ဘာပြောချင်တာလဲ ? မဟုတ်မှလွဲရော သူတစ်ယောက်တည်း သန့်စင်ခန်းသွားရမှာ ကြောက်လို့ ချင်ရှန့်ကို လိုက်ခဲ့ဖို့အဖော်ခေါ်တာလား]
ချင်ရှန့်သည် ချက်ချင်းပင် ပြောစရာစကားပျောက်ရှသွားသည်။
ကျီဖေး: [သြော် ငါသိပြီ၊ အခန်းထဲက လူတွေက ငါ့ကို သဘောမကျလို့ မကြိုဆိုချင်ကြတာနဲ့တူတယ်၊ ဒါကြောင့် လောဖေးက ချင်ရှန့်ကို သတိပေးဖို့လာတာဖြစ်မယ်]
ချင်ရှန့်၏အမူအရာသည် အနည်းငယ်ပြောင်းလဲသွားသည်။ သူလည်း ဒါ ဖြစ်နိုင်ချေရှိသညါဟုထင်သည်။ နောက်ဆုံးအခေါက်က အဖြစ်အပျက်သည် အလွန်ကို့ရို့ကားယားဖြစ်မှုများနှင့် အဆုံးသတ်သွားခဲ့သည်။
"မင်းမှာ ပြောစရာရှိရင် ဒီမှာပြော" ချင်ရှန်း အေးစက်စွာပြော သည်။
ဘာကိစ္စမှန်း သူ မသိပေမယ့် သူ့အတွက်တော့ ကျီဖေးကို ဖုံးကွယ်ထားစရာ ဘာအကြောင်းမှမရှိပေ။
သို့သော် လောဖေး၏မျက်နှာသည်တော့ ခရမ်းပုတ်ရောင်တောင်သန်းလုမတက်ပင်။
သူ ဘယ်လိုလုပ် ပြောနိုင်မှာလဲ? နောက်ဆုံးအခေါက်တုန်းက ကျီးဖေးက သူ့ နာမည်ကိုကြားရုံကြားပေမဲ့ ဝိုင်နဲ့လှမ်းပတ်ခဲ့တာလေ။
လောဖေးသည် အပြုံးတစ်ခုကို အတင်းချိန်ဆွဲပြီး ချင်ရှန့်ကို အရိပ်အမြွက်ပြောလိုဟန် "ဟင့်အင်း... ငါ့မှာ ပြောစရာမရှိပါဘူး... မင်း ငါ့ကို သန့်စင်ခန်းအထိလိုက်ပို့ရုံပဲ"
ချင်ရှန့်:...
ကျီဖေး: [Pffft hahaha! ငါက စတာကို သူ ဘယ်လိုတောင် ငါ့အတွေးတွေကို ခိုးသွားရတာလဲ? သူ့အတွေးတွေက တကယ်ထူးခြားတာပဲ]
ကျီဖေး၏မျက်လုံးများ တောက်ပလျက် ချင်ရှန့်ကိုအသာလေး တွန်းလိုက်ကာ "ဒါဆို ကျွန်မ ဒီမှာပဲစောင့်နေမယ်"
လောဖေး သက်ပြင်းချလိုက်ရင်း ကျီဖေးသည် အမှန်တကယ် နှစ်သက်စရာလူအဖြင့် ပြောင်းလဲသွားပြီဟုတွေးလိုက်သည်။
ချင်ရှန့်သည် တိတ်တဆိတ်ပင် လောဖေးနှင့်အတူ သန့်စင်ခန်းဆသို့ လိုက်လာခဲ့သည်။
သန့်စင်ခန်းထဲ လိုက်ရုံပဲလို့ သူ တကယ်မျှော်လင့်မိတာပဲ...
သို့သော် ကျီဖေးနှင့် မလှမ်းမကမ်းသို့ရောက်နေသည်နှင့် လောဖေးသည် စိတ်လှုပ်ရှားစွာလေသံခပ်တိုးတိုးလေးဖြင့် အနားသို့ကပ်ပြောလာသည်။ "ငါ့မှာ မင်းကို ပြောစရာရှိတယ်..."
