အခန်း (၁၉၉)
Vol. 20 Ch. 199
ယုကျစ်သည် ပြင်းထန်သောရိုက်ချက်ကြောင့် ထိုင်ခုံပေါ်မှ ပြုတ်ကျသွားကာ ခေါင်းများထူပူနေသည်။
"ခွေးလိုကောင်မ! နင် ငါ့ကို လိမ်ခဲ့တာလား!"
ကျူးလင်လင်၏အသံသည် ခန်းမအတွင်း ပဲ့တင်ထပ်သွားသဖြင့် ၎င်းတို့သည် တစ်ချိန်က အလွန်ရင်းနှီးသောသူငယ် ချင်းများကို တစ်လှည့်ဆီကြည့်နေကာ အံ့အားသင့်နေကြသည်။
ယုကျစ်သည် ချမ်းသာသောမိသားစုမှဖြစ်သောကြောင့် ယခင်က ထိုသို့ တစ်ခါမှအရိုက်မခံဖူးချေ။ သူမ၏ လှပသော ပါးပြင်လေးများလျင်မြန်စွာ နီမြန်းလာပြီး ကျူးလင်လင်ကို ပြင်းပြင်း ထန်ထန် စိုက်ကြည့်လိုက်သည်။
ဒေါသကြောင့် သူမ၏ယခင် ဟန်ဆောင်မှုများသည် လုံးလုံး လျားလျား ကွာကျသွားသည်။
"နင့်ငါ့ကို ရိုက်ရဲတယ်ပေါ့! ကျူးလင်လင် နင် ရူးသွားပြီလား!"
"တကယ်ရူးတဲ့သူက နင်ပဲ! သောက်ရှက်မရှိတဲ့ဟာမ! နင် ငါ့ကို ဘာလို့ လိမ်ခဲ့တာလဲ? ငါ နင့်ဘက်က ရပ်တည်ပေးခဲ့တာလေ၊ ချင်ရှန့်ကိုရအောငိ ကျီဖေးကို တိုက်ခိုက်ဖို့ ငါ ကူညီပေးခဲ့တယ်၊ ဒါတောင် နင် ငါ့ကို ဘယ်လို သစ္စာဖောက်နိုင်ရတာလဲ? နင်ရဲ့ ရောဂါကအတုပဲ၊ ပြီးတော့ နင်နဲ့ ချင်ရှန့်ရဲ့ ဆက်ဆံရေးကလည်း အတုပဲ! နင် အစကတည်းက ငါ့ကို လိမ်ခဲ့တာ"
ကျူးလင်လင်သည် အမှန်တကယ် စိတ်ထိခိုက်သွားသည်။ ယုကျစ်၏ ပုံစံအမှန်ကိုမြင်လိုက်ရချိန် ၎င်းမည်မျှရွံဖို့ကောင်းကြောင်းသိသွားသည်။ ကျူးလင်လင် လုံး၀လက်မခံနိုင်ပေ။ သူမစိတ်ထဲရှိ ပြီးပြည့်စုံသည့် ယုကျစ်သည် ကောင်းကင်ဘုံက ဖန်တီးထားသည့်အလား ပြီးပြည့်စုံသော ချင်ရှန့်နှင့် ထိုက်တန်သူဖြစ်သည်။
ယုကျစ်လို လူတောင် ချင်ရှန့်နဲ့ ချစ်သူဖြစ်သွားပါက သူမ ဘာကန့်ကွက်စရာရှိဦးမည်နည်း? အနည်းဆုံးတော့ သူမ ချင်ရှန့်အပေါ်ထားသည့် ခံစားချက်များကို မြိုသိပ်ထားရုံသာ။ သူသာ ယုကျစ်နှင့် အတူရှိလိုလျှင် မိသားစုအခက်ခဲများကိုလည်း လျစ်လျူရှုနိုင်လိမ့်မည်။
သို့သော် ယုကျစ်သည် ချင်ရှန့်နှင့် ဆက်ဆံရေးကို အမြဲတမ်းလှပစွာ ပြောတက်သောကြောင့် ကျူးလင်လင်သည် မနာလိုမိပဲတော့မနေချေ။ သို့သော် သူမတွင် မျှော်လင့်ချက်မရှိသလို ရွေးချယ်စရာလည်းမရှိသောကြောင့် ချင်ရှန့်ကို ရဖို့ကြိုးစားမည့်အစား ၎င်းတို့၏ဆက်ဆံရေးကို ထောက်ပံ့ရန်ရွေးချယ်လိုက်သည်။
