← Chapters

အခန်း (၁၈၇)

Vol. 19 Ch. 187

အခန်း (၁၈၇)

Vol. 19 Ch. 187

ချင်ရှန့် လော့ကျိုး၏ညံ့ဖျင်းသည့်ဟန်ဆောင်မှုအကြောင်း သိရှိရာမှပြန်လည်ကောင်းမွန်လာခြင်းမရှိသေးဘဲ တစ်စုံတစ် ယောက်၏ရိုးသားမှုကိုစမ်းသပ်ရန် လွန်စွာအံ့သြစရာကောင်းသည့်သတင်းတစ်ခု ထွက်ပေါ်လာပြီး ရွှမ်ရီလည်းပါဝင်ခဲ့သည်။

ကျီဖေးက ဘာကိုဆိုလိုတာလဲ ? ရွှမ်ရီဘာတွေလုပ်ခဲ့လဲ ?

နေပါဦး၊ ဒီနေ့ကြုံရတာတွေက နည်းနည်း တိုက်ဆိုင်လွန်းနေတယ် မဟုတ်လား? တစ်ယောက်ယောက်က တမင်စီစဉ်ထားတာများလား?

၎င်းကိုချင်ရှန့်တွေးနေချိန်မှာ ကျီဖေးက အရာအားလုံးကိုဖွင့်ဟလိုက် သည်။

[အစ်ကိုကြီးကိုရွေးလိုက်ပေမယ့် ညီငယ်လေးကို လက်မလွှတ်နိုင်သေး ဘူးဆိုတာ သူဘာကိုဆိုလိုတာလဲ? လော့ကျိုးက သူ့ကိုအာရုံစိုက်ပြီး ကလိကလိဖြစ်အောင်လုပ်နေချိန်မှာ သူနှစ်သက်တယ်လား? ထန်က ခြိမ်းခြောက်မှုတစ်ခုဆိုတာကို သူတွေ့ သွားတော့ အကုန်လုံးကိုကြိုးကိုင် ခဲ့တာလား?!]

ချင်ရှန့်၏မျက်ခုံးများသည် ယင်ကောင်တစ်ကောင်ကိုသတ်နိုင်လောက် အောင်ထိ တင်းကြပ်စွာကျုံ့သွားသည်။ လော့ကျိုးမှ ထန်ကို အဆက်မပြတ်ပြောနေတာကို မကျေမနပ်ဖြစ်နေသည့်အမူအယာဖြင့် ကြည့်နေသည့် ရွှမ်ရီဆီသို့ သူ့အကြည့်များရောက်သွားခဲ့သည်။

[ဒီလှည့်စားမှုနဲ့ဆိုရင်၊ လော့ကျိုးကသာ ဆန္ဒအလျောက်ဝန်ခံရင်တော့၊ ကယ်တင်ဖို့အခွင့်အရေးရှိသေးသည်။ ဒါပေမယ့်ထန်အာကသာ တလျှောက်လုံးလှည့်စားနေတယ်ဆိုတာကို သူ့ဘာသာသူရှာတွေ့ ခဲ့မယ်ဆိုရင်တော့ အကျိုးဆက်က... ထန်အာက ပိုက်ဆံကိုအဲ့လောက်စိတ်မဝင်စားဘူးဆိုရင် ဒါမှမ ဟုတ် လော့ကျိုး‌ပြောသလို သူ့ကိုအရမ်းချစ်ပြီးထားသွားမှာမဟုတ်ဘူးဆိုရင်ပေါ့ အဲ့လိုမှမဟုတ်ရင် ပြီးသွားလိမ့်မယ်။]

ချင်ရှန့် စကားပင်မပြောနိုင်တော့ပေ။ သေချာသည်မှာ ရွှမ်ရီသည် ထန်အာအား ဒီနေရာသို့အလုပ်လုပ်ဖို့တမင်စီစဉ်ခဲ့ပြီး လော့ကျိုး၏သရုပ်အမှန်ကို ရှာဖွေတွေ့ ရှိကာ သူတို့၏ဆက်ဆံရေးအား လုံးဝဖျက်ဆီးပစ်ဖို့ရည်ရွယ်ခဲ့သည်။

