အခန်း (၁၉၅)
Vol. 20 Ch. 195
ချင်ရှန့်၏စကားများသည် မိုးခြိမ်းသံကဲ့သို့ကျဆင်းသွားကာ ခန်းမတစ်ခုလုံးသည် အချိန်အေးခဲသွားပုံရသည့် တိတ်ဆိတ်မှုထဲသို့ကျရောက် သွားခဲ့သည်။
ထိုအချိန်တွင်၊ယုကျစ်သည် တုန်တုန်ယင်ယင်ဖြစ်ပြီး ချင်ရှန့်ကို မယုံကြည်နိုင်စွာကြည့်နေသည်။
ချင်ရှန့်သည် သူတို့၏အတိတ်က ဆက်ဆံရေးနှင့်ပတ်သက်သည့်အရာအားလုံးကို ရုတ်တရက်လွှမ်းမိုးသွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ချင်ရှန့်၏အဓိပ္ပါယ်မှာ ကြည်လင်ပြတ်သားသည် - "အချစ်ဦး" သို့မဟုတ် "နက်နဲပြီးနာကျင်ရသည့် အချစ်ဇာတ်လမ်းမျိုး" တစ်ခါမှ မရှိခဲ့ပေ။ ဒါတွေအားလုံးဟာ လူတိုင်း၏စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။
လူစုလူဝေးတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ သူတို့အတန်းဖော်တွေစွဲ လန်းနေသည့် အချစ်ဇာတ်လမ်းတွေအကုန်လုံးက အတု အယောင်တွေ ချည်းပဲလား?!
လူတိုင်းသည်၎င်းကိုကျောင်းဝင်းထဲမှအကြီးကျယ်ဆုံးအတင်း အဖျင်းစကားနှင့် ထိပ်တန်းစီးပွားရေးအသိုင်းအဝိုင်းမှ အရှုပ်ဆုံးဇာတ်လမ်းအဖြစ်သတ်မှတ်ပြီး ဒီအတွက်အပြင်းအထန်ရင်းနှီးမြုပ်နှံထားခဲ့ကြသည် - အဲဒီကြေကွဲစရာတွေက တကယ်မရှိခဲ့ဘူးလား?!
အနီးနားရှိစားပွဲဝိုင်းများမှလူများမှ အချင်းချင်းတီးတိုးတီးတိုးဖြင့် ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။
"အင်း... စဉ်းစားကြည့်လေ၊ အဲဒီအချစ်ဇာတ်လမ်းအများစုက ဖိုရမ်ပို့စ်တွေ ဒါမှမဟုတ် လူပြော သူပြောတွေချည်းပဲ"
"ပြန်စဉ်းစားကြည့်တော့ ကျောင်းဝင်းထဲမှာ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်တွယ်တာနေတာမျိုး တစ်ခါမှမတွေ့ ဖူးဘူး။"
"ချင်ရှန့် လမ်းခွဲလိုက်တုန်းက ငါ နေ့တိုင်းဘသူ့ကိုတွေ့ တယ်၊ ဝမ်းနည်းနေတာမျိုး တစ်ခါမှမမြင်ဖူးဘူး။ သူ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်တယ်လို့ထင်ခဲ့ပေမယ့် အခုတော့... သူက လုံးဝကို အသည်းကွဲနေတာမဟုတ်ဘူးပဲ၊"
"အဲ့ဒီ စိတ်ကူးယဉ်ဒဏ္ဍာရီပုံပြင်တွေအားလုံးက အလိမ်အညာတွေချည်းပဲ၊ ငါ့ရဲ့ သုံးဖက်အမြင်တွေအက်ကွဲကုန်ပြီ!"
