အခန်း (၁၉၆)
Vol. 20 Ch. 196
ချင်ရှန့်သည် ထိုကောလဟာလများကို ဘယ်တုန်းကမှဂရုမစိုက်ခဲ့သဖြင့် သဘာဝအတိုင်းမသိခဲ့ပေ။ သို့သော်ကျီဖေးမှ သိချင်စိတ်ပြင်းပြလာ သဖြင့် ဤအရာအား သူရှင်းပြရတော့ သည်။
ဒီဓာတ်ပုံကိုလူတိုင်းမြင်ဖူးပြီး နောက်ကွယ်ကဇာတ်လမ်းကို သဘာဝအတိုင်းကြားခဲ့ရသည်။
လော့ဖေးသည် ချင်ရှန့်၏စကားကိုလုံးလုံးယုံကြည်နေပြီဖြစ် သည်။ သူပြောဖို့ ဝန်လေးနေသလိုခံစားလိုက်ရပြီး အရမ်းနာကျင်ခံစားနေရပေမယ့် အမှန်တော့ ဒရာမာကိုပထမဆုံးစတင်ခဲ့သည်မှာ ယုကျစ်နှင့်သူ့ အဖွဲ့ ဖြစ်သည်။ အကယ်၍ချင်ရှန့်သည် ယခုသူဂရုစိုက်သောလူကို မကာကွယ်ခဲ့ပါက၊ သူသည် ချင်ရှန့်ဖြစ်လိမ့်မည်မဟုတ်ပေ - အဆုံးတွင် ချင်မိသားစုသည် သူတို့ပိုင်ဆိုင်သည့်အရာများအား အကာအကွယ်ပေး တတ်ကြောင်းနှင့် ကျော်ကြားသည်။
ယခုကျီဖေးသည် ချင်ရှန့်၏အကာအကွယ်အောက်တွင် တရား ဝင်ရှိနေ ခဲ့သည်။
"သူတို့က မင်း ဖျားပြီး ကယောင်ကတမ်းဖြစ်နေတယ်လို့ပြောတယ်၊ ဘာလို့ဆို မင်းက ယုကျစ်ကိုအရမ်းလွမ်းနေလို့တဲ့၊ မင်းကရှုပ်ထွေးနေပြီး သူ့ ကိုလိုက်ရှာချင်နေတယ်တဲ့။ မင်း သူ့ကိုဖုန်းဆက်လို့မရတော့ ယုကျစ်ကို မတွေ့ မချင်း လမ်းမီးတိုင်အောက်မှာရပ်စောင့်နေတာတဲ့။"
လော့ဖေးပြောပြီးသည်နှင့် ယုကျစ်၏မျက်နှာတွင် ထိတ်လန့်မှုများပေါ်လာသည်။
အကြောင်းကတော့ တခြားသူတွေ သူ့ကိုမေးသည့်အခါ ရှက်ရွံ့ စွာရှင်းပြခဲ့ပြီး လူတော်တော်များများက ဒါကိုမျက်မြင်တွေ့ ခဲ့ကြတာကြောင့် အမှန်လိုလိုထင်ခဲ့ကြသည်...
