အခန်း (၁၈၆)
Vol. 19 Ch. 186
ချင်ရှန့် အမှန်ပင် သည်းမခံနိုင်တော့သဖြင့် မျက်လွှာချလိုက်ရသည်။
သို့သော် တခြားသူများသည်တော့ သတိမထားမိချေ။ သူတို့ သည် ချီလီ၏အချစ်မှာ ထိုသို့ဖြစ်နေမည်ဟု မည်သူထင်နိုင်မည်နည်း။ သူတို့ထင်သည်မှာ ထိုမိန်းကလေးသည် ချီလီကို ဖြားယောင်းဖို့အတွက် ကောင်းယာလန်နဲ့တူအောင် တမင်လုပ်နေခြင်းဟုသာ ထင်ကြသည်။ ထို့ကြောင့်ပင် သူတို့သည် ဟန်ကျီယုအား သဘောမကျကြပေ။
သူကိုယ်တိုင်နှုတ်မှထုတ်မပြောသော်လည်း ဟန်ကျီယုနှင့် သူဆက်ဆံရေးမှာအပျော်သဘောသာဖြစ်ကြောင်း သိသာစွာပင်။ မည်မျှအထိဆိုလျှင် သူမသည် သူ့ကောင်မလေးဟုပင်ခေါ်လို့မရချေ။
ထို့ကြောင့် စားပွဲရှိလူများသည် ဟန်ကျီယုကို အရေးမစိုက်ပဲ နှိမ့်ချစွာကြည့်တက်သည်။
အထူးသဖြင့် အလယ်တွင်ထိုင်နေသည့် လူငယ်လေးသည် စျေးကြီးပေ့ဆိုသည့် အ၀တ်အစားများနှင့် လေလံဆွဲထားသည့် လက်၀တ်ရတနာများကို ၀တ်ဆင်ထားကာ ခြေချိတ်ထိုင်နေသည်။ သူ့ဆံပင်ကိုလည်း နောက်သို့လှန်တင်ထားသော ကြောင့် ချောမောသောရုပ်သွင်ကို ပိုထင်ပေါ်စေပြီး သူသည် တစ်ချက်တစ်ချက် ခေါင်းကိုစောင်းငှဲ့ကာလူများကို အထက်စီးဆန်စွာကြည့်တက်သည်။
"ပျော်ဖို့အတွက်ဆိုရင်တော့ကောင်းပေမဲ့ အရမ်းကြီးမပျော်ဝင်မိစေနဲ့ ချီလီ၊ အမျိုးသမီးအများစုက ပိုက်ဆံရတာနဲ့ ဘာမဆိုလုပ်တက်တယ်"
လောကျိုးသည် လှောင်ပြောင်သရော်လိုက်ပြီး "ဂရုစိုက်၊ မဟုတ်ရင် သူတို့ရဲ့နွံထဲကိုနစ်သွားလိမ့်မယ်!"
