← Chapters

အခန်း (၁၈၈)

Vol. 19 Ch. 188

အခန်း (၁၈၈)

Vol. 19 Ch. 188

ချင်ရှန့်၏စကားများသည် ကြည်လင်နေသည့်ကောင်းကင်ယံမှ မိုးခြိမ်း သံကဲ့သို့ရိုက်ခတ်သွားကာ လူတိုင်းကိုတိတ်ဆိတ်သွားစေသည်။

ကျီဖေးပင် အံသြသွားကာ သူ့နှလုံးခုန်သံများ ကျယ်လောင်သွားရသည်။

သူ့အတွင်းစိတ်အတွေးများသည် အဆမတန်ကျယ်ပြန့်လာသည်။

[ကောင်းရော၊ သူ ရူးသွားပြီလား ? သူဘာလို့ဒီလိုပြောလိုက်တာလဲ?!]

ချင်ရှန့် ပြုံးပြီး သူ့နှုတ်ခမ်းတွေကိုကွေးလိုက်သည်။

တုန်လှုပ်ချောက်ချားနေသည့် ဤမိန်းကလေးငယ်လေးကို သတိပေးချင်ရုံသာဖြစ်သည်။

[ချင်ရှန့်က သဘောထားသိမ်တာဆိုတော့ တစ်စုံတစ်ယောက်က သူ့ကိုစိတ်အနှောင့်အယှက်ပေးလို့ ဒီတိုင်းအဓိပ္ပါယ်မရှိဘဲ ပြောလိုက်မိတာဖြစ်နိုင်လား?]

ချင်ရှန့် ကူကယ်ရာမဲ့စွာ မျက်ခုံးပင့်လိုက်ပြီး - ဒါ လုံးဝကိုအဓိပ္ပာယ်မရှိပေမယ့် ကိုယ့် ခံစားချက်အစစ်ပါ။

အဲဒီတုန်းက ကျီဖေး အရမ်းမငြိမ်မသက်ဖြစ်နေပြီး လူတိုင်း၏ အာရုံကိုထိခိုက်စေသဖြင့် မင်္ဂလာပွဲနှောင့်နှေးခဲ့ရသည်။

ယခုမူ... မင်္ဂလာဝတ်စုံဝတ်ဆင်ထားသည့် ကျီဖေးအားတွေ့ နိုင်ရန် ချက်ချင်းမျှော်လင့်နေခဲ့သည်။

သို့ပေမယ့် ကျီဖေး၏စိတ်မှာ အရူးအမူးလှုပ်ရှားနေဆဲပင်။ ရုတ်တရက်တစ်ခုခုမူမမှန်တာကို သူ သတိပြုမိသည် - ဘာကြောင့် ဒီလောက်ငြိမ်နေတာလဲ? အဘယ်ကြောင့်ဆိုသော် သူတို့၏စားပွဲရှိလူများအားလုံး ပါးစပ်ဟနေပြီး သူတို့၏အံ့အား သင့်နေသည့်အကြည့်များသည် ချင်ရှန့်နှင့် သူ၏အနောက်ဘက်မှတစ်စုံတစ်ခုကြားတွင် အဆက်မပြတ်ပြောင်းလဲနေခြင်းပင်ဖြစ်သည်။

ကျီဖေး လှည့်ကြည့်ဖို့ပင်မလိုပေ။

[ဟား၊ ငါ သိနေတယ်၊ ငါ ထပ်ပြီး ကိရိယာတစ်ခုလိုအသုံးချခံရပြန်ပြီ!]

ချင်ရှန့်: ?

[သူ ယုကျစ်ရောက်လာတာကို သတိထားမိတာကြောင့် ဒီလိုချွဲနွဲ့တဲ့စကားတွေ တမင်တကာပြောပြီး ငါ့ကို 'ဖေးဖေး' လို့ခေါ်လိုက်တာ - သူ့အချစ်ဦးကို နှိုးဆွဖို့သက်သက်ပဲ။ ဒီ CEO အမျိုးအစားတွေက တကယ့်ကို အကြံအစည်တွေနဲ့ ပြည့်နှက်နေတာပဲ။]

ချင်ရှန့် ဒီစကားကိုကြားတော့ ချောင်းဆိုးရင်းသွေးပါလာသလို ခံစားလိုက်ရသည် - ...သူ ဘာကို ပြောနေတာလဲ ?!