ချင်ရှန့်၏နှုတ်ခမ်းမှာ တုန်ယင်နေပြီဖြစ်သည်။
"ငါ အခုမှသတိရတယ်- မင်း ဆေးရုံသွားပြီး နောက်နေ့ညမှာ ယုကျစ်နဲ့အတူပြန်လာခဲ့တာ အဲ့တာခရစ္စမတ်အကြိုနေ့မှာလေ။ မင်း ပြန်လာတုန်က ဖျားနေသေးတယ်"
ချင်ရှန့်၏စကားကိုယုံကြည်သော်လည်း အခန်းဖော်ဖြစ်သူယွီယွဲ့ က အဖြစ်မှန်ကိုမပြောပြနိုင်ပေ။
ယွီယွဲ့ ၏သတိပေးချက်အပြီးတွင်၊ ချင်ရှန့်သည် တစ်စုံတစ်ခုကိုသတိရသွားပုံရပြီး ကျီဖေးကိုကြည့်ကာ ရုတ်တရက်မျက် မှောင်ကြုတ်လိုက်သည်။ သူဘယ်လို စရမည်မှန်းမသိပေ။
ကျီဖေး မျက်တောင်ခတ်လိုက်သည်။
[ဘာလို့ငါ့ကိုကြည့်နေတာလဲ ? ငါနဲ့ ပတ်သက်နေလို့လား ? မဖြစ်နိုင်ပါဘူး။]
ချင်ရှန့် သက်ပြင်းချလိုက်ပြီး "မင်း အသက်ဆယ့်ငါးနှစ် ကိုယ်တို့အိမ်ကို စရောက်တုန်းက ဆေးရုံတက်ခဲ့ရတာမှတ်မိလား ? ခရစ်စမတ်အကြိုနေ့ မှာလေ"
သူ့ မိဘတွေဆုံးပါးသွားပြီးနောက် သူ့အသက်ဆယ့်ငါးနှစ်အရွယ်မှာ ချင်မိသားစုမှ သူ့အား မည်သို့ပြုစုစောင့်ရှောက်ထားခဲ့သည်ဆိုတာကို လက်ရှိ လူတိုင်းသိကြသည်။
ယခင်ကအမှတ်တရများနှင့်ပတ်သက်၍ ကျီဖေးသည် သဘာဝကျကျပင်သိသော်လည်း ချင်ရှန့်၏အမှတ်တရများနှင့်ရင်ဆိုင်ရသည်မှာ အနည်းငယ်အဆင်မပြေသလိုခံစားရပြီး ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။
"ဟုတ်မယ်ထင်တယ်"
ချင်ရှန့်က “အဲဒီနေ့က ကိုယ့်မိဘတွေအရမ်းစိုးရိမ်နေတာ၊ အဲ့တာကြောင့် ကိုယ်တို့ညီအကိုမောင်နှမတွေ အကုန်လုံးကိုဆေး ရုံမှာနေဖို့ခေါ်ခဲ့တာ၊ အဲ့တာက ကိုယ်ဘာလို့ဆေးရုံမှာတစ်ရက်နေခဲ့လဲဆိုတာပဲ။ နောက်တစ်နေ့ ညကိုယ်ပြန်လာတော့ ယုကျစ်ကိုသွားရှာခဲ့တာမဟုတ်ဘူး - ကိုယ့် အိပ်ဆောင်ကိုပြန်နေတာ။ လမ်းမီးတိုင်အောက်မှရပ်နေတာကတော့... ကိုယ် တစ်ခုခုကို တွေးနေလို့ပဲ။”
ချင်ရှန့်သည် နှင်းများထူထပ်သည့်ညတွင် သူဘာကြောင့်ဒီလောက်ကြာအောင်ရပ်နေရသည်ကိုပင် သတိရသွားသည် - သူ ကျီဖေးအကြောင်းတွေးနေခဲ့သည်ပင်။
ထိုနေ့တွင်ကျီဖေးသည် ဆေးရုံခုတင်ပေါ်မှနိုးလာသောအခါ ရုတ်တရက် ၎င်းတို့အား "တောင်းပန်ပါတယ်၊ပြီးတော့ကျေးဇူး တင်ပါတယ်။" ဟု ပြောခဲ့သည်။
ထိုအချိန်တွင်သူသည် ကျီဖေး၏အမူအရာအား နားမလည်နိုင်ဖြစ်ပြီး သူပင်ပန်းနေပြီးအိပ်ရန်လိုအပ်သည်ဟုပြောသောအခါတွင် သူ့ နှလုံးသားတစ်ဝက် ခဏတာဗလာဖြစ်သွားသကဲ့သို့ခံစားခဲ့ရသည်။
နောက်တစ်နေ့ ကျီဖေးနိုးမလာခင်အထိ စိတ်အခြေအနေပြန် လည်ကောင်းမွန်လာပေမယ့် ရုတ်တရက် သူ့ကို မကြာခဏဆိုသလိုကြည့်နေတော့သည်၊ ဒီလိုအကြည့်မျိုးကသူ့ကို နားမလည်နိုင်အောင်ဖြစ်နေတာကြောင့် ကျောင်းပြန်တက်ဖို့အ ကြောင်းပြချက်ပေးခဲ့သည်။
"... ငါ အကြာကြီးရပ်ပြီးတွေးနေလို့ နောက်ပိုင်းဖျားသွားတာ။ အရင်ကတည်းက နေမကောင်းလို့ ဆေးရုံသွားခဲ့တာမဟုတ်ဘူး။" ချင်ရှန့်က "မင်းတို့ မှန် မမှန် စစ်ကြည့်ချင်ရင် သက်သေအထောက်အထားနဲ့တကွ စစ်ဆေးလို့ရတယ်။"
"ချင်... ရှန့်..."