ထိုစကားများသည် ကြမ်းတမ်းသော်ငြား ကျီဖေးသည်တော့ ရယ်စရာကောင်းသည်ဟုသာထင်မိသည်။
[ဟမ်... ထားပါတော့... ဒါပေမယ့် မိန်းမတစ်ယောက်ကပိုက် ဆံကြောင့်နဲ့ ဘာဖြစ်ဖြစ် လုပ်လိမ့်မယ်လို့ ထင်တာလဲ? ငါလေးလက်မခံဘူးနော်၊ ဒါပေမဲ့ ဟန်ကျီယုရဲ့အမူအရာကတော့ လောကျိုးပြောတာကို သဘောတူတဲ့ပုံပဲ]
ဇာတ်ကြောင်း အစုံအလင်သိသော ချင်ရှန့်သည် ထိုစကားများကိုနားထောင်ရင်း 'ဒုတိယအကြိမ် အရှက်ရခြင်း' သည် သူ့ အတွက်နာတာရှည်အခြေအနေလိုပင်။
လောကျိုးသည် ဟန်ကျီယုအား တမင်ရှက်သွားအောင် လူတိုင်းရှေ့ပြောလိုက်သော်လည်း တကယ်တမ်း ဒေါသထွက်သူမှာ ဟန်ကျီယုမဟုတ်ဘဲ နံဘေးရှိ ရွှမ်ရီဖြစ်နေသည်။
သူမသည် စိတ်ဆိုးနေရုံတင်မဟုတ်ပဲ သူ့မျက်လုံးများကလည်း ချက်ချင်းပင်နီရဲလာသည်။ သူ့ အတိတ်ကိုသိသော သူများ၏ အမူအရာလည်း ရုတ်တရက်ပြောင်းလဲသွားသည်။
လောကျိုး စကားပြောပြီးမှ ရွှမ်ရီကို စိုက်ကြည့်လိုက်သည်။
[အာ.. ဒီစကားတွေက ဟန်ကျီယုကို ပြောချင်တာမဟုတ်ဘူးပဲ၊ သူတမင်သက်သက်ရွဲ့ပြောနေတာကိုး၊ ဒါက ဘယ်လိုဇာတ်ရှုပ်ကြီးတုန်း၊ အင်း... လောကျိုးက သူ့အစ်ကိုကိုယ် သူကိုယ်တိုင် လှောင်ပြောင်သလိုဖြစ်နေပြီ မဟုတ်လား?]
ချင်ရှန့် ရေများပင် ထွေးထုတ်မိတော့မလိုပင်။
ချင်ရှန့်သည် ယခင်က ကျီဖေးပြောခဲ့ဖူးသည့် အတင်းအဖျင်းများထဲရှိ ကျန်ရှိသောတစ်ယောက်အကြောင်းကို စဉ်းစားလိုက်သည်- ရည်းစားဟောင်းကနေ မရီးဖြစ်သွားတဲ့ အတင်းအဖျင်း လေ! ဒါ လောကျိုးနဲ့ ရွှမ်ရီကိုပြောတာလား ?
(T/N: ရှေ့မှာ ခယ်မလို့ရေးမိတယ် မရီးဖြစ်မယ်ထင်တယ်)
နေပါဦး လောကျိုးက... ရွှမ်ရီနဲ့တွဲဖူးလို့လား?
သူတို့ဆက်ပြီးတော့ တွဲနေကြတုန်းလား?!
ချင်ရှန့်၏ အသိမှတ်ဉာဏ်အားလုံး ပြိုပျက်သွားသလိုပင်။
ကျီဖေးသည် ဒရာမာကိုကောင်းကောင်းကြည့်ရှုနေသည်။
[သူတို့နှစ်ယောက် အရင်တုန်းကတွဲခဲ့ဖူးတယ်၊ ဒီအကြောင်းကို သိတဲ့လူ သိပ်မရှိဘူး၊ လောကျိုးလိုလူမျိုးက ရွှမ်ရီတောင်းဆိုတာတစ်ခုတည်းကြောင့် လျှို့ဝှက်ပေးခဲ့တာကိုကြည့်ရင် သူမအပေါ်ထားတဲ့ သူ့အချစ်တွေက မကြည့်ပဲနဲ့တောင်မြင်နိုင်တယ်၊ ဒါပေမယ့် ရွှမ်ရီကတော့ သူ့ကိုလက်ထပ်ဖို့တုံ့ဆိုင်းနေလို့လျှို့ဝှက်ဖို့တောင်းဆိုခဲ့တာပဲ၊ သူ့ကြောင့် သူမရဲ့ဂုဏ်သတင်းပျက်ဆီးမှာ စိုးရိမ်နေလို့ပဲ]