ဒါ... ယုကျစ် တကယ်ရောက်လာပြီလား ?

[ရုတ်တရက်ကြီး ငါ ဟန်ကျီယုကို မနာလိုဖြစ်မိတယ်၊ အနည်းဘဆုံးတော့ သူက ex ကိုသဝန်တိုအောင်ကူညီပေးဖို့ အခကြေး ငွေရတယ်လေ။ ငါကတော့ အလကားရတဲ့ဟာလို အသုံးချခံတစ်ခုပဲ။ တကယ်လို့ ချင်ရှန့်သာကွာရှင်းပြီးလို့ ငါ့ကိုပိုက်ဆံပိုမပေးဘူးဆိုရင် သူက အကြင်နာမဲ့တဲ့အရင်းရှင်တစ်ယောက်ပဲ!]

ချင်ရှန့်: အရမ်းကောင်းတယ်၊ ငါက ငါတို့ရဲ့မင်္ဂလာပွဲအ ကြောင်း စဉ်းစားနေပြီး၊ မင်းကတော့ ကွာရှင်းဖို့စဉ်းစားနေတာပေါ့လေ ?

ချင်ရှန့် ရယ်ချင်သလိုခံစားရပြီး စိတ်အနှောက်အယှက်ဖြစ်ခဲ့ရ သည် - သူသွားခဲ့ဖူးသည့် အရှည်ဆုံးခရီးမှာ ကျီဖေး၏ရှုပ် ထွေးပွေလီလှသော အတွေးဖြစ်စဉ်များမှတဆင့်ဖြစ်သည်။ ဒီလိုအရာတွေကို သူ ဘယ်လိုစိတ်ကူးယဉ်နိုင်မှာလဲ?!

[ကောင်းပြီ၊ ဒီယုကျစ်က ဘယ်လောက်ပြီးပြည့်စုံတဲ့ နတ်ဘုရားမတစ်ပါးလဲဆိုတာကြည့်ရအောင်]

ဓာတ်ပုံတွေမြင်ဖူးပေမယ့် ကျီဖေးမှ ယုကျစ်အား လူချင်းမတွေ့ ဖူးပေ။

အားလုံး၏အကြည့်များကိုကြည့်ပြီး သူလှည့်ကြည့်လိုက်သည်။

[အိုးဟိုး၊ သူကတကယ့်ကို ကြော့ရှင်းတဲ့အလှလေးပဲ။ အိုး ကြည့်စမ်းပါဦး၊ ငိုတော့မှာလား ? ဇာတ်ညွှန်းကတကယ်ကို အမိုက်စားပဲ၊ ချင်ရှန့်က ကြမ်းတမ်းတဲ့စကားတွေပြောတယ်၊ သူက ငိုတယ်၊ ချင်ရှန့်က ကြမ်းတမ်းစွာပြုမူတယ်၊ သူကညဂရုမစိုက်ဟန်ဆောင်တယ်၊ ချင်ရှန့်က... ]

ချင်ရှန့်: 'ချင်ရှန့်' ကဆိုတာကို ရပ်လိုက်ပါတော့

ချင်ရှန့်သည် တိုက်ရိုက်လှည့်ကြည့်ကာ သူ့ရည်းစားဟောင်းနှင့်လမ်းခွဲလိုက်ကတည်းက ချစ်ကြည်ရင်းနှီးစွာကြာရှည်တွယ် တာမှုမရှိတော့ကြောင်း သက်သေပြရန်ဆုံးဖြတ်ခဲ့သည်။

သူလှည့်ကြည့်လိုက်တော့ သူ့အကြည့်များကယုကျစ်နှင့်ဆုံသွားသည်။

ချင်ရှန့်အံ့အားသင့်သွားသည် - သူ ယုကျစ်ကိုမတွေ့ ရသည်မှာ အတော်ကြာသွားပြီး သူစိမ်းတစ်ယောက်လိုထင်မြင်ရသည်။