[ဘယ်လိုဒရာမာမျိုးတွေ ပေါ်လာတော့မယ်ဆိုတာ ငါတွေးထားပြီးသား။ အခုအချိန်မှာတော့ ရေဘဝဲတစ်ကောင်အဖြစ်ပြောင်းပြီး ငါ့ လက်တံတွေနဲ့ ဒီလူရှုပ်နှစ်ကောင်ကို တစ်လှည့်စီတီးပစ်ချင်လိုက်တာ။ နင့်ရဲ့ အချစ်ဂိမ်းကြောင့် ဒီသနားစရာကောင်းတဲ့မိန်းကလေးက ဘာကြောင့်ဒုက္ခရောက်ရမှာလဲ ?]

သို့ပေမယ့် ကျီဖေး၏ခံစားချက်များက တော်တော်ရှုပ်ထွေးသည်။

[ ပလာစတာကို မြန်မြန်ခွာလိုက်တာ ပိုကောင်းပါတယ်။ ထန်အာ ဒီလူဆိုးတွေကိုတစ်ခါတည်း မြင်နိုင်တာကောင်းတယ်။ လော့ကျိုးကို လူမြင်ကွင်းမှာစွန့်ပစ်ပြီး နည်းနည်းလောက်ပါး ရိုက်ပေးလိုက်တာက အကောင်းဆုံးပဲ၊ ပြီးတော့ မှန်မှန်ကန်ကန်ပြုမူမယ်ဆိုရင် လော့ကျိုးဆီက ပိုက်ဆံတောင်းဖို့ သူ့ကို ငါကူ ညီပေးနိုင်တယ်။ အမှန်တော့ ခက်ခက်ခဲခဲရထားတဲ့ငွေနဲ့ ဒီလိုအကြင်နာမဲ့တဲ့လူမိုက်ကို မထောက်ပံ့သင့်ဘူး။ အချစ်ကို အဆုံးရှုံးခံလို့ရပေမဲ့ ငွေကိုတော့အဆုံးရှုံးခံလို့မရဘူး]

ကျီဖေး၏တွက်ချက်မှုများကိုနားထောင်ရင်း ချင်ရှန့်သည် ရယ်စရာကောင်းတာကိုတွေ့ လိုက်ရသည်။ အဲဒါ ဘယ်လိုပဲဖြစ်ဖြစ်ရုန်းထွက်နိုင်မည်ဆိုပါက၊ သူလည်း ပိုက်ဆံတောင်းဖို့ကူညီပေးနိုင်သည်။ -လျော်ကြေးငွေဆယ်ဆ၊ သို့မှမဟုတ် လိုအပ်လျှင် အဆတစ်ရာပိုတောင်းမည်။

သို့သော် ထန်အာ၏အမူအရာကိုကြည့်လျှင် သူသည် ငွေထက်ခံစားချက်ကိုပိုတန်ဖိုးထားပုံရသည်။

[ဟင်းး၊ ထန်အာ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ မသေချာဘူး။ သူတို့နှစ်ယောက်ကြားက နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရင် ငါတို့ဒရာမာကို ဖျာခင်းပြီးကြည့်လို့ရတယ်။]

ကျီဖေး၏အမူအရာများကိုကြည့်လျှင် စိုးရိမ်မှုနှင့် စိတ်အားထက်သန်မှု၊ စိတ်အနှောက်အယှက်ဖြစ်သော်ငြား စိတ်မရှည်တဲ့ကြားထဲက ပြောင်းလဲသွားသည့်အမူအရာသည် တော်တော် လေးချစ်စရာကောင်းသည်။

ချင်ရှန့် မသိမသာစိုက်ကြည့်နေမိသည်ကို သူ့ကိုယ်သူသတိ ထားမိသွားသည်။

ထို့နောက်တစ်ဖက်မှလော့ကျိုးက "ဒီ ထူးဆန်းတဲ့အမူအရာက ဘာလဲ?"

ချင်ရှန့်:...

ကျီဖေးမျက်တောင်ခတ်ပြီး သူ့ကိုယ်သူလက်ညှိုးထိုးပြပြီး

" ငါ့ကိုဆိုလို တာလား?"

