အခန်း (၁၈၅)
Vol. 19 Ch. 185
"ဟယ်လို"
ဟန်ကျီယုမှ ကျီဖေးအားကြည့်ရင်း မျက်လုံးလေးများတောက် ပလာကာ တစ်ခုခုကိုရုတ်တရက်သဘောပေါက်သွားပုံမပေါ်ခင် သူ၏လေသံသည် ရုတ်ချည်းနူးညံ့ပြီးနာခံမှုရှိသည့်အမူ အရာအဖြစ်ပြန်ပြောင်းသွားသည်။
ဟန်ကျီယုသည် အထူးလှပသည့် မက်မွန်ပွင့်ပုံစံမျက်လုံးများရှိသည်။ သူနှင့် မျက်လုံးချင်းဆုံမိသူတိုင်း အလွယ်တကူစွဲလန်းသွားနိုင်သည်။
ချီလီ၏အရင်ရည်းစားဟောင်းဖြစ်သည့် သူ့ "အချစ်ဦး" ကောင်းယာလန်တွင် တူညီသည့်မျက်လုံးမျိုးရှိခဲ့သည်။
ကျီဖေးသည် ဟန်ကျီယုနှင့်တွေ့ ပြီးကတည်းက ဟန်ကျီယု၏ အမြင်မှ "အချစ်ဦး" ကို အစားထိုးထားရန် ငွေပေးချေခြင်းနှင့်ပတ်သက်သည့် အတင်းအဖျင်းစကားများအား စတင်ပြင်ဆင်ခဲ့သည်။
သို့သော် သေးငယ်သည့် ကြားဝင်မှုတစ်ခုရှိခဲ့သည်။
[ဪ၊ ဒီကောလိပ်ကျောင်းသူလေးက တကယ်တော့ ငါ့ရဲ့အမာခံပရိသတ်ပဲ၊ မဆိုးပါဘူး၊ သူ ကောင်းကောင်းအရသာခံနိုင်တာပဲ။ စောစောက ငါ့ကိုတွေ့ တော့ သူအရမ်းစိတ်လှုပ်ရှားနေတဲ့ပုံစံက အံ့ဩစရာမဟုတ်တော့ဘူး။ အကယ်၍ ငါတို့အခုအလုပ်လုပ်နေရင်း တွေ့ဆုံမှုသာမဟုတ်ခဲ့ရင် သူ ချက်ချင်း လက်မှတ်နဲ့ဓာတ်ပုံရဖို့ပြေးလာမှာ။]
ချင်ရှန့်: အလုပ်မှာ...
ချင်ရှန့် သူ့ခေါင်းကိုလက်နဲ့ထိချင်လာသည်။
ယခင်က ကျင်းရန်အကြောင်းအတင်းအဖျင်းပြောခြင်းနှင့်ပတ် သက်၍ ကျီဖေးသည် အနည်းငယ်မျှသာထုတ်ဖော်ပြောဆိုခဲ့ပြီး ချင်ရှန့်ကိုစိတ်ရှုပ်ထွေးစေခဲ့သည်။
ယခုမူ ချင်ရှန့်သည် သူအများကြီးနားထောင်မိသည်ဟုခံစားရသည်။ မိုက်မဲလွန်းသည့်တစ်ခုခုကို လုပ်မိသောသူ့သူငယ်ချင်းကိုယ်စား သူရှက်သွားသည်။
ကောင်းယာလန်၏နေရာတွင်အစားထိုးရန် မိန်းကလေးတစ်ဦးကိုငှားရမ်းခြင်း - သာမန်လူတစ်ယောက်က ဒိလိုလုပ်နိုင်မှာတဲ့ လား?
ချင်ရှန့် ချီလီ၏အတွေးရေယာဉ်ကိုနားမလည်နိုင်ခဲ့ပေ။
သို့ပေမယ့် သူတို့နှစ်ယောက် လမ်းခွဲခဲ့သည့်မြင်ကွင်းကိုတော့ သူ မှတ်မိနေသေးသည်...