တခြားသူတွေတင်မကဘဲ ကျီဖေးလည်းသူ့တည်ငြိမ်မှုကိုမထိန်းနိုင်ခဲ့ချေ။
[ဘာတွေဖြစ်နေတာလဲ? သူ သူ့အပေါ်ဘယ်တုန်းကမှ ခံစားချက်အစစ်အမှန်မရှိခဲ့ဘူး၊ ဒါအမှန်လား?! အတွင်းရေးမှုးကျင်းသိထားတဲ့ အရည်ရွှမ်းတဲ့ဇာတ်လမ်းတွေအကုန်လုံးက အတု အယောင်တွေပဲလား?! အတွင်းရေးမှူးကျင်းလည်း အဲ့ဒီ shipper fan တွေရဲ့ ဦးနှောက်ဆေး တာကိုခံလိုက်ရတာလား? မအံ့ဩတော့ပါဘူး၊ ချင်ရှန့်ရဲ့ မိသားစုဝင်တွေက ယုကျစ်အကြောင်းတစ်ခါမှမပြောဖူးတာ အံ့ဩစရာမဟုတ်ဘူးပဲ ပြီးတော့ သူတို့ကြည့်ရတာ သူ့ရဲ့ရည်းစားဟောင်းအကြောင်းတောင် သိပုံမရဘူး - သူတို့က ကောလဟာလတွေလွှမ်းမိုးတာ မခံရတဲ့သူတွေပဲ]
ချင်ရှန့်ခေတ္တရပ်ပြီး ရုတ်တရက် ဉာဏ်အလင်းပွင့်လာသည်။
ကျီဖေးသည် ယုကျစ်က သူ့ "အချစ်ဦး" ဖြစ်သည်ဟု ဇွတ်ယုံကြည်ခဲ့ပြီး သူတို့ကွာရှင်းရမည်ဟုယုံကြည်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ သူ ရှင်းပြသည့်တိုင် ကျီဖေးသည် အပေါ်ယံတွင် "ကျွန်မ ရှင့်ကိုယုံတယ်" ဟု ပြောနေပေမယ့် အတွင်းထဲမှာတော့ "ရှင်က ခေါင်းမာနေတာပဲ" ဟု တွေးနေသည်။
ကျီဖေးသည် အတွင်းရေးမှုးကျင်းထံမှ အတင်းအဖျင်းစကားများစွာကိုကြားခဲ့ရပြီး သူနှင့်ယုကျစ်တို့သည် နက်နက်ရှိုင်းရှိုင်းချစ်ခဲ့ကြသည်ဟု ယူဆပြီးနောက် သူ၏စိတ်ကူးစိတ်သန်းများကို ရိုင်းစိုင်းစေခဲ့သည်။
[ဒီတော့ အခုချိန်မှာ ဘာခံစားချက်မှမရှိရုံတင်မကဘူး၊ ဘာမှလည်း စဖြစ်လာမှမဟုတ်ဘူး၊ ကောင်းရော ဘယ်လိုတောင် နားလည်မှုလွဲနေကြတာလဲ၊ ဒါဆို ဘယ်တော့မှဖြစ်လာမှာမဟုတ်တဲ့ အရာတစ်ခုကို ငါ စောင့်နေခဲ့မိတာပဲ။ အာာားးး မြက်ဆိုတာ တကယ်တော့ အပင်တစ်ပင်ပါပဲ!!!]