[နောက်ပိုင်းကျတော့ ရွှမ်ရီရဲ့မိသားစုက ငွေရေးကြေးရေး ကြပ်တည်းလာတဲ့အချိန်မှာ လောကျိုးက လောမိသားစုကို အမွေဆက်ခံလို့မရနိုင်ဘဲ ဒီအတိုင်း ချမ်းသာရုံပဲတဲ့ချမ်းသာတဲ့ play boy တစ်ယောက်လို့ သိလိုက်ရတယ်၊ ဒါကြောင့် ရွှမ်ရီက လောကျိုးကိုကြားခံလုပ်ပြီး လောချန်ကို ချဉ်းကပ်ဖို့အသုံးချခဲ့တာပဲ၊ လောကျိုး သိတဲ့အချိန် မိသားစုနှစ်စုကလက်ထပ်ဖို့တောင် စီစဉ်ပြီးနေပြီ]
[လောကျိုး ရွှမ်ရီကိုမေးတော့၊ သူမ သူ့ကိုချစ်ပေမဲ့ သူမ မိသားစုအတွင် အဆင့်အတန့်မြင့်မြင့်မားမားကို ပိုလိုချင်တယ်လို့ ရင်နာနာနဲ့ပြောလာတာပဲ၊ အဲ့အချိန်ကစပြီး လောကျိုးက ရွှမ်ရီကို ငွေမျက်နှာတစ်ခုတည်းကြည့်တဲ့မိန်းမဆိုပြီး မုန်းသွားတာ၊ သူ မလုပ်ချင်ပေမဲ့ သူမကို အာရုံစိုက်မိနေတုန်းပဲ၊ သူစိတ်ထဲမရှိချင်ပေမဲ့ သူမကိုဂရုစိုက်ချင်... အားရား.. ငါ ဒီမရီးနဲ့ မတ်ကြားက ဒရမ်မာကို ဆက်မကြည့်နိုင်တော့ဘူး]
ချင်ရှန့်: ငါ လည်း မကြည့်ချင်တော့ဘူး။
လောကျိုးသည် ငွေကိုအသုံးပြုကာ မိန်းမများနှင့် ပွေရှုပ်နေ သည်ဟူသော သတင်းများသည် အံ့သြစရာမရှိတော့ချေ။ ထိုအရာ၏အကြောင်းရင်းမှာ ဒါကြောင့်လို့ မည်သူ ထင်မည်နည်း ?
လောကျိုး၏အစ်ကိုလောချန်သည် ချင်ရှန့်၏စီးပွားဖက်ကောင်းတစ်ယောက်ဖြစ်သဖြင့် လောချန်သည် ထိုအကြောင်းကိုမသိသည်မှာ သေချာသည်။
ချင်ရှန့် ၎င်းတို့၏လက်ရှိတုံ့ပြန်မှုကိုကြည့်သည်နှင့် ထိုပြဿ နာ၏ပြင်းထန်နှုန်ကိုမှန်းဆမိသည်။ သူတို့အတိတ်ကို လက်မလွှတ်နိုင်သေးသည်မှာ သိတာလှသည်။- ပြဿနာ ထဖြစ်တော့မှာများလား ?
ချင်ရှန့်သည် ရုတ်တရက် ကျီဖေးလှည့်ကြည့်လာသည်ကို ခံစားလိုက်ရသဖြင့် ကြောင်တက်တက်ဖြစ်သွားရသည်။
ထိုမှတဆက်တည်း ကျီဖေး စိတ်ထဲရှိ ညည်းတွားသံကို ကြား လိုက်ရသည်- [သူတို့က တကယ်ကံဆိုးတဲ့ ဘော်ဒါတွေပဲ၊ လောဖေးနဲ့ ယွီယွဲ့ကလွဲလို့ ကျန်တဲ့သူတွေအားလုံးက... သူတို့ချစ်ရသူတွေ အဝေးကိုထွက်သွားတာကိုပဲ ကူကယ်ရာမဲ့စောင့်ကြည့်ရုံပဲတတ်နိုင်တယ်၊ အချစ်စစ်နဲ့ ချစ်ခဲ့ပေမဲ့ တစ်ဖက်လူကမတုန့်ပြန်ဘူး၊ ဟင်း... နင်တို့ အားလုံးကအရပ်ရှည်တယ်၊ ချမ်းသာတယ်၊ ရုပ်ချောတယ်ဆိုပေမဲ့ အချစ်ရေးက ဘယ်လိုဖြစ်လို့ အဲ့လောက်ကံဆိုးနေကြရတာလဲ?]
