← Chapters

အခန်း (၁၉၄)

Vol. 20 Ch. 194

အခန်း (၁၉၄)

Vol. 20 Ch. 194

ကျီဖေး၏ကြီးမားသော ရည်မှန်းချက်ကြီးနှင့် အစီအစဥ်များ သည် ရုတ်တရက် ဆောင့်ဆွဲခံရမှုကြောင့် ရပ်တန့်သွားသည်။

သူမ မတုံ့ပြန်မီ ချင်ရှန့်၏တည်ငြိမ်သော အသံသည် သူမ၏ ခေါင်းထက်မှထွက်ပေါ်လာသည်။

"တောင်းပန်ပါတယ် ဒီကိစ္စက ငါ့အမှားပါ"

ကျီဖေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်တဲ့ ချင်ရှန့်လုပ်ရပ်ကြောင့် အားလုံး စိတ်ရှုပ်နေကြချိန် သူ့တောင်းပန်မှုကြောင့် ပိုလို့ပင် တုန်လှုပ်သွားသည်။

"ချင်ရှန့် ရှင် သူ့အတွက် တောင်းပန်စရာ မလိုဘူး၊ သူ လုပ်ခဲ့တာက..."

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ချင်ရှန့်သည် ကျီဖေး၏ဒေါသကြောင့် ယခုလို တောင်းပန်ခဲ့သည်မို့ ယခုအခါ သူမ‌ကြောင့် ထပ်ပြီး တောင်းပန်လိုက်သည်ဟုသာ ယူဆကြသည်။

သို့သော် ကျူးလင်လင် စကားမဆုံးမီတွင် ချင်ရှန့်သည် ခေါင်းငုံ့လိုက်ပြီး သူ၏ရင်ဘတ်ထဲတွင် ပြူးကျယ်နေသော မျက်လုံးများဖြင့်စိုက်ကြည့်နေသော ကျီဖေးကိုကြည့်ကာ

"အခုလို နားလည်မှုလွဲသွားစေမိလို့ တောင်းပန်ပါတယ်"

[ဘာ ? သူဘာပြောတာလဲ? ငါဘာလို့ ရုတ်တရက်ကြီး တရုတ်စကားကိုတောင် နားမလည်တော့သလိုခံစားနေရတာလဲ]

ချင်ရှန်း နှုတ်ခမ်းဖျားသည် အနည်းငယ်ပြုံးလိုက်ပြီး လူတိုင်းဘက်ကို လှည့်ကြည့်လိုက်သည့်အခါ

“ဒီအီးမေးလ်ကို ငါ့ဇနီးနာမည်သုံးပြီး ငါ ကိုယ်တိုင်ပို့ထားတာ”

ရောက်ရှိနေသူအားလုံး- ဆောရီး... ငါတို့လည်း ရုတ်တရက်ကြီး တရုတ်စကားကို နားမလည်တော့သလိုပဲ။

ယုကျစ်သည် ပြာယာခက်သွားပြီးမှ "ချင်ရှန့် နင် သူ့အတွက် ဖုံးကွယ်ပေးချင်ပေမယ့် မရ..."

ချင်ရှန့် အနည်းငယ် ရှက်နေသေးဟန်ဖြင့် ရှင်းပြရန် ထိုအခွင့် အရေးကို ယူလိုက်ပြီး

"အဲဒီနေ့က မင်းငါ့ကိုတွေ့ဖို့တောင်းဆိုတဲ့ အီးမေးလ်တစ်စောင် ပို့လိုက်တာနဲ့ အရင်တွေ့တဲ့သူက ငါ့ဇနီးပဲ၊ ဒါပေမယ့် သူက ငါ့ကိုချက်ချင်းပြောပြခဲ့တာ၊ ငါကတော့ ရည်းစားဟောင်းနဲ့အ ဆက်အသွယ် မလုပ်သင်ဘူးထင်ပေမဲ့ တိုက်ရိုက်ငြင်းလိုက်တာလဲ မကောင်းဘူးလေ၊ ငါတို့ ပြတ်ကတည်း ငါတို့လက်ရှိဆက်ဆံရေးကိုလေးစားလို့ သီးသန့်တွေ့တာမျိုးဆိုတာမဖြစ်သင့်ဘူးထင်လို့ ငါ့ဇနီးကိုကူပြီး စာပြန်ပေးဖို့တောင်းဆိုခဲ့တယ် ဒါပေမယ့်..."