[ဝှက်သယ်ဖက်!]
သူ့အတွေးထဲ အလွန်အံ့ဩနေဟန် အသံတစ်ခုလည်းထွက်ပေါ်လာသည်။
ထိုစဉ် သူ အသံနှစ်သံကို တပြိုင်နက်တည်းကြားလိုက်သည်။
"မင်းရဲ့ရည်းစားဟောင်း ယုကျစ်လည်း ဒီညလာလိမ့်မယ်"
[သူ့အချစ်ဦးက တရုတ်ပြည်ကိုပြန်ရောက်နေပြီ!! ပြီးတော့ ဒီနေရာကို ချက်ချင်းလာတော့မှာ!!!]
ချင်ရှန့်အေးခဲသွားပြီး လောဖေးကို တအံ့တသြကြည့်ရင်း သူ့မျက်လုံးများသည် အဝေးရှိ ကျီဖေးကိုစိုက်ကြည့်လိုက်သည်။
ကျီဖေးသည် ထိုနေရာတွင်ရပ်လျက် မျက်လုံးများ ပြူးကျယ်ပြီး သူမ မျက်ခမ်းစပ်များသည် တုန်ယင်နေကာ အလန့်မပြေသေးသည့်ပုံပင်။
"ငါ မင်းကို စိတ်ပူတာမဟုတ်ဘူး၊ ကျီဖေးကို စိတ်ပူတာ၊ သူတို့ အခုအချိန်တွေ့ရင် အဆင်မပြေဘူး မဟုတ်လား ?" လောဖေး စိုးရိမ်တကြီးပြောသည်။
"သူမ အခုထိမသိသေးဘူးဆိုတော့ ငါတို့ ဘာလုပ်သင့်လဲ"
ချင်ရှန့် သူ့ကို ကူကယ်ရာမဲ့စွာ စိုက်ကြည့်လိုက်ပြီး - သူက မင်းတို့အားလုံးထက်တောင် ပိုရှင်းရှင်းလင်းလင်းသိသွားပြီ။
[ငါ ဘယ်လိုတောင်မေ့သွားရတာလဲ ? သူ ပြန်လာတည်းက ဒီစာကိုမြင်ခဲ့တာကို၊ ကြည့်ရတာ ငါ တစ်ခြားအတင်းအဖျင်းတွေကြောင့် အလုပ်များနေလို့နဲ့တူတယ်...]
ကျီဖေး၏အတွေးထဲတွင် စိတ်ပျက်နေပုံရသဖြင့် ချင်ရှန့်၏ နှုတ်ခမ်းများသည် အပေါ်ဘက်သို့ အနည်းငယ် ကွေးသွားကာ - မင်း နောက်ဆုံးတော့ စိုးရိမ်တက်ပြီပေါ့ ?
