← Chapters

အခန်း (၁၈၃)

Vol. 19 Ch. 183

အခန်း (၁၈၃)

Vol. 19 Ch. 183

ချင်ရှန့်၏အမူအရာသည် အံ့အားသင့်လွန်းနေသောကြောင့် ဖြစ်နိုင်သည်။ စည်ကားနေသည့်စားသောက်ဆိုင်သည် ရုတ်တရက်ဆိုသလို အပ်ကျသံပင်ကြားရလောက်သည် အထိ တိတ်ဆိတ်သွားသည်။

အကျွမ်းတဝင်ရှိသော်လည်း ထူးဆန်းသည့်ပုံစံနှစ်ခုက တံခါးဝတွင် ရပ်နေလေသည်။

ဒီနေ့ကအတန်းပြန်လည်ဆုံစည်းပွဲဖြစ်ပြီး ကျီဖေးက အပြင်မထွက်ခင် ဝတ်စားဆင်ယင်ဖို့ကြိုးစားခဲ့သည်။

လည်ပင်းတစ်ဝိုက်တွင် ပိုးပဝါအဖြူနှင့် မိုးပြာရောင်ဝတ်စုံကိုဝတ်ထားသည်။ ဒီလိုရိုးရှင်းသည့်ဝတ်စုံနှင့်ပင် သူ၏ပြီးပြည့်စုံသည့် အချိုးအစားက သူ့အား အနီရောင်ကော်ဇောထက်လျှောက်လှမ်းနေသည့်နှယ်။

သူ၏အနက်ရောင်တောက်ပြောင်နေသည့် ဆံပင်များသည် အလင်းကိုဖမ်းစားလိုက်ပုံရပြီး ဆံပင်တစ်ချောင်းချင်းစီသည် တောက်ပပြောင်လက်နေပုံပေါ်သည်။

သူ၏ပေါ့ပေါ့ပါးပါးပြင်ဆင်ထားသောမျက်နှာသည် ပတ္တမြားရောင် နှုတ်ခမ်းသားများနှင့် ပုလဲဖြူသွယ်သွားများဖြင့် သဘာဝအလှကို လှပစွာမီးမောင်းထိုးပြကာ ချောမောလှပသည့်လိုင်းများဖြင့် စီးဆင်းနေသည်။

သူ၏ဗာဒံစေ့သဏ္ဍာန်မျက်ဝန်းများသည် နက်ရှိုင်းသောမျက်ဆံနက်များနှင့် ဆွဲဆောင်မှုရှိသောမျက်သားဖြူများဖြင့် ကြည် လင်တောက်ပနေသည်။ သူ ငယ်အိမ်မှာ ကျုံ့ထားရာမှကျယ်လာပြီး ချစ်စရာကောင်းသည့် ညုတုတုပုံပေါ်လာသည်။

ချင်ရှန့်၏အပြုအမူကြောင့် နီသွေးသွမ်းနေသည့်နှုတ်ခမ်းသည် အနည်းငယ်တွန့်သွားကာ အံ့ဩမှုနှင့်ဒေါသနှစ်ခုစလုံးကိုလှစ်ဟပြသနေသည်။

ကျီဖေး၏အုံ့မှိုင်းနေသည့်အမူအရာသည် သူ၏အလှကိုဖုံး ကွယ်ထားရာ လွန်ခဲ့သည့်နှစ်နှစ်ခန့်က ၎င်းတို့တွေ့ ဆုံမှုနှင့်မတူဘဲကွဲပြားသွားခဲ့သည်။

အခုချိန်မှာတော့ သူ့အနေနှင့် ဖျော်ဖြေရေးသမားတစ်ယောက်အဖြစ် ဘာကြောင့်လုပ်ကိုင်ရလဲဆိုတာကို လူတိုင်းနားလည်သွားကြသည်။- ဒီလိုမျက်နှာနှင့် ရုပ်ရည်လေးကြောင့် သူသည် လုပ်ငန်းနယ်ပယ်တွင် သေချာပေါက်အောင်မြင်နိုင်မည်ဖြစ် သည်။