[ဟားဟားဟား၊ သူ့ "အချစ်ဦး" သူ့ကိုစွန့်ပစ်လိုက်ရခြင်းရဲ့ အ ကြောင်းရင်းက အတော်လေးကိုရိုးရှင်းပါတယ် - သူက LDRS ဆက်ဆံရေးကို မထိန်းသိမ်းနိုင်ဘူးလို့ခံစားလာရပြီး သူ့ရဲ့ ခံစားချက်တွေမှေးမှိန်သွားပြီးတော့ နိုင်ငံခြားမှာချစ်သူသစ်တွေနဲ့ အသစ်အဆန်းတွေကိုစမ်းကြည့်ချင်နေတာ။ အဲ့တာကြောင့် သူက နာမည်ပျက်မှာကိုရှောင်တဲ့အနေနဲ့ လမ်းခွဲကြောင်းကို လူသိရှင်ကြားကြေညာခဲ့တာ။ ဟာ ဒီကျဲကျဲက ပြတ်သားလိုက်တာ၊ ဟား ဟားဟား။]
ချင်ရှန်း၏ ပါးစပ်လှုပ်ယမ်းသွားသည်။ ကောင်းယာလန်သည် အမှန်တကယ်ပင် စိတ်အားထက်သန်သူဖြစ်ပြီး သူပြောသည့်အတိုင်းပင် သူသည် နိုင်ငံခြားသားချစ်သူများစွာနှင့်ချိန်းတွေ့ ခဲ့သည်။ သူသည် နိုင်ငံခြားတွင် စိတ်လှုပ်ရှားဖွယ်ကောင်းသည့်ဘဝမျိုးဖြင့် နေထိုင်နေပုံပင်။ ဆိုရှယ်မီဒီယာကို တစ်နှစ်မှတစ်ကြိမ်လောက်ပင် မစစ်တတ်သူတစ်ယောက်ပင် သူကြည့်လိုက်သည့်အချိန်တိုင်း ကောင်းယာလန်၏ပုံမှန် update post များကိုတွေ့ နိုင်သည်။
[ အဲ့အချိန် ချီလီရဲ့မျက်နှာမှာ အရောင်အသွေးဘယ်လောက်စုံနေမလဲလို့ တွေးမိသား]
ချင်ရှန့် - တကယ်ကို အရောင်စုံတယ်
[သူ ကောင်းယာလန်ကို အရမ်းစွဲလန်းနေပေမယ့် မာနကြောင့် ကောင်းယာလန်ထွက်သွားရင် နောင်တမရနဲ့ သူ ဘယ်တော့မှ နောက်ပြန်လှည့်မကြည့်ဘူးဆိုပြီးပြောခဲ့သေးတယ်။ ဒါပေမယ့် ကောင်းယာလန်က လုံးဝလှည့်မကြည့်ဘဲထွက်သွားတော့ ဘာမှအလေးအနက်မဖြစ်လိုက်ရဘူး။]
ချင်ရှန့်- ပြီးတော့ သူ ထွက်မသွားခင်မှာ သူ့ကိုနမ်းပြီး "ကျွန်မကို မေ့လိုက်ပါ" လို့ပြောသွားသေးတယ်။
[ဟိုးဟိုးဟိုး၊ အစတော့ ချီလီက အပြင်ပန်းပုံစံကိုထိန်းထားဆဲပဲ။ ကောင်းယာလန်လည်း ရည်းစားလည်းရသွားရော သူတစ် ခုခုကို သက်သေပြချင်သလို ဘာကိုမှဂရုမစိုက်ပဲ ဘဝကိုကောင်းကောင်းမွန်မွန် ဖြတ်သန်နေသလိုလိုနဲ့ ကောင်မလေးတစ်ယောက်ကောက်ထားလိုက်ရော၊ တကယ်ကြီး ? သူ့ကို ကိုယ်တိုင်ထားခဲ့တဲ့ ကောင်းယာလန်က ဂရုစိုက်မယ်လို့များ သူတကယ်ထင်နေတာလား ?]
ချင်ရှန့်:... ငါဘာလို့ ချီလီအပေါ်နည်းနည်းသနားနေရတာလဲ...