ချင်ရှန့်သည် ကျီဖေးကို တစ်ဖန်ပြန်ငုံ့ကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာ မျက်ခုံးပင့်ချီကာ "ငါ့ဇနီးလေးက မကူညီချင်ဘူးဆိုတော့ ငါကိုယ်တိုင်လုပ်ရတော့တာပေါ့"

ကျီဖေး အံ့သြသွားသည်။

တခြားသူများလည်း အံသြသွားသော်ငြား ချင်ရှန့်ကိုသိသည့်သူများသည်တော့ သူ လိမ်မည်မဟုတ်ဟုထင်မိသည်။

ဒါအမှန်ပဲလား? ချင်ရှန့်တကယ်လုပ်ခဲ့တာလား?

ဒါက အရမ်းကလေးဆန်လွန်းတယ်၊ အရမ်းအရှက်မဲ့လွန်းတယ်၊ ဒါက အရမ်း ချင်ရှန့်နဲ့တူလွန်းတယ်။

၎င်းတို့၏ စိတ်ထဲရှိ idol၏ ပုံရိပ်လေး ပြိုပျက်သွားသဖြင့် သစ္စာခံပရိတ်သတ်များမှာ ရင်ထုမနာဖြစ်နေရသည်။

၎င်းတို့၏ အကြည့်များသည် ချင်းရှန့်ကို သေချင်လောက်သည်အထိ တွန်းအားပေးနေကာ ချွေးအေးများပင်ဆို့လာသည်။ တစ်ချိန်က အင်အားကြီးလှပါသည်ဆိုသည့် မစ္စတာချင်သည် ယခုအချိန် တွင်းတစ်ခုထဲကို တူးပြီးဝင်ပုန်းလိုက်ချင်သည်။

သို့သော် သူ့စကား၏ အကျိုးဆက်ကို သူရင်ဆိုင်နေရသည်။

သူ့ရင်ခွင်ထဲရှိ နူးညံ့သည့်လူသားလေးကို ခပ်တင်းတင်းလေး ပိုဖက်လိုက်သည်။

ကျီဖေးသည် ချင်ရှန့်၏လှုပ်ရှားမှုကို သတိမထားမိဘဲ အံ့ဩမှုဖြင့် ပြည့်နေဆဲပင်။

[သူ့ကြည့်ရတာ လိမ်နေတာနဲ့ မတူဘူးပဲ၊ သူတကယ် အဲ့လိုစာပြန်ခဲ့တာလား? ဒါဆို ဘာလို့ ငါ့နာမည်ကို သုံးရတာလဲ?]

တခြားသူများလည်း ကျီဖေးလို မေးခွန်းထုတ်မိကြသည်။

ချင်ရှန့်သည် ရှက်ရွံ့မှုများပျောက်သွားပြီဖြစ်သဖြင့် ယုကျစ်ကို စိုက်ကြည့်လိုက်ကာ သူ့အကြည့်များသည် အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားပုံသည့်အလား သူမ နှလုံးသားထဲသို့ ထဲထဲ၀င်၀င်ထိုးဖောက်သွားသည်။

ယုကျစ်သည် ထိုအကြည့်ကြောင့် သူမတစ်ကိုယ်လုံး တုန်လှုပ်သွားကာ ပထမဆုံးအကြိမ် အမှန်တကယ် ထိတ်လန့်မှုဆိုသည့်အရာကို ကြုံဖူးလိုက်သည်။

"ငါ့ဇနီးနဲ့ပတ်သက်ပြီး ကောလဟာလမျိုးစုံရှိတယ်ဆိုတာ မင်းတို့အသိပဲ၊ ဒါကြောင့် ငါ သူမ နာမည်ကိုသုံးပြီး စာပြန်လိုက်ရင် ပြဿနာတွေကို အနည်းနဲ့အများဖြေရှင်းနိုင်မယ်ထင်ခဲ့တာ၊ ဒါပေမယ့်..."