အခုတော့ အရာအားလုံးသည် ဟာသတစ်ခုလိုပင်။
ယုကျစ်၏လိမ်လည်မှုကြောင့် သူမ၏ဘဝတစ်ခုလုံးကို ဖြုန်း တီးမိသွားသည်ဟု ကျူးလင်လင်ခံစားလိုက်ရသည်။
ယုကျစ်၏ မျက်နှာသည် စိမ်းတစ်လှည့်နီတစ်လှည့်ဖြစ်နေ သည်။ သူမ အားလုံးဆုံးရှုံးခဲ့ရသလို ကျူးလင်လင်၏ သစ္စာ ဖောက်မှုသည် သူမ၏စိတ်အခြေပနေကို ပိုဆိုးသွားစေခဲ့သည်။
ယခု သူမသည် အိမ်ထောင်ရှင်ယောက်ျားကိုခိုးယူပြီး ၎င်း၏ ဇနီးကို ပစ်မှတ်ထားရန်ပြန်လာကြောင်း လူတိုင်း ရှင်းရှင်းလင်း လင်းသိသွားကြပြီဖြစ်သည်။
ထိုအရာများသည် အထက်တန်းလွှာများအတွက် ပုံမှန်ဖြစ်ရိုး ဖြစ်စဉ်ဖြစ်သော်လည်း လူတိုင်းသည် ဂုဏ်သိက္ခာကိုတော့ ထိန်းထားဆဲဖြစ်သည်။ သို့ဖြစ်ရာ မည်သူမှ ပွင့်လင်းစွာ လက်ခံမည်မဟုတ်ချေ။
လှောင်ပြောင်သံများ ပိုကျယ်လောင်လာသည်မှာ သူမ ကြားလုနီးပါးပင်။
ဤသည်မှာ အမှန်ပင် သူမ၏နောက်ဆုံးကျန်ရှိနေသော ဂုဏ်သိက္ခာကို ဖယ်ထုတ်ခံလိုက်ရပြီး နောက်ဆုံးကောက်ရိုးမျှင်လေးကို ဆုံးရှုံးသွားခြင်းဖြစ်သည်။
ယုကျစ်သည် ချင်ရှန့်ဆီသို့ အလိုလိုလှည့်ကြည့်မိသည်။
[ဒါပေါ့၊ ပရိသတ်တွေက နင့်ကို ဆန့်ကျင်တာက ပျက်စီးမှုပိုဖြစ်စေနိုင်တာပဲ၊ ဟားဟား စိတ်လှုပ်ရှားစရာကောင်းလာပြီ၊ တိုက်ကြ... တိုက်ကြ...]
ချင်ရှန့်သည် ကျီဖေး၏အူမြူးနေသော အတွေးများသည် ရယ်စရာကောင်းသည်ဟုထင်မိသည်။ သို့သော် သူ တစ်စုံတစ် ခုကိုသတိရသွားပုံကာ ယုကျစ်၏အကြည့်ကို လုံးဝ သတိမမူမိဘဲ ကျီဖေးအား ခပ်တိုးတိုးပြောလိုက်သည်။
"မင်း ဒီဖုန်းပြောတာတွေကို နားလည်တယ်ပေါ့...?" ချင်ရှန့် ဦးစွာမေးလိုက်သည်။
ကျီဖေး အံ့ဩသွားပြီး "နားလည်တယ်လေ"
ချင်ရှန့် အံ့အားသင့်သွားသည်။
ထူးဆန်းသည်မှာ တစ်ခါက သူသည် နိုင်ငံခြားလုပ်ဖော်ကိုင် ဖက်များနှင့် တွေ့ဆုံရန်သည့်အချိန် ထိုစဉ်ကကျီဖေးလည်း အနားမှာရှိနေပြီး သူမသည် ထိုစကားများကို နားမလည်ဟုပြောခဲ့သည်။
သူ နောက်မှ သင်လိုက်တာလား ?