"ဟုတ်တယ် မင်း ငါနဲ့ ပြဿနာရှိလား ?"

လော့ကျိုးသည် ကျီဖေးမှသူ့အား ပါးရိုက်ချင်သလိုမျိုးလွန်ကဲစွာမထီမဲ့မြင်ပြုနေသည်ကို ခံစားလိုက်ရသဖြင့် မကျေမနပ်ဖြစ်နေသည်။

သူသည်အမှန်တကယ်ပင် သူ့ကိုပါးရိုက်ဖူးသည့်ပထမဆုံးအမျိုးသမီးပင်။ ချင်ရှန့်ကြောင့်သာမဟုတ်ရင် ဒီအာဃာတကို လွယ်လွယ်နဲ့လွှတ် ထားမည်မဟုတ်ချေ။

ထို့အပြင်၊ သူ့လုပ်ရပ်နှင့်ပတ်သက်၍ အခြားသူများ၏ထင်မြင် ယူဆချက်များ ရှိနိုင်သည်ဟုခံစားရသော်လည်း ကျီဖေးကဘယ်လိုမှန် တာတွေများလုပ်ခဲ့လို့ သူ့အပေါ်အထင်သေးနေရတာလဲ၊ ချင်ရှန့်ကို ဒုက္ခတွေပေးပြီးတော့လား ?

လော့ကျိုး၏စိတ်ဆိုးနေသည့်အမူအရာကို မြင်လိုက်ရတော့ ကျီဖေး၏မျက်လုံးများသည် ရုတ်တရက်တောက်ပလာသည်။

[ဒါကို နင် ကိုယ်တိုင်ရွေးချယ်ခဲ့တာ၊ ငါ့ကို အပြစ်မတင်နဲ့]

ဒီလေသံကိုကြားတော့ ချင်ရှန့် ချက်ချင်းမတ်မတ်ထိုင်လိုက်သည်။

အဲဒီနောက်ကျီဖေးက ချိုမြိန်သည့်အပြုံးလေးနှင့်ပြောသည်။

"အိုး မိုင်၊ ငါ အံ့ဩသွားရုံပါပဲ၊ ဒီတော့ နင့်မှာရည်းစားရှိတယ်လား ? နင်တို့နှစ်ယောက်ကိုစုံတွဲတွေလို့ ငါ ထင်နေခဲ့တာ။"

သူသည် ၎င်းတို့နှစ်ယောက်ကိုညွှန်ပြလိုက်ရာ လော့ကျိုး၏ မျက်နှာသည် အေးခဲသွားပြီး ရွှမ်ရီလည်းထိတ်လန့်သွားသည်။

ကျီဖေး၏ရဲရင့်မှုကြောင့် သိနေသူများကအံ့သြသွားကြသည်။

သတိမထားမိသူများသည် ရှုပ်ယှက်ခတ်နေသည့်ပတ်ဝန်း ကျင်ကိုကြည့်ကာ ထူးဆန်းပြီးအဆင်မပြေသည့်လေထုကို ခံစားလိုက်ရသည်။

သို့ပေမယ့် ကျီဖေး မရှက်သရွေတော့ အဆင်ပြေပါသည်။

"ဘာလို့ နင်တို့ထဲကတစ်ယောက်က လက်စွပ်ဝတ်ထားပြီး နောက်တစ်ယောက်က လက်စွပ်မဝတ်ထားတာလဲလို့ ချင်ရှန့်ကို ငါ မေးတော့မလို့။ နင် ရန်ဖြစ်ထားတာလားလို့တောင် ငါစနောက်တော့မလို့၊ ဟားဟားဟား၊"

လော့ကျိုး၏မျက်နှာသည် စိမ်းဖန့်ဖန့်ဖြစ်လာပြီး ဒေါသတကြီးဖြင့် ပြန်ပြောရန်ပင်မေ့သွားသည်။ သူတို့ယခင်ကချိန်းတွေ့ ခဲ့ကြပေမယ့် ယခုလို ပွင့်ပွင့်လင်းလင်းပြောလိုက်တာက သူတို့ကိုအရှက်ခွဲလိုက်တာပဲ မဟုတ်လား ?