တကယ်တော့ သူအနည်းငယ်အံ့သြသွားမိသည်။ အမှန်မှာ ချီလီသည်ပလေးဘွိုင်းဖြစ်ခဲ့ဖူးပြီး ရည်းစားထည်လဲတွဲကာ မိန်းကလေးများကသူ့ အတွက် အမြဲဒေါက်ထောက်ထားလေ့ရှိသည်။ ကောင်းယာလန်နှင့် လမ်းခွဲပြီးနောက် သူသည် ဖောက် ပြန်သည့်အဆင့်ကိုပင်ဖြတ်သန်းခဲ့သေးသည်။ အဆုံးမှာတော့ချီလီသည် ကောင်းယာလန်ကိုမမေ့နိုင်သေးဘူးဟု မည်သူထင်မည်နည်း ?
[ဒါက ကစားသမားက နောက်ဆုံး သူ့ပြိုင်ဘက်နဲ့တွေ့သွားတဲ့ကိစ္စလား ?]
ချင်ရှန့်: ဒီတစ်ခုက တကယ်ဖြစ်နိုင်တယ်...
[မကြာသေးခင် အချိန်ပိုင်းအလုပ်လုပ်နေတဲ့ ဟန်ကျီယုနဲ့ တွေ့ တဲ့ချိန်အထိပဲ၊ အစားထိုးဖို့ စိတ်ကူးရလာတော့၊ သူ ကောင်းယာလန်ကိုချစ်ပေမဲ့ ယန်ကျီယုရဲ့ကိုယ်ရည်ကိုယ်သွေးကိုသည်းမခံနိုင်တာကြောင့် ဟန်ကျီယုကို ကောင်းယာလန်ရဲ့ အပြုအမူနဲ့ ပြောပုံဆိုပုံတွေကိုလေ့လာခိုင်းဖို့ ကောင်းယာလန်ရဲ့ဗီဒီယိုတွေကိုပို့ပေးခဲ့တယ်၊ ဒါပေမဲ့လည်း နူးညံ့သိမ်မွေ့ ပြီး နာခံမှုရှိဖို့ကလိုနေသေးပြန်ရော]
ချင်ရှန့် အနည်းငယ်မျက်မှောင်ကြုတ်ကာ သူ့သူငယ်ချင်းကို မကျေမနပ်ကြည့်လိုက်သည်။ ဤအပြုအမူသည် အကဲဖြတ်ရန်ခက်ခဲသည်။
[ဒီကောင်က ကိုယ့်ကိုယ်ကိုလှည့်စားတဲ့နေရာမှာ တကယ်တော်တာပဲ။ သူ အမြင့်ဆုံးထိမတက်နိုင်ရင် သူ့ကိုယ်သူ လိုက်ဖက်အောင်ပြုပြင်လိုက်ရုံပဲလား?]
ချင်ရှန့် တိတ်တိတ်လေးသက်ပြင်းချလိုက်သည်။ ကံကောင်း ထောက်မစွာပင်၊ ဤဟန်ကျီယုသည် အခြားရည်ရွယ်ချက်မရှိခဲ့ပေ။ နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် အစီအစဉ်တစ်ခုမျှသာဖြစ် သည်။ မဟုတ်လျှင် တကယ့်ကို အန္တရာယ်များလှသည်။
[အာ့၊ ငါ အခုမှနားလည်တယ်။ ဒီလိုအခြေအနေမျိုးမှာ သူဟန်ကျီယုကို သူ့ရည်းစားအဖြစ်နဲ့ တကယ်မမြင်သေးပေမယ့် သူ့ကိုခေါ်ဆောင်လာတုန်းပဲဆိုတော့ mind game တွေကစားနေတာဖြစ်ရမယ်။ သူ နိုင်ငံခြားကကောင်းယာလန်ကို သတင်းပို့ဖို့ ဒီအတန်းဖော်ပြန်လည်ဆုံဆည်းပွဲကို အသုံးချချင်နေတာ။ နေပါဦး၊ ကောရေ ကောင်းယာလန်ကိုပြန်လာစေချင်ပြီး ယောက်ျားတစ်ယောက်အတွက်တိုက်ခိုက်နေတဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ဒရာမာကိုဖန်တီးဖို့ ဟန်ကျီယုကိုတကယ်သုံးနိုင်မယ်လို့ ရှင် ထင်နေတာလား?]