[ငါ တကယ့်ပွဲကြီးကြီးကို လွတ်တော့မလို့၊ ဒီနေ့က ကွာရှင်းဖို့အတွက် အကောင်းဆုံးနေ့ပဲ၊ ငါတို့ ကွာရှင်းလိုက်ရင် သန်းနှစ်ရာအပြင် ချင်းရှန့်က ငါ့ကို ကူညီပေးခဲ့တဲ့ ရင်းနှီးမြှုပ်နှံတဲ့ငွေတွေနဲ့ စတူဒီယိုတောင်ရဦးမယ်၊ သေချာတွက်ကြည့်ရင် ငါတော့ ငွေရေးကြေးရေးအတွက် လုံး၀စိတ်ပူစရာမလိုတော့ဘူးပဲ]
ချင်ရှန့်၏ မျက်နှာသည် ရုတ်တရက်မည်းမှောင်သွားသည်။
[အိုးမိုင်ဂေါ့! ကံကောင်းမှုတွေက ငါ့ဆီ တံခါးတစ်ချက်တောင် မခေါက်ပဲရောက်တော့ ကြိုဆိုဖို့အချိန်တောင် မရှိလိုက်ဘူးကွယ်]
ချင်ရှန့် အသက်ပြင်းပြင်းရှိုက်လိုက်မိသည်။
[ဟင့်အင်း... ငါ အခု စိတ်တိုနေပြီး ခံပြင်းနေသင့်တာ၊ အဲ့တာမှ ချင်ရှန့်က သူရဲ့အချစ်ဦးအတွက် ငါကို ကွာရှင်းလိုက်တဲ့အချိန် တစ်မိသားစုလုံးက ငါ့ကို သနားကြလိမ့်မယ်၊ ပြီးတော့ အခုနောက်ပိုင်း ချင်ရှန့်နဲ့ငါက ဆက်ဆံရေးကောင်းလို့ သူ အရမ်းမရက်စက်သင့်ပါဘူး၊ သူ့လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံနဲ့ ငါပိုတောင်ရနိုင်လိမ့်မယ်၊ ဟီးဟီး...ငါ သူ့အချစ်ဦးကိုတွေ့ရင် နည်းနည်းလောက်တော့ သရုပ်ဆောင်ပြမှဖြစ်မယ်]
ချင်ရှန့်: ... သရုပ်ဆောင်တယ် ? မင်း ဘယ်လို သရုပ်ဆောင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်
ယခင်က ကျီဖေးသည် ယုကျစ်အပေါ် အလွန်သတိထားသော ကြောင့် သူမ သွားလိုခြင်း ရှိ၊မရှိကို မေးမည်ဟု သူ စဉ်းစားထားသည်။
သို့သော် ယခု သူတို့ သွားကိုသွားရပေမည်။
သူနှင့် မသက်ဆိုင်တော့သော လူတစ်ယောက်အတွက် ကျီဖေးနှင့် ကွာရှင်းမည်မဟုတ်ကြောင်းကို သူမ မျက်စိဖြင့်ကိုယ်တိုင် မြင်စေချင်သည်။
ကွာရှင်းချင်တာလား ? အိပ်မက်ထဲတောင်ထည့်မမက်နဲ့ !
ချင်ရှန့်သည် လောဖေး၏အဆက်မပြတ် ပြောနေသော စကားကိုနားမထောင်ဘဲ ကျီဖေးဆီသို့ လျှောက်သွားသည်။
လော့ဖေးသည် ချင်ရှန့်၏ ရုတ်တရက်အေးစက်နေသောအမူ အရာကို မြင်လိုက်ရချိန် ကျီဖေးနှင့် အတူထွက်သွားရန် စီစဉ်နေသည်ဟုထင်လိုက်မိသည်။
သို့သော် ချင်ရှန့်သည် ကျီဖေးဆီသို့ လျှောက်သွားကာမည်သည့်စကားမှ မပြောပဲ ကျီဖေးလက်ကိုချိတ်လျက် အရှေ့သို့လျှောက်လာသည်။
သူတို့ သီးသန့်အခန်းကို တည့်တည့်လျှောက်သွားခြင်းပင်။
လောဖေးအံ့သြသွားသည်။ - ဘာလဲဟ! သူ ချင်ရှန့်အကြောင်းကိုသိလောက်ဆို အဲ့ကောင် ယုကျစ်ပေါ်မှာ ဘာခံစားချက်မှမရှိတော့တာ သေချာတယ်၊ အဲ့တုန်းက သူတို့လမ်းခွဲလိုက်တုန်းကတောင် ချင်ရှန့်က နည်းနည်းလေးတောင်အသည်းကွဲတဲ့ပုံမပေါက်လို့ လော့ဖေးတောင် သူ တကယ် ယုကျစ်ကိုချစ်ခဲ့တာလားလို့ သံသယ၀င်မိခဲ့သေးတယ်။
ဒါပေမယ့် အခုအခြေအနေက ဘာကြီးလဲ ?