ရွှမ်ရီပြန်လည်ကောင်းမွန်လာပြီး သူ့အမူအရာကသိသိသာသာ ပြောင်းလဲသွားသည်။ သူ့ဒေါသကိုထိန်းကာ စိတ်ထိခိုက်ဟန် ဆောင်ပြီး "ကျီဖေး၊ နင် အရင်ကဖြစ်ခဲ့တာတွေကို စိတ်ဆိုးနေသေးလို့ ဒီဟာကို တမင်ပြောတာမှတ်လား?"

ထို့နောက် သူ ချင်ရှန့်ကိုမှင်တက်စွာကြည့်ကာ "ဒါကိုကြည့်ရင် ကျီဖေး ငါ့ကို ထပ်ပြီးတောင်းပန်သင့်တယ်ထင်တယ်.."

[ဝိုးးး၊ လက်ဖက်စိမ်းလိုလုပ်နေတာလား ?! အံ့သြစရာကောင်းလိုက်တာ ငါ့ အပေါ် စားပွဲတွေလှန်လိုက်တာပဲ။]

ချင်ရှန့်: ဘယ်သူမဆို ငါ့မိန်းမအပေါ် စားပွဲပေါ်လှန်လို့မရဘူး။

ထို့ကြောင့် သူ ကျီဖေးကို လေးလေးနက်နက်ပြောခဲ့သည်။

"ငါတို့ရဲ့နောက်ဆုံးတွေ့ ဆုံမှုက အလျင်စလိုဖြစ်ခဲ့ပြီးတဲ့နောက် ပိုင်း ငါ မင်းကို ဘာမှမပြောခဲ့မိဘူး၊ ဒါကြောင့် မင်း သူတို့ရဲ့ ဆက်ဆံရေးကိုမသိလိုက်တာ"

ကျီဖေး စိတ်အခြေအနေကောင်းမှုကိုမထိန်းနိုင်ဘဲ အပြစ်ကင်းစင်သည့် မျက်နှာအမြန်လုပ်လိုက်သည်။ "ဟင် ?"

[ကောင်းပြီ၊ ချင်ရှန့်က အရာအားလုံး ချောချောမွေ့မွေ့ဖြစ်စေဖို့အတွက် အကောင်းဆုံးနည်းလမ်းပဲ၊ ရှင် စိတ်ဖတ်တတ်တဲ့သူလား ? တော်လိုက်တာ !]

ချင်ရှန့် သူ့နှုတ်ခမ်းကိုအနည်းငယ်ကွေးလိုက်ပြီး

"အခု သူက သူ့ရဲ့မရီးပဲ"

ကျီဖေး ချက်ချင်းဆိုသလို "အိုး၊ နင်တို့နှစ်ယောက်အစောကအကြည့်ချင်းဖလှယ်တာကို ငါမြင်မိတာ အံ့သြစရာမဟုတ် တော့ဘူးပဲ။ ဒီတော့ အမျိုးတော်တာကြောင့်ကိုး၊ ဟားဟား၊ အဲ့တာက ရုပ်ချောလွန်းတဲ့ နင့် အပြစ်ပဲ၊ ငါနင့်ကို မတော်တဆ ship လိုက်မိတာ။"

တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်နေတယ်ဆိုတာက ဘယ်လိုစကားမျိုးလဲ ? လော့ကျိုးနှင့် ရွှမ်ရီတို့ လုံးဝအံသြသွားသည်။ တစ်စုံတစ်ဦးမှ ရိုင်းစိုင်းစွာပြောဆိုမည်ဟုညမမျှော်လင့်ထားပေ။

စကားကောင်းကောင်းမပြောတတ်ပါက လုံးဝမပြောဘဲနေတာ ပိုကောင်းသည်။

နှစ်ယောက်စလုံးဒေါသအရမ်းထွက်နေကြပြီး အသက်ရှူမဝလုနီးပါး ဖြစ်နေကြသော်လည်း ထိုအရာများကို အမှန်တကယ်ပြုလုပ်ခဲ့ကြသောကြောင့် ချေပရန်အပြစ်ရှိလွန်းသည်ဟု ခံစားခဲ့ရသည်။

သိနေကြသည့် အခြားသူများ - … ဒါက တမင်သက်သက်လား ? အဲ့လိုပုံလည်းမပေါ်ဘူး၊ သူက သူတို့ရဲ့ရုပ်ရည်ကိုတောင်ချီးကျူးခဲ့သေးတယ်... ဒါ ပေမယ့်...ဘာလို့ ဒီလောက်မထီမဲ့မြင်ခံစားချက်မျိုး ခံစားနေရတာလဲ?