သို့ပေမယ့် ယုကျစ်၏ လက်ရှိအမူအရာသည် သူနှင့်ရင်းနှီးနေသည်။

လမ်းခွဲလိုက်သည့်အခါဘယုကျစ်သည် သေမင်းတမန်ကဲ့သို့ ဖြူဖပ်ဖြူရော်ဖြစ်နေသည့်မျက်နှာ၊ မျက်ရည်များရွှဲနေသည့်မျက်လုံးများဖြင့် လေထဲတွင်ကျိုးကျသွားသော သစ်ကိုင်းတစ်ခုလိုဖြစ်နေသည်။

ချင်ရှန့်၏တွေးခေါ်မှုဖြစ်စဉ်တွင် : သူ့ကြည့်ရတာပြိုလဲနေပုံရပြီး ဒီဝမ်းနည်းကြေကွဲစရာကောင်းတဲ့ဖြစ်စဉ်မှာ လမ်းခွဲဖို့တောင်းဆိုဖို့ သူ ကျိန်းသေပေါက်ဆုံးဖြတ်ရလိမ့်မယ်။ မေးနေစရာတောင်မလိုဘူး - အနာဂါတ်အတွက် သူ့ကိုဆုတောင်းပေးရုံပဲ။

နောက်တော့လမ်းခွဲလိုက်ကြပြီး တစ်ယောက်နှင့်တစ်ယောက် မတွေ့ ဖြစ်ကြတော့ပေ။

ယခုသူ့ကိုပြန်တွေ့ ချိန် ချင်ရှန့်သည် ရုတ်တရက်အမြင်ကျယ်လာသည်။

အတန်းဖော်ပြန်လည်တွေ့ ဆုံပွဲသို့ရောက်လာပြီး ရုတ်တရက် ထိုသို့သော အမူအရာကိုဝတ်ဆင်ထားရန်မဖြစ်နိုင်ပေ- သူပြောလိုက်သည့်စကားကြောင့်ဖြစ်ရမည်။ ယုကျစ်က သူ့အတွက် ခံစားချက်တွေရှိနေတုန်းပဲလို့ ဆိုလိုတာလားည?

အဲဒီ့တုန်းက သူထွက်သွားတုန်းကအမူအရာက… ငါ့ကို မေး ခွန်းတွေမေးပြီး သူ့ကိုဆွဲထားအောင်ကြိုးစားဖို့မျှော်လင့်ခဲ့တာဖြစ်နိုင်မလား ?

ဘာမှမလုပ်ခဲ့ဘဲ လမ်းခွဲတာကိုသာ အေးအေးဆေးဆေးလက် ခံခဲ့သည့် ချင်ရှန့်သည် ရုတ်တရက်အတော်လေးအဆင်မပြေဖြစ်သွားသည်။

[အဲဒီအမူအရာ၊ အဲဒီအကြည့်၊ tsk tsk tsk၊ ဒါ တကယ်ပဲ နှလုံးသားကိုဆွဲငင်စေတယ်!]

ချင်ရှန့် ဒေါသထွက်သွားသည်- မင်း ဘာကို သနားနေတာလဲ?

[ဒါပေမယ့်... ထန်အာရဲ့မိတ်ကပ်အရည်အချင်းက အံ့သြစရာပဲ!]

ချင်ရှန့်: ?

[အသည်းကွဲပြီးသနားစရာကောင်းတဲ့မိတ်ကပ်ပုံစံ- ယောက်ျား လေးတွေက ဒါကိုသေချာပေါက် သတိထားမိမှာမဟုတ်ဘူး၊ မိန်းကလေးတွေတောင် သေချာကြည့်မနေဘူးဆိုရင် သတိ ထားမိမှာမဟုတ်ဘူး။ ပညာရှင်ပဲ ထန်အာက လုံးဝကိုမိတ်ကပ် ပိုင်းမှာ ပညာရှင်ပဲ။]

ချင်ရှန့်၏အကြည့်သည် ချက်ချင်းစူးစမ်းလိုစိတ်ဖြင့်ပြည့်နှက်လာသည်။ ယောက်ျားတစ်ယောက်အနေနဲ့... သူတကယ် သတိမထားမိခဲ့ပေ။

သို့ပေမယ့်ဒါက ချင်ရှန့်၏အဆင်မပြေသည့်အကျင့်ဟောင်းကိုဟန်ဆောင်ဖို့မတားဆီးနိုင်ခဲ့ချေ။

ဒါဆို အားလုံးကအတုကြီးလား ? ဟန်ဆောင်နေတာလား ?