ချင်ရှန့်၏အကြည့်များသည် စူးရဲလာသဖြင့် ယုကျစ်ရှက်သွားမိသည်။

သူမဘေးရှိ ကျူးလင်လင်ပင်လျှင် နှုတ်ခမ်းများ တုန်ရီနေပြီး မည်သို့ပြန်ချေပရမလဲဆိုတာ မစဉ်းစားနိုင်တော့ပဲ ရှက်ရွံမှုကြောင့် ပူလောင်နေသည်။

ချင်ရှန့်၏စကားများသည် ယဉ်ကျေးဆဲဖြစ်သော်လည်း မယဉ်ကျေးသည့်အရာမှာ ၎င်းတို့၏တိတ်တဆိတ်မှုဖြစ်သည်။

ပုံမှန်သာဆိုလျှင် တစ်ဖက်လူရှိ ဇနီးကိုယ်တိုင် အသိပေးလာလျှင် သူမ ရှက်သွားရမည်မဟုတ်လား? ထို့အပြင် သူမနေရာ သူမသိပြီး သူများခင်ပွန်းကိုကြောင်တောင်မနှိုက်ရဲတော့မှာလေ။

ယုကျစ်မည်မျှပင် ဇာတ်လမ်းဆင်ပါစေ သူမ ဂုဏ်သိက္ခာကိုတော့ အလေးထားလိမ့်မည်ဟု ချင်ရှန့်ထင်သည်။

ချင်ရှန့် ယုကျစ်အပေါ် ယခင်တုန်းက နားလည်မှုအရဆိုလျှင် သူမသည် မာနနှင့် သိက္ခာတို့ကို အလွန်တန်ဖိုးထားသောထက် မြက်သည့် အမျိုးသမီးတစ်ယောက်ဟုပင်။

ထို့ကြောင့် ချင်ရှန့်သည် ယုကျစ်နှင့် ကျူးလင်လင်တို့ပေါင်းပြီး ထိုသို့လိမ်မည်ဟု မထင်မိချေ။

ချင်ရှန်း အားလုံးကို သေချာရှင်းပြပြီးနောက် ကျီဖေးဘက်သို့ လှည့်ကာ "ကိုယ် တောင်းပန်ပါတယ်"

သူ့ကြောင့် ကျီဖေးသည် မခံစားသင့်သော အရာများကို ခံစားရသောကြောင့် သူ ရိုးရိုးသားသားတောင်းပန်လိုက်ခြင်းပင်။

သူ ကျီဖေးကိုသာစိုက်ကြည့်နေပြီး အခြားသူများ၏ တုံ့ပြန်မှုကို ဂရုမစိုက်တော့ချေ။

ကျီဖေးသည် ချင်ရှန့်ကို စိုက်ကြည့်နေပြီး သူတို့အချင်းချင်း အကြည့်ချင်းဆုံသွားသည်။

ချင်ရှန့် သေချာမကြည့်ရသေးခင် ကျီဖေးသည် "ကျွန်မ နစ်နာမှုအတွက် လျော်ကြေးလိုချင်တယ်"

[စကားလုံးနှစ်လုံးလောက်တည်းနဲ့ ပြီးမယ်မထင်နဲ့၊ ရှင် ကပ်စီးနှဲရင် သူများကိုလိုက်ပြီး ဒုက္ခပေးဖို့ တွေးတောင်မတွေးနဲ့]

ချင်ရှန့်သည် ကူကယ်ရာမဲ့နေပြီး သူမ၏နားသို့ တီးတိုးကပ်ကာ

"... အင်း၊ ကိုယ်သိပါပြီ၊ ဆယ်သန်းဆိုရင် ဘယ်လိုလဲ ?"