ယွီယွဲ့ တစ်ခုခုကိုသတိပြုမိပြီး မျက်လုံးများပြူးကျယ်သွားပုံပေါ်ပေမယ့် ပိုင်ရှောင်ရှီက "တကယ်လား ? ငါသတိမထားမိဘူး။ နင်ဒီလိုမျိုး ကြုံရာကျပန်း ship ပေးနိုင်ရတာလဲ၊ ဟားဟား!"

ကျီဖေးက ဝမ်းနည်းစွာသက်ပြင်းချလိုက်ပြီး " ငါတောင်းပန်ပါတယ်၊ နောက်ဆုံးတစ်ခေါက်က နင်တို့ညတစ်ယောက်ကိုတစ်ယောက် ဘယ်လိုကာကွယ်ပေးခဲ့လဲဆိုတာကိုပဲ သတိရမိလို့ အဲ့တာကြောင့် ငါ ရောထွေးသွားတာ။"

ထို့နောက်သူသည် ရွှမ်ရီကို အပြစ်ကင်းစင်သည့်အမူအရာဖြင့်ကြည့်ကာ " နင်ညငါ့ကို အပြစ်မတင်ဘူးမဟုတ်လား? ငါ ဘယ် လိုလဲ နင် သိပါတယ်၊ ဘာမှမတွေးပဲ ပြောချလိုက်တာလေ။ ငါမရည်ရွယ်ပါဘူး၊ တောင်းပန်ပါ‎ရစေ"

လော့ကျိုးသည် ဆန်တတ်လာသည့်သွေးအား မျိုလည်းမမျိုချနိုင် ထွေးလည်းမထွေးထုတ်နိုင်သကဲ့သို့ ခံစားရလေသည်။ သူ့အမူအရာမှာ တောင့်တင်းနေပြီး အနည်းငယ်ပြင်းထန်နေသော် လည်း ငြိမ်နေရုံသာတတ်နိုင်သည်။

ဒီရူးသွပ်နေတဲ့မိန်းမကို ဘာမဆိုမေးမိတာ သူနောင်တရတယ်။

ရွှမ်ရီသည် ဒေါသနှင့်အသက်ရှုကြပ်နေပြီဖြစ်သည်။ ကျီဖေးမှ ၎င်းကို တမင်လုပ်သည်ဟု သူခံစားမိပေမယ့် ဒီကိစ္စအတွက် သူ့ကိုယ်သူ အပြစ်ရှိသလိုခံစားရပြီး တစ်ဖက်လူက ဦးစွာတောင်းပန်သောကြောင့် တန်ပြန်တိုက်ခိုက်ဖို့နည်းလမ်းမရှိတော့ပေ။

သို့ပေမယ့် ကျီဖေးကို ဘယ်လိုလုပ်ဆက်အရှုံးခံနိုင်မှာလဲ ?

နောက်ဆုံးအကြိမ်တွင်ကျီဖေးသည် အကြမ်းဖက်မှုကိုတိုက် ရိုက်အသုံးချပြီး ဤမျှထိတ်လန့်နေမည်ဟု သူမမျှော်လင့်ခဲ့ပေ။

ဒီတစ်ခါတော့...

"အားလုံးကနားလည်မှုလွဲတာမို့လို့ အဆင်ပြေပါတယ် တကယ်တော့ ဒါက ချင်ရှန့်အပြစ်ပဲ"

ရွှမ်ရီက ရုတ်တရက်ပြုံးပြီး နောက်ပြောင်သည့် လေသံနှင့် ပြောလိုက်သည်။

ချင်ရှန့် လန့်သွားသည်။ "ငါ့အပြစ် ?"

