← Chapters

အခန်း (၁၈၉)

Vol. 19 Ch. 189

အခန်း (၁၈၉)

Vol. 19 Ch. 189

ယုကျစ်နှင့်ကျူးလင်လင်ထိုင်ပြီးနောက် စားပွဲရှိလူတိုင်း၏ လေထုသည် တင်းမာလာကာ သူတို့၏နှလုံးသားများထဲတွင် ရှုပ်ထွေးမှုနှင့်စိတ် လှုပ်ရှားမှုများရောထွေးနေကာ ကျရောက်တော့မည့်မုန်တိုင်းအတွက် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

အခြားစားပွဲရှိလူများသည် ခိုးနားထောင်ရန် နားစွင့်နေပုံရသည်။

သို့သော်လူတိုင်းအားအံ့ဩစေသည်မှာ ချင်ရှန့်သာမက ကျီ ဖေး၏တုံ့ပြန်မှုများသည်ပင် လုံးဝမျှော်လင့်မထားသော ကြောင့် ဖြစ်သည်။

ရောက်ရှိလာသူသည် ချင်ရှန့်၏ရည်းစားဟောင်းမဟုတ်သကဲ့ သို့ လုံးဝမသက်ဆိုင်သူတစ်ဦးဖြစ်သကဲ့သို့ပင်။

ဒါကိုလူတိုင်းက မုန်တိုင်းမတိုက်ခင် ငြိမ်သက်နေသည်ဟုခံစားရသည်။

စားပွဲတွင်မည်သူမျှ စကားပြောဆိုရန်အစပျိုးခြင်းမပြုဘဲ လေထုကို အနည်းငယ်ဖိစီးစေသည်။

တစ်ချို့က ဒရာမာတွေထွက်လာဖို့ စိတ်အားထက်သန်စွာစောင့်ဆိုင်းနေကြပြီး အဆင်မပြေမှုများပိုများလာရန်မျှော်လင့်နေကြသလို အချို့ကတော့ တကယ်ကိုစိတ်မသက်မသာဖြစ်နေကြပြီး မင်္ဂလာပွဲနှင့် ပတ်သက်ပြီး ယခင်ဆွေးနွေးမှုကိုဆက်လုပ်မလား ဒါမှမဟုတ် ယုကျစ်၏မကြာသေးမီက နိုင်ငံခြားကပြန်လာတာကိုမေးမလား မသေချာပေ။ အကြောင်းအရာတိုင်းသည် ဥခွံပေါ်တွင်လမ်းလျှောက်နေရသလိုပင်။

ကံကောင်းထောက်မစွာပင်၊ အစားအသောက်ကျွေးမွေးချိန် ရောက်ပြီဖြစ်သည်၊ စောင့်ဆိုင်းနေသည့်ဝန်ထမ်းများ၏အလုပ် များနေသည့် လှုပ်ရှားမှုများက အရာအားလုံးကိုအနှောင့်အ ယှက်ဖြစ်စေသည်။

ဟင်းပွဲများအားလုံးကိုစားသောက်ပြီးနောက် လော့ဖေးသည် ယွီယွဲ့၊ ပိုင်ရှောင်ရှီတို့နှင့်အတူ အရသာရှိသည့်အစားအစာများကိုဆွေးနွေးခွင့်ရခဲ့ ပြီး တင်းမာမှုကိုဖြေလျှော့ကာ အကြောင်း အရာကိုပြောင်းလဲရန် ကြိုးစားခဲ့သည်။

လော့ဖေးသည် ယခုကျီဖေးဘက်တွင် အနည်းငယ်ရပ်တည်ခဲ့ပြီး သူ့ကို စိတ်မသက်မသာမဖြစ်စေချင်ခဲ့ပေ။ ယွီယွဲ့ နှင့် ပိုင်ရှောင်ရှီတို့သည် ယခင်ကကျီဖေးနှင့် ကောင်းမွန်စွာဆက်ဆံခဲ့ကြသည်။