ယုကျစ်သည် ချင်ရှန့်စိုက်ကြည့်နေသည်ကိုမြင်သောအခါတွင် သူသည် အတွင်းထဲ၌အောင်ပွဲခံသွားသည်ဟုခံစားမိသော် လည်း ရှေ့သို့ခြေတစ်လှမ်းတိုးရန် အဆင်မပြေဖြစ်နေသကဲ့သို့ သနားစရာကောင်းစွာဖြင့် ခေါင်းငုံ့ကြည့်လိုက်သည်။

[ဒါဆို ယုကျစ်အတွက် မိတ်ကပ်ပညာရှင်ကိုရှာတွေ့ ခဲ့တဲ့ရွှမ်ရီက ယုကျစ်နဲ့သူ့ကိုယ်သူ ကူညီခဲ့တာအမှန်ပဲလား? အထူးသဖြင့် ချင်ရှန့်နဲ့လော့ ကျိုးကိုပစ်မှတ်ထားလိုက်တာပဲ!]

ကျောက်ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကိုသတ်မယ်ပေါ့..

ချင်ရှန့်: လောကျိုးကိုတော့ မသိဘူး၊ ဒါပေမယ့် ငါကိုယ်တိုင်ကတော့ ငှက်တစ်ကောင်မဟုတ်တာသေချာတယ်၊

ဘယ်သူကမှ စကားမပြောသည့်အတွက် လေထုကအေးခဲနေခဲ့သည်။

လူတိုင်း၏မျက်လုံးများသည် ပြူးကျယ်သွားကာ အသက်ရှုကြပ်သွားပြီး အသေးစိတ်ကိုပင်လွတ်မသွားချင်ကြပေ။

ကြီးကျယ်ခမ်းနားပြီးလုံးဝကိုအံ့မခန်းပါပဲ - အတန်းဖော်တွေ့ ဆုံပွဲတစ်ခု မှာ ဇနီးဖြစ်သူနှင့်အတူရှိနေတုန်းအချစ်ဦးနှင့်တွေ့ ဆုံခြင်းနှင့် မင်္ဂလာဆောင်မည့်အစီအစဉ်များအား ကြေညာလိုက်ခြင်းပင်။ သူတို့ကို သည်းမခံနိုင်လျှင် ရိုလာကိုစတာစီးရသလိုပင်၊ စိတ်လှုပ်ရှားစရာကောင်းသည့်မြင်ကွင်းဖြစ်သည်။

သူတို့စားပွဲရှိလူတွေတောင် စိတ်လှုပ်ရှားစွာကြည့်နေကြသည်။

[မထင်ထားဘူး၊ တကယ့်ကိုမထင်ထားဘူး၊ ငါက တခြားသူတွေရဲ့ အတင်းအဖျင်းပြောစရာလူဖြစ်လာတာပဲ၊ လူတိုင်းရဲ့ အကြည့်တွေက ငါတို့သုံးယောက်ကြားကို မြားပစ်နေသလိုပဲ မီးပွားတွေဖန်တီးနေတယ်။ ငါ သူတို့ရဲ့ ပျော်စရာလေးတွေကို ပရိသတ်တစ်ယောက်လိုမျိုးအပြည့်အဝမခံစားနိုင်ပေမဲ့... ဒီဒရာမာကို နည်းနည်းတော့ခံစားနိုင်ပါသေးတယ်။ သူတို့ ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုကြည့်ဖို့ ငါ မစောင့်နိုင်တော့ဘူး။ မြန် မြန်!]

ချင်ရှန့်: ...ဒါဆို မင်းမှာတရားဝင်ဇနီးအနေနဲ့ အသိတရားနဲ့တာဝန်မရှိဘူးလား ?