ချင်ရှန့်၏နှုတ်ခမ်းတွေက အပြုံးတစ်ခုလိုကွေးကောက်သွားပြီး သူ့ ပြဿနာတွေအားလုံး နောက်ဆုံးမှာသက်သာရာရသွားသလို ရုတ်တရက်ခံစားလိုက်ရသည်။
ထိုအချိန်တွင်စားပွဲရှိလူတိုင်းသည် ချင်ရှန့်နှင့်ယုကျစ်တို့ကြား ထိတ်လန့် စွာစိုက်ကြည့်နေကြသည်။ ရုတ်တရက်ကြီး အမှန်တရားပေါ်ထွန်းလာ ခြင်းအတွက် ရှင်းရှင်းလင်းလင်းပင် ထိတ် လန့်သွားသည်။
ချင်ရှန့်သည် စားပွဲရှိလူတိုင်းကိုငေးကြည့်ရင်း သူအရှေ့ ကပြောခဲ့သည့် စကားများသည် သူတို့အတွက်ပင်ရည်ရွယ်ကြောင်း သူ့အကြည့်များ ဖြင့်ပြောနေသလိုပင်။
သူ့ရပ်တည်ချက်က ကျီဖေးကိုကာကွယ်ပေးပြီး ယုကျစ်ကို ဆန့်ကျင်သည်။
ယခင်ကကျီဖေးနှင့်ချင်ရှန့်သည် ၎င်းတို့၏ဝတ္တရားများကို စက်ရုပ်လို ကျေပွန်ခဲ့ပြီး သူ့သူငယ်ချင်းများက ၎င်းကိုသဘာဝအတိုင်းခံစားနိုင်ခဲ့ သည်။ ကျီဖေးကို လုံးလုံးလျားလျားရန်လိုခြင်း မရှိကြသော်လည်း၊ သူ့ ကို အမှန်ပင်မကြိုက်ခဲ့ပေ၊ သူသည် သူတို့၏သူငယ်ချင်းကို ကြံရွယ်ခဲ့သည့်အမျိုးသမီးပင်ဖြစ်သည်။ ယုကျစ်၏တည်ရှိမှုမရှိလျှင်တောင်မျှ ကျီဖေးကိုသိပ်လေးစားမည်မဟုတ်ပေ။
ယခုမူချင်ရှန့်သည် ထိုသို့သောတရားဝင်အခမ်းအနားတစ်ခုတွင် ၎င်းတို့ နှင့်ထပ်မံတွေ့ ဆုံခဲ့ပြီး အရေးကြီးသည့်အချက်ပြမှုအဖြစ် ကျီဖေးကို အတူခေါ်ဆောင်လာခဲ့သည်။
သူကျီဖေးအား တန်ဖိုးထားသည်ပင်။
သူတို့သည် ချင်ရှန့်၏သူငယ်ချင်းများဖြစ်သောကြောင့် ကျီဖေးကိုလေးစားရန်လိုအပ်သည်။
အဖွဲ့ ထဲတွင် သူတို့၏အကြည့်များသည် အံ့အားသင့်မှု၊ လက် သင့်ခံမှု နှင့်လက်ခံဖို့ကြိုးစားနေပုံရသည့်သူတစ်ချို့လည်းရှိနေသည်။
ဒါပေါ့၊ ရွှမ်ရီကဲ့သို့ လက်မခံနိုင်သူများလည်းရှိပါသေးသည်။
အဆုံးတွင် ကျီဖေးက ရွှမ်ရီကို စော်ကားခဲ့ခြင်းပင်။
ကျူးလင်လင်နှင့်ယုကျစ်တို့သည် ပြန်လည်ကောင်းမွန်လာစေရန်မူ အလွန်အံ့အားသင့်သွားခဲ့ပြီး၊ သူသည် သူတို့၏အသုံးမကျမှုကို အတွင်းကျကျကျိန်ဆဲလိုက်သည်။
ရွှမ်ရီက "ချင်ရှန့်၊ နင်အရမ်းများသွားပြီ။ နင့်ရဲ့ လက်ရှိအိမ် ထောင်ရေးကိုကာကွယ်ဖို့အတွက် ယုကျစ်နဲ့မပေါင်းနိုင်ရင် တောင်မှ နင့်ရဲ့ ချိုမြိန်တဲ့ အချစ်အမှတ်တရတွေကို လုံးဝမငြင်းသင့်ဘူး..."
