← Chapters

အခန်း (၁၉၀)

Vol. 19 Ch. 190

အခန်း (၁၉၀)

Vol. 19 Ch. 190

အမှန်တရားကို ရှာဖွေတွေ့ ရှိပြီးနောက် ကျီဖေးအလွန်စိတ် ပျက်သွားခဲ့သည်။

ကျီဖေးသည် သူကိုယ်တိုင်ကွာရှင်းပြတ်စဲရန် မစွမ်းဆောင်နိုင်ပေ။ ချင်ရှန့်ကသာ အဆိုပြုနိုင်သည်။ သို့ပေမယ့် ချစ်ခြင်းမေတ္တာမရှိလျှင်ပင် သူ့ထံတာဝန်ရှိတာကြောင့် ၎င်းအကြံပြုမည်မဟုတ်ပေ။

တစ်ခုတည်းသောမျှော်လင့်ချက်မှာ ချင်ရှန့်နှင့်ယုကျစ်တို့ ရင် ကြားစေ့ရေးကို စောင့်ဆိုင်းရန်ဖြစ်ပြီး သူ၏လွတ်လပ်ခွင့်ကို ပြန်လည်ရရှိစေမည်ဖြစ်သည်။

ယုကျစ်ပြန်လာခြင်းသည် သူ၏ဘဝစာမျက်နှာသစ်တစ်ခုရဲ့ အစကိုအမှတ်အသားပြုလိမ့်မယ်လို့ထင်ခဲ့ပေမယ့် အရာအား လုံးက ထိုသို့ဖြစ်မလာခဲ့ချေ။

ယုကျစ်က လူကောင်းတစ်ယောက်မဟုတ်ပေ။

ကျီဖေးသည် ထိုသို့သောလူအား ချင်ရှန့်နှင့်မတွဲပေးချင်သည် မှာသေချာသည်။ အဆုံးတွင် ချင်ရှန့်နှင့်သူ့မိသားစုသည် သူ့အပေါ်ကောင်းကောင်းဆက်ဆံခဲ့ပြီး ထိုသို့သော နှလုံးသားမဲ့သည့်အရာတစ်ခုကို သူမလုပ်နိုင်ပေ။

သူ၏စိတ်ပျက်အားငယ်မှုကိုသာ မျိုချနိုင်ခဲ့သည်။

ထို့ကြောင့် ကျူးလင်လင်၏စကားကြောင့် လူတိုင်းထိတ်လန့်သွားသည့်အချိန်တွင်၊ ချင်ရှန့်သည် သူ့ကိုယ်ပိုင်ကမ္ဘာထဲတွင်ရှင်သန်နေဆဲဖြစ်ပြီး၊ ကျီဖေးမှ ယုကျစ်အားငေးကြည့်ရင်း ဒေါသပိုထွက်လာသည်။

ဤအကြောင်းပြချက်ကိုထုတ်ဖော်ပြီးသည်နှင့် တရားမဝင်မစ္စချင်ဖြစ်သည့်ကျီဖေးသည် ကြောက်ရွံ့တုန်လှုပ်သွားသည်ကိုတွေ့ ပြီး ယုကျစ်တိတ်တဆိတ်ရယ်နေမိသည်။

ယုကျစ်သည် သူ၏အတိတ်အခက်အခဲများကို အခြားသူများမသိစေလိုကြောင်းညွှန်ပြနေသကဲ့သို့ သူသည် ရှက်ရွံ့နေသည့်အမူအရာဖြင့် ခေါင်းငုံ့ထားလိုက်သည်။

"တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ ?"

"နေမကောင်းတာလား ? ဘာရောဂါလဲ ?"

"ဒီနှစ်တွေထဲမှာ ပြန်ကောင်းလာပြီလား? ငါတို့နင့်အကြောင်းမကြားရတာ အံ့ဩစရာတော့မဟုတ်ဘူး။"

"အခုရော ဘယ်လိုနေသေးလဲ? ပြန်ကောင်းလာပြီလား?"

"အဲဒီတုန်းကဘာလို့ ရှင်းရှင်းလင်းလင်းမရှင်းပြခဲ့တာလဲ?"