ဒီတစ်ခါတော့ ကျီဖေး၏ဒရာမာကြည့်မှုကို သူ လက်မခံချင်ပေ။

ချင်ရှန့်၏အကြည့်များသည် တည်ငြိမ်ပြီး စိတ်အနှောက်အ ယှက်မဖြစ်ဘဲ - သူ တမင်လျစ်လျူရှုထားခြင်းမရှိသလို နွေးထွေးစွာ နှုတ်ဆက်ခြင်းလည်းမရှိပေ။ အသိမိတ်ဆွေတစ်ဦးကိုအသိအမှတ်ပြုသည့်အတိုင်း အနည်းငယ်ခေါင်းညိတ်ပြလိုက်ရုံသာ။

သူသည်ယုကျစ်ကို ဤနည်းဖြင့်ဆက်ဆံရုံသာမကဘဲ လူတိုင်း လျစ်လျူရှုခဲ့သည့် ယုကျစ်၏နောက်တွင်ရပ်နေသောမိန်းက လေးကိုလည်း အလားတူပင် တူညီသည့်ဆက်ဆံမှုကိုပေးခဲ့သည်။

ထိုအချိန်မှသာလူအများက သူတို့၏အခန်းဖော်လည်းဟုတ်သည့် ယုကျစ်၏အနားတွင် အမြဲရှိခဲ့ဖူးသည့်အတန်းဖော်- ကျူးလင်လင်ရှိနေသည်ကို သတိပြုမိခဲ့သည်။

ယခုမူ ကျူးလင်လင်သည် ချင်ရှန့်အားဒေါသဖြင့်စိုက်ကြည့်နေပြီး သူ့ကိုအလွန်မကျေနပ်ပုံပေါ်သည်။

ချင်ရှန့်၏အပြုအမူသည် လုံးဝမှန်ကန်သော်လည်း၊ အတင်း အဖျင်းဆာလောင်နေသည့်ကြည့်ရှုသူများမှာ စိတ်ဓာတ်ကျသွားပြီး သူတို့မျှော်လင့်ထားသမျှသည် စိတ်ပျက်ရဖို့အတွက်သာဖြစ်သည်ဟူသော ခံစားချက်များဖြင့်ပြည့်နှက်သွားသည်။

ဒါလား? ဒါပဲလား ??

ချင်ရှန့်ကို တိတ်တဆိတ်ကြည့်နေသည့်ကျီဖေးသည် ထိတ်လန့်သွားတော့သည်။

[ဒါဘယ်လိုတုံ့ပြန်မှုမျိုးလဲ ? အရမ်းအေးဆေးလွန်းနေတယ်၊ အဲဒါက ရှင့်ရည်းစားဟောင်း၊ ရှင့်အချစ်ဦးလေ၊ သူ ဟန် ဆောင်နေတာလား? သရုပ်ဆောင်နေတာလား? သူ့ရင်ထဲကနေ စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်မှုတွေ တကယ်ပဲကြုံတွေ့ နေတာလား?!]

ချင်ရှန့်သည် ကျီဖေး၏ရိုင်းစိုင်းသည့်စိတ်ကူးယဉ်မှုရပ်တန့်ရန် ကြိုးစားတာကို စွန့်လွှတ်ခဲ့ပြီး အပြစ်မဲ့သူတွေကိုယ့်ကိုယ်ကိုယ်ခုခံဖို့မလိုအပ်သည့်နိယာမကိုသာ လိုက်နာနိုင်ခဲ့သည်။

ချင်ရှန့်၏တုံ့ပြန်မှုကိုရင်ဆိုင်လိုက်သောအခါ စိတ်ပျက်မှုတစ်ခုက ယုကျစ်၏မျက်လုံးများထဲတွင် ဖြတ်သန်းသွားသော် လည်း ချင်ရှန့်၏ကိုယ် ရည်ကိုယ်သွေးကိုကောင်းကောင်းသိသောကြောင့် ချင်ရှန့်သည်သဘာဝ အတိုင်းဘာမှမထူးခြားပုံပေါ်ကြောင်းကိုသိသောကြောင့် သူ့အနေဖြင့် အလွန်အကျွံမတွေးခဲ့ပေ။