ချင်ရှန့် သူ့သံသယများကိုမဖော်ထုတ်ခဲ့ပေ။
ကျီဖေးသည် ချင်ရှန့်မှာ သူ၏အမည်ခံဇနီးကိုကောင်းကောင်းမသိလောက်ဟုသာထင်ခဲ့သဖြင့် များစွာမစဉ်းစားတော့ပဲ ဒရာမာကိုသာ ဆက်လက်ခံစားနေခဲ့သည်။
ထိုအချိန် ကျူးလင်လင်သည် ရူးသွပ်သွားပြီး ဒေါသပိုကြီးလာသည်။
သူက "ခွေးလိုမိန်းမ!"
ယုကျစ် သည်းခံနိုင်စိတ်များကုန်ခမ်းသွားသည်။
"တကယ့် ခွေးကနင်! နင်ဘာလို့ ငါနဲ့သူငယ်ချင်းဖြစ်ချင်လဲဆိုတာ ငါ မသိဘူးလို့မထင်နဲ့၊ နင်လည်း ချင်ရှန့်ကို ကြိုက်နေတာလေ၊ နင် ချင်ရှန့်ကိုနေ့တိုင်းတွေ့ရအောင် ငါ့ဘေးမှာ သူငယ် ချင်းတစ်ယောက်အနေနဲ့ နေခဲ့တာမလား? နင် သူ့အင်္ကျီကို ဖက်ပြီး တိတ်တိတ်လေး ခိုးနမ်းတာတောင် ငါ မြင်ဖူးသေးတယ်!"
ထိုထုတ်ဖော်ပြောဆိုချက်သည် လူတိုင်းကို ထိတ်လန့်တကြားဖြစ်စေပြီး ၎င်းတို့၏မျက်လုံးများသည် မယုံကြည်နိုင်စွာပြူးကျယ်စေသည်။
ချင်ရှန့်ပင် အေးခဲသွားသည်။
ကျီဖေး လှည့်ကြည့်လိုက်ချိန် ချင်ရှန့် လန့်နေသည်ကိုအရှင်းသားမြင်ရသည်။
[ငါ ခုနက ပေါက်ပေါက်စားဖို့ပဲ အာရုံရောက်နေလို့ အခု တစ်ချက်လောက်ကြည့်လိုက်ဦးမယ်... အိုးမိုင်ဂေါ့! ဒါ တကယ်အမှန်ပဲဟ! တစ်ယောက်က သူ့ကိုအရန်အဖြစ် သဘောထားပြီးတော့ နောက်တစ်ယောက်က သူ့ကိုစွဲလန်းနေတယ်၊ သူတို့က ဘယ်လိုလူစားမျိုးလဲ၊ ငါ ချင်ရှန့်ကို ကိုယ်ချင်းစာလာပြီ၊ ရှင့်အတွက် ကျွန်မ ဖယောင်းတိုင်တစ်တိုင်ထွန်းပေးပါတယ်]
ချင်ရှန့်သည်လည် မူးနျောက်နျောက်ဖြစ်ကာ အနည်းငယ်မှိန်းမောသွားရသည်။
ကျီဖေးသည် သူ၏ဖြူဖပ်ဖြူရော်မျက်နှာကိုမြင်သဖြင့် သူ့အား ကိုယ်ချင်းစာသည့်အလားပုခုံးကိုပုတ်လိုက်သည်။
စားပွဲပေါ်ရှိ အခြားလူများသည် ဘာပြောရမှန်းမသိဘဲတုန်လှုပ် ချောက်နေသည်။
လူတိုင်းသည် ကျီဖေးမှ ချင်ရှန့်အားနှစ်သိမ့်ပေးနေတာ မြင်တော့ သူတို့ရယ်ချင်သလိုလိုဖြစ်သွားသည်။