ချင်ရှန့်: ...သူက အဲ့လူတွေနဲ့ မတူဘူးနော်
ချင်ရှန့်သည် ကျီဖေး အဘယ့်ကြောင့် အတင်းအဖျင်းပြောရခြင်းကိုသာ အာရုံစိုက်နေပြီး သူ့ဘက်ကို တစ်ချက်မှမလှည့်ကြည့်ရခြင်းအား စဉ်းစားမရတော့ချေ။
ဖြစ်နိုင်တာက... သူ့အချစ်ရေးကံကတကယ် ဆိုးရွားလို့နဲ့တူတယ်။
သူ သက်ပြင်းချလိုက်ပြီးနောက်မှ အေးခဲသွားကာ သူ၏အမူအ ရာသည် တဖြည်းဖြည်းမူပျက်လာကာ နားရွက်များလည်း တဖြည်းဖြည်းနီလာသည်။
ထိုစဉ် ကျီဖေး၏စိတ်ထဲရှိ အလန့်တကြား အော်ဟစ်သံကို ကြားလိုက်ရသည်။ - [ဘာ!]
ချင်ရှန့်၏အတွေးများပြတ်တောက်သွားပြီး အသိစိတ်ပြန်ကပ်လာချိန်တွင် ၎င်းတို့သည် လောကျိုး၏လက်ရှိရည်းစားအကြောင်း ပြောနေသည်ကိုကြားလိုက်ရသည်။
ခဏလေး... လောကျိုးမှာ ရည်းစားရှိတယ်လား။
လောကျိုး၏အစောပိုင်းက စကားများသည် အမှန်တကယ်မသင့်တော်သော်လည်း ချီလီကိုအဓိကစိန်ခေါ်လိုက်ခြင်းဖြစ် သည်။ သူတို့သည် သူငယ်ချင်းဖြစ်သော်လည်း မည်သည့်ဘက်မှ နောက်ပြန်မဆုတ်နိုင်ချေ။
ချီလီသည် အမှန်တကယ် ငွေသုံးထားသော်လည်း ထိုအရာကို ၀န်မခံချင်သောကြောင့် ထိုစကားများကို ကြားလိုက်ရသော အခါ မပျော်မရွှင်ဖြစ်သွားသည်။ သူ ပြန်ငြင်းခုံချင်သော်လည်း လောကျိုး၏မျက်နှာကို မြင်လိုက်ရချိန် ရုတ်တရက်တစ်စုံ တစ်ခုကိုသတိရသွားသဖြင့် တမင်တကာ ပြဿနာကိုလက် ယက်ခေါ်တော့သည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ မင်းက ဒီနယ်ပယ်မှာ ပိုအတွေ့အ ကြုံရှိတယ်မလား? ဒါနဲ့ မင်း ဘာလို့ မင်းရဲ့လက်ရှိရည်းစားကို အဲ့လောက် သတိထားနေရတာလဲ ? ဘာဖြစ်လို့လဲ ? ဒီနေ့ သူ့ကို ဘာလို့မခေါ်လာတာက မဟုတ်မှလွဲရော မင်းရဲ့ ခံစားချက်တွေများ မရှင်းလင်းသေးလို့လား"
ထိုစကားများသည် လူတော်တော်များများကိုအံ့သြသွားစေ သည်။
ရွှမ်ရီ၏ မျက်နှာတင်းမာသွားသည်။