နောက်ဆုံးတွင် သူတို့သည် သူငယ်ချင်းဟောင်းတွေဖြစ်သည်။ လွန်ခဲ့ သည့်နှစ်များက ယုကျစ်ထွက်ခွာသွားသောအခါ သူ၏ စိတ်ဆင်းရဲနေသ ည့်အမူအရာသည် သူ့တွင်အကြောင်းပြချက်များရှိရမည်ဟု လူတိုင်း အားထင်မှတ်စေခဲ့သည်။ သို့ သော်သူသည် ဘယ်သူ့ကိုမှမပြောဘဲ သူတို့အား စိတ်ပူစေရန်သာထားခဲ့ပြီး နောက်ဆုံးတွင် သူ၏ထွက်ခွာသွားမှုကို စောင့်ကြည့်ရင်း အဆက်အသွယ်ပြတ်သွားခဲ့သည်။ ယခု၊ ရုတ်တ ရက် အမှန်တရားကိုကြားလိုက်ရတော့ ရွှမ်ရီပင်အံ့သြသွားခဲ့ သည်။

ယုကျစ်လို ချမ်းသာသည့်မိသားစုကတစ်ယောက်ယောက်သည် ဒီလိုလိမ်ညာပြောမည်ဟု မည်သူမှမမျှော်လင့်ထားတာကြောင့် လူတိုင်းမေးခွန်းမထုတ်ဘဲ ချက်ချင်းယုံကြည်ခဲ့ကြသည်။

ကျီဖေးက ဒေါသတကြီးရယ်မောလိုက်သည်။

[ နင်တကယ် အပြင်းဖျားခဲ့တာပဲဖြစ်ရမယ်၊ ဘိုးဘွားရိပ်သာကိုသွားတာက အဲ့ဒီမိသားစုရဲ့သက်ကြီးရွယ်အိုတွေကို ပြုစုစောင့် ရှောက်ပြီး သူတို့ ဆီကမျက်နှာသာရဖို့ ကြိုးစားနေတာလေ။ ကျူးလင်လင်က နင်ပြောသမျှကိုယုံပြီး နင့်ကိုတောင်ကာကွယ်ပေးလိုက်သေးတယ်၊ အရူးမပဲ။ အိုး၊ ငါသိပြီ၊ နင်က ချင်ရှန့်အတွက် ရှိုးတစ်ခုတင်ဆက်နေတာ၊ သူ့ကို နောင်တရအောင်လုပ်ပြီး နင့်ကို သနားစေချင်နေတာလား? ဆက်ပြီးသာ သရုပ် ဆောင်လိုက်၊ ဘယ်သူမှ နင့်ကိုမနှောင့်ယှက်ဘူး!]

[နင် ထွက်သွားတုန်းက နင်က ကိုယ့်ကိုယ်ကိုလွတ်လမ်းရ အောင်လို့ လူအများရှေ့မှာ ဒီလိုလုပ်ပြခဲ့တာ။ ပြီးတော့အဲ့ဒီဘိုးဘွားရိပ်သာက အထက်တန်းလွှာအတွက် သီးသန့်ဆောင် ရွက်ပေးတာဆိုတော့ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အချက် အလက်ကိုမှအပေါက်ကြားမခံဘူး။ နင့်ရဲ့အလိမ်အညာတွေ ဘယ်တော့မှထုတ်ဖော်ခံရမှာမဟုတ်ဘူး။ ဘယ်လောက်တောင် ထက်ထက်မြက်မြက်နဲ့ တွက်ချက်ထားတာပါလိမ့်!]

အကယ်၍ ဤဒရာမာသာ ကျီဖေး၏မျှော်လင့်ချက်များအားမ ဖျက်ဆီးခဲ့ဘူးဆိုလျှင်၊ သူသည် ၎င်းကိုကျေကျေနပ်နပ်နှင့် ချီး ကျူးမိလိမ့်မည်။ ယခုမူ သူသည် ပြင်းပြင်းထန်ထန်ဝေဖန်ချင်နေပြီ။

ကျီဖေးသည် လူတိုင်း၏တုံ့ပြန်မှုကိုကြည့်ပြီးရူးသွပ်ကာဒေါသ ထွက်သွားသည်။

ရုတ်တရက်သူအေးခဲသွားပြီး ချင်ရှန့်ကိုခိုးကြည့်လိုက်ရာ တင်းမာသည့် မျက်နှာဖြင့် စားသောက်နေပြီး အဖွဲ့ ၏စကားဝိုင်းတွင်ပါဝင်ရန် ရည်ရွယ်ချက်မရှိသည်ကို မြင်လိုက်ရသည်၊ သူဘာတွေးနေလဲမသိနိုင်ပေ။