ချင်ရှန့်မျက်မှောင်ကြုတ်ကာ တိုက်ရိုက်ပြောလိုက်သည် "မရှိခဲ့ဖူးတဲ့ အချစ်အမှတ်တရတွေကို ငြင်းနေစရာမလိုဘူး။ ငါအမှန်တရားကိုပြောနေရုံပဲ။ ဒါမှမဟုတ်ရင် အဲ့ဒီဖြစ်ရပ်တစ်ခုနှစ်ခုလောက်ကို ပြန်ပြောကြည့်လို့ရတယ်၊ ငါ အခုပဲ အဲ့တာတွေကို မှတ်မိအောင်ကြိုးစားကြည့်မယ်။"
ရွှမ်ရီက သူဒါကိုပြောလိမ့်မည်ဟုမမျှော်လင့်ထားဘဲ အံသြသွားခဲ့သည်။ လော့ကျိုးပင်လျှင် ရွှမ်ရီကို တိတ်တိတ်ဆိတ်ဆိတ်နေရန်အချက်ပြနေပြီး၊ ချင်ရှန့်၏သဘောထားမှာ အလွန်ရှင်းလင်းနေပြီဖြစ်သည်။
ကျူးလင်လင် တုန်လှုပ်ရာမှပြန်လည်သက်သာလာပြီး "ရှင်ဘယ်လိုလုပ်ငြင်းနိုင်တာလဲ? ရှင်က ယုကျစ်ကိုအရမ်းချစ်တယ်လေ၊ ဒီပုံထဲကလိုပဲ ရှင်သူ့အတွက် အများကြီးလုပ်ပေးခဲ့တာ၊ အဲ့တာကဒုတိယနှစ်ရဲ့ နှင်းတွေကျတဲ့ညမှာပဲ..."
ကျူးလင်လင်က သူ့ဖုန်းကိုထုတ်လိုက်ပြီး ချင်ရှန့်အားနှင်းထူထပ်သည့် ညမှာလမ်းမီးတိုင်အောက်တွင်ရပ်နေသည့် ချင်ရှန့်၏ဓာတ်ပုံကိုပြသလိုက်သည်။ တစ်ယောက်ယောက်ကိုစောင့်နေပုံရပြီး ယုကျစ် သူ့ဆီပြေးလာတဲ့ပုံလည်းပါသည်။
ချင်ရှန့်သည် သူ့လက်မောင်းထဲမှ ကျီဖေးလှုပ်လှုပ်ရှားရှားလုပ်နေသည်ကိုခံစားလိုက်ရသည်။
အစပိုင်းတွင်သူသည် ကျီဖေးကို အမှန်တကယ်ပွေ့ ဖက်ထားခဲ့ပြီး ထိုအချိန်မှစ၍သူ့ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသော်လည်း သူ၏လှုပ်ရှားမှုများကိုခံစားနိုင်ဆဲဖြစ်သည်။
ကျီဖေး၏စိတ်တည်ငြိမ်မှုပျက်ပြားသွားသော်လည်း ဤဒရာမာကို စိတ်အားထက်သန်စွာကြည့်ရှုရန် သူ၏စိတ်ပိုင်းဆိုင်ရာကမောက်ကမဖြစ်မှုကို ခေတ္တရပ်တန့်မထားပဲမနေနိုင်ပေ။
အတင်းအဖျင်းပြောခြင်းကို စိတ်အားထက်သန်မှုမရှိခြင်းသည် ဖြုန်းတီးမှုတစ်ခုဖြစ်သည်။
ကျီဖေး ဓာတ်ပုံကိုစူးစူးစိုက်စိုက်ကြည့်နေသည်။
"လုံလောက်ပြီ၊ ရပ်လိုက်တော့!"
ယုကျစ်က ရုတ်တရက်ထိတ်လန့် တုန်လှုပ်သွားကာ အသက်ရှုကြပ်လာသည်။ သူ၏မျက်လုံးအကြည့်များ တုန်လှုပ်သွားကာ နောက်ဆုံးတွင် သူမျှော်လင့်နေသည့်အကြည့်များဖြင့် ကြည့်နေရုံသာတတ်နိုင်ခဲ့ပြီး ချင်ရှန့်ကိုစိုက်ကြည့်ရင်း မျက်ရည်များစီးကျလာသည်။ ဤတစ်ကြိမ်တွင်တော့၊ မကျေနပ်ချက်အား လုံးကို ခံနိုင်ရည်ရှိသည့် သူ၏အသွင်အပြင်သည် အတုအ ယောင်မဟုတ်ပေ၊ သူသည် အမှန်တကယ်ပင် သနားစရာကောင်းနေသည်။
[ဝိုး၊ သူ့ကြည့်ရတာ ကြေကွဲတော့မယ့်ပုံပဲ။ ဒီလိုမျိုးသရုပ် ဆောင်စွမ်းရည်တွေနဲ့သာဆိုရင် သူပိုက်ဆံမရှိတော့ရင်တောင် ဖျော်ဖြေရေးနယ်ပယ်မှာ သေချာပေါက်လုပ်နိုင်မှာပါ - သူက သဘာဝကျတယ်!]