ဒါပေါ့၊ သူတို့ ပျောက်ကွယ်သွားမှာကြောက်လို့ တိတ်တိတ်လေးပဲရယ်ရတာပေါ့၊
ကျူးလင်လင်သည် ချင်ရှန့်အားသဘောကျနေသည့်ကိစ္စကို ဖော်ထုတ်ခံရမည်ကို မကြောက်သော်လည်း ယခုလိုလူအများရှေ့တွင်ထုတ်ပြောလာခြင်းကြောင့် ဒေါသထွက်မိသည်။ သူမသည် ယုကျစ်၏ဆံပင်များကို ဆောင့်ဆွဲကာ ပါးစပ်မှလည်း မရပ်မနားဆဲနေသည်။
"ငါ နင့်ကိုသတ်မယ်”
ယုကျစ်သည်လည်း အထက်တန်းစားလွှာမှ အဖြူထည်ပုံရိပ်လေးပျက်ပြယ်သွားပြီး ကျူးလင်လင်ကို ပြန်လည်တိုက်ခိုက်ခဲ့သည်။
လူတိုင်း အံ့ဩသွားသည်။ ယခုလိုမြင်ကွင်းမျိုးသည် ရှားရှား ပါးပါးမြင်ရခြင်းဖြစ်ပြီး လျှို့ဝှက်စွာ ဓာတ်ပုံရိုက်ဖို့ဖုန်းများကို ထုတ်လိုက်ကြသည်။
ယခုလို မြင်ကွင်းမျိုးဖြစ်မျိုးသည် နောက်ဆုံးအကြိမ် တွေ့ဆုံပွဲတုန်းက ကျီဖေးအစပြုခဲ့သည့်အချိန်တုန်းကပင်။
ထိုအချိန်က ကျီဖေးသည် သူ့ဒေါသကိုတစ်ယောက်တည်း ဖြေဖျောက်ခဲ့ပြီး ချင်ရှန့်သည် ထိုကြီးမားသော ရုတ်ရုတ်သဲသဲဖြစ်ခြင်းကိုတားဆီးခဲ့သည်။
ယခုအခြေအနေတွင် အမျိုးသမီးနှစ်ဦးစလုံးသည် ဆံပင်များဆောင့်ဆွဲကာ ပါးများဘယ်ပြန်ညာပြန်ရိုက်နေပြီး ဆဲဆိုမှုများ သည်လည်း ပိုပရမ်းပတာဖြစ်လာတာပိုမိုပြင်းထန်လာခဲ့သည်။
အဆုံးတွင်ရှိသော လောဖေး၊ ရွှမ်ရီနှင့် စမ်ထင်တို့သည် ရန်ပွဲ ရပ်တန့်ရန်ဝင်ရောက်လာခဲ့ကြသည်။
တွေ့ဆုံပွဲအခမ်းအနားသည် ထိုမျှဖြင့်ပြီးဆုံးခဲ့လေပြီ။
ယုကျစ် ဘယ်သူ့ကိုမှ မျက်နှာမပြချင်ရဲလောက်အောင် ရှက်နေပုံရပြီး ဘယ်တော့မှ ဤတိုင်းပြည်ကိုပြန်လာဖို့မဖြစ်နိုင်ချေ။
လူတိုင်းသည် ပင့်သက်ရှိုက်လျက် ကျန်ရစ်နေခဲ့သည်။ သူတို့ ဤညတွင် ယောက်ျားဖြစ်သူမှာ သူ့ အချစ်ဟောင်းဘက်မှရပ် တည်ပြီး ဇနီးသည်နှင့် အခြေအတင်ဖြစ်မည့် ဒရမ်မာကိုကြည့်ရမည်ဟုထင်ခဲ့မိသည်။