မကြာမီတွင် စမ်ထင်နှင့်ကျင်းရန်သည် စကားစမြည်ပြောလာသည်။ သူတို့က ယွီယွဲ့ မှပိုင်ရှောင်ရှီကို ဒေါသထွက်စေခဲ့ပြီးနောက် ပိုင်ရှောင်ရှီး၏အကြိုက်ဆုံးဟင်းပွဲကို ကိုယ်တိုင်ပြု လုပ်ပြီးပြန်ချော့ရန် လမ်းညွှန်ပေးမည့်စားဖိုမှူးရှစ်ယောက်ကိုပင် ငှားရမ်းခဲ့သည်ဟုပြောကြသည်။

ယွီယွဲ့ က ပြုံးပြုံးရွှင်ရွှင်နှင့် "ယောက်ျားတစ်ယောက်ရဲ့ခန်းဝင် ပစ္စည်းက ဘယ်အချိန်မှာတောင်းပန်ရမယ်နဲ့ ဘယ်လိုချက် ပြုတ်ရမယ်ဆိုတာကိုသိနေတာပဲ။ ငါ့မိန်းမကို ငါဘယ်လောက်ကောင်းကောင်းဆက်ဆံတယ်ဆိုတာ မင်းတို့ဘယ်သူမှလာယှဉ်လို့မရဘူး။"

၎င်းကိုကြားတော့ ချင်ရှန့်က ယွီယွဲ့ ကိုမော့ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲ စူးစမ်းလိုစိတ်များအရိပ်အမြွက်ပြနေသည်။

တကယ်လား ? ဒါ မယားကိုချစ်တဲ့သူလို့ ဆိုလိုတာလား?

ဟိုဟိုဒီဒီကြည့်လိုက်တော့ ကျီဖေးအတွေးများပျောက်နေပြီး ဟင်းချိုကိုစက်ရုပ်လိုသောက်ရင်း သူအကြိုက်ဆုံးဂဏန်းခြေထောက်တွေကိုတောင် လျစ်လျူရှုပြီးကျော်သွားတာကို သူ သတိထားမိလိုက်သည်။

သူသည် ဒရာမာကိုတိတ်တဆိတ်ကြည့်ရှုရင်း ရှင်းရှင်းလင်း လင်းပင်စွဲလန်းနေခဲ့ပြီး ကျန်အရာအားလုံးအားမေ့သွားခဲ့သည်။

ချင်ရှန့် အနည်းငယ်အကူအညီမဲ့သွားသလိုခံစားလိုက်ရကာ သူ့ အတွက် အစိတ်အပိုင်းတစ်ခုကိုယူလိုက်ပြီး တက်ရောက် လာသူအားလုံးကို အံ့အားသင့်သွားစေသည့်အပြုအမူတစ်ခုကို ပြုလုပ်ခဲ့သည်။

ချင်ရှန့်သည် ပင်လယ်စာများနှင့် အနည်းငယ်ဓာတ်မတည့်မှုရှိပြီး ထိတွေ့ ခဲ့သည်ကို လူတိုင်းသိကြသည်၊ ယခုမူ အဘယ့် ကြောင့်နည်း...?

နောက်အခိုက်အတန့်တွင်ချင်ရှန့်သည် လက်အိတ်များကိုဝတ် ဆင်ကာ ကိရိယာများကိုင်ဆောင်ပြီး ကဏန်းသားကို အပိုင်းလိုက် ဂရုတစိုက်ထုတ်ယူကာ ကျီဖေး၏ပန်းကန်လုံးထဲထည့်ပေးပြီး ဆော့စ်ပြင်ဆင်သည့်တိုင် လက်အိတ်များဝတ်ဆင်ထားသည်ကိုတွေ့ လိုက်ရသဖြင့် လူတိုင်းပိုလို့ပင်တုန်လှုပ်သွားကြသည်။