ယုကျစ်အံသွသွားသည်၊ ချင်ရှန့်သည် ဤမျှအေးစက်ပြီး ရက် စက်ကြမ်းကြုတ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူလုပ်ခဲ့တာတွေ ကိုချင်ရှန့်သိသွားလို့ သူတို့ရဲ့ အတိတ်ကဆက်ဆံရေးအတွက် စာနာမှုတစ်ခုကိုတောင်မပြနိုင်တာများလား ? ဒီနေရာမှာတင် သူ အကုန်ဖော်ထုတ်လိုက်မှာလား?
အကယ်၍... အကယ်၍ အချစ်မရှိခဲ့ရင်တောင် အတူတူရှိနေခဲ့နှစ်တွေတုန်းက ခံစားချက်တွေ ရှိမနေသင့်ဘူးလား?
ယုကျစ်၏မျက်လုံးများသည် နောက်ဆုံးတွင် အရှက်ရခြင်းကိုထုတ်ဖော်ပြခဲ့သည်။ သူ ချင်ရှန့်ကိုမေးခွန်းထုတ်ချင်သော် လည်း အေးစက်သည့်အကြည့်ဖြင့်တွေ့ သောအခါ တိတ်ဆိတ်သွားသည်။
"ဒါဆိုအားလုံးက ဓာတ်ပုံတစ်ပုံတည်းနဲ့အစပြုပြီး ဇာတ်လမ်းတစ်ခုလုံး ကို ဖန်တီးထားခဲ့တာလား? ဒီလိုအကျိုးသက်ရောက်မှုတစ်ခုရဖို့အတွက် - အတင်းအဖျင်းအကောင့်တွေတောင်မှ ဒါကိုမစွမ်းဆောင်နိုင်ဘူး!"
ရုတ်တရက် ကျီဖေး၏အသံထွက်လာသည်။ သေးငယ်သည့်ထိုးဆွမှုတစ်ခုသာဖြစ်သော်လည်း ဒယ်အိုးပူပူထဲရှိ ဆီတစ်စက်နှင့်တူသည်။
ယခင်ကတိတ်ဆိတ်နေသည့်မြင်ကွင်းသည် ချက်ချင်းပင် ဖရိုဖရဲဖြစ်သွားသည်။
ဘယ်လိုတောင် အဓိကလှည့်ကွက်ကြီးလဲ ??
ကျီဖေးသည် ဒရာမာကြည့်ခြင်းတွင် အလွန်စွဲလန်းနေမိကြောင်းသတိပြုမိပြီး မတော်တဆစကားများထွက်လာကာ ပါးစပ်ကိုချက်ချင်းပိတ်လိုက်သည်။ နောက်ဆုံးအနေနှင့် ဒီအခြေအနေတွင် သူထပ်မံဝင်ရောက်စွက်ဖက်ခဲ့မည်ဆိုလျှင် သူပါပါဝင်လာမှာဖြစ်ပြီး တိုက်ခိုက်ခံရမည်ဖြစ်သည်။ သူသည် ဘေးမှစောင့်ကြည့်ခြင်းကိုသာနှစ်သက်သည်။
ချင်ရှန့်သာသူ့ကိုမကိုင်ထားဘူးဆိုလျှင် ကျီဖေးသည် အဆာ ပြေစားရင်း ရှိုးပွဲကိုထိုင်ကြည့်နေလိမ့်မည်။
"ငါ မယုံနိုင်ဘူး၊ အားလုံးက အတုတွေပဲ၊"
"ကောင်းပြီ၊ ကောင်းတယ်၊ ကောင်းတယ်၊ အွန်လိုင်းပေါ်ကနာမည်ကြီးစုံတွဲတွေက အတုတွေဖြစ်သလို အခုလက်တွေ့ ဘဝကစုံတွဲတွေကလည်း အတုတွေဖြစ်နေကြပြန်ပြီလား ? NPC တွေရဲ့ ဘဝက အရေးမပါဘူးလား? ငါယုံကြည်ထားတဲ့ လှပတဲ့အချစ်က ဘယ်မှာလဲ?!"