ချင်ရှန့် ဒေါသထွက်သွားတယ်လို့ သူ ဘာလို့ ခံစားနေရတာလဲ?
ကျီဖေးသည် ထိုနေရာတွင် ငြိမ်သက်စွာရပ်နေသောကြောင့် သူမအားဒေါသထွက်တာမဖြစ်နိုင်ချေ။ ဒါဆို ယုကျစ်ကို ဒေါသထွက်နေသွားတာလား? အဲဒါက မဖြစ်နိုင်ဘူးမဟုတ်လား?
လောဖေးသည် နားမလည်နိုင်စွာ စိတ်ရှုပ်ထွေးနေပြီး အံ့သြစွာသာလိုက်ပါလာခဲ့သည်။
ကျီဖေးသည် သူမ၏လှပသောအနာဂတ်ကို စိတ်ကူးယဉ်နေဆဲဖြစ်သည်။ ရုတ်တရက်ပင် သူမ အသက်ရှုကြပ်သလိုခံစားလိုက်ရပြီး မသိလျှင် ရေနစ်သွားသလိုခံစားချက်ကြောင့် သူ့၏ စိတ်ကူးယဉ်ကမ္ဘာမှာ အမြန်ပြန်ဆွဲခေါ်ခံလိုက်ရသည်။
မထင်မှတ်စွာ သူ ရင်ခွင်တစ်ခုထဲသို့ဆွဲသွင်းခံလိုက်ရသည်။
တကယ်တမ်းမှာ ထိုအရာသည် ပွေ့ဖက်မှုတစ်ခုမဟုတ်ပဲ သူမရှေ့ကိုလျှောက်နေချိန်တွင် တစ်စုံတစ်ယောက်သည် သူမကို နောက်မှသိုင်းဖက်ကာ ကာကွယ်ပေးသလိုဖြစ်သော်လည်း ပွေ့ဖက်ထားမှုသည် အလွန်အားပါသောကြောင့် ကျီးဖေးကို အသက်ရှုကြပ်မတက်ပင်။
"သွားကြရအောင်" ချင်ရှန့် အေးစက်စွာပြောကာ ရှေ့တည့်တည့်ကိုသာ ကြည့်နေသည်။
ကျီဖေး ရုတ်တရတ်မပျော်တော့ချေ။
[ဒါပေါ့ သွားကြတာပေါ့! သူကဒီကိုလာနေပြီ၊ ရှင် သွားဖို့လောနေမှာပေါ့၊ သူက စပြီးတော့ သူ့ကဒ်ကိုထုတ်ပြလာပြီပဲ]
ချင်ရှန့်သည် ကျီဖေး၏ ကပေါက်တိကပေါက်ချာ အတွေးများကိုလျစ်လျူရှုလိုက်ပြီး မကြားချင်ယောင်ဆောင်လိုက်သည်။
[သူ့ အချစ်ဦးရောက်လာတော့မယ်ဆိုတဲ့ သတင်းကြားတော့ ခံစားချက်တွေ မထိန်းနိုင်တော့ဘူးနဲ့တူတယ်၊ အခုတောင်ကြည့် သူနည်းနည်းတောင်မစောင့်နိုင်တော့ဘူး ငါ့ကိုတောင် တရင်းတနှီးတွေလာဆွဲခေါ်နေပြီ၊ ဒါ ရှိုးလုပ်တာမဟုတ်လား၊ ဟင်း... ငါလေးက အခုဆို အသုံးချခံလေးဖြစ်နေပြီ]
ချင်ရှန့်၏ နဖူးကြောများတဆတ်ဆတ်တုန်နေသည်။
[ဒါပေမယ့် ချစ်ရတဲ့ခင်ပွန်းဟောင်းရေ နင့်ရဲ့ အဖိုးတန်အချစ် ဦးကမရောက်သေးဘူးဟဲ့! နင် သရုပ်ဆောင်နေတာ စောလွန်းမနေဘူးလား ??]