သူ့ဘေးနားကလူကိုဂရုစိုက်တာက လုံးဝကိုသဘာဝကျသကဲ့ သို့ ဖြည်းဖြည်းနှင့် သပ်ရပ်ကျနစွာလုပ်ဆောင်ပေးနေသည်။

အခြေအနေကို တိတ်တဆိတ်စောင့်ကြည့်နေသည့်ယုကျစ်သည်၊ ဒီမြင်ကွင်းကြောင့် မျက်ရည်ကျလုမတတ်ပင်။ ချင်ရှန့်သည် အထူးသဖြင့် သူ့ရှေ့တွင် အခြားအမျိုးသမီးတစ်ဦးအား အဘယ့်ကြောင့် ဤမျှကောင်းမွန်စွာဂရုစိုက်နိုင်ရမည်နည်း?

ကျူးလင်လင်သည် ချင်ရှန့်နှင့်ယုကျစ်တို့အတွဲ၏ပရိသတ်တစ်ဦးဖြစ်သောကြောင့် မျက်လုံးများပြူးကျယ်စွာကြည့်ကာ ယုကျစ်၏နားနားသို့ ချက်ချင်း တိုးတိုးလေးကပ်ပြောလိုက်သည်။

"သူ ဒါကို နင်မြင်အောင် တမင်လုပ်ပြနေတာ!"

ယုကျစ်မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်။ တမင် သက်သက်လား ?

ဟုတ်တယ်၊ တမင်လုပ်တာပဲနေရမယ်။ ကျီဖေးသည် ချင်ရှန့်ကိုလက်ထပ်ရန်ကြံစည်ခဲ့သည်ကို အားလုံးသိကြပြီးဖြစ်သည်- သူ့အား လှည့်စားသည့်အမျိုးသမီးကို သူမည်သို့အမှန်တကယ်ဂရုစိုက်နိုင်မည်နည်း?

သို့သော် အခြားသူများမှာ အံ့သြသွားကြသည်။

သူ ရှိုးလုပ်နေတာလား ? ဒါ ချင်ရှန့်ရဲ့ပင်ကိုယ်စရိုက်နဲ့မတူဘူး

သူ့မိန်းမကို အမှန်တကယ်ပြုစုစောင့်ရှောက်တာ.. ပိုလို့တောင် ယုံချင်စရာမရှိဘူး... သူတို့ရောက်ပြီးကတည်းက မယုံနိုင်စရာတွေအများကြီးဖြစ်နေပြီပဲ။

ချင်ရှန့်၏ပေါ့ပေါ့ပါးပါးအမူအရာသည် စားပွဲဝိုင်းတွင် ထိုကဲ့ သို့ စိတ်ခံစားမှုများလှုံ့ဆော်ပေးနိုင်သည်ကို ကျီဖေးမသိခဲ့ပေ။

သူ့စိတ်ထဲတွင် အတင်းအဖျင်းပြောရင်း အလုပ်များလွန်းနေ သည်။ ချင်ရှန့် သူ့အတွက်ကဏန်းအသားပြင်ဆင်နေမှန်း သူသတိမထားမိဘဲ ၎င်းကို အလိုအလျောက်စားမိသည်။

သူတွေ့ ရှိခဲ့သည့် အရည်ရွှမ်းသောအတင်းအဖျင်းစကားများအပေါ်တွင်သာ သူ၏အာရုံစူးစိုက်မှုမှာ စွဲမြဲနေဆဲဖြစ်သည်။

ယုကျစ်ကိုမြင်ပြီးနောက် ကျီဖေးအသိချင်ဆုံးအချက်မှာ ယုကျစ်သည် ချင်ရှန့်ကို ပထမနေရာမှာ ဘာကြောင့်စွန့်ပစ်ခဲ့တာလဲ။ တကယ်တော့ယုကျစ်ဟာ ယခုအချိန်မှာ ထုတ်ဖော်မပြနိုင်သည့်ခံစားချက်များအမြဲရှိနေပုံရပြီး လူတွေက ဖုံးကွယ်ထားတဲ့အခက်အခဲတွေရှိတာများလားဟု အံ့ဩသွားကြသည်။