[ ရှင် ဘယ်လောက်တောင် ကလေးဆန်လိုက်လဲ ? အဲ့တာက မိန်းကလေးနှစ်ယောက်လုံးက ရှင့်ရဲ့ ဒရာမာတွေနဲ့ တွဲကစားချင်လားဆိုတဲ့အပေါ်မူတည်သေးတယ်လေ။ ကောင်းယာလန်အကြောင်း ငါ မသိပေမယ့် ဟန်ကျီယုကတော့ အလုပ်ထွက်မှာသေချာတယ် ဟားဟားဟား။ ဒီကောင်.. မာနကြီးပြီး ယုံကြည်မှုလွန်ကဲနေတာ။ ဟန်ကျီယု နုတ်ထွက်ပြီး ကောင်းယာလန်ကပြန်မလာတော့တဲ့အခါ သူ ဖြစ်သွားမဲ့အမူအရာကိုအရမ်းမြင်ချင်နေပြီ။]
ကျီဖေး သူ့စိတ်ထဲတွင်ဤအတင်းအဖျင်းကို အရူးအမူးစွဲလန်းနေခဲ့သည်။ သူ့အပြုံးကို မနည်းထိန်းထားရသည်။
အထူးသဖြင့်ချီလီ၏ ရက်စက်ကြမ်းကြုတ်သည့်အပြုအမူနှင့် ဟန်ကျီယုအား သူ့အပိုင်အဖြစ်ဆက်ဆံနေသည်ကိုမြင်သော အခါ သူသည် မရယ်မိစေရန်ကြိုးစားခဲ့ရသည်။
ကျီဖေး ဘေးတွင်ထိုင်နေသည့် ချင်ရှန့်သည် သူ့ခန္ဓာကိုယ်လှုပ်ရမ်းနေသည်ကို ခံစားမိသည်။
ထိုအချိန်တွင်ချင်ရှန့်သည် ချီလီအတွက်ရှက်ရွံ့ ကာ သူ့မျက်နှာကိုဖုံးကွယ်ထားချင်ခဲ့သည်။ သူ၏သေးငယ်သည့်အမူအရာလေးကို ကျီဖေးက လုံးလုံးမြင်နေရသည်။
ဟန်ကျီယုမှ နှုတ်ဆက်ပြီးနောက် ကျီဖေးက သူတို့နှစ်ယောက်ကြားကိုအပြန်ပြန်အလှန်လှန်ကြည့်ရင်း သူ့အမူအရာတွင် 'စိတ်လှုပ်ရှားခြင်း' တွေသာပါနေသကဲ့သို့ပင် ? ချီလီ၏အရေ ပြားကိုတွန့်သွားစေခဲ့သည်။
"မင်း ဘာကြည့်နေတာလဲ"
ချီလီသည် ကျီဖေး၏အကြည့်ကို မကျေမနပ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ကျီဖေး ပြုံးပြီး " ဒီလိုချောမောလှပတဲ့မိန်းကလေးကို ငါတစ်ခါမှမမြင်ဖူးဘူး၊ နည်းနည်းလောက်ပိုကြည့်ချင်ရုံပါ။"
ဟန်ကျီယုသည် သူ့ idol ထံမှ ချီးကျူးခြင်းကိုခံရသောအခါတွင် သူ့မျက်လုံးများချက်ချင်းတောက်ပလာသည်။
"ကျီလောင်ရှစ်က တကယ်..."
ဟန်ကျီယုပြောလို့မပြီးခင် ချီလီသည် သူသတ်မှတ်ထားသည့် ဇာတ်ကောင်စရိုက်နှင့်မကိုက်ညီသည့် ရွှင်လန်းသောလေသံအား ရှင်းရှင်းလင်းလင်းပင်သဘောမကျသဖြင့် ချက်ချင်းလက်ကိုမြောက်ကာ မျက်မှောင်ကြုတ်ပြီး သူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်။
သူကျီဖေးကို မကြိုက်တာ ဒီကောင်မလေး မမြင်ဘူးလား? သူ ဘာကြောင့် သူနဲ့ဒီလောက်ရင်းနှီးနေတာလဲ!
