← Chapters

အခန်း (၁၉၃)

Vol. 20 Ch. 193

အခန်း (၁၉၃)

Vol. 20 Ch. 193

"ယုကျစ်မှာ တခြားရည်ရွယ်ချက်မရှိပါဘူး၊ သူက အားလုံးကို ရှင်းပြပြီး နားလည်မှုလွဲနေတာကို ဖြေရှင်းချင်ရုံပါ"

ကျူးလင်လင်သည် ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။

အားလုံး ဖုန်းကိုကြည့်လိုက်ကြသည်။

ထိုသည်မှာ ယုကျစ်၏အီးမေးလ် ဝင်စာပုံးပင်။

ချင်ရှန့်၏အီးမေးလ်လိပ်စာမှ စာသည် "ငါက ကျီဖေးပါ၊ မစ္စချင်လို့လည်း ခေါ်လို့ရတယ်၊ ငါ့ခင်ပွန်းက ဒီအီးမေးလ်ကို ငါစာပြန်ဖို့ပြောလို့ပါ၊ ကျွန်မ ခင်ပွန်းက ရှင်နဲ့ မတွေ့ချင်ဘူးတဲ့ မစ်ယု၊ သူ့ကို မဆက်သွယ်ပါတော့နဲ့"

ကျီဖေးသည် တနည်းအားဖြင့် မစ္စချင်ဖြစ်သဖြင့် သူမ၏ တုံ့ ပြန်မှုသည် အမှားအယွင်းတစ်စုံတစ်ရာမရှိသော်လည်း လူတိုင်း၏မျက်လုံးများပြူးကျယ်စွာ အံ့အားသင့်သွားကြသည်။

ဇနီးတစ်ယောက်အနေဖြင့် ခင်ပွန်းဖြစ်သူ၏ ရည်းစားဟောင်းကိုသတိထားသည်မှာ နားလည်နိုင်ပေသည်။

သို့သော် ဤသည်မှာ ချင်ရှန့်၏ကိုယ်ရေးကိုယ်တာ အီးမေးလ်အကောင့်ပင် - သူ့လိုမျိုးကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ပစ္စည်းတွေကို အရမ်းတန်ဖိုးထားတဲ့သူတစ်ယောက်က သူ့အီးမေးလ်ကို တခြားသူတွေကို သုံးခိုင်းမှာလဲ ?

ကျီဖေးနှင့် ချင်ရှန့်တို့သည် တစ်ယောက်ကိုတစ်ယောက် အကြွင်းမဲ့ယုံကြည်သော စုံတွဲများဟုတ်ချေ။

သူတို့ သိပ်မစဉ်းစားလျှင်တောင် ကျီဖေးသည် ထိုအီးမေးလ်ကို မတော်တဆတွေ့သွားပြီး ချင်ရှန့်မသိခင် သူမ ပြိုင်ဘက်ကို လျှို့ဝှက်စွာ ကိုင်တွယ်ခဲ့သည်မှာထင်ရှားသည်။

အားလုံးသည် ကျီဖေးကို လှည့်ကြည့်လိုက်သည်။

ကျီဖေးသည် မတ်တတ်ထရပ်ပြီး ကျူးလင်လင်၏ဖုန်းကိုကြည့်ရန် ရှေ့သို့ ကိုင်းညွှတ်နေသည်ကိုတွေ့လိုက်ရသည်။

သူတို့ ကျီဖေးကိုယ်စား ရှက်မိသည်။ ကျူးလင်လင်သည် ထိုသို့ကိစ္စမျိုးကို လူသိရှင်ကြားပြောသည့်အပြင် ဤနေရာတွင် ချင်ရှန့်ပင်ရှိ‌နေသေးသည်။

ချင်ရှန့်ကို ကြည့်ပါက သူ့အမူအရာသည် အေးခဲနေမှန်းသိသာသည်။

ဟုတ်တယ်! ယုကျစ်က သူ့ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့တာကို ချင်ရှန့် လုံး၀မသိခဲ့ဘူး.

