← Chapters

အခန်း (၁၉၁)

Vol. 20 Ch. 191

အခန်း (၁၉၁)

Vol. 20 Ch. 191

ကျီဖေး၏သက်ပြင်းချသံကြောင့် ချင်ရှန့် နှလုံးခုန်နှုန်းများပင် မြန်ဆန်သွားသည်။

[ထူးဆန်းလိုက်တာ... အရမ်းထူးဆန်းတာပဲ]

ချင်ရှန့်လန့်သွားသည် - ဘာက ထူးဆန်းတာလဲ ? သူ ယုကျစ်ကိုမကြိုက်တာ ထူးဆန်းတာလား? ဒါမှမဟုတ် ကျီဖေးအပေါ် ထားရှိတဲ့ သူ့ ခံစားချက်တွေက ထူးဆန်းနေတာလား?

သူ့ စိတ်ဂနာမငြိမ်တော့သဖြင့် လှုပ်ရှားမှုများ ငြိမ်သက်သွားသည်။ သူသည် အချစ်ရေးကိစ္စများတွင် တုန့်ပြန်သူနှေးကွေးသူမှန်း သူသိသည်၊ တစ်ခါတစ်ရံဆို သူ့ပတ်ဝန်းကျင်ကလူများ သူ့အပေါ်ကို ခံစားချက်ရှိလျှင်တောင် သတိမထားမိချေ။ ယုကျစ်နှင့် ကျီဖေးတို့လိုမျိုး ပွင့်ပွင့်လင်းလင်းသာထုတ်မပြောပါက သူ နားလည်မည်မဟုတ်ပေ။

ထို့အပြင် တစ်ခြားသူများအပေါ် သူ၏ခံစားချက်အမှန်ကို သိရန်လည်းနှောင့်နှေးပေသည်။

သူ့ ကျောင်းတုန်းက အချစ်ဇာတ်လမ်းဆိုသည်မှာလည်း တွဲရုံသာတွဲခဲ့ခြင်းဖြစ်ပြီး ယုကျစ်အပေါ် သူဘာခံစားချက်မှမရှိခဲ့ကြောင်းကို သိပ်မကြာသေးခင်ကမှသိခဲ့သည်။ ထိုအချိန်တုန်းက သူသိပ်အရေးမစိုက်ခဲ့မိပဲ တွဲရုံသာတွဲခဲ့‌ခြင်းဖြစ်သည်။ သို့သော်... ယခုအခါ လူတစ်ယောက်သည် သူ့အားနားလည်အောင်ပြုလုပ်ပေးခဲ့သည်။

ကျီဖေးသည် သူ့စိတ်အတွင်းကို၀င်ကြည့်နိုင်သလို သူသည်လည်း သူမ အတွေးတိုင်းကိုကြားရသဖြင့် သူမ၏ဒေါသ၊ ပျော်ရွှင်မှု၊ စိတ်ပူမှု၊ စိတ်ပျက်မှုစသည်များကိုခံစားရသဖြင့် ယခင်ကငြိမ်သက်နေခဲ့သည့် သူ့ခံစားချက်များတဖန်ရုန်းကြွစပြုလာသည်။

သူ့ကိုယ်သူ ထိန်းချုပ်လို့မရသည့် ထိုခံစားချက်များကိုမကြိုက် သော်လည်း သူမဆီတဖြည်းဖြည်း နစ်၀င်မိလာသည်။ သူကိုယ် တိုင် အဖြေရှာကြည့်သည့်အခါ အဖြေမှန်ရလာပေသည်။

သူ့တွင် ကျီဖေးအတွက် သီးသန့်သည့် ခံစားချက်များဖြစ်တည်နေခဲ့သည်။

သို့သော် ဘယ်လောက်အတိုင်းအတာအထိလဲတော့ မပြောနိုင်သေးချေ။ အဘယ်ကြောင့်ဆို သူ့နှလုံးသားသည် ကျီဖေး တစ် ယောက်တည်းအတွက်သာလှုပ်ရှားပြီး သူမသည် သူနှင့်တရား ဝင်လက်ထပ်ထားသည့် တစ်ဦးတည်းသော သူလည်းဖြစ် သည်။ ထို့ကြောင့်ပင် သူ၏အချို့ဆုံးဖြတ်ချက်များသည် ပိုလို့ပင်ခိုင်မာလာခဲ့သည်။ အရင်က သူ ကျီဖေးနှင့် မကွာရှင်းချင်တာက အိမ်ထောင်တစ်ခုကိုလေးစားလို့ တာ၀န်မဲ့တဲ့အလုပ်ကို မလုပ်ချင်‌လို့ပဲ ဒါပေမဲ့ အခုကတော့... သူ ဘယ်လိုဖြစ်ဖြစ်မကွာရှင်းပေးနိုင်တော့ချေ။