(T/N - NPC = None player character, Game ထဲကအသုံးအနှုန်းပဲ သူတို့က ကစားသမားမဟုတ်တဲ့ game character တွေ၊ ဘယ်ကိုသွားပါ ဘယ်လိုလုပ်ပါ ဘယ်ပစ္စည်းကိုယူပါ အဲ့လိုမျိုးလမ်းညွှန်ပေး တဲ့ character တွေပါ။ ဒီမှာပြောရမယ်ဆို ဘေးလူ၊ အပြင်လူပေါ့။)
"မင်းရဲ့ အချစ်ကိုပြသခြင်းက မြန်မြန်သေစေတယ်ဆိုတာကို ငါတကယ်ပဲ ယုံကြည်သွားပြီ!"
"ကိုယ့်ခြေထောက်ပေါ်ပြုတ်ကျမဲ့ကျောက်တုံးကို မထားရသလိုပဲဆိုတာ ဘာကိုပြောတာလဲ ငါနားလည်သွားပြီ။ လက်ထပ်ထားတဲ့စုံတွဲက အေးအေးချမ်းချမ်းလေးနေချင်ပေမဲ့ ယုကျစ်ကပြန်လာပြီး ဒီစတန့်ကိုဆွဲထုတ်လိုက်တော့ သူ့ ဘာသာသူပဲပြန်ထိခိုက်သွားရတယ်။"
" ဟာသပဲ၊ ကျူးလင်လင်က အချစ်မခံသူဆိုတာတတိယဘီးပဲလို့ ပြောလိုက်တာ၊ ဒါပေမဲ့အခု ဘယ်သူက တတိယဘီးလဲ ?"
[Tsk tsk tski ဒါကတကယ့်ကို ကျေနပ်စရာကောင်းတဲ့လမ်းခွဲမှုပဲ။ မရေမတွက်နိုင်တဲ့ CP fan တွေရဲ့ သင်္ဘောကြီးဖျက်စီးခံလိုက်ရပြီး သူတို့အထိတ်တလန့်နဲ့ကြည့်နေတာကို ငါကြည့်နေရသလိုခံစားရတယ်။]
ဆွေးနွေးမှုများသည် ကျယ်လောင်လာကာ ယုကျစ်လုံးဝတုန် လှုပ်သွား သည်။
ကျူးလင်လင် ယုကျစ်ဘက်လှည့်လိုက်သောအခါ သူ့မျက်နှာသည်ဖြူဖျော့နေခဲ့သည်။
"သူပြောတာအမှန်ပဲလား ? နင့်ရဲ့ အတိတ်တုန်းကအချစ်က အကုန်အတုအယောင်တွေပဲ၊ နင် ငါ့ကိုလိမ်တယ်၊"
[ အာ၊ တိတ်ဆိတ်မှုကကွဲအက်သွားပြီး၊ နောင်တတွေက အပြေးဝင်လာ]
[~]
သူ့တွင်ချင်ရှန့်နှင့်အခွင့်အရေးအား လုံးဝဆုံးရှုံးသွားပြီး သူ့ပုံရိပ်တွေပြိုပျက်သွားတော့မှာကိုသိပြီးနောက် ယုကျစ်၏နှုတ် ခမ်းတွေတုန်ရင်သွားသည်။ သူ့အနေနဲ့ အရှုံးတွေကိုဖြတ်တောက်ပစ်ရမယ်။
ရုတ်တရက်ယုကျစ်က ကြေကွဲသွားပုံရပြီး "ဟုတ်တယ်၊ ငါလုပ်ခဲ့တယ်"