ထိုစားပွဲတွင် ကျီဖေးအပေါ် ပြင်းထန်သည့်သဘောထားမတိုက်ဆိုင် သူများသည် ဘက်မလိုက်ဘဲနှိုင်းယှဉ်ပြခဲ့သည်။

ရုပ်ရည်အရ၊ ကျီဖေးသည် သူတို့၏မှတ်ဉာဏ်ထဲမှယုကျစ်ကို လုံးဝကျော်လွန်သွားခဲ့သည်။

ပြီးတော့... ဘယ်လိုပြောရမလဲ ? သူတို့တစ်ယောက်နဲ့တစ်ယောက် အရမ်းနီးနေတာကြောင့်မို့လား ? သူတို့နှစ်ယောက်က အရင်တုန်းကသူနဲ့ ယုကျစ်တို့ထက်တောင် ပိုလိုက်ဖက်နေပုံရတာ ဘာကြောင့်လဲ ?

ချင်ရှန့်အားကြည့်လိုက်ရာ သူ့မျက်လုံးများသည် အနက်ရောင် ကျောက်မျက်ရတနာလိုတောက်ပနေဆဲပင်၊ ထူးထူးခြားခြား ချောမောပြီး မော်ဒယ်တစ်ယောက်လိုပြီးပြည့်စုံသည့်ရုပ်ပုံလွှာကိုဖုံးအုပ်ထားသည့် ပြီးပြည့်စုံသည့်အံဝင်ခွင်ကျဝတ်စုံကို ဝတ်ဆင်ထားသည်။

သူ့ကိုခေါ်ဆောင်လာမှန်းသိသည့်တိုင် အတန်းဖော်အမျိုးသမီးအများအပြားသည် ၎င်းတို့၏ကျောင်းဝင်း idol ဟောင်းကိုကြည့်ကာ သူတို့၏မျက်လုံးများသည် မိန်းကလေးဆန်ဆန်ရှက်ရွံ့နေကြဆဲဖြစ်သည်။

ချင်ရှန့်သည် ထိုအချိန်က အတန်ငယ်မရင့်ကျက်သေးဟု ဆိုနိုင်သော်လည်း ယခုအခါသူသည် စီးပွားရေးလောက၏ပြတ် သားသောအရိပ်အာဝါသဖြင့် သူ၏ဆွဲဆောင်မှုတစ်ခုလုံးသည် အခြားအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

အစွမ်းထက်သည့်ယောက်ျားများသည် အမြဲနှစ်လိုဖွယ်ဖြစ် သည်- ထိုသို့သောလူမှ သင့်ကိုလှမ်းကြည့်လျှင် သင့်ဒူးများပင်အားနည်းသွားပေလိမ့်မည်။

အမျိုးသမီးများအား ပိုလို့ပင်မကြည့်ပဲမနေနိုင်စေခဲ့သည်က ယခုအချိန်တွင် ချင်ရှန့်သည် မည်မျှလောက်ကွဲပြားသည်ပင်။

တက္ကသိုလ်တက်နေစဉ်တုန်းက လူတိုင်းသည် ကျောင်းဝင်းထဲမှ idol နှင့် အလှလေးဆိုတာ စုံတွဲတွေလို့သိကြပြီး သူတို့နှစ်ယောက်ကိုအတူတွေ့ ဖူးသည်။

သို့ပေမယ့် ယခုနှင့် လုံးဝကိုမတူပေ။

ဘယ်လိုဖော်ပြရမလဲ...