များသောအားဖြင့်တည်ငြိမ်စွာနေတက်ပြီး ခံစားချက်များကို လွယ်လွယ်ထိန်းချုပ်နိုင်သော ရေခဲတုံးကြီး CEO ချင်သည် ကျီဖေးကြောင့် အတွေးများကြားဗျာများနေရသည်။

သူသည် အတွေ့အကြုံမရှိသော ဆယ်ကျော်သက်တစ်ယောက်ပမာစိတ်ရှုပ်ထွေးနေမိသည်။

တစ်စုံတစ်ယောက်အပေါ် အလွန်လေးနက်သော ခံစားချက်များကိုအချစ်လို့ဆိုရပါလျှင် ကျီဖေးသည် သူ၏အချစ်ဦးပင်။

ချင်ရှန့်သည် ထိုအရာကိုတွေးမိချိန် အနည်းငယ်တုန်လှုပ်သွားသည်။

အဘယ့်‌ကြောင့်ဆို သူ ကျီဖေးပြောခဲ့သော စကားများကို ရုတ် တရက်သတိရမိသွားသည်။ နောက်ကျမှပွင့်သော ချယ်ရီပန်းသည် မြက်ထက်တောင်ဈေးပေါသည်ဟူ၍ပင်။

သူမ ထူးဆန်းလိုက်တာလို့တွေးမိတာက မဟုတ်မှလွဲရော ရုတ် တရက်ကြီး သူ့ခံစားချက်ကို မြင်လိုက်ရလို့ အတိတ်တုန်းက သူ အေးစက်စက်ဆက်ဆံခဲ့တာတွေကို အမှတ်ရသွားလို့များလား ?

ထိုကိစ္စအပေါ် သူလည်းဘာမှမတက်နိုင်ချေ။ ယခင်တုန်းက ကျီဖေးအပေါ်ထားသည့် သူ့ခံစားချက်မှာတာဝန်ဟုသာ ခံစားရသည်။ သူမသာ သူ့မျက်စိရှေ့တွင်သာမရှိပါက ယခင်တုန်းက ကျီဖေးနှင့် ယခုကျီဖေးသည် မတူညီသော လူနှစ်ယောက်ဟု ထင်မိလိမ့်မည်။ သူ့ကို ဆွဲဆောင်နိုင်သူမှာ လက်ရှိကျီဖေးပင်။

ချင်ရှန့် တွေးရင်းနှင့် သူ့မှတ်ဉာဏ်များလျှပ်တပျက်အေးခဲသွားပြီး- ကလေးမလေးသည် သူ့ကို တောက်ပစွာပြုံးပြနေကာ

"ချင်အာ့ကော ဘာလို့ တိတ်ဆိတ်နေတာလဲ ? စကားမပြောတက်ဘူးလား? ဒါဆို သမီး ‌ပုံပြောပြမယ်၊ ချင်အာ့ကော သေ ချာနားထောင်ပြီးလိုက်ပြောနော်၊ သမီးအိမ်က အတင်းအဖျင်းတစ်ခုပြောပြမယ်.."

"ချင်အာ့ကော အရမ်းချောတာပဲ၊ သမီး ပိုက်ဆံများကြီးရှာပြီးရင် ကောကို သမီးရဲ့ sugar baby လုပ်ခိုင်းမယ်၊ ပြီးရင် သမီးရဲ့ပိုက်ဆံတွေအကုန်လုံး ကောကို အမ်းမယ်နော်"

"ချင်အားကောက အရမ်းပိန်တာပဲ၊ များများစားလေ၊ သမီးက six pack နဲ့ သူမှကြိုက်တာ..."