ချင်ရှန့်သည် စူးစမ်းချင်စိတ်လုံးဝမရှိခဲ့ဘဲ အတိတ်ကိုစူးစမ်းခြင်းသည် အဓိပ္ပါယ်မရှိဟုခံစားလာရသည်။

သို့ပေမယ့်ကျီဖေး အရမ်းဆူညံနေလို့ ချင်ရှန့်မှာစိတ်မဝင်စား လျှင်ပင် နားထောင်ပေးနေရသည်။

[ဘာလဲ? ဘာလဲ? ဘာလဲ? ဘာလဲ? ငါ ကြည့်တာမှားသွားတာလား?]

ချင်ရှန့်၏ ကနဦးစပ်စုချင်စိတ်မရှိခြင်းသည် ကျီဖေး၏အသံနှုန်းမြင့်သော "ဘာလဲ" ဟူသည့်အသံကြောင့် စိတ်လှုပ်ရှားမှုအဖြစ်သို့ အတင်းအကြပ်ပြောင်းလဲသွားခဲ့သည်။

[ဒါက ကြေကွဲဖွယ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်မယ်ထင်တယ်- ငါဖြစ်နိုင်ချေ သုံးခုကိုတောင်တွေးထားပြီးသား: ကင်ဆာ၊ ကားမတော်တဆမှု ဒါမှ မဟုတ် သတိမေ့ရောဂါဖြစ်နိုင်တယ်။ ဒါပေမယ့်နင်ပြောနေတာက ရွှမ်ရီရဲ့ အကြောင်းပြချက်နဲ့ ဆင်တူတယ် - လူမှုရေး လှေခါးကိုတက်ပြီး -အဆင့်အတန်းကိုစွန့် လွှတ်လိုက်ရုံပါပဲ။ ချင်ရှန့်လိုအရည်အသွေးမြင့် တဲ့လူတစ်ယောက်တောင်မှ တစ်စုံတစ်ယောက်ရဲ့ အရံအစီအစဉ်ဖြစ်နိုင်တယ်လို့ တွေးကြည့်ရအောင်။]

ချင်ရှန့်: ????!

[ဒီတော့၊ သူက နိုင်ငံခြားမှာ မျိုးရိုးစဉ်ဆက်ချမ်းသာတဲ့သူနဲ့ လက်ထပ်ဖို့ကျရှုံးခဲ့ပြီး နှစ်တော်တော်ကြာကြိုးစားခဲ့ပေမဲ့ သူတို့က သူ့ကိုအထင်သေးနေတုန်းပဲပေါ့၊ ချင်ရှန့် ပိုပြီးအောင်မြင်လာတာကိုမြင်တော့ နောက်ဆုံးမှာ သူ ချင်ရှန့်ကိုလိုက်ဖို့အတွက်အိမ်ပြန်ဖို့မဆုံးဖြတ်ခင် မခံမရပ်နိုင်ဖြစ်ပြီး မိသားစုနဲ့ဆွေးနွေးခဲ့သေးတယ်။]

ချင်ရှန့်၏အမူအရာမှာ သိမ်မွေ့ လာသည်။ အဲဒီတော့ ဒါကဒီလိုပေါ့။ ထို အရာများသည် သူတို့၏အသိုင်းအဝိုင်းတွင် အဆန်းမဟုတ်ပေ။ တစ်စုံတစ်ယောက်၏ အရံအစီအစဉ်ဖြစ်ခဲ့သော် လည်း ချင်ရှန့်သည် စိတ်ခံစားမှုဆိုင်ရာအတက်အကျမရှိဟု ခံစားခဲ့ရသည် - ၎င်းမှာ အခြားသူတစ်ဦး၏တွေးခေါ်မှုဖြစ်ပြီး သူနှင့် အမှန်တကယ်မသက်ဆိုင်ပေ။