ချင်ရှန့်က ယုကျစ်နှင့်အတူရပ်နေချိန်တွင် သူကချင်ရှန့်ပဲဖြစ်နေဆဲဖြစ်ပြီး သူ့ဘေးနားတွင်ဘယ်သူက ဘယ်လိုပုံစံပဲရပ်နေပါစေပြီးပြည့်စုံသည့်ရုပ်တုတစ်ခုလို သူ့အပြုအမူနှင့်အမူအရာတွေကမပြောင်းလဲပေ။

သို့ပေမယ့် ကျီဖေးနှင့်အတူရပ်နေသည့်ချင်ရှန့်ကတော့… သူကတော့ အပြစ်အနာအဆာမရှိ၊ စင်းလုံးချောချင်ရှန့်ဖြစ်သည်။

ချင်ရှန့်၏ ယခုဗားရှင်းသည် သူ့ကို တိတ်တဆိတ်ချစ်ခင်သူ များ၏နှလုံးသားများအား ပိုလို့တောင်တုန်လှုပ်သွားစေခဲ့သည်။ ကိုးကွယ်ဆည်းကပ်ရာနတ်ဘုရားတစ်ပါးသည် ကမ္ဘာမြေပေါ်သို့ဆင်းသက်လာပြီး သူ၏အာရုံကို ပြိုင်ဆိုင်လိုစိတ်များဖြင့် နှိုးဆော်လိုက်သလိုပင်။

ကျီဖေး၏အသွင်အပြင်နှင့် ၎င်းတို့၏ တစ်ခုတည်းသောဆက် ဆံရေးသည် လူအများစု၏စိတ်ထဲတွင် သံသယမျိုးစေ့များကို ပေါက်ဖွားစေခဲ့သည်မှာငြင်းဖွယ်ရာမရှိပေ။

ယနေ့တွင် စိတ်လှုပ်ရှားစရာများအကြောင်း ဒီစားပွဲကနေ လူတိုင်းကြားရမည်ဖြစ်သည်- ယုကျစ်လည်း ရောက်လာပြီ။

ချင်ရှန့်၏အချစ်ဦးနှင့်မြတ်နိုးသတိရခြင်းအမှတ်တရ ဖြစ်လာခဲ့သည့် ယုကျစ်သည် မြင့်မားပြီးကြီးမားသည့်ပန်းကို ပန်ဆင်ထားသည်။

ထို့အပြင်၊ သူတို့၏လမ်းခွဲမှုသည်သတိမပေးဘဲရောက်လာသည် -ကျောင်း idol ကိုစွန့်ပစ်ပြီး ကျောင်းအလှလေးသည် နိုင်ငံခြားသို့ထွက်သွားခဲ့သည်။

ဤကဲ့သို့လမ်းခွဲလိုက်ခြင်းသည် ၎င်း၏နောက်ဆက်တွဲကိုစောင့်မျှော်နေသည့် မပြီးဆုံးသေးသည့်ရုပ်ရှင်တစ်ခုကဲ့သို့ ရှည်လျားသောခံစားချက်များနှင့် နောင်တရမှုများဖြင့်ပြည့်နှက်နေသင့်သည်။

ချင်ရှန့်၏အိမ်ထောင်ရေးပြဿနာများနှင့်ပတ်သက်ပြီး အမြဲတစေ ကောလဟာလများကိုမပြောသေးပေ။ ထို့ပြင် မင်္ဂလာ ဆောင်ပွဲအား မည်သို့မည်ပုံကျင်းပခဲ့သည်ကိုလည်း မဖော်ပြသေးပေ။

ထို့ကြောင့် ယုကျစ်ပြန်လာကာ တောင်းပန်ရန်နှင့် ပြုပြင်ရန်ဆန္ဒရှိပါက ၎င်းတို့၏ဆက်ဆံရေးပြန်လည်စတင်ရန် အခွင့်အ ရေးရှိမည်မှာသေချာသည်ဟု လူတိုင်းထင်ခဲ့ကြသည်။

ယခုမူကား… မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ချင်ရှန့်နှင့်ယုကျစ်တို့သည် နှစ်ပေါင်းများစွာလက်တွဲခဲ့ကြသည့် သမိုင်း ကြောင်းတွေရှိခဲ့ကြပြီး၊ သူတို့သည် ပုံပန်းသဏ္ဍာန်အားဖြင့်လိုက်ဖက်သည် ... အနည်းဆုံးတော့ မိသားစုနောက်ခံနှင့် အရည်အချင်းတွေရှိသည်။ ကျီဖေးသည် သေချာပေါက်မယှဉ်နိုင်ပေ။

လူတိုင်း၏စိတ်ထဲ တုန်လှုပ်သွားခဲ့သည်။

ကျီဖေး၏စိတ်ထဲတွင် တုန်လှုပ်ချောက်ချားသွားသည် - ဒါက ဘာ အဓိပ္ပာယ်လဲ ? သူ့ကို လိမ်ဆွဲရုံတင်မကဘဲ အနက်ရောင်မျက်လုံးကြီးတွေနဲ့ စိုက်ကြည့်နေသေးတယ်၊ မသိရင် ဒေါသတထွက်နေသလိုပဲ ??

