အခန်း (၁၉၂)
Vol. 20 Ch. 192
တိတ်ဆိတ်မှု...ကြောက်စရာကောင်းသည့် တိတ်ဆိတ်မှုသည် အခန်းတစ်ခုလုံးကို ကြီးစိုးသွားလျက်...
[သူက လူသားတွေရဲ့ ခံစားချက်ကိုနားမလည်တာလား? ဒါမှမဟုတ်? တမင်ပြောလိုက်တာလား? ဒီကောင်စုတ်ကတော့ ဘာတွေပြောနေတာလဲ?]
ချင်ရှန့်သည် သူကိုယ်သူ အပြစ်ကင်းသည်ဟုသာထင်မိသည်။
သူက စေတနာနဲ့ပြောတာကို မရဘူးလား ?
ယုကျစ်က နေမကောင်းတာကို အကြောင်းပြပြီး သူ့ကိုလိမ်ချင်မှတော့ သူလည်း အတူတူ သရုပ်ဆောင်ပေးသင့်တယ်မလား?- သူက ကျိုးကြောင်းဆီလျော်တဲ့သူလေးပါ ဟုတ်တယ်မလား?
သို့သော် သူ၏တည်တံသော တုံ့ပြန်မှုသည် လူတိုင်းကိုတိတ် ဆိတ်သွားစေသည်။ ဆွံ့အသွားစေသည်ဆိုလျှင် ပိုမှန်မည်။
သူ့အား ဒေါသတကြီးမေးနေသည့် ကျူးလင်လင်ပင် ပြောစရာစကားပျောက်ရှသွားသည်။
ယုကျစ်လည်း သူမ သရုပ်ဆောင်ထားတဲ့ ပုံလေးပျက်ပြားသွားပြီး သိပ်မကြာလိုက် သူမ ပါးပြင်ပေါ်တွင် မျက်ရည်များစီးကျလာသည်။
လူတိုင်းအသိ၀င်လာချိန် အနီးအနားရှိလူများသည် ယုကျစ်ကို နှစ်သိမ့်ရန် အတတ်နိုင်ဆုံးကြိုးပမ်းကြသည်။
ယုကျစ်လည်း အားတင်းကာ မျက်နှာကိုအမြန်ပြင်လိုက်ပြီး "အဆင်ပြေပါတယ်... ကျွန်မ မျက်လုံးထဲ ငရုတ်သီးဖက် နည်းနည်း၀င်သွားတာပါ"
သူ့ စိတ်ထဲ မကျေမနပ်ဖြစ်နေသေးသော်လည်း သူမ၏ နှစ်ပေါင်းများစွာ သရုပ်ဆောင်လာသည့် အတွေ့အကြုံများသည် သူမကို သနားစရာကောင်းသည့်ပုံစံမျိုးဖြစ်စေရန် ကူညီခဲ့သည်။
တိကျစွာပင်၊ သူမ၏အပြုအမူကြောင့် ချင်ရှန့်ကို လူတိုင်းပိုလို့ပင်ဝေဖန်လာကြသည်။
လူတစ်ချို့သည် ချင်ရှန့်နှင့်တောင် စကားပြောလိုက်ချင်သော် လည်း သူ့တုန့်ပြန်မှုမှာ အလွန်ဖြောင့်မတ်သောကြောင့် သူတို့ဘာပြောနိုင်မည်နည်း? သူ့ကို အဲ့လောက် တုံးတိကြီးမပြောရဘူးလို့ ပြောရမှာလား?