ကျီဖေး၏မျက်လုံးများ ချက်ချင်းတောက်ပလာသည်။

"အွန်း ကျွန်မ လက်ခံတယ်"

[အဲလို ကိစ္စသေးသေးလေးအတွက် ဆယ်သန်းက တန်မှတန်ပဲ! ဒုက္ခလေးတွေ! ကျေးဇူးပြုပြီး ငါ့ဆီကို ဒုက္ခလှလှလေးတွေ လာလိုက်စမ်းပါ]

ချင်ရှန့်...

[ယုကျစ်ဆီကရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေကို ပြန်တွေးကြည့်ရင် ဒီပိုက်ဆံတွေကိုလိုတဲ့သူပဲ ချင်ရှန့်ပဲ၊ သူ့ဒဏ်ရာတွေကို ကုစားဖို့အတွက် ဒီငွေတွေကိုလိုမှာပဲ၊ ဆိုးလိုက်တာ၊ သူ့အစား ငါတောင် ရှက်တယ်၊ သူဘယ်လိုတောင် တည်တည်ငြိမ်ငြိမ် နေနိုင်တာလဲ? ငါတောင် သူ့အစားမရှက်ပေးဘူးဆို ဘယ်သူရှက်မှာလဲ? ဟားဟား ငါ သူ့ကို နောက်ကျနှစ်သိမ့်ပေးရင် ကောင်းမလား၊ အင်း ငါ သူ့ကို တမင်သက်သက်လှောင်နေတယ်လို့များ ထင်သွားမလား]

ချင်ရှန့်: ကျေးဇူးတင်ပဲ၊ ဒါပေမယ့် နှစ်သိမ့်စရာမလိုပါဘူး၊ မင်းသာ ကိုယ့်ကိုနှစ်သိမ့်ဖို့ကြိုးစားရင် ဒီနှလုံးသားမဲ့ကမ္ဘာကြီးကနေ ကိုယ်ပျောက်ကွယ်သွားရလိမ့်မယ်။

၎င်းတို့၏ကမ္ဘာကြီးပေါ်ထားမည့် အမြင်များ မပျက်စီးသွားစေရန်ထိန်းညှိနေရသောကြောင့် သူတို့နှစ်ယောက်ကြားရှိသေးငယ်သော လှုပ်ရှားမှုများကိုသတိမထားမိကြချေ။

သူတို့ ကျင်းပခဲ့သည့် အတန်းပြန်ဆုံပွဲအားလုံးပေါင်းလျှင်ပင် ယခုလိုဒရမ်မာမျိုး မကြုံဖူးကြောင်းကျိန်ဆိုရဲသည်။ ထိုအရာသည် အကြိမ်ကြိမ်ပြောင်းလဲနေသောကြောင့် ပြင်းထန်လွန်းလှသည်။

အခြေအနေများသည် ရှင်းရှင်းလင်းလင်းဖြစ်သောကြောင့် ယုကျစ်နှင့် ကျူးလင်လင်အပေါ် လူတိုင်း၏အကြည့်များပြောင်း လဲသွားသည်။

၎င်းတို့သည် မူလတွင် ချင်ရှန့် ဇနီးသည်၏လွန်ကျူးသော ဝင်ရောက်စွက်ဖက်မှုများအကြောင်းကို ဆွေးနွေးကြသော်လည်း ယခုအခါ အရှက်မဲ့သူများမှာ ၎င်းတို့ဖြစ်သဖြင့် ကျောင်းတုန်းက သူတို့၏စံပြစုံတွဲပုံရိပ်ကြီးလည်း တစ်စစီကြေမွသွားသည်။