ကျူးလင်လင်သည် ကျီဖေး၏တုံ့ပြန်မှုကိုကြည့်ပြီး ချင်ရှန့်ဘက်သို့လှည့်ကာ "ရှင် ယုကျစ်ကို အခုလိုအေးတိအေးစက် ဆက်ဆံခဲ့တာက အဲ့တုန်းက နားလည်မှုလွဲတာကြောင့်ပဲဆိုရင် အခုအီးမေးလ်ကိစ္စကိုရော ဘယ်လိုပြောမလဲ? ရှင် ယုကျစ်ကို တကယ်မကျေမနပ်ဖြစ်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပြောပြီး ထိပ်တိုက်ဖြေရှင်းလို့ရတယ်"

ကျူးလင်လင်သည် ချင်ရှန့်မှာ ယုကျစ်ကို ဤကဲ့သို့ အေးစက်စွာဆက်ဆံဦးမည်ဟု မယုံနိုင်ပေ။ တစ်ယောက်ယောက်က ဝင်ရောက်စွက်ဖက်လို့ သူတို့အချင်းချင်း နားလည်မှုလွဲကြတယ်ဆိုတာထက် ပိုကောင်းတဲ့ အကြောင်းပြချက်ကို သူမစဉ်းစားနိုင်တော့ချေ။

ယုကျစ်လည်း ထိုသို့ထင်သည်။ ကျီဖေးသည် ချင်ရှန့်ကို လက် ထက်ရန် နည်းလမ်းမှန်သမျှကို အသုံးပြုခဲ့သဖြင့် ယခု သူမကို အေးတိအေးစက် ဆက်ဆံရခြင်းမှာလည်း ကျီဖေးတစ်ခုခု ထပ်လုပ်သောကြောင့် ဖြစ်ရမည်။

ထိုစကားကြောင့် လူတိုင်း အံ့ဩသွားကြသည်။

ချင်ရှန့် ယုကျစ်အပေါ်မည်သို့ ဆက်ဆံခဲ့သည်ကို သူတို့ပြန်တွေးနေမိသည်။ ချင်ရှန့်၏ပင်ကိုယ်စရိုက်အရဆိုလျှင် သူ့ စိတ်ထဲရှိခံစားချက်ကြောင့် ၎င်းတို့နှစ်ယောက် ပြန်မတွဲဖြစ်လျှင်တောင် အပြင်ပိုင်းတွင် သူငယ်ချင်းများအနေဖြင့် ဆက်ရှိနေဦးမည်ဟုထင်မိသည်။

ယခုမူ ချင်ရှန့်သည် ယုကျစ်အတွက်တစ်ခုတည်းသော သဘောထားမှာ အေးစက်မှုသာဖြစ်ပြီး အတိတ်အကြောင်း အမှန်တရားကို သိလိုက်ရသည့်တိုင် မတုန်မလှုပ်ရှိနေဆဲပင်။ သူတို့အားလုံးသည် နားလည်မှုလွဲပုံ သောင်းခြောက်ထောင်ကို စိတ်ကူးမယဉ်ပဲမနေနိုင်ချေ။

ထိုကဲ့သို့ နားလည်မှုလွဲခြင်း၏ အဓိကတရားခံမှာ ကျီဖေးသာဖြစ်ပေမည်။

စူးရဲသော အကြည့်များသည် ကျီဖေးဆီသို့ ဆိုက်ရောက်သွားသည်။

ကျီဖေး အံ့သြသွားသည်။

ချင်ရှန့်သည် နှုတ်ဆိတ်နေသည်။

ယင်းကြောင့် ကျူးလင်လင်နှင့် ယုကျစ်တို့ နှစ်ဦးစလုံးသည် ၎င်းတို့၏အကြံအစည် အောင်မြင်သည်ဟု ထင်ပြီး ကျီဖေး အကြောင်းကို ဖော်ထုတ်ကာ ချင်ရှန့်အား အဖြစ်မှန်ကိုပြောပြလိုက်ခြင်းပင်။ သူတို့ ကျီဖေးကို စစတွေ့ထဲက ဒီဝှက်ဖဲကိုသုံးလိုက်သင့်တာ...