ယခုအချိန်တွင် ချင်ရှန့်သည် စာကြောင်းတစ်ခုကို ပေါ့ပေါ့ပါးပါး ပြောလိုက်ဟန်တူပြီး ဘာမှမဖြစ်သကဲ့သို့ ပြုမူနေခဲ့သည်။
သူသည် ကျီဖေး၏ပန်းကန်အလွတ်ကို သတိပြုမိလိုက်သော ကြောင့် ကဏန်းခြေထောက်များကိုယူကာ ဇနီးဖြစ်သူအတွက် အခွံခွာပေးနေသည်။
ဤတစ်ကြိမ်တော့ ကျီဖေးသည် ချင်ရှန့်၏လုပ်ရပ်ကို မြင်ပြီး နေမထိထိုင်မသာဖြစ်ရသည်။
သူမသည် သူ၏လွဲမှားသော အာရုံစူးစိုက်မှုကိုမြင်သော ကြောင့်- ငါတို့အရင်က ထမင်းအတူတူစားတုန်းက ဒီလိုလုပ်ပေးတာက ခင်ပွန်းတစ်ယောက်ရဲ့တာ၀န်ဆိုတော့ထားပါတော့။
ဒါပေမယ့် ဒီနေ့ကြီးက သိပ်မသင့်တော်ဘူးနော်။
[အယ်..မဟုတ်မှလွဲရော အချစ်ကနေ အမုန်းပြောင်းသွားတဲ့ဇာတ်လား ? သူ အဲဒီတုန်းက ဘာမှ မရှင်းပြဘဲ ထွက်သွားလို့ သူ ဒေါသထွက်နေတာလား?]
ချင်ရှန့် လှုပ်ရှားမှုများ အေးခဲသွားသည်။
မင်း ထပ်တွေးနေတုန်းလား ?!
ဤတစ်ခါတွင် သူသည် ကဏန်းခြေထောက်များကို မချလိုက်သဖြင့် ကျီဖေး၏ပန်းကန်လုံးသည် လွတ်နေဆဲပင်။
သူ့ စိတ်အလိုမကျမှုတွေကိုထိန်းချုပ်ရင်းရုန်းထွက်နေခဲ့သည်။
[မဟုတ်ဘူး၊ ခဏလေး... သူတကယ်ကို လျစ်လျူရှုထားတဲ့ပုံပဲ၊ ဒီ အခြေအနေတွေကို တကယ်ရှောင်ချင်နေသလိုမျိုးပဲ? ငါ့အထင်ပဲ မှားတာလား? အရင်က သူပြောတာက အမှန်တွေပဲလား၊ သူ လမ်းခွဲပြီးတာနဲ့ တကယ်မေ့ပစ်လိုက်တာလား]
ချင်ရှန့် ခဏရပ်သွားပြီး သူ့ပါးစပ်ထောင့်များ တွန့်ကွေးသွားပြီး ဒေါသများပြေပျောက်သွားသည်။
သေချာတာပေါ့၊ သူကိုယ်တိုင်ကသာ ဖြောင့်မတ်စွာနေရင် အမှန်တရားက နောက်ဆုံးမှာပေါ်ထွက်လာလိမ့်မည်။
ချင်ရှန့်သည် ကျီဖေးအတွက် ဂျင်းလက်ဖက်ရည်ကို လောင်းထည့်ပေးပြီး ချစ်သူများလို တီးတိုးလေးကပ်ပြောသည်။
"ဒီတစ်ပန်းကန်ပဲ စားရမယ်နော်"
ကျီဖေး ရှုပ်ထွေးလျက်သဘောတူလိုက်သည်။
"အွန်းအွန်း"
သူ့စကားသည် ခပ်တိုးတိုးသာဖြစ်သော်လည်း အခန်းတစ်ခုလုံးတိတ်ဆိတ်နေသဖြင့် စားပွဲရှိလူတိုင်း ကြားရသည်။
သူ၏လုံးဝကွဲပြားသည့် သဘောထားတွေကို သက်သေပြလိုက်တာသော်လည်း ထိုအရာသည် တမင်သက်သက်လုပ်သည်လား တကယ့်အမှန်တရားလားဆိုတာ လူတိုင်းအဖြေရှာလို့မရချေ။