ယခုဆိုလျှင် ယုကျစ်၏အမူအရာသည် မည်မျှပင် သနားချင်စရာကောင်းနေပါစေ အတုသာဖြစ်ဟန်တူသည်။

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် တတွတ်တွတ်ဖြင့် အတင်းတုတ်ကြတော့သည်။

ယုကျစ်သည် လက်မခံနိုင်သေးပဲ သူမ၏ ပုံရိပ်ကို ထိန်းသိမ်းဖို့ ဇွတ်အတင်းကြိုးစားတုန်းပင်၊ ယခုတစ်ခေါက်တွင် သူမသည် ပြောင်းပြန်ဖြစ်သွားသော အခြေအနေကြီးအကြောင်းကို တွေးရင် ငိုသံများပိုကျယ်လာသည်။

သို့သော် ကျူးလင်လင်တော့ လက်လျော့လိုက်လေပြီ။ သူမသည် ချင်ရှန့်ကိုသဘောကျသော်လည်း သူနဲ့တွဲဖို့ မတန်သည့်သူဟု ထင်မိသဖြင့် ယုကျစ်နှင့် သူမတွေ့သောအခါ ယုကျစ်၏ လှပသောရုပ်ရည် ထက်မြက်သော ဉာဏ်သွေး၊ ထူးချွန်သော အကျင့်များကြောင့် ချင်ရှန်းနှင့် အလွန်ထိုက်တန်သည်ဟုထင်ခဲ့သည်။

သူမသည် ချင်ရှန့်ကိုလှည့်စားခဲ့သည့် ကျီဖေးလို မဟုတ်ချေ။ လှည့်ကွက် နည်းနည်းလောက်သုံးယုံနဲ့ မစ္စချင်ဖြစ်လာနိုင်တယ်ဆိုရင် သူမ ဘာလို့မဖြစ်နိုင်ရမှာလဲ? ထို့အပြင် ချင်ရှန့်သည် ကျီဖေးကို ယခုလိုမျိုးကာကွယ်နေသည်ကို ကြည့်မနေနိုင်သလို သူ့ပါးစပ်မှ 'ဇနီး' ဆိုသည့် ခေါ်သံကိုလည်း သူမ နားမခံ သာတော့ပေ။

" ချင်ရှန့်..ယုကျစ်က ရှင့်ရဲ့ အချစ်ဦးဆိုတာကိုမေ့သွားပြီလား? တစ်ချိန်က ရှင်တို့ တစ်ယောက်ကိုတစ်ယောက် အချစ်စစ်နဲ့ခဲ့တာကို မေ့သွားတာလား? ရှင့်မှာ ယုကျစ်အပေါ်မှာ ခံစားချက်မရှိဘူးလို့ ပွင့်ပွင့်လင်းလင်းပြောနိုင်ရဲ့လား? ရှင်က ခင်ပွန်းတစ်ယောက်ရဲ့ တာ၀န်ကြောင့် အဲ့မိန်းမကို ကာကွယ်နေတာမလား? ရှင် ခင်ပွန်းတာ၀န် တကယ်ကျေပွန်ပါတယ်၊ ဒါပေမဲ့ ရှင့်စိတ်ထဲမှာ ယုကျစ်ကို ခံစားချက်ရှိနေသေးတယ် မဟုတ်လား"

ကျူးလင်လင်သည် ယုကျစ်ကိုပါ တဇွတ်ထိုး ဆွဲလိုက်ပြီး

"ယုကျစ် သူ့ကို မေးလေ!"