ဤတစ်ခါတော့ လောကျိုးသည် ရွှမ်ရီကိုမကြည့်တော့ပဲ သူ့မျက်နှာပေါ်ရှိ ကသိကအောက်ဖြစ်မှုများကိုဖုံးကွယ်ကာ ပေါ့ပေါ့ပါးပါးလေသံဖြင့်- "ငါ သူ့ကို ခေါ်လာချင်ပေမယ့် သူ ဒီနေ့ အလုပ်ရှိနေတယ်လေ"
ယွီယွဲ့နှင့် ပိုင်ရှောင်ရှီတို့သည် ထိုအကြောင်းကို ပထမဆုံးအ ကြိမ်ကြားချင်းဖြစ်သောကြောင့် ချက်ချင်းဆိုသလိုမေးခွန်းများစတင်မေးမြန်းကြတော့သည်။
"သူက သာမာန်မိသားစုလား? မင်း လောဖေးလိုမျိုး ငါတို့အ သိုင်းအဝိုင်းရဲ့အပြင်ဘက်ကလူကို ရှာလာတာလား"
ယွီယွဲ့က "ထူးဆန်းလိုက်တာ၊ မင်းရဲ့ ပင်ကိုယ်စရိုက်အရဆိုရင် ငါတို့ သခင်လေးလောကျိုးက လောဖေးလိုမျိုး green flag ကြီးဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူး၊ မင်းရဲ့ကောင်မလေးမှာ အလုပ်ရှိတယ်ဆိုတာနဲ့ မလာဖို့ခွင့်ပြုလိုက်တာပဲလား"
"ငါ့နောက်ကွယ်မှာ ငါ့ အတင်း ဘာတွေပြောနေတာလဲ"
ထိုစဉ် လောဖေးပြန်ရောက်လာပြီး ယွီယွဲ့၏ခေါင်းနောက်ကိုတစ်ချက်ရိုက်လိုက်သည်။
အမှန်တွင် လောဖေး၏ချစ်သူကောင်မလေး ထွက်သွားတာကို စားပွဲဝိုင်းရှိ မည်သူမှဂရုမစိုက်ကြချေ။ အဘယ့်ကြောင့်ဆို သူမသည် ၎င်းတို့အသိုင်းအဝိုင်းထဲက မဟုတ်လို့ပင်။ ၎င်းတို့ သည် သူမကို ရှုတ်ချခြင်းမျိုးမပြုဘဲလည်း သူမနှင့် မည်သို့ ဆက်ဆံရမလဲမသိသောကြောင့် လျစ်လျူရှုထားတက်သည်။ သူမနှင့် ဆက်သွယ်ရန်ခက်ခဲသောကြောင့်ဖြစ်သည်။ လော့ဖေးလိုမျိုး အဆင့်အတန်းကိုဂရုမစိုက်သော သူကြောင့် သူတို့လည်း လောဖေးကိုလေးစားသမှုဖြင့် သူမအား ရံဖန်ရံခါစကား ပြောလေ့ရှိသည်။
"ငါတို့လောကျိုးက မင်းလိုမျိုးလူကောင်းတစ်ယောက်ဖြစ်လာပြီလို့ပြောနေတာ" ပိုင်ရှောင်ရှီ ပြောနေရင်း ရယ်လိုက်သည်။
"ဟမ် ?" လောဖေး ရှုပ်ထွေးသွားသည် ။
ထိုအချိန်တွင် ကျင်းရန်မှ အမှန်တရားကို ထုတ်ပြောလာသည်။ "မင်း ဘယ်သူလဲဆိုတာ သူ့ကို အခုထိမပြောသေးမလား၊ ဂရုစိုက်ကွာ မီးနဲ့မကစားချင်စမ်းနဲ့ အပူလောင်လိမ့်မယ်"
"ဘာ ? မင်း တွဲနေတာကိုတောင် မင်းရဲ့ဘ၀ကို ဖုံးကွယ်ထားတာလား?"