ချင်ရှန့်ထံမှ ပြင်းထန်သည့်စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုများကို မျှော်လင့်ရန်မှာမဖြစ်နိုင်ရန်သလို ထိုလူသည်အတိတ်အား လွမ်းဆွတ်မည့်သူမဟုတ်ပေ။

တစ်နည်းဆိုရသော် တစ်စုံတစ်ယောက်သည် သူနှင့်လိုက် လျောညီထွေရှိလေလေ၊ သူတို့၏ဂရုစိုက်မှုကိုရရှိရန် အလားအလာပိုများလေဖြစ်သည်။

ချင်ရှန့် အိမ်ထောင်ကျပြီး သူ့တာဝန်တွေကိုလေးလေးနက်နက်ထမ်းဆောင်ခဲ့ပေမယ့် ယုကျစ်သည် သူ့ထံအခွင့်အရေးရှိသေးတယ်ဟုခံစား မိနေတုန်းပင်၊ နောက်ဆုံး သူသည် ချင်ရှန့်၏ ချစ်သူအဖြစ်အချိန်အကြာဆုံးလက်တွဲခဲ့သည့် အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့သည်။

ထို့အပြင်သူထွက်ခွာသွားကတည်းက ချင်ရှန့်၏နှလုံးသားထဲတွင် အထူးနေရာတစ်ခုရှိနေရမည်ဟု သူယုံကြည်ခဲ့သည်။

ယုကျစ်စိတ်ဓာတ်မကျပေ၊ ဒီတစ်ခါတော့သူ ထိုယောက်ျားကိုအနိုင်ယူဖို့ စိတ်ပိုင်းဖြတ်ပြီးပြန်လာခဲ့သည်။

ယုကျစ်က ရွှမ်ရီကိုကြည့်လိုက်သည်။

ရွှမ်ရီကချက်ချင်းပြန်ပြောသည် "ယုကျစ်၊ ကျူးလင်လင်၊ ကိုယ့်နိုင်ငံကို ပြန်လာတာကြိုဆိုပါတယ်။ ငါတို့က နင်တွေ့ ဆုံပွဲကိုမမှီလောက်ဘူးထင်နေတာ၊ ဒါပေမဲ့ နင် အချိန်မှီပြန်လာခဲ့တာပဲ။"

ရွှမ်ရီ မတ်တပ်ထရပ်လိုက်ပြီးမှ ကျီဖေးကိုအံသြစွာတစ်ချက်ကြည့်လိုက်ပြီး "ငါတို့စားပွဲမှာပဲ ထိုင်ခုံအလွတ်တွေရှိတော့တယ်၊ အားလုံးပဲ..."

"လာလေ၊ ဘာပြဿနာရှိလို့လဲ ?" ချီလီက တည့်တည့်ပြောလိုက်ကာ "ငါတို့အားလုံး သူငယ်ချင်းဟောင်းတွေပဲ။ မင်း မသိတဲ့လူတွေနဲ့ ဘယ်လိုလုပ်ထိုင်ရမှာလဲ?"

လော့ကျိုးလည်း စိတ်မသက်မသာဖြစ်အောင် အခွင့်အရေးကိုဆုပ်ကိုင်ထားပြီး "အတိအကျပဲ၊ ဒီက တစ်ယောက်ယောက်က မကြိုဆိုဘူးလား ?"

လော့ကျိုးလှမ်းခေါ်တာကို လူတိုင်းက အဆင်မပြေသလိုခံစားရပေမဲ့ သူ တို့ခေါင်းခါပြီးပြုံးပြကြသည်။

တကယ်ဆိုလူတိုင်းက ယုကျစ်အားလာစေချင်ကြသည်ပင် - ဒီလိုစိတ်လှုပ်ရှားစရာကောင်းတဲ့ဒရာမာကို ဘယ်လိုလုပ်လွှတ်ထားလိုက်ရမှာလဲ?