"ရှင် ကျွန်မကို ဘာလို့ အတင်းဆွဲနေတာလဲ ?"

ကျီဖေး၏အတွင်းစိတ်သည် ငြိမ်သက်သွားပြီး နောက်ဆုံးတွင် ချင်ရှန့်၏ခေါင်းသည် ဒေါသသံဖြင့်မြည်နေရာမှ ရပ်တန့်သွားသည်။

သူ့လက်ကိုလွှတ်လိုက်သည်၊ ကျီဖေး၏ပါးပြင်သည် သူ့ လိမ်ဆွဲမှုကြောင့် အနည်းငယ်နီလာသည်ကိုသတိပြုမိကာ သူ့မျက် လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်။

သူ အားအလွန်အကျွံသုံးမိပုံရသည်။ သူ မတတ်နိုင်ပဲ လက်မ ဖြင့်ညင်သာစွာပွတ်တိုက်ပေးရင်း နူးညံ့သည့်အရေပြားကို ခံစားလိုက်ရသည်။

ကျီဖေး မကျေမနပ်ဖြစ်ကာ သူ့ကို ကြည့်လိုက်သည်။

"...အဲဒီမှာ တစ်ခုခုရှိနေတယ်" ချင်ရှန့် ဆင်ခြေပေးလိုက်သည်။

ကျီဖေး သူ့အား သံသယအကြည့်တစ်ချက်ပေးလိုက်သည်။

[ဟုတ်ပြီလေ၊ ကျမလည်း ဘာမှမလုပ်ပါဘူး၊ အဲ့တာကြောင့် ရှင့်မှာ ကျွန်မကိုလိမ်ဆွဲစရာအကြောင်းမရှိဘူး။ တစ်ခုခုကိုသုတ်ပေးချင်ပေမဲ့ သူ့ ခွန်အားကိုမထိန်းနိုင်လိုက်တာ အိုခေလေ။ ကျေးဇူးအများကြီးတင်ပါတယ်- ရှင့်ကြာင့် ကျွန်မပါး လည်းပါးချိုင့်ဖြစ်လုနီးပါးပဲ၊ မိန်းကလေးတွေနဲ့ဆက်ဆံရင် ပိုပြီးညင်သာရမယ်ဆိုတာ ရှင် မသိဘူးလား?]

ကျီဖေး၏စောင်းမြောင်းနေသည့် အတွင်းစိတ်မှညည်းညူသံများအားကြားလိုက်ရသဖြင့် ချင်ရှန်း၏စိတ်ခံစားချက်သည် သိသိသာသာ တိုးတက်လာခဲ့သည်။

သူ့လက်ကို ဖြည်လိုက်ရင်း ကျီဖေးတွေးနေတာကိုကြားလိုက်ရသည်-[ခဏလေး၊ ဒါ သူ့အားနည်းနေတဲ့အချိန်ဖြစ်နိုင်မလား? သူ့ရည်းစားဟောင်းအကြောင်း သတင်းကြားလိုက်ရလို့ သူလုပ်သမျှမှာ ထိန်းချုပ်မှုဆုံးရှုံးသွားတာ၊။ သူ့ခွန်အားတောင်မှလေ... အား!]