"မွ! ဟိဟိ! သမီး ချင်အာ့ကောရဲ့ ပထမဆုံးအနမ်းကို ရပြီ ရေး!"

ချင်ရှန့် အံ့အားသင့်သွားသည်: ဒါ... ကျီဖေးငယ်ငယ်တုန်းကလား ?

၎င်းတို့မိသားစုသည် တစ်မြို့တည်း မနေကြသော်လည်းဆက် ဆံရေးကောင်းမွန်သောကြောင့် မကြာခဏတွေ့ဆုံတက်ကြကာ ငယ်စဉ်တုန်းက တွေ့ဖူးတာသဘာ၀ပင်။ သို့သော် သူသည် ငယ်စဉ်အခါက ချင်မိသားစုနှင့် မကြာခဏမနေထိုင်ဖြစ်သော ကြောင့် သူ့မှတ်ဉာဏ်များသည် အခြားသော မောင်နှမများနှင့် ယှဉ်လျှင်အကန့်အသတ်ရှိသည်။ သူတို့ ကလေးတုန်းက အတူ တူကစားဖူးတာလား?

သူ မှတ်ဉာဏ်များဖြင့် ဝေဝါးဝါးဖြစ်နေစဉ် ကျီဖေးသည် စနစ်နှင့် ငြင်းခုံနေသည်ကိုကြားလိုက်ရသည်။

[ဘာကြောင့် ကာထားတာလဲ ? ဘာလို့လဲလို့! သူ လူပျိုဖြစ်တယ်ဆိုတဲ့ လျှို့ဝှက်ချက်ကိုတောင် ငါ ရှင်းရှင်းကြီးမြင်နိုင်သေးတာပဲလေ၊ ငါ သေချာပေါက်မြင်နိုင်ခဲ့တယ်လေ အခုမှ ဘာလို့ ကာထားတာလဲ]

ချင်ရှန့် နှလုံးခုန်နှုန်းများ ပိုမြန်ဆန်လာသည်။

သူလည်း ဤသို့ဖြစ်ဖို့ မမျှော်လင့်ထားချေ။ သူ့အခက်အခဲများအားလုံး ပြီးဆုံးတော့မည်ဟုထင်ထားသော်လည်း ထိုအတွေးများကြောင့် သူ စိတ်ရှုပ်သွားသည်။

ဘာဖြစ်လို့လဲ ? မမြင်ရဘူးလား ? ကာထားတာ ?

[စနစ်က ပျက်သွားတာပဲနေမှာ! အနာဂတ်ကိစ္စတွေကလွဲရင် လူတိုင်းရဲ့ အတင်းအဖျင်းတွေကို နင် စစ်ဆေးနိုင်တာ မဟုတ်ဘူးလား? ဒါမှမဟုတ် update တောင်းတာလား? ပြန်ပြင်ဖို့လိုတာလား? မပျက်ဘူး ဟုတ်လား! ဒါဆိုဘာလို့ ကြည့်လို့မရတာလဲ... တိုက်ရိုက်သက်ဆိုင်သူတွေရဲ့ အချက်အလက်တွေကို မရရှိနိုင်ပါဆိုတာကြီးက ဘာလဲ? တိုက်ရိုက်သက်ဆိုင်သူဆိုတာ ဘာကိုပြောချင်တာလဲ? ငါ့ဘဝကို အကျိုးသက်ရောက်နိုင်တဲ့ သူတွေကိုလား? ဘာကြီးလဲ? ငါတကယ် နားမလည်ဘူးလို့! ငါတို့ မကွာရှင်းရသေးလို့လား? သူက ငါ့ တာဝန်ရဲ့ အဓိကလူမို့လို့လား ? ဒါ အဓိပ္ပာယ်မရှိဘူးနော်! ငါတို့ ကွာရှင်းတာ မကွာရှင်းတာက ဘာဆိုင်လို့လဲ!]

ချင်ရှန့်: ?

[ 'တိုက်ရိုက်သက်ဆိုင်သူ' ကရော ဘာကြီးလဲ လို့? ငါ့ဘဝကို အကျိုးသက်ရောက်စေတဲ့သူလားလို့ မေးနေတယ်လေ! ငါတကယ် နားမလည်ဘူးလို့! ငါတို့ မကွာရှင်းရသေးလို့လား? သူက ငါ့ တာဝန်ရဲ့ အဓိကလူမို့လို့လား? ဒါက အဓိပ္ပာယ်မရှိဘူးနော်! ငါတို့ ကွာရှင်းတာ မကွာရှင်းတာက ဘာဆိုင်လို့လဲ!]