ချင်ရှန့် ဒေါသကြောင့် ရင်ဘတ်တောင်အောင့်လာကာ အံတင်း တင်းကြိတ်၍သည်းခံနေရသည်။
[သူတို့နှစ်ယောက် လမ်းခွဲပြီးတာနဲ့ အချစ်ဦးလေးနိုင်ငံခြားကိုထွက်သွားတာ နှစ်အတော်ကြာအထိ မပြန်လာခဲ့တဲ့ ရင်ဖိုစရာ အချစ်ဇာတ်လမ်းလေးပေါ့၊ နောက်ဆုံးတော့ နားလည်မှုလွဲတာတွေကို ဖြေရှင်းပြီးကွဲကြေသွားတဲ့ မှန်တစ်ချက်ကို အသစ်ပြန်ဆက်တဲ့အခန်းလေး၊ တကယ်တော့ ငါလေးက ကွာရှင်းခံရလို့ ကြိတ်မနိုင်ခဲမနိုင်ဖြစ်နေတဲ့ မိန်းမဆိုးဇနီးနေရာကနေ သရုပ် ဆောင်ရမှာပေမဲ့ အဲ့လောက်အန္တရာယ်များတဲ့ ဇာတ်ကောင်နေရာကို ငါ မယူနိုင်ဘူးဟဲ့]
ချင်ရှန့်သည် သူ့ခန္ဓာကိုယ်မှ ဝိညာဉ်ထွက်သွားမလိုခံစားလိုက်ရပြီး သူမကိုကိုင်ထားလက်သည် အားပိုထည့်မိသွားသည်။ လောဖေး၏အမြင်အရဆို သူသည် ကျီဖေးကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပုံပင်။
လောဖေး၏မျက်လုံးများ ပြူးကျယ်သွားသည်။
တစ်ချိန်တည်းမှာပင် ကျီဖေးသည် ထိုအခြေအနေကို သတိမမှုမိပဲအတွေးများကြားတွင်သာ လွင့်မြောနေသောကြောင့်လုံးလုံး လျစ်လျူရှုမိထားသည်။
[နောက်ဆိုရင် ငါ့ရဲ့ အနာဂတ် ခင်ပွန်းဟောင်းက သူ့ကိုတွေ့လိုက်လို့ သူ့ တည်ငြိမ်မှုတောင် ပျောက်ဆုံးသွား... အာ့! သူ ဘာလို့ ငါ့ကို ဆွဲညှစ်နေတာလဲ!]
ထိုစဥ် စားပွဲထိုးသည် ၎င်းတို့လာနေသည်ကိုမြင်လိုက်ရသဖြင့် ချက်ချင်းတံခါးဖွင့်ပေးလာသည်။
ချက်ခြင်းဆိုသလို အခန်းထဲရှိ မျက်လုံးများအားလုံးသည် သူတို့ဆီ စူးစိုက်ကြည့်လာသည်။
၎င်းတို့သည် ချင်ရှန့်မှာ အဝင်ဝတွင် ရပ်နေပြီး လက်တစ်ဖက်သည် ကျီဖေးကို တင်းတင်းကြပ်ကြပ်ဖက်ထားကာ ကျန်လက်တစ်ဖက်သည် သူမ၏ပါးပြင်ကို အုပ်မိုးထားသည့်ပုံသည် အလွန်တရာ ချစ်ခင်ကြသော စုံတွဲအလားအထင်မှားစေသည်။
၎င်းတို့သည် ချင်ရှန့်၏ထိုသို့သောအပြုအမူကို တစ်ခါမှ မမြင်ဖူးသောကြောင့် လူတိုင်းအံ့ဩသွားကြသည်။
အရင် ဘယ်တုန်းကမှ မမြင်ဖူးခဲ့…