အခန်း (၁၉၈)
Vol. 20 Ch. 198
ယုကျစ် ရပ်တန့်သွားပြီး ချင်ရှန့်ကို မယုံနိုင်စွာကြည့်နေသည်။
အခြားလူများလည်း အံ့အားသင့်သွားကြသည်။ ဘယ်လိုမှမဖြစ်ဘူး... ချင်ရှန့်က Qin Corporationရဲ့ CEO ဆိုရင်တောင် နိုင်ငံခြားထိတော့ ဩဇာမလွှမ်းမိုးနိုင်ပါဘူး။
"ချင်ရှန့် မင်း တကယ်မေးမှာလား..."
အလွန်သိချင်နေသူ ကျင်းရန်သည်ပင် အံ့သြသွားသည်။ သူဒီလောက် ဖိအားပေးဖို့စီစဉ်ထားတာလား ? လိုမှ မလိုအပ်တာ။
လက်ရှိအခြေအနေအရ အမှန်အတိုင်းသာဆိုလျှင် ယုကျစ်သည် ရောဂါကြောင့် ဆေးရုံတွင် ကုသမှုခံနေရတာဖြစ်သည်။ ယုကျစ်သည် ထိုအကြောင်းကို လိမ်ပြောလောက်အောင်ထိတော့ တုံးအမည်မဟုတ်ချေ။
ထိုသို့ အန္တရာယ်ရှိသော စစ်ဆေးမှုသည် ချင်ရှန့်လိုလူမျိုး လုပ်တက်သည့်အရာမဟုတ်ပေ။သူ စိတ်မြန်လွန်းနေသည်။ သူ အ ဖြေမရတာတို့၊ ယုကျစ်ပြောခဲ့တဲ့အတိုင်းသာဖြစ်နေရင် ဘယ် လိုလုပ်မလဲ? ဒါက ကိုယ့်ကိုယ်ကိုအရှက်ခွဲတာပဲ မဟုတ်လား။
ချင်ရှန့်က သူ့ပုံရိပ်သူတောင် သူ ဂရုမစိုက်တော့ဘူးလား?
ကျီဖေးလည်း ချင်ရှန့်ကို ရှုပ်ထွေးစွာ ကြည့်နေသည်။ သူမလည်း ထိုဆုံးဖြတ်ချက်မှာ အလောတကြီးနိုင်သည်ဟု ထင်ဟည်။ သူ့စုံစမ်းမှုသည် ယုကျစ်၏ပြောဆိုချက်များကို သွယ် ဝိုက်၍ သက်သေပြလိုက်သလိုပင်။
ကျီဖေး စိတ်ထဲတွင် အတွေးပေါင်းစုံဖြင့် ပြည့်နှက်နေသည်။
[ယုကျစ် လိမ်နေတယ်လို့ သူတကယ်ထင်နေလို့ ဒီလိုဆုံးဖြတ်တာဖြစ်နိုင်တယ်၊ ဒါပေမဲ့ အခုချက်ချင်း စစ်ဆေးတာကအ ရမ်းလောလွန်းတယ်...]