သူက ချင်ရှန့်ကိုကြည့်ပြီး "အဲဒီတုန်းက နင်အရမ်းအေးနေတာတောင် ငါ နဲ့ချိန်းတွေ့ ဖို့သဘောတူခဲ့တယ်။ ငါဘာလုပ်ရမှာလဲ? ငါနင့်ကိုချစ်တယ်၊ အဲ့တာကြောင့် ငါ့ဘာသာ ငါဆုံးဖြတ်ချက်ချခဲ့တာ။ ပြီးတော့လူတိုင်းက ငါတို့ရဲ့ အချစ်ကိုစပြီးယုံကြည်ပြီးရင်း ယုံကြည်လာတယ်၊ ပြီးတော့ ငါ ရွေးချယ်စရာမရှိပဲ ရှေ့ကိုတွန်းပို့ခံလိုက်ရတယ်။ နင် အဲ့တာတွေကို မဖြေရှင်းတာမြင်တော့ နင်အကုန်လုံးကိုလက်ခံထားတယ်လို့ ငါတွေးခဲ့တာ။ အခုတော့နင်က ဒါတွေကိုငြင်းပြီး ငါ့ကိုမျက်နှာပျက်အောင်လုပ်တယ်။ နင် ဘာလို့ ငါ့အပေါ်အရမ်းရက်စက်တာလဲ? ငါက နင်အခြားပုံစံနဲ့ ဖော်ပြနေတယ်လို့အထင်လွဲနေခဲ့တာ ဒါပေမဲ့တကယ်တော့နင်က ငါ့ကိုအထဲဝင်စေချင်လို့ပဲ။ ငါက ငါအဖျားတွေ နင့်ဆီကူးသွားမှာကိုတောင် စိုးရိမ်နေခဲ့တာ၊ ငါ့ကိုစောင့်နေရလို့ နင်အချိန်ကုန်မှာကို စိုးရိမ်ခဲ့တာ၊ အဲ့တာကြောင့် သနားစရာကောင်းလောက်အောင်ကို ငါလမ်းခွဲခဲ့တာ... နောက်ဆုံးငါပြန်လာခဲ့ပေမဲ့ နင်ဘယ်လိုများ... ဒီလိုမျိုး ငါ့ကို လှည့်စားရတာလဲ၊ ဝူးးဝူးးဝူးးးး။"
ဝေဖန်သံများသည် ခေတ္တမျှပင်မခံနိုင်တော့ဘဲ ဤဝန်ခံချက်ကြောင့် လူတိုင်း ယုကျစ်ကိုစိုက်ကြည့်နေရင်း တဖြည်းဖြည်းနှုတ်ဆိတ်သွားခဲ့ကြသည်။
"ဒီလိုကိစ္စတွေကို မျက်နှာချင်းဆိုင်ပြောရတာ နည်းနည်းတော့ ဆိုးလွန်းတယ်၊"
"ယုကျစ်ရဲ့ ရိုးသားတဲ့ခံစားချက်တွေက လွဲမှားနေခဲ့တာပဲ၊ တကယ်တော့ အတော်လေးသနားစရာကောင်းပါတယ်။ သူနေမကောင်းနေတဲ့အချိန်မှာ ချန်ရှန့်ကိုပြန်တွေ့ နိုင်ဖို့မျှော်လင့် ချက်ကိုဆုပ်ကိုင်ထားတာ၊ ဒါတွေ အားလုံးကိုပဲကြားလိုက်ရတော့ - အဲဒါကိုတွေးကြည့်ရင် ကြေကွဲစရာပဲ။"
"အဲ့တာက တကယ်တော့ နားလည်နိုင်ပါတယ်။ နောက်ဆုံးတော့ ကျီဖေးရဲ့ တည်ရှိမှုက တရားမဝင်ဘူးလို့ ကောလဟာလတွေထွက်ပေါ်နေတော့ ယုကျစ်ပြန်လာတဲ့အခါ အချစ်စစ်ကိုစမ်းသပ်ချင်ပြီး သူ့ရဲ့ အချစ်စစ်ကို ပြန်လည်ရယူဖို့ကြိုးစားတာက လုံးဝကြီးခွင့်မလွှတ်နိုင်စရာတော့မဟုတ်ဘူး ဟုတ်တယ်မလား? သူတို့စုံတွဲက တကယ်အတူတူကောင်းကောင်း မွန်မွန်ပြန်ပေါင်းထုတ်နိုင်လိမ့်မယ်လို့ ငါတို့ မမျှော်လင့်ထားဘူး၊ ငါဒီနေ့ ဒီကိုမလာခဲ့ပဲ ဒါတွေကို ငါ့မျက်စိနဲ့တပ်အပ်မမြင်ခဲ့ဘူးဆိုရင် ငါ လည်းပဲ ယုံနိုင်မှာကိုမဟုတ်ဘူး!"