ဟန်ကျီယုသည် သိမ်မွေ့ သည့်အသွင်သို့မပြောင်းမီ ခေတ္တမျှ တောင့်တင်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ချီလီက "ကျီဖေး၊ မင်းရဲ့အကြိုက်က အရင်ကလို ဆိုးရွားနေတုန်းပဲ။ သူက ဘယ်လောက်လှလို့လဲ? သူသာငါ့ကို အသဲအသန်မဖက်တွယ်ထားဘူးဆိုရင်၊ သူ့သာ ငါမရှိပဲမနေနိုင်ဘူးဆိုပြီး မပြုမူခဲ့ရင်၊ ငါ သူ့ကို ငါနဲ့ချိန်းတွေ့ ခွင့်တောင်ပေးမှာမဟုတ်ဘူး။ ဟုတ်တယ် မဟုတ်လား..."
စကားပြောပြီးနောက်ချီလီက ဟန်ကျီယုကိုပွေ့ ဖက်ကာ မျက် ခုံးပင့်ပြီး သူ့ကို သဘောတူခိုင်းသည်။
ဟန်ကျီယုသည် ရှက်ရွံ့ စွာခေါင်းညိတ်ပြပြီး အရှက်မရှိသည့်မိန်းမတစ်ကဲ့သို့ ယောက်ျားနောက်သို့လိုက်နေဟန်တူသည်။
သို့ပေမယ့် အတွင်းထဲမှာတော့ သူ မတတ်နိုင်ပဲ : သည်းခံလိုက်၊ သည်းခံလိုက်။ အဲ့တာက ယွမ်ငါးသိန်းတောင်၊ ငါက ငါမဟုတ်ဘူး၊ ငါက အခု ကောင်းယာလန် 2.0 ပဲ။ သူဌေးကခက်ခဲလည်းပြဿနာမရှိဘူး၊ ဒါ ငါ့ အလုပ်ပဲ၊ ငါ ပရော်ဖက်ရှင်နယ်ကျဖို့လိုတယ်။ မိဘမဲ့ဂေဟာရဲ့ပြန်လည်ထူထောင်ရေးရန်ပုံငွေက နီးနေပြီ။
ချီလီသည် ဟန်ကျီယု၏တုံ့ပြန်မှုကိုအလွန်ကျေနပ်ခဲ့ပြီး သူ့တွင်စစ်မှန် သည့်ခံစားချက်အချို့ရှိလိမ့်မည်ဖြစ်သောကြောင့် အလွန်ကောင်းမွန် စွာစွမ်းဆောင်နိုင်သည်ဟုပင် ထင်ခဲ့သည်။ သူ့စကားသည် သူ့နှလုံးသားကိုထိသွားစေနိုင်သည်ဟု ခံစားမိသော်လည်း ဤနာကျင်မှုသည် သူ့နေရာကိုမမေ့လျော့စေရန် အမြဲတမ်းသတိပေးချက်တစ်ခုအဖြစ် ပေးစွမ်းနိုင်မည်ဖြစ် သည်။
ထိုအချိန်တွင် ကျီဖေးသည် သူ့ကိုယ်သူမထိန်းနိုင်တော့ဘဲ အသံကျယ်မရယ်မိစေရန် သူ၏ပေါင်ကို တင်းတင်းကျပ်ကျပ်လိမ်ဆွဲထားရသည်။
[ငါ ထိန်းထားရမယ်၊ အိုး ချီလီ၊ ချီလီ၊ ဒါမျိုးကို ကောင်းယာလန်လုပ်လိမ့်မယ်လို့ နင် စိတ်ကူးယဉ်နေတာလား? ရှင့်ကိုအ သည်းအသန်ကပ်နေမယ်၊ ရှင် မရှိပဲ ကျွန်မ မနေနိုင်ဘူး၊ နင်သူ့ကိုနှိမ့်ချထားတဲ့အချိန်မှာ လေ... pfft pfft pfft နင်ဒီလိုလုပ်လာလေလေ၊ ပြဇာတ်ဆန်လာလေလေပဲ ... ဟင်း၊ နင်က နင့်ဘာ သာ နင် အချစ်စစ်ရဲ့စစ်သည်တော်ဖြစ်လာပါလား]