၎င်းတို့အဖွဲ့သည် ဟိုတယ်ဝင်ပေါက်တွင် ကားများကိုယ်စီစောင့်နေလျက် အတင်းပြောကြတော့သည်။
ချင်ရှန့်နှင့် ကျီဖေးတို့သည် အတူတူရပ်နေကြပြီး သူတို့စားပွဲမှ အခြားသူများလည်း တရွေ့ရွေ့ချဉ်းကပ်လာသည်။
လောဖေးက "ငါအစက ဒီည ရှစ်ရှစ်နဲ့ လက်ထပ်ဖို့ကြေငြာဖို့ စီစဉ်ထားတာ၊ ဒါပေမယ့် လေထုကပျက်စီးသွားတယ်လေ၊ နောက်မှ မင်းတို့ဆီ ဖိတ်စာပို့လိုက်မယ်"
ချင်ရှန့် ခေါင်းညိတ်လိုက်သည်။
လောဖေးသည် ရယ်မောပြီး ချင်ရှန့်နှင်ကျီဖေးတို့ကြားကို တစ်ချက်စီကြည့်လိုက်ကာ "မင်းရဲ့မင်္ဂလာပွဲက ဘယ်တော့လဲ...?"
ယနေ့ညတွင် သူငယ်ချင်းဖြစ်သူ၏ ခံစားချက်အတိမ်အနက်ကို သူ မြင်ခဲ့ရသည်။
အခြားသူများလည်း စိတ်၀င်စားစွာကြည့်လာကြသည်။ ချင်ရှန့် ပျော်ရွှင်နေသရွေ့ ဘာမဆိုကိစ္စမရှိချေ။
ရွှမ်ရီ၊ လောကျိုးနှင့် ချီလီသာ အနည်းငယ်မကျေမနပ်ဖြစ်နေသေးသည်။
ချင်ရှန့် ကျီဖေးဘက်သို့လှည့်ကာ "ဒါ သူ့အပေါ်မှာမူတည်တယ်"
ကျီဖေးသည် ယနေ့ညအကြောင်းပြန်တွေးရာမှ ချင်ရှန့်ကိုလှည့်ကြည့်လိုက်သည်။
"ဟမ် ?"
[ဒရမ်မာက ပြီးသွားပြီမလား ? သူ ဘာတွေပြောနေတာလဲ ?]
ချင်ရှန့် သက်ပြင်းချလိုက်သည်။ သူအစထဲက တစ်ခါမှသရုပ်မဆောင်ခဲ့ပေ။
ဒီလိုခံစားချက်မျိုးကို အတုလုပ်လို့ရမလား?
သူ စကားပြောခါနီးတွင် အဝေးမှအသံတစ်ခုထွက်လာသည်။
"ချင်ရှန့် ငါ နင့်ကိုပြောစရာရှိတယ်!"
ကျူးလင်လင် ရုတ်တရက် ပြေးလာပြီး ချင်ရှန့်ရှေ့တွင် ရပ်လိုက်သည်။
ချင်ရှန့်သည် ကျီဖေးကိုပါ တစ်ခါတည်းအနောက်သို့ဆွဲခေါ်လိုက်သည်။
ကျူးလင်လင်၏ အမူအရာပြောင်းလဲသွားသည်။
ဤနေရာရှိ မျက်လုံးအားလုံးသည် ၎င်းတို့ကို စူးစိုက်ကြည့်နေသည်။
ကျီဖေး အလွန်ရယ်ချင်လာသည်။
[ရှင် နောက်ပြန်ဆုတ်ဖို့ဘဲ တွေးနေတာလား? ကြည့်ပါဦး သူ့ မျက်နှာတစ်ခုလုံး အစိမ်းရောင်တောင်သန်းနေပြီ ဟားဟား]