သူတို့ နားမလည်နိုင်စွာ ခြေဖဝါးများကို အနေရခပ်စွာကွေးညွှတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ယုကျစ်သည် တိတ်တိတ်ဆိတ်ဆိတ်နေရန် ကြိုးစားသော်လည်း သူမ၏ ငိုကြွေးနေမှုသည် စားပွဲပေါ်ရှိလူအားလုံးကို စိတ်မသက်မသာဖြစ်စေပြီး အခြားဆီသို့ အ ကြည့်မလွှဲနိုင်ချေ။
ကျီဖေးပင် မနေနိုင်တော့ဘဲ ချင်ရှန့်အနားကိုတိုးသွားသည်။
ချင်ရှန့်လည်း ကျီဖေးအနားကပ်လာသည်ကို ခံစားမိလိုက်သဖြင့် သူမဆီသို့ အလိုလိုတိုးကပ်သွားမိပြီး ကျီဖေးလည်း အရှိန်လွန်သွားကာ သူတို့၏ခေါင်းများသည် အချင်းချင်း ဆောင့်မိလုနီးပါးတောင်ဖြစ်တော့မည်။
သူမသည် ခပ်တိုးတိုးပြောလာသည်- "သူ... ငိုနေတယ်...ရှင်"
ကျီဖေးသည် ချင်ရှန့်မှာ ယုကျစ်ကိုနှစ်သိမ့်ပေးသင့်သည်ဟု မထင်မိသည်မှာ ယုကျစ်သည် လူကောင်းတစ်ယောက် မဟုတ်ပဲ သူမ၏လက်ရှိငိုကြွေးမှုသည် 90% လောက် အတုအယောင်ဖြစ်မည်ကို သိသောကြောင့်ပင်။
သို့သော် ကျီဖေးသည် ချင်ရှန့်၏ခံစားချက်အစစ်အမှန်ကို မဖတ်နိုင်သောကြောင့် ဖရဲခင်းထဲ ခေါင်းပြတ်နေသောကြက် တစ်ကောင်ကဲ့သို့ ဝေဝေဝါးဝါးဖြစ်နေပြီး ထိုဒရမ်မာကို သူ မမှန်းဆနိုင်ချေ။
သူမ အကြောင်းပြချက်ကိုမေးချင်သည်။ ရှင်ဘာလို့ ဒီလိုတုန့်ပြန်နေရတာလဲ?!
သို့သော် ချင်ရှန့်သည် ကျီဖေးကို လေးလေးနက်နက် ကြည့်ကာ
"သူ မငိုပါဘူး"
[ရှင် ကန်းနေတာလား? ဘယ်တုန်းကလဲ?!]
ချင်ရှန့်: ...
စားပွဲဝိုင်းရှိ ရုန်းရင်းဆန်ခတ်မှုများ ငြိမ်သက်သွားသည်။
ချင်ရှန့် မျက်ခုံးပင့်လိုက်ကာ "သူ ပြောတယ်လေ မျက်လုံးထဲကို ငရုတ်သီးဖက်၀င်သွားတာလို့"
စားပွဲဝိုင်း၏တိတ်ဆိတ်မှုသည် ပိုလို့ပင်ထူးဆန်းလာသည်။
ငိုသံပင် ရပ်သွားရသည်။
ကျီဖေး ရုတ်တရက်အော်ရယ်မိတော့မလိုပင်။
[ဟားဟားဟား၊ သူ ဘာပြောလိုက်တာ! ဟားဟားဟား သူဘာလို့ ဒီလိုပြောနေမှန်း ငါ မသိပေမယ့် ဘာလို့ ငါကရော အရမ်းရယ်ချင်နေတာလဲ! လူတိုင်းက ဒီစကားကြီးကိုအလိမ်ဆိုတာ သိနေတာကို သူတစ်ယောက်တည်း အတည်ယူနေတာလား]
ကျီဖေး၏အူတက်မတက် ရယ်မောသံကိုကြားတော့ ချင်ရှန့်လည်းပြုံးလိုက်မိသည်။
အင်း သူမ ကိုယ်တိုင်ပြောခဲ့တာပဲမလား?