ကျီဖေးတွင် လျှို့ဝှက်ချက်များကို သိချင်စိတ်ပြင်းပြသည့် ရောဂါမရှိသော်လည်း သူမ တကယ်နားမလည်နိုင်တော့ချေ။ သူမ၏နောက်ဆုံးအကြိမ် ကြည့်ရှုမှု မအောင်မြင်ရခြင်းမှာ အချက်အလက်များသည် ဤကမ္ဘာကိုသက်ရောက်စေနိုင်သောကြောင့် ကန့်သတ်ခံထားရခြင်းဖြစ်သည်။ ယခုအခါ ချင်ရှန့်ကိုသာ ပစ်မှတ်ထား၍ကန့်သတ်လာသည်။

သူမ မည်မျှပင် စနစ်နှင့် ငြင်းခုံပါစေ အသုံးမဝင်ချေ။ သူမ အချက်အလက်များကို ဘယ်လိုလုပ်လုပ်မသိရပေ။

ချင်ရှန့်တွေးမိသည်- မဟုတ်မှလွဲရော သူက ကျီဖေးအပေါ်ခံစားချက်ရှိနေလို့ စနစ်က တမင်ကန့်သတ်လိုက်တာလား? သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို တဆင့်ချင်းတိုးတက်လာစေရန် ကျီဖေးအား သူ့နှလုံးသားထဲကိုချောင်းကြည့်ခွင့်မပေးခြင်းပေလား ?

ထိုသည်မှာ ချင်ရှန့် ယူဆချက်တစ်ခုသာဖြစ်ပြီး သေချာသည် မှာ ဤအရာသည် ခန့်မှန်းလို့မရသည့် စွမ်းအားတစ်ခုပင်။

ထို့အပြင် ချင်ရှန့် ထူးဆန်းသည့်အရာတစ်ခုကို တွေ့ရှိခဲ့သည်- ကျီဖေးက သူတို့ သူမအတွေးတွေ ဖတ်နိုင်တယ်ဆိုတာကို မသိသေးတဲ့ပုံပဲ၊ မဟုတ်မှလွဲရော အဲ့တာက သူမ ဘ၀အပေါ်တစ်ခု ခုသက်ရောက်လို့လား?

အမှန်တော့ ဒီကိစ္စကို ကျီဖေးထံထုတ်မပြောနိုင်သေးချေ။

အမှန်တွင် ချင်ရှန့်လည်း ကျီဖေးကို သာမာန်အတိုင်းသာရှိစေချင်သည်။- သူ အဲ့ဒီဟာနဲ့ဝောာ့ သူမ နှလုံးသားကို မစူးစမ်းချင်ပါ။

သို့သော် အဖြစ်အပျက်များသည် ဤအဆင့်ထိရောက်လာသဖြင့် သူကြည့်ရုံသာကြည့်နိုင်သည်။ သို့သော် သူ့အပြစ်ကင်းကြောင်း သက်သေမပြရသေးသဖြင့် နည်းနည်းတော့စိတ်ပျက် သွားမိသည်။

သို့သော် သူမ မမြင်နိုင်လျှင်လည်း အရေးမကြီးချေ။

ချင်ရှန့် ကျီဖေးကိုကြည့်ရင်း သူ့နှုတ်ခမ်းများသည် အပြုံးခပ်ပါးပါးဖြစ်တည်လာရပြီး သူ့အကြည့်သည်လည်း ပိုနူးညံ့သွားသည်။

သူ့ခံစားချက်များကို ထပ်မံသုံးသပ်လိုက်တိုင်း ကျီဖေးဆိုသည့် အမျိုးသမီးလေးသည် သူ့ဘ၀အတွက် မည်မျှထူးခြားလဲဆိုတာပိုသိလာလေလေပင်။

၎င်းကို သက်သေပြရန် သူ ကျီဖေးနှင့်ရှေ့ဆက်လိုကြောင်းပြသရမည်။

သူ ဤနေ့အပြီးတွင် ကျီဖေးကို ပြန်ရှင်းပြသည့်အချိန် သူ့အား 'သိုးရေခြုံထားသည့် CEO' လို မမြင်ဖို့မျှော်လင့်မိသည်။