ယုကျစ်သည် အခြေအနေမဟန်ကြောင်း သေချာပေါက်သိသဖြင့် ဤတိုက်ပွဲမှခဏတာ ဆုတ်ခွာပြီး နောက်မှတိုက်ခိုက်ဖို့ တွေ့ထားသဖြင့် သူ့ ကိုယ် သူ ထပ်အရှက်မခွဲချင်တော့ပေ။

ဤတစ်ခါတော့ စားပွဲဝိုင်း တစ်ခုလုံးတိတ်ဆိတ်သွားပြီး မှန်းတောင်မဆရဲတော့ချေ။

သူတို့က ဝန်မခံချင်ပေမယ့် ချင်ရှန့်က အရင်က ယုကျစ်နဲ့ယှဉ်ရင် ကျီဖေးကို မတူတဲ့ပုံစံနဲ့ ကွဲကွဲပြားပြား ဆက်ဆံတယ်... ကွာခြားချက်က ကြီးလွန်းတယ်။

ချင်ရှန့်သည် တည်ငြိမ်သောအကြည့်ဖြင့် ကြည့်လာပြီး ခဏမျှစဉ်းစားပြီးကာ

"မင်း တီဗီဒရာမာတွေကြည့်တာ အရမ်းများသွားတာလား ? အချစ် ? အဲ့တာ ဘယ်တုန်းကမှ မရှိခဲ့ဘူး"

ကျီဖေး မတွေးပဲမနေနိုင်ချေ။ သူက အဲ့အချစ်ဆိုတာကို ကြားရလွန်းလို့ မုန်းတောင်မုန်းနေလောက်တယ်။ ထိုအရာသည် အတိတ်တုန်းကသာ ခံစားချက်များသာဖြစ်သည်။

သို့သော် ထိုစကားများကို ယုကျစ် ကြားလိုက်ရချိန် မယုံကြည်နိုင်စွာအံ့ဩသွားသဖြင့် သူမ တည်ငြိမ်စွာမနေနိုင်တော့ပဲ အကောင်းဆုံးကိုင်တွယ်ဖို့နည်း စဉ်းစားလိုက်သည်။

" ချင်ရှန့် ရှင် အရမ်းအသည်းနှလုံးမဲ့တာပဲ၊ ကျွန်မတို့ အရင်တုန်းက..."

"ငါက မင်းကိုချစ်တယ်လို့ တစ်ခါမှမပြောဖူးဘူး၊ ငါကိုယ်ငါလည်း အဲ့လိုမထင်ဘူး"

ချင်ရှန့်သည် အေးစက်စွာ စကားစများကိုဖြတ်လိုက်ပြီး "မင်းက ငါ့ရည်းစားဟောင်းပဲ၊ ငါတို့က အေးအေးဆေးဆေးလမ်းခွဲကြတာပဲ၊ ဒါတွေက အတိတ်ကပါ၊ ငါတို့ရဲ့အတိတ်က ဆက်ဆံရေးက..."

ချင်ရှန့်၏အကြည့်များသည် တဖြည်းဖြည်း အေးစက်လာခဲ့သည်။ သူ မရက်စက်ချင်သော်လည်း ယုကျစ်နှင့် ကျူးလင်လင်တို့သည် သူ၏နောက်ဆုံးစည်းကိုကျော်သွားခဲ့လေပြီ။

"ငါ မင်းကိုတောင်းပန်ရမယ်၊ မင်း အပေါ် ငါတကယ်ခံစားချက်မရှိဘူးဆိုတာကို မကြာသေးခင်ကမှ ငါကိုယ်တိုင်လည်း သိခဲ့ရတာ၊ ငါ အဲ့တာကို အချစ်လို့ မှားပြီးထင်ခဲ့မိတာဆိုတော့ အခုဆိုရင်တောင် မင်းနဲ့ငါက မဖြစ်နိုင်ဘူး၊ ဒါကြောင့် မင်းရော မင်းသူငယ်ချင်းရော ဒီအဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်တွေကိုရပ်တန်း ကရပ်လိုက်ပါ၊ မင်းတို့ကြောင့် ငါရော ငါ့ဇနီးပါစိတ်ညစ်နေရပြီ "

All Chapters