သို့သော် ယခုအခါယုကျစ်သည် အဆင်မပြေမှုမှန်သမျှကိုရှောင်ရှားလိုပြီး ကျော်တက်ရန်တွန့်ဆုတ်နေကာ အခြားနေရာ လွတ်များကိုရှာဖွေရန်ကြိုးစားနေသည့်အလား လှည့်ပတ်ကြည့်နေသည်။

အဆုံးမှာတော့ ကျူးလင်လင်ကသူ့ကို ‘အတင်းအကြပ်' ဆွဲခေါ်သွားသည်။

"ဒီမှာသာ ထိုင်စမ်းပါ၊ နင့်ကို ဘယ်သူမောင်းထုတ်ရဲလဲဆိုတာ ငါကြည့်ချင်တယ်။"

ကျူးလင်လင်၏အပြင်းအထန်ကြေငြာမှုအပြီးတွင် သူသည် ကျီဖေးအား သတိပေးသည့်အကြည့်ဖြင့်လှမ်းပစ်လိုက်သည်။

အားလုံးက တုန်လှုပ်ချောက်ချားစွာကြည့်နေကြပြီး ကျီဖေးစိတ်ဆိုးသွားကာ သမိုင်းကိုထပ်ခါထပ်ခါလှန်ပစ်မည်ကို ကြောက်နေကြသည်။

သို့ပေမယ့် ကျီဖေး၏တုံ့ပြန်မှုက… လုံးဝကိုတုံ့ပြန်မှုမရှိပေ။

ယုကျစ်၏အကြည့်သည် ကျီဖေးကိုလွှမ်းမိုးသွားသည်။ ယုကျစ်သည် ကျင်းယွဲ့ ထံမှ သူဘယ်လောက်မိုက်မဲပြီး စိတ်မြန်သည့်အကြောင်းဇာတ်လမ်းများစွာကိုကြားသိထားသဖြင့် သူ့မျက်လုံးများထဲတွင် သူတို့၏အထင်အမြင်သေးမှုများကို ဖုံးကွယ်ထား၍မရပေ။ သို့သော် မျက်လုံးချင်းဆုံမိသောအခါ သူ အံ့အားသင့်သွားသည်။

အဘယ်ကြောင့်ဆိုသော် ကျီဖေး၏အကြည့်သည် လုံးဝသန့် ရှင်းနေပြီး ရွှင်မြူးမှုအရိပ်အမြွက်များပါဝင်နေသောကြောင့် ယုကျစ် အလွန်စိတ်မသက်မသာဖြစ်ရသည်။

သူ ဘာလုပ်နေတာလဲ ? ရှိုးကြည့်နေတာလား ?!

ဒါပေမယ့်ကျီဖေးက သူ့အကြောင်းပြောရုံနဲ့ရူးသွားလိမ့်မယ်လို့ ရွှမ်ရီ မပြောခဲ့ဘူးလား ?

သူပေါ်လာသည်နှင့် တစ်ပြိုင်နက် ချင်ရှန့်နှင့် ခဏမျှအကြည့်ချင်းဖလှယ်ရုံဖြင့် ကျီဖေးသည် ဒေါသူပုန်ထကာ အချိန်ကိုက်မြင်ကွင်းတစ်ခုဖြစ်စေဖို့ လုံလောက်မည်ဟုသူထင်ခဲ့သည်။

ကျီဖေးသည် ချင်ရှန့်နှင့်မထိုက်တန်ကြောင်းသက်သေပြနေချိန်မှာ သူ့ ကိုယ်သူပိုပြီးအပြစ်ကင်းတဲ့ပုံပေါက်စေမည်ဖြစ် သည်။

သို့သော် ကျီဖေး၏လက်ရှိတုံ့ပြန်မှုသည် ယုကျစ်ကိုစိတ်ပျက်သွားစေသည်။

သို့သော်လည်းသူ့တွင် အင်္ကျီလက်ထဲ၌ဝှက်ဖဲရှိနေသေးသည်- ထို ရဲတင်းလွန်းသည့်အီးမေးလ်သည် ကျီဖေးကို လုံးဝလက် လျှော့လိုက်စေမည်မှာ သေချာသည်။

သူ့ဦးနှောက်ကိုလှောင်ထားရန်ပင်မလိုအပ်ပေ: အရူးလုပ်ဖို့ ဒီ လှုပ်ရှားမှုတစ်ခုနဲ့တင် လုံလောက်တယ်။

All Chapters