ကျူးလင်လင်တိတ်ဆိတ်သွားပြီး မျက်လုံးတွေနီရဲလာကာ
"ယုကျစ်၊ ငါ တို့သူ့ကို ရင်ဆိုင်ကြရအောင်!"
ယုကျစ်သည် သူ၏တည်ငြိမ်မှုကို ထိန်းသိမ်းရန်ရုန်းကန်ရင်းအသက်ပြင်းပြင်းရှူလိုက်သည်။
[လာပါပြီ! သူ နောက်တစ်ကြိမ်ထပ် သရုပ်ဆောင်ပါဦးမယ်။ ဒီ အခြေအနေမှာ သူဘယ်လို အလှည့်အပြောင်းတွေလုပ်နိုင်မလဲ?! ဒရာမာကိုဖျာခင်းကြည့်ဖို့ မစောင့်နိုင်တော့ဘူး၊ 5..4..3.2.1... အက်ရှင်!]
ချင်ရှန့် ဒီလိုပြင်းထန်သည့်အခြေအနေမှာတောင် ရယ်မောလု နီးပါးဖြစ်နေပြီး သူ့ကိုယ်သူ ဘာသရုပ်ဆောင်စွမ်းရည်မှမရှိဘူးဆိုတာသိလိုက်သည်။
"မလိုပါဘူး။ မစ္စတာချင်.. အားလုံးမှန်တယ်။ ငါက ကယောင် ကတမ်းဖြစ်နေတာ၊ ငါက စိတ်ကြီးဝင်နေတာ၊ ငါ့က ကိုယ့် ကိုယ်ကိုအထင်ကြီးနေတာ။"
အနီးနားရှိလူများ၏အမူအရာသည် အနည်းငယ်ပြောင်းလဲသွားသည်။
"ငါ"
သို့ပေမယ့်ချင်ရှန့်က ခံနိုင်ရည်မရှိတော့ပေ။
"မင်းက မင်းရဲ့ ကိုယ်ပိုင်ရှိုးမှာကိုယ်တိုင်ကိုယ်ကျဝင်သရုပ် ဆောင်ပြီး ငါ တို့ကို နတ်သမီးပုံပြင်ထဲကစုံတွဲတွေလို၊ ရွှေသားကောင်လေးနဲ့ ကျောက်စိမ်းကောင်မလေးလို၊ အထက်တန်း ကျောင်းမှာ အလိုက်ဖက်ဆုံးစုံတွဲတွေလိုမျိုး ကောလာဟလတွေဖြန့်တယ်။ ငါတို့နှစ်ယောက်ချစ်နေတုန်းမှာ မင်းက အချစ်ဇာတ်လမ်းကို လူသိရှင်ကြားချပြဖို့ ဆန္ဒရှိတယ်၊ ပေါ်လွင်ထင် ရှားမှုတွေဖန်တီးတယ်၊ စုံတွဲပုံရိပ်ကိုတည်ဆောက်တယ် - အဲ့တာက မင်းရဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဖြည့်ဆည်း ဖို့ပဲဖြစ်ဖြစ် မိသားစုရဲ့စိတ်ဝင်စားမှုကြောင့်ပဲဖြစ်ဖြစ်၊ ငါ ဂရုမစိုက်ခဲ့ဘူး ဘာလို့ဆို အဲ့ဒီတုန်းက ငါတို့က ချစ်သူတွေမို့လို့ပဲ။ အဲ့တာကြောင့် ငါ ကောလဟာလတွေကို စိတ်ထဲမထားခဲ့ဘူး။ ဒါပေမဲ့ အခုက မင်း မပြတ်မသားဖြစ်နေတယ်၊ အကျိုးအမြတ်ရဖို့အတွက် ဆုံးဖြတ်ချက်တွေကိုပြန်ပြင်ဆင်ချင်နေတယ်၊ ငါနဲ့ငါ့ဇနီးကြားထဲက သဟဇာတဖြစ်မှုကို ဖျက်စီးပစ်ချင်နေတယ်၊ ငါတို့ကိုမတွန်းနိုင်သလို သရုပ်ဆောင်နေပြန်တယ် - ဒါတွေက လက်ခံနိုင်စရာအကြောင်းမရှိဘူး။"