[ရည်းစားဟောင်းကဖျားနေလို့ အတင်းအကြပ်လမ်းခွဲခိုင်းခဲ့ပြီး သူ့ ရည်းစားကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေအောင်ထားခဲ့ရတာ အခုမှ ကျန်း ကျန်းမာမာနဲ့ သူ့ကိုလက်ထက်ဖို့ပြန်လာပြီး နှစ်ယောက်လုံးက စကားမပြောကြဘူး... ဟမ်... အမှန်ကိုသာမသိရင် ချင်ရှန့် အရူးလုပ်ခံရမှာ သေချာတယ်!]

ချင်ရှန့် စားနေတာကိုရပ်လိုက်ပြီး၊ သူ့မျက်ဝန်းများတောက်ပ လာသည်။ နောက်ဆုံးတော့ ကျီဖေး သူ့အတွက်စိတ်ပူပင်နေခဲ့သည်။

ကျီဖေးသည် လှည့်စားခံရခြင်းမှတားဆီးရန် သူ့အတွက်တစ်ခု ခုလုပ်ပေးနိုင်သည်။

ဤဖြစ်နိုင်ချေကိုတွေးလိုက်ရုံဖြင့် ချင်ရှန့်၏နှလုံးခုန်သံများ မြန်ဆန်လာစေခဲ့သည်။

[ အဲ့တာ ငါကိုက စိတ်ပျော့တဲ့သူမို့လို့ပဲ၊ ယုကျစ်က လူကောင်းမဟုတ်ဘူးလို့ ချင်ရှန့်ကိုသတိပေးချင်ပေမဲ့ အချက်အလက်တွေအားလုံးက စနစ်ကနေရလာဆိုတော့ ငါ ရှင်းပြလို့မရဘူး။ နောက်ဆုံးတော့ သူတို့ကိုခွဲထုတ်ဖို့ကြိုးစားတာလို့ သံသယဖြစ်လိမ့်မယ်။ အဆုံးမှာ ယုကျစ်ကသာ ကိုယ်ချင်းစာတတ်တဲ့အမျိုးသမီးဇာတ်လိုက်အဖြစ်ရပ်တည်နေမှာ။ ငါက အပေါင်ပစ္စည်းအဖြစ်ကျစ်ရစ်နေခဲ့ချိန်မှာ သူတို့ကပျော်ပျော်ရွှင်ရွှင်ပေါင်းဖက်သွားပြီး ကွာရှင်းမှုအတွက်လျော်ကြေးတောင်ရလိုက်မှာမဟုတ်ဘူး။ သောက်ကျိုးနဲ ဒါအရမ်းလွန်လွန်းတယ်]

ချင်ရှန့်: ???? မင်း ဘယ်လိုလုပ် ဒီလိုတွေးချလိုက်တာလဲ!!!!

[ Sorry၊ ရှင်က ကျွန်မထက်ပိုကောင်းတယ်။ အဆိုးဆုံးက တော့ ကျွန်မ နတ်ဆိုးမနေရာကနေမကူညီပေးနိုင်ဘူး။ ရှင်မှား ယွင်းစွာချစ်ခဲ့မိရင်၊ အဲ့တာ ရှင့်ရဲ့ကံကြမ္မာဆိုး ဆိုတာကိုပြသနေတာပဲ၊ အဲ့တာ ရှင့်အမှားပဲ။ ကျွန်မ ရှင့်ကိုမကယ်နိုင်ဘူး; ငါ ဒရာမာကိုဖျာခင်းပြီးကြည့်ဖို့ရောက်နေတာ။]

ချင်ရှန့်: မင်းကသာ ငါ့ရဲ့ အကြီးမားဆုံးပြဿနာပဲ၊

ကျီဖေး နောက်ဆုံး သူ၏ စိတ်ပိုင်းဆိုင်ရာလျှပ်စီးပတ်လမ်းများအလုပ်လုပ်ခဲ့သည်ဟုခံစားခဲ့ရပြီး သူ့ကိုယ်သူကာကွယ်ရန် ဇာတ်လမ်းဇာတ်ကွက်မည်သို့ တိုးတက်လာမည်ကို‌စောင့်ကြည့်နေခဲ့သည်။