ကျီဖေးသည် သူ၏ရိုင်းစိုင်းသည့်အတွေးများအားဆက်မတွေး မီ၊ ချင်ရှန့် သူ့ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူ့အား ထိုစားပွဲဆီသို့ပို့ဆောင်လိုက်သည်။

ကျီဖေး သူ့အားစင်မြင့်ပေါ် တွန်းချနေသလိုခံစားရသည်။ သူ့အတွေးထဲ လျင်မြန်စွာငြိမ်သက်သွားပြီး သူ၏ယဉ်ကျေးသည့်အပြုံးကိုပြန်လည်ရရှိလာသောအခါတွင် ချင်ရှန့်သည်သူ့အား လူတိုင်းရှေ့သို့ခေါ်ဆောင်လာခဲ့သည်။

"တောင်းပန်ပါတယ် ငါတို့နောက်ကျသွားတယ်" ချင်ရှန့်က သူ့အသံဩဩဖြင့်ပြောသည်။

သူ့အတွက် အဆုံးမရှိသည့်ဖျော်ဖြေမှုကို သေချာပေါက်ယူ ဆောင်လာပေးမည့် အဆိုပါအတင်းအဖျင်းပြောသူများကိုရင်ဆိုင်ရင်း ကျီဖေးသည် ဖော်ရွေပြီးလိုက်လျောညီထွေဖြစ်နေ သည်။ သူ သူတို့ကို နှုတ်ဆက်ခါနီးတွင် အံကြိတ်ထားသည့်အမူအရာတွေကိုရှာတွေ့ခဲ့သည်။

ကျီဖေး : ?

[သူတို့... မိုးကြိုးပစ်ခံထားရတာလား ? အဲဒါတွေက ဘယ်လိုအမူအရာတွေလဲ ?]

ချင်ရှန့် လူတိုင်း၏တုံ့ပြန်မှုများကြောင့်အံ့ဩသွားကာ စကားစလုဆဲဆဲဖြစ်နေသည်။

သူတို့နောက်မှလိုက်လာသည့်လော့ဖေးသည် လူတိုင်းကိုသတိ ပေးရန် အမြန်ချောင်းဆိုးလိုက်သည်။

သို့ပေမယ့် သူတို့နောက်တွင်ထိုင်နေသည့် ပန်းရောင်နှင့်အဖြူရောင်ချည်ထည်ဝတ်စုံဖြင့် အမျိုးသမီးတစ်ယောက်သည် ရုတ်တရက်မတ် တပ်ထရပ်ပြီး မျက်နှာလှည့်ကြည့်လိုက်တော့ လူတိုင်းကသူတို့ရဲ့ ထိတ်လန့်မှုကနေမသက်သာသေးပေ။

သူ၏ရှည်လျားကောက်ကွေးသောဆံနွယ်များသည် နားရွက်အောက်တစ်ဖက်တွင် ချည်နှောင်ထားပြီး သူ၏ပခုံးပေါ်မှ ပျော့ခွေကျသွားသည်။ ညိုးငယ်သည့်မျက်လုံးများနှင့် သနားစရာကောင်းသည့်အကြည့် ဖြင့် အကာအကွယ်ဗီဇကို ချက်ချင်းနှိုးဆော်လိုက်သည်။

သို့သော်လည်းသူ၏အမူအရာမှာ အနည်းငယ်ရှက်ရွံ့နေပြီး လက်ရှိအမူအရာမှာ စိုးရိမ်သောကနှင့်အားနည်းချက်ကိုပြသနေသည်။ လက်တစ်ဖက်က လွယ်အိတ်ကိုကိုင်ထားပြီး ကျန်တစ်ဖက်ကတော့ ဗိုက်ပေါ် တွင်အလိုလိုတင်ထားသည်။

အသစ်ရောက်လာသည့် ချင်ရှန့်နှင့်ကျီဖေးကို သူအသိအမှတ်မပြုဘဲ လော့ဖေးကိုချက်ချင်းပြောခဲ့သည်။

"ဖေးကော၊ အခုလေးတင်… ချင်က ကျွန်မကိုဆက်သွယ်တယ်၊ ဒီနေ့အစောက ကျွန်မတို့အလုပ်မှာ ပြဿနာရှိနေတယ်။ သူ့တစ်ယောက်တည်း ကိုင်တွယ်ရမှာစိုးရိမ်လို့ ကျွန်မ ပြန်ရမှာ။ ဒီတွေ့ဆုံပွဲအတွက် ကျွန်မ နေနိုင်မှာမဟုတ် ယတော့ဘူး။"