ကျီဖေး သူ့ကိုကြည့်ရင်း မျက်လုံးကိုအနည်းငယ်ကျဉ်းမြောင်း ထားသည်။

[အိုး ? တန်ပြန်တိုက်ခိုက်လို့မရနိုင်လို့၊ အဲ့ဒါကြောင့် တိုက်ခိုက်ရေး နည်းဗျူဟာကိုပြောင်းလိုက်တာလား? ငါ့လူကို တိုက်ခိုက်ချင်တယ်လား? ဆက်ပြောပါဦး]

ရွှမ်ရီ၏လုပ်ရပ်များက ထန်အား အမှန်တရားကိုစောစောသိစေပေမယ့် ထန်ရဲ့ ခံစားချက်တွေကို လျစ်လျူရှုလိုက်တာပင်။

ကျီဖေးသည် သူ၏ကိုယ်ရေးကိုယ်တာဆန္ဒများကြောင့် အပြစ်မဲ့ မိန်းကလေးတစ်ဦးကိုနာကျင်စေမှုအတွက် ရွှမ်ရီကိုမကြိုက်ပေ။

ထိုအချိန်တွင် ကျီဖေး၏အတွေးများကို ကြားလိုက်ရသောချင်ရှန့်သည် ရုတ်တရက်တင်းမာလာသည်။

'ငါ့လူ ?'

ကျီဖေးမှ ပေါ့ပေါ့ပါးပါး ' ငါတို့ဘက်မှ တစ်စုံတစ်ယောက်' ဟု ဆိုလိုသည်ကို သူ သိသည်။

သို့တိုင် သူ့ရင်ဘတ်မှစူးရှကာ ပူပြင်းသည့်လှိုင်းလုံးများစီးကျလာကာ ချင်ရှန့်အားအသိစိတ်ဆုံးရှုံးသွားစေပြီး သူ့ပါးပြင်များပူနွေးလာခဲ့သည်။

"ဟုတ်တယ်၊ နင်နဲ့ ချင်ရှန့်သာ မင်္ဂလာပွဲကျင်းပခဲ့မယ်ဆိုရင် ငါ့ခင်ပွန်းနဲ့ ငါ သေချာပေါက်အဖိတ်ခံရမှာ၊ အဲ့တာဆို နင်ဒီအမှားကို လုပ်မိမှာမဟုတ်ဘူး။"

ရွှမ်ရီကိုကြည့်ရင်း ချင်ရှန့်၏မျက်နှာသည် ချက်ချင်းအေးစက် သွားသည်။

တက်ရောက်လာသူအားလုံးသည် ထိုစကားလုံးများကြောင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

နောက်တစ်စက္ကန့်တွင်ညရွှမ်ရီသည် အနည်းငယ်တောင့်တင်းလာပြီး နှုတ်ခမ်းများကိုဖိကိုက်ကာ မျက်လုံးချင်းမဆုံမိအောင်ရှောင်ရှားနေပြီး၊ တစ်ခုခုမှားသွားပြီဆိုတာ သိလိုက်သလိုပင်။

"နောက်နေတာပါ၊ တခြား အကြောင်းပြောရအောင်..."

[Damn! ငါ့ကို တိုက်ခိုက်နေတုန်းပဲ၊ လွန်ခဲ့တဲ့နှစ်နှစ်ကလှည့် ကွက်နဲ့ အတူတူပဲ၊ ဒုက္ခပဲ၊ ဒီအခြေအနေကို ငါ တုံ့ပြန်သင့်လား ?]