ချင်ရှန့်သည် သူမ၏အတွေးများကိုကြားသောကြောင့် မကြည်ကြည့် တစ်ချက်ကိုပစ်လွှတ်လိုက်သည်။
"ဖုန်းဆက်ပြီးမှ ပြောကြတာပေါ့"
ချင်ရှန့် တင်းမာသောလေသံဖြင့် ပြောသည်။
ကျီဖေးသည် သူ၏စိတ်အခြေအနေ ဆိုးရွားနေသည်ကို သတိ ထားမိသဖြင့် သူ့အတွေးများကို အမှတ်တမဲ့ရပ်မိလိုက်သည်။ အမှန်လည်း သူဒီလို ဆုံးဖြတ်ချက်မျိုးကိုမချသင့်ပေ။ သူ့လိုမျိုး လူက ထိုသို့သေချာမှုမရှိပဲနဲ့ လုပ်တဲ့သူမဟုတ်ချေ။
ယုကျစ်သည် သူ့ကို နောက်တစ်ကြိမ်လိမ်ဖို့ကြိုးစားနေကာ ကျီဖေးကိုလည်း တစ်ခါတည်းဆွဲချသွားဖို့ တွေးနေခြင်းပင်။ အကယ်၍ သူ မအောင်မြင်ခဲ့ပါက ယနေ့ည ပွဲအပြီးတွင် သူမသည် သူ့ကို မည်မျှလေးလေးနက်နက်ချစ်ကြောင်းနှင့် ကျီဖေး သည် မစ္စချင်ဆိုသည့် ရာထူးသို့ရဖို့ မည်မျှတစ်ကိုယ်ကောင်းဆန်ခဲ့သည်ဟုသော ကောလဟာလများသည် ချက်ချင်းအုံကြွသွားပေမည်။
သို့ဖြစ်ရာ သူ ယုကျစ်ကို ကျီဖေးအား ပစ်မှတ်ထားခွင့်ပြုနိုင်ပါမည်နည်း။
လေထုသည် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းစွာလေးလံနေ သည်။
ယုကျစ်သည် ချင်ရှန့်မှာ သူမအား အမှန်တကယ်သံသယဖြစ်ရှိနေမည်ဟု မမျှော်လင့်ထားသဖြင့် သူမ နာကျင်ရသည်။
ယခုအချိန်တွင် သူမ နိုးထလာပြီး စိတ်ကူးယဉ်မှုကို ရပ်တန့်လိုက်တော့သည်။ ချင်ရှန့်သည် သူမကို ဘယ်တုန်းကမှ မချစ်ခဲ့သည့်အပြင် ယခုဆိုလျှင် သူမ ဂုဏ်သိက္ခာပင် ထည့်မစဉ်းစားတော့ချေ။
ယုကျစ်သည် သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး နှလုံးသားထဲတွင် မုန်းတီးမှုများပြည့်နှက်နေသည်။ သူ တစ်ချက်တွေးပြီး သူ့ကို ဖုန်းဆက်ခွင့်ပေးပြုလိုက်သည်။ ချင်ရှန့် သူမ ထိုနေရာတွင်နေတယ်ဆိုတာသိသရွေ့အဖြစ်မှန်သည်ပေါ်လာလိမ့်မည်။
ယနေ့ညတွင် သူမသည် သနားစရာကောင်းသည့်နေရာကို အပြည့်အ၀သိမ်းယူလိုက်သည်။
သူမ မိသားစုသည် ဤတိုင်းပြည်ကိုစိတ်ပျက်လက်ပျက် ပြန်ရောက်နေပြီဖြစ်သည်။ သူမသာ ကောင်းမွန်သည့်နောက်ခံမရှာ နိုင်ပါက သူမ မိသားစုအတွက်လည်း အကျိုးရှိမှာမဟုတ်ချေ။ လက်တွဲဖော်ရှိသည့်အမျိုးသမီးတစ်ယောက်သည် မျက်နှာနှစ်ဖက်ရှိသည့်လူထက် ပိုကောင်းသည်။
ထို့ကြောင့် ယခုကိစ္စသည် သူမ ကိုယ်ရေးကိုယ်တာအတွက်သာ အရေးပါသည်မဟုတ်ဘဲ သူ့ မိသားစုအတွက်လည်း အရေးပါသောအရာဖြစ်သည်။