အကယ်၍ သူသာ ယခင်က ချင်ရှန့်ဆိုပါရ သူ၏ရည်းစားဟောင်းဖြစ်သူ ယုကျစ်နှင့် အထင်လွဲမှားခဲ့လျှင်တောင် သူငယ် ချင်းလောက်တော့ ဆက်ဖြစ်နေမည်ဖြစ်သော်လည်း ၎င်း၏ အမျိုးမျိုးသော လိမ်ညာမှုများနှင့် ကျီဖေး၏ကွာရှင်းလိုသော ဆန္ဒကြောင့် ၎င်းအနားမှ သူခပ်ဝေးဝေးသာနေချင်တော့သည်။
"ချင်ရှန့် ရှင်..." ကျူးလင်လင် အဆုံးတွင် အသံထွက်လာပြီး
"ရှင် ဘယ်လိုတောင် ရက်စက်ရတာလဲ!"
ချင်ရှန့်သည် သူမအား စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။ သူ၏အေးစက်သော အကြည့်များကြောင့် ကျူးလင်လင်၏ စကားလုံးများသည် လည်ချောင်းထဲတွင်တစ်ဆို့သွားကာ သူ့ မျက်လုံးများပင် နီရဲလာသည်။
[ဒီ ကျူးလင်လင်က သူငယ်ချင်းကို တကယ်ပဲကာကွယ်ပေးနေတာလား? သူမ... အာ! ဒီလိုကို! ငါ သိပြီ!]
ချင်ရှန့် ထိတ်လန့်သွားပြီး သိချင်လာသည်။
သူသည် ကျူးလင်လင်အား ဦးနှောက်မရှိသူဟု ထင်မိသည်။ ဤ စားပွဲတွင်ထိုင်နေကြသူများမှာ သူနှင့် ယုကျစ်တို့ ပြန်တွဲဖို့ မျှော်လင့်နေကြသော်လည်း သူလက်ထပ်ပြီးနောက်တွင်တော့ ထိုအကြောင်းကို အစမဖော်လာတော့ချေ။
အကြောင်းပြချက်သည် ရိုးရှင်းလှသည်။- အိမ်ထောင်ရေးကို ဖောက်ဖျက်ပြီး အပြင်လူပေါ်စိတ်ရောက်တာကမှားယွင်းသော ကိစ္စပင်၊ သို့ဖြစ်ရာ ဘယ်သူက ပွင့်ပွင့်လင်းလင်း ပြောရဲမှာလဲ?
ထို့ကြောင့် ချင်ရှန့်သည် ကျူးလင်လင်၏ခေါင်းထဲတွင် တွေးနေသည့် အရာကို အမှန်တကယ်သိချင်နေသည်။
[ဒါဆို သူက ချင်ရှန့်ကို တစ်ချိန်လုံးကြိတ်ကြိုက်လာခဲ့တာပေါ့]
[ဒါဆို သူမက ချင်ရှန့်ရဲ့ Fan girl လည်းဖြစ်သလို ယုကျစ်နဲ့ကို အောင်သွယ်ပေးတဲ့သူလား? ပြောရရင် သူ့အထင် ချင်ရှန့်လိုလူက ယုကျစ်ကလွဲရင် ကျန်တဲ့သူတွေနဲ့ မတွဲသင့်ဘူးလို့ထင်နေတာပဲ၊ ကျစ်ကျစ်..ဒီရောဂါကတော့ ကုသဖို့လိုနေပြီ]
ချင်ရှန့်: ဟုတ်တယ်၊ သူ တကယ် နေမကောင်းတာပဲနေမှာ
[အိုး ယုကျစ်ကလည်း သူ့ ခံစားချက်တွေကိုသိတယ်ပေါ့၊ ဒါကြောင့် သူ့ကို ပစ္စည်းတစ်ခုလို အသုံးချနေတာလား?]