စိတ်ပိုင်းဆိုင်ရာအတက်အကျကို မခံစားရရုံသာမက ဤအ တင်းအဖျင်း သည် အလွန်စိတ်ဝင်စားစရာကောင်းသည်ဟုပင် သူထင်ခဲ့သည်။

သူနှင့်ယုကျစ်ကြားတွင် ဘာမှမရှိတော့ဘူးဟုပြောလျှင်ပင် သူတို့ပြန်တွဲလာမည်ဟု အမြဲတွေးထားသည့်အတွက် ကျီဖေးက မှန်မှန်ကန်ကန်ဆောင်ရွက်ပေးခဲ့သည်။ ကျီဖေးက ဘယ်တော့မှမယုံခဲ့ချေ၊ သူ့ခံစား ချက်နှင့် ဆန့်ကျင်ဘက်ပြောနေသည်ဟု အမြဲတွေးနေလိမ့်မည်။

ယုကျစ်၏ရည်ရွယ်ချက်များက ဘယ်တော့မှမသန့်ရှင်းဘူးဆိုတာ အခုသိသွားတော့ ကျီဖေး အဲဒီရယ်စရာကောင်းတဲ့အ တွေးတွေကို စွန့်လွှတ်လိုက်မှာလား ?

[ဒါကို သူ ဘယ်လိုလုပ်နိုင်ရတာလဲ၊ ဖာခ့်ပဲ၊ လွန်လွန်းတယ်!]

ရုတ်တရက် ဒေါသထွက်နေသည့်လေသံသည် ချင်ရှန့်အား ခေတ္တရပ်တန့်စေပြီး ဖြည်းညင်းစွာပြုံးလိုက်သည်။

သူ စိတ်မဆိုးပေမယ့် ကျီဖေးဒေါသထွက်နေသည် - သူ သူ့ကို စိတ်ပူနေတာလား?

[ဒီလိုအခြေအနေနဲ့ဆိုရင် ငါတို့ ဘယ်လိုလုပ်ကွာရှင်းလို့ရတော့မှာလဲ!]

ချင်ရှန့်: ...

[ ငါက တကယ်ချစ်တဲ့သူတွေကို ပေါင်းဖက်နိုင်ဖို့ ကူညီပေးနေရတယ်လို့ထင်ခဲ့တာ၊ ဒါပေမယ့်အခုတော့ ငါ ချင်ရှန့် မီးတွင်းထဲခုန်ဆင်းတာက်ု ထိုင်မကြည့်နိုင်တော့ဘူး။ ဒါပေမယ့် သူဘမခုန်ရင်လည်း ငါ့ကွာရှင်းမှုက အလှမ်းဝေးနေတဲ့ပုံရတယ်။]

ချင်ရှန့်: ...

[ငါ single ဖြစ်နေတာကြာပြီ၊ ပြီးတော့ အမြောင်းရှစ်မြှောင်းပါတဲ့ငယ်ရွယ်တဲ့ လတ်လတ်ဆတ်ဆတ်အသားရှာဖို့ ပိုက်ဆံဝေစုကိုစောင့်နေတာလေ။ ယုကျစ် နင်က အရူးပဲ၊ ဘာလို့ သူ့ကို တကယ်မချစ်နိုင်ရတာလဲ၊ အချစ်အတွက် တိုက်ပွဲဝင်သင့်တယ်လေ၊ နင် ငါ့ကို တကယ်ခက်ခဲအောင်လုပ်နေတာဘဲ၊]

ချင်ရှန့်: ...