ထိုကိစ္စသည် ကျီဖေးကို အရှက်ရစေလိမ့်မည်။

ကျူးလင်လင်သည် အောင်ပွဲခံနိုင်တော့မည်ဟု ခံစားရသဖြင့် ကျီဖေးအား ပြင်းပြင်းထန်ထန် တိုက်ခိုက်တော့သည်။-

"လက်ထပ်မှတ်ပုံတင်ရှိတာနဲ့ နင့်ကိုယ်နင် ဟုတ်လှပြီ ထင်မနေနဲ့၊ နင် ဒီအဆင့်အတန်းကို ဘယ်လိုရခဲ့လဲဆိုတာ လူတိုင်းသိတယ်၊ အချစ်မခံရတဲ့ သူကမှ တကယ့်တတိယဘီးအစစ်ဟဲ့! နင့်ရဲ့အကြံအစည်တွေနဲ့ လှည့်ကွက်တွေအားလုံးအသုံးမ၀င်တော့ဘူး!"

"အဟမ်း အဟမ်း!" လောဖေးသည် ကြည့်မနေနိုင်တော့ဘဲ

"ကျူးလင်လင် မင်း မူးနေပြီလား ? ဘာ မဟုတ်တာတွေလျှောက်ပြောနေတာလဲ!"

"သူက သူ့အိမ်ထောင်ရေးကို ကာကွယ်ဖို့လိမ်တာလေ ဘာမှားလို့လဲ ?"

ပိုင်ရှောင်ရှီလည်း မနေနိုင်တဲ့အဆုံး၀င်ပါလာခဲ့သည်။ သူမသည် ကျီဖေးကိုကာကွယ်ပေးနေခြင်းမဟုတ်ပဲ ကျူးလင်လင်၏ စကားများကို အပြစ်တင်နေခြင်းပင်။

ယွီယွဲ့ ခေါင်းညိတ်ပြီး "ကိုယ့်အချစ်လေး မှန်တယ်"

ဟန်ကျီယုသည် fan girl တစ်ယောက်ဖြစ်သော်လည်း အပြင် လူသာဖြစ်သောကြောင့် တိတ်တဆိတ်သာကြည့်နေခဲ့ပြီး သူမ ၏ idol အတွက်ခံစားနေရသည်။ စင်မြင့်ပေါ်မှာ အပြစ်မရှိအမျိုးသမီးတွေ အများကြီးကိုအကာအကွယ်ပေးခဲ့တဲ့ အနုပညာလောကရဲ့ တရားသူကြီးက သူ့အိမ်ထောင်ရေးမှာတော့ ပြဿနာတွေအများကြီးရှိနေသည်။

ဖေးကျဲ အနိုင်ကျင့်ခံနေရတာပဲ။ ဤအထက်တန်းလွှာဟုခေါ်သောလူများသည် ‌စိတ်ဓာတ်သည်တော့အောက်တန်းကျလွန်းသည်။

“အိမ်ထောင်ပျက်အောင်လုပ်တဲ့သူက အိမ်ထောင်ဖျက်တဲ့သူပဲ…”

"မင်း ဘာတွေပြောနေတာလဲ ?"

ချီလီသည် သူမ၏ခံစားချက်များကိုပြောခွင့်မပြုပဲ ဟန်ကျီယုအား စိတ်ပျက်လက်ပျက်ကြည့်နေခဲ့သည်။

ဟန်ကျီယုသည် ငြိမ်ငြိမ်လေးသာ နေလိုက်သည်။

ကျင်းရန်နှင့် စမ်ထင်တို့သည် ဒရာမာကိုကြည့်ရန်အတော်လေး စိတ်အားထက်သန်နေခဲ့သည်မှာ ချင်ရှန့် မည်သည့်အရာကို ရွေးချယ်မည်ကို သိချင်သောကြောင့်ဖြစ်သဖြင့် ယခုလောက်ထိတော့ မမျှော်မှန်းထားချေ။ သူတို့ ရုတ်တရက်ဖော်ထုတ်ခံလိုက်ရတဲ့ ကျီဖေးအတွက် နည်းနည်းသနားမိသည်။

သူတို့သည် သနားစရာကောင်းသော အမျိုးသမီးတစ်ဦးမှာ သူမ၏အိမ်ထောင်ရေးကို ထိန်းသိမ်းရန် ရုန်းကန်နေပုံကို ကြည့်ရှုနေရသကဲ့သို့ပင်။