ချင်ရှန့်:... အခု ပိုပြီး ရှုပ်လာပြီ။
သို့သော် တခြားသူတွေအတွက်တော့ ကျူးလင်လင်သည် ယုကျစ်အတွက် ရပ်တည်နေသည်ဟုသာမြင်ကြသည်။ ၎င်းတို့ရဲ့ အတိတ်က ဆက်ဆံရေးကိုပြန်စဉ်းစားပါရ ချင်ရှန့်၏လက်ရှိတုံ့ပြန်မှုသည် အမှန်တကယ်ရက်စက်လှတယ်မလား?
"ကျူးလင်လင် တော်ပါတော့"
ယုကျစ်သည် ကျူးလင်လင် အဓိကအကြောင်း ပြောလာမည်ကို စောင့်နေသော်လည်း အဆုံးတွင် စိတ်မရှည်တော့သဖြင့် သူမကိုယ်တိုင် ခြေလှမ်းစတော့သည်။ သူမသည် မျက်ရည်များကျလျက အပြုံးတစ်ပွင့်ဖြင့်
"ကျွန်မတကယ် ငရုတ်သီးဖက်၀င်သွားလို့ပါ၊ ရှင့်ရဲ့ ဆုတောင်း အတွက် ကျေးဇူးတင်ပါတယ် ချင်ရှန့်၊ ကုသရေးအစီအစဉ်က ခက်ခဲပေမဲ့ ရှင် အခုလိုအားပေးလို့ ကျွန်မ ယုံကြည်... ကျွန်မ စကားပြောတာများသွားပြီပဲ၊ ကျွန်မ အဆင်ပြေပါတယ် တကယ်အဆင်ပြေနေပါတယ်"
သူမ၏တုန်ယင်နေသော အသံသည် နားထောင်သူ၏ နှလုံး သားကိုနာကျင်စေနိုင်သည်။ ထို့နောက် ယုကျစ်သည် ကျီဖေးဘက်လှည့်ပြီး
"ရှင်တို့နှစ်ယောက်လုံးပျော်ရွှင်နေကြတာကိုတွေ့ရတော့ ကျွန်မ စိတ်အေးနိုင်ပြီ၊ ရှင် ပျော်ပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ်"
ဤအချိန်တွင် ကျူးလင်လင်သည် သူမ၏တာဝန်ကို မှတ်မိသွားခဲ့သည်။
"နင်က ဘယ်လိုပျော်ရွှင်မှုမျိုးကို ပြောတာလဲ? ချင်ရှန့်.. ရှင့်မိန်းမက ရှင့်ရဲ့နောက်ကွယ်မှာ ဘာတွေလုပ်နေလဲဆိုတာရော သိရဲ့လား"
ယုကျစ်၏ဖျော်ဖြေမှုကို ကြည့်နေသည့် ကျီဖေး ထိတ်လန့်သွားသည်။
[ငါ ဘာလုပ်မိလို့လဲ ?]
ချင်ရှန့်သည် ယုကျစ်ကိုလျစ်လျူရှုပြီး ကျူးလင်လင်ကို ရှုပ် ထွေးစွာကြည့်နေသည်။ ကျူးလင်လင်သည် သူမ၏ဖုန်းကိုထုတ်လိုက်ပြီး ကျီဖေး၏လုပ်ရပ်များကို လူတိုင်းကြားစေချင်သည့်အလား အသံကျယ်ကျယ်ဟစ်အော်လာသည်။
"ယုကျစ် ဟိုးတစ်ခါက ရှင့်ကို မက်ဆေ့ချ်ပို့ဖူးတယ်၊ သူက အထင်လွဲနေတာတွေကို ရှင်းပြချင်ခဲ့ပေမဲ့ ရှင့် မိန်းမကတော့ ဒီအီးမေးလ်ကိုတိတ်တိတ်လေးဖတ်ရုံတင်မကဘူး၊ ရှင့်ဆီက ခွင့်ပြုချက်ရသလိုမျိုး ဟန်ဆောင်ပြီး ယုကျစ်ကိုစာပြန်ခဲ့ သေးတယ်..."