ချင်ရှန့်သည် အတွေးကြားထဲ ခရီးနယ်ချဲ့နေစဉ် ကျီဖေးသည်တော့ သူမ၏ကိုယ်ပိုင်ကမ္ဘာငယ်လေးတွင် တုန်လှုပ်သွားလျက်ရှိသည်။

သို့သော် အခန်းထဲရှိ တခြားလူအားလုံး၏မျက်လုံးများသည်တော့ ပြူးကျယ်နေသည်။

သူတို့မြင်နေရသည်မှာ ချင်ရှန့်သည် ကျီဖေး၏ပါးစပ်ထောင့်ကိုသုတ်ပေးနေရုံတင်မကပဲ သူ၏လက်ချောင်းထိပ်များသည် ကျီဖေး၏ချယ်ရီဖူးရောင် နှုတ်ခမ်းအစုံကို ညင်သာစွာပွတ်သပ်နေသည်။

ဒါ ပရောပရည်လုပ်နေတာ မဟုတ်ဖူးလား!

ထိုသို့အမူအရာမျိုးသည် ပိုင်ရှောင်ရှီနှင့် ယွီယွဲ့တို့အတွက်အ လွန်ရင်းနှီးသောအရာဖြစ်သည်။ သူတို့သည် အမြဲတမ်း ခွေးစာအနှံ့ပက်ကျွေးတက်သောစုံတွဲဖြစ်သည်။ ယွီယွဲ့သည်ပိုင်ရှောင်ရှီ၏နှုတ်ခမ်းကို သူ့လက်ချောင်းများဖြင့် ပွတ်ဆွဲရသည်ကို နှစ်သက်သည်။ ထိုအရာလေးသည် အလွန်နူးညံ့ပြီးအိစက်လှသည်။

အခြားသူများလည်း ပိုင်ရှောင်ရှီနှင့် ယွီယွဲ့တို့၏အကြောင်းများကို ဆက်ဆက်တွေးမိလိုက်ရာ အံသြသွားကြသည်။

ဒါက တကယ်လား? ဒါမှမဟုတ်... တမင်လုပ်ပြနေတာလား ?

ထိုအချိန်တွင် ကျီဖေးဆီအကြည့်ရောက်နေသည့် ကိုယ်ချင်းစာသောအကြည့်များသည် ယုကျစ်ဘက်သို့ တိတ်တဆိတ် လှည့်သွားသည်။ အဘယ်ကြောင့်ဆို ထိုအခြေအနေသည် ပြောရခက်သောကြောင့်ပင်။

ယုကျစ်၏မျက်နှာသည် ဖြူဖျော့သွားကာ ၎င်းတို့၏ ကြားလေမသွေးနိုင်သော အချစ်ကိုကြည့်ရင်း ယခင်တုန်းက ချင်ရှန့် သူမအား တစ်ခါမှ ထိုသို့မပြုမူဖူးကြောင်းသတိရမိသွားသည်။

သူမ ပထမဆုံးအကြိမ်အထြစ် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

"ချင်ရှန့်!" ကျူးလင်လင် ကျယ်လောင်စွာအော်လိုက်သည်။

ကျီဖေးတို့နှစ်ယောက်လုံး လှည့်ကြည့်လာကြသည်။

ကျီဖေးသည် စနစ်ဆီသာ စိတ်ရောက်နေသောကြောင့် သူမ နှုတ်ခမ်းပေါ်ရှိလက်ချောင်းများကို သတိမထားမိသောကြောင့် သူမ ခေါင်းကိုလှည့်လိုက်ကာမှ ထိတ်လန့်သွားသည်။

သို့သော် ချင်ရှန့်သည်တော့ သတိပြန်၀င်လာချိန်တည်းက သတိပြုမိသွားကာ သူ့လက်ချောင်းအောက်ရှိ အ‌ထိအတွေးလေးကိုခံစားရင်း သူ့စိတ်လည်းတစ်ဖန်လွင့်မြောသွားပြန် သည်။