"မင်းကို ပြောင်းလဲသွားပြီလို့ ငါ ထင်ခဲ့တည၊ ဒါပေမယ့် မဟုတ်ဘူးပဲ ဟဟ"

လောကျိုးသည်တော့ ထိုအခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး လှောင်ပြောင်လိုက်သည်။

လောကျိုး စကားပြောနေချိန်တွင် တံခါးဝမှ ရုတ်တရက် အကြည့်တစ်ချက် ထွက်လာသည်ကို ခံစားလိုက်ရသည်။

ခန်းမထဲရှိ လူတိုင်းသည် ဒီဒရာမာကိုကြည့်ဖို့ အာရုံစိုက်နေကြသော်လည်း ထိုအကြည့်များသည် အလွန်သန်မာလှသည်။

လောကျိုး ရုတ်တရက်လှည့်ကြည့်လိုက်သော်လည်း ၀န်ထမ်းများဝင်လာပြီး တံခါးပိတ်သွားသည်ကိုသာမြင်လိုက်သည်။ သူ့ရင်ထဲတွင် ဗလာကျင်းသွားသလို ခံစားလိုက်ရသည်။ သူသည် ကျီဖေးအား စကားအနည်းငယ်ဖြင့် ထစ်ငေါ့ချင်သော်လည်း ထန်ကျန်းအကြောင်းကိုတွေးမိသွားသဖြင့် စိတ်မဝင်စားတော့ချေ။ သူမ ယနေ့ညအလုပ်ရှိသည်ဟုပြောခဲ့သည်၊ တစ်ခုခုရော စားပြီးရဲ့လား ?

လောကျိုး တစ်ယောက်တည်းသာ အာရုံပြောင်းသွားဖြင်းဖြစ်ပြီး အခြားလူများသည်ဆက်လက်တိုက်ခိုက်ကြသည်။

"ကျီဖေး ဒါကို မင်းဘယ်လိုလုပ်ရက်တာလဲ၊ ဟင်း...ချင်ရှန့်.. ကျီဖေးကို စိတ်မဆိုးပါနဲ့...၊ ဒါယုကျစ်အတွက်တော့ တကယ် မတရားဘူး၊ နင် ဘာလို့ အခုထိ မတောင်းပန်သေးတာလဲ"

ရွှမ်ရီသည် အတုအ‌ယောင်ရိုးသားမှုဖြင့် ချက်ချင်းပြောလိုက်သည်။

"မလိုပါဘူး၊ မလိုပါဘူး၊ အဲဒါ ကျွန်မအမှားပါ၊ ချင်ရှန့်ကို မဆက်သွယ်သင့်တာ ကျွန်မပါ၊ ကျီဖေးပြောတာမှန်တယ်"

ယုကျစ်သည် မျက်ရည်များကျနေပြီး ကျီဖေးကိုကြည့်ကာ

"နင်ပြောတဲ့အတိုင်း ငါ ချင်ရှန့်ကို ထပ်မဆက်သွယ်တော့ဘူး၊ ငါ ဒီနေ့ အတန်းပြန်ဆုံပွဲကိုမလာချင်ပေမယ့် ငါ့သူငယ်ချင်းတွေနဲ့ မတွေးတာကြာလို့ ငါသူတို့ကိုလွမ်းလို့လာတာ၊ နင် လင်လင်ပြောတာတွေကို စိတ်ထဲမထားနဲ့ ... ဒါတွေအားလုံးအတိတ်တွေပါပဲ"

"ယုကျစ် နင်က အရမ်းကြင်နာတက်တာပဲ၊ နင်တို့နှစ်ယောက် နားလည်မှုပိုလွဲသွားအောင် ဒီမိန်းမက နောက်ကွယ်ကနေ ဘာတွေ လုပ်ခဲ့လဲဆိုတာ ဘယ်သူသိမှာလဲ!"