....
[ ငါသာ အမှန်တရားကိုမသိရင် ငါလည်းပဲ ယုကျစ်ကိုကိုယ်ချင်းစာမိလိမ့်မယ်။ ရိုးရိုးသားသားပြောရရင်၊ မားကတ်တင်းအကောင့်အနေနဲ့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် သရုပ်ဆောင်တစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ နင်က လုပ်ငန်းနယ်ပယ်မှာထိပ် တန်းအရည်အချင်းရှိသူဖြစ်မှာ၊ အခုအချိန်မှာတော့ သူအခြေ အနေတွေပြောင်းပစ်တာကို ငါတို့ထိုင်ကြည့်မနေနိုင်ဘူး။ငါတို့ သူ့ကျန်းမာရေးပြဿနာကိုအရင်မေးမြန်းပြီး သက်သေပြခိုင်းရမယ်။ သူသာ သက်သေမပြရဲရင် အဲ့တာကသူ့လိမ်နေတယ်ဆိုတာပြနေတာပဲမဟုတ်လား?]
သို့ပေမယ့် ကျီဖေး မလုပ်ဆောင်ရသေးခင်တွင်။
ချင်ရှန့်သည် ကျီဖေးတိုက်ခိုက်ခံရမည့်အန္တရာယ်ကို လက်မခံနိုင်သောကြောင့် ထပ်မံကြားဖြတ်ပြောလာခဲ့သည်။
"ငါ အခုမှတ်မိပြီ၊ မင်း နိုင်ငံခြားမသွားခင်တုန်းက၊ မင်း ချင်အဖွဲ့ အစည်းပိုင်တဲ့ပုဂ္ဂလိကဆေးရုံမှာ အတန်းတင်ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုမှာ ပါဝင်ခဲ့တာကိုမှတ်မိပြီ။ မင်း ငါ့ရည်းစားမို့လို့ တစ်ယောက်ယောက်က မင်းရဲ့ဆေးစစ်ချက်အစီရင်ခံစာကိုပြခဲ့တယ်... ဘာပြဿနာမှမရှိပါဘူး။ ဘာလဲ ? အဲဒီနှစ်ရက်အတွင်းမှာ မင်း ရုတ်တရက်ဖျားသွားတာလား?"
ဤလိမ်ညာမှုသည် ယုကျစ်၏မျက်နှာမှအရောင်အားလုံးကို ချက်ချင်းဖယ်ထုတ်ပစ်လိုက်သည်။
တကယ်ဖြစ်ခဲ့တာလား ?
သူဘာကြောင့်မမှတ်မိနိုင်ရတာလဲ? ထိုအချိန်တွင်သူသည် အလုပ်များလွန်းပြီး အရာများစွာဖြင့်ရှုပ်နေခဲ့သည်။
သို့ပေမယ့် ချင်ရှန့်အရမ်းတည်ငြိမ်နေတာကိုမြင်လိုက်ရတော့ အဲ့တာ အမှန်ပဲလား!!!
သူ ပြီးသွားပြီ...