လူတိုင်း ပေါ့ပေါ့ပါးပါးစကားစမြည်ပြောရင်း ဇနီးဖြစ်သူကို ထိန်းကျောင်းနေသည့် ချင်ရှန့်၏ဆန်းသစ်သည့်အမူအကျင့်ကို ကြည့်နေကြသည်။

ရုတ်တရက်၊ ချင်ရှန့်၏မျက်နှာမည်းမှောင်သွားပြီး တစ်ဝက် တစ်ပျက်အခွံခွာထားသည့်ဂဏန်းလက်မကို ချထားလိုက်ကာ သူ့လက်အိတ်ကိုချွတ်လိုက်သည်။

ထို့နောက်သူသည် ဆာလောင်နေသကဲ့သို့ သူ့ကိုယ်ပိုင်အစားအ စာကိုစတင်စားတော့သည်။

ဒါက….တကယ်ပဲ ယုကျစ်ကြောင့်လားဘ? အဆုံးတွင်ကျီဖေး သည် တိတ်တိတ်ဆိတ်ဆိတ်စားသောက်ခဲ့ပြီး တစ်နှစ်ပတ်လုံး ယုကျစ်သည်နိုင်ငံရပ်ခြားတွင် မည်ကဲ့သို့လုပ်ဆောင်ခဲ့သည်ကို မေးမြန်းနေခဲ့သည်။

ယုကျစ်က ယောင်ဝါးဝါးနှင့်ပြန်ပြောသည် "အဆင်ပြေပါတယ်။"

ချင်ရှန့်၏တုံ့ပြန်မှုကိုမြင်တွေ့ ပြီးနောက် ယုကျစ်သည် တိတ် တဆိတ် ကျေနပ်သွားသလို ခံစားလိုက်ရသည်။

ထို့နောက်ကျီဖေးမှသူ့အား သိသိသာသာပင် မကျေနပ်သလိုမော့ကြည့် လိုက်သည်ကိုမြင်လိုက်ရတော့ သူ့ကျေနပ်မှု မထိန်းနိုင်တော့ပေ။

"နင် ဘိုးဘွားရိပ်သာမှာ အကြာကြီးနေခဲ့ရတာ ဘယ်လိုလုပ်အဆင်ပြေနိုင်မှာလဲ? ငါတို့အားလုံးက သူငယ်ချင်းဟောင်းတွေပါပဲ ယုကျစ်၊ အဲဒါ ကို မဖုံးကွယ်ထားပါနဲ့။ တစ်ချို့လူတွေက နင့်ရဲ့အတိတ်အကြောင်းကို ဆက်မဝေဖန်သင့်ဘူး!" ဟု ကျူးလင်လင်က ချက်ချင်းပြန်ပြောလိုက်သည်။

"လင်လင်၊ မပြောနဲ့..."

ယုကျစ်သည် ကျူးလင်လင်အားရပ်တန်ရန် စိတ်အနှောက်အယှက်ဖြစ်နေပုံပေါ်သည်။

သို့ပေမယ့်ကျူးလင်လင်က မီးရှူးမီးပန်းလိုပေါက်ကွဲပြီး " ဒီနှစ်တွေထဲမှာ၊ ယုကျစ်က ငါ့ကို ဘယ်သူ့ကိုမှမပြောခိုင်းခဲ့ဘူး၊ ဒါပေမယ့် ဒီနေ့တော့ ငါထိန်းထားလို့မရတော့ဘူး၊ ငါ့မှာပြောစရာရှိတယ်။ အဲဒီတုန်းက ယုကျစ်ကပြင်းထန်တဲ့ရောဂါတစ်ခုကြောင့်ထွက်သွားခဲ့တာ။ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာကို သူ မသိသလို တခြားသူတွေကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်တာကြောင့် တိတ်တဆိတ်ဆေးကုသမှုကိုခံယူဖို့ နိုင်ငံခြားကို ထွက်သွားခဲ့ရတာ။"

All Chapters