ထိုအချိန်တွင် ချင်ရှန့်သည် သူမအပေါ် အပြစ်ရှိသည်ဟု ခံစားရလိမ့်မည် မဟုတ်ပါလား? သူ အရင်က သူမကို မချစ်ခြင်းခဲ့ဘူးဆိုရင်တောင် အပြစ်ရှိသလိုခံစားရသ၍ သူမမှာ အခွင့် အရေးရှိနေတုန်းပဲ! သူမ ဦးနှောက်မရှိသော ကျီဖေးကိုရှုံးလိမ့်မည်ဟု လုံး၀မယုံချေ။
ခဏအကြာ ချင်ရှန့်၏ဖုန်းမြည်လာသည်။ ဖုန်းခေါ်ဆိုမှုသည် သာမာန်သာဖြစ်သော်လည်း လူတိုင်းသည် ဘာဖြစ်မည်ကို သိချင်စိတ်ပြင်းပြကာ အဖြေကိုစောင့်မျှော်နေကြသည်။
ချင်ရှန့်သည် စပီကာဖွင့်ကာ ခေါ်လိုက်သည်။
နိုင်ငံခြားသား အသံတစ်သံ ထွက်လာသည်။
ထိုသူ၏စကားများသည် အင်္ဂလိပ်လိုမဟုတ်သော်လည်း လူ တော်တော်များများကတော့နားလည်နိုင်သည်။
ကျီဖေးသည် အစပိုင်းတွင် နားမလည်နိုင်လောက်ဟု ထင်သဖြင့် အတင်းအဖျင်းပြောတာကိုပင် မေ့သွားသည်အထိ စိတ်ပျက်သွားခဲ့သည်။ သို့သော် အံ့သြစရာကောင်းစွာ သူမ ကောင်းကောင်းနားလည်နေသည်။
ထိုခံစားမှုသည် အတင်းပြောရတာထက် ပျော်စရာကောင်းသည်။ ။
ဥပမာ အင်္ဂလိပ်စာကို ညံ့သူတစ်ယောက်အတွက် ရုတ်တရက် ကျွမ်းကျွမ်းကျင်ကျင်နားလည်သွားသလိုပင်။
ထူးဆန်းလိုက်တာ၊ ဒါက မှတ်ဉာဏ်တစ်ခါတည်း ပေါင်းထည့်သလိုလား? ကိုယ်တိုင်လေ့လာတာမျိုး မဟုတ်ပဲနဲ့လေ?
သို့သော် အတင်းအဖျင်းသည် ပိုအရေးကြီးပေသည်။ သူမ ယခုလို နိုင်ငံခြားဘာသာစကားကျွမ်းကျင်မှုကို အလိုလိုရသွားလို့ အတိတ်ကိုတောင် ကျေးဇူးတင်မိသွားသည်။
"မင်္ဂလာပါ မစ္စတာချင်၊ ကျွန်တော်က A မြို့တော် XX Sanatorium ဝန်ဆောင်မှုဌာနကပါ၊ ဘာများကူညီပေးရမလဲ"
"ငါ့မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်..."
ချင်ရှန့်သည် သာယာသောလေသံဖြင့် နိုင်ငံခြားဘာသာစကားကို ကျွမ်းကျင်စွာပြောလိုက်သည်။
နောက်ဆုံးတော့ မေးပြီပဲ!
ယုကျစ်သည် အသက်ရှုအောင့်လိုက်မိသည်။ သူမသည် တစ် စုံတစ်ရာလွဲချော်သွားမည်ကို စိုးရိမ်နေမိက ချင်ရှန့်ကို မေးမည်ကို စောင့်ဆိုင်းနေခဲ့သည်။
"သူ့မှာ ရှားရှားပါးပါး ရောဂါခံစားရလို့ မင်းတို့ ဆေးခန်းဆီ လာတက်တာလဲ သိလို့ရမလား ?"
ပရိသတ်ကြီး : ဟမ် ?
သူ ယုကျစ် အဲ့မှာတက်ခဲ့လားလို့ မေးရမှာမဟုတ်ဘူးလား ?
ဒါ ဘယ်လိုမေးခွန်းကြီးလဲ?