ထိုစဉ် သူ့မှတ်ဉာဏ်များသည်"မွ! ဟိဟိ! သမီး ချင်အာ့ကောရဲ့ ပထမဆုံးအနမ်းကို ရပြီဟေ့!" သူ့လက်သည် ထိုခပ်နွေးနွေးနေရာကို မသိစိတ်မှလှမ်းကိုင်လိုက်မိသည်။

အမှန်တွင် ကလေးတစ်ယောက်၏အနမ်းသည် ဘာမှမထူးခြားသဖြစ် သူ မေ့မေ့ပျောက်ပျောက်နေခဲ့ရာ ယခု သူပြန်မှတ်မိလာချိန် မတူညီသောခံစားချက်တို့ပေါက်ဖွားလာရသည်။

ဒါပေမယ့် သူ ဘာမှ မမှတ်မိဘူး။

သူ စိတ်မကျေမချမ်းဖြစ်နေသောကြောင့် ကျုးလင်းလင်း၏ အော်သံကိုတောင် သူ သိပ်ဂရုမပြုမိချေ။

ချင်ရှန့်သည် ကျီဖေးကိုသာစိုက်ကြည့်နေသဖြင့် ကျူးလင်လင်းသည် ဒေါသကြောင့် မူးဝေလုမတက်ပင်။

သို့သော် ချင်ရှန့်သည် သူမကို ယဉ်ကျေးစွာသာလှည့်ကြည့်လိုရ်သည်။

"ဘာကိစ္စလဲ ?"

သူ့အမူအရာသည် ဒေါသတို့ အနည်းငယ်ရောထွေးနေကာ ရှုပ်ထွေးမှုအနည်းငယ်ကိုလည်း လစ်ဟာပြနေသည်။

သူမ အသက်ရှုသံများကို ထိန်းချုပ်လိုက်ပြီး ဒေါသကိုလည်း တစ်ပါတည်း ထိန်းချုပ်လိုက်ရာ ၎င်းတို့ကို စူးရဲစွာကြည့်ပြီး မေးခွန်းမေးလာခဲ့သည်။

"လူတိုင်းက ယုကျစ်အတွက် အရမ်းစိတ်ပူနေကြတာကို၊ ရှင်ကတော့ ဘာမှ မတုံ့ပြန်ဘူးပေါ့၊ ရှင့်မှာ နှလုံးသားရောရှိသေးရဲ့လား? အတိတ်က အဖြစ်အပျက်တွေကို ရှင် အမှန်အတိုင်းသိနေတာပဲလေ၊ ယုကျစ်မှာ ရွေးချယ်စရာမရှိဘူးဆိုတာ ရှင်နားမလည်ဘူးလား? ရှင့်မှာ ယုကျစ်ကို ပြောစရာမရှိဘူးလား?"

ယုကျစ်သည် ချင်ရှန့်ကို ဒုက္ခမပေးစေလိုသည့်ပမာ ကျူးလင်းလင်းအား အသည်းအသန် ပြန်ဆွဲပြီး ကျီဖေးကို ဂရုတစိုက် စိုက်ကြည့်နေကာ သူမဒေါသထွက်လာမည်ကို ကြောက်နေပုံပေါ်သည်။

"တော်တော့ ကျူးလင်လင်၊ အဲ့ဒါက အတိတ်ပဲ၊ တော်ပါတော့"

"တစ်ခုခုပြောလေ ချင်ရှန့်!"

သို့သော် ကျုးလင်လင်သည်တော့ လက်မလျှော့ချင်သေးပုံပင်။

ယုကျစ်သည် ကျူးလင်လင်ကို မတားနိုင်သဖြင့် ချင်ရှန့်ကိုသာ မျက်ရည်များဝဲလျက်ကြည့်နေသည်။ အခြေအနေသည် အလွန်သိသာသောကြောင့် စားပွဲတွင် ထိုင်နေကြသူများသည် မျက်နှာတစ်ချက်မှမပြောင်းလဲသွားသော ချင်ရှန့်ကို မနှစ်မြို့သလိုကြည့်လာကြသည်။

ချင်ရှန့်သည် တည်ငြိမ်သည့်အမူအရာနှင့် ခဏလောက်စဉ်းစားပြီး "အင်း... မြန်မြန်နေပြန်ကောင်းပါစေ"

All Chapters