ချင်ရှန့်သည်အခြေအနေကို ရှင်းလင်းပြတ်သားစွာခွဲခြမ်းစိပ်ဖြာပြီး ယုကျစ်၏ချဉ်းကပ်မှုကို တိုက်ရိုက်ဖြတ်တောက်လိုက်သည်။
မျက်ရည်ကျလုဆဲဆဲဖြစ်နေသည့်ယုကျစ်ကို ရင်ဆိုင်လိုက်ရင်း ချင်ရှန့်၏အကြည့်သည် ပိုစူးရှလာသည်။
"မင်းမျက်နှာကို ဒီလိုအမူအရာမျိုးလုပ်ပြပြီး၊ ဒီလိုစကားတွေပြောပြီး၊ ခြုံပုတ်တဝိုက်ကိုပတ်ရိုက်နေတာပဲ - ဒီမှာရှိတဲ့လူတိုင်းဆွဲဆောင်ခံရမယ်လို့ ဘာကိုကောက်ချက်ချပြီးမျှော်လင့်နေတာလဲ? ငါ့ကို အရူးလုပ်နေတာလား ?"
ယုကျစ် တင်းမာလာပြီး ဟန်ချက်ပျက်လုနီးပါးပင်။ သူ့ရှေ့တွင်ရပ်နေ သည့်အမျိုးသားသည် စီးပွားရေးလောကတွင် ရှုံးပွဲမရှိပေါ်ထွန်းလာ သည့် ကြယ်တစ်ပွင့်ဖြစ်ကြောင်း ရုတ်တရက်သတိရမိလိုက်သည် -သူ့လှည့်ကွက်လေးများကို မည်သို့မမြင်ဘဲရှိမည်နည်း ?
လူတိုင်း၏အတွေးများသည် ရုတ်တရက်ပြောင်းသွားသည်- အမှန်ပင်၊ မကြာသေးမီကပင် ၎င်းတို့၏ကောက်ချက်ချမှုများ သည် ချင်ရှန့်၏ပြောဆိုချက်များကြောင့် လုံးဝနီးပါးပျက်ပြယ်သွားပေသည်...
"ငါတို့မှာ ခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုရှိခဲ့ပေမယ့် ထွက်ပေါ်နေတဲ့ ကောလဟာလတွေလိုမျိုး ချိုမြိန်တဲ့အချစ်ဇာတ် လမ်းနဲ့တော့လုံးဝမတူဘူး - မင်းက ဒါကို အားလုံးထက်ပိုသိမှာပါ။"
ချင်ရှန့် ရှင်းလင်းစွာပြောပြီး ယုကျစ်၏အရောင်မဲ့နေသည့်မျက်နှာကို ဆက်မကြည့်တော့ပေ။ အံ့အားသင့်သွားသည့်ကျူးလင်လင် ဘက်သို့လှည့်ကာ ဖုန်းပေါ်ရှိဓာတ်ပုံကိုကြည့်လိုက်သည်၊ ပြီးတော့ ဟိုဟိုဒီဒီကြည့်ရင်း “ဒီဓာတ်ပုံက အပြင်မှာဘယ်လိုပျံ့နှံ့နေတာလဲ ?" ဟုမေးလိုက်သည်။