ဤရုတ်တရက်အခြေအနေက လော့ဖေးအား ထိန်းချုပ်မှုလွတ်သွားစေသည်၊ အထူးသဖြင့်လော့ဖေးသည် သူ့ကိုယ်ဝန်ကြောင့် မင်္ဂလာဆောင်မည့်အစီအစဉ်များအား တရားဝင်ကြေငြာရန်အတွက် လူတိုင်းအားဖိတ်ကြားရန် ယနေ့တွင်သူ့အား ခေါ်ဆောင်လာခဲ့ခြင်းကြောင့်ဖြစ်သည်။

ဒီလိုသတင်းမျိုးအား သဘာဝအတိုင်းပင် သူတို့နှစ်ယောက်လုံးကြေညာလိုက်တာက ပိုကောင်းသည်။

သို့ပေမယ့် ရုတ်တရက်ပေါ်လာတဲ့အလုပ်ကြောင့် ထွက်သွားတယ်... လော့ဖေးသည် သူ့ကိုလေးစားပေမယ့် ဒီအချိန်မှာတော့ သူ နည်းနည်းအဆင်မပြေပေ။

သို့သော် သူ၏အရေးတကြီးအမူအရာကိုမြင်လိုက်ရတော့ သူစိတ်မချမ်းသာအောင် မလုပ်နိုင်တော့ဘဲ "ကောင်းပြီလေ၊ ကိုယ်မင်းကို အဲဒီကို ခေါ်သွားပေးမယ်"

ရွှင်လန်းမှုအလင်းတန်းတစ်ခုသည် အမျိုးသမီး၏မျက်နှာပေါ်သို့ ဖြတ်ကျော်သွားပေမယ့် သူ့မျက်လုံးတွေကိုအမြန်ပြန်ငုံ့ကြည့်ရင်း "မလိုပါဘူး၊ အတန်းဖော်ပြန်ဆုံပွဲဆိုတာ ရှားရှား ပါးပါးပဲ၊ ကျွန်မကြောင့်နဲ့ အနှောက်အယှက်မဖြစ်ပါနဲ့၊ ကျွန်မတက္ကစီစီးသွားလို့ရတယ်"

ဤသို့ပြောပြီးနောက်သူသည် ချင်ရှန့်နှင့်ကျီဖေးတို့အားကျော်ဖြတ်ကာ အမြန်ထွက်ခွာသွားပြီး အားလုံးကိုနှုတ်ဆက်ကာ ခေါင်းညိတ်တောင်းပန်လိုက်သည်။

သူ့ကိုလိုက်ပို့ရန်ကမ်းလှမ်းချက်ကို ငြင်းဆိုသော်လည်း လော့ဖေးကစိတ်ပူပြီး တက္ကစီငှားပေးရန် သူ့နောက်လိုက်သွားခဲ့သည်။

ဒီအဖြစ်အပျက်လေးကြောင့်လူတိုင်းသည် အစောပိုင်းထိတ် လန့်ကြောက်ရွံ့မှုကနေ ပြန်လည်သက်သာလာပြီး ချင်ရှန့်နှင့်ကျီဖေးတို့ကို တဖြည်းဖြည်း နှုတ်ဆက်စပြုလာသည်။

ချင်ရှန့်သည် ကျီဖေးကိုထိုင်ခိုင်းပြီးမှ ဝင်ထိုင်လိုက်သည်။

အားလုံး၏မျက်လုံးများ သူတို့နှစ်ယောက်အပေါ်တွင်ရှိနေပြီး ကျီဖေးအား အကြည့်စူးစူးများဖြင့်စိုက်ကြည့်နေသည်။

ထုံးစံအတိုင်း၊ ကျီဖေးသည် သူ့ရှေ့ရှိထိုဖရဲသီး (အတင်းအ ဖျင်း) အား ဂရုတစိုက်စောင့်ကြည့်နေလေသည်။

All Chapters