သို့သော် ချင်ရှန့်သည် သူ၏ရိုင်းစိုင်းသည့်အတွေးများကြောင့် ဣန္ဒြေပျက်လုနီးပါးဖြစ်နေသည်။ သူ၏စိတ်ဖတ်နိုင်စွမ်းကို လူသိရှင်ကြားထုတ်ဖော်ပြသခြင်းက ကျီဖေးအား လူသားထိန်းချုပ်မှုထက်အန္တရာယ်ဖြစ်စေမှာများလား ? သူသည် ကျီဖေး၏ရှုပ်ယှက်ခတ်နေသည့် အတွေးများအား တိုက်ရိုက်ရှင်းထုတ်လိုသည်။

ချင်ရှန့်၏ဦးတည်ရာဘက်မှ အေးစက်သည့်ရောင်ဝါတစ်ခုထွက်ပေါ်နေသကဲ့သို့ လေထု၏ပြောင်းလဲမှုအားအာရုံခံမိလိုက်ရာ လူတိုင်းတိတ်ဆိတ်သွားကြသည်။

ဒါ တကယ့်ကို ထူးဆန်းသည်။

သူ့ကို နှစ်အတော်ကြာသိကျွမ်းလာပြီးနောက် ချင်ရှန့်၏စိတ်ခံစားမှုများသည် အမြဲတည်ငြိမ်နေခဲ့သည်။ သူ၏နှေးကွေးကာ နွေးထွေးသည့် စိတ်သဘောသဘာဝသည် လူများ သို့မဟုတ် အဖြစ်အပျက်များကို ဒေါသထွက်ခဲသည်ဟုဆိုလိုသည်။ ဒီညမတိုင်ခင်ကတောင် သူ၏စိတ်ပိုင်းဆိုင်ရာအတက်အကျများအား သူတို့မြင်နိုင်သေးသည်။

ယုကျစ်နှင့်သူ၏လမ်းခွဲခဲ့ရသည့်အကြောင်းအရင်းအမှန်ကို သိလိုက်ရ၍ဖြစ်နိုင်သည်။

လူတော်တော်များများ ကျီဖေးအား စာနာစိတ်ဖြင့်စိုက်ကြည့်နေကြသည်။ အကယ်၍ယုကျစ်သည် အမှန်တကယ်ထွက်ခွာသွားခဲ့ရပြီး ချင်ရှန့်သည် သူ့အပေါ်ခံစားချက်ရှိနေဆဲဖြစ်ပါက သူတို့၏အိမ်ထောင်ရေးသည် ဆက်လက်တည်ရှိနိုင်ပါဦးမည်လား ?

၎င်းကိုတွေးနေရင်းနှင့် ရုတ်တရက် ချင်ရှန့်မှ ကျီဖေးအား စိတ် ပျက်လက်ပျက်အမူအရာနှင့် လှည့်ကြည့်လိုက်သည်ကိုတွေ့ လိုက်ရသည်။

သူ ငါ့ကို တကယ်ဂရုမစိုက်ဘူးလား ?

အခြားသူများ၏အမြင်တွင် - သူတို့ခန့်မှန်းထားသည့်အတိုင်း ပြီးသွားခဲ့ပြီ။ ချင်ရှန့် ယခုကျီဖေးအတွက် စိတ်မကောင်းဖြစ်နေတာပဲဖြစ်ရမယ်၊ ကျီဖေးကို စွန့်လွှတ်ဖို့ စီစဉ်နေတာလား? ဒီလိုကြီး မြန်မြန်ဆန်ဆန်ဆုံးဖြတ်ချက်ချနေတာလား?

ယုကျစ်လည်း ထိုကဲ့သို့တွေးနေပြီး သူ့ရင်တွေ ရင်ခုန်နေသလိုခံစားလိုက်ရသည်။

ကျီဖေးသည် သူ့ကိုကြည့်နေသည့် ချင်ရှန့်အားသတိပြုမိပြီး သူ့မျက်လုံးများကိုလှည့်ကြည့်လိုက်ရာ အနက်ရောင်လှိုင်းလုံးများကဲ့သို့ နက်မှောင် နသည့်မျက်လုံးတစ်စုံကိုတွေ့ လိုက်ရပြီး သူ့နှလုံးသားခုန်ထွက်သွားမလိုပင်။

ကျီဖေး သူ့အကြည့်အောက်တွင် အပြစ်ရှိသလိုခံစားလိုက်ရသည်။

"ဘာ..ဘာဖြစ်လို့လဲ ?"