သာမန်အားဖြင့် တိတ်ဆိတ်နေတက်သော စမ်ထင်ပင် အံ့သြမိသွားသည်။
ကျင်းရန်သည် စမ်ထင်၏စိတ်ဝင်စားမှုကိုမြင်လိုက်ရသဖြင့် သူငယ်ချင်းဖြစ်သူကို ချက်ချင်းရောင်းစားလိုက်သည်။- "ဟုတ်တယ်၊ သူ အဲ့ကောင်မလေးရဲ့ အချစ်ကို စမ်းသပ်ဖို့ ဆင်းရဲချင်ယောင်ဆောင်နေတာ"
စမ်ထင်မျက်မှောင်ကြုတ်လိုက်ပြီး "ဒါ နည်းနည်းတော့ မသင့် တော်ဘူးပဲ"
ချီလီသည် ဒဏ်ရာကိုဆားထပ်သိပ်သည်- "ငါတို့သခင်လေး လောကျိုးက သူ့ကို နှစ်နှစ်လောက်ထောက်ပံ့ခိုင်းထားတဲ့အပြင် ဆက်ပြီးတောင်ထောက်ပံ့ခိုင်းချင်တာလား ? အဲ့ကောင် မလေးက တော်တော်ကြီးရိုးသားတာပဲ"
ယခုအချိန် လောကျိုး၏အမူအရာတွင် ကသိကအောက်ဖြစ်မှုများထင်ရှားနေသော်လည်း သူ၏မာနကြီးသော စိတ်ကြောင့် ကိုယ့်မျက်နှာကိုယ်တော့ ပျက်အောင်မလုပ်ချင်ပေ။
"မင်းတို့အကြောင်းစုံကိုသိလို့လား? သူ ငါ့ကို မြင်မြင်ချင်းချစ်မိသွားတာ၊ သူ့ကိုကြည့်ရတာ ရိုးသားမှုတဲ့ပုံစံလေးဆိုတော့ ငါ အခွင့်အရေးပေးလိုက်ရုံပါပဲ၊ ငါမျှော်လင့်တာ တစ်ခုတည်းက ငါ့ကောင်မလေးက ငါဆင်းရဲရဲ၊ ချမ်းသာသာ ငါ့ကိုအချစ်စစ်နဲ့ချစ်ဖို့ပဲ၊ သူ ကောင်းကောင်းလုပ်ခဲ့လို့ မတော်တဆတစ်ခုခုများ မရှိရင် သူက ငါ့အိမ်ထောင်ဖက်ဖြစ်လာမဲ့သူပဲ၊ ငါ သူ့ကို နှစ်နှစ်လောက်ပဲထောက်ပံ့ခိုင်းတာလေ၊ သိပ်မကြာခင်ဆို သူ အိပ် မက်တောင်မမက်ဖူးတဲ့ စည်းစိမ်တွေနဲ့ အထက်တန်းလွှာထဲကို ၀င်နိုင်တော့မှာလေ"
လောကျိုး မောက်မာစွာပြောလိုက်သော်လည်း သူ့အမူအရာသည် အမှန်တကယ်လေးနက်နေသဖြင့် စားပွဲပေါ်ရှိလူတိုင်းကို အံ့အားသင့်စေခဲ့သည်။
"မင်း တကယ်လက်ထပ်မှာလား ? သူ့ကို တကယ်ကြိုက်သွားတာလား" ပိုင်ရှောင်ရှီ စိတ်ဝင်တစားမေးလိုက်သည်။
လောကျိုး ခေတ္တရပ်တန့်လိုက်ပြီး ခေါင်းညိတ်လိုက်ကာ သူ့မျက်လုံးများမှတဆင့် ဖြတ်ပြေးသွားသော နူးညံ့မှုသည်ထင်ရှားစွာပင်။
ရွှမ်ရီသည် ခေါင်းငုံ့လိုက်မိပြီး နှုတ်ခမ်းကိုတင်းတင်းဖိကိုက်ထားကာ ဖုန်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။
လောဖေး မျက်မှောင်ကြုတ်ပြီး"ဒါပေမဲ့... မင်း သူ့ ခံစားချက်ကိုကစားနေတာပဲ၊ သူသာ မင်းပြောသလောက် အဲ့လောက် ကောင်းရင် အမှန်တရားကို အေးအေးဆေးဆေးလက်ခံမှာ မဟုတ်ဘူး၊ မင်း အကုန်လုံးကို မြန်မြန်ရှင်းပြတာအကောင်းဆုံးပဲ၊ ပြီးရင် သေချာတောင်းပန်ပြီး ခွင့်လွှတ်ခွင့်ရအောင်ယူ.. မဟုတ်ရင်တော့..."