လူတိုင်း မေးခွန်းများဖြင့် ပြည့်နှက်သွားသည်။
တစ်ဖက်ရှိလူသည် လူနာ၏အထောက်အထားအချက်အလက်ကို ယဉ်ကျေးစွာမေးမြန်းသည်။
ချင်ရှန့်သည် သူ့နိုင်ငံမှ သူငယ်ချင်းတစ်ယောက်ဟုသာဖြေလိုက်သည်။
သူပြောတာကို နားထောင်ပြီး အားလုံးအံ့သြသွားသည်မှာ တစ် ဖက်လူမှ တောင်းပန်မလာသည်အထိပင် "တောင်းပန်ပါတယ် မစ္စတာချင်၊ ကျွန်ုပ်တို့ရဲ့ဆေးရုံက Aမြို့တော်က အထက်တန်းလွှာ ဧည့်သည်တွေကိုပဲ ဝန်ဆောင်မှုပေးတယ်ဆိုတဲ့ စည်းမျဉ်းတစ်ခုရှိပါတယ်"
ထိုအခါမှ ချင်ရှန့်၏မျက်ခုံးများပြေလျော့သွားသည်။
လူအုပ်ကြားတွင် ပထမဆုံးတုံ့ပြန်သူမှာ ရဲအရာရှိလောဖေးဖြစ်ပြီး သူသည် ယုကျစ်ကို ချက်ချင်းလှည့်ကြည့်သည်။
ယုကျစ်လည်း တစ်ခုခုကိုသတိပြုမိသွားပြီး မျက်လုံးများပြူးကျယ်သွားကာ တုန်ရီလျက် နှုတ်ခမ်းများလည်းတစက်စက် တုန်နေသည်မှာ ရပ်တန့်မသွားတော့ပေ။
ချင်ရှန့်သည် ဖုန်းထဲရှိ ဝန်ထမ်းကို မကျေနပ်လေသံပုံဖမ်းကာ
"ဒါပေမဲ့ ယုမျိုးရိုးနဲ့အမျိုးသမီးက မင်းတို့ဆေးရုံမှာ နှစ်အ တော်ကြာနေသွားတာဆို၊ သူ့အကြောင်း ငါ ကြားပြီးပြီ၊ ငါသိသလောကဆို သူက ငါတို့နိုင်ငံသားပဲရှိသေးတာပါ၊ အဲဒါကြောင့် ငါ့သူငယ်ချင်းကိုလည်း အဲဒီကိုပို့ချင်တာ၊ ဒါပေမဲ့ မင်းက အခု မရဘူးလို့ပြောတာပဲ၊ ငါ မင်းတို့ ဒါရိုက်တာနဲ့စကား ပြောမှနဲ့တူတယ်"
ဆေးရုံသည် အဆင့်အတန်းမြင့်သော်လည်း ချင်ရှန့်၏အဆင့် အတန်းကို အလွယ်တကူမစော်ကားနိုင်ချေ။
၀န်ထမ်းသည် ယခင်စကားများအရ ချင်ရှန့်၏ အထောက်အ ထားကိုသိခဲ့သဖြင့် ပြာပြာသလဲရှင်းပြလာသည်။
၎င်းတို့ ဆေးရုံသည် လူနာ၏ အချက်အလက်ကို ထုတ်ဖော်မပြနိုင်သော်လည်း ၎င်းတို့၏ဆေးရုံသည်လူသိများသဖြင့် ဤနေရာကိုလာဖူးသူများအကြောင်း ပြောရင်တော့ ချိုးဖျက်ရာမရောက်ချေ။
"မစ္စတာချင်.. ဒီကိစ္စက ဒါရိုက်တာမပါဘဲနဲ့ ကျွန်တော် ရှင်းရှင်း လင်းလင်းရှင်းပြနိုင်ပါတယ်၊ ယုမျိုးရိုးနဲ့ အမျိုးသမီးက ကျွန် တော်တို့ ဆေးရုံးမှာနှစ်အတော်ကြာနေခဲ့ပေမယ့် သူမက ဒီက လူနာမဟုတ်သလို ကုသမှုလည်းမခံယူဖူးပါဘူး၊ သူက တစ် ယောက်ယောက်နဲ့ လိုက်လာရုံပါပဲ၊ ကျွန်တော်တို့ရဲ့ ဆေးရုံက ဘယ်တုန်းကမှ ပြင်ပကလူတွေကို မကုပေးပါဘူး၊ ကျွန်တော်တို့ စည်းမျဉ်းကို..."
လူတိုင်း နားမထောင်နိုင်ကြတော့ချေ။
အဘယ့်ကြောင့်ဆို အမှန်တရားထွက်ပေါ်လာပြီဖြစ်သည်။
သူသည် လူနာလည်းမဟုတ်သလို ကုသခံရခြင်းလည်းမရှိပဲ လူနာတစ်ယောက်ယောက်နှင့်အတူ လိုက်သွားရုံပါပဲ။ ဒါဆို လူနာကို ပြုစုဖို့သွားတာပဲမလား ?
"Fuck ! သူ တကယ်လိမ်နေတာပဲ!"
"ဘုရားရေ၊ သူ ဘယ်လိုတောင် လိမ်နိုင်ရတာလဲ!"