ချင်ရှန့်သည် နူးညံ့သူမဟုတ်သောကြောင့် သူ့ကိုယ်သူအမြန်ပြန်ထိန်းခဲ့သည်။

"မင်း ပါးစပ်ထောင့်မှာ တစ်ခုခုရှိနေတယ်။"

သူစကားပြောရင်း လက်သုတ်ပုဝါယူကာ ပါးစပ်ထောင့်မှငံပြာရည်ကိုသုတ်လိုက်သည်။ အမူအရာကရင်းနှီးနေပြီး သူ့အာရုံကိုလုံးလုံးလျားလျားစိုက်ထားသည်။ သူတို့နှစ်ယောက် အချင်းချင်းအပြန်အလှန်ဆက်ဆံနေရုံနှင့် သူတို့သည် တခြားသူများနှင့်မတူသည့် ကမ္ဘာတစ်ခုတွင်ရှိနေသလိုပင်။

ကျီဖေး အံ့ဩသွားသည်။

ကျီဖေးတင်မကဘဲ ချင်ရှန့်၏လုပ်ရပ်ကြောင့် စားပွဲရှိလူတိုင်းကရှုပ်ထွေးသွားကြသည်။

ယခင်က ချင်ရှန့်မှ ၎င်းကိုလုပ်ခဲ့မည်ဆိုလျှင် ယုကျစ်အတွက် သူ့တမင်တကာလုပ်နေတာဟု လူတိုင်းကထင်ကောင်းထင်ပါလိမ့်မည်။ သို့ပေမယ့် ယခုအချိန်မှာတော့ လုံးဝအဓိပ္ပါယ်မရှိတော့ပေ။

ဒါဆို... သူက သူ့မိန်းမကို တကယ်ဂရုစိုက်နေတာလား ?

သို့ပေမယ့် အဲ့ဒါလည်းမမှန်ပေ။ ရည်းစားဟောင်းမပြောနှင့် သူစိမ်းတွေတောင်မှ ဒီလိုသတင်းတွေကြားပြီးရင် စိုးရိမ်မှုတချို့ပြလာလိမ့်မည်။

ကာယကံရှင်က မည်ကဲ့သို့တုံ့ပြန်နိုင်မည်နည်း ?

[သူ ဘာလုပ်နေတာလဲ ? ဒီလိုအရေးကြီးတဲ့အချက်အလက်တွေကို ကြားပြီးရင် နောင်တရစရာတွေရှိမနေဘူးဆိုရင်တောင် အနည်းဆုံးတော့ စိတ်မကောင်းဖြစ်နေရမှာမဟုတ်ဘူးလား ? အရမ်းအရမ်းကို အနည်းဆုံးတော့ သံသယတော့ရှိသင့်တယ်မဟုတ်ဘူးလား၊ သူ ဘာလို့ ငါ့ပါးစပ်ထောင့်ကို စိတ်ပူနေရတာလဲ၊ ငါ တကယ်နားမလည်ဘူး!]

ချင်ရှန့်၏မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်။

သူ့ဆိုလိုရင်းကို သူမ မယုံသည့်အတွက်ဖြစ်သည်။

အကောင်းဆုံးဖြေရှင်းချက်ကတော့ ကျီဖေးမှ သူ့နှလုံးသားအားမြင်အောင်ကြည့်ဖို့ပင်။

ကျီဖေးသည် အများအားဖြင့် သူ့ပတ်ဝန်းကျင်ရှိရင်းနှီးသူများ ၏စိတ်ထဲသို့ဝင်မကြည့်ပေ၊ အပေါ်ယံဒရာမာကိုသာ ကြည့်ရှုလေ့ရှိသည်။

သို့ပေမယ့်ဒီတစ်ကြိမ်မှာတော့ သူသည်တကယ့်ကို စူးစမ်းချင်စိတ်ပြင်းပြနေခဲ့သည်။

[ဖြစ်နိုင်ပါ့မလား... သူ အတွေးလွန်ပြီး မကြားလိုက်တာလား ? ငါ ကြည့်ပါဦးမယ်...ဟမ် ?]

All Chapters