ကျူးလင်လင်သည် ထိုအရာကို အမှန်တရားဖြစ်ကြောင်း ယုံကြည်နေပုံရသည်။

[ငါ ဘာပြောရမှန်းတောင် မသိတော့ဘူး ဒါက အရမ်း ဒရမ်မာဆန်လွန်းမနေဘူးလား? ဒရမ်မာကကောင်းပေမဲ့ ငါကိုယ်တိုင်ပါကြားညပ်ရင်တော့ မကောင်းတော့ဘူး]

ချင်ရှန့်သည် ထိတ်လန့်မှုနှင့် ရှက်ရွံ့မှုတို့မှပြန်လည် အသိ၀င် လာခဲ့သည်။ သူ့ဘဝတွင် ယခုလို လူမှုရေးအရစိတ်ထိခိုက်စရာ အခိုက်အတန့်မျိုး တစ်ခါမှမကြုံဖူးချေ။ သူ့တစ်ကိုယ်လုံးပူ လောင်နေသလို ခံစားရသည်။

သူသည် အမျိုးသမီးများ၏အတွေးကို အမှန် နားမလည်နိုင်တော့ပေ။ ကျီဖေးကိုတိုက်ခိုက်ရန် ဤအီးမေးလ်ကို အသုံးပြုလာမည်ဟု သူ မထင်ထားခဲ့ပေ။

ဤအခိုက်အတန့်တွင် သူသည် 'အရှက်ရခြင်း' ဟူသော စကား လုံး၏ အဓိပ္ပါယ်ကို နက်နက်နဲနဲသဘောပေါက်သွားသည်။

သူ မတ်တပ်ထရပ်ကာ အရာအားလုံးကို ရှင်းပြခါနီးတွင် ကျီဖေး၏စိတ်ထဲမှအော်သံကို ကြားလိုက်ရသည်။

[ဒါက ငါ့ကိုစွပ်စွဲဖို့လုပ်ထားတာဆိုတာ ငါမစုံစမ်းရင်တောင်သိနေပြီ၊ သူတို့ကြည့်ရတာ ချင်ရှန့်ကို ရအောင်ယူဖို့ တကယ်စိတ်ပိုင်းဖြတ်ထားတဲ့ပုံပဲ]

ချင်ရှန့်: ..အင်း အဲ့တာ မဟုတ်လောက်ပါဘူး

[ငါ့ကို ရွှံ့တွေနဲ့ ပေါက်ချင်တယ်ပေါ့ ? ငါဆိုတာက ရွှံ့ကြားက ကြာပန်းပွင့်လေးဆိုတာ နင်တို့ သိစေရမယ်၊ ငါ ဒီ အရူးနှစ်ယောက်ကိုဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစားကြည့်လိုက်ဦးမယ်]

ချင်ရှန့်: မလိုပါဘူး၊ ကိုယ် ကိုင်တွယ်လိုက်မယ်။

[ခဏလေး! တန်ပြန်တိုက်ခိုက်ဖို့က မဖြစ်နိုင်ဘူး၊ အခုလိုနေရာမျိုးမှာ ချင်ရှန့်ရဲ့အကူအညီမပါဘဲ တန်ပြန်တိုက်ခိုက်တာက အရယ်ပဲခံသွားရလိမ့်မယ်၊ အာ! ငါသိပြီ။ ဒါက အခွင့်အရေးတစ်ခုပဲ မဟုတ်လား? ငါ မပို့ခဲ့တာကို ပေါ့ပေါ့ပါးပါးပဲ ရှင်းပြလိုက်မယ်၊ ချင်ရှန့်က ငါ့ကို လွယ်လွယ်နဲ့ယုံမှာမဟုတ်ဘူး၊ ပြီးတော့ တခြားသူတွေကလည်း ငြင်းခုန်လာကြမှာဆိုတော့ ပွဲကို အရှိန်မြှင့်နိုင်တယ်၊ နောက်လုံး၀ညှိမရရင် ငါတော့... ဟီး...]

ချင်ရှန့်: ...ဟုတ်တယ်၊ ဒါက တကယ့်ကို အခွင့်အရေးတစ်ခုပဲ။

ကျီဖေး ရုတ်တရက် ထရပ်လိုက်သည်။

သို့သော် သူမ စကားမပြောမီ ချင်ရှန့် မတ်တတ်ထရပ်ကာ သူ့လက်ရှည်ကြီးကိုဆန့်ထုတ်ကာ ကျီဖေးကို သူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်။

All Chapters