ရွှမ်ရီသည် ချင်ရှန့်၏ဆိုးရွားသည့်ဘသတိပေးအကြည့်ကို သဘာဝအတိုင်းခံစားလိုက်ရသည်။

အစ်ကိုလော့၏ အဆင့်အတန်းသည် ချင်ရှန့်ထက်မနည်းလှသဖြင့် ရွှမ်ရီသည်သူ့ကိုမကြောက်ပေ။ ထို့အစား သူကောင်းကောင်းပြောလိုက်သည် မဟုတ်ပါလား ? မကြာခင်သူတို့မင်္ဂလာဆောင်မယ်လို့ မျှော်လင့်ထားသလို သူတို့ကိုနောက်ပြောင်လိုက်တယ်မဟုတ်လား ? ကျီဖေး ဘယ်လို ထင်ထင် သူနှင့်ဘာမှမဆိုင်ပေ။

ကျီဖေးက ဒါကိုရှောင်ဖယ်ထားရင်တောင်မှယုကျစ်ရောက်လာ သည့် အခါ ဘယ်လိုစိတ်ဝင်စားစရာကောင်းသည့် တုံ့ပြန်မှုမျိုးရှိမလဲဆိုတာကို ကြည့်ဖို့ရု သူမစောင့်နိုင်တော့ပေ။

တကယ်တော့ မင်္ဂလာပွဲမလုပ်ရခြင်းအကြောင်းအရင်းမှာ ချင်ရှန့်သည် ဤဇနီးသည်ကို အမှန်တကယ်လက်မခံခဲ့ခြင်းကြောင့်ဆိုသည်အား လူတိုင်းသိခဲ့ကြသည်။ ကျီဖေးပေါ်မလာပါက၊ ချင်ရှန့်သည် ယုကျစ်ပြန်လာမည်ကို စောင့်ဆိုင်းနေပေလိမ့်မည်။

ကျီဖေးသည် တန်ပြန်ရန်နည်းလမ်းကိုမစဉ်းစားမီတွင်ပင် တံခါးများပွင့်လာသည်။ မျက်လုံးများသည် ဝင်ပေါက်ဆီသို့လှည့်သွားသဖြင့် ယခင်သက်ဝင်လှုပ်ရှားနေသည့်နေရာသည် တဖြည်းဖြည်းတိတ်ဆိတ်သွားသည်။

မီးရောင်အောက်တွင်လှပတင့်တယ်စွာ ရှည်လျားသည့်ဂါဝန်ကိုဝတ်ဆင် ထားသည့် အမျိုးသမီးတစ်ဦး တံခါးဝတွင်ပေါ်လာသည်။ သူ့သွင်ပြင်က သပ်ရပ်လှပပြီးဆွဲဆောင်မှုရှိကာ သူ့အရှိန်အဝါမှာ ထူးခြားလှသည်။

လူတိုင်းက သူ့ကိုချက်ခြင်းမှတ်မိကြသည်- သူသည် သူတို့၏ ကျောင်းတွင် ကျောင်းဝင်းအလှလေးအဖြစ် ကျော်ကြားသူဖြစ်ပြီး၊ ချင်ရှန့်ကို ထားရစ်ခဲ့သည့် ချင်ရှန့်၏ပထမဆုံးအချစ်ဖြစ်သည့် ယုကျစ်ဖြစ်သည်။

ရွှမ်ရီသည် ယုကျစ်ရောက်ရှိလာသည်ကို ပထမဆုံးသတိပြုမိခဲ့ပြီး သူ့မျက်လုံးများသည် ချက်ချင်းပင်တောက်ပလာကာ၊ ဒါကတကယ်ပဲ ကောင်းကင်ဘုံက အကူအညီတစ်ခုလိုပင်။

ယုကျစ် သူတို့ကိုတွေ့ ပြီးပြီဆိုတာ သူမြင်လိုက်ရတော့ သူ့အကြည့်များက ချင်ရှန့်၏နောက်ကျောသို့စိုက်ကြည့်နေသည်။

ရွှမ်ရီသည် ထကာစကားပြောခါနီးတွင် သူ့နှုတ်ခမ်းပေါ်၌ အပြုံးတစ်ပွင့် န်ဆင်ထားသည်။

ခန်းမကြီးအတွင်းတိတ်ဆိတ်ငြိမ်သက်နေချိန်တွင် ချင်ရှန့်၏ လေးနက်ပြီးပဲ့တင်ထပ်နေသည့်အသံသည် ပျံ့နှံ့သွားသည်။

"တကယ်တော့ ဖေးဖေးသာ သဘောတူရင် ငါတို့မင်္ဂလာပွဲကိုအချိန်မရွေးလုပ်လိုက်လို့ရတယ်။"

All Chapters