လောကျိုးသည် ရုတ်တရက် ဖြတ်ပြောလာသည်။
"မဖြစ်နိုင်ဘူး၊ မင်း သူ ငါ့ကို ဘယ်လောက်ချစ်လဲ မသိလို့၊ သူက ငါ မရှိပဲနဲ့ အသက်မရှင်နိုင်ဘူး"
"အာ ငါဒီစကားကိုရင်းနှီးသလိုပဲ၊ ချီလီလည်း ဒီစကားကိုပြောဖူးလားလို့" ကျင်းရန် ခပ်ဖျော့ဖျော့ပြုံးပြီး ပြောလိုက်သည်။
ချီလီသည် ချက်ချင်းပင် ပြန်စိုက်ကြည့်လာသည်။
ထိုအချိန် သူတို့စကားကို တိတ်တဆိတ် နားထောင်နေသော ချင်ရှန့်၏အမူအရာသည် ပြောင်းသွားကာ မျက်ခုံးများကို တင်းတင်းကြုံ့ထားလိုက်သည်။
ထိုအရာများသည် တိုက်ဆိုင်မှုတစ်ခုပင်လား ?
သူ ခေါင်းကို လှည့်ကြည့်လိုက်ချိန် ကျီဖေး၏အမူအရာလည်း ပြောင်းလဲနေပြီဖြစ်ကာ သူမ၏အကြည့်များသည် မယုံကြည်နိုင်မှုများ ရစ်သန်းနေသည်ကိုမြင်လိုက်ရသည်။
သေချာစွာပင် သိပ်မကြာခင်တွင် သူမ၏စိတ်တစ်ခုလုံး ပေါက်ကွဲသွားတော့သည်။
[Fuck ! ဒီလူသူကင်းမဲ့တဲ့ ပါ့တောင်နဲ့ ချူရေကန်ကို စွဲလန်းနေတဲ့အရူးကတော့ ငါ့ကို တကယ်ရွံအောင်လာလုပ်နေတာပဲ]
[တကယ်ကြီး ထန်အာ ထောက်ပံ့ပေးနေတဲ့သူက လောကျိုးဖြစ်နေတယ်တဲ့လေ!!!! ဒီဒရမ်မာက ဘယ်လိုလုပ်ဆင်းရဲတဲ့မိန်းကလေးနဲ့ ချမ်းသာတဲ့ကောင်လေးကြားက ဇာတ်လမ်းကြီးဖြစ်သွားတာလဲ! လောကျိုး သူ့ကြောင့် ထန်အာဘယ်လောက် ခံစားခဲ့ရလဲဆိုတာရောသိရဲ့လား? မဟုတ်မှလွဲရော သူ့ခေါင်းက တစ်ခုခုမှားနေတာလား?]
[ရွှမ်ရီက သူ့ကို လှည့်စားခဲ့တာလို့ တခြားတစ်ယောက်ရဲ့ ခံစားချက်ကို သူ ကစားနေတာလား? နင် သတ္တိရှိရင် နင်ကိုလှည့်စားတဲ့သူကို ဘာလို့ လက်စားမချေရဲတာလဲ! ရွှမ်ရီ... သူမယ... ခဏလေး! သူ ဘာလုပ်နေတာလဲ! သူ... သူ... သူ... ဒီဖေ! ဒရာမာအကြီးကြီး လာတော့မယ်ဟ!]
ယခုအချိန်တွင် ၎င်းတို့နှင့်အထပ်တူတွင်ရှိသည့် ဧည့်သည်များ မိတ်ကပ်လိမ်းရန် အထူးသတ်မှတ်ထားသော သီးသန့်ခန်းငယ်လေးမှ ယုကျစ်သည် သူမ၏သူငယ်ချင်းများနှင့်ထွက်လာသည်။
ထို့အပြင် မိတ်ကပ်ဆရာနှစ်ယောက်လည်း အတူပါလာသည်။