"ခဏလေး... သူတို့ဆီက လူနာတွေကချမ်းသာတဲ့ အထက် တန်းလွှာတွေလို့ပြောတယ်လေ ယုမိသားစုက ပြည်ပမှာ အထက်တန်းလွှာက ဆွေမျိုးတွေရှိတယ်ဆိုတဲ့ သတင်းလည်း မကြားမိပါဘူး၊ ယုမိသားစုရဲ့သမီးက အဲ့မှာ ဘာလုပ်နေတာလဲ"
"ဒါက... နိုင်ငံခြားမှာ အခုလိုအခြေအနေတူတဲ့ အရှုပ်တော်ပုံတစ်ခုရှိတယ် သူမက... စေ့စပ်ထားတဲ့သူရဲ့ အမေကိုပြုစုဖို့တဲ့၊ အဲ့သတင်းက အရမ်းနာမည်ကြီးတာ!"
"ဒါဆို ဆိုလိုတာက... သူက နိုင်ငံခြားမှာရှိတဲ့ အထက်တန်းလွှာမိသားစုနဲ့လက်ထပ်ဖို့စီစဉ်နေတာပဲ၊ ဒါကြောင့် လူနာကို စိတ် ကျေနပ်အောင် ကုသဆောင်ကိုသွားတာပေါ့"
"ဟုတ် လောက်တယ်!"
"ဒါဆို သူဘာလို့ ပြန်လာတာလဲ"
"သေချာပေါက် မအောင်မြင်လို့ ပေါ့၊ ချင်ရှန့်ဘက်ကို မြှားဦးလာလှည့်လာတယ်လေ"
[နင်တို့ ပြောတာမှန်တယ်!]
ဖရဲသီးကြီးသည် အလွန်ကြီးမားသောကြောင့် လူတိုင်း၏ဆွေး နွေးသံများသည် စိတ်လှုပ်ရှားမှုကြောင့် ထိန်းချုပ်လို့မရတော့ပဲ ကျယ်လောင်လို့လာသဖြင့် ကျီဖေးလည်းကြားရသည်။
ကျီဖေးကြားသလို တခြားလူများလည်း ကြားမှာပင်။ ယုကျစ် ၏မျက်နှာသည် လူသေတစ်ယောက်ပမာ ဖြူဖျော့နေသည်။
ဒီဖုန်းတစ်ကောကြောင့် သူမ တကယ် အဆုံးသတ်သွားလေပြီ။
သူမ နောက်တစ်ကြိမ်ပြန်လာရန်ရော ရှင်းပြရန်ပါ အခွင့်အ လမ်းမရှိတော့ပေ။
လူအများသည် သူမကို ရှုတ်ချနေကြပြီး အတင်းပြောသံများ သည် ဖုန်းများမှတဆင့် လူတိုင်းထံ ပျံ့နှံ့နေတော့သည်။
"သူက အစထဲက ငါတို့ရဲ့ ချင်ရှန့်ကို အရန် အစီအစဉ်တစ်ခုအနေနဲ့ ဆက်ဆံခဲ့တာလား ?! သူမက နောက်တစ်ကြိမ်တောင် ပြန်လာရဲသေးတယ်! ရူးများ ရူးနေလား မသိဘူး"
"ချင်ရှန့်တောင် ဉာဏ်မကောင်းဘူးဆိုရင် အခုအချိန်မှာ သူ့ကို နှလုံးသားမဲ့တဲ့သူဆိုပြီး အစွပ်စွဲခံနေလိမ့်မယ်၊ သူ့ရဲ့ အကြံအ စည်တွေက တကယ်နက်နဲလွန်းတယ်"
"ဘယ်လောက်တောင်ကောင်းလိုက်တဲ့ပွဲတုန်း၊ ယုကျစ်က ဘယ်လို သရုပ်ဆောင်ရမလဲဆိုတာ တကယ်သိတာပဲ!"
"အဓိကတော့ သူက အရင်စတဲ့သူပဲလေ၊ နည်းနည်းလေးတောင်မရပ်ပဲနဲ့ ဆက်တိုက်ကိုလိမ်နေတာ၊ အဲ့တော့ မင်းသာ မသေချင်ရင် ဘာဆို ဘာမှ မလုပ်ရင်ရပြီ"